← Chapters

လယ်ယာသုံးသတ္တုကိရိယာ!

Vol. 71 Ch. 1064

လယ်ယာသုံးသတ္တုကိရိယာ!

Vol. 71 Ch. 1064

ချင်လင်ကသူ့စိတ်ထဲမှဖန်သားပြင်တွင်လှုပ်ရှားမှုတွေ့ပြီး ချက်ချင်းသူ့ဂိမ်းဇာတ်ကောင်အား စိုက်ပျိုးရေးခြံအပေါက်ဝမှလူပုလေးအာနီဆီသွားစေသည်။

ဒီတစ်ခါ စကားပြောကထူးဆန်းသည်။

(လူပုလေးက သင်နှင့်ပစ္စည်းချင်းလဲချင်ပုံရသည်!)

ထိုမှတ်ချက်ကြောင့် လူပုလေးအာနီအပေါ်တန်းနှိပ်လိုက်သော်လည်း တုံ့ပြန်မှုမရှိ။

ဇာတ်ကွက်တာဝန်ကနှိပ်လိုက်ရင် စကားပြောပေါ်လာသည်။

သူထပ်ခါတလဲလဲနှိပ်သော်လည်း စကားပြောပေါ်မလာ။

“???”

ချင်လင်မျက်မှောင်ကြုတ်လိုက်သည်။

ဂိမ်းဇာတ်ကွက်တာဝန် ဟုတ်ဟန်မတူ။ ကြည့်ရတာ BUG ရှိ၍စကားပြောမထွက်နိုင်။

တနည်းပြောရရင် ဒီတစ်ခါလူပုလေးအာနီပုံစံက ဂိမ်းနှင့်မဆိုင်သလိုပင်။

ချင်လင်ကတစ်ခုခုတွေးမိသည်။ ကျောက်မိုချင်းတို့အချက်အလက်များဖတ်နေသည်ကိုအနှောင့်အယှက်မပေးဘဲ သူ့ရုံးခန်းထဲတန်းပြန်လာသည်။

ရုံးခန်းတံခါးလော့ချပြီးနောက် အတွေးနှင့်ဂိမ်းထဲဝင်လိုက်၏။

သူဂိမ်းထဲဝင်လိုက်သည်နှင့် အနီရောင်လူပုလေးတစ်ယောက်ပြေးလာသည်ကိုတွေ့ရသည်။ လူပုလေး ၇ ယောက်ထဲမှအနီရောင်ပင်။

"သူဌေး... အာနီလာရှာပါတယ်''

အနီလေးက သူ့ဆီရောက်လာသည်။

“သိပြီ''

ချင်လင်ခေါင်းညိမ့်လိုက်သည်။

သူ့ဂိမ်းဇာတ်ကောင်အား ခပ်လှမ်းလှမ်းမှလူပုလေးများနှင့်စကားပြောနေသောအာနီဆီသွားပြီး နှိပ်ကြည့်စေသည်။

ဒါဂိမ်းနဲ့တူပုံမရ။

ဒီတစ်ခါ လူပုလေးအာနီပုံစံကထူးခြားနေသည်။

ဂိမ်းဖန်သားပြင်ကိုကြည့်တုန်းက လူပုလေးအာနီပေါ်လာသော်လည်း ဘယ်လူပုလေးမှစကားလာမပြောကြ။

လူပုလေး ၇ ယောက်က ဂိမ်းထဲမှာချင်လင်ပေးထားသောတာဝန်များကိုအပြီးသတ်နေကြသည်။

ထို့ကြောင့် စိုက်ပျိုးရေးခြံပေါက်မှာလူပုလေးအာနီပေါ်လာတုန်းက လူပုလေး ၇ ယောက်မရှိပေ။

သို့သော် သူဝင်လာပြီးနောက် လူပုလေးများက အာနီနှင့်ရှေးဟောင်းနှောင်းဖြစ်များပြောနေကြသည်။

ဒါကလည်း ပုံမှန်အခြေအနေပင်။ ဘာပဲဖြစ်ဖြစ် အသိအကျွမ်းဟောင်းတွေက သေချာပေါက်ထွက်လာပြီး အရင်အကြောင်းတွေပြောကြမည်။

ချင်လင်က လူပုလေးအာနီဆီလျှောက်လာသည်။

"ပြန်ဆုံပြီနော်''

အာနီက စိတ်လှုပ်ရှားသံနှင့်_

"ငါမင်းနဲ့ဆွေးနွေးစရာရှိတယ်... ရလား?''

"ပြောပါ... ဘာလိုချင်လဲ?''

ချင်လင်က ပြုံးပြုံးနှင့်မေးသည်။

"မင်းမှာ ပန်းအိမ်ဒီဇိုင်းတွေအများကြီးရှိတယ်ဆိုတော့''

အာနီက လောလောနှင့်_

"ငါတို့အတူတူအလုပ်လုပ်ရင်ရော? ငါမင်းနဲ့ပန်းအိမ်ဒီဇိုင်းအလဲအလှယ်လုပ်ပြီး တခြားလူပုလေးတွေကိုရောင်းလို့ရတယ်''

ချင်လင်ကနားထောင်ရင်း ရယ်လိုက်သည်။

သူဒီလိုတွေးမိပေမဲ့ အာနီဒီလောက်ဉာဏ်ပြေးမယ်လို့ဘယ်ထင်မလဲ? တကယ်သူ့အိမ်ရောက်လာပြီး ပူးပေါင်းဖို့ပြောသည်။ ထို့ကြောင့် အာနီကိုပြုံးတုံ့တုံ့ကြည့်လိုက်၏။

ဒီလူက ဉာဏ်ကောင်းလိုက်တာ။ ဂိမ်းမှာဒီလူကိုယ်တိုင်လက်လွှဲယူထားတဲ့ဇာတ်ကွက်တချို့လည်းရှိသည်။ ယှဉ်ပြိုင်ရင်း သူ့ကိုတောင်လှည့်စားပြီး တမင်သက်သက်အရှုံးပေးသေးသည်။

ဒီလိုလူနဲ့စီးပွားလုပ်ရင် သတိထားရမည်။ မဟုတ်ရင် လှည့်စားခံရနိုင်သည်။

ချင်လင်စိုက်ကြည့်နေသောကြောင့် ချင်လင်ရဲ့လုပ်ငန်းကိုသူလွှဲယူဖို့တောင်းဆိုသလိုဖြစ်နေလားဟူ၍ အာနီကမလုံမလဲဖြစ်သွားသည်။ သူကချက်ချင်းပင်_

"တကယ်ပါ... ငါ့မှာသတ္တုစရှိတယ်... လူပုလေးတောင်ကြားကပန်းပဲဖိုမှာ လယ်ယာသုံးကိရိယာနှစ်ခုလုပ်ပေးလို့ရတယ်''

"လယ်ယာသုံးကိရိယာ!''

ချင်လင်မျက်စိကျယ်သွားသည်။

စိုက်ပျိုးရေးခြံပုံပြင်တွင် ငါးမျှားတံကိုအဆင့်မြှင့်နိုင်ရုံသာမက လယ်ယာသုံးကိရိယာကိုလည်းအဆင့်မြှင့်နိုင်သည်။

အဆင့်မြှင့်သောအစဉ်မှာ:

သာမန်၊ အဆင့် ၂ ကြေး၊ အဆင့် ၃ ငွေ၊ အဆင့် ၄ ရွှေ၊ အဆင့် ၅ သတ္တုဒြပ်စင်၊ အဆင့် ၆ ကျိန်စာ၊ အဆင့် ၇ ကောင်းချီး၊ အဆင့် ၈ ပညာ။

ကြေး၊ငွေ၊ရွှေက သာမန်လယ်ယာသုံးကိရိယာများဟုယူဆနိုင်ပြီး အသုံးပြုရင်းအစွမ်းတက်လာသည်။

ငါးမျှားတံကပိုမြန်ပြီး ငါးများများဖမ်းနိုင်သည်။

အရင် တူ ၄ ချက်ပေါက်ရင် ကျောက်တုံးတစ်တုံးကွဲသော်လည်း အခု ၂ ချက်သာပေါက်ရသည်။

ငွေအဆင့်ရောက်လာရင် တမျိုးဖြစ်သွားသည်။

ငွေက တစ်ချက်ပေါက်ရုံနှင့် ပတ်ပတ်လည်မြက်အားလုံးရှင်းနိုင်သည်။

ရွှေကတစ်ချက်ပေါက်ရင် ပတ်ပတ်လည်ကျောက်တုံးအားလုံးရှင်းနိုင်၏။

သတ္တုကမူ ပတ်ဝန်းကျင်ရှိသစ်ပင်များကိုခုတ်နိုင်သည်။

နောက်ဆုံး ပညာအဆင့်ရောက်ရင် ဖန်သားပြင်အပြည့်အာနိသင်ရှိမည်။

တစ်ချက်ပေါက်ပြီး ဖန်သားပြင်တစ်ပြင်လုံးရှင်းသွားမည်။ ကျောက်တုံးအားလုံးကွဲကြေသွားမည်။

စိုက်ပျိုးရေးခြံပုံပြင်က စိတ်ကူးယဉ်ဂိမ်းဖြစ်ရသည့်နောက်ထပ်အကြောင်းရင်းတစ်ခုပင်။

သို့ရာတွင် ကိရိယာကိုအဆင့်မြှင့်ချင်တိုင်းမြှင့်မရ။ ကျိန်စာအဆင့်ရောက်ရင် အထူးဇာတ်ကွက်တာဝန်၊ အထူးအခြေအနေများလိုအပ်သည်။

ကျိန်စာကိရိယာရရင် ခရစ်ယာန်ကျောင်းသွားပြီးဆုတောင်းနိုင်သည်။ အချိန်တစ်ခုကြာလျှင် ကျိန်စာက လယ်ယာသုံးကိရိယာမှာအစွမ်းပြမည်။

ကောင်းချီးကိရိယာကပိုစွမ်းသည်။ အရည်အသွေးမြင့်ပစ္စည်းကောင်းများရအောင်အသုံးချနိုင်သည်။

ကောင်းချီးကိရိယာသုံးလျှင် တူးရင်းဆွရင်း ရှေးဟောင်းအဖိုးတန်အရိုးများတူးဖော်ရနိုင်သည်။ တချို့ပုံစံများထဲတွင် ယဉ်ကျေးမှုပစ္စည်းများတောင်ရနိုင်သည်။

ဒီမတိုင်ခင်က သူ့လယ်ယာသုံးပစ္စည်းမှာ အဆင့်မြှင့်နိုင်ကြောင်းအသိပေးချက်မရဖူးပေ။ အာနီဆီက သတ္တုဒြပ်စင်ကိရိယာရမည်ဟုမထင်မိ။

ပုံမှန်ဂိမ်းအစီအစဉ်ကနေ သွေဖယ်သွားပုံရသည်။

ဂိမ်းထဲတွင် လယ်ယာသုံးပစ္စည်းကတစ်ဆင့်ချင်းအဆင့်တက်ရသည်။

နောက်ပြီး ပန်းအိမ်ဒီဇိုင်းက ဂိမ်းထဲမှာမရှိ။ ဒီအပိုင်းက လုံးဝဂိမ်းဇာတ်ကွက်မဟုတ်ပေ။

"ဘယ်လိုလဲ?''

လူပုလေးအာနီက ချင်လင်ကိုမျှော်လင့်ချက်နှင့်ကြည့်လိုက်သည်။

"အကြံကောင်းပဲ''

ချင်လင်ကပြုံးပြုံးနှင့်ထောက်ခံသည်။

လူပုလေးအာနီက စိတ်လှုပ်ရှားလာပြီး_

"လယ်ယာသုံးသတ္တုကိရိယာ ၂ ခုနဲ့ ဒီဇိုင်း ၁၀ ခုလဲမလား?''

ချင်လင်ကကြည့်ပြီးပြုံးလိုက်သည်။

ဒီလူဉာဏ်မကောင်းဘူးလား? သူ့ရည်ရွယ်ချက်ကိုပြောပြဖို့ အလောတကြီးရောက်လာတာ?

ကြည့်ရတာ ပန်းအိမ်ဒီဇိုင်းက လူပုလေးတွေကြားမှာအတော်ရေပန်းစားနေပုံရသည်။

All Chapters