ဆရာက စာကြည့်တိုက်မှာ ရှိနေတာများလား
Vol. 7 Ch. 88
နက်ရှိုင်းသော တလီတောင်တန်းများ။
လရောင်က တိတ်ဆိတ်စွာ ဖြာကျနေပြီး တောင်တန်းများက တိရိစ္ဆာန်များ၏ ကျောကုန်းများအလား လှိုင်းထနေ၏။ ကြယ်သားရဲတွေရဲ့ ဟောက်သံတွေက တစ်ကြိမ်ပြီးတစ်ကြိမ် ပဲ့တင်ထပ်နေသည်။ ထင်းရှူးတောအုပ်အောက်မှာ အဖြူရောင် အရိုးကြီးတွေစုပုံပြီး အင်းဆက်ပိုးမွှားတွေနဲ့ ပုရွက်ဆိတ်တွေ အသိုက်အမြုံဖြစ်နေပြီး လူဆိတ်ညံနေတဲ့မြင်ကွင်းကို ဖန်တီးနေပါသည်။
ချင်းယန်၏ ရုပ်သွင်သည် တောတောင်များနှင့် တောင်တန်းများကို ဖြတ်၍ တစ္ဆေသရဲအလား ရွေ့လျားသွားသည်။ လောကအကွာအဝေး ခြေလှမ်းကို သုံး၍ တလီတောင်အများစုကို လျင်မြန်စွာ ရှာဖွေခဲ့သည်။
"ဒီတောင်တန်းမှာ ဘုရင်အဆင့် ကြယ်သားရဲတွေ အများကြီး ခိုအောင်းနေမယ်လို့တောင် မမျှော်လင့်ထားဘူး"
ချင်းယန် သူ့စိတ်စွမ်းအင်ကို ထုတ်လွှတ်လိုက်ပြီး ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ကာ အနည်းငယ် အံ့အားသင့်သွားသည်။ သူ၏ မကြာသေးမီက ရှာဖွေမှုအတွင်းတွင် တောင်တန်းများအတွင်း နယ်ပယ်အမျိုးမျိုးကို သိမ်းပိုက်ထားသည့် ဘုရင်အဆင့် ကြယ်သားရဲ ၁၀ ကောင်ထက်မနည်း ရှိနေတာ သူ သတိထားမိခဲ့သည်။
တစ်နေ့ ဒီကောင်တွေသာ ထွက်လာရင် ကျန်းဟိုင်မြို့က လူအိုလီ၊ စာကြည့်တိုက်မှူး နှင့် အခြားသော မွေးရာပါနယ်ပယ်က လူအချို့တို့ပင် ခုခံနိုင်စွမ်း မရှိကြလောက်ပေ။
မြို့ကို ဖောက်ဖျက်လာရင် အခြေအနေကလည်း ဆိုးသွားလိမ့်မည်။
အသက်အိုးအိမ် စည်းစိမ် နှင့် လူများ အိုးမဲ့အိမ်မဲ့ ဖြစ်သွားနိုင်သည်။ ဤကဲ့သို့သော အဖြစ်အပျက်များ ဖြစ်ပေါ်လာလျှင်ပင် ဤကမ္ဘာတွင် အဆန်းမဟုတ်ပေ။
သို့သော် ဒါ သူ အခု စဉ်းစားသင့်တဲ့ကိစ္စ မဟုတ်ချေ။ ဒီလို ကြောက်စရာကောင်းတဲ့ သားရဲဒီရေကို ရင်ဆိုင်ရတဲ့အခါ ရဲမှူးဟာ သဘာဝအတိုင်း ကြယ်သားရဲတွေကို တွန်းလှန်ဖို့ နည်းလမ်းတွေကို ပြင်ဆင်ထားပါလိမ့်မည်။
ဒါကိုတွေးပြီးနောက် ချင်းယန် ခေါင်းခါယမ်းလိုက်ပြီး အဲဒီအပေါ်မှာ မနေတော့ဘဲ မီးဒြပ်စင် ရှိတယ်လို့ ယူဆရတဲ့ ကြယ်သားရဲရဲ့ ခြေရာကို ဆက်ရှာနေလိုက်သည်။
ခဏအကြာ၌ ဝံပုလွေအူသံက တောင်များတစ်လျှောက် ပဲ့တင်ထပ်လာကာ ချင်းယန်၏နားများထဲ ရောက်ရှိသွားသည်။
"ဘာလဲ?"
ဝံပုလွေအော်သံကို ကြားလိုက်ရသောအခါ ချင်းယန်မျက်နှာက ရွှင်လန်း တောက်ပသွားသည်။
"ဒါ မီးနီနတ်ဆိုးဝံပုလွေ?!"
မီးနီနတ်ဆိုးဝံပုလွေသည် အလွန်သန့်စင်သော မီးဒြပ်စင်ဟု ယူဆရသည့် ကြယ်သားရဲတစ်ကောင်ဖြစ်ပြီး ၎င်း၏သားမွေးများ တောက်လောင်နေသော ကြက်သွေးရောင်၊ ၎င်း၏ခန္ဓာကိုယ်မှာ ပူလောင်နေပြီး မယုံနိုင်လောက်အောင် သန့်စင်သော မီးများ ပိုင်ဆိုင်ထားကြောင်း ယခင်သုတေသန စာအုပ်များက ဖော်ပြထားခဲ့သည်။
ပြီးတော့ ဤအော်သံအရဆို ဝံပုလွေဘုရင်သည် တောင်တန်းရှိ ဝံပုလွေများကို ခေါ်ဆောင်နေတာ ထင်ရှားပါသည်။
"ဒီဝံပုလွေဘုရင်က နှောင်းပိုင်းဘုရင်အဆင့်ကို ရောက်နေလောက်ပြီ!"
ဒါကိုတွေးရင်း ချင်ယန်က တွန့်ဆုတ်မနေတော့ပါ။ သူသည် "လောကအကွာအဝေး" နည်းလမ်းကို ချက်ချင်းအသက်သွင်းပြီး အသံ၏ ရင်းမြစ်ရှိရာသို့ ပြေးလိုက်သွားခဲ့သည်။
ခဏအကြာ၌ သူသည် မတ်စောက်သော ချောက်ကမ်းပါးများနှင့် ဝန်းရံထားသည့် တောင်တန်း၏ အနောက်မြောက်ထောင့်သို့ ရောက်လာခဲ့သည်။
စေ့စေ့ကြည့်လိုက်လျှင် တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်ကဲ့သို့ အလယ်ဗဟိုတွင် ထူထပ်စွာ ဝန်းရံခံထားရသော မီးနီဝံပုလွေကို တွေ့ရပေမည်။ ကြက်သွေးရောင်မီးလျှံများ ဖုံးလွှမ်းထားသော ဧရာမဝံပုလွေကြီးသည် ကျောက်ဆောင်တစ်ခုပေါ်တွင် ရပ်လျက် ၎င်းအောက်မှ ဝံပုလွေများကို အပေါ်စီးမှ ကြည့်ကာ သူတို့၏ မြတ်နိုးမှုကို နှစ်သက်နေပုံ ပေါ်သည်။
"တကယ် ဘုရင်ကြီးအဆင့်မှာ ရှိနေတာပဲ..."
ဝံပုလွေဘုရင်ကို ကြည့်ရင်း ချင်းယန်၏ အကြည့်များက ချက်ချင်း ပြင်းထန်လာသည်။
သူသည် ဤဝံပုလွေဘုရင် ကိုယ်အတွင်းက သားရဲအူတိုင်ကို ရယူပြီး သားရဲမီးကို ထုတ်ယူနိုင်သရွေ့ အဂ္ဂိရတ်ဆေးကို တရားဝင် စတင်သန့်စင်နိုင်မည် ဖြစ်သည်။ သူ့ပစ်မှတ်ကို မြင်လိုက်ရတော့ ချင်းယန်သည် တစ်ချက် မျှော်ကြည့်ကာ အနီးနားရှိ ဆင်းသက်စရာ နေရာများကို တွေးတော၍ ပြင်ဆင်မှုများကို စတင်ခဲ့သည်။
အခု ဒီဧရိယာမှာ ဝံပုလွေ အကောင်တွေ အများကြီးရှိနေတာကြောင့် တစ်ချက်တည်းနဲ့ သတ်လိုက်တာ အကောင်းဆုံးပါပဲ။
သတ်ပြီး ပြေးမယ်!
၎င်းသည် နောက်ပိုင်းတွင် လက်စားချေ တိုက်ခိုက်ခြင်း၏ အခက်အခဲကို ဖြေရှင်းပြီးသား ဖြစ်သွားပေမည်။
ထို့အပြင် ၎င်းတို့အား တစ်ကောင်ချင်း တိုက်ခိုက်ခြင်းသည် ဆူညံသံများ ဖြစ်ပေါ်စေပြီး တလီတောင်များတွင် တောမီးလောင်ကျွမ်းပါက ဒုက္ခဖြစ်ကုန်လိမ့်မည်။
"တောင်ကို မီးရှို့မိရင် ထောင်ကျလိမ့်မယ်"
ချင်းယန်သည် ဝံပုလွေဘုရင်နှင့် မီတာနှစ်ရာဝေးသော ခပ်မြင့်မြင့်မား ကုန်းမြင့်ပေါ်ကို ရောက်ရှိသွားခဲ့သည်။ စိတ်ထဲကနေ အကွာအဝေးကို ခန့်မှန်းကာ ကျစ်ဝေးနတ်ဓားကို ဆွဲထုတ်၍ ပေါ့ပေါ့ပါးပါး လှန်လိုက်သည်။
"သွား... ငါ့အတွက် ရှင်းထုတ်လိုက်!"
ချွင်း!
ဓားဆီမှ တုံ့ပြန်သံ ထွက်ပေါ်လာသည်။ နောက်အခိုက်အတန့်တွင်တော့ လေးဆီမှ မြှားတစ်စင်း ပစ်လွှတ်လိုက်သလို ဝံပုလွေဘုရင်၏ အနေအထားဆီသို့ ပျံသန်းသွားလေသည်။
ရွှတ်!
ချွန်ထက်သော ဓားအစွန်းသည် လေထုကို ဖောက်ထွင်းဝင်ရောက်ကာ အေးမြသောလရောင်ကို ရောင်ပြန်ဟပ်ရင်း ချိုင့်ဝှမ်းကိုဖြတ်၍ လေပြင်းများပင် တိုက်ခတ်လာသည်။ ဖုန်မှုန့်များနှင့် သဲများသည် ရေကန်အတွင်း ပျံတက်သွားကာ ဝံပုလွေများ၏ အမြင်အာရုံကို ဖုံးကွယ်သွားခဲ့သည်။
ဗုန်း!
အခင်းဖြစ်ပွားရာ နေရာရှိ နတ်ဆိုးဝံပုလွေ အုပ်စုလည်း ချက်ချင်း ပရမ်းပတာ ဖြစ်သွားသည်။ မီးနီနတ်ဆိုးဝံပုလွေက လှည့်ပတ်ကြည့်ရှုစဉ်ကာ သူ၏ အစွယ်များကို ဟစ်ကာ ဟောက်နေခဲ့သည်။ သူ့ခန္ဓာကိုယ်မှ မီးတောက်များသည် နေရောင်ကဲ့သို့ တောက်လောင်ကာ ချက်ချင်းပင် ဉာဏ်အလင်း အသိများ နိုးကြားလာတော့၏။
ဒါပေမယ့် နောက်အခိုက်အတန့်၌။
ရွှတ်!
၎င်း၏တုံ့ပြန်မှုကို မစောင့်သော ကျစ်ဝေးနတ်ဓားက ၎င်းရင်ဘတ်ကို ထိုးဖောက်ကာ ကျောရိုးနှင့် နှလုံးကို ကွဲကြေသွားစေခဲ့သည်။
"အခွင့်ကောင်းပဲ...."
ချင်းယန် အမူအရာမှာ ငြိမ်သက်နေဆဲ။ လောကအကွာအဝေး နည်းလမ်းကို အသုံးပြုကာ ၎င်းဘက်သို့ ချက်ချင်း ရောက်ရှိသွားခဲ့သည်။ သူသည် နတ်ဆိုးဝံပုလွေ၏ ဝမ်းဗိုက်ဆီသို့ လက်ဆန့်လိုက်သည်။
ဗိုက်ကိုဖွင့်ပြီး အူတိုင်ကို လျင်မြန်စွာ ဆွဲထုတ်ပစ်လိုက်သည်။
"ရပြီ!"
ချင်းယန် ညာလက်၌ သွေးစွန်းနေသော သစ်ကြားသီးအရွယ် သားရဲအူတိုင်ကို ဆုပ်ကိုင်ထား၏။ ၎င်းက ပူလောင်လှသည်။ ထို့နောက် ချင်းယန်သည် ကျစ်ဝေးနတ်ဓားကို ခေါ်ဆောင်ကာ ထွက်ပြေးသွားခဲ့သည်။
တခဏချင်း ပျောက်ကွယ်သွားကြရာ ခဏအကြာ၌ သူတို့ရှိနေခဲ့တဲ့ နေရာတွင် အခိုးအငွေ့များနှင့် ဖုန်မှုန့်များသာ လွင့်စင်သွားခဲ့သည်။
ဝံပုလွေများသည် အပေါ်ရှိ ဝံပုလွေဘုရင်ကို ပြန်ကြည့်လိုက်ကြတဲ့အခါ ၎င်းသည် မီးလောင်ကျွမ်းနေသော အလောင်းတစ်လောင်း ဖြစ်သွားပြီး မီးတောက်များက ငြိမ်းသွားခဲ့ပြီ။ ဝံပုလွေများလည်း အချင်းချင်းကြည့်ကာ အံ့အားသင့်သွားကြသည်။
မျက်စိတစ်မှိတ် အတွင်းမှာပဲ ခေါင်းဆောင်က သေပြီလား?
ဒါပေမယ့် ပြဿနာက လူသတ်သမားရဲ့ မျက်နှာကိုတောင် မမြင်လိုက်ကြရချေ။
အာ....ဝူး......
တောင်တန်းများတစ်လျှောက် ညည်းတွားမြည်တမ်းသံများ ပဲ့တင်ထပ်သွားသည်။ ဝံပုလွေဘုရင် ကွယ်လွန်သွားတဲ့ သတင်းက တလီတောင်များ တစ်လျှောက် ပျံ့နှံ့သွားပုံပါပဲ။
"ကျစ်! ခေါင်းဆောင် အသတ်ခံရတာကို ဘာလို့ ဒီလောက်တောင် သနားစရာ ကောင်းအောင် ငိုနေတာလဲ..."
ဝံပုလွေအော်သံကို နားထောင်ရင်း ချင်းယန်သည် စမ်းချောင်းဘေးတွင် ထိုင်ချလိုက်ပြီး သူယူထားသော မီးတောက် သားရဲအူတိုင်ကို ဆေးကြောလိုက်သည်။ ရေနဲ့ ထိလိုက်တဲ့အခါ ၎င်းဆီက အဖြူရောင် မီးခိုးငွေ့များ တက်လာသည်။
သူ့လက်ထဲမှ အူတိုင်ကို ကိုင်ထားပြီး ကောင်းကင်က လရောင်ကို ကြည့်လိုက်သည်။ စိတ်ထဲမှာတော့ နက်နဲတဲ့ ငြိမ်းချမ်းမှုကို ခံစားလိုက်ရ၏။
နောက်တစ်ခု သူလုပ်ရမှာက သားရဲမီးကို အူတိုင်ကနေ ထုတ်ယူပြီး အဂ္ဂိရတ်ဆေးကို တရားဝင် စတင်သန့်စင်နိုင်ဖို့ပင်။
………………
တစ်ဖက်၌ လီကျစ်ရွှမ်းသည် မြေပြင်ပေါ်တွင် လှဲလျောင်းနေပြီး သူမ၏ မျက်နှာသည် တဖြည်းဖြည်း နီမြန်းလာသည်။ သူမ၏ ရှည်လျားသော မျက်တောင်များက အနည်းငယ် တုန်ရီနေသည်။
"အိုး... ဒီလူသားက နိုးတော့မယ်... ဒါဆိုရင် ဒီနတ်သမီးလေးလည်း ပြေးရတော့မှာပေါ့..."
ဒါကိုမြင်တော့ ရှောင်ပိုင် မတ်တပ်ထရပ်ပြီး သူ့တင်ပါးပေါ်က ဖုန်မှုန့်တွေကို ခါလိုက်သည်။ သို့သော် မထိန်းနိုင်တော့ဘဲ လီကျစ်ရွှမ်းပါးကို နောက်တစ်ကြိမ် ပုတ်လိုက်သေးသည်။ ချင်းယန်၏နေရာကို အာရုံခံကာ မြေခွေးငယ်လေးအဖြစ်သို့ ပြောင်းလဲသွားသည်။
သူထွက်သွားပြီး သိပ်မကြာလိုက် လီကျစ်ရွှမ်းလည်း မျက်လုံးများကို ဖွင့်လိုက်ပြီး မြေပြင်မှ ရုတ်တရက် ထထိုင်လိုက်သည်။ သူမသည် ချင်းယန်၏ ခြေရာကိုရှာဖွေရန် လှည့်ပတ်ကြည့်ရှုနေခဲ့သည်။
ဒါပေမယ့် ဘေးပတ်ဝန်းကျင်မှာ အင်းဆက်ပိုးမွှားတွေ တဖွဲဖွဲကျနေတဲ့ အသံကလွဲလို့ ဘာမှမရှိပါ။
"ဆရာ ဘယ်မှာလဲ"
လီကျစ်ရွှမ်း ခေါင်းငုံ့ကာ ဝမ်းဗိုက်ကို စစ်ဆေးကြည့်လိုက်သည်။
သူမ၏ ပြားချပ်နေသော ဝမ်းဗိုက်အရေပြားသည် ချောမွေ့နေသည်ကို မြင်လိုက်ရပြီး အရိုးပါ မြင်နေရသော နက်နဲသော ဒဏ်ရာများမှာ လုံးဝ ပျောက်ကင်းသွားကာ အမာရွတ် သဲလွန်စပင် မကျန်တော့ပေ။
"ငါ့ကို ကယ်ခဲ့တာ ဆရာပဲ..."
လီကျစ်ရွှမ်း ညည်းညူရင်း ပြန့်ကားနေသော ဝမ်းဗိုက်သားကို ညင်သာစွာ ပွတ်သပ်ကာ အဖြစ်အပျက်ကို ချက်ချင်း သဘောပေါက်လိုက်သည်။ အကယ်၍ ဆရာအရှင်သာ ဝင်မစွက်ဖက်ပါက သူမသည် ကြယ်သားရဲလက်ထဲ၌ သေသွားလောက်ပြီ။
ကံကောင်းစွာပဲ။
"ဆရာငါ့ကို ကယ်လိုက်ပြန်ပြီ"
ဒါကိုတွေးတောရင်း လီကျစ်ရွှမ်း ကျေးဇူးတင်မိသွားပြန်သည်။ ထိုအချိန်တွင် သူမလက်ထဲက ကျောက်တုံးက သူမအာရုံကို ဖမ်းစားသွားခဲ့လေသဖြင့် ကျောက်တုံးအား စစ်ဆေးကြည့်ရာ လရောင်၌ စကားလုံးများကို ထုတ်ပြောပြီးနောက် သူမ အံ့ဩသွားခဲ့သည်။
"ကျန်းဟိုင်စာကြည့်တိုက်? ချင်း? ဆရာ ဒါက ဘာကိုဆိုလိုတာလဲ"
သူမ တွေးနေတုန်း ရုတ်တရက် အဝေးက ဝံပုလွေအူသံက ပဲ့တင်ထပ်ကာ သူမကို လက်တွေ့ဘဝသို့ ပြန်ရောက်သွားစေခဲ့သည်။
"ငါ ဒီကို ထွက်လာတာ ကြာပြီ... ပြန်ဖို့ အချိန်တန်ပြီ"
လီကျစ်ရွှမ်း ကျောက်တုံးကို ဂရုတစိုက်သိမ်းကာ မတ်တပ်ထရပ်လိုက်၏။ သူမခန္ဓာကိုယ်မှ ဖုန်မှုန့်များကို ဖယ်ရှားကာ နှုတ်ခမ်းပေါ်တွင်တော့ ပြုံးနေခဲ့သည်။ ဤရှည်လျားလှသော တိုက်ပွဲများအပြီးတွင် ဤအသက် သို့မဟုတ် သေခြင်းအတွေ့အကြုံသည် များစွာအကျိုး ဖြစ်ထွန်းခဲ့သည်။
"ဒီတစ်ခါ ငါပြန်လာရင် သေချာပေါက် မွေးရာပါနယ်ပယ်ကို ရောက်လိမ့်မယ်!"