ကောလဟာလထက် ပိုဆိုးသည်
Vol. 6 Ch. 87
ပိုင်ကျီဟန်၏ ခြံဝင်းနှင့် ပြစ်ဒဏ်စီရင်ရေး ခန်းမသည် အတော်လေး ဝေးကွာပြီး ၎င်းတို့၏ ရထားလုံးများနှင့်ပင် ရောက်ရှိလာရန် အချိန်အနည်းငယ် ကြာခဲ့သည်။
လမ်းတွင် မည်သူမှ စကားမပြောကြပေ။ လူတစ်ဦးစီသည် မိမိတို့၏ အတွေးးတွေထဲမှာ နစ်မြှပ်နေကြသည်။
နောက်ဆုံး ပိုင်ကျီဟန်၏ ခြံဝင်းသို့ ရောက်သောအခါတွင် ၎င်းတို့သည် ဆင်းသက်ခဲ့ကြသည်။
လင်းရွှမ်သည် အစေခံပုံစံ ချက်ချင်း ဖြစ်သွားပြီး ဧည့်သည်များအတွက် လက်ဖက်ရည်ကို စတင်ပြင်ဆင်သည်။
ပိုင်ကျီဟန်၏ အခန်းကျဉ်းလေးတွင် မဟာအကြီးအကဲ၊ ပိုင်ကျီဟန်၊ ပိုင်ရွှယ်ချင်းနှင့်
ချူကျီယန်တို့သည် စကားပြောရန် အချိန်ကို စောင့်မျှော်လျက် အတူထိုင်နေကြသည်။
"အဟမ်း၊ကျီအာ ၊ မင်း ဒီကိစ္စကို ကောင်းကောင်း ကိုင်တွယ်ခဲ့တယ်။ မင်းအဖေနဲ့ စကားပြောပြီး မင်းအတွက် သင့်တော်တဲ့ ဆုလာဘ်တစ်ခု စီစဉ်ပေးမယ်" ဟု ပိုင်ရမ်က ပြောသည်။
အဆင်မပြေမှုတစ်ခုခုနဲ့ စကားစမြည် မပြောချင်တာကြောင့် ချီးမွမ်းခြင်းနဲ့ ဦးဆောင်ဖို့ ဆုံးဖြတ်
လိုက်သည်။
"အကြီးအကဲ သိမ်မွေ့နေဖို့ မလိုပါဘူး။ အကြီးအကဲရဲ့ စိတ်ပူပင်မှုတွေကို ရှင်းပစ်ဖို့ ဘာလိုချင်လဲသာ ပြောပါ” ဟုပိုင်ကျီဟန်က ပြန်ဖြေသည်။
မဟာအကြီးအကဲ ပိုင်ရမ်သည် သူ့ကို ကူညီခဲ့ပြီး ပိုင်ကျီဟန်သည် အဲဒါကို သဘောကျသည်။ ဒါပေမယ့် ဒါက သူ့ရဲ့ စေတနာအတိုင်းပင်
ပိုင်ရွှယ်ချင်းသည် ပိုင်ကျီဟန်ကို စူးစူးရဲရဲ ကြည့်သော်လည်း တိတ်ဆိတ်နေခဲ့သည်။ သူမသည် တစ်ချိန်က နှုတ်ဆိတ်နေခဲ့ရပြီး သူမ၏ ကံကြမ္မာကို မတွန်းလှန်ချင်ပေ။
အထူးသဖြင့် သူ့ကို ရှင်းရှင်းလင်းလင်း ကူညီပေးသည့် မဟာအကြီးအကဲကို ထိုသို့ ပြုမူခြင်းသည် ပိုင်ကျီဟန်အနေနဲ့ ရိုင်းစိုင်းခြင်းသာ ဖြစ်သည်ဟု သူမ ထင်ခဲ့သည်။
"ဒါဆို တည့်ပဲ ပြောကြည့်ရအောင်" ပိုင်ကျီဟန်က ပြောသည်။
"မင်း ငါတို့ မျိုးနွယ်စုရဲ့ ကျင့်ကြံနည်းစနစ်ကို အပြင်လူကို တကယ်သင်ပေးခဲ့တာလား။"
ဒီတစ်ခါ သူ့လေသံသည် ပိုလေးနက်သွားသည်။ နောက်ဆုံးတွင် ဤသည်မှာ မျိုးနွယ်စုအတွက် ဆိုးရွားသော ကိစ္စဖြစ်သည်။
"မလုပ်ပါဘူး" ပိုင်ကျီဟန်သည် အမှုမဲ့အမှတ်မဲ့ ပြန်ဖြေသည် ။
နောက်တော့ သူသည် အပြစ်ပေးထိုက်သော မည်သည့်အရာကိုမျှ မလုပ်ခဲ့ပေ။
“တကယ်လား?"
ပိုင်ရမ်က မယုံကြည်ပေ။
"ဒါဆို ရှန်းမျိုးနွယ်က အဲ့ဒီကောင်က ဘာလို့ ပြောတာလဲ၊ တခြားသူတွေ ဘာလို့ ဒီလောက်တောင် ယုံနေပုံရတာလဲ”
"ဟာဟား... ကျွန်တော်က အစေခံကို ခေါ်ယူတုန်းက မြေကမ္ဘာအဆင့် ကျင့်ကြံနည်းစနစ်နဲ့ ဆုလာဘ်အချို့ ပေးမယ်လို့အာမခံခဲ့တယ်" ပိုင်ကျီဟန်က ပြန်ပြောသည်။
"ဒါနဲ့ သူတို့ ယုံလိုက်တာလား။"
ပိုင်ရမ်သည် ကောင်းကင်ဓားဂိုဏ်းမှ တပည့်များ၏ ဉာဏ်ရည်ဉာဏ်သွေးကို ယုံလွယ်သူလားဟု မေးခွန်းထုတ်လာခဲ့သည်။
သူလိမ်တာ သေချာသည်။ မည်သူကမျှ အစေခံတစ်ဦးအတွက် ထိုသို့သောကတိကို ပေးမည် မဟုတ်ကြောင်း သေချာသည်။ ပါရမီရှင်တစ်ယောက်ဆို ဖြစ်ကောင်းဖြစ်နိုင်
သော်လည်း အထူးအဆင့် ကျင့်ကြံမှုနည်းစနစ်ကို ပေးခြင်းသည် ၎င်းတို့၏ သစ္စာစောင့်သိမှုကိုမရဘဲ အလှမ်းဝေးစေမည်ပင်။
"မင်းက သူ့ကို မြေကမ္ဘာအဆင့်နည်းစနစ်ကို တကယ်သင်ပေးခဲ့တာလား"
"ကျွန်တော်က စကားတည်တဲ့သူပဲ။ အသေအချာပဲ သူ့ကို သင်ပေးခဲ့တယ်"
"ဟုတ်ပါတယ် မင်းမလုပ်ဘူး... ခဏလေး ဘာဖြစ်တာ”
ပိုင်ရမ်သည် မျက်တောင်ခတ်လိုက်သည်။ ပိုင်ကျီဟန်သည် အစေခံကို ဆွဲဆောင်ဖို့ အချည်းနှီးသော ကတိတစ်ခုသာ ပေးသည်ဟု သူမျှော်လင့်ထားခဲ့သည်။
ယင်းအစား ပိုင်ကျီဟန်သည် ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ချေသည်
"ကျီဟန် မင်းဘာတွေလုပ်ဖို့ စိတ်ကူးထားတာလဲ"
ပိုင်ရမ် မျက်မှောင်ကြုတ်လိုက်သည်။ အခြားသူသာဆိုလျှင် သူတို့၏ ကျင့်ကြံမှု ပျက်ပြားနေပြီဖြစ်သည်။
သူမလုပ်ရသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ ၎င်းသည် ပိုင်မျိုးနွယ်ဆက်ခံသူ ဖြစ်တာကြောင့်ပင်
"ပိုင်ကျီဟန် နင်တကယ်လား?"
ချူကျီယန်သည် မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးကာ မေးလိုက်သည်။ ကောလဟာလတွေကို သူမ ကြားပေမယ့် ပယ်ချခဲ့သည်။
အထူးသဖြင့် အကဲဖြတ်စမ်းသပ်မှုအပြီးတွင် ကောလဟာလများ အချိန်အတော်ကြာ ပျံဝဲလာခဲ့သည်။
ရှန်လျန့်သည် ၎င်းတို့အား ဖြန့်ဝေခြင့်ကြောင့်သာမက ပိုင်ကျီဟန်အကြောင်းကို တစ်စုံတစ်ယောက်က အမြဲပြောနေသည်။
သို့တိုင် ပိုင်ကျီဟန်လထိုသို့လုပ်မည်ဟု သူမ ထင်ခဲ့ပေ
သူမသည် ချူမျိုးနွယ်မှ တစ်စုံတစ်ယောက်ကိုပင် အဆင့်မြင့်အထူးအဆင့် မြေကမ္ဘာ ကျင့်ကြံနည်းစနစ်ကို မသင်ကြားပေးပေ။
ဒါပေမယ့် ပိုင်ကျီဟန်က အစေခံတစ်ယောက်ကို ပေးလိုက်တယ်လို့ ပြောနေတာလား။
ယုံမှားသံသယဖြစ်စရာ မရှိဟု ဝန်ခံခဲ့သည်။
ပိုင်ရွှယ်ချင်းသည် သာမန်အားဖြင့် ပိုင်ကျီဟန်ကို ပထမဆုံး ထိုးသတ်မည့်သူဖြစ်ပြီး ထိုနေရာတွင် ငြိမ်သက်စွာ ထိုင်နေခဲ့သည်။
သူ့အရင်က လုပ်ရပ်တွေသည် သူမကို တကယ်တုန်လှုပ်စေသည်။ သူ့ကို အရင်ကလို မဆက်ဆံဝံ့ပေ
" ကျီဟန် ၊ အဲ့ဒီလူက ဘယ်သူလဲ၊ မင်း သင်ပေးတဲ့ တစ်ယောက်တည်းသောသူက ဘယ်သူလဲ”
ပိုင်ရမ်သည် မေးပေမယ့် သူ့မျက်လုံးတွေက လင်းရွှမ်ကို ကြည့်နေသည်။
ဤနေရာတွင် အစေခံကဲ့သို့ ပြုမူသူ တစ်ဦးတည်းသာ ရှိပြီး ကျင့်ကြံနည်းကို သင်ယူခဲ့သူမှာ မည်သူဖြစ်သည်ကို တွေးရန် မလိုအပ်ပေ
ပိုင်ကျီဟန်ကို အပြစ်မပေးချင်သေးပေ။ သူသည် နည်းစနစ်ကို လက်ခံရရှိသူအား ဖယ်ရှားပြီး ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ချင်သည်။
"စိတ်လျှော့ပါ" ပိုင်ကျီဟန်က " ဘာတွေစိတ်ပူနေတာလဲ သိတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပိုင်မျိုးနွယ်ရဲ့ ကျင့်ကြံနည်းစနစ်ကို ဘယ်သူ့ကိုမှ မသင်ပေးခဲ့ဘူး"
"ဒါပေမယ့် မင်းအခုမှပြောတယ်လေ”
"ကျွန်တော် သူ့ကို မြေကမ္ဘာအဆင့်နည်းစနစ်ကို သင်ပေးတယ်လို့ ပြောခဲ့တာ။ အဲဒါက ပိုင်မျိုးနွယ်ရဲ့ နည်းစနစ်လို့ ကျွန်တော် တစ်ခါမှ မပြောဖူးဘူး။"
လင်းရွှမ်အပါအဝင် လူတိုင်းသည် ခေတ္တရပ်ကာ စိတ်ရှုပ်ထွေးသွားကြသည်။
သူ ဘာကို ဆိုလိုတာလဲ။
ပိုင်ကျီဟန်သည် ပိုင်မျိုးနွယ်မှမဟုတ်သော မြေကမ္ဘာအဆင့်နည်းစနစ်ကို အသုံးပြုခွင့်ရှိမည်ဟု မည်သူမျှ မစဉ်းစားခဲ့ပေ။
အားကောင်းသော မျိုးနွယ်စုတွေမှာတော့ တစ်ခုတည်းရှိတာမဟုတ်ပေ
သူတို့၏ တုန်လှုပ်ချောက်ချားနေသော အမူအရာတွေကို မြင်တော့ ပိုင်ကျီဟန် သက်ပြင်းချလိုက်သည်။ သူတို့ နားမလည်သေးပေ။
"ကမ္ဘာပေါ်မှာ မြေကမ္ဘာအဆင့် ကျင့်ကြံနည်းတစ်မျိုးတည်း ရှိသလို မလုပ်ပါနဲ့၊ လင်းရွှမ် မင်းဘယ်လိုကျင့်ကြံလဲပြလိုက်” ပိုင်ကျီဟန်က ပြောသည်။
ရှင်းပြတာထက် ပြတာက ပိုကောင်းသည်။
လင်းရွှမ် တုံ့ဆိုင်းသွားသည်။ သူတို့ရှေ့မှာ ကျင့်ကြံနည်းကို ပြရဖို့လား အဲဒါက လက်တွေ့ကျကျ သတ်ခံရဖို့ တောင်းဆိုတာပင်။
ဒါပေမယ့် သူသည် ပိုင်ကျီဟန်ကို မေးခွန်းမထုတ်ပေ ။ သူသည် လင်းရွှမ်ကို ယုံကြည်
သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်ကာ သူ့ကို သံသယဝင်စရာ မလိုတော့ပေ။
သူသည် သူတို့၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် ကြယ်ပွင့်အသက်ရှုခြင်းနည်းကို အသက်သွင်းခဲ့သည်။
လေထုထဲက ချီသည် ဒီရေကဲ့သို့ လင်းရွှမ်ဆီသို့ ခုန်တက်သွားပြီး အစွမ်းထက်လွန်းသည်ဟု မည်သူမဆို ပြောနိုင်သည် ။ ပိုင်မျိုးနွယ်၏ မြစိမ်းရောင် နဂါးအသက်ရှုခြင်းထက်ပင် အားကောင်းနေပေမည်။
"ဒီ..."
ပိုင်ရမ်သည် ရေရွတ်လိုက်သည်။ မြစိမ်းရောင် နဂါးအသက်ရှုခြင်းနည်းစမစ်မဟုတ်သည့် မြေကမ္ဘာအဆင့် ကျင့်ကြံ နည်းစနစ်တစ်ခုဖြစ်ကြောင်း သူပြောနိုင်သည်။
ဒါပေမယ့် အဲဒါက နည်းနည်းတော့ ထိတ်လန့်စေသည်။
"မင်းက ဒီနည်းစနစ်ကို ပေးခဲ့တာလား။"
ပိုင်ရမ်သည် မယုံကြည်နိုင်စွာ မေးလိုက်သည်။
ပိုင်ကျီဟန်သည် ကြီးကြီးမားမားမဟုတ်သလိုပဲ ခေါင်းညိတ်ပြလိုက်သည်။
ပိုင်ရမ်၊ ပိုင်ရွှယ်ချင်းနဲ့ ချူကျီယန်သုံးယောက်လုံးသည် သူ့ကို ရူးသွပ်သလို စိုက်ကြည့်နေကြသည်။
ထို့ကဲ့သို့ လို အစွမ်းထက်သော နည်းစနစ်ကို သူ ဘယ်က ရခဲ့တာလဲ။
ထို့ထက် ပိုအရေးကြီးသည်မှာ သူသည် အစေခံတစ်ဦးအား အဘယ်ကြောင့် ပေးရသနည်း။
လူတွေသည် ကြုံရာကျပန်း ယောက်ျားလေး မဆိုထားနဲ့ ၊ သူတို့၏ အချစ်ဆုံးသူငယ်ချင်းကို ပင် ထိုကဲ့သို့ ပေးကြမှာ မဟုတ်ပေ။
"ဒါဆို ကျွန်တော်တို့ မျိုးနွယ်ရဲ့ နည်းစနစ်ကို ဘယ်သူ့ကိုမှ မသင်ပေးခဲ့ဘူးလို့ အတည်ပြုလိုက်ပြီ... ဒီမှာ ပြီးပြီလား"
ပိုင်ကျီဟန် စိတ်မရှည်ဟန်ဖြင့် မေးလိုက်သည်။
အမှန်မှာ သူသည် စနစ်သတိပေးချက်များစွာကို ရရှိနေပြီး ဆုလာဘ်အချို့ကို မျှော်လင့်နေမိသည်။
အခု သူလုပ်စရာရှိတာက..မလိုလားအပ်သော ဧည့်သည်တွေကို ရှင်းပစ်လိုက်ဖို့ပင်