← Chapters

ထောင်မြင်ရာစွန့်!

Vol. 71 Ch. 1054

ထောင်မြင်ရာစွန့်!

Vol. 71 Ch. 1054

"ဒါတကယ် ဥက္ကာခဲလား?''

ဝန်ကြီးလုမမေးဘဲမနေနိုင်တော့။

"တော်ဝင်ပညာရှင်လီ''

ယွမ်ရှန်ကပြောသည်_

"သူဒီသုတေသနမှာပါခဲ့တာ... သူသိတယ်''

"ဟုတ်တယ် ဟုတ်တယ်... သူ့ကိုခေါ်ရမယ်''

ဝန်ကြီးလုကဖုန်းအမြန်ထုတ်ပြီး တော်ဝင်ပညာရှင်လီကိုဆက်သည်။

တစ်ဖက်တွင် ချင်လင်ကကွန်ပျူတာရှေ့တိတ်တိတ်လေးထိုင်ပြီး သိပ္ပံသုတေသနအကောင့်ထဲဝင်ကာ တရုတ်သိပ္ပံအကယ်ဒမီ၏ပြင်ပအချက်အလက်များထဲမှဥက္ကာခဲအကြောင်းရှာဖတ်နေသည်။

ဖတ်ပြီး သူပါးစပ်အဟောင်းသားဖြစ်သွား၏။

ဒီပစ္စည်းက သိပ္ပံသုတေသနမှာဒီလောက်အသုံးဝင်မည်ဟုသူမထင်မိ။ ဒါနဲ့စာရင် ခြေဖဝါးတိုက်တဲ့အာနိသင်က ဘာမှမဟုတ်တော့။

အထူးသဖြင့် သူ့ဥက္ကာခဲက အထူးဥက္ကာခဲဖြစ်ပြီးအထူးသိပ္ပံဆိုင်ရာအာနိသင် +၂ ရှိသည်။

မထူးခြားဘူးလား?

ထိုအကြောင်းတွေးရင်း ချင်လင်ကအမှတ်တမဲ့ သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်ကာ ဂိမ်းဇာတ်ကောင်အား ရေကန်သတ္တုတွင်းအလွှာ ၄၀ ကိုဆက်တူးစေသည်။

ဆယ်ကွက်ကျော်ကျော်တူးပြီး စနစ်အသိပေးချက်ပေါ်လာပြန်သည်။

(ဂုဏ်ယူပါတယ်... အထူးဥက္ကာခဲတူးဖော်ရရှိပါတယ်!)

ထိုစာကြောင့် ချင်လင်မနေနိုင်ဘဲပြုံးစိစိဖြစ်လာသည်။

အရင်ကဥက္ကာခဲကိုအမြင်ကတ်ခဲ့သလောက် အခုတော့မျှော်လင့်နေပြီ။

သူကချက်ချင်း ဂိမ်းဇာတ်ကောင်အားဆက်တူးစေသည်။ ဖြစ်ချင်တော့ သူဆုတောင်းသလိုဖြစ်မလာ။ ဆက်တူးသော်လည်း အလွှာ ၄၀ ကုန်သည့်တိုင် ဘာဥက္ကာခဲမှမရတော့။

သော*က်ရမ်းအောင့်တယ်!

စိတ်ရှုပ်တယ်ဆိုတုန်းကကျ ဆက်တိုက်ပေါ်လာပြီး ဟုတ်ပြီ၊လိုချင်ပြီဆိုမှ အရွဲ့တိုက်ပြီးပေါ်မလာတော့။

ချင်လင်စိတ်ပျက်နေစဉ် တော်ဝင်ပညာရှင်လီက ကိရိယာသေတ္တာလေးနှင့်ရောက်လာပြီး_

"ဝန်ကြီးလု... ဥက္ကာခဲဘယ်မှာလဲ?''

ဖုန်းရရချင်း သူအရမ်းအံ့ဩသွားသည်။

သူဌေးချင်က သဘာဝဥက္ကာခဲရခဲ့တာဖြစ်မယ်တဲ့?

သေးသေးမဟုတ်ဘူးတဲ့?

"တော်ဝင်ပညာရှင်လီ!''

ဝန်ကြီးလုက တော်ဝင်ပညာရှင်လီကိုအမြန်ဆွဲခေါ်ပြီး_

"တော်ဝင်ပညာရှင်လီ ဒီမှာ! မြန်မြန်.. ကြည့်ပါဦး!''

တော်ဝင်ပညာရှင်လီက ဥက္ကာခဲကိုကြည့်ပြီးချက်ချင်းကိရိယာသေတ္တာလေးဖွင့်ကာ သေချာစစ်ဆေးလိုက်သည်။

အကြာကြီးကြာပြီးနောက် တော်ဝင်ပညာရှင်လီကမယုံနိုင်ပုံနှင့်_

"တကယ်ဥက္ကာခဲပဲ... အားလုံးသေချာဂရုစိုက်ကြပါ... ကျုပ် ဒီဥက္ကာခဲထည့်စရာရှာဦးမယ်''

တချို့ဥက္ကာခဲများတွင် မသန့်စင်သောဓာတ်များပါပြီး ၎င်းတို့၏မတည်ငြိမ်သောဖွဲ့စည်းပုံကြောင့်ဓာတ်ပြုကာ ရေဒီယိုသတ္တုကြွနိုင်သည်!

သူ့စကားကြောင့် လီခိုင်နှင့်ယွမ်ရှန်ကသတိထားလိုက်သည်။

တော်ဝင်ပညာရှင်လီကလည်း သူ့ကိရိယာသေတ္တာထဲမှထည့်စရာတစ်ခုသေချာထုတ်လိုက်သည်။

ချင်လင်တစ်ယောက်သာ စိတ်အေးလက်အေးဖြစ်နေ၏။

ဥက္ကာခဲမှတ်ချက်ထဲမှာ တည်ငြိမ်သည့်ဖွဲ့စည်းပုံရှိကြောင်းပါ၍ သာမန်ဥက္ကာခဲများနှင့်လုံးဝမတူ။ ခြေဖဝါးတိုက်နိုင်သည့်အတွက် အသုံးပြုနိုင်သည့်သဘောပင်။ တော်ဝင်ပညာရှင်လီပြောသလိုအခြေအနေမျိုးဖြစ်မလာနိုင်။

သို့ရာတွင် ဥက္ကာခဲဖြစ်ကြောင်းအတည်ပြုပြီးနောက် ဝန်ကြီးလုကချက်ချင်းရုံးခန်းအပြင်ထွက်ပြီးသူ့အခန်းထဲပြန်လာကာ ခေါင်းဆောင်ကိုလျှို့ဝှက်နံပါတ်မှတဆင့်ဆက်သွယ်လိုက်ပြန်သည်။

တဖက်တွင် ခေါင်းဆောင်ကနည်းနည်းစိတ်ရှုပ်သွားပုံရပြီး_

"ဝန်ကြီးလု ဘာဖြစ်လို့လဲ? မင်း တစ်နေ့တည်းဖုန်းနှစ်ခါဆက်တာ ရှားရှားပါးပါးပါလား!''

အရေးမကြီးရင် ဝန်ကြီးလုဖုန်းမဆက်တတ်မှန်း ခေါင်းဆောင်လည်းသိသည်။ သူခေါ်ရင် အရေးကြီးကိစ္စဖြစ်ရမည်။

"ခေါင်းဆောင်''

ဝန်ကြီးလုက အစီရင်ခံသည်_

"သူဌေးချင်မှာ သဘာဝဥက္ကာခဲ ၂၀၀ ဂရမ်ရှိတယ်''

"ဘာ?''

ခေါင်းဆောင်ကသတင်းကြားပြီး အံ့ဩသွားသည်။ သူကအကြာကြီးအသံတိတ်နေပြီးမှ_

"ငါတို့ဥက္ကာခဲကိုပြန်ယူရမယ်... သူဌေးချင်ကိုပေးထားလို့ဖြစ်မလား? တန်ရာတန်ကြေးပေးလိုက်ပါ''

"ကောင်းပါပြီ ခေါင်းဆောင်''

ဒါကလည်း ဝန်ကြီးလုဖုန်းဆက်ရသည့်အကြောင်းရင်းပင်။

ဥက္ကာခဲကဒီလောက်အရေးကြီးမှတော့ သူဌေးချင်များများစားစားလှူသင့်သည်။

ဒါပေမဲ့ စောစောကပဲ သူဌေးချင်ကကင်ဆာလက်ဖက်ခြောက်နည်းပညာမျှဝေဖို့ဆုံးဖြတ်ထားတာ။

အခုဥက္ကာခဲရှိလာတော့ ဥက္ကာခဲလှူစေချင်ပြန်ပြီ။ ဒီတော့ ဘယ်လိုဖြစ်သွားမလဲ?

ရိတ်ချင်တိုင်း ရိတ်လို့မရ။

သူဌေးချင်ကလှူချင်ရင်တောင်၊ သူတို့ရပိုင်ခွင့်ရှိတယ်လို့ထင်ရင်တောင် နှစ်ဦးနှစ်ဖက်ဆက်ဆံရေးအပေါ်ထိခိုက်မှုရှိနိုင်သည်။

ဒီတော့ တန်ရာတန်ကြေးပေးဝယ်တာ အကောင်းဆုံးပင်။

၂၀၀ ဂရမ်မှ ဘီလီယံ ၄၀ ကျော်တည်း။

နောက်ပြီး လက်ဖက်နည်းပညာကရမယ့်အကျိုးအမြတ်က ဒီထက်သာသေးသည်။

ထောင်မြင် ရာစွန့်ရမည်။

မကြာမီ ဝန်ကြီးလုကရုံးခန်းထဲပြန်လာပြီး ချင်လင်ကိုတန်းမေးလိုက်သည်_

"သူဌေးချင်... မင်းရဲ့ဥက္ကာခဲကို ငါတို့ဝယ်ချင်တယ်... စျေးကွက်ပေါက်စျေးအရ တစ်ဂရမ်ကို သန်း ၂၀၀ တန်တယ်''

"ဝန်ကြီးလု ဒါ.. ဒါ..''

ချင်လင်ပါးစပ်အဟောင်းသားဖြစ်သွားပြီး ဘာပြန်ပြောရမှန်းမသိ။

တစ်ဂရမ်ကို သန်း ၂၀၀ ဆိုတော့ ဘီလီယံ ၄၀ ကျော်ပေါ့?

ဘီလီယံ ၄၀ က ဘာကိုကိုယ်စားပြုလဲ? Forbes ရဲ့လူချမ်းသာစာရင်းမှာသူပါနိုင်ပြီး ပိုင်ဆိုင်မှုက ဘီလီယံ ၄၀ ရှိမည်။

ငွေသား ဘီလီယံ ၄၀ ပင်။

ပြည်တွင်းကအချမ်းသာဆုံးသူဌေးတောင် ငွေသားဘီလီယံ ၄၀ ထုတ်ပြနိုင်မည်မဟုတ်။

ထိပ်တန်းသူဌေးကြီးများ၏အမြင့်ဆုံးငွေကြေးစီးဆင်းမှုမှာ ဘီလီယံ ၄၀ ကျော်ဟုမှတ်တမ်းရှိသည်။ နောက်ပြီး ဘီလီယံ ၄၀ ကိုကြာကြာစုမထားနိုင်။

ထို့ကြောင့် Tiktok အင်တာနက်ဆယ်လီများမှာ ငွေကြေးစီးဆင်းမှုဆယ်ဘီလီယံရှိသည်ဟုပြောရင် ရယ်စရာ​ဖြစ်နေမည်။

ထိပ်တန်းလူချမ်းသာ ၃၀ စာရင်းဝင်သူဌေးကြီးများသာ စတော့မပါဘဲ ငွေသားဘီလီယံဆယ်ချီလွှဲနိုင်သည်။

ငွေသားဘီလီယံ ၄၀ ကိုရှေ့ချထားရင် သူဌေးကြီးနှစ်ယောက်တောင် ရင်ခုန်သွားနိုင်သည်။

တကယ်တော့ ချင်လင်ကဥက္ကာခဲအကြောင်းသိပြီးနောက် မရောင်းဘဲနိုင်ငံကိုလှူလိုက်ချင်သည်။

ပထမအချက်၊ ရေကန်သတ္တုတွင်းမှာတူးနိုင်သောကြောင့် သူသိပ်ဂရုမစိုက်။

ဒုတိယအချက်၊ သူကနိုင်ငံကိုအင်အားရှိစေချင်သည်။ သိပ္ပံသုတေသနကိုအားကောင်းစေချင်သည်။

လူတစ်ယောက်ပျော်ရွှင်မှုကိုတည်တံ့အောင်ထိန်းပေးနိုင်စွမ်းက နိုင်ငံမှာရှိသည်ဟုသူသိထားသည်။ အခုလူတွေဘာမှသိပ်အားထုတ်စရာမလိုတဲ့အကြောင်းရင်းက နိုင်ငံ့အင်အားကြောင့်ပင်။

ထို့ကြောင့် အင်တာနက်ပေါ်မှာနိုင်ငံအပေါ်ပုံချနေသူများက လွန်ခဲ့သောနှစ် ၁၀၀ ကိုပြန်သွားသင့်သည်။ ဒါမှ ဒီနေ့ကျေးဇူးတင်ရကောင်းမှန်းသိလာမည်။

All Chapters