ပုံရိပ်ယောင် အစီအရင်၊ လီချင်းဟဲ လှုပ်ရှားဖို့ ပြင်ဆင်နေပြီ
Vol. 7 Ch. 98
"မင်းဘယ်လိုလုပ်လိုက်တာလဲ လောင်ချင်း"
စားပွဲတစ်ဖက်မှာ ရှဟဲသည် ချင်းယန်ကို ပြုံးစိစိနဲ့ မျက်စောင်းထိုးပြရင်း။
"မင်း ခက်ခက်ခဲခဲ ကစားသွားတာ ကောင်းတယ်! လီကျစ်ရွှမ်း ဒီလိုမြင်ရသလောက်ဆို မင်း သူ့ကို အနက်ရောင် ဘေ့စ်လို ချိတ်ထားပြီးပြီ ထင်တယ်! အရမ်းကောင်းတယ်ကွာ!"
"ငါ မဟုတ်ဘူး၊ ငါမလုပ်ခဲ့ဘူး... လျှောက်မပြောနဲ့"
ချင်းယန် ထိုစကားတွေကို ငြင်းဆိုကြောင်း သူ့လက်ကို ဝှေ့ယမ်းပြလိုက်သည်။
"တချို့စာအုပ်တွေ ဘယ်မှာရှိလဲလို့ မေးချင်လို့လာတာ.. ငါက ပုံမှန်စာကြည့်တိုက် လမ်းညွှန်ပဲ"
"ကျစ်! ငါ မင်းကို မယုံဘူး!"
"!"
ရှဟဲ မျက်လုံးပြူးပြီး မထီမဲ့မြင်ပြုကာ ပြောလိုက်သည်။
"တိုက်ဆိုင်မှု တစ်ကြိမ် နှစ်ကြိမ်ဆို ယုံလို့ရတယ် ... နောက်တစ်ကြိမ် သူ မင်းကို တွေ့ဖို့ လာရင် ဘာဖြစ်မယ် ဆိုတာတောင် တွေးရမှာ ကြောက်လာပြီ"
"တော်ပြီ ယုတ်မာတဲ့စကားတွေ ရပ်လိုက်တော့"
ချင်းယန် သူ့လက်မောင်းမှ ကျောက်စိမ်းပုလင်းငယ်ကို ဆွဲထုတ်လိုက်ပြီး အကြောင်းအရာကို ပြောင်းလိုက်သည်။
"ငါ မင်းကို ပစ္စည်းကောင်း တစ်ခု ပေးမယ်!"
သူက စကားပြောနေစဉ်တွင် ကျောက်စိမ်းပုလင်းငယ်ကို စားပွဲအလယ်တွင် ထားကာ မတ်တပ်ရပ်လိုက်သည်။ တိုက်ရိုက်နေရောင်တွင် ၎င်းက ကြည်လင်ပြတ်သားပြီး ပုံစံကိုထင်ရှားစေ၏။
"အို... မင်း အခုတလော ချမ်းသာလာတာလား လောင်ချင်း"
ကျောက်စိမ်းပုလင်းကို မြင်တော့ ရှဟဲ မျက်လုံးများ တောက်ပလာသည်။ သူက ချက်ချင်း လှမ်းဆွဲပြီး ပုလင်းကို ဆုပ်ကိုင်ကာ နားရွက်အနီး၌ လှုပ်ခါကြည့်၏။ ပုလင်းအတွင်းမှ ပြင်းထန်စွာ တိုက်မိသော အသံသည် သူ့နားထဲတွင် တိုးညှင်းစွာ ပဲ့တင်ထပ်ကာ ကြည်လင် သာယာသော အသံမျိုး ဖြစ်ပေါ်လာသည်။
"ဒီပုလင်းကို ဘယ်ကရလာတာလဲ"
ရှဟဲသည် ပုလင်းကို ယမ်းလိုက်ပြီး အတွင်းမှ အသံကို နားထောင်ရန် ခေါင်းကို ငုံ့ထားသည်။ တစ်ဖက်ကလည်း ချင်းယန်ကို စူးစူးစိုက်စိုက် စိုက်ကြည့်ပြီး ထပ်မေး၏။
"ရှေးဟောင်းလမ်းက စျေးပေါတဲ့ပစ္စည်းတွေပါကွာ..."
ချင်းယန် ပြုံးလိုက်သည်။
"ဒီပုလင်းလေးက အရေးမကြီးပါဘူး အထဲမှာ ပါတာကကလည်း ဘာမှ အရေးမကြီးဘူး ဒီပုလင်းလေးက လွတ်လွတ်လပ်လပ် လုပ်ထားတဲ့ အဂ္ဂိရတ်ဆေး... နောက်ဖွားနယ်ပယ်တွေ အတွက် အထောက်အကူ ဖြစ်မယ်ထင်တယ်... ယူသွားပြီး သုံးကြည့်လိုက်ပေါ့..."
"အဂ္ဂိရတ်ဆေး?"
ဒါကိုကြားတော့ ရှဟဲ ချင်းယန်ကို သံသယနဲ့ ပြန်ကြည့်လေသည်။
"မင်းတကယ် အဂ္ဂိရတ်ဆေး သန့်စင်တတ်တာလား"
ပြောရင်း ခေါင်းငုံ့ကာ ကျောက်စိမ်းပုလင်း၏ နှုတ်ခမ်းဝကို သူ့နှာခေါင်းထိပ် တေ့ထားလိုက်သည်။ ဂရုတစိုက် အနံ့ခံလိုက်သည့် နောက်အခိုက်အတန့် လန်းဆန်းသော အဂ္ဂိရတ်ဆေး၏ ရနံ့သည် သူ့နှာခေါင်းထဲသို့ အပြည့်ဝင်လာသည်။
နေ့လယ်ခင်း ငိုက်မျဉ်းချင်စိတ်တွေ ရုတ်ချည်း ပျောက်ကွယ်သွားပြီး သူ့စိတ်ဝိညာဉ်ပါ နိုးကြားလာတော့သည်။
"ဝိုး... အနံ့တော်တော်ကောင်းကွ ကျေးဇူးတင်ပါတယ်"
ရှဟဲ ပုလင်းအဖုံးကို ပြန်တပ်လိုက်ပြီး ကျောက်စိမ်းပုလင်းငယ်ကို ရဲယူနီဖောင်း အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်။ သူက သက်ပြင်းချရင်း
“ဒီရက်ပိုင်း ရဲစခန်းမှာ တော်တော် အလုပ်ရှုပ်နေတာ... နေရောင်အောက်မှာ နေ့တိုင်း လေ့ကျင့်ရတာ ပင်ပန်းလိုက်တာမှ... စာကြည့်တိုက်ထဲမှာ ပေါ့ပေါ့ပါးပါး အနားယူရတဲ့ နေ့ရက်လေးတွေကို အရမ်းလွမ်းတာပဲ"
"အတိတ်ကို သတိရမနေပါနဲ့... အလုပ်သွားပါ မင်းရဲ့အားလပ်ချိန်တွေကို ငါ ကိုယ်စား အနားယူပေးထားမယ်...မင်း လေ့ကျင့်ဖို့ အချိန်ကို ဆုပ်ကိုင်ထားရင် ပိုကောင်းမယ်နော်... တစ်နေ့နေ့မှာ မင်းကိုးကွယ်တဲ့ နတ်ဆိုးလက်ထဲ သေသွားပြီဆိုတာမျိုး ငါမကြားချင်ဘူး"
"ဖွီး! မင်းရဲ့သူငယ်ချင်း ငါက အသက်ရှည်ဖို့ ကောင်းချီးပေး ခံထားရတာ.. ငါဘယ်လိုလုပ် လွယ်လွယ်နဲ့သေရမှာလဲ"
စကားပြောရင်းကနေ အနက်ရောင် ခြေအိတ်လှလှလေးသည် တံခါးနားသို့ လျှောက်လာနေသော မိန်းကလေးကို လှည့်ကြည့်လိုက်သေးသည်။
"ကောင်းကင်ဘုံက ငါ့အတွက် ကြီးမားတဲ့ မစ်ရှင်တစ်ခု ပေးထားတယ်... လိုအပ်နေတဲ့ မိန်းကလေးတွေကို ကူညီဖို့ ဒီဘဝကို ငါ ထိန်းသိမ်းထားရမယ်..."
ချင်းယန် စကားမပြောနိုင် ဖြစ်သွားတော့သည်။
နိုင်ငံတစ်ခု ပြောင်းလဲနိုင်သော်လည်း လူတစ်ဦး၏ သဘောသဘာဝကို မပြောင်းလဲနိုင်ပေ။ ဒီကလေးက ရဲစခန်း ရောက်သွားလည်း စရိုက်က အရင်အတိုင်းပါပဲ။ ဒီလိုလူက အုပ်ထိန်းသူတစ်ယောက် ဘယ်လိုလုပ် ဖြစ်လာနိုင်ပါ့မလဲ။
"စကားမစပ် လူတစ်ယောက် ငါ့နေရာကို ယူလိုက်တယ်လို့ ကြားတယ်"
ရှဟဲ ခေါင်းကုတ်လိုက်သည်။
"သူဘယ်လိုနေလဲ မင်းသူ့ကိုသိလား"
"မဆိုးပါဘူး... မင်းက စီနီယာ ဆိုတော့ မင်းဘာလို့ သူ့ကို သွားမစစ်ဆေးတာလဲ"
ချင်းယန် လက်မထောင်ပြပြီး Area 2 ကို လက်ညှိုးထိုးပြလိုက်သည်။
"မင်းကျန်ခဲ့တဲ့ ခုံတန်းလေးကို ငါပေးထားတယ်...အဲဒီလူကို မင်းရဲ့ဆက်ခံသူလို့ သတ်မှတ်လို့ရတယ်"
"ဝိုး လောင်ချင်း! မင်းအစ်ကိုရဲ့ ဆုလာဘ်တွေကို ပေးနေတယ်ပေါ့!"
ဒါကိုကြားတော့ ရှဟဲ မတ်တပ်ထရပ်ပြီး Area 2 ဆီကို အမြန်လျှောက်သွားတော့သည်။
"သူက ငါ့ခုံတန်းရှည်ကို ယူလိုက်တယ် ဆိုတော့ ငါ့အတွေ့အကြုံတချို့ကို ဖြတ်သန်းရတော့မှာပေါ့"
...
ဧရိယာနှစ်ရှိ စာအုပ်စင်နောက်တွင်။
ချောင်းကြည့်နေသော လီချင်းဟဲ ထိုအဖြစ်ကြောင့် ထိတ်လန့်သွားပြီး စာအုပ်ကို အမြန်ပြန်ချပြီးနောက် စင်ကို ဖုန်ခါဟန်ဆောင်လိုက်သည်။ မကြာခင်မှာပဲ ရှဟဲ သူမရှေ့ရောက်လာ၏။
"အိုး... မင်းက တော်တော် တက်ကြွတာပဲ လူငယ်လေး မဆိုးဘူး!"
ရှဟဲ တစ်ဖက်လူရဲ့ ပုခုံးကို ပွတ်သပ်ပြီး : "မင်းအချိန်ရရင် လောင်ချင်းဆီက သင်ယူထား... ကြိုးကြိုးစားစား လုပ်ရင် မင်းက ပိုပိုပြီး စွမ်းဆောင်လာနိုင်လိမ့်မယ်"
"ဟုတ် ဟုတ်ကဲ့"
လီချင်းဟဲလည်း အားနည်းဟန်ဆောင်ကာ ခေါင်းညိတ်လျက် တုန့်ပြန်လိုက်သော်လည်း သူ့အတွက်ကတော့ တိတ်တဆိတ် ရှုတ်ချခံနေရတယ်လို့ ခံစားနေရသည်။
သူက စာကြည့်တိုက် စီမံခန့်ခွဲသူပဲ။ ဒီကောင်က ဒရာမာတွေ အရမ်းရိုက်နေတာလား။
ဒါ့အပြင် ချင်းယန်ဆီက ဘာသင်ယူဖို့ ကြိုးစားနေရမှာလဲ။ အလုပ်မှာ အနားယူပြီး အိပ်ဖို့ သင်ယူရမှာလား။
မဖြစ်နိုင်ဘူး!
ဒီလို ထူးချွန်ပြီး အလုပ်ကြိုးစားတဲ့ မိန်းကလေးဂုဏ်ပုဒ်ကို ဘယ်လိုလုပ် စွန့်လွှတ်နိုင်မလဲ။
လုံးဝမလုပ်ပါဘူး!
…………………………………
အချိန်တွေက ရေလိုပဲ ကုန်သွားတယ်။
နေ့ခင်းဘက်တွင် ချင်းယန်နဲ့ ရှဟဲ အတူတူ နေ့လယ်စာ စားသောက်ကြပြီး မိသားစုကိစ္စများကို စကားစမြည် စပြောကြသည်။ ထို့နောက် ရှဟဲဟာ စာကြည့်တိုက်အပြင်ဘက်တွင် သူ့ကင်းလှည့် အလုပ်ကို ပြန်လည်လုပ်ဆောင်ရန် စောစော ထွက်ခွာသွားခဲ့သည်။
ချင်းယန် ရှောင်ပိုင်ကို ကိုင်လျက် သူ့ထိုင်ခုံဆီသို့ အေးအေးဆေးဆေး ပြန်သွားကာ ကောက်ယူထားသော စာအုပ်အချို့ကို သူ့ရင်ခွင်ထဲသို့ ဆွဲထည့်ရင်း မူလနေရာသို့ ပြန်သွားထားရန် ပြင်ဆင်နေသည်။
ဒါပေမယ့် ရုတ်တရက် ရေကန်ပေါ် မိုးရွာကာ မျက်နှာပြင်ကို လှုပ်ခတ်နေသော သူ၏ဝိညာဉ်ရေးနယ်ပယ်တွင် သိမ်မွေ့သော လှိုင်းလုံးများ ဖြစ်ပေါ်လာသည်။
"ဟင်? ဒါ...တစ်ယောက်ယောက် အစီအရင် ဖွဲ့စည်းမှုတစ်ခုကို ဆွဲနေတာလား..."
ချင်းယန်သည် လှိုင်းလုံးများကို ပြင်းပြင်းထန်ထန် ခံစားသိရှိပြီးနောက် ၎င်း၏ရင်းမြစ်ကိုပါ ရုတ်ချည်း သတိထားမိလိုက်သည်။
နောက်အခိုက်အတန့်၌ သဲလွန်စများကို လိုက်လျှောက်ရင်း ကြီးမားသော ဝိညာဉ်စွမ်းအားတစ်ခု သူ့ခန္ဓာကိုယ်မှ တိုးဝင်လာပြီး ရင်းမြစ်ကို တိုက်ရိုက်ရှာဖွေကြည့်လိုက်ရာ ကပ်လျက်နေရာသို့ ဦးတည်သွားနေတာ တွေ့လိုက်ရ၏။
"လီချင်းဟဲဆီကလာတာ..."
ဖွဲ့စည်းမှု၏ အတက်အကျများကို စေ့စေ့စပ်စပ် ပိုင်းခြားသုံးသပ်ပြီးနောက် ချင်းယန်သည် အဘယ်အရာဖြစ်နေသည်ကို အကြမ်းဖျင်း ခန့်မှန်းကာ သူမစီစဉ်နေသော အရာကိုလည်း နားလည်သွားခဲ့သည်။
"ဒါက ပုံရိပ်ယောင်အစီအရင် ဖွဲ့စည်းမှုတစ်ခုပဲ... သူမ လူတွေကို လှည့်စားနေတာ.... ကြည့်ရတာ လှုပ်ရှားတော့မယ် ထင်တယ်..."
ထိုစဥ် ဧရိယာနှစ်က လီချင်းဟဲသည် စာအုပ်စင်များကြားတွင် ဝှက်ထားသော ခုံတန်းလေးပေါ်တွင် ထိုင်နေ၏။ အနက်ရောင် ကြယ်ကျောက်တုံးပေါင်းများစွာက မြေပြင်ပေါ်တွင် ပြန့်ကျဲနေလျက် ရှိသည်။ ကြယ်စွမ်းအား ပျံ့နှံ့သွားပြီးသည့်နှင့် ပတ်ဝန်းကျင်မြေပြင်သည် ပုံပျက်သွားကာ စိတ်ကူးယဉ်ဆန်သော အသွင်အပြင်ဖြစ်လာသည်။
"အစီအရင် ဖွဲ့စည်းပုံတစ်ခုကို အသက်သွင်းတဲ့အခါ အာရုံစူးစိုက်မှုက မရှိမဖြစ် လိုအပ်တယ်"
ဒါကိုတွေးပြီးနောက် လီချင်းဟဲ ကြယ်ကျောက်တုံးတစ်တုံးကို ကောက်ယူလိုက်သည်။ ထို့နောက် သူမ၏ မှတ်ဉာဏ်ကို လိုက်၍ စိတ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။
သူ့လက်ချောင်းများက ကျောက်စားမျက်နှာပြင်ကို ညင်သာစွာ ပွတ်သပ်နေသည်။ လျှို့ဝှက်ဆန်းကြယ်သော အစီအရင် ဖွဲ့စည်းပုံမျဉ်းများက သူမ အတွေးအတိုင်း ရေးထွင်းထား၏။
မျဉ်းတစ်ကြောင်းချင်းစီ နက်ရှိုင်းလာသည်နှင့်အမျှ သူမပတ်ဝန်းကျင်ရှိ မြင်ကွင်းသည် ပိုမိုမှုန်ဝါးလာပြီး ပုံပျက်ပန်းပျက် ဖြစ်လာသည်။
အိပ်မက်တစ်ခုလိုအလား။
"ဟူး..."
လီချင်းဟဲ အသက်ပြင်းပြင်း ရှူပြီး နဖူးမှချွေးများကို သုတ်လိုက်သည်။ မျက်နှာက ဖြူဖျော့သွားပုံမှာ အလွန်အင်မတန် ပင်ပန်းနေသည့် အတိုင်းပင်။
မှော်အခင်းအကျင်းတစ်ခုကို ထွင်းထုခြင်းက စိတ်စွမ်းအင်များစွာကို သုံးစွဲသည်။ ဤစိတ်အားထက်သန်သော ခင်းကျင်းမှုကို တပ်ဆင်ရတာကလည်း သူမ၏ စွမ်းရည် ကန့်သတ်ချက်သို့ ရောက်ရှိသွားခဲ့သည်။
"ဒီအစီအရင်မှာ ချို့ယွင်းချက်တွေ ရှိနေသေးတယ်....ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ နောက်ဆုံးတော့ ပြီးသွားပြီ... ကျန်တာအားလုံးက အစီအရင်မျက်လုံးကို တည်ဆောက်ဖို့ပဲ"
လီချင်းဟဲသည် အေးခဲနေသော ကြယ်ကျောက်တုံးကို ပွတ်သပ်ကာ သူမ၏လက်ကို မြှောက်ကာ လေထဲသို့ ပစ်ချလိုက်ပြီး သူမ၏ ခန္ဓာကိုယ်အတွင်းမှ ကြယ်စွမ်းအားများကို ဖြန့်ကျက်လိုက်သည်။
နောက်အခိုက်အတန့်တွင် လေထဲ၌ ကြယ်ကျောက်များ လွင့်ပျံသွားသည်။ ၎င်းတို့က ထောင့် လေးထောင့်နှင့် အရပ်ရှစ်မျက်နှာ တို့ကို မြဲမြံစွာ စောင့်ထိန်းသည်..။
ခဏကြာတော့ သူ့ပတ်ဝန်းကျင်က မြင်ကွင်းက ပုံပျက်ပန်းပျက်နဲ့ အိပ်မက်လို ဖြစ်လာ၏။ တစ်ခုတည်းသော အတွေးဖြင့် သူမသည် ထူးထူးဆန်းဆန်း နှင့် မှော်ဆန်သည့် မြင်ကွင်းမျိုးစုံအဖြစ် ပြောင်းလဲသွားနိုင်သည်။
ဤစိတ်အားထက်သန်သော အစီအရင်ထဲ ဖမ်းမိသော သာမန်လူတစ်ဦးဟာ ချက်ချင်း ပျောက်ဆုံးသွားလိမ့်မည်။
လီချင်းဟဲ၏ နှုတ်ခမ်းများက မထီမဲ့မြင်ပြုသော အပြုံးများဖြင့် ကွေးကောက်သွားသည်။
"ငါ့ရဲ့ ဒီအစီအရင်နဲ့ဆို နောက်ဖွားနယ်ပယ်က လူနည်းနည်းလောက်ကတော့ ငါ့ကို မတွေ့နိုင်တော့ဘူး!"