← Chapters

လူမဆန်လွန်း! ၂

Vol. 71 Ch. 1052

လူမဆန်လွန်း! ၂

Vol. 71 Ch. 1052

မြင်းတစ်ကောင်ဝယ်ဖို့ရွှေထောင်ချီပေးရသည်။ နိုင်ငံဆိုမပြောနှင့်တော့။

ဒါကအဓိကမကျ။ အဓိကက သူဂရုမစိုက်ခြင်းပင်။

ဘာပဲဖြစ်ဖြစ် လက်ရှိသူ့စီးပွားရေးအရ သန့်စင်မြက်၊ ရေပူစမ်းဆေးမှုန့်၊ ချင်းလင်အားဖြည့်လက်ဖက်ရည်မှ ခရမ်းချဉ်ဆော့၊ ခွေစာအဆုံး စျေးကွက်အကြီးကြီးပိုင်ဆိုင်ထားသည်။

ဒီကုမ္ပဏီတွေပြည်သူဆီချရင် အတိုင်းအတာကခန့်မှန်းမရအောင်ပင်။

ပြည်သူဆီမချရင်တောင် သူပိုင်ထားသောရှယ်ယာအရ ပိုက်ဆံကကိန်းဂဏန်းမျှသာဖြစ်သည်။ ထို့ကြောင့် တစ်ခါတလေလိုအပ်သောအခါ မျှဝေပေးချင်သည်။

သူ့ကိုယ်ရောင်ကိုယ်ဝါပိုထွက်လာဖို့ တချို့အရာတွေစွန့်လွှတ်ရမည်။

နောက်ပြီး သူ့မှာဂိမ်းနဲ့စနစ်ရှိသည်။ ရှေ့လျှောက်သူ့မှာပစ္စည်းကောင်းများစွာရှိလာမည်။

ဝန်ကြီးလုနှင့်ယွမ်ရှန်မှာ အကြာကြီးဆွံ့အနေကြ၏။

ဝန်ကြီးလုကတည်တည်ငြိမ်ငြိမ်နှင့်လက်ဖက်ရည်ခွက်ကိုကောက်ယူပြီး_

"သူဌေးချင်... လက်ဖက်ရည်တစ်ခွက်နဲ့ဂုဏ်ပြုပါရစေ!''

"သူဌေးချင်... ငါလည်းဂုဏ်ပြုတယ်!''

ယွမ်ရှန်ကလည်းလေးနက်စွာနှင့် လက်ဖက်ရည်ခွက်ကောက်ယူသည်။

ဒီနိုင်ငံမှာ ပြိုင်စံရှားပညာရှင်ရှိရင် သူဌေးချင်ကဒီမျိုးဆက်မှာနံပါတ်တစ်ဖြစ်လိမ့်မည်။

ဒါငြင်းမရသောအချက်ပင်။

"အားနာလွန်းနေပါပြီ''

ချင်လင်ကပြုံးပြီး ပြန်ဂုဏ်ပြုလိုက်သည်။

"သူဌေးချင်... ငါဖုန်းဆက်လိုက်ဦးမယ်''

ဝန်ကြီးလုက လက်ဖက်ရည်တစ်ခွက်သောက်ပြီး မနေနိုင်တော့။

ဒီကိစ္စကိုအားချင်းတင်ပြချင်သည်။

ဘာပဲဖြစ်ဖြစ် ကိစ္စကြီးမလား။

ထို့​ကြောင့် ထိုသို့ပြောပြီး သူ့အခန်းထဲအလောတကြီးပြန်လာသည်။

ခေါင်းဆောင်ကိုဖုန်းဆက်ရမည်။ ခေါင်းဆောင်နံပါတ်ကိုဖုန်းဆက်ဖို့ ဝှက်စာလိုသည်။

ခဏအကြာ အထက်လူကြီးထံဖုန်းဝင်သွားသည်_

"ခေါင်းဆောင်... ကင်ဆာလက်ဖက်အကြောင်း အစီရင်ခံမလို့... သူဌေးချင်နဲ့ပြောပြီးပြီ''

ခေါင်းဆောင်ကလည်း အလေးအနက်ထားပြီး_

"ပြောပါဦး... သူဌေးချင်ကဘယ်လိုစီစဉ်ထားလဲ? ဒီကိစ္စအရေးကြီးတဲ့အကြောင်းပြောလိုက်လား?''

ဝန်ကြီးလုက_

"ခေါင်းဆောင်... အဲလိုပြောစရာမလိုပါဘူး... သူဌေးချင်က နိုင်ငံတော်ပညာရှင်ပါ... ကျွန်တော်တောင်ဘာမှမပြောရသေးဘူး... သူက လက်ဖက်ပျိုးထောင်တဲ့အခါ အစိုးရကပါချင်ရင် နည်းပညာမျှဝေပေးမယ့်အကြောင်းပြောလာတယ်''

ဖုန်းတစ်ဖက်တွင် အကြာကြီးအသံတိတ်နေသည်။

ထို့နောက် ခေါင်းဆောင်က_

"အာ... သူကတကယ် လူငယ်မျိုးဆက်အတွက်စံပြပဲ... ဒီလိုလူငယ်မျိုးရှိတာ တို့နိုင်ငံကံကောင်းတယ်... မာဟုန်ဆီလူပိုလွှတ်ပေးလိုက်!''

……

ရုံးခန်းထဲ၌_

ယွမ်ရှန်နှင့်ချင်လင်က ဝမ်းသာအားရစကားပြောနေကြသည်။

နှစ်ယောက်သား ချင်လင်၏စာတမ်းနှင့်စမ်းသပ်တင်ပြချက်အကြောင်း ဆွေးနွေးနေကြသည်။

ယွမ်ရှန်ကမေးပြီး ချင်လင်ကဖြေတာများသည်။ သုတေသနသမားအချင်းချင်း ပညာဖလှယ်ခြင်းပင်။

ဒီတစ်ခါ ချင်လင်ကခေါင်းစဉ်မပြောင်း။ အံ့ဖွယ်စာကျောက်စာမှရသောဗဟုသုတကြောင့် ယုံကြည်မှုအပြည့်နှင့် ကျွမ်းကျွမ်းကျင်ကျင်ဖြေနိုင်သည်။

ထိုမြင်ကွင်းကြောင့် လီခိုင်ကစိတ်လှုပ်ရှားပြီးသက်ပြင်းချမိပြန်သည်။

အရင်ကညီလေးချင်ဘာပဲသိလဲ သူအသိဆုံး။ အစက ဖရဲသီးကိုရမ်းစိုက်ခဲ့ပြီး စိုက်ပျိုးရေးအကြောင်းအခြေခံတောင်မသိပေ။

အခုချင်လင်က တော်ဝင်ပညာရှင်ယွမ်လိုထိပ်တန်းပညာရှင်မျိုးနဲ့စကားပြောနေနိုင်ပြီ။

ဒီလိုအံ့ဩစရာအရည်အချင်းမျိုးက မနာလိုစရာပင်။

"ညီလေးချင်... အဲဒါဘာကျောက်လဲ?''

သူတို့စကားပြတ်မှ လီခိုင်ကဥက္ကာခဲကျောက်ကိုသတိထားမိပြီးမေးသည်_

"စောစောက မင်းဘာလို့အဲကျောက်တုံးနဲ့ခြေထောက်ကိုတိုက်နေတာလဲ? ထူးထူးခြားခြားအာနိသင်ရှိလို့လား?''

"အစ်ကိုလီ တိုက်ကြည့်''

ချင်လင်ကပြုံးပြုံးနှင့်ပြောသည်။

လီခိုင်လည်းသူ့ဖိနပ်ချွတ်ပြီး ဥက္ကာခဲနှင့်ခြေဖဝါးကိုတိုက်ကြည့်သည်။

တကယ်တော့ ချင်လင်လုပ်နေကတည်းက သူစူးစမ်းချင်နေသည်။

သို့ရာတွင် သူပွတ်တိုက်ပြီး နေသာထိုင်သာရှိသောမျက်နှာထားဖြစ်လာသည်။

"ဟူး!''

လီခိုင်ကမနေနိုင်ဘဲ မှုတ်ထုတ်လိုက်သည်။

ခြေဖဝါးကိုကျောက်တုံးနဲ့ပွတ်တာ ဒီလောက်နေလို့ထိုင်လို့ကောင်းမည်ဟုမထင်ခဲ့။

ဒါကြောင့် ညီလေးချင်က ကျောက်တုံးနဲ့သူ့ခြေဖဝါးကိုတိုက်နေတာပဲ။

သူ့စကားကြောင့် ယွမ်ရှန်စူးစမ်းကြည့်သည်။

သူကလူကြီးဖြစ်နေသောကြောင့်သာ မမေးဘဲနေသည်။

လီခိုင်က ဥက္ကာခဲနှင့်ခြေဖဝါးကိုတိုက်ရင်း သက်သောင့်သက်သာရှိလာ၍စပ်စုသည်_

"ညီလေးချင်... ဒါဘာကျောက်တုံးလဲ? တကယ် ဒီလိုအာနိသင်မျိုးရှိတာလား?''

"ဥက္ကာခဲပါ!''

ချင်လင်ကရှင်းပြသည်။

"ဘယ်လို? ဘယ်လို?''

လီခိုင်ကနားထောင်ရင်း ရေရွတ်လိုက်သည်။

ထိုအချိန်တွင် သူ့လက်တုန်သွားပြီး လက်ထဲမှဥက္ကာခဲပြုတ်ကျမတတ်ပင်။ ကံကောင်းလို့ အချိန်မီဖမ်းထားနိုင်သည်။

"ဥက္ကာခဲ?''

တော်ဝင်ပညာရှင်ယွမ်ရှန်တောင် အံ့ဩပြီးမတ်တပ်ထရပ်လိုက်သည်။

နှစ်ယောက်လုံး လန့်သွား၏။

လီခိုင်မှာ ဥက္ကာခဲကိုင်ထားသောကြောင့် လက်ပိုတုန်နေသည်။

သူ့ခြေဖဝါးနဲ့တိုက်နေတဲ့ကျောက်တုံးက ဥက္ကာခဲဖြစ်နေမည်ဟုလုံးဝမထင်မိ။

တကယ်တဲ့!

ညီလေးချင်က ဒီလိုပစ္စည်းမျိုးကိုခြေဖဝါးနဲ့တိုက်ပစ်တာ!

ဒီကောင်!

သူတို့ပုံစံကြောင့် ဒီဥက္ကာခဲကသာမန်မဟုတ်မှန်း ချင်လင်သဘောပေါက်လိုက်သည်။

အစ်ကိုလီဖြစ်ဖြစ် တော်ဝင်ပညာရှင်ယွမ်ဖြစ်​ဖြစ်၊ အံ့ဩစရာမဟုတ်ဘဲ ဒီလိုဖြစ်နေမှာမဟုတ်။

လီခိုင်က ဥက္ကာခဲကို လက်ဖက်စားပွဲပေါ်သေသေချာချာပြန်ထားပြီး_

"ညီလေးချင်... ဒါဖန်တီးထားတာလား သဘာဝလား?''

"သဘာဝပါ''

ချင်လင်ကတန်းပြောလိုက်ပြီးမှရှင်းပြသည်_

"ဘာပဲဖြစ်ဖြစ် တောင်ပေါ်မှာတွေ့တာဆိုတော့''

"သဘာဝ?''

ယွမ်ရှန်ကနားထောင်ရင်း တဆတ်ဆတ်တုန်လာသည်။

လီခိုင်ကအော်မတတ်ပင်_

"ညီလေးချင်... မင်း သဘာဝဥက္ကာခဲကို ခြေထောက်တိုက်ပစ်ရလား? ဒါ တစ်ဂရမ်ကို သန်း ၂၀၀ လောက်တန်တယ်!''

ချင်လင်မှာလက်ဖက်ရည်ခွက်ကိုင်ထား၍ တန်ဖိုးကြားပြီး ခွက်ကျကွဲမတတ်ဖြစ်သွား၏။

ဥက္ကာခဲကဒီလောက်တန်ဖိုးရှိမည်ဟု လုံးဝမထင်မိပေ။

ဂိမ်းထဲမှာ ၄ ခုတူးရပြီး တစ်ခုတစ်ခုကို ၂၀၀ ဂရမ်ကျော်သည်။ တစ်ဂရမ်ကိုသန်း ၂၀၀ ဆိုတော့ ဘီလီယံ ၁၆၀ ကျော်ပေါ့။

ဥက္ကာခဲကဒီလောက်တန်ဖိုးရှိမှန်း သူဘာလို့မသိရတာလဲ?

ချင်လင် သူ့ခြေဖဝါးနဲ့တိုက်နေတာ ဥက္ကာခဲ​ဖြစ်နေမည်ဟု လီခိုင်လည်းမထင်မိပေ။

All Chapters