နောက်ဆုံးစွပ်စွဲချက်
Vol. 6 Ch. 85
ပိုင်ကျီဟန် နှုတ်ပိတ်တာ ခံလိုက်ရသည့် ပိုင်ရွှယ်ချင်းသည် အရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
ရှန်လျန့်သည် ယခင်က သူမအား ကူညီခဲ့ဖူးသောကြောင့် စွက်ဖက်လိုခြင်းသာဖြစ်ပြီး ပိုင်ကျီဟန်သည် သူမ၏မျက်လုံးများတွင် ထိုမျှ မပြင်းထန်သော ရာဇ၀တ်မှုများအတွက် အလွန်အကျွံတောင်းဆိုနေခြင်းဖြစ်သည်ဟု ခံစားခဲ့ရသောကြောင့်ဖြစ်သည်။
ပိုင်ကျီဟန်သည် သူမ စကားတွေကို တုံ့ပြန်ဖို့ မမျှော်လင့်ထားတာကြောင့် အခုချိန်တွင် သူမအပြစ်ရှိသည်ဟု ခံစားလိုက်ရသည်။ အမှန်အတိုင်းပြောရလျှင် အထောက်အထားမပြမချင်း သူမှားနေပြီလို့ သူမထင်ခဲ့သည်။
သူမရှေ့တွင် ပိုင်ကျီဟန်သည် ယခင်က သိသည့်ပုံစံနဲ့ မတူပေ။
ရှန်လျန့်ကြောင့် သူနှင့် ရင်ဆိုင်ရသောအခါတွင် ထိုထူးဆန်းသောခံစားချက်သည် ပိုင်မျိုးနွယ်မှာထက် ပိုကြောက်စရာကောင်းသည်။
ထိုအချိန်က သူမ မှတ်မိသည်ထက် ပိုင်ကျီဟန်သည် အနည်းငယ်ပို ရဲရင့်နေပုံပေါ်သည်။
ပိုင်ကျီဟန်၏ အေးစက်မှုနှင့် ကရုဏာကင်းမှု ... သူသည် သူမကို နှိမ့်ချပုံပေါက်သည့်တိုင် စိတ်မသက်မသာ ဖြစ်စေသည်။
ပျင်းရိပြီး ဒုက္ခပေးသူအဖြစ် အမြဲထင်ထားခဲ့သော သူ့မောင်လေး အပေါ် ပထမအကြိမ် သူမအနေနဲ့ ကြောက်ရွံ့မှုအရိပ်အယောင်ကို ခံစားခဲ့ရသည်။
ပိုင်ကျီဟန်သည် ရှန်လျန့်၏လက်ကို မညှာမတာ ဖြတ်ကာ မျက်တောင် မခတ်ဘဲ စိုက်ကြည့်သောနေအခါမှ ထိုကြောက်ရွံ့မှုသည် ပိုပြင်းထန်လာသည်။
သူဖြတ်ချလိုက်သည့် အခိုက်အတန့်ကိုတောင် ဝင်မတားလိုက်နိုင်ဘဲ အဝေးကနေ လှမ်းကြည့်နေရသည် ။
သူ တကယ်ပဲ ထိုသို့လုပ်မည်ဟု မထင်ပေ
နောက်ဆုံးတော့ ပိုင်ကျီဟန်သည် ပြဿနာရှာသူဟု နာမည်ကြီးသည့်တိုင် ဘယ်သူနဲ့မှ ဒီလောက်ထိ မဖြစ်ပေ
ကြက်တစ်ကောင်ကိုပင် ပိုင်ကျီဟန် မသတ်နိုင်ဟု ထင်ခဲ့ဖူးသည်။ သူမ၏ မျက်လုံးများတွင် သူသည် အမြဲတမ်း သူရဲဘောကြောင်ပုံပေါက်နေပုံရသည်။
နေရာတိုင်းတွင် ဒရာမာချိုးရန် သူ၏အဆင့်အတန်းကို အသုံးပြုခဲ့သည်။ အနည်းဆုံးတော့ ဒါကို သူမယုံကြည်ခဲ့သည်။
သို့သော် ထိုခံယူချက်သည် ယခုအခါ ပြိုပျက်သွားခဲ့ပြီး ပိုင်ကျီဟန်၏ ရက်စက်ကြမ်းကြုတ်သော လက်တုံ့ပြန်မှုသည် ရှင်းရှင်းလင်းလင်း သိသာလာခဲ့သည်။
ချူကျီယန်သည် အရာအားလုံးကို စေ့စေ့ကြည့်ရှုခဲ့ပြီး ပိုင်ကျီဟန်သည် ဂိုဏ်းခေါင်းဆောင်၏စကားကို နားမထောင်သည့်အပြင် ပိုင်ရွှယ်ချင်းကို ဆန့်ကျင်သောအခါ ပို၍ပင် အံ့သြသွားခဲ့သည်။
ပိုင်ကျီဟန်သည် ပိုင်ရွှယ်ချင်းကို အနည်းငယ်ကြောက်ပြီး နာခံမှုရှိကြောင်း သူမသိသည်။ ယခင်က သူမကို ငြင်းခုံခဲ့တာမျိုးမရှိပေ
ဒါပေမယ့် ဒီတစ်ခါတော့ မျက်နှာတောင် မထောက်ဘဲ အေးစက်သည့် စကားလုံးအနည်းငယ်နဲ့ ချက်ချင်း ပိတ်ပြောလိုက်သည်။
ပိုင်ရွှယ်ချင်းနှင့် စကားပြောနေစဉ်တွင် ချူကျီယန်သည် ပိုင်ကျီဟန်၏အကြည့်ကို သတိပြုမိသည်။
နားမလည်နိုင်လွန်းသည့် လူမိုက်တစ်
ယောက်ကို ရှင်းပြဖို့ စိတ်မ၀င်စားသလိုပင်
သူပြောသည့်အတိုင်း ရှန်လျန့်လက်မောင်းကို ဖြတ်လိုက်သည် ။ ဒါက လူတိုင်းကို ထိတ်လန့်စေသည်။
ချူကျီယန်အနေနဲ့ ဒါကို သိပ်စိတ်မ၀င်စားပေ
ပိုင်ကျီဟန်သည် အကျိုးဆက်အတွက် အများကြီး မစဉ်းစားဘဲ သရုပ်ဆောင်ခဲ့တာ ဖြစ်
နိုင်သည်။
ဒါပေမယ့် သူ့မစိတ်ထဲမှာတော့ သူသည် သားကောင်ပင်။ ရှန်လျန့်သည် သူ့ကို ဒီအထိဆောင် ခေါ်လာခဲ့သည်။
ရှန်လျန့်ကံကြမ္မာအတွက် သူမ မခံစားခဲ့ရသည် နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ သူ့ကို အစကတည်းက မကြိုက်ခဲ့တာကြောင့် ပင်
ရှန်လျန့်သည် အမြဲတမ်း ဟန်ဆောင်တတ်သည်— ဖြောင့်မတ်ပြီး မြင့်မြတ်သောစီနီယာလို အမြဲကြိုးစားပြသည်။
ချူကျီယန်ကို ဒေါသထွက်စေတာက
ရှန်လျန့်သည် သူမ၏ အချစ်ဆုံးသူငယ်ချင်း ပိုင်ရွှယ်ချင်းကို ကူညီတတ်သည့် စီနီယာတစ်ယောက်လို ဟန်ဆောင်ပြီး လိုက်နေမှန်း သူမ သိနေသောကြောင့်ပင်။
ပိုင်ရွှယ်ချင်းကို ချဉ်းကပ်ရန် အကြောင်းပြချက်တွေ အမြဲရှာတတ်၏ ပိုင်ရွှယ်ချင်းကတော့ ဘယ်တုန်းကမှ သံသယဖြစ်ပုံမပေါ်သည့်တိုင် ချူကျီယန်အနေနဲ့ ဒါကို ဘယ်လိုမှ လက်မခံနိုင်ပေ။
သို့တိုင် ရှန်လျန့်သည် ဘောင်မကျော်ဖူးသောကြောင့် သူမသည် သူ့အပြုအမူကို သည်းခံခဲ့ရသည်။
သို့တိုင် ရှန်လျန့်သည် သူလိုက်နေသော မိန်းကလေး မောင်၏ နှိပ်စက်ခြင်းကို ခံရလိမ့်မယ်ဟု မည်သူက ထင်မည်နည်း
သူ့အတွက် ကြေကွဲစရာပင်
"ဟီးဟီး... ကောင်းတယ်..ကောင်းလိုက်တာ၊ ဒါကို မှတ်မိနေမယ်လို့ မျှော်လင့်ပါတယ်၊ ငါ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး...ဟားဟား..."
ရှန်လျန့်သည် နောက်ဆုံးတွင် စိတ်လွတ်သွားသလိုပင် ဒေါသူပုန်ထကာ ရယ်မောလိုက်သည်။
ဒါနဲ့ပတ်သက်ပြီး သူ့မှာ အသိရှိ၏
ဖြစ်ပျက်ခဲ့သမျှတွေသည် အံ့သြစရာတော့ မဟုတ်ပေ။
သူ၏ ရယ်မောသံသည် ပြင်းထန်ပြီး အက်ကွဲနေကာ ပြစ်ဒဏ်စီရင်ရေးခန်းမကနေတဆင့် ပဲ့တင်ထပ်သွားသည်။
သူ့မျက်လုံးများသည် သွေးနီရောင်လွှမ်းပြီး ရူးသွပ်မှုကို မထိန်းနိုင်လောက်အောင် သွေးကြောများ ပေါက်ထွက်လုမတတ်ပင်
လူတိုင်းရှေ့မှာ အရှက်ကွဲခြင်း—လူတိုင်းရှေ့မှောက်တွင် လက်ဖြတ်ခံခြင်းသည် သူ၏အတွင်းပိုင်းအရာတစ်ခုကို ဖြိုခွဲပစ်လိုက်သည်။
အဲဒါကို လူတိုင်း မြင်နိုင်သည်။
ဤသည်မှာ တစ်ချိန်က သူတို့လေးစားခဲ့သော ဂုဏ်ယူနေသည့် ရှန်လျန့်မဟုတ်ပေ။
ဒါက တစ်စုံတစ်ယောက် ကျိုးပဲ့သွားတာပင် ။ ပြုပြင်တာထက်
ပျက်စီးသွားသည့် ပါရမီရှင်? ပုံမှန်သူထက် ပိုအန္တရာယ်များတတ်သည်။
"မင်း...မင်းအနိုင်ရပြီထင်လား"
ရှန်လျန့်သည် တံတွေးထွေးလိုက်ကာ သူ့အသံက တုန်ရီသော်လည်း အဆိပ်ပြင်းသည်။
"မင်းငါ့ကို အရှက်ရစေတယ်။ ငါ့ကို လက်ဖြတ်ပစ်တယ်။ ဂိုဏ်းတစ်ခုလုံးကို မင်းရဲ့စင်မြင့်ပေါ်မှာ ပြောင်းပစ်လိုက်တယ်။ ဒါပေမယ့်ရှန်မျိုးနွယ်ရဲ့ နာမည်နဲ့ ငါ့အသက်ကို ကတိသစ္စာပြုတယ်။ တစ်နေ့တော့ မင်းကို ငါ့ခြေထောက်အောက်မှာ တွားသွားအောင်လုပ်ပစ်မယ်”
ပိုင်ကျီဟန်သည် သမ်းလိုက်သည်။
"ပြောလို့ ပြီးပြီလား?"
ခွေးဟောင်သံကို နားထောင်နေသည့် လူတစ်ယောက်ရဲ့ အသွင်အပြင်နဲ့ မေးလေသည်။
“ တစ်စုံတစ်ယောက် သူ့ကို ခေါ်သွားမလား။ သူက အသံက အရမ်းကျယ်နေလို့”
ပိုင်ကျီဟန်သည် ပြတ်ပြတ်သားသား လက်ဝှေ့ယမ်းပြပြီး သူနဲ့ ရှင်းရှင်းလင်းလင်း လုပ်ချင်နေသည်။
ပိုင်ကျီဟန်အဖို့ ထိုကိစ္စသည် ပြေလည်သွားချေပြီ။ သူ့အတွက် အချိန်ဖြုန်းစရာ အကြောင်းမရှိတော့ပေ
ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေဆဲအကြီးအကဲရှန်းသည် ပိုင်ကျီဟန်ကို စိုက်ကြည့်နေသည်။
သူ့ရင်ဘတ်သည် ဒေါသစိတ်နှင့် ကူကယ်ရာမဲ့စွာ တုန်ရီနေသော်လည်း သူ မလှုပ်ရှားနိုင်သေးပေ။
ရှန်းမျိုးနွယ်၏ အလားအလာရှိသူ ဒုက္ခိတဖြစ်သွားသည်ကို ဘာမှ လုပ်မပေးနိုင်ဘဲ သူ စောင့်ကြည့်နေခဲ့ရသည်။
မျက်နှာမာမာဖြင့် အကြီးအကဲယုသည် ရှန်လျန့်ကို ခေါ်ဆောင်ရန် တပည့်အနည်းငယ်အား အချက်ပြလိုက်သည်။
သူတို့ ချဉ်းကပ်လာသောအခါတွင် ရှန်လျန့်သည် ရုန်းကန်ဖို့ ကြိုးစားသော်လည်း သူ့ခန္ဓာကိုယ်သည် ခုခံနိုင်သည့် အခြေအနေမရှိတော့ပေ။
သူလုပ်နိုင်သမျှကတော့ လှောင်အိမ်ထဲက သားရဲတစ်ကောင်လို အော်ဟစ်နေတာပင်
"ပိုင်ကျီဟန်... မင်းလူယုတ်မာ... ငါ မင်းကို ဆုတ်ဖြဲပစ်မယ်”
တပည့်တွေသည် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း ချီကို အားဖြည့်ဖို့တောင် တွန်းအားပေးခဲ့ရသည်။
ရှန်လျန့်သည် ယခင်ကကဲ့သို့ ပြန်လည်ရုန်းကန်လိုပုံရသည်—သို့သော် ယခုတစ်ကြိမ်တွင် တပည့်များသည် အကြီးအကဲယုနှင့်မတူဘဲ ပြင်ဆင်ထားကြသည်။
သို့သော် ရှန်လျန့်က ရယ်နေသည် ။
"ပိုင်ကျီဟန် ၊ မင်းရဲ့မောက်မာတဲ့နေ့ရက်တွေ ကုန်သွားပြီ”
ပိုင်ကျီဟန်သည် သူ့ကို အနှောက်အယှက်မပေးတော့သလိုမျိုး တစ်ချက်တောင် မကြည့်တော့ပေ
ပိုင်ကျီဟန်၏သဘောထားကြောင့် ရှန်လျန့်က အံကြိတ်လိုက်သည်။
အမြဲတမ်း မာနကြီးနေ၏ သူ့ကိုအမြဲတမ်း ငုံ့ကြည့်နေတတ်သည်။
"ဟားဟား...ပိုင်ကျီဟန်၊ မင်းရဲ့ မျိုးနွယ်စုက အကြီးအကဲတစ်ယောက်ကို အကူအဖြစ် ခေါ်ဆောင်လာတာက ကြီးကျယ်ခမ်းနားတဲ့ အလုပ်တစ်ခုလို့ မင်းထင်နေလိမ့်မယ်။ ဒါပေမယ့် အဲဒါ မင်းရဲ့ အကြီးမားဆုံးအမှားပဲ”
ရှန်လျန့်သည် လူတိုင်းကြားလောက်အောင် ကျယ်လောင်စွာ အော်လိုက်သည်။
သူဘာကြောင့် ထိုသို့ပြောသည်ကို အများစုက နားမလည်ကြပေ
သို့တိုင် အရမ်းကြီး စဉ်းစားနေဖို့ မလိုပေ။
ရှန်လျန့်သည် အကြီးအကဲပိုင်ရမ်ဆီသို့ အပြုံးဖြင့် လှည့်ကြည့်လိုက်သည်။
"ခင်ဗျားက ပိုင်မျိုးနွယ်မှာ ရာထူးကြီးသူဖြစ်ရမယ်?"
ပိုင်ရမ်အနေနဲ့ သူ့ကိုယ်ပိုင်အခွင့်အရေးရှိသူဖြစ်သည့် သူ့ဦးလေးကို အစွမ်းကုန် နှိမ်နှင်းနိုင်ပုံအရ ဒါက သိသာသည်။
သူ့ကို လက်ညှိုးမထောင်ဘဲ အနိုင်ယူဖို့ အတွက် ပိုင်ကျီဟန်သည် အရေးကြီးသော တစ်စုံတစ်ယောက်ကို ခေါ်လာသည်ဟု ရှန်လျန့် စိတ်ထဲမှာ ထင်နေသည်။
ပိုင်မျိူးနွယ်၏ မဟာအကြီးအကဲဖြစ်မှန်း သူ မသိလိုက်ပေ။
"ပိုင်ကျီဟန် ဘာလုပ်ခဲ့လဲ သိလား"
ရှန်လျန့်သည် အေးစက်စွာ မေးလိုက်သည်။
မဟာအကြီးအကဲ ပိုင်ရမ်သည် မျက်မှောင်ကျုံ့လိုက်သည်။
သူသည် ရှန်လျန့်၏ သဘောထားကွဲအောင် ကြိုးပမ်းမှုကို ဂရုမစိုက်ဘဲ လက်စားချေရန် ပိုင်ကျီဟန်ဓားအဖြစ် အသုံးပြုခဲ့သည်။
ပိုင်ကျီဟန် ဘာလုပ်ခဲ့လဲတောင် မမေးမိပေ
မည်သို့ပင် ဖြစ်နေပါစေ စိုးရိမ်စရာမဟုတ်ပေ။ ပိုင်ကျီဟန်သည် အံ့ဩဖွယ် စွမ်းဆောင်နိုင်မှု ပြသထားပြီးသားပင်
စည်းမျဥ်းအနည်းငယ်ကို ချိုးဖောက်ထားသည့်တိုင် ပိုင်ရမ်သည် ၎င်းကို လျစ်လျူရှုရန် ပြင်ဆင်ထားသည်။
သို့သော် လျစ်လျူရှုခြင်းကို မခံချိမခံသာဖြစ်နေသော ရှန်လျန့်သည် ဆက်ပြောလေ၏ သူပြောမည့်စကားကို ကြားပြီးနောက် စိတ်ဝင်စားလာမည်ကို သူသိသောကြောင့် ဖြစ်သည်။
"ပိုင်ကျီဟန်က ခင်ဗျားတို့ရဲ့ အဖိုးတန် မြေကမ္ဘာအဆင့် ကျင့်ကြံနည်းကို အပြင်လူကို သင်ပေးခဲ့တယ်”
ရှန်လျန့်၏ နှုတ်ခမ်းများသည် အေးစက်သော အပြုံးတစ်ခုအဖြစ် ကွေးကောက်သွားသည်။
ပိုင်ရွယ်ချင်းကဲ့သို့ တံခါးပိတ် ကျင့်ကြံခြင်း မလုပ်သည့် ဂိုဏ်းရှိလူတိုင်း ကြားဖူးသည်။
ရှန်လျန့်သည် ဘာ့ကြောင့် ပြောသည်ကိုလူတိုင်းသိ၏
မည်သည့်ဂိုဏ်းတွင်မဆို ပြင်ပလူထံသို့ အဆင့်မြင့်နည်းစနစ်ကို ပေါက်ကြားခြင်းသည်—အထူးသဖြင့် ကမ္ဘာ အကြီးမားဆုံးသော သစ္စာဖောက်မှုတစ်ခုဖြစ်သည်။
ပိုင်မျိုးနွယ်အကြီးအကဲတွေသည် ပိုင်ကျီဟန်ကို ဘယ်လောက်ပဲ ချစ်မြတ်နိုးပါစေ၊ ဒါကို သူတို့ လျစ်လျူမရှုနိုင်တာ သေချာသည်။
အကြီးအကဲပိုင်ရမ်၏ မျက်လုံးများသည် အံ့အားသင့်စွာ ပြူးကျယ်သွားသည်။
လူအုပ်ထဲမှ ညည်းညူသံတွေအရ အပြောတစ်ခုပဲ မဟုတ်ဘူးဆိုတာ သိသာသည်။
ကောင်းကင်ဓားဂိုဏ်း၏ တပည့်များကြားတွင် ဤကောလဟာလသည် တိုးတိုးတိတ်တိတ် ပျံ့နှံ့နေပြီဖြစ်သည်။
(ပိုင်ကျီဟန် တကယ်လုပ်ခဲ့တာလား။)
သူက စဉ်းစားလေ၏ ပိုင်ကျီဟန်သည် အမြဲဒုက္ခပေးတတ်သည်။ သူ့နဲ့ မသက်ဆိုင်ဘဲ ကမောက်ကမ ဖြစ်ခဲ့ရသည့် ရက်အနည်းငယ် ရှိခဲ့သည်။
သို့တိုင် အပြင်လူကို ကမ္ဘာမြေအဆင့် နည်းစနစ်ကို သင်ပေးသည်အထိ မဖြစ်နိုင်ပေ
ပိုင်ရမ်သည် ရှန်လျန့်၏စွပ်စွဲချက်ကြောင့် လုံးဝစိတ်မ၀င်စားဘဲ ငြိမ်သက်နေသော ပိုင်ကျီဟန်ကိုကြည့်လိုက်သည်။သူ့ကိုယ်သူ ကာကွယ်ဖို့တောင် မထိတ်လန့်ပေ
သူက ရှန်လျန့်ကို အရူးတစ်ယောက်လို ကြည့်နေသည် ။
သူစွပ်စွဲချက်ကို လုံးဝဂရုမစိုက်ပုံရသည်။
မဟာအကြီးအကဲ ပိုင်ရမ်သည် ခဏလောက် မျက်လုံးမှိတ်ပြီး အေးစက်စွာ ပြန်ဖြေသည် ။
"ငါတို့အမွေဆက်ခံသူကို မင်းဘာမှစိုးရိမ်စရာမလိုဘူး"
သူ၏နောက်ထပ်စကားများသည် ပိုင်ကျီဟန်ကို အပြစ်ပေးခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်း သို့မဟုတ် မျိုးနွယ်စုမှ နှင်ထုတ်ခြင်းတို့ကို မြင်လိုက်သည့် ရှန်လျန့်၏မျှော်လင့်ချက်များကို ချေမှုန်းပစ်လိုက်သည်။
"မင်းလိုလူလိမ်ကို ငါဘာလို့ယုံရမှာလဲ?ပိုင်မျိုးနွယ်အကြောင်း အဲ့လောက် စိတ်ဝင်စားမနေနဲ့။"