Chapters

လူမဆန်လွန်း! ၃

Vol. 71 Ch. 1053

လူမဆန်လွန်း! ၃

Vol. 71 Ch. 1053

နောက်ပြီး ​ခြေဖဝါးကိုဥက္ကာခဲနဲ့တိုက်တာ ဒီလောက်သက်သောင့်သက်သာရှိမည်ဟုမတွေးမိ။

ဒီအကြောင်း ဘယ်သူမှလည်းမသိလောက်။

ကမ္ဘာ့ဥက္ကာခဲမှတ်တမ်းမှာ ၅ ကီလိုဂရမ်သာရှိသည်ဟုသိထားကြသည်။ အားလုံးကို ကမ္ဘာ့နိုင်ငံကြီးများကစုဆောင်းထားကြပြီး ထိပ်တန်းလျှို့ဝှက်သိပ္ပံသုတေသနများတွင်အသုံးချကြသည်။

နောက်ပြီး အားလုံးပူးပေါင်းဖို့ကအလွန်တရာခက်သည်။ ကုန်ကျစရိတ်ကခန့်မှန်းမရအောင်ပင်။ သဘာဝဥက္ကာခဲအာနိသင်မျိုးလည်းမရှိပေ။

ပလက်ဖောင်းတစ်ခုတွင်တင်ထားသည်မှာ ကမ္ဘာ့ဥက္ကာခဲက ၅ ကီလိုဂရမ်မက၊ တစ်ခုစီက ၅ ကီလိုဂရမ်ရှိလိမ့်မည်တဲ့။

ဝန်ကြီးလု ရုံးခန်းထဲပြန်ရောက်သောအခါ လီခိုင်နှင့်ယွမ်ရှန်က သူဌေးချင်ခြေဖဝါးနှင့်တိုက်ထားသောကျောက်တုံးအားစပ်စုနေသည်ကိုတွေ့ရသည်။

ဒီကျောက်တုံးက ဘာကြည့်စရာရှိလို့လဲ? ​ခြေထောက်မှာအငွေ့ကျန်ပြီး အနံ့ရလို့လား?

"တော်ဝင်ပညာရှင်ယွမ်.. ဘာဖြစ်လို့လဲ?''

ဝန်ကြီးလုက ဇဝေဇဝါနှင့်မေးသည်။

"ဝန်ကြီးလု... သူဌေးချင်ခြေဖဝါးတိုက်နေတဲ့ကျောက်တုံးက သဘာဝဥက္ကာခဲဖြစ်ဖို့များတယ်!''

ယွမ်ရှန်က လောလောနှင့်ပြောသည်။

"ဘယ်လို? ဘယ်လို?''

ဝန်ကြီးလုကကြားကြားချင်း ရေရွတ်လိုက်သည်။ သူက ထိုနှစ်ယောက်နားခပ်သုတ်သုတ်ကပ်သွားပြီး ဥက္ကာခဲကိုသေချာစူးစမ်းကြည့်သည်။

သဘာဝဥက္ကာခဲ။

သူကတရုတ်သိပ္ပံအကယ်ဒမီတာဝန်ခံဖြစ်၍ ဒါဘယ်လိုပစ္စည်းလဲ၊ ဘယ်လိုသိပ္ပံသုတေသနမျိုးမှာသုံးလဲ သူသိသည်။ အားလုံးကိုတင်းတင်းကြပ်ကြပ်စောင့်ကြည့်ပြီး အဝင်အထွက်ပါပိတ်ထားသည်။ အပြင်ကသာမန်လူတွေ ဒီအကြောင်းလုံးဝသိမှာမဟုတ်ပေ။

ပထမဆုံး ဥက္ကာခဲများက နူကလီးယားပေါက်ကွဲမှုဖြစ်စေနိုင်သောကြောင့် အက်တမ်ဗုံးများလုပ်နိုင်သည်(ဥက္ကာခဲနည်းနည်းသာအသုံးပြုရသည်)။ ဥက္ကာခဲအသုံးပြုပုံကိုအတိုင်းအတာတစ်ခုအထိသုတေသနလုပ်နိုင်ရင် သိပ္ပံလက်နက်နောက်တစ်ဆင့်မှာ ဥက္ကာခဲသေးသေးလေးနဲ့ရိုင်ဖယ်ကျည်ဆန်အရွယ်အစားအက်တမ်ဗုံးတောင်လုပ်နိုင်မည်။

စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းထဲကလို ကျည်တစ်တောင့်က မှိုပွင့်လိုတိမ်ကြီးနဲ့တူနေမည်။

နောက်ပြီး ဥက္ကာခဲကကင်ဆာကုနိုင်သည်။ ကင်ဆာကုသရန် လူ့ခန္ဓာကိုယ်ထဲမှာ ၄ မီလီဂရမ်သာသွင်းထားဖို့လိုသည်။ သားအိမ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ နှာခေါင်းမြှေးကင်ဆာလိုကင်ဆာများအတွက် အာနိသင်ကောင်းကောင်းရှိသည်။

နောက်ဆုံးအယူအဆမှာ Pi ကိုနူထရွန်အရင်းအမြစ်အဖြစ်အသုံးချပြီး အမှုန်များထဲတည်ရှိနိုင်အောင်လုပ်ခြင်းပင်။ အမှုန်အမွှားသုတေသနကိုတိုးတက်အောင်လုပ်နိုင်သည်။

ဒီသုတေသန ဘယ်လောက်အရေးကြီးလိုက်လဲ?

ဥပမာ လက်ရှိလက်နက်အများစုအဆင့်က ဆွဲအားမရှိသောအာကာသထဲတွင် အသုံးမဝင်။ အစွမ်းတောင်အတော်လျော့ကျသွားသည်။ သို့သော် အမှုန်အမွှားလက်နက်ရှိရင်တစ်မျိုးဖြစ်သွားပြီ။

ဒါကလည်း အာကာသယာဉ်စွမ်းအားနှင့်တိုက်ရိုက်ဆက်စပ်နေသော အမှုန်အမွှားသုတေသနအတွက်တွန်းအားဖြစ်သည်။

ရုပ်ရှင်ထဲကလို အာကာသထဲစူးစမ်းရှာဖွေချင်ရင် ဒါအရေးအကြီးဆုံးပင်။

လူသိများသောဥက္ကာခဲများကို နိုင်ငံကြီးများကခွဲယူထားပြီး အများစုကို နည်းပညာလက်နက်သုတေသနတွင်အသုံးချကြသည်။

ဒါကြောင့်လည်း အစပိုင်းနှစ်များမှာ နည်းပညာလက်နက်သုတေသနတိုးတက်မှုမြန်ဆန်ခြင်းဖြစ်သည်။ တစ်ဆင့်ခုန်တက်သွားသည်ဟုဆိုနိုင်ပြီး နိုင်ငံအသီးသီးကရှေ့ဆင့်နောက်ဆင့် ရလဒ်များထွက်ခဲ့ကြသည်။

သို့ရာတွင် ထိုရလဒ်များထွက်ပြီးနောက်ပိုင်း နှစ် ၈၀ နီးပါးက တိုးတက်မှုသိပ်မရှိခဲ့။ နောက်တစ်ဆင့်ထပ်မခုန်နိုင်တော့။

ဒီအဆင့်ကဆက်သွားရင် သာမန်အာကာသအရင်းအမြစ်ဖော်ထုတ်ရေးဆိုရင်တောင် အရင်းရှင်နိုင်ငံတွေရဲ့အာကာသယာဉ်စီမံချက်က နှစ် ၅၀ ကြာမည်။

အာကာသယာဉ်နဲ့စကြာဝဠာထဲရွက်လွှင့်ချင်ပါက သေချာပေါက် နှစ် ၅၀ ကျော်အချိန်ယူရမည်။

ဒါပေမဲ့ လှုံ့ဆော်နိုင်တဲ့တစ်ခုခုရှိရင် ဒီထက်စောနိုင်သည်။

ဥက္ကာခဲကအဆုံးအဖြတ်ပေးနိုင်သောပစ္စည်းမဟုတ်သော်လည်း အသုံးတည့်သေးသည်။ ဂရမ်သုံးလေးရာဆိုရင်တောင် ပမာဏလုံလောက်ရင် သိသိသာသာတိုးတက်နိုင်သည်။

အခု သူဌေးချင်ခြေဖဝါးတိုက်နေတဲ့ကျောက်တုံးကို ဥက္ကာခဲလို့ပြောနေပြီ။ သူဘယ်လောက်အံ့ဩသွားမလဲ စဉ်းစားသာကြည့်။

ဒီအကြောင်းသာ သူများနိုင်ငံတွေသိကုန်ရင် အားလုံးပါးစပ်အဟောင်းသားဖြစ်သွားမည်။

ရက်စက်လိုက်တာ!

မဟုတ်ရင် ဒါမျိုးဘယ်လုပ်မလဲ?