လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် အရိပ်တစ်ခု
Vol. 7 Ch. 89
ချင်းယန်သည် စမ်းချောင်းအနားက ကမ်းပေါ်၌ ထိုင်ချလိုက်ပြီး သူ့လက်ဖဝါးမှ သွေးများကို ဂရုတစိုက် ဆေးကြောလိုက်သည်။ ရုတ်တရက်ပင် သစ်ရွက်လေးများ တုန်လှုပ်သွားသည်။ နောက်ပြန် လှည့်ကြည့်လိုက်တော့ မြေခွေးတစ်ကောင် သူ့ဆီ ပြေးလာနေတာ တွေ့လိုက်ရ၏။
သားရဲကျွန်နှင့် သူ့သခင်ဟာ အံ့ဖွယ် ကြိုးတစ်ချောင်းနဲ့ ဆက်သွယ်ထားသလိုပင် မိုင်ထောင်ချီ ဝေးကွာသော်လည်း သူမသည် ချင်းယန်၏တည်နေရာကို အလွယ်တကူ ရောက်ရှိနိုင်သည်။
"သခင်... ကျွန်မ ပြန်လာပြီ!"
ရှောင်ပိုင်သည် ချင်းယန်ဘက်သို့ ပြေးသွားပြီး စိတ်လှုပ်ရှားစွာ ခုန်ပေါက်လိုက်သည်။
"အစောကြီး ပြန်ရောက်လာပြီလား?"
ချင်းယန်သည် စိတ်လှုပ်ရှားနေသော ရှောင်ပိုင်ကို ကြည့်ကာ စိုစွတ်နေသော လက်များကို ငုံ့ကြည့်သည်။
ဒီကလေးမ အချိန်မီရောက်လာတာပဲ။ သူ လက်သုတ်ပုဝါတစ်ထည် လိုနေတာ ကွက်တိ ဖြစ်သွားတယ်။
"ဒီနားကိုလာ ရှောင်ပိုင်!"
"ဘာလုပ်ဖို့ကြိုးစားနေတာလဲ သခင်... ကျွန်မကို အနိုင်ကျင့်တာ ရပ်လိုက်ပါတော့..."
စိတ်ကောင်း စေတနာကောင်းဖြင့် ချင်းယန်၏ခြေသလုံး ကြွက်သားကို ပွတ်သပ်ရန် ကြိုးစားရင်း သတိကြီးစွာ ချဉ်းကပ်လာစဉ် သူမမျက်လုံးများထဲ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
ဒါပေမယ့် ခြေလှမ်းအနည်းငယ် နီးကပ်လာပြီးနောက် သူ့လက်ကြီးတွေက သူမရဲ့ အမွေးအမြီးတွေကို ဖမ်းကိုင်လိုက်ပြီး သက်သက်မဲ့ ညှဉ်းပန်းနှိပ်စက်နေသလို သူ့လက်တွေကို ခြောက်ဖို့ လက်သုတ်ပဝါအဖြစ် သုံးပစ်တော့သည်။
"အား!"
ရှောင်ပိုင်သည် ချင်းယန်၏ ဆုပ်ကိုင်မှုထဲမှ လွတ်မြောက်ဖို့ ပြင်းပြင်းထန်ထန် ရုန်းကန်ခဲ့ရပေမယ့် သူမ၏ နူးညံ့သိမ်မွေ့ပြီး အရိုးမဲ့ ခန္ဓာကိုယ်ရဲ့ နေရာအမျိုးမျိုးကို ခြယ်လှယ်ခံထားရသည်။ သို့သော် စကားမပြောရန် ငြင်းဆန်ရင်း ပါးပြင်ကို ပွတ်သပ်ခံလိုက်ရသည်။
ဒီလူက ဒီလိုလုပ်ဝံ့လိုက်တာ!
လွန်လွန်းတယ်!
ဒီနတ်သမီးရဲ့ ဂုဏ်သိက္ခာကို မလေးစားဘူး။
ခဏအတွင်း သူမရဲ့အမြီးပါ ရွှဲရွှဲစိုသွားခဲ့သည်။
"အဆင်ပြေသွားပြီ"
သူ့လက်ကို ဆေးကြောသန့်စင်ပြီးနောက် ချင်းယန် ရှောင်ပိုင်ကို လွှတ်လိုက်ပြီး မြေပြင်ပေါ် ပြန်ပစ်ချလိုက်သည်။
“သူထွက်သွားပြီလား” ဟု ကျေနပ်စွာ မေးလိုက်သည်။
"သွားပြီ...."
ရှောင်ပိုင် ခြေလေးချောင်းဖြင့် ဆင်းသက်ကာ သူ့သားမွေးများကို လျှက်ရန် ခေါင်းကိုလိမ်လိုက်သော်လည်း ရေများ ကုန်သွားစေရန် ရွံရှာစွာသာ လှုပ်ယမ်းပစ်လိုက်သည်။
"သူ နိုးလာတာတွေ့တော့ ကျွန်မလည်း ပုန်းနေလိုက်တယ်...သခင်က ကိုယ်ပိုင်လက္ခဏာကို မဖော်ပြချင်ဘူးလား"
ဒါကိုကြားတော့ ချင်းယန်က အနည်းငယ် ခေါင်းညိတ်သည်။
"မင်းလုပ်တာ မဆိုးဘူး!"
"ဟမ့်"
ရှောင်ပိုင် တိုးတိုးလေး ဟစ်အော်လိုက်ပြီး သူမ လီကျစ်ရွှမ်းဆီ ပေးခဲ့မိတဲ့ အရာကို ရုတ်တရက် သတိရသွား၏။ ရွှန်းလဲ့သော အပြုံးက အတွင်းစိတ်ထဲတွင် ကျယ်လောင်လာပြီး။
“သခင် သူနဲ့ ဘယ်လိုဆက်ဆံရေးရှိလို့လဲ…”
သူမ စကားပြောနေရင်းနဲ့ ချင်းယန်ဆီကို လျှောက်လာကာ မျက်စောင်းထိုးလိုက်သည်။
"သူမ အိပ်ပျော်နေတဲ့ အချိန်ကတည်းက ကျွန်မကို 'ဆရာအရှင်' လို့ပဲ ခေါ်နေတယ်..."
"မမေးသင့်တာ မမေးနဲ့!"
ထိုစဥ် ချင်းယန်က ဒေါသတကြီးပြောပြီး သူ့ကို ကန်ထုတ်ပစ်ခဲ့တာကြောင့် ရှောင်ပိုင်ခမျာ ချက်ချင်းပင် မီတာများစွာအကွာသို့ ပြေးသွားပြီးနောက် သွက်သွက်လက်လက် လှိမ့်ကာ ရွှံ့နှင့်ရေများပေါ် ဆက်လက် ရွေ့လျားသွားခဲ့သည်။ သူမက ခေါင်းမော့ပြီး ပြန်အော်လိုက်သေး၏။
"ဟမ့်! မပြောချင်ရင်လည်း မပြောနဲ့!"
ဘာတွေ ဒီလောက် မောက်မာပြနေတာလဲ။
မနက်ဖြန် ဆိုရင်တော့ နင့်အတွက် ပျော်စရာလေးတွေ လာတော့မှာပါ။
ရှောင်ပိုင် တွေးပြီး ပြုံးစိစိနဲ့ ဖြစ်လာသည်။ ထိုအတွေးများ သူ့နှလုံးသားထဲ ဝင်လာပြီးသည်နှင့် သူ့မျက်လုံးတွေလည်း အနည်းငယ် ကျဉ်းသွားသည်။
လီကျစ်ရွှမ်း သူ့ဆီ လာနေတာကို မြင်တဲ့အခါ သူ့ဆရာသခင်က ဘယ်လိုပုံစံလဲ သိသွားရင် ဘယ်လိုတုံ့ပြန်မှာလဲ။
တုန်လှုပ်သွားမှာလား?
ရူးသွားမှာလား?
ချင်းယန် လီကျစ်ရွှမ်းကို မည်မျှ မြတ်နိုးသည်ကို တွေးတောရင်း ရှောင်ပိုင်၏ နှလုံးသားက အားရပါးရ ရယ်မောနေခဲ့သည်။
နင် ဒီနတ်သမီးကို အနိုင်ကျင့်ရင် နင့်ရဲ့ အဖိုးတန်တပည့်ကို ငါ အနိုင်ကျင့်ပြမယ်။
"ဘာတွေပြုံးနေတာလဲ ရှောင်ပိုင်"
ချင်းယန်သည် ရှောင်ပိုင်၏မျက်နှာကို လှမ်းကြည့်ရင်း ကြောင်တက်တက်ဖြင့် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
"ငါ့ကို ရီနေတာလား?"
အသံကြားတာနဲ့ ရှောင်ပိုင်ရဲ့ အပြုံးလေး မှိန်ဖျော့သွားသည်။ သူမရဲ့ ကြီးကျယ်ခမ်းနားတဲ့ အစီအစဥ်က မပြီးပြတ်သေးတာကြောင့် သူ့သခင်က သူ့ချို့ယွင်းချက်တွေကို မမြင်နိုင်ခဲ့ပါဘူး။
"ပြန်ကြရအောင်"
ချင်းယန် ဂရုမစိုက်ပါ။ သူက ရိုးရိုးရှင်းရှင်း လက်ပြပြီး တောင်ပေါ်ကနေ ထွက်သွားတော့၏။
"ဒီနေ့ စိတ်ကောင်းဝင်နေတယ်... အိမ်ပြန်ပြီး သိုးကောင်ပွဲလေး လုပ်လိုက်ရအောင်"
"အိုး"
အဖြူရောင်လေးကလည်း အမြီးကော့၍ ချင်းယန်နောက်သို့ လိုက်သွားသည်။
"သခင် သားရဲမီးကို ရပြီလား"
"မရဘူး"
"မရဘူး? သခင် နောက်တစ်ခါ ထပ်လိမ်နေပြန်ပြီ! ရသွားပြီမလား!"
"သိရဲ့သားနဲ့ မေးချင်နေသေးတာလား"
"ငါ..."
ရှောင်ပိုင်ခမျာ စကားမပြောနိုင်ဘဲ ရင်တွေသာ တဆတ်ဆတ် တုန်နေပြီး ချင်းယန်ကို ဒေါသတကြီး ကြည့်နေရုံသာ တတ်နိုင်တော့သည်။
စိတ်ဆိုးလွန်းလို့ သေတော့မယ်!
ထို့နောက် လူနှင့် မြေခွေး တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။
……………………..
ခဏအကြာတွင်တော့ ချင်းယန်တို့ တလီတောင်များမှ ထွက်ခွာပြီးပြီ။
သိပ်မကြာလိုက်ပေ။ မီးနီနတ်ဆိုးဝံပုလွေ အနားမှာ ထူးဆန်းတဲ့ အနက်ရောင် အရိပ်တစ်ခု ရုတ်တရက် ပေါ်လာပြီး ဝံပုလွေဘုရင်ရဲ့ အလောင်းအနားကို ချက်ချင်း ရောက်ရှိလာပါ၏။
"သေပြီလား?"
အရိပ်သည် တချက်စောင်း၍ ဝံပုလွေဘုရင်၏ ခန္ဓာကိုယ်ကို လှန်လိုက်ကာ ဒဏ်ရာကို စစ်ဆေးကြည့်သည်။ ၎င်းက ဝံပုလွေဘုရင်၏ နှလုံးထဲက သွေးစွန်းနေသော အပေါက်ကို ချက်ချင်းသတိပြုမိလိုက်သည်။
လူသတ်သမား၏ ဤထိုးနှက်ချက်သည် ပြတ်သားပြီး တိကျသလို နှလုံးကို တိုက်ရိုက်ဆုတ်ဖြဲကာ အူတိုင်ကိုလည်း ဖယ်ရှားပစ်လိုက်သည်။ အနီးနားရှိ သားမွေးများပင် မပျက်စီးဘဲ အရေးပါသောအချက်အား ထိုးနှက်ချက် တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်သည်။
"အစွမ်းထက်တဲ့ ဓားတစ်ချောင်းပဲ!"
အရိပ်မည်းကြီးလည်း အံ့သြသွားသည်။ သူသည် သူ့လက်ချောင်းများဖြင့် စူးစမ်းလေ့လာပြီးနောက် ပျက်စီးနေသည့် အရိပ်အယောင်များကို လိုက်ကြည့်နေသည်။
ရေကန်အတွင်းရှိ ချောက်များသည် ခါတိုင်းကဲ့သို့ ချောမွေ့ညီညာသည်။ ပြိုကျသည့် အရိပ်အယောင် မတွေ့ရဘဲ လေထဲတွင် ပျံ့နှံ့နေသော သွေးရနံ့များ ကင်းစင်သွားသည်။
ရုန်းကန်ထားသည့် အရိပ်အယောင်တွေ မရှိပါ။ တစ်နည်း ပြောရရင်တော့ လူသတ်သမားသည် ဝံပုလွေဘုရင်ကို စောင့်ကြပ်နေသည့် ဝံပုလွေအုပ်ကို ရှောင်တိမ်းကာ ဝံပုလွေဘုရင်ထံမှ သားရဲအူတိုင်ကို တိတ်တဆိတ် ထုတ်ယူသွားခဲ့သည်။
"ဘယ်လိုလုပ်သွားတာလဲ"
အနက်ရောင် အရိပ်က ရေရွတ်ရင်း သူ့မျက်နှာက ရေမည်းတွေလို မည်းမှောင်နေသည်။ ၎င်းက တလီတောင်ရဲ့ အနက်ရှိုင်းဆုံး အထိရောက်ဆုံးကို ငေးကြည့်နေကာ။
"အရှင့်ကို ငါ သွားပြောပြရမယ်!"
သူ့ပုံသဏ္ဌာန်သည် မီးခိုးရောင် မီးခိုးငွေ့များသဖွယ် မှိန်ဖျော့ပြီး ပျောက်ကွယ်သွားခဲ့သည်။
………………………………………..
တလီတောင်များ၏ အနက်ရှိုင်းဆုံး၊ အထိရောက်ဆုံး တစ်နေရာ၌ ချိုင့်တစ်ခု ရှိလေသည်။ ၎င်းဟာ နက်ရှိုင်းပြီး အသက်မရှိသော ချိုင့်ဖြစ်ကာ ထူးဆန်းသော မြူခိုးများက ရှုခင်းတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ ထိုအခိုက်တွင် အနက်ရောင်အရိပ်သည် ဒူးတစ်ဖက်ထောက်ကာ ချိုင့်အပြင်ဘက်၌ တလေးတစား သတင်းပို့နေသည်။
"အရှင်မင်းကြီး... မီးနီနတ်ဆိုးဝံပုလွေ အသတ်ခံလိုက်ရပါပြီ... စစ်ဆေးခဲ့တဲ့ ဒဏ်ရာတွေအရတော့ ဒါက လူသားတွေကြောင့် ဖြစ်နိုင်ပါတယ်"
"...ဒဏ်ရာက ပြင်းထန်တယ်... မုဆိုးက ဝံပုလွေအုပ်ကို သတိမပေးဘဲ တစ်ချက်တည်းနဲ့ ထိုးသတ်လိုက်တာပါ"
"အိုး?"
တိမ်တိုက်ဆီမှ တိုးတိုးတိတ်တိတ် အသံတစ်သံ ထွက်ပေါ်လာပြီး အရိပ်မည်းကြီးဆီ လှည့်ပတ်ကာ သူ့အလိုလို ဝေးကွာသွားသည်။
"မီးနီနတ်ဆိုးဝံပုလွေကို သတ်ဖို့ လာတဲ့သူက မွေးရာပါနယ်ပယ် အထက်မှာ ရှိရမယ်"
"အဲဒီသုံးယောက်က ကျန်းဟိုင်မြို့ကလား?"
"အရမ်းဖြစ်နိုင်ပါတယ် အရှင်..."
အနက်ရောင် အရိပ်က မီးနီနတ်ဆိုးဝံပုလွေရဲ့ အလောင်းကို ပြန်စဥ်းစားရင်း။
“အဲဒီထိုးနှက်ချက်က မယုံနိုင်လောက်အောင် သန့်ရှင်းပြီး ပြတ်သားတယ်... ကျန်းဟိုင်က မွေးရာပါနယ်ပယ် သခင်သုံးယောက်ထဲက လူအိုလီက ထိပ်တန်း ဓားသမားလို့ ကြားဖူးပါတယ် သူက မွေးရာပါနယ်ပယ် အထွတ်အထိပ်ကို ရောက်နေပေမယ့် အခုထိ အဲ့တံခါးခုံမှာ ပိတ်မိနေပြီး ရှေ့ဆက်မတိုးနိုင်တော့ဘူး.... ဖြစ်နိုင်တာက နယ်ပယ် ဖြတ်ကျော်ဖို့ သားရဲ အူတိုင်အတွက် ရောက်နေပြီ..."
"အင်း... သူသွားပြီ ဆိုမှတော့.... သူ့ကို ထားလိုက်ပါ နောက်ထပ် တွေးခေါ်ခန့်မှန်းနေစရာ မလိုတော့ဘူး..."
မြူခိုးများကြားမှ အသံတစ်သံသည် ဆူညံနေပြီး တုန်လှုပ်ချောက်ချားစရာ ကောင်းနေသည်။
"ဒီမီးနီနတ်ဆိုးဝံပုလွေက သေပြီ.. ဒီတောင်တန်းက ဘုရင်အဆင့် ကြယ်သားရဲတွေ အများကြီးရှိတဲ့ နေရာမို့လို့ ဒီလိုမျိုး နောက်ထပ် တစ်ကောင်ကို မလိုအပ်ပါဘူး....
ယခု အရေးကြီးဆုံးအချက်က ရှုပ်ထွေးမှုတွေကို ရှောင်ရှားဖို့ သားရဲဒီရေ အစီအစဉ်ကို အမြန်ဆုံး စတင်ရဖို့ပဲ... သွေးဝိညာဉ်အစီအရင်ကို ထိန်းသိမ်းဖို့ ငါတို့ ဒီနေရာမှာ နှစ်အတော်ကြာအောင် ငြိမ်သက်နေခဲ့ရတာ.. အဆင်မပြေရင် ငါတို့ ဘယ်သူမှ ရှင်သန်နိုင်မှာ မဟုတ်ဘူး!"
"ဟုတ်ကဲ့ပါ အရှင်မင်းကြီး"
အနက်ရောင် အရိပ်သည် ရိုသေစွာ ဦးညွှတ်ကာ အောက်ကိုပင် ဝပ်နေသည်။
"တောင်ပေါ်က ကြယ်သားရဲအားလုံးကို စစ်တမ်းကောက်ယူပြီးပါပြီ... အခု သွေးဝိညာဉ်အစီအရင်ကို အောင်အောင်မြင်မြင် အသက်သွင်းဖို့ဆို အရှေ့လေပဲ လိုတော့တာပါ..."
မီးခိုးငွေ့ထဲမှ အသံသည် ဖြည်းဖြည်းချင်း ထွက်ပေါ်လာခြင်းမပြုမီ တခဏမျှ စဉ်းစားနေခဲ့သည်။
“တကယ်တော့ ဒီစစ်ဆင်ရေးကို လုံးဝ သေသေချာချာ လုပ်ရမယ်… အမှားအယွင်းမရှိစေနဲ့ ဂရုတစိုက်နဲ့ သွားပါ”
"အမိန့်အတိုင်းပါ!"
အရိပ်မည်းကြီးက တလေးတစား တုံ့ပြန်လိုက်ပြီး ရုတ်တရက် စိုးရိမ်သောက အရိပ်အမြွက်ဖြင့် မော့ကြည့်လိုက်သည်။
"အရှင်မင်းကြီး ဒါပေမယ့် အဲဒီကျန်းဟိုင်ဓားနတ်ဘုရား... သူသာ မြို့ထဲမှာ ရှိနေရင် ကျနော်တို့ရဲ့ အကြံအစည်တွေကို အနှောင့်အယှက် ပေးမှာလား မပြောတတ်ဘူး"
အေးချမ်းသော ချိုင့်ဝှမ်းတွင် တောင်လေညင်းများ ရုတ်တရက် ထွက်ပေါ်လာပြီး ရယ်မောသံသည် ထင်းရှူးတောအုပ်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။
"ဟာဟား... ကိစ္စမရှိပါဘူး အချိန်တန်ရင် ငါကိုယ်တိုင် လှုပ်ရှားလိုက်မယ်..."