← Chapters

ဒီအလှလေးက မင်းကို စိတ်ဝင်စားနေတာလား?

Vol. 7 Ch. 97

ဒီအလှလေးက မင်းကို စိတ်ဝင်စားနေတာလား?

Vol. 7 Ch. 97

'???'

ဒါကိုကြားတော့ ချင်းယန်ရဲ့ အမူအရာက ငြိမ်သက်​နေပေမယ့် သူ့နှလုံးသားကတော့ ရုတ်တရက် တုန်ခါသွားခဲ့သည် ။

ဘာတွေဖြစ်နေတာလဲ?

ဒီကလေးမက တစ်ခုခုကို ရှာတွေ့ရခဲ့တာလား။

မဟုတ်ရင် သူမ ဘာလို့ဒီလို မေးခွန်းမျိုးကို မေးမှာလဲ!

ကျန်းဟိုင် ဓားနတ်ဘုရားနှင့် စာကြည့်တိုက် စီမံခန့်ခွဲသူ—သူတို့ဟာ လုံးဝဆက်စပ်မှု မရှိတဲ့ လူနှစ်ယောက်ဖြစ်ရာ တစ်ယောက်ယောက် ဘယ်လို ဆက်စပ်နိုင်မလဲ။

မဟုတ်ဘူး...

ချင်းယန်၏ အတွေးများ တုန်လှုပ်သွားသည်။ လီကျစ်ရွှမ်း မျက်နှာပေါ်တွင် တုံ့ဆိုင်းနေသော အရိပ်အယောင်ကို သတိပြုမိပြီး သူမသည်လည်း မသေချာမရေရာသော အခြေအနေတွင် ရှိနေသည်ကို ချက်ချင်း နားလည်လိုက်သည်။ သူမက စမ်းကြည့်ရုံသာဖြစ်သည်။

"မင်း ငါ့ကို ခြောက်ဖို့ ကြိုးစားနေတာလား"

ချင်းယန် ထိတ်လန့်မှုကို မျိုသိပ်လိုက်ပြီး လီကျစ်ရွှမ်းကို ကြည့်လိုက်သည်။ သူ အခု လုံးဝ ထိတ်လန့်မနေနိုင်တော့ သူမလည်း စိတ်ရှုပ်ထွေးသွားခဲ့သည်။

ဤအတွေးဖြင့် ချင်းယန်သည် သူ၏တိုက်ခိုက်မှုကို ပြောင်းပြန်လှန်လိုက်ပြီး အံ့သြသွားသည့်အမူအရာကို ထုတ်ဖော်လိုက်သည်။

"ဓားနတ်ဘုရား? မင်းက ကျန်းဟိုင် ဓားနတ်ဘုရားကို ရှာနေတာ... အဲဒါ ငါနဲ့ ဘာဆိုင်လို့လဲ.. ငါက ချင်းယန်"

သူပြောပြီးတာနဲ့ လေထုက ခေတ္တ တိတ်ဆိတ်သွားသည်။ နေ့လယ်ခင်း နေရောင်ခြည် မှန်အမိုးခုံးမှတဆင့် စီးဆင်းကာ နူးညံ့သိမ်မွေ့ပြီး ငြိမ်းချမ်းသော လေထုကို ဖန်တီးပေး​နေသည်။

ထိုအချိန်တွင် အချိန်ကလည်း ရပ်တန့်နေသည့်အလား။

"..."

လီကျစ်ရွှမ်း၏ မျက်ခုံးများ တွန့်သွားကာ အတွေးများက ပြိုင်ဆိုင်သွားသည်။ သူမ ချင်းယန်မျက်နှာကို စိုက်ကြည့်နေကာ ချို့ယွင်းချက်တစ်ခုခု​ကို ရှာဖို့ ကြိုးစားနေသလိုပင်။ သို့သော် ထိုအချိန်တွင် ချင်းယန်၏မျက်နှာသည် အံ့ဩခြင်းမှတစ်ပါး အခြားစိတ်ခံစားချက်ကို မပြသခဲ့ပေ။

ဧကန္တ...

ဒါက တကယ် လူမှား​နေတာလား။

ဆရာ ထားခဲ့တဲ့ မက်ဆေ့ချ်ကို သူတကယ် မသိခဲ့တာလား။

ဆရာက "ချင်း" ဆိုတဲ့ စာလုံးတစ်လုံးပဲ ချန်ထားခဲ့သည်။

ဧကန္တ ဤ "ချင်း" သည် နာမည်မဟုတ်ဘဲ အခြားအရာတစ်ခု ဖြစ်နေမလား။

ရှေးတရုတ်စကားတွင် "ချင်း" သည် စပါးကို ကျည်ပွေ့ဖြင့် ​ထောင်းခြင်း၏ အဓိပ္ပာယ်ကို ဆောင်ပြီး ကြွယ်ဝသော စပါးရိတ်ရာကာလကို ကိုယ်စားပြုသည်။

"ဒါက ဆရာ့ဆိုလိုရင်းလား"

သူမ စိတ်ထဲတွင် ရှုပ်ယှက်ခတ်နေပြီး အတွေးများက ဟိုပြေးဒီပြေးနဲ့။

"မဟုတ်ဘူး သူက ငါ့ကို စာကြည့်တိုက်ကို လာပြီးတော့ ဒီထဲမှာ "ချင်း" ဆိုတဲ့ စာလုံးပါတဲ့ စာအုပ်တစ်အုပ်ကို ရှာခိုင်းတာ ဖြစ်နိုင်တယ်... အဲဒီကနေ အတွင်းစိတ်အခြေခံတွေကို သင်ယူနိုင်​လောက်တယ်..."

"ဒါမှမဟုတ်​.."

သူမ၏ စိတ်ထဲတွင် အခြေအမြစ်မရှိသော ထင်ကြေးများ ထွက်ပေါ်လာသည်။ လီကျစ်ရွှမ်း လက်ထောက်ကာ အတွေးဖြင့် မျက်မှောင်ကြုတ်နေစဥ် လီကျစ်ရွှမ်း ဘေးတစ်ဖက်မှာ ရှိနေကြောင်း မေ့သွား၏။ သူမက ပိုမိုလေးနက်သော အဓိပ္ပာယ်ကို ပုံဖော်နိုင်ဖို့ အတွေးထဲ၌ နစ်မွန်းနေလေသည်။

"?"

ချင်းယန်လည်း လီကျစ်ရွှမ်း နှုတ်ဆိတ်နေသည်အား မြင်လိုက်ရသည်။ သူမ၏ စိုးရိမ်သောကအမူအရာကို ကြည့်လိုက်ပြီးနောက် မေးခွန်းအမှတ်အသားများ နဖူးပေါ်တွင် ဖြည်းညှင်းစွာ ပေါ်လာသည်။

'ဒီမိုက်မဲတဲ့တပည့်က ဘာကိုတွေးနေတာလဲ နောက်တစ်ခါ ထပ်လာရင် ငါ မင်းရဲ့ CPU ကို မီးရှို့ပစ်လိုက်မယ်!'

အရင်တစ်ခေါက်က သူမသည် အိပ်ရာထဲ လှဲနေခဲ့ရပြီး သူ့ကိုယ်သူ ကယ်တင်ရန် ညပေါင်းများစွာ အချိန်ယူခဲ့ရသည်။ အကယ်၍ သူမသည် ထိုအခြေအနေတွင် ဆရာ့ကို နောက်တစ်ကြိမ် ထပ်ဖမ်းမိချင်ပါက ထပ်မံ၍ ကြိုးစားရဦးမည် ဖြစ်သည်။

အကွာအဝေးက စာအုပ်စင်နောက်ကွယ်တွင်တော့ လီချင်းဟဲသည် တိတ်တဆိတ် စောင့်ကြည့်ရင်း စကားစမြည်ကို ဂရုတစိုက်နားထောင်နေသည်။ တစ်ဖက်ကလည်း အဓိပ္ပာယ်ကို တွေးတောနေခဲ့၏။

"ဓားနတ်ဘုရား?... ဘာကိုဆိုလိုတာလဲ?"

ထိုနှစ်ယောက်က ခပ်ဝေးဝေးတွင် ရှိနေသောကြောင့် ရှင်းရှင်းလင်းလင်း မကြားနိုင်ဘဲ စကားအနည်းငယ်သာ ကြားရသည်။

ထို့အပြင် ညီမကျစ်ရွှမ်းသည်လည်း နောက်ဖွားနယ်ပယ် အဆင့်၉ တွင် ရှိနေကာ မွေးရာပါနယ်ပယ်သို့ ဝင်ရောက်ရန် ခြေတစ်လှမ်းသာ ကွာဝေးတော့၏။ သူမကို ဖော်ထုတ်ရန် သူထုတ်လွှတ်လိုက်သော ကြယ်စွမ်းအင် မှန်သမျှက သံသယဖြစ်ဖွယ် တွေ့ရှိခံရလိမ့်မည်။

ထို့ကြောင့် ဘေးကင်းရန်အတွက် စကားဝိုင်းကိုအခြေခံ၍ မှန်းဆချက်အချို့ထုတ်ရန် ကြိုးစားရင်း ချင်းယန်ကိုသာ ကြည့်နေခဲ့သည်။

သံသယမရှိ ချင်းယန်သည် ယခုတွင် ထူးထူးခြားခြား အမူအရာမျိုး မရှိချေ။ လီကျစ်ရွှမ်း ကဲ့သို့ ထူးချွန်သော မိန်းကလေးတစ်ဦးနှင့် တွေ့ဆုံနိုင်ရန်မှာ ထူးခြားသော အရည်အချင်းများ ရှိရမည်။

ဒါ​ပေမယ့်​ ဒီ​နေရာမှာ လွန်ခဲ့သည့် နှစ်ရက်အတွင်း သူမရဲ့ လေ့လာတွေ့ရှိချက်များကို အခြေခံရလျှင် ချင်းယန် မည်သည့်ထူးခြားသော အရည်အချင်းများကို ပိုင်ဆိုင်နိုင်မည်နည်း။

အများစုကတော့ နည်းနည်း ပေါ့ပေါ့ပါးပါးနဲ့ ပိုချောရုံသာ။ ဒါက ညီမကျစ်ရွှမ်းရဲ့ အာရုံကို ဘယ်လိုလုပ် ဆွဲဆောင်နိုင်ပါ့မလဲ။

"မဖြစ်နိုင်ဘူး လုံးဝ မဖြစ်နိုင်ဘူး! ညီမကျစ်ရွှမ်းက ရုပ်ရည်ကို အစွဲအလမ်းကြီးတတ်တဲ့သူ မဟုတ်ဘူး... ဒီလို ခပ်ညံ့ညံ့ လူဆိုးဆီက ဘယ်တော့မှ လှည့်စားခံရမှာ မဟုတ်ဘူး"

ခဏကြာတော့ သူတို့သုံးယောက်လုံး အံ့အားသင့်သွားကြသည်။ အကြောင်းမှာ ချင်းယန် ရင်ခွင်ထဲက ရှောင်ပိုင်သည် သူမ၏ ရယ်မောချင်စိတ်ကို မထိန်းနိုင်တော့ချေ။

"ဟားဟား... ငါရယ်​​ရလို့ သေ​တော့မယ်​! ဒါက ဟားဟား၊ ဟားဟား!! လူဆိုးသခင်နဲ့ ထိုက်တန်တယ်"

သူမခန္ဓာကိုယ်ကို ထိန်းချုပ်ရန် ရုန်းကန်ရင်း အမွေးအမှင်ကလေးများအား လှုပ်ရှားလိုက်တာကြောင့် ချင်းယန်လက်များ ပြင်းပြင်းထန်ထန် တုန်လှုပ်သွားကာ ရယ်မောသံနှင့်အတူ သူမ၏သားမွေးများလည်း တလှုပ်လှုပ်ဖြင့်။

လူတိုင်း အံ့အားသင့်စေခဲ့သော ဤမြင်ကွင်းက နောက်ဆုံးတွင်တော့ ရောက်လာခဲ့ပြီ။ သူမ လူတိုင်းကို လှည့်စားပြီးပြီ။

'ဟမ့် ဒီနတ်သမီးက တန်ခိုးအကြီးဆုံးပဲ! ဘာမှတ်နေလဲ?'

ရှောင်ပိုင်က သူ့ခေါင်းကို မြင့်မြင့်ကိုင်လိုက်ပြီး အမြီးကို ဂုဏ်ယူစွာ လှည့်လိုက်သည်။ ဒါပေမယ့် သူမ ဆက်ပြီး ဝမ်းမြောက်မနေနိုင်ခင် ချင်းယန်က သူမ၏ ခါးတစ်ဝိုက်တွင် လက်ကို ချုပ်ကိုင်ထားပြီး သူမ၏ ခန္ဓာကိုယ် လှုပ်ရမ်းမှုကို ထိန်းချုပ်ထားသည်။

"ကျစ်! ဒီနေ့ ရှောင်ပိုင် ဘာဖြစ်နေတာလဲ"

ချင်းယန် သူမ အနှောက်အယှက် မပေးစေဖို့ တည်ငြိမ်စွာ ကိုင်ထားရင်း သူ့ရှေ့မှာ လီကျစ်ရွှမ်းကို ကြည့်လိုက်သည်။

"မင်း တစ်ခုခုကို နားလည်မှုလွဲနေတာလား"

သူပြောပြီးတာနဲ့ လီကျစ်ရွှမ်း၏ အတွေးများလည်း ပြတ်တောက်သွား​တော့သည်။

သူမက ချင်းယန်ကို စိတ်ရှုပ်ထွေးစွာဖြင့် မော့ကြည့်လိုက်ပြီး သူ့မျက်နှာကို စစ်ဆေးကြည့်သည်။ ရေကို နောက်တစ်ကြိမ် စမ်းသပ်တော့မည်။ နောက်ဆုံးတော့ ဒါက သူမရဲ့ တစ်ခုတည်းသော သဲလွန်စပဲ။

ဒီအတိုင်း ပြီးဆုံးသွားဖို့ သူမ လက်မခံချင်ပါ။

သို့သော် ထိုအခိုက်အတန့်တွင် အဝေးမှနှုတ်ဆက်သံတစ်ခုက သူမရဲ့ ထိပ်တိုက်ရင်ဆိုင်မှုကို အနှောင့်အယှက် ဖြစ်သွားစေခဲ့သည်။

"ချင်းအိုကြီး!"

တံခါးဝတွင် ရဲယူနီဖောင်းဝတ်ထားသော ရှဟဲသည် ရင်တုန်ယင်ယင်ဖြင့် သူ့လက်ကို ချင်းယန်ဆီသို့ ဂရုမစိုက်ဘဲ ​ဝှေ့ယမ်းပြလိုက်သည်။ လီကျစ်ရွှမ်းလည်း ချာကနဲ လှည့်ကြည့်လိုက်သလို ချင်းယန်၏ အကြည့်များ အပါအဝင် ရှောင်ပိုင်နဲ့ လီချင်းဟဲတို့သည်လည်း ရှဟဲကို အာရုံစိုက်လာကြသည်။

ချက်ချင်းပင် အကြည့်လေးခုက သူ့ကို ဖောက်ဝင်သွားသလိုမျိုး သူ့ဆီ ရောက်လာ၏။

"…….."

ဒါကိုမြင်တော့ ရှဟဲရဲ့ နှလုံးခုန်သံတွေ ခုန်တက်သွားပြီး သူ့ခြေလှမ်းတွေပါ ရုတ်တရက် ရပ်သွား​​တော့သည်။ လီကျစ်ရွှမ်းကို မြင်လိုက်သည်နှင့် သူ့စိတ်ထဲတွင် အနည်းငယ် ရှုပ်ထွေးသွားသည်။

ချင်းအိုကြီးက လီကျစ်ရွှမ်း နဲ့ ချိန်းတွေ့နေတာလား ?

"အောင်မလေး!"

ဤအတွေးဖြင့် ရှဟဲသည် ခပ်တင်းတင်း လှည့်ကာ စာအုပ်စင်ဆီသို့ လျှောက်သွားပြီး စာအုပ်များကို ကောက်ကိုင်လိုက်ကာ ဘာမှမဖြစ်သကဲ့သို့ ကောက်ဖတ်နေလိုက်သည်။ သူ့မျက်နှာကနေတော့ ချွေးများ စီးကျလာခဲ့သည်။

'ဒါက ချင်းယန်ရဲ့ သူငယ်ချင်း ရဲအရာရှိမလား...'

လီကျစ်ရွှမ်းလည်း ရှဟဲ၏ ယူနီဖောင်းကို ငုံ့ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ အခု ရဲအရာရှိ ရောက်လာတယ်ဆိုတော့ ဒီစကားက ဆက်ပြောစရာ မလိုတော့ဘူး။

သူမ အမြန်ထရပ်လိုက်ပြီး ချင်းယန်အား အနည်းငယ်တောင်းပန်ရင်း ထိုင်ခုံမှ ထွက်သွားသည်။

"ရှင့်ကို စိတ်အနှောက်အယှက် ဖြစ်​စေမိလို့ တောင်းပန်ပါတယ်... ကျွန်မ အမှားလုပ်မိသွားတာ ဖြစ်နိုင်တယ်"

ထို့နောက် ဘောပင်နှင့် စာရွက်ကို ထုတ်ကာ ဖုန်းနံပါတ်ကို ချန်ထားခဲ့လေသည်။

"နောင်မှာ ရှင်ကျွန်မဆီကနေ အကူအညီလိုခဲ့ရင် ဒီနံပါတ်ကို ခေါ်လို့ရပါတယ်... ဒီတစ်ခါ စိတ်အနှောင့်အယှက် ဖြစ်​စေမိလို့ တောင်းပန်ပါတယ်"

ဖုန်းနံပါတ်ချန်ထားခဲ့ပြီးနောက် သူမ၏ဓားအိတ်ကို ပခုံးပေါ်တင်လိုက်ပြီး စာကြည့်တိုက်ဝင်ပေါက်ဆီသို့ အမြန်လျှောက်သွားလိုက်သည်။ မကြာမီ သူမ ချင်းယန်၏မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့၏။

  ……….

စာအုပ်စင်ဘေးက ရှဟဲသည် သူ့မျက်နှာကို အုပ်ထားသည့် စာအုပ်ကို လျှော့ချလိုက်သည်။

သူသည် လီကျစ်ရွှမ်း၏ နောက်ပြန် ဆုတ်သွားသည့်ပုံစံကို တစ်ချက် ခိုးကြည့်ပြီးနောက် ချင်းယန်၏ အနေအထားကို တစ်ချက်ကြည့်လိုက်သည်။ သူမ ပြန်မလာ​တော့ကြောင်း နှစ်ခါစစ်ဆေးပြီးနောက်မှ သတိကြီးကြီးနဲ့ ချဉ်းကပ်ခဲ့သည်။

"လီကျစ်ရွှမ်း မင်းကို ဘာလို့ ထပ်ရှာနေတာလဲ"

ရှဟဲ ကုလားထိုင်ကို ဆွဲထုတ်ပြီး ချင်းယန်ဘေးမှာ ကြောက်လန့်တကြား ထိုင်ချလိုက်သည်။

"ဒီကောင်မလေး မင်းကို တကယ်စိတ်ဝင်စားနေတာလား"

All Chapters