← Chapters

ရှန်လျန့်၏ ကစားပွဲ

Vol. 6 Ch. 77

ရှန်လျန့်၏ ကစားပွဲ

Vol. 6 Ch. 77

တနေ့လုံး ကျင့်ကြံလေ့ရှိသော ပိုင်ကျီဟန်သည် ထို့နေ့တွင်တော့ ထူးထူးဆန်းဆန်းပင် အခန်းထဲ၌နေပြီး မကျင့်ကြံပေ။

သူသည် အမြဲ တစေ ငြိမ်းချမ်းနေသော လျှို့ဝှက်လမင်းတောင်ထိပ်၏ လှပတည်ငြိမ်နေပုံကို ကြည့်နေ၏

သို့သော် ထိုငြိမ်းချမ်းမှုသည် သိပ်မကြာလိုက်ပေ

သူ၏အိမ်ဝင်းထဲတွင် လက်ဖက်ရည်တစ်ခွက်ကို ခံစားမသောက်မှီ ဝင်ပေါက်ဘက်မှ ပြင်းထန်သည့် ခြေသံများ ပဲ့တင်ထပ်လာသည်။

စိတ်ပျက်မှုမှုများကြောင့် အလွန်တင်းမာနေသော မျက်နှာအမူအရာနဲ့အတူ အနက်နဲ့ ငွေရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် လူတစ်စု လာရောက်ကြသည်။

၎င်းအနောက်ဘက်တွင် အပြင်တရားရုံး အစောင့်နှစ်ဦးနှင့် အတွင်းတပည့်လေးဦး

တန်းစီပါလာကာ ပိုင်ကျီဟန်အား လူရှေ့ဆွဲခေါ်သွားရန် အဆင်သင့် ဖြစ်နေသကဲ့သို့ပင်

“ပိုင်ကျီဟန်” အကြီးအကဲတစ်ယောက်သည် အမိန့်ထုတ်သကဲ့သို့ အသံမာမာနဲ့ ခေါ်လိုက်သည်။ “ထွက်လာ”

ပိုင်ကျီဟန်သည် မျက်ခုံးတစ်ဖက် တွန့်လိုက်ပြီး သူ့အိမ်အရိပ်ထဲကနေ တမ်းထွက်လာသည်။

“ဘယ်သူလဲ”

အပျက်သဘောဆောင်သည့် အသွင်နဲ့ စုဝေးနေသည့် လူတစ်စုကို သူ့အနေနဲ့ မကြောက်သလို တုံ့ပြန်ခဲ့သည်။

“ဘာအကြောင်းနဲ့လာတာလဲ? လက်ဖက်ရည်သောက်ဖို့ လာတာဆို ငါ့မှာတော့ ဈေးကြီးတဲ့ပစ္စည်းတွေပဲရှိတယ်။ မင်းတို့က အဲဒါကို သဘောမကျလာက်ဘူးထင်တယ်”

အကြီးအကဲရှန်သည် မရယ်ပေ။ သူ မရယ်တာကြာချေပြီ ။ သူ့မျက်နှာကိုကြည့်ရသလောက် မည်သို့ရယ်ရမည်ကို မေ့နေတာ အနှစ်ငါးဆယ်လောက် ရှိနေချေပြီ။

သို့တိုင် ပိုင်ကျီဟန်သည် သူ့ကို အလေးအနက်မထားဘဲ စော်ကားသလို ပြောရဲသည့် ပထမဆုံးတပည့်ပင်။

“ပိုင်ကျီဟန် ၊ ကိုယ့်ပြစ်မှုကို သိလား?”

အကြီးအကဲရှန်သည် မျက်နှာတည်တည်နဲ့ မေးလေသည်။

“ကျွန်တော် ပြစ်မှု?”

ပိုင်ကျီဟန်သည် အံ့ဩသော ပုံစံနဲ့ထပ်မေးလာသည်။

“ဘာကိုဆိုလိုတာလဲ? ကျွန်တော် ဘာမှ မလုပ်ထားဘူးထင်တယ်နော်။”

ထိုစကားကို အကြီးအကဲရှန် ယုံမည် မဟုတ်ပေ။ ၎င်းထက် ထိုစကားကြောင့် ပိုင်ကျီဟန်ကို အလွတ်မပေးတော့ဘူးဆို ပိုမှန်မည်ပင်

“မင်းဘာလုပ်ခဲ့လဲဆိုတာ မင်းကိုယ်တိုင်သိတယ် ။မသိသလိုလုပ်နေတာက အကူအညီ ဖြစ်မလာဘူး”

အကြီးအကဲရှန်သည် ကြေညာလိုက်သည်။

“ပြစ်ချက်က ရှင်းလင်းတယ်”

အကြီးအကဲရှန်အသံသည် တရားသူကြီးအသံကဲ့သ်ို့ ဝင်းတခုလုံးပျံ့နှံ့သွားသည်။

“သက်သေ အများအပြားက မင်းကို မိန်းကလေးတွေ ရေချိုးတဲ့ နေရာမှာ တွေ့တယ်လို့ ပြောကြတယ် ။ အဲ့အထဲက တစ်ယောက်ကတော့ မင်းက သူရဲ့ အတွင်းခံကို ခိုးယူသွားတာကို ကိုယ်တိုင်တွေ့တယ်လို့ ပြောထားတယ်”

တစ်ဝိုင်းလုံး တိတ်ဆိတ်သွားသည်။

ပိုင်ကျီဟန်သည် မျက်တောင်ခတ်လိုက်သည်။

ပြီးတော့ မျက်လုံးကို စောင်းကြည့်လိုက်သည်။

“…ဘာလဲ?”

အချိန်ကြာကြာ တိတ်ဆိတ်သွားလေသည်။

“ဒါကို တကယ့် ပြောနေတာလား?”

အကြီးအကဲရှန် မျက်နှာ မဲမှောင်သွားသည်။

“ငါ့စိတ်ရှည်မှုကို လာစမ်းသပ် မနေနဲ့”

“ အိုး၊ ကျွန်တော် ဘာမှ မစမ်းသပ်ပါဘူး” ပိုင်ကျီဟန်သည် လက်နှစ်ဖက်ကို မြှောက်ပြီး ပြောလိုက်သည်။

"ဘယ်လိုဦးနှောက်ပျက်နေတဲ့သူက ကျွန်တော်ကို ဘောင်းဘီတွေ ခိုးတယ်ဆိုပြီး စွပ်စွဲတာလဲလို့ အဖြေရှာဖို့ ကြိုးစားနေတာပါ”

သူသည် ခေါင်းကို လှည့်ပြီး ဦးနှောက်ပျက်စီးနေသူကို ရှာဖွေနေသလို အစောင့်တွေနဲ့ တပည့်တွေကို လှည့်ပတ်ကြည့်လေ၏

"ကျွန်တော် လုပ်ခဲ့မယ်ဆိုရင်တောင် ဒါက မိန်းကလေးရဲ့အခွင့်ထူးပဲ မဟုတ်ဘူးလား? ကျွန်တော် အဆင့်အတန်းနဲ့ မိန်းကလေးတွေကို ခိုးကြောင်ခိုးဝှက်ချောင်းဖို့ လိုပါ့မလား ။ ရူးလို့ ပြောနေကြတာ မဟုတ်ဘူးလား”

"ပိုင်ကျီဟန်" အကြီးအကဲရှန်က အော်လေ၏။ "တော်ပြီ၊ မင်းအပြစ်ကို ပြစ်ဒဏ်ခန်းမမှာသာ ဝန်ခံပေတော့”

"အိုး..ဒါဆို မီးရှုတိုင်ကို မီးရှို့ပြီး သက်သေမပြမချင်း အပြစ်ရှိတယ် ပြောချင်တာပေါ့.. ရပါပြီ”

ပိုင်ကျီဟန်သည် ရေရွတ်ရင်း ခေါင်းယမ်းလိုက်သည်။

သူသည် အကြီးအကဲရှန်ဘက်သို့ ပြန်လှည့်လာကာ မျက်လုံးများ စူးရှနေပြီဖြစ်သည်။

"နားထောင်ပါ အကြီးအကဲ၊ အကြီးအကဲရဲ့နားထဲကို ဘယ်နတ်ဆိုးကောင်က အဓိပ္ပါယ်မရှိတာတွေ ပြောနေမှန်း ကျွန်တော် မသိဘူး၊ ဒါပေမယ့် ကျွန်တော်အိမ်ဝင်းထဲက မထွက်တာ နှစ်ရက်ရှိပြီ။ ငှက်တွေကို မေးကြည့်။"

"ဝန်ခံဖို့ငြင်းနေတုန်းလား"

အကြီးအကဲရှန်၏ လေသံသည် ဒီဂရီများစွာ ကျဆင်းသွားသည်။

"အခုထိကိုပေါ့လေ”

"ဝန်ခံစရာ ဘာမှ မရှိပါဘူး အကြီးအကဲ။"

ပိုင်ကျီဟန်သည် အေးစက်စွာပြောလိုက်သည်။

"ကျွန်တော်ကို ပြစ်မှုတစ်ခုအတွက် ဝန်ခံစေချင်ရင်တောင် ဒီအလုပ်ကို ကျွန်တော်

ကျူးလွန်ခဲ့တာမဟုတ်ဘူး။အဲ့တော့ ဝန်မခံဘူး”

အကြီးအကဲရှန်သည် ဒေါသတကြီးနဲ့ မျက်မှောင်ကြုတ်လိုက်သည်။ ပိုင်ကျီဟန်သည် သူ့ကို အကြီးအကဲတစ်ယောက်အဖြစ် လက်ခံရန်ပါ ငြင်းဆိုခဲ့ပြီး ဒါကို ပေါ့ပေါ့တန်တန်တွေးတာ သိသာသည်။

"ဒါဆို မင်း ပြစ်ဒဏ်ခန်းမကိုလာခဲ့။ မင်းရဲ့ မင်းရဲ့ရာဇ၀တ်မှုနဲ့ ပြစ်ဒဏ်ကို အဲဒီမှာပဲ ဆုံးဖြတ်မယ်။"

သူ့အင်္ကျီလက်ကို လှန်လိုက်သည်နဲ့ အစောင့်များ ဝင်လာသည်။

ပိုင်ကျီဟန်က မခုခံပေ။

မတိုက်ခိုက်ခဲ့ပေ။

သူသည် သူ၏အင်္ကျီကော်လံကို ရိုးရိုးရှင်းရှင်းဖိပြီး ဆံပင်များကို သပ်ကာ ရှေ့သို့ လှမ်းတက်လာခဲ့သည်။

"ခင်ဗျားရဲ့စွပ်စွဲချက်ကို သက်သေပြနိုင်ဖို့ မျှော်လင့်ပါတယ်။ မဟုတ်ရင် ကျွန်တော်လက်စားချေမှ သဘောထားသေးတယ် မပြောနဲ့နော်”

ထို့ အတူ အစောင့်များကြားတွင် သူသည် ငြီးငွေ့ဖွယ်ကောင်းသော အစည်းအဝေးသို့ တက်ရောက်ရန် သွားနေသကဲ့သို့ အေးအေးဆေးဆေး လျှောက်လှမ်းလာခဲ့သည်။

သူ့ကို ခေါ်ထုတ်သွားသည့် သတင်းသည် ပြန့်သွားလေသည်။

တကယ် မြန်ပေသည်။

တစ်စုံတစ်ယောက်သည် အတင်းအဖျင်းကို ကြိုတင်ပြင်ဆင်ထားသကဲ့သို့ပင်။

ပိုင်ကျီဟန်သည် ပြစ်ဒဏ်စီရင်ရေးခန်းမဆီသို့ ဦးတည်သော ဗဟိုလမ်းကြောင်းသို့ ရောက်သောအခါတွင် ဒါဇင်ပေါင်းများစွာသော တပည့်များသည် စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ကာ တီးတိုးပြောနေကြရင်း စုဝေးနေကြချေပြီ။

"သူလား။ အမျိုးသမီး ရေချိုးခန်းထဲမှာ မြင်လိုက်ရပြီး အတွင်းခံကိုတောင် ခိုးသွားသေးတာ”

"ဟုတ်တယ် ပိုင်ကျီဟန်ပဲ”

"စိတ်ပျက်စရာ.. သူက ပိုင်ရွှယ်ချင်း မောင်လေ”

"ကောလဟာလတွေက မှားနေတယ်လို့ ငါထင်ခဲ့တာ။ သူက ကြားတာတွေထက်တောင် ပိုရွံ့စရာကောင်းတယ်"

"ငါတို့ဂိုဏ်းက သူ့လိုလူတွေကို နှင်ထုတ်သင့်တယ်"

တပည့် အားလုံးသည် သူ့ကို ရွံရှာစွာ ကြည့်နေကြသည်။

လွန်ခဲ့သော မိနစ်ပိုင်းခန့်ကမှ သူကိုယ်တိုင် သိရှိခဲ့သော သတင်းသည် ထိုသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်မှာ ထူးဆန်းပေသည် ။ အတော်ထူးဆန်းပေ၏ ။

နောက်ကွယ်တွင် မည်သူရှိသည်ကို ပိုင်ကျီဟန်အဖို့ နှစ်ခါပြန်စဉ်းစားနေစရာမလိုပေ

ရှန်လျန့်

ပြီးတော့ သူ ဒီမှာရှိနေမည်ကို သူ မသိဘဲနေမည်လော။

ပြစ်ဒဏ်စီရင်ရေးခန်းမ၏ ရှေ့ လှေကားထစ်များတွင် ဖြတ်လျှောက်လာသည့် သခင်လေးတစ်ဦးပုံစံဖြင့် ရပ်နေခဲ့သည်။

ထိုသို့သော ယုတ်မာမှုကြောင့် ထိတ်လန့်သွားသလိုပင် သူ့မျက်နှာသည် ဒေါသစိတ်နှင့် ပြည့်နှက်နေ၏

(သရုပ်ဆောင်ကောင်းလိုက်တာ)

ပိုင်ကျီဟန်၏ နှုတ်ခမ်းများသည် အနည်းငယ် တွန့်ကွေးသွားသည် ။

ပြုံးရုံသာ။ ပြီးတော့ မှိန်သွားပြီး ပျောက်သွားချေ၏

သို့တိုင် ထိုအရာက အားလုံးကို ပြောပြနေသည်။

"ဒါ ငါတို့ အခုကစားနေတဲ့ ဂိမ်းပဲ"

ရှန်လျန့်၏ မျက်လုံးများသည် စက္ကန့်လောက်မှိတ်သွားသည်။

ထိုအကြည့်ကို သတိပြုမိခဲ့သင့်သည်။ ထိတ်လန့်မှုမရှိသော အကြည့်

ပိုင်ကျီဟန်လက်ထဲတွင် ကစားနေသလိုမျိုး သူ့မျက်လုံးများသည် ရွှင်မြူးမှု အရိပ်အယောင်ရှိနေသည်။

သို့တိုင် သံသယကို တွန်းထုတ်လိုက်ပြီး ပိုင်ကျီဟန် ဟန်ဆောင်နေသည်ဟု တွေးလိုက်သည်။

ပြစ်ဒဏ်စီရင်ရေးခန်းမ၏ လေးလံသော တံခါးများ ပွင့်လာချိန်တွင် လေထုသည် ပြောင်းလဲသွားသည်။

အကြီးအကဲများသည် အမြင့်တွင်ထိုင်နေကြလေသည်။ ခန်းမ၏ ခုံတန်းလျားများတွင် တပည့်များနဲ့ ပြည့်နေသည်။ စူးစမ်းလိုစိတ်ရှိသော မျက်လုံးများက အောက်သို့စိုက်ကြည့်ကာ အကျင့်ပျက်သူ အရှက်ကွဲမည့်အဖြစ်ကို စောင့်ကြည့်လိုစိတ်ပြင်းပြနေသည်။

အားလုံးကို ကြီးကြပ်ကွပ်ကဲသူမှာ ရှန်လျန့် ၏ ဦးလေး အကြီးအကဲရှန်းဖြစ်သည်။

အားလုံး အပြစ်ကင်းနေလျှင်တောင် ၎င်းသည် မည်သည့်တပည့်ကိုမဆို တုန်လှုပ်စေမည့် ဖိအားမျိုးပင်

ဒါပေမယ့် ပိုင်ကျီဟန်ကတော့

ပလ္လင်ပေါ်တက်မည့် မင်းသားလေးလို လျှောက်သွား၏

ကိုယ်ဟန်အနေအထားသည် သက်တောင့်သက်သာပင် ။မေးစေ့ကို အနည်းငယ် မြင့်ထား၏

၎င်းတို့ကို အကဲဖြတ်ဖို့ သူရှိနေသလိုပင် မျက်လုံးများက ခန်းမကို စိုက်ကြည့်နေသည်။

All Chapters