ကြက်တူရွေးလည်း မနိုင်!
Vol. 71 Ch. 1061
"ကောင်းပြီ!''
ချင်လင်က ချက်ချင်းသဘောတူလိုက်သည်။
နောက်ထပ်ဒီဇီုင်းနှစ်ခုနဲ့မှ ၄ ခုတည်း။
သူကဖြင့် ရွှေရောင်ကြက်တူရွေးနဲ့လဲဖို့ ဒီဇိုင်း ၁၀၀ ကျော်တောင်ပြင်လာတာ။
ကြည့်ရတာ ဒီဒီဇိုင်းတွေရဲ့လူပုလေးနှစ်ယောက်အပေါ်ဆွဲဆောင်နိုင်စွမ်းကိုသူလျှော့တွက်မိပြီ။
ဒါကြောင့် တစ်ခါတလေ အရမ်းမပြင်သင့်။ သူများကိုဦးစားပေးမှ တန်ဖိုးကကိုယ်ထင်တာထက်အများကြီးနည်းနေမည်။
၄ နဲ့ ၁၀၀၊ ဘယ်လောက်ကွာလိုက်လဲ?
ချင်လင်ကပန်းအိမ်ဒီဇိုင်း ၄ ခုကျပန်းရွေးပြီး လူပုလေးအားပေါင်ကိုပေးလိုက်သည်။
ထို့ကြောင့် အာနီက သူ့အစ်ကိုအားပေါင်အိမ်ထဲတန်းဝင်ပြီး ကြက်တူရွေးတစ်ကောင်ထုတ်လာသည်။
သူ့ကြက်တူရွေးမဟုတ်၍ ဘာမှမခံစားရ။
ချင်လင်လည်း ကြက်တူရွေးကိုမြင်သည်။
ကြက်တူရွေးကဆွဲထုတ်ခံရ၍ကြောင်တောင်တောင်ဖြစ်နေပြီး စိုးရိမ်တကြီးနှင့်အော်သည်_
"လူဆိုး လူဆိုး.. ခင်ဗျားလူဆိုး.. ငါ့ကိုလွှတ်!''
ရှောင်ဝူနဲ့စာရင် ဒီကြက်တူရွေးက သိပ်ဉာဏ်ကောင်းပုံမပေါ်၊ သူ့အပြောအဆိုက ရှောင်ဝူလိုအဆင်ချောမနေ။
သို့သော် အရမ်းလှသည်။ မြင်မြင်ချင်းမွေးချင်လောက်အောင်လှသောအလှမျိုးပင်။
ဒါကြောင့်လည်း ရှောင်ဝူအရူးအမူးဖြစ်နေတာကိုး။
အသွေးအမွေးလှ၊အလုံးအထည်လှပြီး ကြည့်ကောင်းရင် ဉာဏ်မကောင်းလည်းကိစ္စမရှိ။ လှည့်စားရပိုလွယ်သည်။
အာနီကကြက်တူရွေးနှင့်ထွက်လာပြီး ချင်လင်ကိုလက်ညိုးထိုးပြကာ_
"ရှေ့လျှောက် သူကမင်းရဲ့သခင်အသစ်ပဲ... သူ့မှာစားကောင်းတာတွေအများကြီးရှိတယ်... စားလို့ကိုမကုန်နိုင်ဘူး''
"စားလို့တောင်မကုန်ဘူးလား?''
ကြက်တူရွေးကမေးသည်။
သို့ရာတွင် ချင်လင်ကိုကြည့်လိုက် လူပုလေးအားပေါင်ကိုကြည့်လိုက်နှင့် ဘာရွေးရမှန်းမသိဖြစ်နေသည်။ ရှောင်ဝူထက်ပိုသိတတ်သည်။
ထို့ကြောင့် လူပုလေးအာနီကချက်ချင်းလှောင်အိမ်လေးထုတ်ပြီး အာနီကိုအချက်ပြသည်။
အာနီက ချက်ချင်းသဘောပေါက်ပြီး ရွှေရောင်ကြက်တူရွေးကိုလှောင်အိမ်ထဲထည့်လိုက်၏။ ထို့နောက် ချင်လင်ကိုလှောင်အိမ်ပေးလိုက်သည်။
လူပုလေးအားပေါင်က အင်တင်တင်နှင့်_
"ရတနာလေး... ငါ့ကိုအပြစ်မတင်ပါနဲ့... ဒီဇိုင်းနှစ်ခုပဲဆိုရင် မင်းနဲ့လုံးဝမလဲပါဘူး... မင်းကငါ့ရဲ့အကောင်းဆုံးအဖော်လေ... ဒါပေမဲ့ သူက ၄ ခုပေးတာ''
ချင်လင်ကပြုံးပြုံးနှင့် အာနီလက်ထဲမှလှောင်အိမ်ကိုယူလိုက်သည်။
ဒီတစ်ခါ ရှောင်ဝူပြောတဲ့လှောင်အိမ်ပါရလိုက်ပြီ။
တခါတည်း စနစ်အသိပေးစာလည်းရသည်။
(ဂုဏ်ယူပါတယ်... ရွှေရောင်ကြက်တူရွေးရလိုက်ပါပြီ!)
သူလည်းလှောင်အိမ်ကိုင်ပြီး ကြက်တူရွေး၏မှတ်ချက်ကိုဖတ်လိုက်သည်:
(နတ်ဘုရားမတောင်မှအထူးရွှေရောင်ကြက်တူရွေး: အိမ်မွေး - ရတနာလေး)
(အလွန်ထူးဆန်းသောရွှေရောင်ကြက်တူရွေးဖြစ်သည်။ အသိဉာဏ်က သာမန်ကြက်တူရွေးများထက်ပိုမြင့်သည်။
အဆင်း +၂၊ အလှ +၂၊ လူစကားတတ်ခြင်း +၁!)
(ဤအိမ်မွေးတိရစ္ဆာန်နှင့်ချည်နိုင်ပါသည်။ ချည်ချင်ပါသလား?)
ချင်လင်က ချည်မည်ကိုရွေးလိုက်သည်။
ရှောင်ဝူရဲ့မှတ်ချက်နဲ့ ရှောင်ပေါင်ရဲ့မှတ်ချက် အရေအတွက်အတူတူပင်။
သို့သော် ကွာခြားချက်ကြီးသည်။ နောက်ပြီး ရှောင်ပေါင်ရဲ့လူစကားတတ်ခြင်းက +၁ သာရှိ၍ ရှောင်ဝူရဲ့လူစကားတတ်ခြင်း +၂ ထက်နိမ့်သည်။
ရွှေရောင်ကြက်တူရွေးရှောင်ပေါင်က ရွေးစရာမရှိမှန်းသိပုံရသည်။ လှောင်အိမ်ထဲခုန်ဆွပြီး ချင်လင်ကိုအော်ဖြစ်အောင်အော်သေးသည်_
"စားလို့မကုန်ဘူးမလား?''
"အင်း.. စားမကုန်ဘူး''
ချင်လင်ကပြုံးပြုံးနှင့်ပြောသည်။
ရှောင်ပေါင်ဉာဏ်မကောင်းရင်တောင် ရှောင်ဝူကဒီကောင်ကိုသဘောကျနေတာမလား?
ဒီတော့ ဒီကောင်သူ့နောက်လိုက်လာရင် စားမကုန်ရုံတင်မက၊ မိန်းမလည်းရဦးမည်။
အားပေါင်ကမူ ဒီဇိုင်း ၄ ခုနှင့်ပန်းအိမ်ထဲဝင်သွားလေပြီ။
အာနီက ကပ်လိုက်လာ၏။
မကြာမီ လူပုလေးနှစ်ယောက် အားတက်သရောဆွေးနွေးသံကိုကြားရသည်။
"ဒီဇိုင်းကအရမ်းလှတာပဲ''
"ဒီတစ်ခုလည်းမဆိုးဘူး... အပြင်အဆင်ပိုလှတယ်''
"ငါ့ကိုဒါပေး''
"ငါ့ကြက်တူရွေးနဲ့လဲထားတာ... ငါ့အိမ်အရင်ကူပြင်ပေး... ပြီးမှမင်းကိုပေးမယ်!''
“……”
လူပုလေးနှစ်ယောက်က သူ့ကိုအာရုံမရှိတော့မှန်း ချင်လင်သတိထားမိပြီး သူ့လက်ထဲမှကျန်သောဒီဇိုင်းများကိုကြည့်လိုက်သည်။ လူပုလေးတောင်ကြားမှာ ဒီဇိုင်းရောင်းတဲ့လုပ်ငန်းစလိုက်ရမလား?
ဒီကပစ္စည်းကောင်းတွေနဲ့ လဲချင်လဲရနိုင်သည်။
ချင်လင်စဉ်းစားလေလေ ဒီအကြံကောင်းသည်ဟုထင်လေလေပင်။
ဒါပေမဲ့ အခုတော့ ရွှေရောင်ကြက်တူရွေးရတနာလေးကိုပိုက်ပြီး လူပုလေးတောင်ကြားကပြန်တော့မည်။
လောလောဆယ် ရှောင်ဝူကို ဒီရွှေရောင်ကြက်တူရွေးအရင်ပေးရဦးမည်။
သူကတောင်တက်လမ်းဘက်ပြန်လာပြီး အတွေးနှင့်ဂိမ်းထဲမှထွက်ကာ ရုံးခန်းထဲပြန်ရောက်လာသည်။
ရွှေရောင်ကြက်တူရွေးနှင့်အတူပေါ်လာလာချင်း တောင်ပံတဖျတ်ဖျတ်ခတ်သံနှင့်အော်သံကြားရသည်_
"သခင့်ကိုချစ်တယ်!''
ဟိုကောင်ရှောင်ဝူက ခုန်ပေါက်နေသည်။
သူကလှောင်အိမ်ကိုင်ပြီး ရွှေရောင်ကြက်တူရွေးကိုစိုက်ကြည့်နေ၏။
"မင်းပဲ! မင်းပဲ!''
ရှောင်ပေါင်က 'ကျားမ' မြင်သလိုအလန့်တကြားအော်သည်။
"သခင်.. လှောင်အိမ်မြန်မြန်ဖွင့်... ကျွန်မကိုကတိပေးထားတယ်နော်''
"ဟင့်အင်း.. မဖွင့်နဲ့.. မဖွင့်နဲ့!''
ရွှေရောင်ကြက်တူရွေးရှောင်ပေါင်ကလည်း စိုးရိမ်တကြီးနှင့်ချင်လင်ကိုအော်သည်။
တဖက်တွင် ချင်လင်ကမကြားဟန်ဆောင်ပြီး လှောင်အိမ်ကိုအသာလေးဖွင့်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ရိုးသားတဲ့သူတွေက ကတိတည်ရတာပဲ။
ပြီးတော့ မိန်းမရတာဘာဖြစ်လို့လဲ?
အခုခေတ်မှာ ယောက်ျားအတော်များများက နိုင်ငံတော်ကမိန်းမပေးစားမယ့်နေ့ကိုစိတ်ကူးယဉ်နေကြတာပဲ။
ရှောင်ဝူ လှောင်အိမ်ထဲဝင်ပြီးနောက် ချင်လင်ကလှောင်အိမ်အသာလေးပိတ်ပြီး ရုံးခန်းထဲမှတိတ်တိတ်လေးထွက်သွားလေသည်။
ကျန်တာဘာဆက်ဖြစ်မလဲ တွေးသာကြည့်။
သူမျက်စိမရှက်ချင်၊ တတိယဘီးမဖြစ်ချင်။
"မသွားနဲ့! မသွားနဲ့!''
ရှောင်ပေါင် အလောတကြီးအော်သံထပ်ကြားရပြီးနောက် ကြောက်ကြောက်လန့်လန့်အသံနှင့်_
"သွားစမ်း သွားစမ်း.. ဝေးဝေးသွား''