ကောင်းကင်ဘုံ ရွေးချယ်သူနှစ်ဦး
Vol. 6 Ch. 89
ထိုအခါ ပိုင်ရမ်သည် တဖြည်းဖြည်း လင်းရွှမ်ဘက်သို့ မျက်နှာလှည့်လိုက်သည်။
“လင်းရွှမ်မလား?” တိကျစွာ မေးခဲ့သည်။
“မင်း ပိုင်မျိုးနွယ်ထဲ ဝင်ဖို့ ဆန္ဒရှိမလား?”
လင်းရွှမ်သည် မျက်လုံးပြူးပြီး အမေးကြောင့် အံ့ဩသွားသည်။ ခဏကြာ ခေါင်းမခါခင် သူအနည်းငယ် တုံ့ဆိုင်းနေ၏
“ကျွန်တော်… ပိုင်မျိုးနွယ်ထဲ မဝင်ချင်ပါဘူး” တဖြည်းဖြည်းချင်း ပြန်ဖြေလိုက်သည်။
“ကျွန်တော် သခင်လေးပိုင်ကိုပဲ အမှုထမ်းချင်ပါတယ်”
သူ့အသံမှာ တည်ငြိမ်သော်လည်း စိတ်ဓာတ်ခိုင်မာမှုက သိသာနေသည်။
ပိုင်ရမ်သည် ဒေါသမထွက်ပေ။ ယင်းအစားရယ်လိုက်သည်။
“ ဟာဟာဟာ..ကောင်းပါတယ်! မေတ္တာနဲ့ သစ္စာဆိုတာ မျိုးနွယ်စုမှာ နည်းနေသေးတဲ့ အရာတစ်ခု”
ပိုင်ရမ်သည် ချီးမွမ်းသကဲ့သို့ ခေါင်းညိတ်ပြီး ပြောလိုက်သည်။“ဒါဖြစ်ရင် အတင်းအကြပ်မလုပ်ပါဘူး ။ ပိုင်ကျီဟန်ကို ခစားတာဆိုတော့ ငါ့အမြင်ထဲမှာ ပိုင်မျိုးနွယ် အဖွဲ့ဝင်လိုပဲ။ ငါ မျိုးနွယ်စုကို သတင်းပေးပြီး မင်းလိုအပ်သမျှ ဆေး၊ ဝိညာဉ်ကျောက်၊ လက်နက်တွေကိုပေးပို့ခိုင်းလိုက်မယ်”
လင်းရွှမ်သည် အံ့ဩသွားလေသည်။
“ဒါလောက် အများကြီးကျ…”
“ယူလိုက်” ပိုင်ကျီဟန်သည် လက်ပြပြီး ကြားဖြတ်ပြောလေ၏
“ဒီလောက်နဲ့ ငါတို့ဘဏ္ဍာမှာ ဘာမှ မလျော့သွားဘူး”
အသံသည် တည်ငြိမ်သော်လည်း ထိုးထွင်းသံပါနေ၏ တကယ့်တော့ လင်းရွှမ်ထက် အခန်းထဲရှိ အားလုံးကို ပြောနေတာကဲ့သို့ပင်
ပိုင်ရမ်သည် ထပ်မံ ရယ်ပြီး ကျေနပ်နေ၏
“ဟားဟား ဒါက ကောင်းကင်ရဲ့ ကောင်းချီးပဲ ၊ ပိုင်မျိုးနွယ်စုက မျိုးနွယ်တစ်ခုလုံးမှာ
ကောင်းကင်အဆင့် တာအိုပဲ့တင်သဲ ပါရမီရှင်ပေါ်လာပြီ”
သို့ပေမဲ့ ပိုင်ကျီဟန်သည် ပျင်းရိစွာ စောင်းငဲ့ကာ "ဒါအမှန်မဟုတ်ဘူး”
ပိုင်ရမ် မျက်နှာပေါ်က အပြုံးသည် ဝေ့ဝါးသွား၏
"ဘာကိုဆိုလိုတာလဲ?"
"နောက်တစ်ယောက်ရှိသေးတယ်" ပိုင်ကျီဟန် အသံသည် တည်ငြိမ်နေ၏
ပိုင်ရမ်သည် အံ့အားသင့်သွားသည် ။
အမှန်တော့ မျိုးဆက်တစ်ခုတွင် ကောင်းကင်အဆင့် တာအိုပဲ့တင်သံ ပါရမီရှင်တစ်ဦးရှိရန်ပင် အလွန်ရှားပါးနေပြီဖြစ်သည်။
ဒါပေမယ့် နောက်တစ်ယောက်ရှိနေသလား
"ဘယ်သူလဲ”
ပိုင်းရမ်က မေးသည်။ အကယ်၍ အခြားတစ်ယောက်ရှိလို့ ၎င်းတို့ကိုပါ စုဆောင်းနိုင်ပါက ပိုင်မျိုးနွယ်သည် အမှန်တကယ်ပင် မရပ်တန်နိုင်သည့်အထိဖြစ်သွားလိမ့်မည်ဟု သူခံစားမိသည်။
"ပိုင်ရှင်းယွဲ့”
တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။
ပိုင်ရမ်၏ မျက်လုံးများ လျော့ပါးသွားသည်။
ပိုင်ရှင်းယွဲ့
ပိုင်မျိုးနွယ်၏ ပါရမီရှင်ဟောင်းသည် ပိုင်ရွှယ်ချင်းထက်ပင် စွမ်းရည်ပိုကြီးသည်ဟု ထင်မြင်ခဲ့ဖူးသည်။
သူမနှင့်အတူဆို ၎င်းတို့၏ ပိုင်မျိုးနွယ်သည် ပိုမိုမြင့်မားလာပြီး ဆိတ်ငြိမ်ရာ အင်ပါယာတွင် အင်အားအကောင်းဆုံးဖြစ်လာမည်ဟု ယုံကြည်ခဲ့သည်။
သို့သော် ထိုသို့မဖြစ်ခဲ့ဘဲ သူမအား ထုတ်ပယ်ခဲ့သည်။
ဒါသည်လည်း ပိုင်ကျီဟန်ကို မကြိုက်ရသည့် အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။
ပိုင်ကျီဟန်သည် သူမအား ထုတ်ပယ်ပြီး သူမ၏ တာအိုအရိုးကို ခိုးယူခြင်းကြောင့်သာမက တာအိုအရိုးကို လက်ခံရရှိပြီးနောက်တွင်ပင် သူ့တွင်ရှိသော အရည်အချင်းများကို မနှိုးဆွနိုင်ခဲ့သောကြောင့်ဖြစ်သည်။
"မဖြစ်နိုင်ပါဘူး... သူမကို ပြည်နှင်ဒဏ်ပေးခဲ့တာ သူမတာအိုအရိုးကို ယူဆောင်သွားခဲ့တာ။ သူမ—"
“ သူမက အရင်က အရည်အချင်းတွေကို ပြန်ရခဲ့ပြီး ပိုတောင် ထူးချွန်လာပါတယ်" ပိုင်ကျီဟန်က အေးစက်စွာ ဖြတ်ပြောသည်။
ထူးဆန်းသော တင်းမာမှုတစ်ခု လေထဲသို့ ဝင်ရောက်လာသည်။ ပိုင်ရှင်းယွဲ့ အကြောင်းကို ယောင်ဝါးဝါးကြားလိုက်ရသော ချူကျီယန်ပင် စိတ်မသက်မသာဖြစ်နေပုံရသည်။
ပိုင်ရှင်းယွဲ့ အကြောင်း သူမကြားခဲ့ပြီး ပိုင်မျိုးနွယ် နှင့် သူမကြားတွင် မဖြေရှင်းနိုင်သော တင်းမာမှုအချို့ရှိနေကြောင်း သိလိုက်ရသည်၊ အထူးသဖြင့် သူမ၏ စေ့စပ်ထားသူနှင့် ပိုင်ရှင်းယွဲ့။
ပိုင်ကျီဟန်သည် ပိုင်ရှင်းယွဲ့ဆီ သွားရောက်လည်ပတ်ခြင်းအကြောင်းကိုပင် သူမသိသော်လည်း ၎င်းတို့ကြားတွင် တစ်စုံတစ်ရာဖြစ်ပျက်ပုံမပေါ်ပေ။
ချူကျီယန်သည် ပါရမီရှင်အဖြစ် ချီးမြှောက်ခံရသူနှင့် တစ်ချိန်က အညစ်အကြေးဟု ချီးမြှောက်ခံရသူကြားတွင် ဖြစ်ပျက်ခဲ့သမျှကို သိချင်နေခဲ့သည်။
သူမ ကောက်ချက်မချနိုင်ရသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ ပိုင်ကျီဟန်သည် ပိုင်ရှင်းယွဲ့၏ တာအိုအရိုးကို ရရှိပြီးသည့်တိုင် အမှိုက်အဖြစ် ရှိနေသောကြောင့် ဖြစ်သည်။
မဟုတ်ရင် ပိုင်ကျီဟန် တိုးတက်လာပြီး သူမ နှင်ထုတ်ခံရလျှင်သာ သူမဆီမှ တစ်ခုခု ယူသွားသည်ဟု ပြောနိုင်သည်။
သို့တိုင် ပိုင်ကျီဟန်သည် အမှိုက်အဖြစ် ရှိနေတာကြောင့် သူတို့ကြား ဘာတွေဖြစ်ခဲ့သည်ကို သိဖို့ဆိုက မဖြစ်နိုင်သလောက်ပင်
ပိုင်ကျီဟန်က လှောင်ပြောင် ရယ်မောလိုက်သည် ။
"သူက ကျွန်တော်ကို လက်စားချေဖို့ တကယ်စောင့်နေတာ။"
ပိုင်ရမ်သည် ကျောရိုးအောက်သို့ အေးစက်သွားသလို ခံစားလိုက်ရသည်။ပိုင်ကျီဟန်သည် ပိုင်ရှင်းယွဲ့ကို တစ်ခုခု ကြံစည်နေပုံရသည်။
အကြီးအကဲပိုင်ရမ်သည် ပိုင်ရှင်းယွဲ့အပေါ် နောင်တရမှုအပြည့်ရှိနေသည်။ ပိုင်ရှင်းယွဲ့ နှင်ထုတ်ခံရစဉ်တွင် သူသည် တံခါးပိတ်ကျင့်ကြံနေသေးသောကြောင့် ဝမ်းနည်းမိသည်။ မဟုတ်ပါက ၎င်းကို ရပ်တန့်လိုက်မည်ဖြစ်သည်။
သူရှိနေခဲ့လျှင် အရာများသည် ၎င်းတို့ရှိနေသည့်ပုံစံအတိုင်း ဖြစ်သွားမည်မဟုတ်ပေ။
ပြီးတော့ သူတို့မှာ ကောင်းကင်အဆင့် တာအိုပဲ့တင်သံ ပါရမီရှင် နှစ်ယောက်ရှိမှာပင်
အဲဒါကို ပြင်နိုင်အုံးမလား။
ပိုင်ကျီဟန်ကိုကြည့်ပြီး မဖြစ်နိုင်ဘူးဆိုတာ သိသွားသည်။
ပိုင်ကျီဟန်သည် သူလုပ်ခဲ့တာတွေအတွက် တောင်းပန်ပြီး ကိုယ့်ကိုယ်ကို အရှက်ရစေမည် မဟုတ်ပေ။
အပြစ်တင်ရမည်ဆို သူ့အမေကိုသာ
ဒါတောင် ပိုင်ရမ်အဖို့ ပိုင်ရှင်းယွဲ့သည် ပိုင်မျိုးနွယ်အဖွဲ့ဝင်ဖြစ်နေတုန်းပင်။ အနည်းဆုံးတော့ သူတို့သွေးတွေသည် သူမ သွေးကြောတွေထဲ စီးဆင်းနေဆဲပင် သူ့မိသားစုကို ပြန်မတိုက်စေချင်ပေ။
သို့တိုင် သူမ ဘာတွေ ခံစားနေရကြောင်း မေးဖို့ အများကြီး လိုတာတော့ သူသိသည်။
အကယ်၍သာ ယခင်ကလိုသာဆို ပိုင်ရမ်သည် ပိုင်ရှင်းယွဲ့ အတွက် ပိုင်ကျီဟန်အား စွန့်လွှတ်ရန် တုံ့ဆိုင်းနေမည် မဟုတ်သော်လည်း ယခုက မတူတော့ပေ။
ပိုင်ကျီဟန်သည် အစွမ်းထက်မြက်ပြီး မည်သည့်နေရာကရမှန်းမသိသော မြေကမ္ဘာအဆင့်ဘကျင့်ကြံနည်းများကိုပင် ပိုင်ဆိုင်ထားသည်။
ပိုင်ရှင်းယွဲ့အနေနဲ့ တကယ်ထက်မြက်ရင်တောင်မှ သူ့ကို လက်စားချေဖို့ မဖြစ်နိုင်ပေ
ယင်းအစား သူသည် ဆန့်ကျင်ဘက်အတွက် စိုးရိမ်နေခဲ့သည်။
ပိုင်ရှင်းယွဲ့သည် ပိုင်ကျီဟန်လက်ထဲကို ပြုတ်ကျမှာလား။
"စိတ်မပူပါနဲ့.. ပိုင်ရှင်းယွဲ့ကို ဘာမှမလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီ" ပိုင်ရမ် စိတ်ကို ဖတ်ပြနိုင်သလို ပိုင်ကျီဟန်က ပြောလေသည်။
မနေ့တုန်းကလိုသာဆို စွမ်းရည်ကို ပြန်လည်ရရှိထားသည့် ပိုင်ရှင်းယွဲ့ကို ချမ်းသာပေးမည့်ဟု ပြောသော ပိုင်ကျီဟန်အား မရယ်ဘဲ မနေနိုင်ပေမယ့် ဒီနေ့ကတော့ မတူတော့ပေ
သူ၏အကြံအစည်များနှင့် ကရုဏာကင်းမှုအရ ပိုင်ကျီဟန် လိုချင်ပါက သူမကို ထုတ်ပစ်နိုင်သည်ဟူသော ဖြစ်နိုင်ချေကို ပိုင်ရမ်အနေနဲ့ တွေးနေမိသည်။
အမှန်တော့ ခွန်အားအရ ရှန်လျန့်သည် ပိုင်ရှင်းယွဲ့ထက်ပင် အားကောင်းသော်လည်း ပိုင်ကျီဟန်၏အောက်တွင် ဒုက္ခိတဖြစ်သွားချေသည်။
ဒါ့အပြင် ပိုင်ကျီဟန်ကို အပြစ်တင်လို့ မရပေ။ အရာရာတိုင်းဟာ တရားမျှတသည်ဟု ဆိုလို့ရသည်။
အမှန်တရားက ပိုင်ရမ် ထင်ထားတာနဲ့ ဝေးကွာနေသည့်တိုင်
ပိုင်ရှင်းယွဲ့ကို ချမ်းသာပေးဖို့လား။
ပိုင်ကျီဟန်သည် ကောင်းကင်ရွေးချယ်သူကို တန်းတူ ခွန်အားရှိရင်တောင် မတိုက်ပေ။
သေခါနီးအချိန် ဘာမှမရှိတောင် ကောင်းကင်ရွေးချယ်သူသည် ဝှက်ဖဲတစ်ခုပြီးတစ်ခု ဆွဲထုတ်မည်ကို သူသိသည်။
ကံကောင်းထောက်မစွာဖြင့် သူတို့သည် ရှင်သန်ပြီး သူ့အသက်ကို သတ်ရန် ပိုမိုသန်မာလာခဲ့ကြသည်။
ထို့ကြောင့် သူလုံးဝသေချာသည်တိုင်အောင် ကောင်းကင်ဘုံ၏ ရွေးချယ်ခံရသူတစ်ဦးအတွက် မည်သည့်အရာကိုမျှ လုပ်ရန် ရည်ရွယ်ချက်မရှိပေ။
သို့တိုင် ပိုင်ရမ်သည် ၎င်းကို မသိဘဲ ပိုင်ကျီဟန်နေနဲ့ သူမကို တကယ်မမုန်းဘဲ သူ့အကြောင်း စုံစမ်းမည့် အကြောင်းပြချက်မရှိဟုထင်ခဲ့သည်။
ပိုင်ရှင်းယွဲ့က ရန်လိုခဲ့ရင်တောင် ပိုင်ကျီဟန်သည် သူမရဲ့ဒေါသကို နားလည်ပေးနိုင်မည်လား။
ဖြစ်နိုင်ချေမရှိသည့်တိုင် အကြီးအကဲပိုင်ရမ်သည် ၎င်းကို ယုံကြည်ချင်ပြီး သူမပိုင်ဆိုင်သည့်နေရာကို ပြန်လည်ရောက်ရှိမည့် အနာဂတ်ကို စိတ်ကူးကြည့်ချင်သည်။
"လုပ်ချင်သပါဆို သူ့ကို မျိုးနွယ်ထဲကို ပြန်ခေါ်သွားလို့ ရတယ်။ ကျွန်တော်လည်း သူ့ကို မထိခိုက်စေဖို့ အမေနဲ့ စကားပြောပေးနိုင်တယ်။"
ပိုင်ကျီဟန်သည် ပိုင်ရှင်းယွဲ့ ကလဲ့စားချေဖို့ လာရင်တောင် သူ့မှာ ဘာအာဃာတမှ မရှိဘူးဆိုတာကို ပြသခဲ့သည်။
"ကောင်းပြီ၊ မိသားစုတွေ အတူတူနေတာက ပိုကောင်းပါတယ်။"