← Chapters

ထောင်မြင်ရာစွန့်! ၂

Vol. 71 Ch. 1055

ထောင်မြင်ရာစွန့်! ၂

Vol. 71 Ch. 1055

အဲဒီတုန်းက စားစရာတောင်မရှိလို့ သိက္ခာလည်းရှိမှာမဟုတ်။

ဒါပေမဲ့ အခုရော?

'Wolf Warrior 2' ကြည့်ဖူးသူတိုင်း သိလိမ့်မည်။ အဓိကဇာတ်ကောင်ကနိုင်ငံတော်အလံပတ်ထားရင် နှစ်ဖက်အပစ်အခတ်ရပ်စဲပြီး ဘယ်သူမှသူ့ကိုပစ်ရဲမှာမဟုတ်။

ဒါနိုင်ငံ့အင်အားလွှမ်းမိုးနိုင်စွမ်းပင်။

တချိန်ကလူတချို့အုပ်စိုးစဉ် လူတွေမြို့ထဲဝင်ရင် ကျူးကျော်သူများကိုအလေးပြုရသည်။ အလေးမပြုရင် အပြစ်ရှာခံ၊အသတ်ခံရသည်။

ကျွန်ုပ်တို့နိုင်ငံအင်အားတောင့်တင်းလာသောကြောင့်သာ ဒီလိုဂုဏ်သိက္ခာမဲ့ဘဝမျိုးထပ်မကြုံရခြင်းဖြစ်ပေသည်။

ထို့ကြောင့် ချင်လင်ကသူတတ်နိုင်သလောက် ပါဝင်ပေးချင်သည်။

သို့ရာတွင် ဝန်ကြီးလုကဝယ်ဖို့စိတ်အားထက်သန်နေပုံရသည်။

နောက်ပြီး သူ့စိတ်ကူးကိုပြောပြခွင့်မပေး။ နောက်ဆုံးအရောင်းအဝယ်ဖြစ်ပြီး စာချုပ်နှင့်အတွင်းရေးသဘောတူညီချက်တောင်ပြောသည်။

မည်သို့ဆိုစေ အားလုံးကအမြန်ဆုံးပြီးသွားသည်။

"သူဌေးချင်... ဒီဥက္ကာခဲကိုဘယ်ကရခဲ့တာလဲ?''

တော်ဝင်ပညာရှင်လီကရုတ်တရက်ထမေးသည်။

ယွမ်ရှန်ကလည်း လောလောနှင့်_

"ဟုတ်တယ် သူဌေးချင်... တောင်ပေါ်ကရတယ်ဆိုတော့ ဘယ်တောင်လဲ? အဲဒီတောင်ပေါ်မှာ တခြားဥက္ကာခဲတွေရှိရင်ရှိဦးမှာ''

ဝန်ကြီးလုကလည်း ချင်လင်ကိုကြည့်ပြီး_

"အင်း... ငါလူလွှတ်ပြီးရှာခိုင်းလိုက်မယ်... ဥက္ကာခဲရှိသေးရင် အဆင့်မြင့်ကိရိယာနဲ့စမ်းပြီးတွေ့မှာ''

"အန်?''

ချင်လင်ကြောင်သွားသည်။ ဘယ်တောင်လဲ သူဘယ်သိမလဲ? လျှောက်ပြောနေတာကို။

ဒါပေမဲ့အခု အကြောင်းပြချက်ပေးရတော့မည်။သူနေရာမသိဘဲလျှောက်ပြောလို့မရဘူးမလား?

သူ​ပြောလိုက်တာနဲ့ ဝန်ကြီးလုကသေချာပေါက် ရံပုံငွေအများကြီးအကုန်အကျခံပြီးသွားရှာလိမ့်မည်။

သူ့မုသားကြောင့် အထက်လူတွေရဲ့ငွေအား၊လူအား အလကားမဖြစ်စေချင်။

"ချင်းလင်စံအိမ်အနောက်ဘက်ကတောင်တန်းပေါ်မှာပါ... ချန်တပေနဲ့ကျွန်တော် သဘာဝသစ်သီးတွေသွားခူးသေးတယ်... မြစ်ဘေးမှာလက်ဆေးပြီးတော့ ဒီဥက္ကာခဲကိုတက်နင်းမိတာပဲ... နေရတာသက်သောင့်သက်သာရှိတာနဲ့ကောက်လာခဲ့တာ... နောက်မှ ဥက္ကာခဲမှန်းသိတယ်''

ဝန်ကြီးလု၊ တော်ဝင်ပညာရှင်လီ၊ ယွမ်ရှန်တို့ကနားထောင်ရင်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ချင်လင်ရုံးခန်းထဲမှအမြန်ထွက်သွားကြသည်။

လီခိုင်နှင့်ချင်လင်သာ ကျန်ရစ်သည်။

လီခိုင်တစ်ခုခုပြောဖို့ပြင်နေစဉ် ချင်လင်ကလည်းရုံးခန်းအပြင်အမြန်ထွက်သွားပြီး လီခိုင်ကိုတစ်ယောက်တည်းထားခဲ့လေသည်။

"ဟူး ဟူး''

လီခိုင်ကမျက်မှောင်ကြုတ်လိုက်သည်။ သူစိတ်ထွေသွားသည်။ နောက်ဆုံး လက်ဖက်ရည်စားပွဲမှာထိုင်ချပြီး လက်ဖက်ရည်အိုးယူကာသူ့ဘာသာနှပ်လိုက်သည်။

အခုအားလုံးသွားပြီဆိုတော့ လက်ဖက်ရည်အိုးက သူတစ်ယောက်တည်းအပိုင်ပေါ့။

ညီလေးချင်ရဲ့လက်ဖက်ရည်က အရသာရှိနေဆဲ။

ချင်လင်ကရုံးခန်းထဲမှထွက်လာပြီး အပန်းဖြေစံအိမ်အတွင်းဘက်အမြန်ဝင်လာသည်။

ဝန်ကြီးလုတို့ကို ဒီနောက်ကတောင်ပေါ်မှာ ဥက္ကာခဲတွေ့သည်ဟုပြောလိုက်ပြီ။

ဝန်ကြီးလုကလျှောက်တင်ပြီးရင် တောင်ပေါ်မှာလူအင်အားနှင့်ရှာလိမ့်မည်။

ထို့ကြောင့် အထက်လူများ နောက်ထပ်ဥက္ကာခဲနှစ်ခဲရအောင် သူကြံသည်။

သို့ရာတွင် ပေးပုံပေးနည်းစဉ်းစားရဦးမည်။ တိုက်ရိုက်ကြီးပေးလို့မဖြစ်။

ဒီလိုဆိုရင် အခြေအမြစ်မရှိကြောင်းပြောလိုက်တာနှင့်အတူတူပင်။

အနောက်ဘက်တောင်ပေါ်ကကောက်ခဲ့သည်ဟု ဝန်ကြီးလုတို့အားပြောလိုက်သောကြောင့် သူဥက္ကာခဲပေးဖို့ပိုအဆင်ပြေသွားသည်။

တောင်ပေါ်မှာဥက္ကာခဲနှစ်ခဲပစ်ထားပြီး ဝန်ကြီးလုတို့လူတွေတွေ့အောင်လုပ်မည်။

ဒါဆို သူနဲ့ဘာမှမဆိုင်။

တောင်ပေါ်ဥက္ကာခဲဘယ်လိုသွားထားရမလဲ သူစဉ်းစားရဦးမည်။

ဝန်ကြီးလုတို့က ဘယ်လိုကိရိယာမျိုးသုံးမည်၊ ဘယ်လိုနည်းနဲ့ဥက္ကာခဲရှာမည်မှန်းမသိသော်လည်း သူသတိထားတာပိုကောင်းမည်။

တရုတ်သိပ္ပံအကယ်ဒမီကရှာမှတော့ တောင်ပေါ်ကိုပိုက်စိတ်တိုက်ရှာဖို့ဂြိုဟ်တုသုံးရင်သုံးလောက်သည်။

ဖြစ်နိုင်သည်။

ဘာပဲဖြစ်ဖြစ် ရုပ်ရှင်တွေထဲမှာဒီလိုပဲမလား?

အနောက်ဘက်တောင်ပေါ် သူရုတ်တရက်ကြီးသွားပြီး ဥက္ကာခဲသွားပစ်ရင်ထူးဆန်းနေမည်။

ထို့ကြောင့် စံအိမ်အတွင်းဘက်တွင်အစာစားနေသောကြက်တူရွေးရှောင်ဝူကို ရုတ်တရက်သွားဖမ်းပြီး စံအိမ်အပေါ်ဆုံးထပ်တက်လာသည်။

ရှောင်ဝူမှာအငိုက်မိသွားပြီး အလန့်တကြားထအော်သည်:

"သခင်.. ဘာလုပ်တာလဲ? အသာလုပ်ပါ!''

"တိတ်တိတ်နေစမ်း!''

ချင်လင်ကပြောလိုက်သည်။

ရှောင်ဝူကချက်ချင်းငြိမ်သွားပြီး ချင်လင်ခေါ်ဆောင်ရာခေါင်မိုးထပ်ရောက်သွားသည်။

အပေါ်ရောက်သောအခါ ချင်လင်ကအနောက်ဘက်တောင်တန်းကိုညွှန်ပြပြီး_

"ဟိုးတောင်ထိပ်ပေါ်သွားပြီး ပစ္စည်းနှစ်ခုချပေးစမ်းပါ''

ဒါကလည်း သူ့ရည်ရွယ်ချက်ပင်။

ငှက်တစ်ကောင်ပျံသွားရင် ရုပ်ရှင်ထဲကလိုဂြိုဟ်တုနဲ့စကင်န်ဖတ်ရင်တောင် သတိထားမိမှာမဟုတ်။

ရှောင်ဝူကချက်ချင်းတောင်ပေါ်လှမ်းကြည့်ပြီး စိတ်ပူသွားကာ:

"ဝေးလိုက်တာ... သခင်က အသေသတ်နေတာလား?''

"ပြီးရင် ကြက်တူရွေးအမနှစ်ကောင်အဖော်ထည့်ပေးလိုက်မယ်''

ချင်လင်ကတန်းပြောလိုက်သည်။

"သခင်က အချိုသတ်နေတာလား?''

ရှောင်ဝူကအလန့်တကြား သူ့ကိုကြည့်သည်။

"မင်းလုပ်မှာလား မလုပ်ဘူးလား?''

ချင်လင်က တဲ့မေးသည်။

"ဒါပေမဲ့ ဒီကအမလေ!''

ရှောင်ဝူက တုံးတိတိပြန်ပြောသည်။

"အမ?''

ချင်လင်ကြောင်သွားသည်။

"ရှောင်ဝူဆိုတာ အထီးနာမည်မလို့လား?''

ရှောင်ဝူကအသည်းအသန်ပြောသည်။

"အင်း! အဲဒါဆို ကြက်တူရွေးအထီးရှာပေးမယ်ကွာ!''

ချင်လင်ကကြောင်ပြီး ချက်ချင်းစကားပြောင်းပြောလိုက်သည်။

အချိုသတ်တယ်ဆိုလည်း သတ်တာပေါ့?

"အရင်သခင်မှာ ရွှေရောင်မွေးနဲ့ကြက်တူရွေးအထီးရှိတယ်... အဲဒါလိုချင်တာ... သခင်.. တို့ကိုလှောင်အိမ်ထဲမှာ အတူတူထားပေး''

"လှောင်အိမ်သေးသေးနော်!''

သူကဖြည့်ပြောသေးသည်။

"ဗုဒ္ဓေါ''

ချင်လင်ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ဘာလို့ထူးဆန်းနေတာလဲ? အရင်သခင်က လူပုလေးအာနီပေါ့!

"ဟုတ်ပြီ... အရင်ပြီးအောင်လုပ်ပါ!''

သူသဘောတူလိုက်သည်။

ရှောင်ဝူကစိတ်လှုပ်ရှားသွားပြီး:

"မောသွားတာပဲ... သခင်ဘာပစ်မှာလဲ?''

ချင်လင်လည်းတုံ့ဆိုင်းမနေ။ အခန်းထဲပြန်၊ ဂိမ်းထဲဝင်၊ ဥက္ကာခဲနှစ်ခဲယူလာပြီး ရှောင်ဝူရှေ့ချကာ:

"ဒီကျောက်တုံးနှစ်တုံး... အချိန်ခြားပြီးပစ်ရမယ်''

ရှောင်ဝူက ကျောက်တုံးနှစ်တုံးကိုတလှည့်၊ ခပ်လှမ်းလှမ်းမှတောင်ပေါ်တလှည့်ကြည့်ကာ:

"ဝေးလိုက်တာ... ငါ့ဘဝကခါးပါတယ်... သခင့်အတွက်စွန့်စားရတော့မယ်''

သူကတောင်ပံတဖျတ်ဖျတ်ခတ်ပြီး ကျောက်တုံးကိုကိုက်ကာ တောင်ပေါ်ပျံသွားလေသည်။

အပန်းဖြေစံအိမ်အတွင်း_

ဝန်ကြီးလု၊တော်ဝင်ပညာရှင်လီ၊ယွမ်ရှန်တို့က ခေါင်းချင်းဆိုင်နေကြသည်။ ချင်လင်ထင်ထားသလို ဂြိုဟ်တုစကင်န်မျိုးမရှိ။

ရုပ်ရှင်က ရုပ်ရှင်၊ လက်တွေ့က လက်တွေ့ပင်။

ဝန်ကြီးလုက ခေါင်းဆောင်ကိုတတိယအကြိမ်မြောက်အစီရင်ခံနေသည်။

တော်ဝင်ပညာရှင်လီနှင့်ယွမ်ရှန်တို့က ကွန်ပျူတာရှေ့ထိုင်ပြီး အချက်အလက်ကြည့်နေကြ၏။

ဥက္ကာခဲကအကြောင်းအရင်းမရှိ ဒီရောက်နေမှာမဟုတ်။ တစ်ခုခုတော့ရှိရမည်။

"အင်း.. အသုံးဝင်မယ့်အချက်တော့တွေ့ပြီ... ချင်မင်းဆက်ပြီးတော့ ရုံချန်းမှာကောင်းကင်ဘုံကကျောက်တုံးကျဖူးတဲ့မှတ်တမ်းရှိတယ်''

ရုတ်တရက် တော်ဝင်ပညာရှင်လီကအံ့ဩသံနှင့်ပြောသည်။

ကောင်းကင်ဘုံကကျောက်တုံးဆိုတော့ ဥက္ကာခဲကျသလိုပဲမလား?

ဥက္ကာခဲကျရင် ကျောက်တုံးတွေဖြစ်နိုင်တော့ တစ်ခါတလေ ဥက္ကာခဲကိုကျောက်တုံးလို့ခေါ်မှာပေါ့။

အရင်ကဒီမှာကျဖူးရင် ဒီမှာပေါ်ဖို့ဖြစ်နိုင်သည်။

ဒီလောက်ကြာမှ ဥက္ကာခဲပေါ်တယ်ဆိုရင်တော့ အတော်ထူးဆန်းပြီ။

ဒါပေမဲ့ ဒါသူတို့အတွက်ကောင်းတဲ့ကိစ္စ။ ဥက္ကာခဲကမြေအောက်အနက်ကြီးရောက်မသွားတာလည်း သူတို့ကံကောင်းခြင်းပင်။

ယွမ်ရှန်နှင့်တော်ဝင်ပညာရှင်လီက အချက်အလက်များရှာဖွေကြည့်သည်။ အထူးသဖြင့် ရုံချန်းစီရင်စုဂျာနယ်များကိုကြည့်သော်လည်း တခြားဆက်စပ်တာမတွေ့။

ဒီတော့ ကောင်းကင်ဘုံကကျတဲ့ကျောက်တုံးသာဖြစ်နိုင်သည်။

မဟုတ်ရင် ကမ္ဘာမှာဒီလောက်ရှားပါးတဲ့ဥက္ကာခဲက ဘယ်လိုလုပ်ဒီမှာပေါ်လာမှာလဲ?

ဝန်ကြီးလုကဖုန်းအမြန်ချပြီးနောက် တော်ဝင်ပညာရှင်လီ၏စကားကိုကြားပြီး_

"ဖြစ်နိုင်တယ်... အခုသူဌေးချင်ဥက္ကာခဲတွေ့တဲ့တောင်ပေါ်ကို သေချာရှာရမယ်... တွေ့နိုင်ခြေနည်းရင်တောင်ပေါ့... တော်ဝင်ပညာရှင်လီ.. ခင်ဗျားက ဒီအပိုင်းမှာကျွမ်းကျင်တော့ တာဝန်ခံလုပ်ပါ''

"အင်း''

တော်ဝင်ပညာရှင်လီခေါင်းညိမ့်လိုက်သည်။ သူ့အစာအိမ်ကင်ဆာပျောက်လုနီးနီးဖြစ်ပြီးနောက်ပိုင်း ဘယ်ပရောဂျက်မှာမှဝင်မပါရသေး။

အခုဥက္ကာခဲတွေ့ပြီဆိုတော့ ပရောဂျက်တချို့မှာဝင်ပါဖို့အချိန်တန်ပြီ။

သို့ရာတွင် ဥက္ကာခဲတွေ့နိုင်ခြေက အလွန်နည်းသည်။ ဒီတစ်ခုရတာပဲ ကံကောင်းလှပြီ။ ဒီလောက်ရှာရလွယ်ရင် နိုင်ငံတွေအများကြီးကရှာနေတာ ကမ္ဘာမှာ ၅ ကီလိုဂရမ်မကရှိမှာပေါ့။

သို့ဆိုရင်တောင် ရှာရဦးမည်။ မရှာရင် လုံးဝမတွေ့။ ရှာရင် တစ်ခုနှစ်ခု ရကောင်းရနိုင်တယ်မလား?

ဒီလိုဆို အံ့ဖွယ်ပင်။

တချိန်တည်းမှာ_

ကြက်တူရွေးတစ်ကောင်က ချင်းလင်စံအိမ်အနောက်ဘက်တောင်တန်းများဆီပျံသန်းနေသည်။ အချိန်တစ်ခုကြာပြီး အမောတကောဖြစ်လာချိန်တွင် ဥက္ကာခဲကိုပစ်ချလိုက်သည်။

"ပင်ပန်းလိုက်တာ''

ကြက်တူရွေးကညည်းပြီး သစ်ပင်တစ်ပင်ပေါ်နားလိုက်သည်။

ဥက္ကာခဲမှာမြေပေါ်ကျပြီး သစ်ပင်တစ်ပင်အောက်အရောက်တွင်ရပ်သွားလေသည်။

All Chapters