ဆေးလုံး ဖွဲ့တည်ပြီ
Vol. 7 Ch. 91
တိုက်ခန်းအငှား အခန်းအလယ်ရှိ ပရိဘောဂများကို ရှင်းလင်းပြီးတဲ့အခါ ကျယ်ဝန်းသော နေရာလွတ်တစ်ခု ထွက်လာခဲ့သည်။
ရိုးရှင်းသော အဂ္ဂိရတ်မီးဖိုကို ရှေးဟောင်းပုံစံဖြင့် ဒီဇိုင်းထုတ်ကာ အလယ်ဗဟိုတွင် နေရာချထား၏။ သားရဲမီးသည် ပူပြင်းစွာ တောက်လောင်နေသော မီးတောက်အဖြစ် အပူချိန် လျင်မြန်စွာ မြင့်တက်လာကာ မီးဖိုတစ်ခုလုံး ပူပြင်းလာသည်။
ရုတ်တရက် နေထွက်လာသလိုပင်။
လေထဲမှာ အငွေ့ပျံနေတဲ့ အသံကိုတောင် ဖျတ်ခနဲ ကြားနိုင်လောက်သည်။
"နှင်းကြာပန်း၊ ခရေပင်မှို၊ ကြေးမြက်ကျီ၊ ဝိညာဉ်ကျောက်နဲ့ ကျောက်တုံးချို....."
ချင်းယန်သည် "အံ့ဖွယ်ကောင်းကင်ဆေးကျမ်း" ထဲက ညွှန်ကြားချက်များအတိုင်း ဆေးပင်များကို တိတ်တဆိတ် ရွတ်ဆိုကာ ကြယ်လက်စွပ်ထဲက တစ်ခုပြီးတစ်ခု ထုတ်ယူကာ အိုးထဲသို့ ထည့်ပစ်လိုက်သည်။
လောင်မြိုက်နေသော ရေနွေးငွေ့များသည် မီးဖိုအဖုံးအနားမှ ပျံထွက်လာသည်။ အဖြူရောင်မီးခိုးငွေ့များက ဆေးအိုးတစ်ဝိုက်၌ တဖျပ်ဖျပ် လွင့်ပျံလာ၏။ ပါဝင်ပစ္စည်းများကို ပေါင်းထည့်လိုက်သည်နှင့်အမျှ အခန်းတွင်းက အပူချိန်သည်လည်း မီးတောင်ပတ်လည်ရှိ ဧရိယာနှင့် နှိုင်းယှဉ်ရလောက်အောင် ပိုမိုပြင်းထန်လာသည်။
ပူလိုက်!
ချင်းယန်သည် သူ၏နဖူးမှ ချွေးများကို သုတ်လိုက်ပြီး ထောင့်စွန်းကို တစ်ချက်ကြည့်လိုက်သည်။
ထိုအချိန်တွင် ထောင့်တွင် ရေးထွင်းထားသော ကြယ်ပုံစံများသည် ဒေါသတကြီး လှည့်ပတ်နေကာ တောက်ပနေသော ကြယ်ရောင်များကို ထုတ်လွှတ်ရင်း မီးဖိုချောင်တစ်ဝိုက်ရှိ ဧရိယာကို တင်းတင်းကျပ်ကျပ် ပိတ်လှောင်ထား၏။
ဤဖွဲ့စည်းပုံများသည် အပူကို စုပ်ယူပြီး အပြင်လောကကို ပြန့်ကျဲစေကာ ပြင်ပကမ္ဘာကို ထိခိုက်မသွားအောင်လည်း ကာကွယ်ပေးထားပါသည်။
"သခင် ပင်ပန်းသွားပြီ!"
ရှောင်ပိုင်သည် ချင်းယန်လက်ထဲမှ ပစ္စည်းများကို စူးစမ်းလေ့လာရင်း ချင်းယန်ကို ပန်ကာသေးသေးလေးဖြင့် အားပေးနေသည်။ သူမမျက်လုံးများကတော့ ဂနာမငြိမ်ဖြစ်ကာ တုန်လှုပ်နေခဲ့သည်။
သခင်က အဂ္ဂိရတ်ပညာမှာလည်း တကယ် ကျွမ်းကျင်တာလား။
အဂ္ဂိရတ် ဆရာသမားများသည် ဂုဏ်သိက္ခာကြီးမားသော ရာထူးကို ကိုင်စွဲထားကာ ကျင့်ကြံဖို့လည်း အလွန်ခက်ခဲကြောင်း သူမ ကြားဖူးသည်။
အဂ္ဂိရတ်ပညာ၌ ထူးချွန်သူများပင်လျှင် နေ့ရောညပါ လေ့ကျင့်ပြီး စစ်မှန်သော အဂ္ဂိရတ်ပညာကို မရရှိမီ မရေမတွက်နိုင်သော အဖိုးတန်မီးဖိုများကို ဖောက်ခွဲပစ်ခဲ့ရသည်။
ဒါပေမယ့် အခု ချင်းယန်ဟာ ယွမ် ၂၀၀ဖြင့် ဆေးအိုးတစ်လုံး ဝယ်ကာ တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်နေသူ တစ်ယောက်လို အိပ်နေတာပဲ ရှိသည်။
အခုချိန်မှာတော့ သူက အလေးအနက်ထား လုပ်ဆောင်နေပုံက တကယ်ကို လေးစားစရာကောင်းနေ၏။
ဒါပေမယ့် သူ့လိုလူတစ်ယောက်က အဂ္ဂိရတ်ဆေးလုံးကို ဘယ်လိုလုပ် ဖန်တီးနိုင်မှာလဲ။
"ဘာတွေတွေးနေတာလဲ ရှောင်ပိုင် အခုချက်ချင်း ငါ့နားက ထွက်သွား!"
ချင်းယန် တင်းတင်းမာမာ အော်လိုက်ပြီး ရှောင်ပိုင်ကို လက်တွေ့ဘဝသို့ ချက်ချင်းပြန်ပို့လိုက်သည်။
"ဟုတ်ကဲ့ပါ သခင်!"
ရှောင်ပိုင် တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး ချင်းယန်အတွက် နေရာဖယ်ပေးလိုက်သည်။ ယခု အဂ္ဂိရတ်အဆင့်တွင် အမှားအယွင်းတွေ ဖြစ်သွားလို့ မဖြစ်ချေ။ မီးဖိုတစ်ခု မီးလောင်သွားပါက ပစ္စည်းအားလုံး ဆုံးရှုံးသွားမည် ဖြစ်ကာ ဆိုးရွားတဲ့ ဆုံးရှုံးမှုကြီး ဖြစ်သွားလိမ့်မည်။
"ဒါက ပိုက်ဆံပဲ..."
ဒါကိုတွေးပြီး ချင်းယန်ရဲ့မျက်နှာက ရှားရှားပါးပါး လေးနက်တဲ့ အမူအရာမျိုး ပေါ်လာသည်။ သူသည် မီးဖိုအနား ဖြည်းညှင်းစွာ ချဉ်းကပ်လာပြီး အဂ္ဂိရတ်မီးနှင့် ချိတ်ဆက်ရန် စိတ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။
ဝူး!
မီးဖို၏အောက်ခြေရှိ မီးသည် ပြင်းထန်စွာ လောင်ကျွမ်းလျက် ရှိ၏။ တစ်ခါတစ်ရံ တကျီကျီနှင့်၊ တစ်ခါတစ်ရံ မီးမှိန်သွားတတ်သည်၊ ၎င်းက သူ၏ အတွေးများအတိုင်း အတိအကျ ပြောင်းလဲနေသည်။
အခိုက်အတန့်တစ်ခုစီတွင် အပူချိန် အမှားအယွင်းသည် တစ်မီလီမီတာ၏ တစ်စွန်းတစ်စအတွင်း ရှိနေသည်။ ချင်းယန်သည် အာရုံစူးစိုက်မှုကို အပြင်းအထန် ကြိုးစားပြီး သူ့ရဲ့ စိတ်စွမ်းအားက မီးဖိုအမိုးကို ဖုံးအုပ်ထားကာ အတွင်းထဲက အပြောင်းအလဲတွေကို အမြဲစောင့်ကြည့်နေ၏။
တခဏအတွင်း စုပ်ယူထားသော ပစ္စည်းများ၏ အနှစ်သာရကို အောက်ခြေမှ ထုတ်ယူပြီး အညစ်အကြေးများ အငွေ့ပျံသွားကာ အဖြူရောင် မီးခိုးလုံးများ ပျောက်ကွယ်သွားသည်။
ကျောက်စိမ်းအရည်များက အိုးထဲတွင် တဖြည်းဖြည်း စုစည်းကာ အဂ္ဂိရတ်ဆေး အဖြစ်သို့ ပေါင်းစပ်သွားခဲ့သည်။
"ပြီးပြီ!"
ချင်းယန် အလွန်ဝမ်းသာသွားသည်။ သူ့လက်ကောက်ဝတ်ကို လှန်၍ အပူချိန်ကို လျှော့ချပစ်လိုက်ပြီး ပြီးဆုံးအောင် ထိန်းချုပ်ကာ အဂ္ဂိရတ်ဆေးကို ထုတ်ယူရန် မီးဖိုကို စိတ်အားထက်သန်စွာ ဖွင့်လိုက်သည်။
သူ့လက်ထဲတွင် ဆေးလုံးကြီးသုံးလုံး ပေါ်လာသည်။ တောက်ယွင်ဆေးလုံး၏ ရနံ့သည် နှာခေါင်းထဲ ပြည့်လျှံသွားအောင် ရှူသွင်းလိုက်ရုံဖြင့် အာရုံများကို လန်းဆန်းစေပြီး ပင်ပန်းနွမ်းနယ်မှု အားလုံးကို ဖယ်ရှားပေးနိုင်သည်။
"မွှေးလိုက်တာ!"
လန်းဆန်းသော ဆေးရနံ့ကို လိုက်ရှာရင်း ရှောင်ပိုငိနှာခေါင်း လှုပ်ယမ်းသွားသည်။ သူမက ချက်ချင်းဆိုသလို အနားကို လျှောဆင်းပြီး ခင်မင်မှုကို သစ္စာစောင့်သိတဲ့ အကောင်ပေါက်လေးလို ချင်းယန်ကို လေထဲမှာပဲ သိုင်းဖက်ထားလိုက်သည်။
"သခင်! ကျွန်မ ဆေးစမ်းဖို့ ဆန္ဒရှိတယ်!!"
ချင်းယန် စကားမပြောဘဲ ရှောင်ပိုင်ရဲ့ အမြီးကို ကြည့်ဖို့ပဲ ခေါင်းကို ငုံ့ထားလိုက်ပါ၏။ ၎င်းရဲ့ အမြီးမှာ လှုပ်လုမတတ်ဖြစ်နေပြီ။
ဒီမြေခွေးလေးက အမြဲတမ်း ဒရာမာတွေနဲ့ ပြည့်နေတာပဲ!
ငါ့ကို လာဟန်ဆောင်ပြနေတာလား?
သူမ လာမတောင်းရင်တောင် ဤဝိညာဉ်အာရုံခံ ဆေးသုံးလုံးကို သူမအတွက် ပြုလုပ်ထားခြင်း ဖြစ်သည်။ ဒီဆေးလုံးတွေဟာ သူမဝိညာဉ်စွမ်းအားကို သိသိသာသာ တိုးတက်စေနိုင်သည်။ ရှောင်ပိုင်က သူ့ရဲ့ အိမ်မွေးတိရစ္ဆာန်ဖြစ်သောကြောင့် သူမခွန်အားကို မြှင့်တင်ထားဖို့လည်း လိုအပ်ပါသည်။
"တစ်လုံးပဲ ရမယ်! ပါးစပ်ဟ"
ချင်းယန် သူမရဲ့ပါးစပ်ထဲကို ထည့်ဖို့လုပ်တော့မှာ ဖြစ်ပေမယ့် ရှောင်ပိုင်မှာ စမ်းကြည့်ဖို့ စိတ်အားထက်သန်လွန်းနေပြီး သူ့ရဲ့လက်ချောင်းတွေကိုပါ ပါးစပ်ထဲ တိုက်ရိုက် စုပ်ယူပစ်လိုက်သည်။
ပူနွေးစိုစွတ်သော အတွင်းနံရံများက ကျုံ့သွားစဥ် လက်ချောင်းတွေက တင်းကျပ်လာသည်။
"သောက်ကျိုးနည်း!"
ချင်းယန် အံ့အားသင့်သွားသည်။ ရှောင်ပိုင် ပါးစပ်ထဲမှ သူ့လက်ချောင်းကို အမြန်ဆွဲထုတ်လိုက်တဲ့အခါ ပြောင်လက်နေသော တံတွေးစီးကြောင်းက ကျဆင်းလာ၏။ ချင်းယန် ၎င်းတို့ကို သူမအမြီးပေါ် လိမ်းကျံပစ်လိုက်သည်။
ရွံစရာကြီး!
"ဟီးဟီး..."
ရှောင်ပိုင်ကတော့ ရှက်ရွံ့စွာ ပြုံးလိုက်ပြီး သူမရဲ့ နှုတ်ခမ်းတွေကို ပန်းနုရောင် လျှာနဲ့ လျှက်ပြလိုက်သည်။
'ဟမ် နင်ငါ့ကို အနိုင်ကျင့်ချင်သေးလား....'
သူမ ခေါင်းကို နောက်ပြန်စောင်းပြီး ဆေးလုံးရဲ့ အာနိသင်အပေါ် အာရုံစူးစိုက်ထားလိုက်သည်။
"ငါ့ကို လှောင်နေတာလား?"
တစ်ဖက်မှာမူ ချင်းယန်သည် ရှောင်ပိုင် ဆေးသောက်ရမယ့်အချိန်ကို ဉာဏ်နဲ့တွက်ချက်နေသည်။ သူက ဆိုဖာပေါ် ရိုးရိုးလေး ပြန်လှဲလိုက်ပြီး ဆေးရဲ့ အာနိသင်ကို စိတ်ရှည်ရှည်နဲ့ စောင့်နေလိုပ်၏။
ရှောင်ပိုင်လည်း ဆေးကို မျိုချလိုက်ပြီးနောက် ချင်းယန်နှင့် အလှမ်းဝေးသော ထောင့်တစ်နေရာသို့ ပြေးသွားကာ တစ်ယောက်တည်း အတွေ့အကြုံကို ခံစားလိုက်သည်။
နောက်အခိုက်တွင် ဆေးလုံးက သူမအစာအိမ်ထဲသို့ ဝင်လာသည်နှင့်အမျှ ပူနွေးသော လျှပ်စီးကြောင်းက သူမဝမ်းဗိုက်မှ ဖြာထွက်ကာ သူမ၏ ခြေလက်များနှင့် အရိုးများအထိ စီးဆင်းသွားတာကို ခံစားလိုက်ရသည်။
ကြည်နူးစရာကောင်းသော ခံစားမှုများက သူမခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။ ထူးထူးခြားခြား ပျော်ရွှင်နေတဲ့ ခံစားချက်က စိမ့်စမ်းချောင်း၊ နွေဦးလေပြေနှင့် မိုးဖွဲဖွဲလေးတွေကြား ပတ်ပြေးနေရသလိုပင်။
ဒါပေမယ့် အဲဒါကို ပျော်နေရမယ့် အချိန် မဟုတ်သေးကြောင်း သူမ သိပါသေးသည်။
ခံစားမှုသည် ရေလွှမ်းမိုးလိုက်သလို ဖြည်းဖြည်းချင်းမှတစ်ဆင့် လျင်မြန်စွာ စုပ်ယူလိုက်သည်။ ဝိညာဉ်စွမ်းအင်များက သူမ ခန္ဓာကိုယ်တစ်ခုလုံးရှိ အာရုံကြောများကို အဆက်မပြတ် ရိုက်ခတ်ကာ ပျော်ရွှင်မှုကို အထွတ်အထိပ်ဆီသို့ တွန်းပို့ပေးလာသည်။
"ဟမ်..."
ရှောင်ပိုင် ညင်ညင်သာသာ မောဟိုက်နေပြီး မြေပြင်ပေါ်သို့ လဲကျလုမတတ် ခြေထောက်များက ထော့နဲ့ ထော့နဲ့ ဖြစ်လာကာ မျက်လုံးများကလည်း မှုန်ဝါးနေသည်။ သူမ၏ သေးသွယ်သော ခန္ဓာကိုယ်သည် တုန်တုန်ယင်ယင်ဖြစ်ကာ တံတွေးများက သူမပါးစပ်ထောင့်မှ မသိစိတ်အလျောက် ယိုကျလာသည်။
အာရုံငါးပါးလုံးကို ကျယ်စေသော အာရုံခံဆေးကတော့ အလွန် အစွမ်းထက်ပေ၏။ ပထမဆုံး သုံးလိုက်ချိန်မှာတောင် ကောင်းကင်ဘုံ တက်သွားသလို ခံစားရစေသည်။
"မဆိုးပါဘူး..."
ချင်းယန် ဆိုဖာပေါ်တွင် သက်တောင့်သက်သာ လှဲလျက် သူ့ခြေထောက်များကို ကွေးထားသည်။ ရှောင်ပိုင်တစ်ယောက် ကြမ်းပြင်ပေါ်မှာ မတ်တပ်ပင် မရပ်နိုင်ဘဲ တုန်လှုပ်နေသည်ကို ကြည့်နေပုံက တကယ့်ကို ရင်သပ်ရှုမောစရာ မြင်ကွင်းတစ်ခုအလား။
ခဏအကြာမှာမှ အဂ္ဂိရတ်ဆေး၏ အကျိုးသက်ရောက်မှုများ မှေးမှိန်သွား၏။
ရှောင်ပိုင်သည် မျက်လုံးများက မှုန်ဝါးနေဆဲ ဖြစ်တာကြောင့် ချင်းယန်ဆီသို့ ဖြည်းညှင်းစွာ တွားသွားနေရသည်။ သူမသည် ချင်းယန်ရဲ့ ဘောင်းဘီချည်သားကို ဆုပ်ကိုင်လိုက်ပြီး တုန်တုန်ယင်ယင်ဖြင့်။
“သခင်… သခင်… နောက်တစ်လုံးလောက်…”
သူ့အသက်ရှုသံက အားနည်းလွန်းလို့ စကားတောင် ဆုံးအောင် မပြောနိုင်ပေ။
"လိုချင်သေးတာလား?"
ချင်းယန် ပြုံးလိုက်သည်။ ရှောင်ပိုင်ခေါင်းကို ပွတ်သပ်ကာ သူမ၏ ပျော့ပျောင်းသော မျက်နှာလေးကို ဆုပ်ကိုင်လိုက်ပြီး နီမြန်းနေသော အသားအရေကို သဘောကျလာသည်။
"ဟမ်..."
"အရင်စဉ်းစားလိုက်ဦးမယ်"
"?"
"ဟိုဘက်သွား... လာတွန်းမနေနဲ့"
ချင်းယန် မတ်တပ်ရပ်လိုက်ပြီး နောက်ပြန် လှည့်မကြည့်ဘဲ အဂ္ဂိရတ်မီးဖိုဆီသို့ လျှောက်သွားသည်။
"နောက်ထပ် စားချင်ရင်တော့ မင်းရဲ့စွမ်းဆောင်ရည်ကို ကြည့်ရမှာပဲ.."
ရှောင်ပိုင် ကြမ်းပြင်ပေါ် လဲကျသွားပြီး မျက်နှာကျက်ကိုသာ အားကိုးတကြီး စိုက်ကြည့်နိုင်တော့သည်။ သူ့ဆံပင်တွေ စိုစွတ်ကာ ရင်ဘတ်က အနည်းငယ် ဖောင်းနေသည်။ ချင်းယန်ကို အမှီလိုက်ဖို့ သူမမှာ အင်အားတောင် မရှိတော့ပါ။
……………
မီးဖိုအနားသို့ ထပ်မံ ချဉ်းကပ်လာရင်း ချင်းယန် ကြယ်လက်စွပ်ထဲမှ ပါဝင်ပစ္စည်းများကို ဆက်လက် ထုတ်ယူနေခဲ့သည်။ နောက်တစ်ကြိမ် စတင် သန့်စင်တော့မည်။
ယခင်သန့်စင်မှု အတွေ့အကြုံကြောင့် ဤလုပ်ငန်းစဉ်သည် သဘာဝကျကျ လုပ်နေရသလို ခံစားနေရပြီမို့ အဂ္ဂိရတ်သန့်စင်နည်း တစ်ခုလုံးကို ကျွမ်းကျင်နေပြီ ဖြစ်သည်။
"ဒီတစ်ခါ အဆင့်နိမ့်တဲ့ တစ်ခုခု သန့်စင်ကြည့်ရအောင်... ဟွမ့်ယွမ်ဆေးလုံး တစ်သုတ်နဲ့ စလိုက်ရအောင်"
ဆေးပင်များကို ထုတ်ယူပြီးတာနဲ့ မီးဖိုကို မီးညှိပြီး ဆေးအရည်ပျော်စေရန် ပါဝင်ပစ္စည်းများကို ထည့်လိုက်သည်။ လုပ်ငန်းစဉ် တစ်ခုလုံးကို တစ်ချက်တည်း အားစိုက်ထုတ်ပြီး သဘာဝကျကျနဲ့ သန့်စင်နေခဲ့ရာ သိပ်မကြာခင်မှာပဲ ဆေးလုံးအသစ် တစ်သုတ် အဆင်သင့် ဖြစ်လာခဲ့သည်။
မီးဖိုကိုဖွင့်ပြီး ဆေးလုံးများကို ထုတ်ကာ ဟွမ့်သွမ်ဆေးများ၏ အရည်အသွေးကို သေချာစစ်ဆေးကြည့်လိုက်သည်။ ၎င်းတို့သည် လက်သည်းခွံ အရွယ်အစား အလုံးလေးတွေ ဖြစ်ကာ စာလုံးပုံစံများဖြင့် ဖုံးအုပ်ထားသည့် ထိပ်တန်းအရည်အသွေး ဆေးလုံးများဖြစ်သည်။
"မဆိုးပါဘူး ဟွမ့်ယွမ်ဆေးလုံးက နောက်ဖွားနယ်ပယ် စစ်သည်တစ်ယောက်ရဲ့ ကျင့်ကြံမှုကိုတော့ တိုးတက်အောင် ကူညီပေးနိုင်ပါတယ်.."
ဒါက ရှဟဲအတွက် သူ သန့်စင်ပေးခဲ့တာ ဖြစ်လေသည်။ တကယ်တော့ အဲဒီကောင်က ပါးစပ်ဆိုးပေမယ့် သူက သူ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်နေတုန်းပင်။
ယခု သူသည် ကြယ်သိုင်းရဲစခန်းက ရဲဌာနသို့ ဝင်ရောက်ခဲ့ပြီးပြီ။ သူ၏ အကန့်အသတ်ဖြင့် ကျင့်ကြံမှုနဲ့ဆို အချိန်မရွေး သူ့အသက်ကို ဆုံးရှုံးရနိုင်သည်။
သူ့ကို ငယ်ငယ်ရွယ်ရွယ်နဲ့တော့ မသေစေချင်သေးချေ။