← Chapters

တစ်ခုတွေ့တယ်? ကံကောင်းသူချန်တပေ!

Vol. 71 Ch. 1058

တစ်ခုတွေ့တယ်? ကံကောင်းသူချန်တပေ!

Vol. 71 Ch. 1058

ဝန်ကြီးလုစကားကြောင့် တော်ဝင်ပညာရှင်လီနှင့်ခေါင်းဆောင်ထန်တို့ကြောင်သွားသည်။

သူတို့ရောက်နေတဲ့တောင်အစပ်က ကြက်တူရွေးအမှတ်တမဲ့ဥက္ကာခဲပြုတ်ကျတဲ့နေရာမှန်း သူတို့မသိ။

"ဖြစ်နိုင်ပါ့မလား?''

တော်ဝင်ပညာရှင်လီက မယုံနိုင်ပုံနှင့်ပြောသည်။

ဒါ ဥက္ကာခဲ။

ဒီလောက်ရှာရလွယ်ရင် ထူးခြားဖြစ်စဉ်ဖြစ်သွားမှာပေါ့။

ကိရိယာကလည်း ၁၀ မီတာလောက်ပဲတိုင်းနိုင်တာ။

သူတို့တောင်နားရောက်ရောက်ချင်း ဥက္ကာခဲတက်နင်းမိသလိုဖြစ်နေပြီ။

စမ်းသပ်နေသူများက အလုပ်စကြသည်။

သူတို့မလာခင်စမ်းသပ်ခဲ့တာ လုံးဝပြဿနာမရှိ။

အခုရုတ်တရက်ဒီလိုဖြစ်လာတော့ ဝန်ကြီးလုပြောသလိုများဖြစ်နေမလား။ သူတို့အမှားမဟုတ်ဘဲ စွမ်းဆောင်နိုင်တာလည်းဖြစ်မည်။

ခဏအကြာ စက်ပေါ်တွင်လှိုင်းတွန့်လိုရေဒါပေါ်လာသည်။

စက်မှထုတ်လွှတ်သောလေဆာကလည်း တက်လိုက်ကျလိုက်ဖြစ်နေ၏။

ခဏအကြာ ဖန်သားပြင်ပေါ်မှရေဒါလှိုင်းများစုပြီး အစက်တစ်စက်ပေါ်လာသည်။

ထို့နောက် နည်းပညာရှင်များက ဝန်ကြီးလုကိုကြည့်လိုက်ကြသည်။

ဝန်ကြီးလုမှာဝိုင်းကြည့်ခံရသောကြောင့် တမျိုးဖြစ်သွားပြီး ဇဝေဇဝါနှင့်_

"ဘာဖြစ်လို့လဲ?''

"ဝန်ကြီးလု''

နည်းပညာရှင်တစ်ဦးက_

"ဝန်ကြီးလုနောက်ကမြက်ခင်းပေါ်မှာ ဥက္ကာခဲရှိတယ်လို့စက်ကပြနေတယ်''

“???”

ဝန်ကြီးလုက အမှတ်တမဲ့နောက်လှည့်ပြီး သူ့နောက်ကမြက်ခင်းကိုကြည့်လိုက်သည်။

ပြီးမှ လောလောနှင့်ထပြော၏_

"မြန်မြန်... ဒီချုံပုတ်ကိုရှင်း''

ခေါင်းဆောင်ထန်က တုံ့ဆိုင်းမနေဘဲ စစ်ဆင်ရေးဝန်ထမ်းများနှင့်စသည်။

ခဏအကြာ မြက်ခင်းရှင်းသွားသည်။

"တွေ့ပြီ''

တစ်ယောက်ကစိတ်လှုပ်ရှားသံနှင့်ပြောသည်။

ခေါင်းဆောင်ထန်က ချက်ချင်းသူ့လူများနှင့်ရောက်လာ၏။ ခဏအကြာ ဥက္ကာခဲကိုတွေ့သည်။

ဝန်ကြီးလုနှင့်တော်ဝင်ပညာရှင်လီက ဥက္ကာခဲအရွယ်အစားကိုတန်းကြည့်လိုက်သည်။ သူဌေးချင်ကောက်ရတဲ့ဟာထက်မသေး။

"မြန်မြန်... ဥက္ကာခဲဟုတ်မဟုတ်စစ်ကြည့်!''

ဝန်ကြီးလုကအမြန်လှမ်းအော်သည်။

တော်ဝင်ပညာရှင်လီကချက်ချင်း စမ်းသပ်ကိရိယာများယူလာပြီးစစ်ခိုင်းသည်။

ခဏအကြာ တော်ဝင်ပညာရှင်လီကစိတ်လှုပ်ရှားသံနှင့်_

"ဝန်ကြီးလု... ဥက္ကာခဲဟုတ်တယ်... ဥက္ကာခဲအစစ်!''

"ကောင်းလိုက်တာ''

ဝန်ကြီးလုက လက်သီးလက်မောင်းတန်းလိုက်သည်။ ဒီအံ့ဩစရာကြောင့် သူအရမ်းစိတ်လှုပ်ရှားနေသည်။

နောက်ထပ်ဥက္ကာခဲကိုဒီလောက်လွယ်လွယ်နဲ့တွေ့မယ်လို့ဘယ်ထင်မလဲ?

"မြန်မြန်... အဲဒါကိုအထူးကိရိယာထဲထည့်... သတင်းကောင်းတင်ပြဖို့ ငါတို့ပြန်ယူသွားမယ်... ခေါင်းဆောင်ထန်က မင်းလူတွေနဲ့ဆက်ရှာလိုက်ပါ''

ဝန်ကြီးလုကအမိန့်ပေးလိုက်သည်။

ဥက္ကာခဲကိုအထူးသေတ္တာနှင့်ထည့်ပြီးနောက် သူနှင့်တော်ဝင်ပညာရှင်လီက ဥက္ကာခဲယူပြီး ချင်းလင်စံအိမ်ပြန်လာသည်။

ခေါင်းဆောင်ထန်က သူတို့ကိုစောင့်ရှောက်ရန်လူတချို့ထည့်ပေးလိုက်ပြီး ကျန်လူများနှင့်တောင်ပေါ်ဆက်ရှာသည်။

ပွဲစစချင်းဥက္ကာခဲတန်းတွေ့သောကြောင့် အားလုံးတက်ကြွနေကြသည်။

…

ချင်းလင်အပန်းဖြေစံအိမ်_

ချင်လင်ကရုံးခန်းထဲဂိမ်းကစားနေစဉ် ရုတ်တရက် ၄၃ အနောက်တွင် သုညအများကြီးပါသောငွေလွှဲစာတစ်ခုဝင်လာသည်။

ဥက္ကာခဲအတွက်ပေးချေသောငွေပင်။

၄၃ ဘီလီယံကိုဒီလောက်မြန်မြန်လွှဲနိုင်တာ နိုင်ငံတော်ပဲရှိသည်။

သို့ရာတွင် ထို ၄၃ ဘီလီယံက ရုံချန်းစက်မှုနှင့်စီးပွားလုပ်ငန်းအခွဲဥက္ကဌလင်းရှစ်ဝေကိုလန့်ဖျပ်စေမည်ဟု သူမသိချေ။

အခု လင်းရှစ်ဝေဘဝကသာသာယာယာပင်။

မည်သို့ဆိုစေ လုပ်ငန်းခွဲတိုင်းမှာ နှစ်စဉ်တာဝန်ရှိသည်။ တာဝန်မပြီးမြောက်ပါက နှစ်ကုန်ရင် ဌာနခွဲဥက္ကဌတောင်အပြင်ထွက်ပြီး အရောင်းမြှင့်တင်ရသည်။ သူတို့နှင့်သောက်ရသည်။

နေရာသေးသေးမှာ ဘဏ်ဥက္ကဌဖြစ်ရတာမလွယ်ပေ။

သို့ရာတွင် ချင်းလင်ကုမ္ပဏီစာရင်းဝင်ခဲ့ပြီးနောက် သူ့နေရာကိုတည်ငြိမ်အောင်ထိန်းနိုင်လာသည်။ ချင်းလင်ကုမ္ပဏီမှလစဉ်ဝင်ငွေက တစ်နှစ်စာတာဝန်နှင့်တောင်ယှဉ်နိုင်သည်။

သူတို့အကောင့်ထဲ ၄၃ ဘီလီယံရုတ်တရက်ဝင်လာသောအခါ ဌာနခွဲကအရင်သတိထားမိသည်။

ဘဏ်တစ်ခုလုံး ဒီလောက်များတဲ့ငွေပမာဏမဝင်တာအတော်ကြာခဲ့ပြီ။

"ငွေက ဘယ်အကောင့်ထဲဝင်တာလဲ?''

သတင်းကြားကြားချင်း လင်းရှစ်ဝေကမေးသည်။

ဒီလောက်များတဲ့ပိုက်ဆံက ထီပေါက်တာမဟုတ်ရင် ဗုံ*းပေါက်တာပဲ။ သူ မေးကိုမေးရမည်။

"ဥက္ကဌ... လူကြီးမင်းချင်အကောင့်ပါ!''

ဘဏ်မန်နေဂျာတစ်ယောက်က အမြန်အစီရင်ခံသည်။

"ကောင်းတယ်''

လင်းရှစ်ဝေ ချက်ချင်းသက်ပြင်းချလိုက်သည်။

မန်နေဂျာ​ပြောတဲ့လူကြီးမင်းချင်က ဘယ်သူလဲသူသိသည်။ သူသာဆိုရင် ၄၃ ဘီလီယံက ကိစ္စမရှိ။

ဒါတောင် အံ့ဩရသေးသည်။

ဒီလောက်များတဲ့ငွေပမာဏကို ပင်ဂွင်းအဖွဲ့အစည်းနဲ့တောင်သူ့စမ်းရေသူဌေးနှစ်ဦးတောင် အားကျသွားမည်။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ဦးက သူတို့ပိုင်ဆိုင်မှု၊စတော့များကိုထုတ်စရာမလိုသောကြောင့် ဒီလောက်ငွေအများကြီးမလွှဲနိုင်။

"ဘယ်အကောင့်ကနေဝင်လာတာလဲသိလား?''

လင်းရှစ်ဝေကတန်းမေးလိုက်သည်။ သူအရမ်းသိချင်နေပြီ။

"ဥက္ကဌ... ကျွန်တော့်မှာအကောင့်စစ်ဆေးခွင့်မရှိဘူး''

ဘဏ်မန်နေဂျာကချက်ချင်းပြန်ဖြေသည်။

"ဘာလို့ပါလိမ့်?''

လင်းရှစ်ဝေမျက်မှောင်ကြုတ်လိုက်သည်။ သူကဘဏ်အကောင့်ဖွင့်ရှာလိုက်ရာ အသုံးပြုခွင့်မရှိဟူသောအသိပေးစာရသည်။

"အကောင့်ကိုစိတ်ထဲမထားနဲ့တော့''

လင်းရှစ်ဝေက အံ့ဩသံနှင့်မှာလိုက်သည်။

ဌာနခွဲဘဏ်ဥက္ကဌသူတောင်စစ်ဆေးခွင့်မရှိတဲ့ဘဏ်အကောင့်က ပြည်တွင်းအထူးအကောင့်တချို့သာရှိသည်။ အဲဒီအကောင့်တွေကို သူဘယ်လိုလုပ်စစ်ရဲမလဲ?

သူ့မှာစစ်ဆေးခွင့်လည်းမရှိ။

ချင်းလင်အပန်းဖြေစံအိမ်_

ချင်လင်ကရုံးခန်းအပြင်ထွက်လာပြီး ကျောက်မိုချင်းနှင့်ဧည့်ခန်းထဲတွေ့သည်။

ကျောက်မိုချင်းက စားပွဲပေါ်မှပုံတစ်ခုကိုကြည့်နေသည်။ လင်းဟန်၏ပန်းအိမ်ဒီဇိုင်းပင်။

ထိုပုံမှာအသေးစိတ်အကွက်ချထားသောပုံအသစ်ဖြစ်သည်။

အမျိုးသမီးတစ်ယောက်က တစ်ခုခုစိတ်ဝင်စားနေရင် သူ့အင်အားမှန်သမျှထိုအပေါ်ရောက်နေတတ်သည်။

All Chapters