← Chapters

သံယောဇဉ်ရှိရင်နှစ်ဆတိုး!

Vol. 71 Ch. 1060

သံယောဇဉ်ရှိရင်နှစ်ဆတိုး!

Vol. 71 Ch. 1060

လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း အင်တာနက်ပေါ်တွင် ပန်းအိမ်ဒီဇိုင်းမဲပေးရန်လှုပ်ခတ်နေခဲ့ပြီး ချင်းလင်စံအိမ်တွင် နောက်ထပ်အုတ်အော်သောင်းတင်းကိစ္စတစ်ခုဖြစ်ပြန်သည်။

လုံခြုံရေးဌာနမန်နေဂျာချန်တပေအား ရုံချန်းတွင်အကောင်းဆုံးနေထိုင်ရာဖြစ်သောပထမတန်းတိုက်ခန်းနှင့်မာစီဒီးဘန့်ဇ် E300 ကိုဆုချခဲ့သည်။

ထိုဆုကြောင့် ချင်းလင်စံအိမ်ဝန်ထမ်းအားလုံးအားကျကုန်သည်။

ဒါ အိမ်နဲ့ဇိမ်ခံကား။

မကြာမီ မန်နေဂျာချန်က သူဌေးနှင့်အတူ ချင်းလင်စံအိမ်အနောက်ဘက်တောင်ပေါ်သွားရင်း တန်ဖိုးကြီးပစ္စည်းတစ်ခုတွေ့ခဲ့ကြောင်း အားလုံးသိသွားသည်။ ပရောဂျက်တစ်ခုကိုတိုးတက်စေသောကြောင့် သူဌေးကဆုချတာဖြစ်မည်။

အခု တောင်ပေါ်တွင်ဖွံ့ဖြိုးအောင် သူဌေးက ရှာဖွေရေးအဖွဲ့တောင်ဖွဲ့ထားသည်။

ရှာဖွေရေးအဖွဲ့ဝင်များက နေ့တိုင်းစားသောက်ဆိုင်မှာစားကြသည်။

ဒါကြောင့်လည်း ချင်းလင်စံအိမ်တစ်ခုလုံး အလုပ်လုပ်သည့်အငွေ့အသက်ကပိုမြင့်လာသည်။ အချိန်တိုအတွင်း ဝန်ထမ်းအတော်များများက စံအိမ်ပတ်ဝန်းကျင်ကိုသေချာကြည့်ရှူခြင်း၊ အဖိုးတန်ပစ္စည်းရှာခြင်း၊ နေရာမှန်သမျှတိုးတက်အောင် စံအိမ်ကိုအကြံပြုရန်ကြိုးစားလာကြသည်။

ချန်တပေလိုဆုရချင်သူများပင်။

ဘာပဲဖြစ်ဖြစ် ချန်တပေကိုကြည့်ပြီး သူတို့ကံကောင်းမည်ဟုထင်နေသူများကရှိတတ်စမြဲ။

ထို့ကြောင့် ချင်းလင်စံအိမ်ကလူများ စိတ်အားထက်သန်နေကြသည်။

ချန်တပေကိုယ်တိုင်ကမူ နည်းနည်းဇဝေဇဝါဖြစ်နေသည်။

သူဌေးနဲ့တောင်ပေါ်တက်တုန်းက သူဌေးကိုသဘာဝအသီးတွေခူးပေးတာကလွဲပြီး သူဘာလုပ်ခဲ့လို့လဲ?

တခြားဘာမှလုပ်သည်မထင်။

စံအိမ်မှာဖွံ့ဖြိုးတာနဲ့ သူဌေးကဘာလို့သူ့ကိုဆုချရတာလဲ?

သူဌေးကလက်တိုလက်တောင်းခိုင်းတိုင်း ကြိုးကြိုးစားစားလုပ်ခဲ့လို့ အကြောင်းရှာပြီးဆုပေးတာများလား?

မြင်းရိုးကို ရွှေပုံပေးသလိုခံစားရသည်။

သူလုံခြုံရေးဌာနမန်နေဂျာဖြစ်လာပြီးနောက် စီမံရေးစာအုပ်တချို့ဖတ်ခဲ့သည်။

တစ်ခါတလေ စီမံရေးမှာ တစ်ယောက်ကိုစံထားပြီး တစ်ဖက်ကိုအပြစ်ပေး၊သတိပေးချင်တာရှိသလို ဆုပေး၊အားပေးခြင်းများလည်းရှိသည်။

အခုစံအိမ်မှာ တက်တက်ကြွကြွအလုပ်လုပ်နေကြပြီမလား?

ချန်တပေက သူစာဖတ်တာအလကားမဖြစ်ဟုထင်မိသည်။

သေချာပေါက် ဒီအတိုင်းပင်။

ဒါကြောင့်လည်း သူဌေးအတွက်ကြိုးကြိုးစားစားလုပ်ဖို့စိတ်ဆုံးဖြတ်လိုက်သည်။

မဟုတ်ရင် သူဌေးကဘာလို့သူများတွေကိုမပေးဘဲ သူ့ကိုပေးလဲ? ဒါသူ့ကိုအထင်ကြီးလို့ပေါ့။ သူဌေးကိုကောင်းကောင်းပြန်ပေးဆပ်ရမည်။

အပြင်လောကကို ဒီလိုသာသိစေသည်။

ဘာပဲ​ဖြစ်ဖြစ် ဥက္ကာခဲအကြောင်းထုတ်ပြောလို့မှမဖြစ်ဘဲ။

နောက်ပြီး ဒါ ခေါင်းဆောင်ထန်တို့အတွက်လည်းလုံခြုံသည်။

ချင်းလင်အပန်းဖြေစံအိမ်ရုံးခန်း_

ချင်လင်က သူ့ကွန်ပျူတာနှင့် တောင်တန်းဖွံ့ဖြိုးမှုမှတ်တမ်းများကြည့်နေသည်။

တောင်တန်းဖွံ့ဖြိုးမှုတွင် အများအားဖြင့် လမ်းခင်းခြင်း၊ တောင်အတက်နှင့်ကေဘယ်ကားအကြောင်းများဖြစ်သည်။

ဒါတွေကြည့်ရတဲ့အကြောင်းရင်းက ခေါင်းဆောင်ထန်တို့ဒုတိယဥက္ကာခဲရှာတွေ့ပြီးပြန်သွားမယ့်အချိန်ကိုစောင့်ချင်သောကြောင့်ပင်။ တောင်ကိုကန်ထရိုက်ဆွဲပြီးဖွံ့ဖြိုးအောင်လုပ်နိုင်သည်။

ဒီပရောဂျက်မှာစနစ်အရည်အသွေးမရှိ၍ နာမည်မကြီးနိုင်သော်လည်း စံအိမ်ခရီးသည်များကြောင့် အရှုံးမရှိနိုင်။

ချင်းလင်စံအိမ်က တောင်တက်၊လမ်းခင်း၊ကေဘယ်ကားနှင့်ရှုခင်းကြည့်ပရောဂျက်တချို့ထပ်ဖြည့်နိုင်သည်။

ကေဘယ်ကားနှင့် စံအိမ်၊အပန်းဖြေစံအိမ်၊ရွက်လွှင့်ပရောဂျက်တစ်ခုလုံးကို ခပ်လှမ်းလှမ်းမှကြည့်နိုင်သည်။ အလွန်ကြည့်ကောင်းသောရှုခင်းပင်။

အထူးသဖြင့် တောင်ကမြင့်သောကြောင့် နေထွက်ရှုခင်းကြည့်သောပရောဂျက်လုပ်နိုင်သည်။ တောင်ထိပ်ပေါ်တွင် ပန်းအိမ်စိုက်နိုင်သည်။

ဒါ စိတ်ကူးကောင်းပင်။

ပန်းအိမ်ထဲမှာနေရင် ပန်းရနံ​နှင့်ပိုးမွှားသေစေသောအရည်အသွေး +၂ ရမည်။ ညပိုင်း ခြင်၊အင်းဆက်များ အနားမကပ်နိုင်။ လန်းဆန်းစေခြင်း +၂ အာနိသင်လည်းရှိသောကြောင့် လန်းလန်းဆန်းဆန်းနှင့်နေကြည့်နိုင်သည်။

ချင်လင်အချက်အလက်များကြည့်နေစဉ် ကြက်တူရွေးရှောင်ဝူပျံပြီးဝင်လာသည်။ ကွန်ပျူတာထိပ်တွင်နားပြီးနောက် ကျားကသမင်ကိုကြည့်သောမျက်လုံးများနှင့် သူ့ကိုကြည့်ကာ_

"သခင်.. အလုပ်လုပ်တဲ့အခါ ရိုးသားဖို့လိုပါတယ်... ကိုယ့်သိက္ခာကိုယ်မငဲ့ရင် နာမည်ပျက်လိမ့်မယ်''

ချင်လင်က ကြက်တူရွေးကိုစိုက်ကြည့်လိုက်သည်။

ဘယ်သူကဆူရမှာလဲ?

"ရိုးသားမှုက အရေးအကြီးဆုံးပဲ!''

သို့ရာတွင် ရှောင်ဝူက အချစ်အတွက်ဘာမှမမြင်သောအရူးပုံမျိုးနှင့်ခေါင်းမာစွာပြောလိုက်သည်။

ချင်လင်မှာမတတ်သာဘဲ ကွန်ပျူတာ Tiktok တွင် ချင်းလင်စံအိမ်တရားဝင်အကောင့်မှလျှောက်လွှာသီးသန့်စာမျက်နှာထဲဝင်လိုက်သည်။

လွန်ခဲ့သောရက်ပိုင်းအတွင်း ဒီဇိုင်နာအတော်များများက ဒီဇိုင်းများတင်ကြပြီး ချင်းလင်စံအိမ်ပရိသတ်များကလည်းမဲပေးကြသည်။

ပရိသတ်များလှည့်စားမရအောင် ID ကတ်နှင့်တစ်ကြိမ်သာမဲပေးနိုင်သည်။

လက်ရှိထိပ်ဆုံးရောက်နေသောဒီဇိုင်းများက ပရိသတ်အကြိုက်များသောဒီဇိုင်းများဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ပရိသတ်များလည်းမဲပေးပြီး ကံစမ်းမဲနှိုက်ကာ ပန်းအိမ်မျိုးစေ့ရနိုင်သောကြောင့်ပင်။ ထို့ကြောင့် သေချာကြည့်ပြီးမဲပေးကြသည်။

ချင်လင်က ထိပ်ဆုံးဒီဇိုင်းများကိုစာရွက်ရာချီတန်းထုတ်လိုက်သည်။

"သခင်.. ရိုးသားမှုက အရေးအကြီးဆုံးပဲ!''

ကြက်တူရွေးရှောင်ဝူက ကွန်ပျူတာပေါ်ခုန်တက်ပြီးထပ်အော်ပြန်သည်။

ချင်လင်ကဂရုမစိုက်။

ဒီဒီဇိုင်းတွေက ရွှေရောင်ကြက်တူရွေးနဲ့လဲဖို့ပဲမလား?

မိတ္တူဒီဇိုင်းများယူပြီး သူ့စိတ်ထဲမှဂိမ်းကိုကြည့်ကာ ဂိမ်းဇာတ်ကောင်အား နတ်ဘုရားမတောင်တက်လမ်းဆီသွားစေသည်။

လူပုလေးတောင်ကြားသွားဖို့အဆင်အပြေဆုံးနေရာပင်။

ထို့နောက် ရုံးခန်းတံခါးပိတ်ပြီး အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။

ချင်လင်ရုတ်တရက်ပျောက်သွားသောကြောင့် ကွန်ပျူတာပေါ်မှကြက်တူရွေးရှောင်ဝူက အပျော်လွန်ပြီးခုန်လိုက်သည်။

သခင်ဘယ်ရောက်သွားလဲ သူသိသည်။

ချင်လင်ကဂိမ်းထဲဝင်ပြီး သူမှတ်ထားသောတောလမ်းအတိုင်း လူပုလေးတောင်ကြားသွားလိုက်သည်။

လူပုလေးတောင်ကြားက တောင်တက်လမ်းမြောက်ဘက်တွင်ရှိသည်။ ခဏအကြာ ချင်လင်ကသူရောက်ဖူးသောလူပုလေးတောင်ကြားကိုတွေ့သည်။

ဒီတစ်ခါ လူပုလေးအများကြီးရှိနေသည်။

လူပုလေးများကလည်း သူ့ကိုတအံ့တဩကြည့်ကြသည်။

"ဟိုလူပဲ''

"ကြည့်ရတာ ငါတို့လူပုလေးတောင်ကြားကို သူပဲဝင်နိုင်တယ်ထင်တယ်''

"အင်း.. တခြားလူတွေမဝင်နိုင်ဘူး... သူပဲဖြစ်မယ်!''

“……”

လူပုလေးများစိုက်ကြည့်နေသောကြောင့် ချင်လင်မနေတတ်မထိုင်တတ်ဖြစ်လာသည်။ သူကပြုံးပြပြီး အာနီအိမ်ကိုသာတန်းလျှောက်သွားလိုက်သည်။

အာနီပန်းအိမ်ရောက်ရောက်ချင်း အာနီထွက်လာသည်ကိုတွေ့ရသည်။

အာနီကချင်လင်ကိုမြင်လျှင် အံ့ဩသွားပုံနှင့် ချက်ချင်းပန်းအိမ်ထဲပြေးဝင်ပြီး တံခါးပိတ်လိုက်သည်။

ထို့ကြောင့် ပန်းအိမ်ကိုလျှောက်လာသောချင်လင်မှာ တခဏကြောင်သွားသည်။

ဘာလဲ?

တံခါးပိတ်လိုက်တာ?

ချင်လင်ကရှေ့တိုးပြီးတံခါးခေါက်မည်အပြုတွင် အာနီအသံကိုကြားရသည်_

"အင်း.. ငါရှုံးမှတော့ ပြန်မယူဘူးနော်... ငါကအဲလိုပဲ... ဒါပေမဲ့တွေဘာတွေမရှိဘူး''

သော*က်!

ချင်လင်ကနားထောင်ရင်း ဆဲချင်စိတ်ပေါက်သွားသည်။ ဒီကောင်ကသူ့ကိုဝယ်သူလိုသဘောထားပြီး ပစ္စည်းပြန်ပေးမှာကြောက်နေတာပဲ။

"ပစ္စည်းပြန်ပေးဖို့မဟုတ်ဘူး... လာကစားတာပါ''

ချင်လင်က မတတ်သာပုံနှင့်ပြောလိုက်သည်။

"အိုး.. စိတ်အေးသွားပြီ!''

အာနီကတံခါးဖွင့်ပြီး ချင်လင်ကိုကြည့်ကာစူးစမ်းသည်_

"ဘာလို့ထပ်ရောက်လာတာလဲ?''

ချင်လင်ကလူပုလေးနှင့်အချိန်မဖြုန်းချင်သောကြောင့် လိုရင်းတန်းပြောလိုက်သည်_

"အာနီ... ခင်ဗျားမှာ အစ်ကိုရှိတယ်ဆို!''

"အင်း... ဘာဖြစ်လို့လဲ?''

အာနီကမေးသည်။

"ခင်ဗျားအစ်ကိုနဲ့မိတ်ဆက်ပေးပါလား''

ချင်လင်ကပြုံးပြုံးနှင့်_

"မိတ်ဆွေဖြစ်ချင်လို့''

အာနီက သတိထားပြီး_

"အစ်ကိုက ပန်းအိမ်စိုက်ပြီးခါစ... အခုပြင်ရင်းဆင်ရင်းမလို့ အရမ်းအလုပ်ရှုပ်နေတာ!''

ချင်လင်ကနားထောင်ရင်း မျက်လုံးအရောင်တောက်သွားပြီး_

"ဟုတ်ပြီ! သူ့ဆီလိုက်ပို့... ကျွန်တော့်မှာပန်းအိမ်ဒီဇိုင်းရှိတယ်... သူလိုရင်လိုမှာ''

"တကယ်လား?''

အာနီက ချင်လင်ကိုလူပုလေးတောင်ကြားတစ်နေရာလိုက်ပို့သည်။

မကြာမီ ပန်းအိမ်အသစ်တစ်ပင်ရှေ့တွင် ခန်းဆီးကာပြီးတံခါးအလှဆင်နေသောလူပုလေးနောက်တစ်ယောက်ကိုတွေ့သည်။

သို့ရာတွင် ခန်းဆီးချိတ်ကသူ့ထက်ပိုမြင့်နေ၍ လှမ်းမချိတ်နိုင်။

လူပုလေးအာနီက ချက်ချင်းပြေးသွားပြီးနှုတ်ဆက်သည်_

"ဟိုင်း.. ငါ့အစ်ကိုအားပေါင်... ငါလာပြီ''

လူပုလေးအားပေါင်ကလှည့်ကြည့်ပြီး အာနီကိုမြင်လျှင် အံ့ဩသွားကာ_

"အာနီ... မင်းရောက်လာတာအတော်ပဲ... ငါ့ကိုကူပေးစမ်းပါ''

ထို့နောက် ချင်လင်ကိုမြင်ပြီး အံ့ဩသံနှင့်မေးသည်_

"အာနီ... ဟိုလူလား?''

အာနီကခေါင်းညိမ့်ပြီး_

"ဟုတ်တယ် ဟိုလူ... ရှောင်ဟုန် ရှောင်လုတို့ကိုခေါ်သွားတဲ့လူ... မင်းလိုနေတဲ့ပန်းအိမ်ဒီဇိုင်း သူ့မှာရှိတယ်တဲ့''

အားပေါင်ကရှေ့တိုး၍ ချင်လင်ကိုခဏစိုက်ကြည့်ပြီး မရဲတရဲနှင့်_

"လူသား? တကယ်ပြောနေတာလား?''

အာနီစကားကြောင့် ချင်လင်ကချက်ချင်းရေလိုက်ငါးလိုက်ပြောသည်_

"အင်း... ကျွန်တော့်မှာဒီဇိုင်းတွေအများကြီးပဲ''

သူကပြောပြောဆိုဆို သူမိတ္တူဆွဲလာသောပန်းအိမ်ဒီဇိုင်းတထပ်ကြီးထုတ်ပြသည်။

လူပုလေးပန်းအိမ်ဒီဇိုင်းကအဆင့်နိမ့်သောကြောင့် အပြင်ဒီဇိုင်နာများတင်သွင်းသောဒီဇိုင်းကိုမယှဉ်နိုင်။

ထို့ကြောင့် လူပုလေးအားပေါင်က သူ့လက်ထဲမှပထမတစ်ခုကိုမြင်မြင်ချင်းစိတ်ဝင်စားသွားသည်။

"လှလိုက်တာ!''

အားပေါင်ကအံ့ဩသံနှင့်ပြောသည်။

အာနီတောင် တစ်ချက်လှမ်းကြည့်ပြီးစိတ်ဝင်စားသွားသည်။

လူပုလေးများမတုံ့ပြန်သေးခင် ချင်လင်ကပထမဒီဇိုင်းကိုဆွဲယူပြီး ဒုတိယဒီဇိုင်းကိုပြသည်။

ဒုတိယဒီဇိုင်းကိုလည်း လူပုလေးနှစ်ယောက်စိတ်ဝင်စားသွားသည်။

ထို့နောက် တတိယ၊ စတုတ္ထ၊ ပဉ္စမ...

လူပုလေးနှစ်ယောက်မျက်စိထဲတွင် ဒီဇိုင်းတိုင်းကလှနေပြီး စိတ်ဝင်စားနေကြသည်။

လူပုလေးအားပေါင်က သူ့ပန်းအိမ်တံခါးပေါက်ကိုတောင်ကြည့်လိုက်သည်။ သူ့ပြတင်းပေါက်ကိုဒီဇိုင်းဖော်ထားသော်လည်း ဒီဇိုင်းကရိုးရှင်းလွန်းနေသောကြောင့် အမှတ်တမဲ့ခန်းဆီးနှင့်ကာပစ်လိုက်သည်။

အာနီက ချင်လင်၏ဒီဇိုင်းများကိုကြည့်ပြီးစိတ်လှုပ်ရှားသွားကာ_

"အဲဒီဒီဇိုင်းလေးတွေပေးလို့ရမလား?''

အားပေါင်ကလည်း မျှော်လင့်ချက်နှင့်လှမ်းကြည့်သည်။

သူပြီးခါစပန်းအိမ်ကို အဲဒီဒီဇိုင်းတစ်ခုလောက်သုံးရရင် အံ့ဩစရာဖြစ်သွားမည်။

ချင်လင်က လူပုလေးများရှေ့တွင်ဒီဇိုင်းကိုသိမ်းလိုက်ပြီး အသံငြိမ်ငြိမ်နှင့်_

"တကယ်တော့ ကျွန်တော်က ဒီဇိုင်းကုမ္ပဏီပိုင်တာ... ဒီဒီဇိုင်းတွေက ကျွန်တော့်ဒီဇိုင်နာတွေကြိုးကြိုးစားစားဆွဲထားတဲ့ရလဒ်ပဲ''

"သူတို့ကြိုးစားထားတာကိုအလကားမပေးနိုင်ဘူး... ဒီဇိုင်နာတွေအတွက်ရောင်းပေးရမှာ... ပစ္စည်းချင်းလဲလို့လည်းရတာပေါ့... ဥပမာ ကြက်တူရွေးဆိုရင် ကျွန်တော့်ဒီဇိုင်းနဲ့လဲပေးနိုင်တယ်''

"ကြက်တူရွေး?''

သူ့စကားကြောင့် အာနီမျက်နှာငယ်သွားသည်။

သူ့မှာအရင်ကကြက်တူရွေးရှိသော်လည်း ဒီလူကိုပေးတာစောသွားပြီ။ အခုကြက်တူရွေးက သူများအပိုင်ဖြစ်နေပြီ။

ရုတ်တရက်ကြီး သူနောင်တရလာသည်။

သူသာအလောတကြီးမပေးပစ်ရင် အစားကြီးတဲ့ကြက်တူရွေးနဲ့ ဒီဇိုင်းကိုလဲနိုင်သည်။

အာနီကတွေးရင်း ဖနောင့်နဲ့ပေါက်ချင်စိတ်ဖြစ်လာ၏။

ထို့နောက် အားပေါင်ကိုကြည့်ပြီး လောလောနှင့်_

"ဟေး.. အစ်ကို.. မင်းမှာကြက်တူရွေးရှိတယ်မလား? သူ့ကိုပြလိုက်... သူသဘောကျရင် ဒီဇိုင်းနဲ့လဲလို့ရတယ်''

အာနီက ချင်လင်ကိုပြောဖြစ်အောင်ပြောသေးသည်_

"အစ်ကို့မှာရွှေရောင်ကြက်တူရွေးရှိတယ်... ဉာဏ်သိပ်မကောင်းပေမဲ့ အရမ်းလှတာ... အဲဒါနဲ့ .. အမ်.. မင်းရဲ့ဒီဇိုင်းနှစ်ခုနဲ့လဲလို့ရတယ်''

သူ့စကားကြောင့် အားပေါင်ကစိတ်ပူသွားပြီး_

"မရဘူး... ငါသူ့ကိုပိုးမွေးသလိုအကြာကြီးမွေးလာရတာ... သံယောဇဉ်လည်းရှိနေပြီ... နောက်ထပ်နှစ်ခုလိုတယ်!''

All Chapters