အဂ္ဂိရတ်သန့်စင်ပြီ!
Vol. 7 Ch. 90
ကျန်းဟိုင်မြို့၊ မြို့ပြ-ကျေးလက်နယ်နိမိတ်။
မနက်စောစော။
မြို့တော်၏ အနက်ရောင် တံတိုင်းကြီး တစ်ဖြစ်လည်း မြင့်မားသော တာဝါတိုင်များပေါ်တွင် ပြန့်ကျဲနေသော ဒုံးပျံအမြောက်အမြောက်အမြား တပ်ဆင်ထားသည်။ လက်နက်အပြည့်အစုံ ပြင်ဆင်ထားသော စစ်သားများသည် ကျည်ဆန်များဖြင့် ပတ်၀န်းကျင်ကို ကင်းလှည့်နေကြသည်။
ဤတံတိုင်းသည် နှစ်ပေါင်း နှစ်ရာနီးပါး သက်တမ်းရှိကာ ကြွယ်ဝသော သမိုင်းကြောင်းလည်း ရှိခဲ့သည်။ သွယ်လျသော အပြာရောင်အုတ်များသည် ရှေးကျသော ကျက်သရေကို ပေါ်လွင်စေ၏။
မူလက ဆင်ခြေဖုံးနှင့် မြို့တော်ကြား နယ်နိမိတ်ကို အမှတ်အသားပြုရန် ရိုးရိုးရှင်းရှင်း တည်ဆောက်ထားပြီး ကြယ်သားရဲများနှင့် နတ်ဆိုးများ အလုံးအရင်းကို ကာကွယ်ရန် စဉ်ဆက်မပြတ် အားဖြည့်ထားသည်။
ကျန်းဟိုင် အစိုးရ၏ စဉ်ဆက်မပြတ် ပြုပြင်မှုများမှတစ်ဆင့် တံတိုင်းကြီး၏ စွမ်းအားကို အဆင့်မြှင့်တင်နိုင်ခဲ့သည်။
လေးလံသော အမြောက်တပ်များ၊ လျှပ်စီးကြောင်းနဲ့ သတ်ပစ်နိုင်သည့် အစီအရင်များ၊ တိကျမှုမြင့်မားသည့် ထောက်လှမ်းနိုင်သော ဒရုန်းများ... နည်းလမ်းပေါင်းများစွာကို အဆက်မပြတ် အသုံးပြုနိုင်သည်။
နံရံအောက်မှာ ဧည့်သည်တွေ စုပြုံနေပြီး ကျယ်လောင်တဲ့ အော်သံက ပတ်ပတ်လည်နဲ့ ရောထွေးနေ၏။ ထွက်သွားသော နိုင်ငံသားများသည် လုံခြုံရေးစစ်ဆေးမှုများ ဖြတ်ကျော်ပြီး ရှောင်တခင် ထွက်ခွာသွားကြသည်။
"နောက်ဆုံးတော့ ပြန်ရောက်လာပြီ..."
ချင်းယန် လူအုပ်ထဲသို့ ရောနှောသွားခဲ့သည်။ ရှောင်ပိုင်က သူ့လက်နှစ်ဖက်ကို ဆန့်တန်းကာ မြို့ရိုးအပြင်ဘက်တွင် ရပ်ကာ ကြီးကျယ်ခမ်းနားသော မြင်ကွင်းကို ငေးကြည့်ရင်း ခံစားချက်လှိုင်းလုံးများက သူ့အပေါ် လွှမ်းခြုံသွားသည့် အမူအရာများအား သရုပ်ပြနေ၏။
ကျန်းဟိုင်မြို့သည် ပြင်ပအန္တရာယ်များကို ကာကွယ်ရန် ကြီးမားသော ကြိုးပမ်းအားထုတ်မှုတစ်ရပ်ကို အမှန်တကယ် လုပ်ဆောင်နေခဲ့သည်။
မြို့သားများသည် မြို့မှ လွတ်လွတ်လပ်လပ် ထွက်ခွာနိုင်သော်လည်း ပြန်လာပါက မည်သူမည်ဝါ ဖြစ်ကြောင်း အတည်ပြုခြင်းနှင့် အသွင်ယူကြယ်သားရဲများနှင့် နတ်ဆိုးများ ဝင်ရောက်ခြင်းမှ ကာကွယ်ရန် အလွန်အမင်း ပျင်းစရာကောင်းသော ဤစစ်ဆေးရေး လုပ်ငန်းစဉ်ကို လုပ်ဆောင်ရမည်ဖြစ်သည်။
ယခုအချိန်တွင် မြို့တံခါးရှေ့တွင် စာရင်းသွင်းရန် စောင့်ဆိုင်းနေသူများနှင့် ပြည့်ကြပ်နေသည်။
"ဘယ်တော့ ငါ့အလှည့်ရောက်မှာလဲ"
ချင်းယန်သည် မျဉ်းကြောင်းကြီးလို ရှည်လျားစွာ တန်းစီနေသော လူတန်းကို တစ်ချက်ကြည့်လိုက်သည်။ သူ့အလှည့်ရောက်မှဆို ညနေအထိတောင် အိမ်မပြန်နိုင်လောက်သေးချေ။
ထို့အပြင် သူသည် သတင်းအချက်အလက် မျိုးစုံကို အလွယ်တကူ ဖော်ထုတ်နိုင်စေရန် မှတ်ပုံတင်ရဦးမည် ဖြစ်ပါသည်။
ဒါကိုတွေးရင်း ချင်းယန် တွန့်ဆုတ်မနေတော့ပါ။ သူသည် ရှောင်ပိုင်ကို စစ်သားများနှင့် စစ်ဆေးခံရမည့် အလှည့်ကို စောင့်ခိုင်းမည့်အရေးမှ ခပ်ဝေးဝေး တောင်စောင်းဆီသို့ သယ်ဆောင်သွားခဲ့သည်။
ဖြတ်လမ်းတစ်ခုယူရန် "လောကအကွာအဝေး" ကို ချက်ချင်း အသုံးချလိုက်သည်။ လေထုက ညင်ညင်သာသာ လှုပ်ရှားသွားပြီး သူ့အနီးရှိ နေရာလွတ်များသည် ပုံပျက်ပန်းပျက် ဖြစ်ကာ သူ့ပုံစံက ပျောက်ကွယ်သွားခဲ့သည်။
သရဲတစ္ဆေတစ်ကောင်လို ပေရာနှင့်ချီ၍ ဖြတ်ကျော်ကာ မြို့တံခါးကို တစ်ချက်ချင်းဖြတ်၍ ကျန်းဟိုင်မြို့တွင်းထဲသို့ ဝင်ရောက်သွားလေ၏။
ဂိတ်ပေါက်ရှိ စစ်သည်များသည် ခေါင်းငုံ့ကာ စာရင်းသွင်းနေကြဆဲ ဖြစ်ပြီး သူ့ရောက်ရှိနေသည်ကိုတော့ မသိခဲ့ကြပေ။
"အိမ်ပြန်ရအောင်..."
နှစ်ယောက်သား မြို့တံခါးမှ အေးအေးဆေးဆေး ထွက်ခွာသွားခဲ့သည်။
ဒါပေမယ့် မြို့ရိုးထိပ်မှ ပိန်ပိန်ပါးပါး အဘိုးအိုတစ်ယောက် ရုတ်တရက် မျက်လုံးပွင့်လာပြီး သူ့မျက်လုံးထဲမှာ သံသယတွေ တဖျပ်ဖျပ်ခတ်လာသည်။
"ထူးဆန်းလိုက်တာ... ဘာလို့ ပျောက်ကွယ်သွားရတာလဲ"
"ငါပဲ အမြင်မှားနေတာလား?"
…………………
အိမ်ပြန်ရောက်ပြီးနောက် ချင်းယန်သည် ဖိနပ်တစ်ရံ ပြောင်းစီးကာ သွေးစွန်းနေသည့်အဝတ်အစားများကို ဖယ်ရှားလိုက်သည်။ ၎င်းတို့အားလုံးကို အဝတ်တောင်းခြင်းထဲသို့ လွှင့်ပစ်ကာ ရေချိုးရန် ပြင်ဆင်နေရာမှ ရှောင်ပိုင်ကိုလည်း အမိန့်လှမ်းပေးလိုက်သည်။
"ရှောင်ပိုင်! အဝတ်လျှော်ပြီး ငါ့အတွက် အသစ်တစ်စုံ ပြင်ထားပေး!"
"သိပါပြီ သခင်..."
ရှောင်ပိုင်တစ်ယောက် အဝတ်ခြင်းတောင်းကို ထမ်းကာ အဝတ်လျှော်စက်ဆီသို့ ကျွမ်းကျင်စွာ လှမ်းထည့်လိုက်ပြီး၊ ထို့နောက် သူမသည် ဗီရိုဆီသို့ ပြေးသွားပြီး ထိုနေရာ၌ ချိတ်ဆွဲထားသော အဝတ်များကို ချွတ်ကာ ချင်းယန် ရေချိုးခန်းထဲက ထွက်လာပါက အသင့်ဝတ်နိုင်ရန် ခေါက်ထားလိုက်သည်။
"မဆိုးဘူး မဆိုးဘူး... မင်းတိုးတက်နေပြီ"
ရေချိုးခန်းထဲမှ ချင်းယန် ကျေနပ်စွာကြည့်ရင်း သားရဲနားရွက်တွေကို ပွတ်သပ်ပေးလိုက်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူမသည် အိမ်တွင်နေထိုင်မှုပုံစံနှင့် လိုက်လျောညီထွေ ရှိလာခဲ့ပြီး စွမ်းရည်များလည်း တိုးတက်လာခဲ့သည်။
ရှောင်ပိုင်ကို ရေချိုးခန်းထဲက လွှတ်လိုက်ပြီးနောက် တစ်ကိုယ်လုံး ဆေးကြောပစ်လိုက်သည်။ နောက်တစ်ဆင့်ကတော့ သားရဲမီးကို ထုတ်ယူဖို့ပဲ ဖြစ်ကာ အလွန် အရေးကြီးပါ၏။
ဂရုတစိုက်နဲ့ ကိုင်တွယ်ရမည်။
ခဏအကြာ။
ရေချိုးပြီးနောက် ချင်းယန် ရေချိုးပုဝါဖြင့် ကုတင်အလယ်တွင် ပြန်ထိုင်လိုက်သည်။ မီးခိုးရောင်နဲ့ အနက်ရောင် ပူလောင်လောင်မြိုက်နေသော သားရဲအူတိုင်က သူ့ရှေ့ကို ပျံဝဲလာသည်။ ၎င်းကြောင့် မီးဖိုထဲရှိ အခန်း၏ အပူချိန်သည်လည်း ရုတ်တရက် မြင့်တက်လာလေ၏။
"ပူလိုက်တာ!"
ဒါကိုမြင်တော့ ချင်းယန် သူ့ရဲ့ကြယ်စွမ်းအင်ကို အလျင်အမြန် အသုံးပြုပြီး သားရဲအူတိုင်ကို ဖုံးအုပ်ကာ ထွက်ပြေးလာတဲ့ မီးစွမ်းအင်ကို ထိန်းချုပ်လိုက်ခါမှ အခန်းထဲက အပူချိန်လည်း ကျဆင်းသွားတော့သည်။ အခန်းတွင်းရှိ လေသည် တဟုန်းဟုန်း တောက်လောင်ကာ ပြင်းထန်သောလေကို တွန်းထုတ်နေ၏။
သားရဲမီးကို ဆွဲထုတ်ဖို့က မယုံနိုင်လောက်အောင် ခက်ခဲနေချေသည်။ "အံ့ဖွယ်ကောင်းကင်ဆေးကျမ်း" ထဲတွင် သတိပေးချက်များ ပါရှိသည်- မီးနှင့်ကစားသူများသည်မီးလောင်ခံရလိမ့်မည်။ သမိုင်းတစ်လျှောက် မရေမတွက်နိုင်သော အဂ္ဂိရတ်ဆရာများသည်လည်း သားရဲမီးကို သန့်စင်ရေးအဆင့်တွင် ဆုံးပါးသွားကြသည်။
အဲဒါထက် အခု သူကိုင်ထားတာက ဘုရင်အဆင့် ကြယ်သားရဲရဲ့ သားရဲမီးတောက်ပင်။ ချင်းယန် သူ့စိတ်ကို တည်ငြိမ်သွားအောင် လုပ်ဆောင်ပြီး ကြယ်စွမ်းအားကို သားရဲအူတိုင်တစ်ဝိုက်တွင် ခိုင်မြဲစွာ ကျောက်ချကာ ကြယ်ပုံစံကို ရေးထိုးထားလိုက်သည်။
နောက်အခိုက်အတန့်၌...
ဗုန်း!
ပြင်းထန်သော သားရဲမီးတောက် ပေါက်ကွဲပြီး တောက်လောင်နေသည့် ပုံစံနှင့် သားရဲအူတိုင်သည် အနက်ရောင်ရေထဲသို့ ချက်ချင်း အရည်ပျော်ကျသွားသည်။ ထို့နောက် မီးလုံးတစ်လုံးသည် တဖြည်းဖြည်း မြင့်တက်လာသည်။
အချိန်မရွေး ထိန်းချုပ်မှုကနေ လွတ်မြောက်သွားနိုင်သလိုမျိုး ပတ်ဝန်းကျင်လေထုက ပုံပျက်ပန်းပျက် ဖြစ်သွား၏။
"လသာဆောင်ကို သွား ရှောင်ပိုင်! အထဲမှာမနေနဲ့!"
ပြင်းထန်သော မီးတောက်များက ချင်းယန်မျက်လုံးများ၏ အနက်ရှိုင်းဆုံး နေရာတွင် ထင်ဟပ်နေသည်။ မီးသည် သနားညှာတာမှုမရှိ၊ တောက်လောင်နေသော သားရဲသဘာဝကို လွှတ်တင်လိုက်ပြီမလို့ သူ့ဘက်ကလည်း အဆိုးဆုံးအတွက် ပြင်ဆင်ထားရမည်။
အသံကို ကြားနေရသည့် ရှောင်ပိုင်သည် ချင်းယန်၏ ရည်ရွယ်ချက်ကို နားလည်ပြီး စိတ်အေးစေရန် လျှာကို ချက်ချင်းထုတ်ကြည့်သည်။
"အရမ်းပူနေပြီ!"
ထို့နောက် လေကောင်းလေသန့်ရဖို့ လသာဆောင်သို့ ပြေးသွားတော့၏။ လသာဆောင်မှာ ဝပ်တွားရင်း အပြင်ဘက်က အပင်အနည်းငယ်ကို ငေးမောနေစဥ် အတွင်းမှ အသံတစ်ခုခုအတွက် နားစွင့်ထားသေးသည်။
သားရဲမီးရဲ့ ပတ်ပတ်လည်မှ လေဟာနယ်ဟာ လောင်ကျွမ်းနေပြီး အကန့်အသတ်မဲ့ တွင်းနက်ကြီးတစ်ခုလို စုစည်းနေသည်။ ၎င်းက လောင်ကျွမ်းဖို့ လေထုထဲ ပိုမို တိုးဝှေ့နေသလိုပင်။
ချင်းယန် သူ့လက်ဖဝါးကို မီးတောက်အောက်မှာ ထားလိုက်တဲ့အခိုက် ကြောက်မက်ဖွယ်ကောင်းပြီး အစွမ်းထက်သော ကြယ်စွမ်းအင်တစ်ခု ခုန်တက်လာကာ သားရဲမီးတောက်အား လှောင်အိမ်တစ်ခုသဖွယ် ဖမ်းချုပ်ထားလိုက်သည်။
သူ့ခန္ဓာကိုယ်ကို မီးဖိုအဖြစ်အသုံးပြုကာ ရှေးခေတ်နည်းကို အတုယူခဲ့သည်။
ဝုန်း!
သားရဲမီးမှာ ပို၍ပင် ပြင်းထန်စွာ ရုန်းကန်ခဲ့ရသော်လည်း အချည်းနှီးပင်။ ချင်းယန်က သူ၏ကြယ်စွမ်းအားဖြင့် ထိန်းချုပ်ထားပြီး အနားသတ်များကို တဖြည်းဖြည်း ကျုံ့သွားစေကာ ၎င်းကို ပို၍ပြင်းထန်သော ထိန်းချုပ်မှုဖြင့် ဆုပ်ကိုင်ထားသည်။
နောက်အခိုက်။
သားရဲမီး အငွေ့ပျံပြီး နောက်ဆုံးတွင် တောရိုင်းသဘာဝများ ပေါက်ကွဲကာ ချင်းယန် လက်ဖဝါးထဲတွင် ငြိမ်သက်စွာ အနားယူလိုက်လေတော့သည်။
"ပြီးပြီ!"
ချင်းယန် ကျေကျေနပ်နပ်ဖြင့် လက်သီးကို ဖြည်းညှင်းစွာ ဆုပ်လိုက်ပြီး လက်ညိုးကိုသာ မြှောက်ထားလိုက်သည်။
ဝုန်း!
မီးတောက်တစ်ခုက သူ့လက်ချောင်းထိပ်မှာ ကခုန်နေပြီး သူ့အတွေးတွေနဲ့အတူ လှုပ်ရှားနေ၏။
"အရမ်းမိုက်တယ်!"
သူ့လက်ချောင်းထိပ်တွေကို ကြည့်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြန်သည်။
ဆေးလိပ်မီးညှိဖို့ မီးခြစ်မလိုတော့ဘူး။
အဆင်ပြေတယ်!
ခဏလောက်ကစားပြီးမှ ဆက်လေ့လာဖို့ သစ်သားနိယာမ အပိုင်းအစကို ဆင့်ခေါ်လိုက်သည်။
သစ်သားအပိုင်းအစ ပေါ်လာသည်နှင့် တပြိုင်နက် အခန်းသည် လျင်မြန်စွာ ပူနွေးလာပြီး နွေဦးပေါက်ကျေးလက်သို့ သယ်ဆောင်သွားသကဲ့သို့ လေထုထဲတွင် စိမ်းလန်းစိုပြေသော သစ်ပင်ရနံ့များ ပြည့်လျှံသွားသည်။
"ဉာဏ်အလင်း အာကာသ! အသက်သွင်း!"
ချင်းယန် အတွေးတွေကို အာရုံစူးစိုက်ထားသည်။ သူ့စိတ်ထဲက ဉာဏ်အလင်း အာကာသထဲမှာ နှစ်မြုပ်နေပြီး သိပ်မကြာလိုက် သစ်သားနိယာမ အပိုင်းအစကို သေသေချာချာ နားလည်သဘောပေါက်သွားခဲ့သည်။
သူ့အသိစိတ်က အကိုင်းအခက်တစ်ခုလို အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားပြီး အဆုံးမသတ်နိုင်တော့ပေ။ စိတ်စွမ်းအင်က သူ့ပတ်ဝန်းကျင်မှာ ဗဟိုပြုကာ အားကောင်းတဲ့ တက်ကြွမှုတစ်ခု အဖြစ် ပတ်ဝန်းကျင်အပင်တွေဆီ ပျံ့နှံ့သွားသည်။
တံခါးဝရှေ့ရှိ "ကမ္ဘာမြေရွှေကြာပန်းအိုး" သည် မင်္ဂလာအမြစ်များ တဆတ်ဆတ် ဆန့်ကာ ပွင့်လန်းလာသည်။ ပန်းပွင့်များ အလျှံပယ်ပွင့်လာတာကြောင့် ရွှေကြာပန်းအလွှာများ ရင်သပ်ရှုမောဖွယ် လှပနေပါသည်။
ချင်းယန်သည် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သစ်သားနိယာမကို အေးအေးဆေးဆေး လေ့လာရင်း အသက်ရှုသံကို ဖြည်းညှင်းစွာ လျှော့ချလိုက်သည်။ အခုအချိန်၌ သူ့အသက်ရှုသံက ရှည်လျားပြီး ငြိမ်သက်နေ၏။
ဒီပညာရပ်က နေ့ချင်းညချင်း မအောင်မြင်ခဲ့ပါ။ ကောင်းကင်နှင့်မြေကြီး၏ သဘာဝနိယာမများကို လိုက်နာကာ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်အောင်လုပ်ဖို့ လိုအပ်ပယသည်။
ချင်းယန် မျက်လုံးဖွင့်ကြည့်လိုက်တော့ ရှောင်ပိုင်က ကုတင်ပေါ်တက်ပြီး သူ့ရှေ့မှာ လဲလျောင်းနေပြီး ခေါင်းကို ငုံ့ထားကာ သစ်သားအပိုင်းအစကို လောဘကြီးစွာ ရှူရှိုက်နေ၏။ တင်ပါးကလည်း လှုပ်စိလှုပ်စိဖြင့်။
တကယ့် သတ္တဝါလေး!
သူမရဲ့ အမြီးလေးကလည်း စိတ်လှုပ်ရှားစွာနဲ့ လှုပ်ခါနေဆဲ...
ဝှစ်!
စကားတစ်ခွန်းမှ မပြောဘဲ ချင်းယန် သူမ၏ တင်ပါးထဲသို့ ကြီးမားသော လေလှိုင်းကို ရိုက်သွင်းပစ်လိုက်သည်။
"ထွက်သွားစမ်း! ဒီသခင် ဆေးလုံး သန့်စင်တော့မယ်"