← Chapters

မျှော်လင့်သည်ထက် ပိုသော တာအိုအရိုး

Vol. 6 Ch. 90

မျှော်လင့်သည်ထက် ပိုသော တာအိုအရိုး

Vol. 6 Ch. 90

ပိုင်ရမ်သည် ပိုင်ရှင်းယွဲ့ကို ပြန်ခေါ်ချင်ခဲ့ပြီး တကယ့်ပြဿနာသည် ပိုင်ကျီဟန် လက်မခံနိုင်ဘူးဆိုသည့် အချက်တစ်ခုတည်းပင်။

ပိုင်ကျီဟန်နဲ့ ပိုင်ရှင်းယွဲ့ကြားမှ အငြိုးအတေးသည် ကလေးကစားမျိုး မဟုတ်ဘဲ မျိုးနွယ်စုကို ကွဲပြားစေမည့် အဆင့်အထိ တက်ရောက်နိုင်သည်။

အမှန်တော့ ပိုင်ကျီဟန်ကို ဆန့်ကျင်သူများ များပြားနေပြီး ပိုင်ရှင်းယွဲ့သာ ပြန်ဝင်လာမည်ဆိုပါက သူမသည် ပြီးပြည့်စုံသော အကြီးအကဲအဖြစ် အကောင်းဆုံး နေရာယူနိုင်မည်သာ ။

နှစ်ယောက်ကြား ပြသနာဆက်ရှိနေပါက မျိုးနွယ်စုအတွင်း နှစ်ဖက် ခွဲထွက်မည်ကို တားဆီးဖို့ မဖြစ်နိုင်တော့ပေ။

၎င်းသည် နောင်တွင် မျိုးနွယ်စုအတွက် ခေါင်းကိုက်စရာ ဖြစ်လာနိုင်သည်။

ဒါပေမယ့် ပိုင်ကျီဟန်က အဆင်ပြေသည်ဟု ပြောခဲ့သည်။

အနည်းဆုံးတော့ သူသည် ပိုင်ရှင်းယွဲ့အသက်ကို ယူလိုစိတ်မရှိတာ သိသာသည်။

မဖြစ်နိုင်သည့်တိုင် ပိုင်ကျီဟန်သည် အတိတ်က အပြစ်အတွက် တောင်းပန်ပြီး ပိုင်ရှင်းယွဲ့စိတ်ကို ငြိမ်းသတ်ပေးတာက ပိုကောင်းပေမည်။

“ဒါက အမေနဲ့ ကျွန်တော်ကြားက ပြဿနာပါ။ မပူပါနဲ့။ သူမဘာကို အစီအစဉ်ဆွဲနေပါစေ၊ ကျွန်တော်က သူမကို ဘာမှ မလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်”

ပိုင်ရမ်၏နှုတ်ခွန်းပေါ်တွင် အပြုံးပေါ်လာသည်။

ပြသနာရှာသူတစ်ဦးဖြစ်ကာ အသေးဆုံးအရာကိုတောင် ဒဏ်မခံနိုင်သည့် တာဝန်မယူနိုင်တဲ့သူအဖြစ် ပိုင်ကျီဟန်ကို နားလည်မှုလွဲခဲ့သည်။

မိမိမျိုးနွယ်အပေါ် ကြင်နာတတ်သူ အဖြစ် မြင်ရတော့ ပိုင်ရမ်အနေနဲ့ သူ့ကို ချီးကျူးမိသည်။

အမှန်တကယ်တော့ မျိုးနွယ်ခေါင်းဆောင်တစ်ဦးသည် ရန်သူကို ရက်စက်ပြီး မိမိမျိုးနွယ်ကို ကြင်နာရမည်

ပိုင်ရမ် အမြင်အရ ပိုင်ကျီဟန်သည် တကယ့် မျိုးနွယ်ခေါင်းဆောင်တစ်ဦး၏ ဂုဏ်သတ္တိကို ပြသနေချေပြီ။

“ဒါဆို အဲဒီလိုလုပ်ရအောင်။ ပိုင်ရှင်းယွဲ့ကို မျိုးနွယ်အတွင်း ပြန်လာဖို့ အားလုံးကို ကြိုးစားခိုင်းလိုက်မယ် “

ပိုင်ရမ် ပြောလိုက်သည်။

“ ဒါဆို ပြီးပြီမလား။ ပြန်ကြတော့မလား”

ပိုင်ကျီဟန်ပြောလေ၏

“ဟာဟား… ကျီဟန်က ကျင့်ကြံဖို့မစောင့်နိုင်တော့ဘူးပဲ။ ကောင်းတယ်..ဒါက ပိုင်မျိုးနွယ်အမွေဆက်ခံသူ ဖြစ်ရမဲ့အရာပဲ”

( ဘာဖြစ်ဖြစ် မင်းကိုပျော်စေပြီပေါ့ အဘိုးကြီး)

ပိုင်ကျီဟန် တွေးလိုက်သည်။

မဟာအကြီးအကဲပိုင်ရမ် ပျောက်သွားသည်။

သူ့တွင်လုပ်စရာတွေများလွန်းပြီး အရင်လုပ်ရမည်က

ပိုင်ရွှယ်ချင်းကို ကျေနပ်အောင် လုပ်ကာ ပိုင်မျိုးနွယ်သို့ ပြန်ခေါ်ဖို့ပင်

ပိုင်ရွှယ်ချင်းနှင့် ချူကျီယန်တို့သည် ထိုနေရာတွင် ရှိနေသေးသည်။ ပြီးတော့ လင်းရွှမ်သည်လည်း ထိုမှာ ရှိနေ၏

ပိုင်ကျီဟန် မကျင့်ကြံမချင်း လင်းရွှမ်သည် ထိုနေရာတွင်နေပြီး သူ့အတွက် အရာအားလုံး အဆင်ပြေနေအောင် လုပ်ပေးမည်ပင်။

သူ့အိမ်သည် တော်တော်နီးသောကြောင့် ပိုင်ကျီဟန်အိမ်ကနေ သူ့ဝင်းကို ရောက်ဖို့ အချိန်အများကြီး မယူရပေ

ပိုင်ရွှယ်ချင်းသည် ပိုင်ရမ်နှင့် ပိုင်ကျီဟန်တို့၏ စကားများအပြီးတွင် အံ့သြသွားခဲ့သည်။

သူမသည် ကျောက်ဆောင်တစ်ခုအောက်တွင် အမှန်တကယ်နေထိုင်ပြီး အချက်အလက်များစွာ ကင်းမဲ့နေပုံရသည်။

သူမအပြုအမူသည် သူမကို ရောင်ပြန်ဟပ်စေသည်။

တစ်ဖက်တွင်မူ ချူကျီယန်သည် သူမ၏ခါတိုင်းနှင့်မတူဘဲ ချီတုံချတုံဖြစ်နေပုံရသည်။

"အမ်...ပိုင်ကျီဟန်”

ချူကျီယန်သည် ရုတ်တရက် ပြောလိုက်သည် ။

ပိုင်ကျီဟန်၏ မျက်လုံးများ ပြူးသွားပြီး ချူကျီယန် ဘာများ မှားနေလဲဟု တွေးမိသည်။

"ကြယ်ပွင့် အသက်ရှူခြင်းနည်းစနစ်ကို ငါလေ့လာလို့ ရမလား။"

သူမက မေး၏

ထိုမေးခွန်းသည် ပိုင်ကျီဟန်ကို အံ့ဩသွားစေသည်။

ငယ်ရွယ်စဉ်ကတည်းက ကျင့်ကြံမှုတွင် ထူးထူးခြားခြား စွဲလမ်းနေသည့် ပိုင်ရွှယ်ချင်းသာ မေးပါက ဒါမျိုး ဖြစ်မှာမဟုတ်ပေ

"မင်းက ကျင့်ကြံ​ရေးကို သိပ်​ဂရုမစိုက်​ဘူးထင်​တာပဲ​"

ပိုင်ကျီဟန်က ဖြေသည်။

"ကောင်းပြီ၊ ကျင့်ကြံခြင်းက အရာအားလုံးမဟုတ်ဘူး။ ဒါပေမဲ့ သန်မာတာကလည်း ကောင်းတာပဲ မဟုတ်ဘူးလား၊ မင်း အစွမ်းထက်တဲ့အခါ ကိစ္စတွေက ပိုလွယ်လာမှာပါ”

ချူကျီယန်သည် ဆက်ပြောသည်။

"ဘာလို့လဲ လင်းရွှမ်ကို ပေးနိုင်ပေမယ့် မိန်းမကိုကျ မပေးနိုင်ဘူးလား"

ချူကျီယန်သည် ရယ်မောကာ ပြောလိုက်သည်။

"ချီးး..ကိုယ့်ကိုကိုယ် ငါ့မိန်းမလို့ မခေါ်နဲ့"ပိုင်ကျီဟန်သည် စိတ်တိုနေသော လေသံနဲ့ ပြောလိုက်သည်။

"အချစ်၊ အချစ် ကျေးဇူးပြုပြီး”

ချူကျီယန်သည် သနားသော မျက်လုံးနှင့် အသံဖြင့် ပြောလိုက်သည်။

ပိုင်ရွှယ်ချင်းပင်လျှင် ချူကျီယန်၏လုပ်ရပ်ကို ရွံရှာနေပုံရသည်။

တစ်နေ့တွင် သူမ၏ အချစ်ဆုံးသူငယ်ချင်းသည် ထိုကဲ့သို့ ပြုမူသည်ကို မြင်ရပြီး ထိုလူကလည်း သူ့မောင်လေး ဖြစ်မည်ဟု မတွေးခဲ့ဖူးပေ

ဒါက သူမအတွက် လွန်လွန်းသည်။

"ကောင်းပြီ၊ မင်းလိုချင်ရင် လေ့လာပါ။ လင်းရွှမ်က မင်းကို ပြပေးလိမ့်မယ်။"

ပိုင်ကျီဟန်က ပြောလေသည်။

"တကယ်လား ကျေးဇူးတင်ပါတယ် ချစ်လေး”

ချူကျီယန်သည် ပျော်ရွှင်စွာ ပြောပြီး ပိုင်ကျီဟန်ကို နမ်းချင်သလို ပြုမူနေတာကြောင့် သူမကို ရှောင်တိမ်းနေရသည်။

"အိုး... ရွံစရာကြီး။ကျီယန် ၊တော်တော့”

ပိုင်ရွှယ်ချင်းအနေနဲ့ ချူကျီယန်သည် ပိုင်ကျီဟန်ကို လှည့်စားနေသလား၊ အတည်လား သေချာမသိပေ။ သို့တိုင် ဒါက သူမကို ကိုင်တွယ်ဖို့ ခက်ခဲစေသည်။

သူမ၏ အချစ်ဆုံးသူငယ်ချင်းသည် သူ့မောင်နဲ့အတူ ချစ်ကျီစယ်နေသည်ကို မြင်နေရပေသည် ။ ထိုထက် ပိုရွံစရာကောင်းသော ခံစားချက်မျိုး မရှိနိုင်တော့ပေ

"ဟဲဟဲ... ဘာဖြစ်နေတာလဲ၊ ငါတို့ဆက်ဆံရေးကို မနာလိုတာလား"

ချူကျီယန်က မေးသည်။

ပိုင်ရွှယ်ချင်းသည် မျက်လုံးပြူးသွားသည်။

ချူကျီယန်သည်လည်း နောက်ပြောင်တာကို ရပ်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။

"တကယ် ကျေးဇူးတင်ပါတယ်၊ နင့်ကို အကြွေးတင်သွားပြီ"

ချူကျီယန်သည် ပိုင်ကျီဟန်ကို ကျေးဇူးတင်နေ၏

ပိုင်ကျီဟန်သည် ထိုကိစ္စကို သိပ်ပြီး မစဉ်းစားဘဲ သူ့ကို မောင်းထုတ်ချင်သည်။

နောက်ထပ် မနှောင့်ယှက်ချင်တော့ဘဲ ပိုင်ရွှယ်ချင်းနဲ့ ချူကျီယန် နေရာမှ ထွက်သွားလေ၏ ပိုင်ကျီဟန် ကျင့်ကြံမည်ဟု ပြောပြီးမှ လင်းရွှမ်သည် နောက်က လိုက်ထွက်သွားချေသည်။

"ဟား...နောက်ဆုံးတော့”

ပိုင်ကျီဟန်သည် နောက်ဆုံးတော့ တံခါးပိတ်ချိန် ရောက်ပြီဟု ရေရွတ်လိုက်သည်။

“ စနစ်”

စနစ်မျက်နှာပြင်ကိုဖွင့်ပြီး ဆုချီးမြှင့်သည့်ကဏ္ဍသို့ တိုက်ရိုက်သွားခဲ့သည်။

[မယူရသေးသော ဆုလာဘ်များ]

ရှန်လျန့်ကိုအနိုင်ရခြင်း : အမှတ် ၂၀၀၀၊ မိန်ရူလန်ကို အနိုင်ရခြင်း : အမှတ် ၁၀၀၀

ရှန်လျန့်၏ အစီအစဉ်တွင် ပါဝင်သည့် အဖွဲ့အသီးသီးကို အနိုင်ယူထားသည့်အတွက် စနစ်အမှတ်များဖြစ်သည့် ဆုများစွာ ရရှိထားသည်။

၎င်းသည် စနစ်အမှတ် အားလုံးသာဖြစ်သောကြောင့် အနည်းငယ် စိတ်ပျက်မိသော်လည်း ၎င်းသည် အမှတ် ၁၅၀၀၀ကျော် စုဆောင်းထားမိခြင်းကြောင့် သူ့အနေနဲ့ မည်သည့် စောဒကမှ တက်မည် မဟုတ်ပေ ။

ရှန်လျန့်၏ အကြံအစည်ကို လုံးလုံးလျားလျား ဖျက်ဆီးပြီး ၎င်းကို အနိုင်ရခြင်းအတွက် ကြီးကြီးမားမား ဆုလာဘ်များလည်း ရှိသည်။

၎င်းသည် ကျင့်ကြံမှု ၁၀ဆ အမြန်နှုန်းကတ် (ရက်၃၀ ) ဖြစ်သည်။

ကျင့်ကြံမှု ၁၀ဆ အမြန်နှုန်းကတ် (၃ရက် ) ၁၀ကဒ်ကို ရရှိထားပြီး အလွန်ကောင်းသောဆုလာဘ်ဖြစ်သည်။

ဤအချက်ကြောင့် ရွှေဗဟိုနယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်ခြင်းသည် ဖြစ်နိုင်ချေရှိလောက်သည်။

သို့သော် ထိုထက်ပိုသည်က အကြီးအကဲရှန်းကိုအနိုင်ယူခြင်းအတွက် ကြီးမားသော ဆုလာဘ်တစ်ခုရှိနေသည်။

ဆုကြေးမှာ တာအိုအရိုးဖြစ်သည်။ တကယ် တာအိုအရိုးပင်

တာအိုအရိုးဆိုတာထက် အထူးအဆင့် တာအိုအရိုးပင်

အထူးအဆင့် တာအိုအရိုး - အရည်အသွေးမြင့် တာအိုအရိုးသည် ပြိုင်ဘက်ကင်းသော ကျင့်ကြံမှု အရှိန်အဟုန်၊ ပြိုင်ဘက်ကင်း တိုက်ခိုက်ရေးစွမ်းအား နှင့် အမြင့်ဆုံးသော ကျင့်ကြံမှုနယ်ပယ်ကို ရောက်ရန် အလားအလာကို ပေးဆောင်သည်။

ချီကို စုပ်ယူနိုင်ပြီး တာအိုနည်းစနစ်များကို ရူးသွပ်သောနှုန်းဖြင့် နားလည်နိုင်စွမ်းရှိကာ သာမန်ပါရမီရှင်များထက် များစွာသာလွန်သည်။

ပိုင်ကျီဟန်၏ မျက်ခုံးများ အနည်းငယ် ကြွတက်လာသည်။

စနစ်၏ ပျက်စီးနေသော သဘာဝကို အသားကျခဲ့သူပေမယ့် ထို ဆုလာဘ်အစုအဝေးသည် မဖြစ်နိုင်ဟု ထင်မိသေးသည်။

"အထူး တာအိုအရိုး ? ဒါ... ရယ်စရာပဲ”

တာအိုအရိုးသည်ပင် ဒဏ္ဍာရီဆန်ဆန်ဖြစ်နေချေပြီ၊ သို့တိုင် ဒါက လုံးဝခြားနားသည့် အဆင့်မှာ ရှိနေခဲ့သည်။

မည်သူမဆို ဤတာအိုအရိုး၏ ပြိုင်ဘက်ကင်း စွမ်းအားဖြင့် ထိပ်တန်း ကျင့်ကြံသူ ဖြစ်လာနိုင်သည်။

ယခုလည်း ဒါကသူ့ဟာပင်

All Chapters