← Chapters

ဒီလူက မထိခိုက်သွားဘူးလား 7

Vol. 7 Ch. 99

ဒီလူက မထိခိုက်သွားဘူးလား 7

Vol. 7 Ch. 99

"ဒါက စိတ်ကူးယဉ် အစီအရင် အသေး​လေးတစ်ခုပဲ... ဆွဲထားတာကလည်း ကြမ်းထော်နေချက်!"

ဧရိယာတစ်ထဲက ချင်းယန်သည် ရှောင်ပိုင်ကို သူ့ရင်ခွင်ထဲတွင် ထည့်ထားပြီး လီချင်းဟဲ ထွင်းထုသည့် လုပ်ငန်းစဉ်တစ်ခုလုံးကို တိတ်တဆိတ် ကြည့်ရှုကာ သဘောမကျစွာ ခေါင်းခါလိုက်သည်။

ဒီကောင်မလေးက တကယ်ကို ဆန်းသစ်တီထွင်တဲ့ အရည်အချင်းတစ်ခု ရှိတာတော့ အမှန်ပင်။

ချင်းယန်သည် ၎င်း၏ စိတ်စွမ်းအားဖြင့် စေ့စေ့တွေးကြည့်ရုံမျှသာ ပေးခဲ့လေသည်။ ယခု မျက်လုံး မှိတ်ထားလိုက်ခြင်းဖြင့် ချို့ယွင်းချက်များစွာကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်​နေပြီ။

ပထမအချက်က အစီအရင် ပညာနှင့် ပတ်သက်၍ ဆိုးရွားသော ပြဿနာတစ်ခု ရှိသည်။ အစီအရင် ဖွဲ့စည်းမှုတွင် ထွင်းထုထားသော မျဉ်းများက နေရာအမျိုးမျိုး၌ ထူနေ၏။

ယင်းသည် အစီအရင် ဖွဲ့စည်းမှုမှတစ်ဆင့် ဝိညာဥ်စွမ်းအင်ကို အလွန်မတည်မငြိမ် စီးဆင်းစေပြီး ကြယ်ကျောက်များ၏ ဆုံးရှုံးမှုဝန်ကိုလည်း များစွာတိုးလာစေနိုင်သည်။

ဒုတိယမှာ လီချင်းဟဲ၏ စိတ်စွမ်းအင် သိုလှောင်မှုမှာလည်း မလုံလောက်သဖြင့် နောက်ဆုံး ရေးထွင်းထားသော ခင်းကျင်းမှုပုံစံ မပြည့်စုံသွားပေ။ ၎င်းက သက်ရောက်မှုကို များစွာ လျော့ကျသွားစေသည်။

"အလကားပဲ... ငါ့မှာသာ ဒီလိုကြယ်ကျောက်ရှိနေရင်... အကျိုးသက်ရောက်မှုက ဆယ်ဆ ဖြစ်သွားလိမ့်မယ်"

ချင်းယန် ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။

လီချင်းဟဲကတော့ ဒါကို တစ်ခါမှ စိတ်ကူးမယဉ်ဖူးလောက်ချေ။ ထိုအချိန်တွင် သူမပြောသမျှကို ချင်းယန်ဘက်က ကြားပြီးပြီဖြစ်သည်။

"ဒါပေမယ့် ကောင်းကွက်လည်း မကင်းပါဘူး"

လီချင်းဟဲ၏ အစီအရင် ခင်းကျင်းမှုပုံစံကို သူ့စိတ်စွမ်းအင်ဖြင့် အာရုံခံရင်း အနည်းငယ် ခေါင်းညိတ်ကာ ဤအနာဂတ် အစီအရင်ဂိုဏ်းဆရာ အဖြစ် လက်ခံကြောင်း ဖော်ပြလိုက်သည်။

အစီအရင်များကို ယေဘူယျအားဖြင့် အဆင့် ကိုးဆင့် ခွဲခြားထားသည်။ စိတ်ကူးယဉ် ပုံရိပ်ယောင်အစီအရင်သည် ဒုတိယအဆင့် ဖြစ်ပြီး နောက်ဖွားနယ်ပယ်များကို 90% အထိ အလွယ်တကူ လှည့်စားနိုင်သည်။

အချို့သော အထူးအခြေအနေများတွင် ၎င်းသည် ဉာဏ်စွမ်းအားနိမ့်ပါးသော အချို့သော မွေးရာပါနယ်ပယ်က သခင်များကိုပင် တိုက်ရိုက် ဖမ်းမိနိုင်ပြီး အဆင့်ဖြတ်တိုက်ပွဲကိုပင် အောင်မြင်နိုင်သည်။ ၎င်းတို့ဟာ ခင်းကျင်းထားခဲ့သော အိပ်မက်ဆိုး ငရဲ​​ကြီးထဲသို့ ကျရောက်သွားနိုင်သည်။

လီချင်းဟဲ၏ ခွန်အားကို ကြည့်လျှင် သူမသည် နောက်ဖွား နယ်ပယ်တွင်သာ ရှိသေးသော်လည်း ဒုတိယအဆင့် အစီအရင်တစ်ခုကို သတ်မှတ်နိုင်ခဲ့သဖြင့် သူမ၏ စိတ်စွမ်းအားသည် အထင်ကြီးစရာကောင်းကြောင်း သက်သေပြခဲ့သည်။

"အစီအရင်ဂိုဏ်းဆရာ တစ်ယောက်ကတော့ မျှော်လင့်ထားသလိုပဲ မဆိုးပါဘူး"

ချင်းယန် ပြုံးပြီး ရှောင်ပိုင်ရဲ့ အမြီးကို ပွတ်သပ်လိုက်သည်။

"သူမရဲ့ လက်ရှိအဆင့်မှာ သေချာပေါက်... အင်း.. သူမ နောက်ထပ် လေ့ကျင့်ဖို့ လိုသေးတယ်... ငါနဲ့ယှဥ်ရင် မင်းက ငါ့နောက်မှာ သန်းရာဂဏန်းလောက် ရှိသေးတယ်..."

"တာအိုအစီအရင်ရှင်းလင်းချက်" သည် လက်ရှိတွင် လေးနက်သော အစီအရင်များစွာကို မှတ်တမ်းတင်ထားပြီး ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံကာ အဆင့်၆ အထိ ရောက်ရှိသွားပြီပဲ ဖြစ်သည်။

ပြီးတော့ သူလက်ရှိပိုင်ဆိုင်ထားတဲ့ အစီအရင်တွေက အဆင့် ၅အထိ ပါ၀င်သည်။ သူ လက်ဝှေ့ရမ်းလိုက်ရုံနဲ့ ကြီးမားသော တောင်တန်းများနှင့် မြစ်များကို အလွယ်တကူ ထူထောင်နိုင်ပြီး တန်ခိုးအရှိဆုံး ဂိုဏ်းဆရာကိုပင် အခိုင်အမာ ဖမ်းဆုပ်နိုင်ခဲ့၏။

ပို၍လေးနက်သော လျှို့ဝှက်ချက်များ ပါဝင်သည့် ဆဋ္ဌမအဆင့်တွင် နည်းဥပဒေသများကို စွမ်းအားအပြည့်ဖြင့် ဖြည့်စွက်ပါက အစီအရင် ခင်းကျင်းတဲ့အခါ ပိုမိုလွယ်ကူသွားမည် ဖြစ်သည်။

ဒါပေမယ့် သူရဲ့ လက်ရှိ ဂိုဏ်းဆရာနယ်ပယ်ကိုပဲ အားကိုးမယ် ဆိုရင် နားလည်မှုဆိုတာ နည်းနည်းတော့ စိန်ခေါ်နေရမှာပါပဲ။

"ဒါပေမယ့် ဒါက ပြဿနာ မဟုတ်ဘူး... အဆင့်၅ အစီအရင်နဲ့တင် လုံလောက်နေပြီ"

လီချင်းဟဲ၏ ဖွဲ့စည်းမှုစွမ်းရည်ကို စုံစမ်းပြီးနောက် ချင်းယန် ဤအချက်ကို အခိုင်အမာ ဆုပ်ကိုင်ထားလိုက်သည်။ သူမခွန်အားမှာ ဒုတိယအဆင့် အစီအရင်ပညာရှင်သာ ဖြစ်သည်..။

အခြားတစ်ဖက်တွင်မူ သူသည် ပဉ္စမအဆင့် အစီအရင် ဖွဲ့စည်းမှုအားလုံးကို ကျွမ်းကျင်ပြီး ၎င်းထက် သိသာထင်ရှားသော အဆင့်တစ်ခုကို ရောက်နေပါပြီ။

သူမ မိမိကို ဘယ်လိုမှ မယှဥ်နိုင်ရာ ဘယ်လိုလုပ် အလွယ်တကူ လှည့်စားနိုင်ပါ့မလဲ!

……………………

စာကြည့်တိုက်ဧရိယာ ၂။

"ဟမ်~"

လီချင်းဟဲသည် သူ့အိတ်ကပ်ထဲက ကြယ်ကျောက်တုံး တေးသွားကို တီးခတ်ရင်း စာအုပ်စင်နားကနေ အေးအေးဆေးဆေး ထွက်လာခဲ့သည်။

နွေဦးလေညင်းလေးလို ရွှင်မြူးမှုအပြည့်နဲ့ ခုန်ပေါက်နေ၏။ ကြယ်ကျောက်စာ ရေးထွင်းခြင်း ပြီးစီးပြီးနောက် သူမ အလွန် စိတ်အားထက်သန်နေခဲ့သည်။ ထို့ကြောင့် ရင်ကော့ကာ လှည့်ပတ်ကြည့်ရင်း သူမ၏ ယုံကြည်မှုများ တိုးလာသည်။

သူမ၏ ခြေလှမ်းများပင် မတည်မငြိမ် ဖြစ်ချင်နေ၏။

"ငါက ငါ့အစ်ကိုတွေထက် ပို​တော်နေပြီ! ဒါတွေကို ငါ့ဘာသာ သင်ယူခဲ့တာ.. ငါ အရမ်းကြိုးစားတယ်... ငါက တကယ့် ဉာဏ်ကြီးရှင်ပဲ!"

ဒါကိုတွေးရင်း လီချင်းဟဲ စိတ်လှုပ်ရှားစွာနဲ့ သူမရဲ့ အိတ်ကပ်ထဲကို ကြယ်ကျောက်တုံးကို လက်ချောင်းတွေကြားကို ကစားနေလိုက်သည်။

အနီးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်တော့ စာအုပ်စင်တွေက တစ်စုံတစ်ယောက်ရဲ့ အရိပ်အယောင်မပြဘဲ လွတ်နေတာကို ရုတ်တရက် သတိထားမိလိုက်၏။

"အဲဒီချင်းမျိုးရိုးတော့ အချောင်ခိုပြန်ပြီ!"

ဒါကိုတွေးရင်း လီချင်းဟဲ ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ နေ့ခင်းတောင် မရောက်သေးသဖြင့် ပတ်ဝန်းကျင်တွင် လူများစွာ မရှိသောကြောင့် စိတ်ကူးယဉ် ပုံရိပ်ယောင်အစီအရင်၏ စွမ်းအားကို စမ်းသပ်ရန် အချိန်ကောင်းဖြစ်သည်။

"နင့်ကို အရင် စမ်းကြည့်ရအောင်.... အိပ်ရတာ အဲ့လောက် ကြိုက်နေမှတော့ ငါနင့်ကို အားဖြည့်ပေးလိုက်မယ်"

လီချင်းဟဲ ထောင့်တစ်နေရာသို့ ရောက်ရှိလာပြီး လက်နှစ်ချောင်းကို မြှောက်လိုက်သည်။ ကြယ်ကျောက်တုံးပေါင်းများစွာ လေထဲသို့ တက်လာသည်။

"သွားတော့!"

စကားဆုံးသည်နှင့် လှည့်ပတ်နေသော ကြယ်ကျောက်တုံးများသည် ဧရိယာတစ်၏ ထောင့်တိုင်းကို လျင်မြန်စွာ သိမ်းပိုက်ထားလိုက်သည်။

ထွင်းထုထားသည့် ခင်းကျင်းမှုပုံစံသည် ခပ်ဖျော့ဖျော့ မျဉ်းကြောင်းတစ်လျှောက် အဖြစ် ဖြည်းညှင်းစွာ စီးဆင်းသွားကာ ဧရိယာအတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နည်းဥပဒေသများကို လှုံ့ဆော်ပေးလိုက်သည်။

ဝူး!

အစီအရင် ဖွဲ့စည်းမှုက ချက်ချင်း အသက်ဝင်လာသည်။ တခဏအတွင်း ပတ်ဝန်းကျင်မြင်ကွင်းသည် ကြောက်မက်ဖွယ်ကောင်းသော စိတ်ကူးယဉ် ပုံရိပ်များအဖြစ်သို့ ပြောင်းလဲသွားသည်။ စာအုပ်စင် အတန်းများ ရုတ်တရက် မြင့်လာပြီး စာမျက်နှာများကြားမှ အသားနှင့် ပုံပျက်နေသော မျက်နှာများ အညှောင့်ပေါက်လာကာ လျင်မြန်စွာ ပွားများလာသည်။ ယှက်နွယ်နေသော အသားနံရံများ ဖြစ်ပေါ်လာကာ တုန်လှုပ်ချောက်ချားဖွယ် အော်သံများ ပဲ့တင်ထပ်လာ၏။

ဧရိယာတစ် တစ်ခုလုံးက ငရဲကြီးအလား။

…………………………

“ကျစ်… ဒီကလေးမတော့ စိတ်ရှုပ်စရာပဲ”

ချင်းယန်သည် ခုံတန်းလေးပေါ်တွင် ထိုင်နေခဲ့သည်။ ရှောင်ပိုင်ကို ခေါင်းအုံးအဖြစ် သုံး၍ နံရံကို မှီကာ အနားယူနေသဖြင့် မျက်လုံးများကို မှိတ်ထားသည်။ ထုံးစံအတိုင်း သူ့ပတ်ဝန်းကျင်က အခြေအနေကို သူသိပါသည်။ ကံအားလျော်စွာပဲ ဧရိယာတစ်မှာက လူသူ ကင်းမဲ့​နေခဲ့သည်။

ဒီလိုမှမဟုတ်ရင် အပြစ်မဲ့ပြည်သူတွေ ထိခိုက်ခံရရင် တကယ့်ဘေးဒုက္ခကြီး ဖြစ်သွားမှာ။ အချို့သော ရှက်ရွံ့တတ်သော ဧည့်သည်များသည် ပွဲချင်းပြီး သေသွားရတဲ့အထိ ကြောက်လန့်နေပေလိမ့်မည်။

"ထားလိုက်တော့ အနားမှာ ဘယ်သူမှမရှိဘူး ဆိုမှတော့ ကစားပါစေ.."

ချင်းယန် သမ်းဝေကာ တစ်ချက်လှည့်၍ သက်တောင့်သက်သာ အနေအထားသို့ ပြင်လိုက်၏။ ထို့နောက် အတွင်းစိတ်လောက ဉာဏ်အလင်းထဲတွင် ဆက်လက် နှစ်မြှုပ်နေခဲ့သည်။

သူ့ရဲ့ ထက်မြက်တဲ့ စိတ်ဓာတ်ခွန်အားနဲ့ ဒီလှည့်ကွက်လေးတွေကို တစ်ချက်ကြည့်လိုက်ရုံပင်။ အသုံးမဝင်သလို ကြောက်စရာမရှိပေ။

ဘယ်သွေးကန်နဲ့ အသားနံရံကမှ ခြောက်ခြားစရာ မရှိ။

……………

"ဟင်? ဒီချင်းမျိုးရိုးက ဘာလို့ မလှုပ်သေးတာလဲ"

စာအုပ်စင်နောက်ကွယ်တွင် ပုန်းနေသော လီချင်းဟဲမှာ စာအုပ်များကြားရှိ ကွက်လပ်များကိုဖြတ်၍ ချင်းယန်ကို တိတ်တဆိတ် အကဲခတ်နေရာမှ အံ့အားသင့်သွားခဲ့သည်။ အစီအရင်ကို အသက်သွင်းလိုက်ပြီးနောက် ယခုဆို မိနစ်အနည်းငယ် ကြာသွားပါပြီ။

ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် ချင်းယန် နိုးလာသင့်သည်။

သူဘာလို့မလှုပ်တာလဲ။ မိမိရဲ့ အစီအရင်က အသက်မဝင်တော့တာ ဖြစ်နိုင်လား။

ဒါကိုမြင်တော့ လီချင်းဟဲ ဝပ်တွားကာ ဧရိယာတစ်ထောင့်သို့ တိတ်တဆိတ် လျှောက်သွားကာ ကြယ်ကျောက်တုံးများကို စစ်ဆေးရန် လှမ်းလိုက်လေသည်။ လက်ဆန့်လိုက်တဲ့ အခိုက် နွေးထွေးသော ကြယ်စွမ်းအားများက သူမဆီ ပြန်လည် ပေးပို့လာခဲ့သည်။

ဤစိတ်အားထက်သန်သော အစီအရင်သည် ချောမွေ့စွာ လည်ပတ်နေပြီး တည်ငြိမ်စွာလုပ်ဆောင်နေဆဲ။ ပျက်စီးသွားတဲ့ လက္ခဏာမျိုး မပြလာချေ။

"ထူးဆန်းလိုက်တာ.. ဘာမှမမှားဘူး..."

လီချင်းဟဲ သူ့ခေါင်းကို ကုတ်လိုက်ပြီး မြေပြင်ပေါ်တွင် ငုတ်တုတ်ထိုင်ချလိုက်သည်။ လက်ရှိအချိန်၌ သူမမျက်နှာပေါ်တွင် ရှုပ်ထွေးနေသော အမူအရာတစ်ခု ပေါ်လာသည်။ အစီအရင်က အဆင်ပြေသလို သူ့ကိုယ်ပိုင် ကြယ်စွမ်းအင်ထွက်ရှိမှုကလည်း တည်ငြိမ်စွာ လည်ပတ်နေပါ၏။

ဒါနဲ့ဘာဖြစ်လို့လဲ...

ဒီချင်းမျိုးရိုးက လှုပ်တောင်မလှုပ်ဘူးလား။

"သူ အရမ်းအိပ်နေလို့များလား?!"

လီချင်းဟဲ စာအုပ်စင်နောက်ဘက်သို့ ပြန်သွားပြီး ချင်းယန်၏ လှုပ်ရှားမှုများကို ဆက်လက် စောင့်ကြည့်နေခဲ့သည်။

အချိန်တွေ ကုန်သွားပေမယ့် ချင်းယန်ကတော့ ခုံတန်းလျားမှာ ထိုင်နေပြီး သူ့ခေါင်းက နံရံကို မှီကာ မလှုပ်မယှက် ဖြစ်နေဆဲ။ သို့တိုင် သူ့ပတ်ဝန်းကျင်ရှိ ထင်ယောင်ထင်မှားများသည် ပိုမိုပြင်းထန်လာပြီး အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

လီချင်းဟဲသည် ချင်းယန်ကို စိုက်ကြည့်ရင်း သူ၏ လက်ရှိအခြေအနေများကို စိတ်ကူးယဉ်လုနီးပါး ဖြစ်နေ​ပြီ။

ပုံရိပ်ယောင်ထဲက ချင်းယန်ရဲ့ ခြေဖဝါးမှာ သွေးတွေ ထူထပ်နေပြီး သူ့နောက်မှာ ဖောင်းကားနေတဲ့ အသားနံရံကို မှီထားလေသည်။ စူးစူးဝါးဝါးအော်သံက သူ့နားထဲ ပဲ့တင်ထပ်သွားသည်။

ယုတ္တိနည်းအရတော့ သူ နိုးလာတာကြာပါပြီ။

ဒီလိုပတ်ဝန်းကျင်မျိုးမှာ ဘယ်လိုလု​ပ် အိပ်နိုင်မှာလဲ။

ထိုမြေခွေးလေးက ပို၍ပင် ဒေါသထွက်စရာ ကောင်းလောက်အောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပုံရသည်။

"ဒီနှစ်ယောက်က အစီအရင်ကြောင့် မထိခိုက်သွားဘူးလား"

ထိုအချိန်တွင် လီချင်းဟဲရဲ့ နှလုံးလည်း အနည်းငယ် ကြေကွဲသွားခဲ့သည်။

သူမ နားမလည်နိုင်ခဲ့ပါ။

ဒါပေမယ့် သူမ အရမ်းတုန်လှုပ်လာ၏။

"ဒီကောင်က သာမန်လူတစ်ယောက် ဆိုတာ ရှင်းပါတယ်!"

All Chapters