အစေခံပို ပေးခဲ့တဲ့အရာ
Vol. 6 Ch. 88
လင်းရွှမ်စိတ်ရှုပ်ထွေးနေချိန်မှာပဲ သူတို့သုံးယောက်သည် ဖြစ်ပျက်နေတာကို နားလည်ဖို့ ကြိုးစားရင်း တိတ်ဆိတ်နေခဲ့သည်။
သူအသုံးပြုနေသော ကျင့်ကြံနည်းစနစ်သည် ပိုင်မျိုးနွယ်ဟာ ဖြစ်ကြောင်း အမြဲတွေးထားပြီး ၎င်းတို့ သိရှိပါက အကြီးအကဲများသည် သူ့အား ရိုက်နှက်ခြင်း သို့မဟုတ် သတ်ခြင်းပင် ဖြစ်မည်ဟု ယုံကြည်ခဲ့သည်။
"ကျီအာ ၊ မင်း ဒီနည်းစနစ်ကို ဘယ်ကရခဲ့တာလဲ။"
ပိုင်ရမ်သည် စိတ်ဝင်တစား မေးလေ၏
ဒီလိုနည်းစနစ်မျိုး ပိုင်ကျီဟန်မှာ ရှိမည်ဟုမည်သူက ထင်မည်နည်း
ထို့အပြင် ပိုင်ကျီဟန်သည် ပြင်ပကမ္ဘာကို တစ်ခါမျှ မစူးစမ်းဖူးဘဲ ပိုင်မျိုးနွယ် အိမ်
တော်၌သာ များသောအားဖြင့် နေခဲ့သည်။ဒါကို သူဘယ်ကရသနည်း
"တကယ်တော့ သေချာ မမှတ်မိတော့ဘူး၊ မှတ်မိတာကတော့ “
ပိုင်ကျီဟန်သည် ပြန်ဖြေလေ၏
၎င်းကို စနစ်စျေးဆိုင်မှ ယူထားကြောင်း မည်သို့ရှင်းပြနိုင်မည်နည်း။
ထိုလူတွေသည် စနစ်ဆိုတာ ဘာလဲဆိုတာတောင် မသိကြပေ။ မမြင်နိုင်သည့်အရာအပေါ် အယုံအကြည်လည်း နည်းပေမည်
ထို့အပြင် စနစ်သည် သူ၏ အကြီးမားဆုံးလျှို့ဝှက်ချက်ဖြစ်ပြီး ဤတစ်သက်တွင်
သူသည် ၎င်းကိုမည်သူ့ကိုမျှ ထုတ်ဖော်ပြောကြားမည်မဟုတ်ပေ။
တစ်ဖန် ပိုင်ရမ်နှင့် အခြားသူများသည် ပိုင်ကျီဟန်၏အဖြေကြောင့် အံသြသွားကြသည်။
ထိုအကြောင်းပြချက်နဲ့ ပိုင်ကျီဟန်သည် သူတို့အား အရူးလိုလှည့်စားနေသည်။
သို့တိုင် ပိုင်ရမ်သည် သူ့အား သူ့ကို ဖိအားမပေးပေ ။ နည်းစနစ်ကို ပိုင်ကျီဟန် မည်သို့ရလဲ အရေးမကြီးပေ။ ဒါဟာ သတင်းကောင်း ဖြစ်နေတုန်းပင်
"ကျီအာ ဒီနည်းစနစ်ကို ငါကြည့်လို့ရမလား?"
ပိုင်ရမ်သည် ယဉ်ယဉ်ကျေးကျေး မေးသည်။
ပိုင်ကျီဟန်အနေနဲ့ သိပ်ပြီး မစဉ်းစားပေ။ တကယ်တော့ သူသည် တုံ့ဆိုင်းနေလောက်အောင် ၎င်းကို တန်ဖိုးမထားခဲ့ပေ။
"လင်းရွှမ် အကြီးအကဲကိုပြလိုက်ပါ”
ပိုင်ကျီဟန်သည် ပေါ့ပေါ့ပါးပါး ညွှန်ကြားလိုက်သည်။
လင်းရွှမ်သည် ခေါင်းညိတ်ပြပြီး ကျင့်ကြံနည်းစာအုပ်ကို ထုတ်ကာ ပိုင်ရမ်ကို ပေးလိုက်သည်။
ပိုင်ရမ်သည် လက်စွဲစာအုပ်ကို ဖွင့်ကြည့်ကာ သူ့လက်ချောင်းတွေက အနည်းငယ်တုန်နေ၏
ပထမစာမျက်နှာအနည်းငယ်ကို ဖတ်ရုံနဲ့ သူ၏မျက်လုံးများသည် ကျုံ့သွားသည်။
သူ့လို အဆင့်တစ်ယောက်ပင် နည်းစနစ် အတွင်း နက်နဲမှုနှင့် ထူးခြားမှုတို့ကို ခံစားနိုင်သည်။
သူ့ကို ပိုပြီး အံ့အားသင့်စေက ညဘက် ကြယ်တွေအောက်မှာ ကျင့်ကြံခြင်းက ပိုအလုပ်ဖြစ်စေသည်။
ဆိုလိုသည်မှာ အကောင်းဆုံးအခြေအနေများအောက်တွင်ပင် ကြယ်ပွင့် အသက်ရှုခြင်း နည်းစနစ်သည် မြစိမ်းရောင်နဂါး အသက်ရှုခြင်းနည်းစနစ်နှင့် နှိုင်းယှဉ်နိုင်နေပြီဖြစ်သည်။
"...ဒါက သာမန် မြေကမ္ဘာအဆင့်နည်းပညာတစ်ခုပဲ မဟုတ်ဘူး" ပိုင်ရမ်သည် အသက်ရှုထုတ်လိုက်သည်။
"ဒါက အထွတ်အထိပ်မှာ.. ကောင်းကင်အဆင့်လို့တောင် ပြောလို့ရတယ် "
ချူကျီယန်နဲ့ ပိုင်ရွှယ်ချင်း နှစ်ယောက်လုံး တောင့်တင်းသွားသည်။
ကောင်းကင်အဆင့်?
ရှေးခေတ် ဂိုဏ်းခွဲများမှ ဆင်းသက်လာသော အပျက်အစီးအဖြစ် မြှုပ်နှံထားသော၊ သို့မဟုတ် ကောင်းကင်ထက်တွင် ရပ်နေသော ပညာရှိများက ဖန်တီးထားသော ဒဏ္ဍာရီများတွင်သာ ထိုကဲ့သို့သော နည်းစနစ်များကို သူတို့ကြားဖူးကြသေးသည်။
ဆိတ်ငြိမ်ရာ ကောင်းကင်အင်ပါယာတွင် မည်သူတစ်ဦးတစ်ယောက်မျှ မပိုင်ဆိုင်သေးပေ
ဆိုလိုသည်မှာ ဤကျင့်ကြံနည်းစနစ်သည် ထိုနေရာတွင် အကောင်းဆုံးပင် ဖြစ်သည်။
ပြီးတော့ ပိုင်ကျီဟန်သည် အစေခံကို ထိုအရာအား ပေးလိုက်သည်လား။
မကြာသေးမီက ဂိုဏ်းတွင်ဖြစ်ပျက်ခဲ့သမျှကို မသိသေးသော ပိုင်ရွှယ်ချင်းနှင့် နှင့်မတူတာက ချူကျီယန်သည် လင်းရွှမ်ကို အစေခံတစ်ဦးထက် ပိုကြောင်းကို သတိပြုမိခဲ့သည်။
ပိုင်ရမ်သည် စာဖတ်နေဆဲပင် ။ မိနစ်အတော်ကြာပြီးနောက် သူသည် လက်စွဲစာအုပ်ကို ပိတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။
"ကျီအာ ... ဒါကို မင်းဘယ်ကရလဲ ငါမသိဘူး၊ ဒါပေမယ့် ဒီနည်းစနစ်က အရမ်းအစွမ်းထက်တယ်။ မင်း အဲဒါကို တန်ဖိုးထားရမယ်။"
ပိုင်ကျီဟန်က လှောင်ပြောင်လိုက်သည်။
ဒါက တန်ဖိုးကြီးသောအရာဆို သူ့မှာရှိသည့် တကယ့် ကောင်းကင်အဆင့် နည်းစနစ်ကရော
“ဒါလောက် တန်ဖိုးကြီးတာကို သူ့လိုလူကို ဘယ်လို သင်ပေးတာလဲ” ပိုင်ရမ်က မေးလိုက်သည်။
ပိုင်ရမ်သည် လင်းရွှမ်ကို တည့်တည့်ကြည့်ရင်း မေးခဲ့သည်။
လင်းရွှမ်သည် စိတ်ရှုပ်သွားသော်လည်း ပိုင်ရမ်အကြည့်အောက်တွင် တုန်လှုပ်ခြင်း မရှိခဲ့သဖြင့် အကြီးအကဲကို အံ့အားသင့်စေသည်။
(ဟိုဟို… ဒီကောင်လေးက ကြည့်တာက)
လင်းရွှမ်သူ့ကို ပြန်ကြည့်ပုံအရ ပိုင်ရမ် တွေးလိုက်မိသည်။ အနည်းဆုံးတော့ သူသည် ကြောက်ရွံ့နေတာမျိုး မရှိပေ
ထို့ကြောင့် ကောင်လေးတွင် သာမန်မဟုတ်သည့် အရာတစ်ခုရှိပြီး ပိုင်ကျီဟန်သည် သူ့ကို တမူထူးခြားဆက်ဆံရသည် အကြောင်းရှိသည်ဟု ယုံကြည်လာစေသည်။
“သူလိုလူ?”
ပိုင်ကျီဟန်သည် အသံကျယ်ကျယ်နဲ့ပြောလိုက်၏
“အကြီးအကဲ မကြားသေးလား?”
“ဘာကြားရမလဲ?”
ပိုင်ရမ်သည် မနားလည်သေးသလို မေးလိုက်သည်။
“ဟာ ပိုင်မျိုးနွယ် ဘာလုပ်နေတာတုံး။ ဒီလောက်ကြီးတဲ့ သတင်းကို မသိဘဲ နေတာ”
ပိုင်ကျီဟန်ဆီမှ မကျေနပ်သံထွက်လာ၏
သူ့အမြင်မှာတော့ ထိုပေါ့လျော့မှုလေးသည်ပင် မျိုးနွယ် အဆုံးတိုင်ပျက်စီးစေမည့် အကြောင်းအရင်း တစ်ခုဖြစ်လာနိုင်သည်။
ပိုင်ရွှယ်ချင်း၏ စေ့စပ်ထားသူအဟောင်းသည် တိတ်ဆိတ်နေတာကြောင့် ပိုင်မျိုးနွယ် တစ်စုံတစ်ယောက်မှ မသိဘဲ စိတ်အေးအေးနေကြသည်။
နောက်တစ်ဖက်မှာလည်း ပိုင်ရွှယ်ချင်းပင် အချိန်ပြည့် တံခါးပိတ် ကျင့်ကြံနေတာကြောင့် သူအံ့ဩသည်မှာလည်း မထူးဆန်းပေ
ပိုင်ကျီဟန်အနေနဲ့ ထိုအဓိကဇာတ်ဆောင်ကို စုံစမ်းဖို့ လူတစ်ယောက် ပို့သင့်သည် အချိန်ရောက်လာပြီဟု ထင်မိသည်။
ထို့နောက် သူ့ကို ရှောင်နေသည့် ပိုင်မျိုးနွယ်ဝင်အများစုကို သူ့စိတ်ထဲ ပြန်
ပေါ်လာသည်
ပိုင်ကျီဟန်သည် မျိုးနွယ်စုကို အပြစ်တင်ပြီး အဓိပ္ပါယ်မရှင်းပေးသည့်အတွက် ပိုင်ရမ်သည် ပိုစိတ်ရှုပ်လာပြီး နားမလည်တော့ပေ
“အကြီးအကဲ၊ ကျွန်မ ရှင်းပြပေးပါမယ်”
ပိုင်ကျီဟန်ထိုသို့ မလုပ်ချင်သည်ကို မြင်တာကြောင့် ချုကျီယန်က အလယ်ထဲ ဝင်လာသည်။
သူမသည် ကောင်းကင်ဓားဂိုဏ်း၏ အကဲဖြတ်စမ်းသပ်မှုအတွင်း လင်းရွှမ်၏ မယုံနိုင်လောက်အောင် စွမ်းဆောင်ရည်နှင့် ကောင်းကင်အဆင့် တာအိုပဲ့တင်သံရှိပုံတို့ကို ပြောပြခဲ့သည်။
“ကောင်းကင်အဆင့် တာအိုပဲ့တင်သံ…”
(ဟို.. ကျီဟန် စိတ်ဆိုးသွားတာ မဆန်းပါဘူး။ ဒါက ကြီးမားတဲ့ အရာဖြစ်ပြီး ပိုင်မျိုးနွယ် က မသိခဲ့ဘူး။ ဒီကောင် ထျန်းယုဟမ် ဒီလိုမျိုး ကြီးကြပ်မှုအတွက် သင်ခန်းစာတစ်ခု သင်ပေးရမယ်)
ပိုင်မျိုးနွယ်၏ မသိနားမလည်မှုသည် တစ်စိတ်တစ်ပိုင်းအားဖြင့် ကောင်းကင်ဓားဂိုဏ်း၏ တင်းကျပ်သော အချက်အလက်ထိန်းချုပ်မှုကြောင့် ဖြစ်ပြီး လင်းရွှမ်အား လုယူရန် ကြိုးစားသူ မည်သူကိုမျှ မလိုလားတာကြောင့်ပင်
သူတို့တောင်မှ အရာအားလုံးကို မပိတ်ပင်နိုင်ပေ။ အချို့သော မျိုးနွယ်စုများသည် မကြာသေးမီလများအတွင်း လင်းရွှမ်ကို ခေါ်ယူရန် ကြိုးပမ်းခဲ့ကြသည်ကို သိရှိပြီးဖြစ်သည်။
လင်းရွှမ်သည် ၎င်းတို့အားလုံးကို ငြင်းပယ်ခဲ့သည်မှာ ထင်ရှားသည်။
ပိုင်ကျီဟန်သည် အကဲဖြတ်စစ်ဆေးမှုတွင် ပါဝင်သည့် တစ်ဦးတည်းသော ပိုင်မျိုးနွယ် အဖွဲ့ဝင်ဖြစ်နိုင်ဖွယ်ရှိပြီး ကောင်းကင်ဓားဂိုဏ်းတစ်ခုလုံးတွင် သူသာ ထိုသတင်းကို သိခဲ့သူဖြစ်သည်။
တခြားလူတွေအားလုံးသည် သူ့ကိုရှောင်ချင်တာကြောင့် ဂိုဏ်းအပြင်မှာ ဖြစ်ဖြစ်၊ တံခါးပိတ် ကျင့်ကြံတာဖြစ်ဖြစ် လုပ်နေနိုင်သည်။
တစ်နည်းအားဖြင့် ပိုင်မျိုးနွယ်အနေနဲ့ ကောင်းကင်ဓားဂိုဏ်းတွင် ဖြစ်ပျက်နေသည့်အကြောင်းအရာကို မကြားခဲ့ရခြင်းသည်လည်း သူ့အမှားပင် ဖြစ်သည်
"ဟာဟား... တော်တဲ့ အရည်အချင်းတွေ ရှိတယ်။ လူငယ်လေး၊ မင်းရှေ့မှာ တောက်ပတဲ့ အနာဂတ် ရှိတယ်”
ပိုင်ရမ်သည် ပြုံးပြီးပြောလိုက်သည်။
သူသည် လင်းရွှမ်၏စွမ်းရည်ကို အထင်ကြီးရုံသာမကဘဲ ပိုင်ကျီဟန် ဘာကြောင့်လုပ်ခဲ့သည်ကိုလည်း သူနားလည်လာချေပြီ။
"ချီးမွှမ်းမှုအတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ”
လင်းရွှမ်သည် ယဉ်ကျေးစွာ တုံ့ပြန်ခဲ့သည်။
ပိုင်ရမ်သည် ဝမ်းသာအားရ ခေါင်းညိတ်သည်။
ပိုင်ကျီဟန်သည် စမ်းသပ်မှုမစခင် လင်းရွှမ် အလားအလာကို မည်သို့ သိထားသည်ကို သူနားမလည်သည့်တိုင် ပိုင်ကျီဟန်သည် အရာအားလုံးကို ဂရုတစိုက်စီစဉ်ထားပုံရသည်။
ဒါပေမယ့် အဲဒါက အရေးမကြီးပေ။
အရေးကြီးတာက အခု ပိုင်မျိုးနွယ်တွင် ထိပ်တန်း ပါရမီရှင်တစ်ယောက် ရှိနေချေပြီ