လီချင်းဟဲ ညအချိန်ကြီး စာကြည့်တိုက် တတိယထပ်ကို ခိုးဝင်နေပြီ
Vol. 7 Ch. 102
"မင်းငါ့ကိုမေးနေတာလား"
လီချင်းဟဲ အံ့အားသင့်သွားပြီး ချင်းယန်၏ တန်ပြန်မေးခွန်းကြောင့် သတိမထားမိလိုက်ပေ။
ချင်းယန်: "ဟားဟား နောက်ကျသွားတဲ့သူက ဘယ်သူလဲ မမေ့နဲ့ဦး"
ချင်းယန် ရယ်မောလိုက်ပြီး ရှောင်ပိုင်ကို ပွေ့ချီကာ ခွေးခြေခုံမှ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ သူမကို နှိမ့်ချရန် အရပ်အမောင်း အားသာချက်ကိုပါ အသုံးချပစ်လိုက်သည်။
"အစီအရင် ဖွဲ့စည်းပုံတွေကို နားလည်တယ်... စာကြည့်တိုက်ထဲကို ဘာလို့ တိတ်တဆိတ် ခိုးဝင်လာတာလဲ... မင်းရဲ့ ရည်ရွယ်ချက်ကရော ဘာလဲ"
သူစကားပြောပြီးတာနဲ့ လီချင်းဟဲ ချက်ချင်းပင် စိတ်ရှုပ်ထွေးသွားရသည်။
"ငါ..."
ပါးစပ်ကို ဖွင့်လိုက်ပေမယ့် ချီတုံချတုံဖြစ်ပြီး စကားနည်းနည်းမှ မပြောနိုင်တော့ချေ။
ဒါကို ကိုယ်တိုင် ချေပရမှာလား။ အစီအရင် ဖွဲ့စည်းရေး ပုံကြမ်းကို လာခိုးတဲ့အကြောင်း ထုတ်ဖော်ပြရမှာလား။
"..."
ထိုအချိန်တွင် လီချင်းဟဲ စကားမပြောနိုင်တော့ပေ။ သူက အဝေးကို အမြန်ကြည့်လိုက်ပြီး။
"မင်း ငါ့အစီအရင်ကို ဘယ်လို ချိုးဖျက်လိုက်တာလဲ..."
"ဟား...."
ဒါကိုကြားတော့ ချင်းယန်က ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ချေ။ သူက ရှောင်ပိုင်ကို ထိန်းကိုင်လိုက်ပြီး။
"မင်းက အခုမှလူသစ်ဆိုတော့ များများလေ့ကျင့်လိုက်ဦး"
သူသည် ခုံတန်းမှ မတ်တတ်ထရပ်ကာ လီချင်းဟဲထံသို့ ဖြည်းညှင်းစွာ လျှောက်သွားကာ ခေါင်းကို ခါယမ်းပြလိုက်သည်။ မျက်လုံးကလည်း သူမကို အထင်အမြင်သေးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
ထို့နောက် ခုံတန်းလျားပေါ်တွင် ပြန်ထိုင်ကာ ဖုန်းပေါ်က သတင်းကို ဆက်လက် ရှာဖွေနေ၏။
"မင်း!"
ဒါကိုမြင်နေရတဲ့ လီချင်းဟဲရဲ့ မျက်နှာက နီမြန်းလာပြီး ဒေါသတကြီးနဲ့ ခြေထောက်ကို ဆောင့်နင်းပစ်လိုက်တော့သည်။
သူမသည် အစီအရင် ဖွဲ့စည်းမှုများထဲတွင် တာအိုနှလုံးသားကို မြှုပ်နှံထားပြီး သူမဘဝအဖြစ် သတ်မှတ်ထားသည်။ တခြားသူတွေ သူမကို ဘယ်လိုနည်းနဲ့မဆို စော်ကားနိုင်ပေမယ့် တာအိုအစီအရင်ကတော့ သူမရဲ့ အသက်ပါပဲ။ ယခုဆိုလျှင် ချင်းယန်ပြောသော စကားတိုင်းသည် သူမနှလုံးသားကို စူးစူးစိုက်စိုက် စိုက်ကြည့်နေမိသည်။
စကားလုံးတိုင်းက အိမ်ပြန်သွားခိုင်းနေသည့်အလား။
ပိုအရေးကြီးတာက မိမိမှာ တစ်ဖက်လူကို မတိုက်နိုင်ခဲ့ပေ။ ထိုစဥ် ခေါင်းငုံ့ကာ ချင်းယန် လက်နှစ်ဖက်ထဲက ရှောင်ပိုင်ကို သတိပြုမိသွားသည်။ လူနှင့် မြေခွေးတို့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်ကာ မျက်လုံးချင်း ဆုံနေကြသည်။
"ဟမ့် နင်က ဒီနတ်သမီးကို ဘာကြည့်နေတာလဲ"
ရှောင်ပိုင်သည် အစောတုန်းက ချင်းယန်ရဲ့ လုပ်ရပ်တွေကို အခုလေးတင် သတိရပြီး နားရွက်ကိုကုပ်ကာ အထင်အမြင်သေးစွာ ခေါင်းခါလိုက်ပါတော့၏။
ကဲ့ရဲ့ပြီးနောက် သူမက ချင်းယန်၏ လက်နှစ်ဖက်ထဲတွင် သူမမျက်နှာကို မြှုပ်ထားလိုက်သည်။
"…….."
ဒုတိယအကြိမ်မြောက် ဝေဖန်တိုက်ခိုက်မှု။
လီချင်းဟဲခမျာ ဒါကိုမြင်ပြီး စကားမပြောနိုင်တော့သလို သူမရဲ့ ခံစစ်တွေလည်း လုံးလုံး ကွဲသွားတော့၏။
မင်းရဲ့သခင်က ငါ့ကို ခေါင်းခါပြတာ ဟုတ်ပါပြီ။ မြေခွေးလေး မင်းကပါ ငါ့ကို ဒီလို အရှက်ခွဲနေတာလား။ ဒါ လွန်လွန်းတယ်။
"မင်းတို့! စောင့်နေလိုက်!"
သူမသည် ဒေါသတကြီးနှင့် အရှက်ကွဲကာ လှည့်ထွက်ပြေးသွားပြီး ချင်းယန်အား ရှုံ့မဲ့သောပုံစံဖြင့် ထားခဲ့သည်။ သူမ နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားလေ၏။
"သခင် ကျွန်မတို့ လွန်သွားပြီလား..အဲဒီလူသားကို ကြည့်ရတာ ငိုတော့မယ့်ပုံပဲ"
"အဆင်ပြေပါတယ် သူ့စိတ်က အဲ့လောက် မပျော့ဘူး... စိတ်မပူပါနဲ့"
လီချင်းဟဲ ပျောက်သွားတာကို ကြည့်ပြီး ချင်းယန် အေးအေးဆေးဆေးသာ ပြောလိုက်လိုက်။
စနစ်အရဆို နောင်နှစ်ပေါင်းငါးရာမှစပြီး သူမသည် သူမ၏ အမျိုးသမီးပုံစံဖြင့် ဦးဆောင်ဖွဲ့စည်းရေးသခင် ဖြစ်လာနိုင်သည်။ ဒါက သူမ၏ ဇွဲလုံ့လနှင့် အရည်အချင်း နှစ်ခုစလုံးမှာ ထူးခြားကြောင်း သက်သေပြနေ၏။ ပုံမှန်အားဖြင့် ဤအသေးအဖွဲ့ ကိစ္စများကြောင့် သူမ စိတ်ဓာတ်ကျနေလိမ့်မည် မဟုတ်ပေ။
အများဆုံး ခဏလောက် စိတ်ဓာတ်ကျပြီးရင် ရှေ့ကို ဆက်သွားနေပါလိမ့်မည်။ အခုလည်း သူ့စကားမှာ သူမကို နှိုးဆွဖို့ တွန်းအားတစ်ခုမျှသာ ဖြစ်သည်။
"ဒီကလေးမ မကြာခင်မှာ လှုပ်ရှားတော့မယ် ထင်တယ်"
ချင်းယန် သူ့စိတ်စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး လီချင်းဟဲအပေါ် ဖုံးအုပ်လိုက်ပါ၏။ သူသည် သူမ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသလို သူမ၏ အသံများကိုလည်း နားထောင်ကာ အေးအေးဆေးဆေး အနားယူနေလိုက်သည်။
…………
ခဏအကြာ။
စာကြည့်တိုက် ဧရိယာနှစ်၌။
"ဒေါသထွက်လိုက်တာ!"
"လွန်လွန်းတယ်!"
လီချင်းဟဲ စာအုပ်စင်ဘေးတွင် ရပ်ကာ နံရံကို မှီကာ လက်သီးများကို ကျစ်နေအောင် ဆုပ်ထားသည်။ အံကြိတ်ကာ ဧရိယာတစ်ဘက်ကို စိုက်ကြည့်ရင်း ရှက်လည်း ရှက်သလို ခံစားလာရသည်။
ချင်းယန်၏ စကားများသည် သူမကို စူးစူးဝါးဝါး ပေါက်ကွဲသွားစေပြီး လုံးလုံးလျားလျား တုန်လှုပ်သွားစေသည်။ လိမ်ညာတာ မနာကျင်ဘဲ အမှန်တရားကသာ နာကျင်စေလေ၏။
ပိုအရေးကြီးတာက သူမအရည်အချင်းက နိမ့်ကျနေတာမျိုး မဟုတ်တာတောင် ချင်းယန်နဲ့ လုံးဝ မယှဉ်နိုင်နေခဲ့။
"နင်က ငါ့ရဲ့အစီအရင်တွေက ညံ့တယ်လို့ ပြောတယ်ပေါ့လေ"
ဒါကိုတွေးရင်း လီချင်းဟဲသည် ဧရိယာနှစ်ထဲက ဖြည်းညှင်းစွာ ထွက်လာပြီး စာအုပ်စင်တန်းတွေကို ဖြတ်သွားသည်။ တစ်ဖန် ဒုတိယထပ်အဝင်ပေါက်ကို ဖြတ်သွား၏။
ကောင်းပြီ၊ ငါ့ရဲ့ အစီအရင်တွေက ညံ့တယ်လို့ နင်ပြောထားတယ်နော်?
ပြီးရင် အဲဒါတွေနဲ့ပဲ နင့်ကို ငါသေချာပေါက် အနိုင်ယူပြမယ်။
"ဒီည အစီအရင်တစ်သောင်းပုံကြမ်းကို ငါရအောင် ယူမယ်! အဲဒါကို လေ့လာပြီးရင် နင့်ကို သင်ခန်းစာတစ်ခု ဘယ်လို သင်ပေးမလဲ စောင့်ကြည့်နေလိုက်..."
တံခါးနားက ချင်းယန်မှာ အေးအေးဆေးဆေး နားထောင်ပြီးနောက် ဖုန်းကို ထုတ်ကာ မျက်လုံးကို အနည်းငယ် မှိတ်ထားလိုက်သည်။
"ဒီကောင်မလေးက တကယ် လှုပ်ရှားတော့မှာလား... အစီအရင်တစ်သောင်းပုံကြမ်းကို သိမ်းဖို့ပါ ကြိုးစားနေပြီပေါ့လေ..."
………………
ညရောက်သည့်အခါ ကောင်းကင်အထက်က ကြယ်များ တောက်ပစွာ ထွန်းလင်းလာ၏။
ကျန်းဟိုင်မြို့ စာကြည့်တိုက်ကတော့ ယခုအချိန်မှာ တိတ်ဆိတ်နေပါပြီ။ အပြင်ဘက်က ကြယ်ရောင်များဟာ ပြတင်းပေါက်များကို ဖြတ်ကာ စာအုပ်စင်တန်းများပေါ် ဖြာကျလျက်ရှိသည်။
သရဲလို အရိပ်တစ်ခုသည် မှောင်ရိပ်ကျနေသော လှေကားထစ်တစ်ခုမှ ထွက်လာပြီး ဒုတိယထပ် ဝင်ပေါက်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာနေသည်။
"နောက်ဆုံးတော့ ရောက်လာပြီ"
လီချင်းဟဲသည် သူမ၏ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနေခဲ့သည်။ သူမ၏ ချောမောလှပသော ရုပ်သွင်ကို ပြသထားသည့် သူမ၏ ညဝတ်ဂါဝန်ဖြင့် ရောက်လာရခြင်းပင်။
နာရီကြည့်ပြီးနောက် စာကြည့်တိုက်မှ မထွက်ရန် ရွေးချယ်ခဲ့သည်။ ယင်းအစား သူမသည် မိမိကိုယ်ကို ဖုံးကွယ်ရန်၊ ထောင့်တစ်နေရာတွင် ပုန်းအောင်းကာ ညဉ့်နက်သည်အထိ ထိုနေရာတွင် နေခဲ့သည်။
ဤနည်းအားဖြင့် သူမသည် အထဲကို ဖောက်ဝင်ရမယ့် ဒုက္ခမှ သူမကိုယ်သူမ ကယ်တင်နိုင်ခဲ့သည်။
"ဟုတ်ပြီ ပထမအတားအဆီးက ပြီးသွားပြီ... နောက်တစ်ခုက ဒုတိယထပ်ဝင်ပေါက်က အစောင့်ပဲ"
လီချင်းဟဲ အချိန်ကို တွက်ချက်ကာ အသက်ပြင်းပြင်းရှူလျက် ဒုတိယထပ်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားနေခဲ့သည်။ အစီအရင်ကို အသက်သွင်းရန် သူ့လက်ချောင်းထိပ်များကို မြှောက်လိုက်သည်နှင့် တပြိုင်နက်ပင် ထောင့်တိုင်းက ကြယ်ကျောက်တုံးများစွာဟာ အနည်းငယ်တုန်လှုပ်သွားပြီး သူမ၏ အတွေးများကို တုံ့ပြန်လာသည်။
တခဏအတွင်း စူးစူးရှရှ စူးစူးဝါးဝါး ထင်ယောင်ထင်မှား ပုံရိပ်များက ရေလှိုင်းများကဲ့သို့ ပျံ့နှံ့သွားပြီး အစီအရင်အတွင်းရှိ သက်ရှိသတ္တဝါအားလုံးရဲ့ စိတ်ကို ကွဲလွဲသွားစေသည်။
လီချင်းဟဲသည် ကြယ်ကျောက်တုံးများကို လှည့်ပတ်ကာ ကစားရင်း လေပြည်လေးအလား ဝင်ပေါက်မှတဆင့် လျှောက်လာခဲ့သည်။
တံခါးဝတွင် အစောင့်အကြပ် သုံးယောက်က မျက်မှောင်ကြုတ်ကာ ရုတ်တရက် မူးဝေသွားသည်။ နောက်တစ်စက္ကန့်တွင်တော့ သုံးယောက်စလုံး အလောင်းကောင်များနှင့် သွေးများ ဖုံးလွှမ်းနေသော ကမ္ဘာသို့ ခြေချမိသွားခဲ့ကြသည်။
ကြီးမားသော လှိုင်းလုံးကြီးများက ၎င်းတို့ဆီသို့ ရိုက်ခတ်လာသဖြင့် သေမတတ် ထိတ်လန့်သွားကြတာကြောင့် အသီးသီးက ခုခံရန် ဓားရှည်များကို အမြန်ဆွဲထုတ်ရင်း အံ့သြဖွယ်ကောင်းသော လောကတွင် ပိတ်မိသွားကြသည်။
"ရပြီ!"
ဒါကိုမြင်တော့ လီချင်းဟဲ စာအုပ်စင်များကြားတွင် အေးအေးလူလူ လမ်းလျှောက်ရင်း ရေရွတ်လိုက်၏။
"ဟဲဟဲ... ဒီသခင်မလေးက တော်တော် အထင်ကြီးစရာ ကောင်းတာပဲ"
လီချင်းဟဲ အစောင့်တပ်သားတွေရဲ့ မျက်နှာကို တစ်ချက်ကြည့်လိုက်သေးသည်။ သူတို့ဟာ မျက်လုံးများ မှိတ်ထားကာ တုန်လှုပ်ချောက်ချားသွားကာ အံ့သြဖွယ်ကမ္ဘာကြီးထဲတွင် ပျောက်ဆုံးနေပြီ ဖြစ်သည်။
တစ်နေ့တာအတွင်း သူမ ဆုံးရှုံးခဲ့ရတဲ့ ယုံကြည်မှုကို နောက်ဆုံးတော့ ဒီနေရာကနေ ပြန်လည်ရရှိခဲ့ပါ၏။
"ဟမ့် ငါ အစီအရင်တစ်သောင်းပုံကြမ်းကို ရတဲ့အထိစောင့်လိုက်စမ်းပါ... ပြီးရင်တော့ ချင်းမျိုးရိုးကို ငါဘယ်လောက် အစွမ်းထက်လဲဆိုတာကို ပြလိုက်မယ်!"
လီချင်းဟဲ ပြုံးလိုက်ပြီး မနေ့က ချင်းယန်ရဲ့ ကဲ့ရဲ့စကားကို ပြန်စဥ်းစားရင်း တတိယထပ်ကို ဖြည်းညှင်းစွာ လျှောက်သွားလေ၏။
သို့သော် သူမ ထွက်သွားပြီး စက္ကန့်ပိုင်းလောက် ကြာတဲ့အခါ ဒုတိယထပ်တံခါး၌ လူနှင့် မြေခွေးတစ်ကောင် ဖျတ်ကနဲ ပေါ်လာသည်။
"ဒါဆို သူပြောနေတဲ့ အစီအရင်တစ်သောင်းပုံကြမ်းက တတိယထပ်မှာလား..."
ချင်းယန် မေးစေ့ကို ပွတ်သပ်ပြီး အနီးနားက တိုက်ခိုက်ခံရတဲ့ စစ်သည်တွေကို ကြည့်လိုက်သည်။ သူတို့ ခဏအတွင်း နိုးလာမယ့်ပုံမပေါ်ချေ။
"သခင်... သူ တတိယထပ်မှာ ရှင်သန်နိုင်မယ်လို့ ထင်လား"
ရှောင်ပိုင် ချင်းယန်အနားတွင် ခြေဗလာဖြင့် ရပ်လိုက်ပြီး လေကို ရှူရှိုက်ရင်း စပ်စုချင်စိတ်နဲ့ မေးလိုက့သည်။
"အဲဒီအစှအရင် ဖွဲ့စည်းမှုအဆင့်က သူမတစ်ယောက်တည်း ကျော်လွှားနိုင်တဲ့ အရာလို့ မထင်ဘူး... တက်ကြည့်ရအောင်"
ချင်းယန် အေးအေးဆေးဆေး ပြောပြီး တတိယထပ်ကို လှမ်းကြည့်ကာ အေးအေးဆေးဆေး လမ်းသွားလျှောက်လိုက်သည်။