အထူးတာအိုအရိုး
Vol. 6 Ch. 91
ပိုင်ကျီဟန်သည် တောက်ပနေသော အသိပေးစာမျက်နှာကို စိုက်ကြည့်နေပြီး နှုတ်ခမ်းထောင့်တွင် အပြုံးက တဖြည်းဖြည်း ပေါ်ထွက်လာသည်။
“ အထူး တာအိုအရိုး ဟုတ်လား”
ပိုင်ကျီဟန်ဟည် ထိုင်ခုံအပေါ်တွင် မီရင်း လက်ချောင်းတွေသည် ခုံလက်အပေါ်မှာ ခေါက်နေသည်။
“စနစ်၊ အဲဒါကို စုပ်ယူလိုက် ”
[တာအိုအရိုးကို စုပ်ယူနေသည်…]
[သတိပေးချက် - ဤလုပ်ငန်းစဉ်သည် သင့်လက်ရှိ တာအိုအရိုးကို အစားထိုးပါမည်။]
[ရွေးချယ်စရာ - လက်ရှိတာအိုအရိုးကို စနစ်ထဲတွင် အမှတ် ၁၀၀၀ဖြင့် သိုလှောင်နိုင်သည်။ ဆက်လက်လုပ်ဆောင်မည်လား?]
“သိုလှောင်တာလား”
ပိုင်ကျီဟန်သည် မျက်ခုံးကို ပင့်လိုက်သည်။
သူ့၏ လက်ရှိတာအိုအရိုးဖြစ်သော ပိုင်ရှင်းယွဲ့၏ တာအိုအရိုးသည် တော်တော် ထူးဆန်းနေပြီပင်
သို့တိုင် ပိုင်ကျီဟန်အဖို့ အလွန်အကျွံ သက်ရောက်မှုမရှိခဲ့ပေ
ပုံမှန် ကျင့်ကြံသူတစ်ဦးအဖို့ ၎င်းကို သိမ်းပိုက်ဖို့ ကြိုးစားရင်း သတ်တာမျိုး ဖြစ်နိုင်သေးသည်။ မျှဝေပြီးရောင်းမည်ဆိုပါက အားနည်းသော ဂိုဏ်းသေးတစ်ခုလုံးကို ဝယ်ယူနိုင်သလောက် တန်ဖိုးရှိပေမည်။
ဒါကို သိုလှောင်နိုင်မည်ဆိုပါက စနစ်အမှတ် ၁၀၀၀ ကုန်သွားသည့်တိုင် အကောင်းဆုံးရွေးချယ်မှု ဖြစ်မည်ပင်။ဒါက တန်ဖိုးရှိပေသည်။
“သိုလှောင်လိုက်”
[အတည်ပြုပြီး စနစ်အမှတ် ၁၀၀၀ကို ဖျက်သိမ်းနေပါသည်…]
အသိပေးချက် ပျောက်သွားချိန်တွင် ပိုင်ကျီဟန် အတွင်းပိုင်းတွင် ထူးဆန်းသော ဆွဲဆောင်မှုတစ်ခုကို ခံစားမိသွားသည်။ နာကျင်မှု မဟုတ်သည့်တိုင်… အနက်ထဲအထိ ရောက်သွားသည်။
နေသားမကျပေ
သူ့အသက်ရှုမှုကို ဆွဲဆန့်သလိုပင်။
သူ့ကိုယ်ထဲက အရာတစ်ခုကို ဆွဲထုတ်သလို ခံစားရပြီး မြေမှာနှစ်ပေါင်းများစွာ အမြစ်တွယ်နေသည့် သံကြိုးတစ်ချောင်းကို မတော်တဆ ဆွဲထုတ်လိုက်သလို ဖြစ်နေသည်။
ပြီးတော့ အဲဒါက ပျောက်သွားသည်။
လွယ်လွယ်ကူကူနဲ့ပင်။
ပိုင်ကျီဟန်သည် အသက်ကို ရှုထုတ်လိုက်သည်။
“ဟူး”
သူကိုယ်တိုင်တောင် မသိသည့် အလေးချိန်တစ်ခုကို ထမ်းထားရာမှ ဖယ်လိုက်သလို ဖြစ်နေခဲ့သည်။
“ဒီအရာက ငါ့ပစ္စည်းမဟုတ်ဘူး”
သူသည် နောက်သို့ မှီကာ ခံစားချက်ကို သန့်စင်လိုက်သည်။ ယခု သူ့အတွေးထဲတွင် ထူးထူးခြားခြား ရှင်းရှင်းလင်းလင်း ရှိနေသည်။
နှစ်အတော်ကြာအောင် သူသည် အနှိုင်းမဲ့ ရတနာတစ်ခုဖြစ်သော ပိုင်ရွှယ်ချင်း၏ တာအိုအရိုးကို ယူထားသည်မှာ သေချာသော်လည်း ၎င်းသည် သူ့အတွက် လုံးဝ အသုံးမဝင်ပေ။
ချီတော်တော်များများကို အရင်ကထက် ပိုမြန်အောင် စုပ်ယူနိုင်သည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားရသည်။
သူ၏ ကျင့်ကြံမှုကို တိုးတက်စေမည့်အစား ပိုင်ရွှယ်ချင်း၏ တာအိုအရိုးက ကန့်သတ်ထားတာများလား
သေချာပေါက် ထိုသို့ ခံစားရသည်။
သူက ရယ်မောလိုက်သည်။
သို့သော် သူသည် ပြတ်သားမှုကို ကြာရှည်စွာ မခံစားနိုင်မီ
[တာအိုအရိုးကို စနစ်တွင် သိမ်းဆည်းထားသည်။]
[အထူးတာအိုအရိုးကို စတင်စုပ်ယူခြင်း ခန့်မှန်းအချိန်- ၁၂ နာရီ။ နာကျင်မှုအဆင့်- အလွန်အမင်း။]
"အို ဝမ်းသာလိုက်တာ" ပိုင်ကျီဟန်သည် သူ့ဘာသာရေရွတ်လိုက်သည်။
"အမြဲ အလွန်အမင်း ပဲ မလား"
နောက်တော့ ဝေဒနာ စခံစားရသည်။
သူ့ အစိတ်အပိုင်းတွေဖြစ်သည့် ခန္ဓာကိုယ်နဲ့ အရိုးတွေသည် အခြေခံအဆင့်တွင် တည်ဆောက်ပြီး ပြန်လည်ရေးသားခြင်း ခံနေရသည်။
သူ၏အရိုးများ ကွဲအက်သွားကာ စွမ်းအင် သွေးကြောများသည် ပြန်လည်လည်ပတ်နေသည်—ထို့နောက် ပိုအားကောင်းသည့် အရာတစ်ခုဖြင့် ပြန်လည် ပြုပြင်ခဲ့သည်။
အပြာရောင် အလင်းတန်းများသည် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး အခန်းတစ်ခုလုံးကို လင်းထိန်သွားစေသည် ။
ကမ္ဘာဦးဖရိုဖရဲ ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်မှတဆင့် သူ၏ခန္ဓာကိုယ်ကို သန့်စင်မှုဖူးတာကြောင့်ပင် ဒါမှမဟုတ် ယခင်က ပိုဆိုးသည်ကို ခံစားဖူးတာကြောင့် ဖြစ်နိုင်သည်။ ပိုင်ကျီဟန်သည် ယခုနာကျင်မှုကို အလွန်အမင်းဟု မစဉ်းစားခဲ့ပေ
သာမာန်လူတစ်ယောက်အဖို့တော့ အသိစိတ် ပျောက်ဆုံးသွား နိုင်သည်။
ဆယ့်နှစ်နာရီအကြာတွင်
[စုပ်ယူမှုအပြီးသတ်ပါပြီ ။ အထူး တာအိုအရိုးကို အောင်မြင်စွာ ပေါင်းစပ်ထားသည်။]
[သတိပေးချက်-ပိုင်ရှင်၏ ကျင့်ကြံမှုအခြေခံသည် မတည်ငြိမ်တော့ပါ ။ တည်ငြိမ်စေရန် ချက်ခြင်း ကျင့်ကြံဖို့ အကြံပြုအပ်ပါသည်။]
ပိုင်ကျီဟန်၏ မျက်လုံးများ ပွင့်လာသည်။ ၎င်းတို့သည် ဝေ့ဝဲနေသော ရွှေရောင်အလင်းတန်းများဖြင့် လင်းလက်နေပြီး သူ့မျက်ဝန်းထဲတွင် နဂါးငွေ့တန်းများ လည်ပတ်နေ၏။
သူသည် တစ်ကြိမ်သာအသက် ရှူသွင်းပြီး ကောင်းကင်က တုံ့ပြန်ပုံရသည်။
ဝိညာဉ်ရေးရာ ချီသည် ဒီရေလှိုင်းကြီးကဲ့သို့ သူ့ခြံဝင်းအတွင်းသို့ တိုးဝင်သွားသည်။ အနန္တအသက်ရှုခြင်း နည်းစနစ်ကို အသက်သွင်းခြင်းပင် မရှိသေးပေ
အကယ်၍ သူသာ ၎င်းကိုအသုံးပြုခဲ့မည်ဆိုလျှင် သူ့ခြံဝင်းရှိချီသည် သူနှင့်အမှီလိုက်ရန် မလုံလောက်နိုင်ပေ။
သူသည် လည်းပင်ကို ချိုးကာ မတ်တပ်ရပ်လိုက်သည်။
“ဒါက ပိုကောင်းတယ်”
နောက်ဆုံးတွင် ကျင့်ကြံမှုအရှိန်အားကောင်းသော ပါရမီရှင်ဟု ခေါ်သည့် မျှော်လင့်ချက်အချို့ရှိနေခဲ့သည်။
ပိုင်ရှင်းယွဲ့အကြောင်းကို သူသေချာမသိသည့်တိုင် ယခုအရှိန်သည် လင်းရွှမ်ကို ရေထဲကနေ မှုတ်ထုတ်တော့မည်ဆိုတာ သေချာနေပေပြီ။
ပြီးတော့ သူ့တွင် ဝှက်ဖဲဖြစ်သည့် ကျင့်ကြံရေး၁၀ဆ အမြန်နှုန်းကတ် (ရက်၃၀) ရှိသေးသည်။
သူ၏အထူးတာအိုအရိုး၊အနန္တအသက်ရှုခြင်းနည်းစနစ်၊ ကျင့်ကြံရေး
၁၀ဆ အမြန်နှုန်းကတ်နှင့် ပိုင်မျိုးနွယ်မှ ထိပ်တန်းဆေးများနဲ့အတူဆို ဤရက်ပေါင်းသုံးဆယ်သည် ရူးသွပ်သွားမည်ဖြစ်သည်။
သာမာန်အားဖြင့် အခြားမည်သူမဆို ထိုကဲ့သို့သော ဝေဒနာကြောင့် ပြိုလဲသွားတတ်သည်—အသက်ရှူရန် နာရီပေါင်းများစွာပင် လိုအပ်ပေမည်။
ဒါပေမယ့် ပိုင်ကျီဟန်ကတော့? မနားပေ ။ ယခုလည်း သူသည် နာကျင်မှုကို တစ်ခါမျှပင် မခံစားဖူးကဲ့သို့ ပြုမူခဲ့သည်။
ခဏလောက်ပင် အချိန်မဖြုန်းတီးဘဲ အရင်းအမြစ်များနဲ့အတူ ပိုင်ကျီဟန်သည် ကျင့်ကြံတော့သည်။
ပိုင်ကျီဟန် တံခါးပိတ်ကျင့်ကြံနေချိန်မှာတော့ ပြင်ပကမ္ဘာသည် သူလုပ်ခဲ့သောအရာတွေနဲ့ ချာချာလည်နေသည်။
"ဒါဆို ပိုင်ကျီဟန်နဲ့ ပတ်သက်တဲ့ ကောလဟာလတွေအားလုံးကို ရှန်လျန့်က ဖန်တီးထားတာပေါ့။ ဘယ်လောက် စက်ဆုပ်စရာကောင်းတဲ့လူလဲ”
"ဟုတ်တယ်... လူတိုင်း သလင်းကျောက် မှတ်ဉာဏ်ကြေးမုံကို တွေ့ကြတယ်၊ သူက အရာအားလုံးကို ကြိုးကိုင်ထားတာ”
"ဒါနဲ့ ပိုင်ကျီဟန်က ရှန်လျန့်ရဲ့ လက်တစ်ဖက်ကို ပြစ်ဒဏ်အနေနဲ့ ဖြတ်လိုက်တာပဲ၊တခြားသူတွေ ဘယ်သူမှဝင်မဆွဲဘူး။"
" ရှန်းမျိုးနွယ်က ဒါကိုခွင့်မလွှတ်လောက်ဘူး။"
"သူတို့ ခွင့်မလွှတ်ရင်တောင် သူတို့ဘာလုပ်နိုင်မလဲ။ ပိုင်မျိုးနွယ်က ကောင်းကင်အင်ပါယာမှာ အားအကြီးဆုံး”
ကောင်းကင်ဓားဂိုဏ်းသည် ရုတ်ရုတ်သဲသဲဖြစ်ခဲ့သည်။ ပြီးတော့ ထိုပရမ်းပတာများသည် ဆိတ်ငြိမ်ရာ ကောင်းကင်အင်ပါယာတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ချေပြီ။
တကယ်တော့ ရှန်လျန့်နဲ့ ပိုင်ကျီဟန်နှစ်ယောက်လုံးနာမည်တွေသည် မသိသူမရှိပေ
သို့တိုင် ပါရမီဖြစ်သည့် ရှန်လျန့်ကို ပိုင်မျိုးနွယ်၏ အမှိုက် ပိုင်ကျီဟန်က အရှက်ခွဲခဲ့သည်။
ဒါက ရယ်စရာကောင်းလွန်း၏ အစက လူတွေသည် မယုံကြပေ
သို့တိုင် အမှန်တရားက ခွင့်ပြုမိန့် မလိုပေ။ တောမီးလို ပျံ့နှံ့သွားသည်။
အခုတော့ အားလုံးသည် ရှန်မျိုးနွယ်၏ တုံ့ပြန်မှုကို စောင့်မျှော်နေကြချေပြီ။
တိတ်တိတ်ဆိတ်ဆိတ်နေပြီး အပြစ်ကို ဝန်ခံမှာလား။ ဒါမှမဟုတ် ပိုင်မျိုးနွယ်ကို အရှိန်မြှင့်ပြီး တိုက်ခိုက်မှာလား။
သို့တိုင် လူတိုင်းတော့ မတုန်လှုပ်ပေ။
"အမြဲလိုပဲ လက်လှမ်းမမီတဲ့ လှည့်ကွက်တချို့ကို သုံးတာနေမယ်။"
ပိုင်ရှင်းယွဲ့သည် ထိုသတင်းကြားသောအခါ ရေရွတ်လိုက်သည်။
လူအများစုသည် ထိတ်လန့်သွားကြသည်။ သို့တိုင် သူမတော့မပါပေ
ပိုင်ကျီဟန်သည် ကျင့်ကြံမှုတွင် အားနည်းပြီး ပိုင်မျိုးနွယ်၏ ဟာသအဖြစ် ထင်မြင်ခံခဲ့ရသည်။ ရှန်လျန့်ကို အနိုင်ယူနိုင်တာလား
ဒါက စိတ်ဝင်စားစရာဖြစ်သင့်သည်။
ဒါပေမယ့် သူမကတော့ မဟုတ်ချေ
ရိုးရိုးသားသားပြောရလျှင် ပိုင်ကျီဟန်သည် ရှန့်လျန့်ကို မျက်နှာချင်းဆိုင်တိုက်ခိုက်ပြီး အနိုင်ယူခဲ့သည်ဟု သူမကြားပါက အံ့ဩသွားလိမ့်မည်။
သူ၏နောက်ခံ၊ အစီအစဥ်များ သို့မဟုတ် လှည့်ကွက်များကို အားကိုးနေရင်တော့
အဲဒါက ပိုင်ကျီဟန် ထုံးစံပင်
သူမသည် ထိုနည်းဗျူဟာများကို ကြောက်ရွံ့စရာ အကြောင်းမရှိပေ။
သူ့မတွင် ကိုယ်ပိုင်ဝှက်ဖဲတွေရှိ၏ ပိုင်ကျီဟန် ဂိမ်းဆော့ချင်တယ်ဆိုရင်တော့ သူမလည်း ကစားမှာပင်။ ပြီးတော့ သူ့ကို အနိုင်ယူလိုက်ရုံသာ
သို့သော် သူမ အမှန်တကယ် လိုချင်သည်မှာ တရားမျှတသော တိုက်ပွဲဖြစ်သည်။
ပိုင်ကျီဟန် ကိုရင်ဆိုင်ဖို့
သူမ၏ တာအိုအရိုးနဲ့တောင် အမှိုက်ဖြစ်နေတုန်းပဲဆိုတာကို သူ့အား ပြရမည်။
ပိုင်ရှင်းယွဲ့သည် လှောင်ပြောင်ပြီး လက်နှစ်ဖက်ကို ပိုက်ရင်း မျက်လုံးများ အေးစက်နေချိန်မှာတော့ သူမ၏ ဝင်းတံခါးဝတွင် အလင်းတန်းခေါက်သံ ပဲ့တင်ထပ်သွားသည်။
"ဂျူနီယာ ညီမပိုင် အထဲမှာလား။"
ယဉ်ကျေးစွာ ခေါ်ဝေါ်သော အသံသည် အနည်းငယ် အသက်ရှုကြပ်စေသည်။
သူမချက်ချင်းမတုံ့ပြန်ပေ ထိုမာနကြီးသော ခွေးကောင်၏ပုံသည် သူမ၏ အတွေးများတွင် ရောထွေးနေသေးသည်။
သို့သော်လည်း သူမသည် အသံကြားရာဆီသို့ ပျင်းရိစွာ လှည့်ကြည့်လိုက်သည်။
"ပြောပါ။"
တံခါးက ပွင့်သွားချေသည် ။ မြစိမ်းရောင်တိမ်တိုက်တောင်ထိပ် ၀တ်စုံကို ၀တ်ဆင်ထားသည့် လူငယ်တစ်ယောက် ဝင်လာခဲ့သည်။
သူ့ဆံပင်တွေသည် ရှုပ်ပွသည့်ပုံစံဖြင့် ချည်နှောင်ထားသည်- သူ တစ်လမ်းလုံးပြေးနေရမှန်း သိသာသည်။
"ဂျူနီယာညီမ ပိုင်" ဟု ရိုကျိုးစွာဖြင့် ပြောကာ "ဆရာကြီး မင်းကို ခေါ်နေတယ်"
သူမ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
"ဆရာကြီး ဘာဖြစ်လို့လဲ"
"ပိုင်မျိုးနွယ်က လူကြီးတချို့က မင်းကိုတွေ့ဖို့ တောင်းဆိုနေပုံရတယ်။"
အဲဒါက သူမကို ခေတ္တရပ်တန့်စေခဲ့သည်။
သူမ မျက်လုံးကို မှိတ်ထားသည်။
(ဒီလူတွေက ဘာကိုလိုချင်ပြန်တာလဲ။)