လယ်ယာသုံးသတ္တုကိရိယာ! ၂
Vol. 71 Ch. 1065
"ရ လား?''
အာနီကထပ်မေးလိုက်သော်လည်း ချင်လင်သူ့ကိုကြည့်သောအခါ အသံနည်းနည်းပျော့သွားသည်။
"ဟုတ်ပါပြီ!''
ချင်လင်ကပြုံးပြီး ဂိမ်းထဲမှထွက်လာသည်။ ထို့နောက် အံဆွဲထဲမှပန်းအိမ်ဒီဇိုင်း ၁၀ ခုထုတ်ပြီး ဂိမ်းထဲဝင်လိုက်၏။
ဒီပန်းအိမ်ဒီဇိုင်းတွေက ကြက်တူရွေးကိုလှည့်စားယူဖို့ထုတ်ထားခြင်းပင်။ အခုလူပုလေးနဲ့အပေးအယူလုပ်ဖို့သုံးရမည်ဟုမထင်မိ။
ချင်လင်က အာနီကိုဒီဇိုင်း ၁၀ ခုပေးလိုက်သည်။
အာနီကဒီဇိုင်းယူပြီး ချင်လင်ကိုကတိပေးလိုက်သည်_
"စိတ်မပူနဲ့... လယ်ယာသုံးသတ္တုကိရိယာတွေ အမြန်ဆုံးယူလာပေးမယ်''
သူကပြောရင်းဆိုရင်း ဒီဇိုင်းများကိုကြည့်ပြီးမျက်လုံးကျယ်သွားသည်။
အနီရောင်လူပုလေးနှင့်တခြားလူပုလေးများလည်းရောက်လာသည်။ သူတို့ကဒီဇိုင်းများမြင်ပြီး စိတ်လှုပ်ရှားသွားသည်။
"ပန်းအိမ်ပဲ... လှလိုက်တာ!''
"ငါ့ပန်းအိမ်ကို ဒီလိုလေးလုပ်ချင်လိုက်တာ!''
"သူဌေး... ကျုပ်ရနိုင်မလား?''
"ဟုတ်တယ် ဟုတ်တယ်... ဒီဇိုင်းကိုလစာအနေနဲ့ပေးပါ!''
“……”
လူပုလေး ၇ ယောက်က ချင်လင်နားဝိုင်းလာပြီး မျှော်လင့်ချက်နှင့်ကြည့်နေကြသည်။ သူမငြင်းနိုင်။ ငြင်းရင် သူဌေးဆိုးဖြစ်ဦးမည်။
ချင်လင်လည်းမတတ်သာဘဲ အတွေးနှင့်ဂိမ်းထဲမှထွက်လိုက်သည်။ ထို့နောက် ပန်းအိမ်ဒီဇိုင်း ၇ ခုယူပြီးဂိမ်းထဲပြန်ဝင်ကာ လူပုလေးများကိုတစ်ခုစီဝေပေးလိုက်သည်။
လူပုလေး ၇ ယောက်ကဒီဇိုင်းရပြီးနောက် မျက်လုံးများအရောင်တောက်သွားကာ သူတို့ပန်းအိမ်ဆီဝမ်းသာအားရပြန်ပြေးကြသည်။
အာနီက လူပုလေး ၇ ယောက်ကိုထူးထူးဆန်းဆန်းအကြည့်နှင့်ကြည့်လိုက်သည်။
"ငါအမြန်ဆုံး လယ်ယာသုံးပစ္စည်းတွေပို့လိုက်မယ်... ငါကကတိတည်တဲ့သူပါ''
အာနီလည်း ထိုသို့ပြောပြီးထွက်သွားသည်။
ထို့ကြောင့် ချင်လင်ကအတွေးနှင့်ဂိမ်းထဲမှထွက်ပြီး သူ့ရုံးခန်းထဲပြန်ရောက်လာသည်။
အာနီရဲ့လယ်ယာသုံးပစ္စည်းတွေကို သူမျှော်နေပြီ။
ချင်လင်ကသူ့ခုံမှာထိုင်ပြီး ဖုန်းယူကာသတင်းဖတ်လိုက်သည်။ အင်တာနက်ပေါ်က ပန်းအိမ်ဒီဇိုင်းအကြောင်း နောက်ဆုံးအခြေအနေကိုသူသိချင်သည်။
မထင်မှတ်ဘဲ ချင်းလင်စံအိမ်နှင့်ပန်းအိမ်ဒီဇိုင်းသတင်းက ဖုံးဖိခံနေရသည်။
တောင်တချို့အကြောင်း ဗီဒီယိုအသစ်များတက်နေသည်။
"ဟုတ်တယ်... ငါတို့အကင်စားတဲ့တောင်''
"ကျားငါးကောင်စစ်သူကြီးတွေအဖမ်းခံရပြီးတော့ မိုးခြိမ်းစစ်ဆင်ရေးကြီးလုပ်ခဲ့တာမလား?''
"အဓိကက အဲဒီမိုးခြိမ်းစစ်ဆင်ရေးပြီးရုံရှိသေး... လူသတ်မှုဖြစ်လာမယ်လို့ဘယ်သူထင်မလဲ... နှစ်ယောက်ဆက်တိုက်အသတ်ခံရတာ''
"ဟင်း.. တချို့က အရမ်းသောင်းကျန်းတယ်ပြောရမယ်''
ထိုကိစ္စကလည်း Tiktok မှာ နာမည်ကြီးခေါင်းစဉ်ဖြစ်လာသည်။
ချင်လင်က ဗီဒီယိုသုံးလေးပုဒ်ဆွဲကြည့်ရာ တစ်ပုဒ်က like ၂ သန်း၊ နှစ်ပုဒ်က ၁ သန်းကျော်စီရထားသည်။
သတင်းများကြည့်ပြီး သက်ပြင်းသာချလိုက်သည်။ သူမမြင်ရတာကို ဘာအထင်အမြင်မှမပေးချင်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စအဝင်အထွက်တွေသူမသိ။
သို့ရာတွင် သတင်းဆက်ကြည့်ချင်စိတ်မရှိတော့။ ဘာပဲဖြစ်ဖြစ် ဒါဆိုးရွားသောကိစ္စပင်။
သူကရုံးခန်းတံခါးဖွင့်ပြီးအပြင်ထွက်လာသည်။ ဧည့်ခန်းထဲပြန်ရောက်သောအခါ စွန်းမင်၊လင်းလန်ဇီနှင့်ကျောက်မိုချင်းတို့က ဆွေးနွေးပြီးကြပြီ။
ချင်လင်ဝင်လာသောကြောင့် စွန်းမင်ကလည်း_
"သူဌေးချင်... ကျွန်တော်အသေးစိတ်ကို ဥက္ကဌကျောက် ဥက္ကဌလင်းတို့နဲ့ဆွေးနွေးပြီးသွားပြီ... တစ်ချက်ကြည့်ဦးမလား?''
"ရပြီ... သူတို့အတည်ပြုပြီးရင် ရပါပြီ''
ချင်လင် ခေါင်းခါလိုက်သည်။
ဒီလိုကိစ္စတွေမှာ သူနေရာတကာလိုက်ပါနေရင် အလုပ်ရှုပ်ပြီးသေမှာမလား?
ကျောက်မိုချင်းနဲ့လင်းလန်ဇီသာ ဒါတွေမလုပ်နိုင်ရင် သူလက်လွတ်ခွက်ချွတ်မန်နေဂျာဖြစ်နေမှာမဟုတ်။
"ကောင်းပါပြီ''
စွန်းမင်ကပြုံးပြုံးနှင့်ပြောသည်_
"အချိန်ကျရင် ကျွန်တော်စီရင်စုကိုတိုက်ရိုက်ဆက်သွယ်လိုက်မယ်''
“အင်း”
ချင်လင်ခေါင်းညိမ့်လိုက်သည်။
ခေါင်းဆောင်ထန်တို့တောင်ပေါ်မရောက်ခင် ဝန်ကြီးလုက အထက်လူများမှတဆင့်စီရင်စုကိုအသိပေးပြီးဖြစ်၍ တစ်ခုခုဖြစ်ခဲ့ရင် စီရင်စုကအချိန်မီဖြေရှင်းပေးရမည်။
စွန်းရှန်နှင့်ချန်လီကအထင်လွဲနေမလားမသိသော်လည်း သူဒီကိစ္စအကြောင်းပြောသောအခါ သူတို့ကချက်ချင်းလူလွှတ်ပြီးစာချုပ်ချုပ်သည်။ ဒီတောင်ကို ချင်းလင်စံအိမ်အတွက်အခမဲ့စာချုပ်ချုပ်ပေးပြီး တောင်တန်းဖွံ့ဖြိုးရေးအတွက် စာချုပ်သက်တမ်းနှစ် ၃၀ ကန့်သတ်ထားသည်။
စွန်းရှန်နှင့်ချန်လီက အမှန်ပင်အထင်လွဲနေသည်။ ဘာပဲဖြစ်ဖြစ် အထက်လူတွေက စီရင်စုကိုတိုက်ရိုက်ဖုန်းဆက်ပြီး ပူးပေါင်းပေးဖို့ပြောလာတယ်မလား။ သူတို့အတွေးများလည်းများချင်စရာ။
သို့ဆိုရင်တောင် သူတို့နှစ်ယောက်က ရှုံးသည်မထင်။
ဘာပဲဖြစ်ဖြစ် တောင်ကဒီအတိုင်း။ လုံးဝအသုံးမဝင်သလိုဖြစ်နေသည်။
ချင်းလင်စံအိမ်နဲ့ပရောဂျက်စာချုပ်ချုပ်ထားရင် ခရီးသည်တွေအပန်းဖြေစရာပရောဂျက်တစ်ခုတိုးမည်။ အလုပ်အကိုင်ပိုများမည်။ စီးပွားရေးအထောက်အပံ့ပိုရမည်။
ဒါ စီရင်စုအတွက်ကောင်းသည်။
စွန်းမင်ထွက်သွားပြီးနောက် လင်းလန်ဇီလည်းထွက်သွားသည်။ ဘာပဲဖြစ်ဖြစ် သူမတာဝန်ခံထားရတာတွေ တပုံကြီးဖြစ်နေပြီ။ အပန်းဖြေစံအိမ်လာပြီးအစီရင်ခံသည်မှလွဲ၍ တချိန်လုံးဒီမှာနေဖို့မဖြစ်နိုင်။
ကျောက်မိုချင်းကလည်း ထုံးစံအတိုင်း ချင်လင်အား_
"ယောက်ျား... ကျွန်မကလေးမွေးပြီးတဲ့အခါ စံအိမ်ကိစ္စတွေ အစ်မလန်ဇီလက်ထဲလွှဲလိုက်ရင်ရော? ဒီအတောအတွင်း ကျွန်မလည်းတချို့ကိစ္စတွေ အစ်မကိုတမင်သက်သက်ပေးကြည့်တယ်... စဉ်းစားကြည့်ရင် အစ်မကစံအိမ်အတွက်အသင့်တော်ဆုံးပဲ''
"အင်း.. မင်းအဆင်ပြေတယ်ထင်ရင်လုပ်ပါ!''
ချင်လင်ခေါင်းညိမ့်လိုက်သည်။ ချင်းလင်စံအိမ်အထွေထွေမန်နေဂျာနေရာက စံအိမ်ကလူကိုပေးတာအကောင်းဆုံးပင်။
ဘာပဲဖြစ်ဖြစ် အတွင်းလူကစံအိမ်အကြောင်းပိုသိပြီး အရမ်းမဲ့လျှောက်လုပ်မှာမဟုတ်။
စီမံဖို့အပြင်ကဆွဲခန့်ရင် ရုတ်တရက်စီမံရေးမှာပြဿနာရှိနိုင်သည်။ သူတို့ကမူလလမ်းကြောင်းအတိုင်းမလိုက်ချင်ဘဲ သူတို့နည်းသူတို့ဟန်နဲ့အာဏာပြရတာကိုသဘောကျတတ်သည်။ ဟိုဟာဒီဟာ ခဏခဏပြောင်းတတ်သည်။
ပြဿနာတက်နေတဲ့ကုမ္ပဏီကို ဆွဲခန့်ထားတဲ့လူကပြောင်းရင် ကိစ္စမရှိ။
အဆင်ပြေပြီးသားလုပ်ငန်းကို ရုတ်တရက်ကြီးအပြောင်းအလဲလုပ်ရင် ဒုက္ခရောက်နိုင်သည်။
ဒီအချက်ကြောင့် ဒေဝါလီခံရသောကုမ္ပဏီများလည်းရှိသည်။