← Chapters

ကြက်တူရွေးဉာဏ်လေးနဲ့!

Vol. 71 Ch. 1056

ကြက်တူရွေးဉာဏ်လေးနဲ့!

Vol. 71 Ch. 1056

သစ်ပင်ပေါ်နားနေသောကြက်တူရွေးက မြေပေါ်ကျသွားသောဥက္ကာခဲကိုကြည့်ရင်း သူချစရာကျောက်တုံးတစ်တုံးကျန်နေသည်ကိုတွေးမိပြီး ညည်းလိုက်သည်_

"မောလိုက်တာ မောလိုက်တာ!''

ညည်းညူပြီး သူ့ကိုယ်သူအားပေးလိုက်၏_

"ခန့်ချောရွှေရောင်ကြက်တူရွေး! ခန့်ချောရွှေရောင်ကြက်တူရွေး!''

သို့ရာတွင် ကျောက်တုံးကိုပြန်တွေးမိပြီး သက်ပြင်းချပြန်သည်။ သူကသစ်ပင်ပေါ်မှဆင်းလာပြီး ဥက္ကာခဲပေါ်နားလိုက်၏။ ထို့နောက် ခြေထောက်ကြွ၍ ဥက္ကာခဲပေါ်တစ်ခုခုလုပ်လိုက်သည်။

နောက်ဆုံး ဘာမှန်းမသိသောအတုံးတစ်တုံးချခဲ့ပြီးနောက် တောင်ပံတဖျတ်ဖျတ်ခတ်ကာ ချင်းလင်အပန်းဖြေစံအိမ်ဘက်ပျံသွားလေသည်။

အချိန်တစ်ခုကြာပြီးနောက် ချင်းလင်အပန်းဖြေစံအိမ်ခေါင်မိုးထပ်ရောက်လာပြီး ချင်လင်နှင့်ပြန်ဆုံသည်။

"သခင်... တစ်တုံးချခဲ့ပြီ''

ရှောင်ဝူက ချင်လင်ကိုမြင်လျှင် တောင်ပံခတ်ပြီးကြွားဖြစ်အောင်ကြွားလိုက်သေးသည်။

"အင်း! နောက်တစ်တုံးကျန်သေးတယ်!''

ချင်လင်က နောက်တစ်တုံးထိုးပေးလိုက်သည်။

ရှောင်ဝူကမတတ်သာပုံနှင့် ဥက္ကာခဲကိုကုပ်ပြီး တောင်ပံတဖျတ်ဖျတ်ခတ်ကာ တောင်တန်းဆီပျံသန်းလာသည်။

အစပိုင်း အလွန်မြန်သော်လည်း စိုက်ခင်းများအလွန်တွင် အရှိန်လျော့လာ၏။

နောက်ဆုံး တောင်အစပ်နားပြန်အရောက်တွင် ဥက္ကာခဲကိုဆက်မထိန်းနိုင်တော့ဘဲ မြက်ခင်းပေါ်တန်းကျသွားလေသည်။

ထို့ကြောင့် သူစိတ်ပူသွားသည်။

သခင်က တောင်ပေါ်မှာချခိုင်းတာ။

သူကမြက်ခင်းပေါ်အမြန်ပျံသွားပြီး လိုက်ရှာရင်းညည်းညူလိုက်သည်_

"ငါကကြက်တူရွေးလေးပဲဟာ... သခင်ကဒီလောက်ခက်တဲ့အလုပ်တွေခိုင်းတာ... မတရားဘူး!''

သို့သော် ရှာရင်းဖွေရင်း ရုတ်တရက်သူရပ်လိုက်ပြီး_

"ကျောက်တုံးက ဘာပုံလဲ?''

"သွားပြီ သွားပြီ.. ဘုရားရေ''

ရှောင်ဝူစိတ်ပူသွားပြီး ဘေးနားမှသစ်ပင်ပေါ်ပျံတက်ကာ သူမအတောင်ပံများကြား ခေါင်းဝှက်ထားလိုက်သည်။

အချိန်မည်မျှကြာသွားသည်မသိ။ သူကရေရွတ်လိုက်သည်_

"တောင်ပေါ်မှာချခဲ့တယ်လို့ပဲပြောလိုက်မယ်... သခင်လည်းသိမှာမှမဟုတ်တာ!''

ရုတ်ချည်းဆိုသလို ဒါကိုမတွေးမိရကောင်းလားဟုစိတ်တိုလိုက်သေးသည်။

ထို့နောက် သစ်ပင်ပေါ်စိတ်အေးလက်အေးနားနေတော့သည်။

ဉာဏ်ကောင်းသောကြက်တူရွေးဖြစ်၍ အခုပြန်လို့မရသေးမှန်းသူသိသည်။ အချိန်ခဏစောင့်ရမည်။

မကြာမီ_

တောင်ပံတဖျတ်ဖျတ်ခတ်ပြီး ချင်းလင်အပန်းဖြေစံအိမ်ပြန်လာခဲ့သည်။ ချင်လင်ကိုမြင်လျှင် စိတ်မလုံဘဲ_

"သခင်.. ပြီးပြီ''

ချင်လင်ကပြုံးပြုံးနှင့်ခေါင်းညိမ့်ပြီး_

"ကောင်းတယ်... နောက်မှမင်းကိုစားကောင်းတာကျွေးမယ်!''

သခင်ကမရိပ်မိသောကြောင့် ရှောင်ဝူလည်းစိတ်လှုပ်ရှားသံနှင့်_

"ခန့်ချောရွှေရောင်ကြက်တူရွေးကရော!''

ချင်လင်က မတတ်သာပုံနှင့်ပြုံးလိုက်သည်။

သူကတိပေးပြီးမှတော့ ကြက်တူရွေးတစ်ကောင်နဲ့စကားမတည်လို့ရမလား?

ပြဿနာက ဂိမ်းထဲဘယ်လိုဝင်မလဲ၊ လူပုလေးအာနီကိုဘယ်လိုမိတ်ဆက်ခိုင်းရမလဲ၊ ပြီးတော့ ရွှေရောင်ကြက်တူရွေးကိုဘယ်လိုရအောင်ယူမလဲ?

ချင်လင်ကတွေးတောနေရင်း ရှောင်ဝူကိုအောက်ထပ်အတွင်းဘက်ဧည့်ခန်းထဲခေါ်လာသည်။ ကျောက်မိုချင်းကအံ့ဩနေပုံနှင့် အိပ်ခန်းထဲမှထွက်လာပြီး_

"​ယောက်ျား... ခဏနေ အစ်မလန်ဇီက ဒီဇိုင်နာလင်းဟန်ကိုခေါ်လာလိမ့်မယ်... ပြီးတော့ စံအိမ်တရားဝင်အကောင့်မှာ တင်ထားကြပြီ... အောက်မှာသွားတွေ့ရအောင်''

ချင်လင်ကနားထောင်ရင်း အကြံရလာသည်။

သူဂိမ်းထဲဝင်တုန်းက လူပုလေးအာနီရဲ့ပန်းအိမ်ကိုတွေ့ခဲ့သည်။ အပြင်အဆင်ပုံစံကအဆင့်နိမ့်ပြီး လင်းဟန်ရဲ့ဒီဇိုင်းကိုမယှဉ်နိုင်။

ဒီတော့ ဒီဇိုင်းကိုအသုံးချပြီး ရွှေရောင်ကြက်တူရွေးကိုလှည့်ယူရင်ရော?

ဒီဇိုင်းတင်သွင်းသူအများကြီးရှိပြီး ထိုအထဲမှ ၁၀ ​ယောက်ကိုသာပေးမည်ဖြစ်သည်။

ဒါပေမဲ့ အဲဒီဒီဇိုင်းတွေကိုမိတ္တူဆွဲပြီးဂိမ်းထဲယူသွားရင် ဒီဇိုင်နာတွေကမူပိုင်ခွင့်နဲ့တရားစွဲလို့မရဘူးမလား?

သူကလည်း ရက်ရက်ရောရောနဲ့ဒီဇိုင်းအားလုံးဝယ်ရမည်ပေါ့။ ဒါဆိုရင် ချင်းလင်စံအိမ်မှာပန်းအိမ်ဆောက်ပြီး တည်းခိုခန်းပရောဂျက်လုပ်နိုင်သည်။

"သွားကြည့်တာ ကောင်းတာပေါ့!''

ချင်လင်ခေါင်းညိမ့်လိုက်သည်။

"ပန်းအိမ်မျိုးစေ့ရော? ကျွန်မစံအိမ်ထဲမှာ ပန်းအိမ်နေရာရွေးပြီးသွားပြီ''

ကျောက်မိုချင်းကမေးသည်။

"ခဏစောင့်!''

ချင်လင်ကပြောပြီးအလုပ်ခန်းထဲဝင်လာသည်။ ကျောက်မိုချင်း စံအိမ်ထဲမှာစိုက်ချင်တဲ့အတွက်ရော၊ ပွဲအတွက်ပါ သူမျိုးစေ့ပြင်ထားပြီးဖြစ်သည်။

ချင်လင်ကမျိုးစေ့ထုတ်ပြီး ကျောက်မိုချင်းကိုပေးလိုက်ကာ နှစ်ယောက်သားအောက်ဆင်းလာကြ၏။

ချင်းလင်အပန်းဖြေစံအိမ်_

လင်းဟန်ကမျှော်လင့်ချက်အပြည့်နှင့် လင်းလန်ဇီနောက်လိုက်ပြီး ချင်းလင်အပန်းဖြေစံအိမ်ထဲရောက်လာသည်။

ချင်းလင်အပန်းဖြေစံအိမ်အကြောင်းကြားဖူးတာကြာပြီ။ ပြည်တွင်းအပန်းဖြေနေရာများတွင် အံ့ဩစရာအကောင်းဆုံး၊ စိတ်ဝင်စားစရာအကောင်းဆုံးဟုဆိုနိုင်သည်။

ဖြစ်ချင်တော့ ချင်းလင်အပန်းဖြေစံအိမ်က လျှောက်ဖို့ခက်လွန်းသည်။ လူချမ်းသာအတော်များများလျှောက်ကြသော်လည်းမရ။

အားလုံးက ချင်းလင်အပန်းဖြေစံအိမ်ကို ဗီဒီယိုထဲမှသာကြည့်ရသည်။

ဗီဒီယိုထဲတွင် ချင်းလင်အပန်းဖြေစံအိမ်ကအလွန်လှပြီး စူးစမ်းချင်စရာကောင်းသောနေရာတစ်ခုဖြစ်သည်။

လင်းဟန်လည်း အတူတူပင်။ ပရိဘောဂဒီဇိုင်နာဖြစ်၍ တစ်ခါတလေ စံအိမ်ကြီးများ၊အပန်းဖြေစံအိမ်နှင့်တည်းခိုခန်းများဆောက်ရာတွင် တချို့အဖွဲ့များနှင့်ချိတ်ဆက်ရသည်။ ထိုအထဲတွင် ချင်းလင်အပန်းဖြေစံအိမ်လို အားလပ်ရက်အပန်းဖြေစံအိမ်များလည်းပါသည်။

ထို့ကြောင့် ချင်းလင်အပန်းဖြေစံအိမ်အကြောင်းပိုသိချင်သည်။

အခုတော့ စူးစမ်းခွင့်ရပြီ။

"မန်နေဂျာလင်း... ခဏနေ စံအိမ်ထဲရောက်သွားရင် ဘာဂရုစိုက်ရမလဲ?''

လင်းဟန်က လင်းလန်ဇီကိုမေးသည်။ သူမနှင့်မျိုးရိုးနာမည်တူသောဒီချောချောလှလှအမျိုးသမီးကို သူမသဘောကျနေသည်။

ချောလှပြီးကိုယ်လုံးကိုယ်ပေါက်ကောင်းသောကြောင့် နည်းနည်းမနာလိုတောင်ဖြစ်မိသည်။

လင်းလန်ဇီကပြုံးပြီး_

"အထွေအထူးမရှိပါဘူး... အထဲကလူတွေအနှောင့်အယှက်မဖြစ်ရင်ရပါပြီ... သူတို့ကိုဖုန်းနဲ့လည်းဓာတ်ပုံမရိုက်ပါနဲ့''

"ကောင်းပါပြီ''

လင်းဟန်ကခေါင်းညိမ့်သည်။

လောကဝတ်တွေ သူမနားလည်သည်။

နောက်ဆုံး လင်းဟန်က လင်းလန်ဇီနောက်လိုက်ရင်း စံအိမ်အတွင်းထဲရောက်လာသည်။ တခဏချင်း အံ့အားသင့်စရာ၊အနုပညာဆန်ဆန်၊ပသာဒဖြစ်သောဝါးတောက မျက်စိရှေ့ပေါ်လာသည်။

မယုံနိုင်စရာ။

သူမကဒီဇိုင်နာဖြစ်၍ သူမအမြင်ကသာမန်လူများနှင့်မတူ။

အရင်ဆုံး ဒီဇိုင်းပုံစံနှင့်အမျိုးအစားကိုမြင်ပြီး စိတ်ကူးလည်းရသည်။

All Chapters