← Chapters

အိုဘုရားရေ! hostက အစီအရင်ဂိုဏ်းဆရာရဲ့ အစီအရင်ကို ချိုးဖျက်လိုက်ပြီ!

Vol. 7 Ch. 100

အိုဘုရားရေ! hostက အစီအရင်ဂိုဏ်းဆရာရဲ့ အစီအရင်ကို ချိုးဖျက်လိုက်ပြီ!

Vol. 7 Ch. 100

"မဖြစ်နိုင်ဘူး!"

"တစ်ခုခုတော့မှားနေပြီ!"

လီချင်းဟဲ သူ့မျက်ခုံးကို ပွတ်ရင်း သံသယဝင်လာသည်။

သိရမည်မှာ ဤအစီအရင်ကို ထူထောင်ရန် သူမ၏ စိတ်စွမ်းအင်အားလုံးကို သုံးစွဲခဲ့ရသည်။ ယုတ္တိဗေဒအရ မွေးရာပါနယ်ပယ်က သန်မာသူတစ်ယောက်ပင်လျှင် ၎င်းကြောင့် ရပ်တန့်သွားနိုင်သည်။

ဒါပေမယ့် အခု ပျော့ညံ့တဲ့ စီမံခန့်ခွဲသူကိုတောင် လှည့်စားလို့မရဘူးလား။

ဒါမဖြစ်သင့်ဘူး!

အစီအရင် ဖွဲ့စည်းမှုကို အောင်မြင်စွာ အသက်မသွင်းနိုင်ခဲ့ခြင်းကြောင့် ဖြစ်နိုင်လား။

လီချင်းဟဲ အစမှအဆုံးအထိ ပြန်တွေးပြီး အစီအရင် ဖွဲ့စည်းမှုပုံစံကို ရေးထွင်းခြင်း လုပ်ငန်းစဉ်ကိုပါ ပြန်လည် တွေးတောရင်း စိတ်ရှုပ်ထွေးသွားသည်။

"ရှေးခေတ် ကြယ်မြေပုံအတိုင်း ရေးပြီးပါပြီ... ကြယ်စွမ်းအင်ကလည်း ပုံမှန်အတိုင်း အလုပ်လုပ်နေတယ်..."

"လုပ်ကို လုပ်နိုင်ရမယ်လေ.."

သို့သော် ဒါကို သူမ တွေးနေတုန်း မျက်လုံးထောင့်ကနေ တစ်ချက်ကြည့်လိုက်တော့ ချင်ယန်က ခြေလှမ်းအသစ်တစ်ခုလုပ်လိုက်သလိုမျိုး အနည်းငယ် ငုတ်တုတ်ထထိုင်နေတာကို ရုတ်တရက် သတိထားမိလိုက်၏။

"ဟမ်? ရွှေ့တော့မှာလား?"

ဒါကိုမြင်လိုက်ရတော့မှ လီချင်းဟဲ အံ့အားသင့်သွားခဲ့သည်။ သူမ ဖုန်းကို အမြန်ဆွဲထုတ်ကာ ကင်မရာကိုဖွင့်ကာ စာအုပ်စင်ရှိ ကွက်လပ်ကိုဖြတ်၍ ချင်းယန်ကို ချိန်ရွယ်လိုက်သည်။

"ငါနင့်ကိုပြောနေတာ! အစီအရင်က အသက်သွင်းဖို့ နည်းနည်း နှေးသွားပုံရပဲ... အခုကမှ တကယ့်အစပဲ... ဟေ့ ဒါငါ့မှတ်တိုင်တစ်ခုပေါ့... ချင်းမျိုးရိုးရဲ့ ပုံဆိုးပန်းဆိုး ပုံတွေကို မှတ်တမ်းတင်ထားရမယ်"

သူမ ကင်မရာ၏ အသံဖမ်းမုဒ်ကိုလည်း အသက်သွင်းထားသည်။ လီချင်းဟဲ ဖုန်းကို လက်နှစ်ဘက်စလုံးဖြင့် တည်ငြိမ်စွာ ဆုပ်ကိုင်ထားပြီး မှန်ဘီလူးကို အကြိမ်များစွာ ချဲ့ကြည့်ကာ ထောင့်စွန်းရှိ ချင်းယန်ကို ရှင်းရှင်းလင်းလင်း ချိန်ထားလိုက်သည်။

ကင်မရာထဲမှ ချင်းယန်သည် နောက်သို့ လှည့်ကာ ခြေထောက်များကို ဖြည်းညှင်းစွာ ဆန့်လိုက်သည်။ သူ့အနေအထားကို ချိန်ညှိကာ မျက်လုံးများကိုမှိတ်လျက် လည်ပင်းတဝိုက်ရှိ မြေခွေးခေါင်းအုံးကိုလည်း ချိန်ညှိလိုက်သည်။

ပြီးနောက် တခြားဘာမှ မရှိတော့ပေ။ ချင်းယန်ဟာ သက်တောင့်သက်သာရှိသော အနေအထားသို့ ပြောင်းလဲသွားပြီးတဲ့အခါ ဘာမှမဖြစ်သကဲ့သို့ မလှုပ်မယှက် ဆက်လက်အိပ်နေခဲ့သည်။

တည်တည်ငြိမ်ငြိမ်ပင်။

"???"

စာအုပ်စင်နောက်ကွယ်က လီချင်းဟဲရဲ့ အပြုံးကြီး အေးခဲသွားပြီး နောက်ဆုံးတွင် ပါးစပ်ထောင့်များလည်း တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။ သူမ ကိုင်ထားတဲ့ ဖုန်းကိုတောင် ချလိုက်ပြီး တာအိုနှလုံးသားလည်း တဖန်တုန်ခါသွား၏။

သူ့ခြေထောက်တွေကို လှဲချလိုက်ပြီး ပြီးသွားရောလား?

ဒါပဲလား?

လီချင်းဟဲ ချင်းယန်ကို ကြည့်လိုက်ပြီးနောက် ထောင့်စွန်းတွင် လည်ပတ်နေသော အစီအရင်ကို ကြည့်ကာ ရုတ်တရတ် နှလုံးခုန်သွားသည်။

"ဘာတွေဖြစ်နေတာလဲ?"

………………

"သခင်! အပေါ်ကို လှန်ပြီး ကျွန်မအမြီးကို ဖိထားပြီ..."

ချင်းယန် လည်ပင်းနောက်ဘက်က မကျေနပ်ချက်ဖြင့် သူမမွေးမြီးကို လိမ်ကာ တိုးတိုးလေးရေရွတ်လေသည်။

"နေရာ​ပြောင်းမယ်.... နာတယ်!"

ယခုအခါ ချင်းယန့က သူမအား ရက်စက်သော ကိရိယာတစ်ခုမဖြစ်မှ အသားခေါင်းအုံးအဖြစ် အသုံးပြုထားလျက် ရှိသည်။ မြေခွေးခေါင်းအုံးကို နံရံနှင့် ကပ်ထားသည့် ကူရှင်အဖြစ် သူ့ခေါင်းနောက်တွင် ချထားခဲ့သည်။

"တောင့်ထား"

ချင်းယန် တည်ငြိမ်စွာပဲ ပြန်ပြောသည်။ သူသည် ရှောင်ပိုင်၏ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ပေါ်တွင် ခေါင်းအုံးထားလိုက်တဲ့အခိုက် နှစ်သိမ့်မှုနှင့် နူးညံ့မှုတို့ကို ခံစားလိုက်ရသည်။ သာမန် ခေါင်းအုံးထက်တောင် ပိုအဆင်ပြေသေး၏။

"သိပါပြီ..."

ဒါကိုကြားတော့ ရှောင်ပိုင်ခမျာ တိုးတိုးလေး ပြန်ပြောပြီး အသက်ကို ထိန်းထားရင်း စကားပြန်မပြောရဲတော့ပေ။ သခင်ဆိုတဲ့ တံစက်မြိတ်အောက်မှာ မြေခွေးတွေက နိမ့်ကျတဲ့ အနေအထားကို ကိုင်ထားကြရသည်။

ချင်းယန်၏ ပျော်ရွှင်မှုကို နှောင့်ယှက်မိမည်ကို စိုးရိမ်၍ မလှုပ်ရှားနိုင်တာကြောင့် ဝမ်းနည်းသွားခဲ့သည်။ အစီအရင် စတင်ချိန်မှစ၍ စိတ်ကူးယဉ် အသွင်သဏ္ဍာန်ကို သူမ သတိပြုမိခဲ့ပါပြီးသား။

သူမ လုပ်နိုင်တဲ့အရာတစ်ခုမှ မရှိ။ ဤဒုတိယအဆင့် အသွင်သဏ္ဌာန်ဖွဲ့စည်းပုံမှာ အလွန်နိမ့်ကျလွန်းပါသည်။

ထင်ယောင်ထင်မှား ဖြစ်စေသော ကျွမ်းကျင်သော မြေခွေးများ၏ မျက်လုံးများတွင် ယင်းသည် ပညာရှင်တစ်ဦး၏ ရှေ့မှောက်တွင် ဟာသလုပ်သလိုသာ ဖြစ်ရာ သခင်မျက်စိထဲမှာဆို ဘောင်ပင်ဝင်မည်မဟုတ်။

ချင်းယန်သည် ယခုလူကို လှည့်စားချင်ရုံသာဖြစ်သည်။

"အစီအရင်ကို ထူထောင်တဲ့လူက ဘယ်အချိန်မှာ ပြန်ဖျက်မှာလဲ မသိဘူး..."

ရှောင်ပိုင် မျက်လုံးများကို မှေးလျက် လီချင်းဟဲဘက်သို့ တိတ်တဆိတ် လှည့်ကြည့်လိုက်သည်။ သူမရောက်ရှိနေတာကို သတိထားမိတာ ကြာပြီ။ တစ်ချက် ကြည့်ပြီးနောက် မထိန်းနိုင်ဘဲ သက်ပြင်းချမိသည်။

ဖြစ်ချင်တော့ ဒီနတ်သမီးတောင်မှ သခင်ကို မလှည့်စားနိုင်ဘူးလေ။ မင်းလို လူသားတစ်ယောက်က ဘယ်လိုလုပ် တတ်နိုင်မှာလဲ?

………………….

ခဏအကြာ။

စာကြည့်တိုက်ဟာ တိတ်ဆိတ်ငြိမ်သက်​နေပြီး ၎င်း၏အငွေ့အသက်သည်လည်း ငြိမ်သက်မှုတွေထဲ အံဝင်ခွင်ကျ ဖြစ်​နေသည်။ သာယာနာပျော်ဖွယ် ဂီတသံက လေထဲတွင် ပျံ့လွင့်နေပြီး ပူနွေးသော နေ့လယ်ခင်း နေရောင်က ညင်သာစွာ ထွန်းလင်းတောက်ပနေသည်။

လီချင်းဟဲ စာအုပ်စင်ဘေးတွင် ထိုင်ချလိုက်ပြီး သူမ၏ လက်နှစ်ဖက်သည် ဒူးများကို ထောက်ထားရကာ လဲကျလုနီးပါး ဖြစ်နေသည်။ ချင်းယန်ကို အစီအရင်နဲ့ ဆေးထိုးထားသော်လည်း အလုပ်မဖြစ်။ သူမသည် ဦးနှောက်ဖောက်စားသည့် အပိုင်းတွင် ရှုံးနိမ့်နေပြီဖြစ်သော်လည်း ယခင်ပြဿနာအားလုံး၏ အဖြေကို မစဉ်းစားနိုင်ခဲ့ပေ။

"ဘာများ မှားနေတာလဲ..."

ဒါ​ပေမယ့်​ သူမ ​အော်​လိုက်​ချိန်၌ ရုတ်တရက် တည်ငြိမ်သော ခြေသံများစွာသည် ခန်းမအဝင်ဝတွင် ပဲ့တင်ထပ်နေပြီး တွတ်ထိုးရယ်မောသံများနှင့်အတူ ဧည့်သည်အနည်းငယ် ဧရိယာတစ်ဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။

"အိုး! တစ်ယောက်ယောက်လာနေပြီ!"

လီချင်းဟဲ နှလုံးခုန်သံများ ဆောင့်ခုန်သွားသည်။ အစီအရင်ကို ပြန်ဖျက်ဖို့ မေ့သွားခဲ့သည်။ ဤလူများစွာကို ထင်ယောင်ထင်မှားဖြစ်အောင် ဆွဲခေါ်သွားလျှင် အခြေအနေရဲ့ သဘောသဘာဝက လုံးဝ ပြောင်းလဲသွားလိမ့်မည်။ ၎င်းကြောင့် အထက်အရာရှိများ၏ အာရုံကို ဆွဲဆောင်မိမှာ သေချာ၏။

ကွဲလွဲမှုကို စုံစမ်းစစ်ဆေးလိုက်မည် ဆိုပါက အစီအရင် ဖွဲ့စည်းတည်ထောင်သူအနေဖြင့် သူမဟာလည်း ပတ်သက်ဆက်နွယ်နေပြီး ဖော်ထုတ်ခံရသည်။

"အစီအရင်ကို ချက်ချင်း ရပ်ရမယ်"

ဒါကိုတွေးပြီး လီချင်းဟဲ စိတ်တိုလာပြီး တခြားသူတွေ ထင်ယောင်ထင်မှားထဲကို မဝင်နိုင်အောင် ထောင့်စွန်းက ကြယ်ကျောက်ကို အမြန်ပြန်ယူလိုက်သည်။

ဗုန်း ဗုန်း!

ဆူညံသံများ ဆက်တိုက်ထွက်ပေါ်လာ၏။

ထောင့်ရှိ ကြယ်ကျောက်တုံးသည် လေးလံသော ခေတ်မီစက်ကြီးတစ်ခုကဲ့သို့ ဖြည်းဖြည်းချင်း တုံ့ပြန်ကာ အနည်းငယ် တုန်ခါသွားသည်။ အစီအရင်ဟာ အသက်သွင်းခြင်းနှင့် ပိတ်ခြင်း၌ အချိန်အတော်အတန် ကြာတတ်သည်။

ယခုမူ ဧည့်သည်များသည် ဧရိယာတစ်ထဲသို့ ရောက်ရှိသွားကြပြီဖြစ်ပြီး တစ်မိနစ်အတွင်း ၎င်းတို့သည် စိတ်အားထက်သန်သည့် ပုံရိပ်ယောင်အစီအရင်ထဲသို့ ဝင်ရောက်သွားတော့မည်ဖြစ်သည်။

"မြန်မြန်လုပ်စမ်းပါ..."

လီချင်းဟဲ မျက်နှာမှာ စိုးရိမ်စိတ်များဖြင့် ပြည့်နှက်လာသည်။ လက်ကို မြှောက်ကာ ကြယ်စွမ်းအင်ကို လွှတ်ထုတ်လိုက်မိသည်အား ချက်ချင်းပင် နောင်တရမိသည်။

သူသာ ချင်းယန်ကို မနှိုးဆော်ခဲ့ဘူးဆိုရင် ဒီအခြေအနေမျိုး ဘယ်လိုလုပ် အဆုံးသတ်သွားပါ့မလဲ။

အကြောင်းပြချက်မရှိဘဲ ထိုလူအတွက် ဘာကြောင့် စိတ်အနှောင့်အယှက် ဖြစ်​နေရတာလဲ!

လီချင်းဟဲ မျက်လုံးများ ပြူးသွားပြီး နောင်တရမှု တဟုန်ထိုး ခံစားလိုက်ရသည်။ ယခုမူ အပြင်ဘက်ရှိ ဧည့်သည်များက ဖြည်းဖြည်းချင်း နီးကပ်လာချေပြီ။ သူတို့၏ နူးညံ့သိမ်မွေ့သော ခြေလှမ်းများသည် ဟေးဒီးစ်၏ ဝိညာဉ်ခေါ် ခေါင်းလောင်းသံကဲ့သို့ပင် အရှိန်မပြင်းလှ။

နောက်ကျသွားပြီ!

"ဟူး... ဒီမိန်းကလေးရဲ့ လက်ရှိ အစီအရင် စွမ်းရည်က တကယ်ကို ချို့တဲ့နေတာပဲ... ပိတ်လိုက်တာတောင် နှေးကွေးနေလိုက်တာ"

ထောင့်တစ်နေရာက ချင်းယန်သည် လီချင်းဟဲ၏ ရှက်ရွံ့မှုကို ကြည့်ပြီး နောက်ဆုံးတွင် ရှောင်ပိုင်ကို ထမ်းလျက် ဖြည်းညှင်းစွာ မတ်တပ်ထရပ်လိုက်သည်။

ဤမိန်းကလေး အစီအရင် ပိတ်ပြီသည်အထိ စောင့်ပါက ဧည့်သည်များသည် အသွင်သဏ္ဌာန် လှည့်ဖြားမှုများစွာကို ခံကြရပေလိမ့်မည်။

အဲဒီအခါမှာ အစီအရင် ဖွဲ့စည်းမှုကို ပိတ်မလား၊ မပိတ်ဘူးလား ဆိုတာကတော့ ကိစ္စသေးသေးလေးပါ။ ဧည့်သည်အနည်းငယ်သာ ဧရိယာတစ်တွင် ရူးသွပ်သွားပါက၊ သူတာဝန်ယူထားသော ဧရိယာသည် ရူးသွပ်သွားပါက ၎င်းကသာ တကယ့်ပြဿနာ ဖြစ်လိမ့်မည်။

"ထားလိုက်တော့... အခုအစီအရင်ကို ပိတ်ဖို့က အရေးကြီးတယ်"

ပုခုံးပေါ်က ရှောင်ပိုင်ကို ထိန်းထားပြီး အခြေအနေကိုလည်း ထိန်းထားသည်။ လီချင်းဟဲ၏ အစီအရင် 'ဖွဲ့စည်းခြင်းကို ပိတ်ခြင်း' သည် သမားရိုးကျဖြစ်ပြီး နှေးကွေးလွန်းသည်။

ချင်းယန် ထောင့်နားသို့ လျင်မြန်စွာ လျှောက်သွားကာ မြေပြင်ပေါ်ရှိ ကြယ်ကျောက်တုံးကြီးကို ကြည့်လိုက်သည်။ သူ ၎င်းအတွင်းမှ သွေးကြောများကို သတိပြုမိသည်။ တာအိုအစီအရင်ရှင်းလင်းချက်ကို အားကိုး၍ အစီအရင် ဖွဲ့စည်းခြင်းကို ချိုးဖျက်ခဲ့သည်။ ထို့နောက် ကြယ်ကျောက်တုံးကို တိုက်ရိုက်ကောက်နှုတ်ပြီး ကျောက်တုံးပေါ်ရှိ လက်ချောင်းထိပ်များကို ပွတ်တိုက်ကာ ကြိမ်ဖန်များစွာ ပြုလုပ်ထားသော ပုံစံအတိုင်း ရုတ်သိမ်းလိုက်သည်။

ရွှင်း!

ခရမ်းရောင်လျှပ်စီးကြောင်းသည် ကျောက်တုံးတစ်ခွင်ကို ဖြတ်တောက်ကာ မျက်နှာပြင်ကို တစ်ချက်တည်းဖြင့် ချိုးဖျက်လိုက်သည်။

ကြယ်ကျောက်ဖွဲ့စည်းပုံ ပုံစံမှာ ချက်ချင်းပင် ဖရိုဖရဲဖြစ်လာပြီး ဖွဲ့စည်းမှုတစ်ခုလုံး၏ ကြယ်စွမ်းအား စီးဆင်းမှုကို အနှောင့်အယှက်ပေးသလို ဖြာထွက်သွားတာကြောင့် ကွင်းဆက်ဖွဲ့စည်းခြင်းရှိ ကြယ်ကျောက်များစွာ မှိန်သွားခဲ့သည်။

ဗုန်း!

အိပ်မက်လို အသွင်သဏ္ဌာန်များ ရုတ်တရက် ကွဲအက်သွားပြီး ဘာမှမဖြစ်ထားသကဲ့သို့ ပျော်ဝင်သွားသည် ။

"?!"

ကွဲအက်သွားသော အသံအား ကြားလိုက်ရသည်နှင့် ဖွဲ့စည်းခြင်းအား ပြန်လည် ရုပ်သိမ်းနေဆဲဖြစ်သော လီချင်းဟဲ တုန်လှုပ်သွားပြီး တုံ့ပြန်ရန် အချိန်ပင် မရှိလိုက်ပေ။

တစ်ချိန်တည်းမှာပင် ချင်းယန်၏ စိတ်ထဲတွင် ကာလကြာရှည် ပျောက်ဆုံးနေသော စနစ်ရဲ့ အသံက ပဲ့တင်ထပ်လာပြန်သည်။

"အို ဘုရားရေ... hostက အစီအရင်ဂိုဏ်းဆရာရဲ့ အစီအရင်ကို အလွယ်လေး ချိုးဖျက်လိုက်တာပဲ!"

All Chapters