ပိုင်ကျီဟန်၏ ဆုံးဖြတ်ချက်
Vol. 6 Ch. 84
ခန်းမကြီးသည် တိတ်ဆိတ်နေ၏။
ဘယ်သူမှ ဘာမှ မပြောရဲကြချေ
အသက်ရှုသံတောင် မည်သူမှ မထွက်ရဲကြပေ
ထိုအချိန်တွင် အားလုံးသည် ရှင်းရှင်းလင်းလင်း နားလည်သွားကြသည်။
ပိုင်ကျီဟန်က ခွင့်မလွှတ်ပေ
၎င်းတို့၏ အဆင့်အတန်း၊ နောက်ခံ ဒါမှမဟုတ် အရည်အချင်းရှိသူဆို မည်သူဖြစ်ဖြစ် ပိုင်ကျီဟန်လက်စားချေမှုကနေ လွတ်မြောက်နိုင်မည်လို့ တွေးမိကြသည်။
ပိုင်မျိုးနွယ်မှ ပိုတန်ဖိုးထားသည့် သူ့၏ ပါရမီရှင်အစ်မ ပိုင်ရွှယ်ချင်းကင် ပိုင်ကျီဟန်ကို မတားနိုင်ပေ
အကျိုးဆက်များစွာမရှိဘဲ ဝင်ရောက်စွက်ဖက်နိုင်သူ တစ်ဦးတည်းသာ ရှိနိုင်သည် - သူကတော့ မဟာအကြီးအကဲပိုင်ရမ်ပင်
ပြင်းပြင်းထန်ထန် ပြုမူလျှင်တောင် မျက်နှာပျက်စရာ မရှိပေ ။ မဟာအကြီးအကဲပိုင်ရမ်အနေဖြင့် ပိုင်ကျီဟန်သည် ဆုံးဖြတ်ချက် တစ်ခုချနေသည်ဟု သိပါက ရပ်တန့်ရန် အခွင့်အာဏာရှိသည်။
ဒါပေမယ့် သူ့က တားချင်မှ တားမှာပင်
စွက်ဖက်ဖို့ထက် ပိုင်ရမ်သည် အမှန်တကယ် ဂုဏ်ယူနေပုံရသည်။
သူသည် ပိုင်ကျီဟန်၏စကားများကို သဘောတူကာ ခေါင်းညိတ်လိုက်ပြီး သူ့စိတ်ထဲတွင် သူယုံကြည်ခဲ့သည် — ၎င်းတို့၏ ပိုင်မျိုးနွယ် ၏ အမွေဆက်ခံသူသည် ထိုကဲ့သို့ပြုမူသင့်သည်ကိုပင်။
မကြောက်ရွံ့ဘဲ ပြတ်ပြတ်သားသား။ ရန်သူတို့အပေါ် သနားညှာတာမှုကင်းရမည်။
ရှန်းမျိုးနွယ်ကို စော်ကားခြင်းလား။ ရန်သူဖြစ်အောင် လုပ်နေခြင်းလား
အဲ့တော့ရော ဘာဖြစ်မည်နည်း
သူတို့အလိုရှိလျှင် ပိုင်မျိုးနွယ်သည် ရှန်းမျိုးနွယ်ကို လွယ်ကူစွာ ရှင်းပစ်နိုင်သည်။
မဟာအကြီးအကဲပိုင်ရမ်သည် အရာရာကို စေ့စေ့စပ်စပ် ပြီးမြောက်ချင်သည် — နောက်တွင် အကြွေးမကျန်ခဲ့ချင်ပေ
ယခင်က ပိုင်ကျီဟန်၏ ကျင့်ကြံမှုစွမ်းရည်နဲ့ နာမည်ဂုဏ်သတင်းကြောင့် ပျင်းရိပြီး ဥာဏ်မဲ့သည့် ဒုက္ခပေးသူအဖြစ် တွေးခဲ့သည်
ဒါပေမယ့် အခုတော့ အားလုံးပြောင်းလဲသွားချေပြီ။
ကျင့်ကြံမှု စွမ်းရည်များစွာ မရှိသည့်တိုင် ပိုင်ကျီဟန်သည် ၎င်းတို့ ပိုင်မျိုးနွယ်၏ အနာဂတ်ခေါင်းဆောင်ဖြစ်သင့်သည်များကို သက်သေပြခဲ့ပြီဟု သူယုံကြည်ခဲ့သည်။
ထျန်းယုဟမ်သည် သူ့လက်ကို ဖြည်းညှင်းစွာ ဆုတ်လိုက်ပြီး ဘာမှ မပြောတော့ပေ။
နောက်ဆုံးတော့ ဒါက ရိုးရှင်းပါသည်။ ပိုင်မျိုးနွယ်ကို စော်ကားမလား ဒါမှမဟုတ် ရှန်းမျိုးနွယ်ကို စော်ကားမလားပင်
သူတို့နှစ်ဦးကြားတွင် ရှန်းမျိုးနွယ်ကို စော်ကားခြင်းသည် ထင်ရှားသောရွေးချယ်မှုဖြစ်သည်— အထူးသဖြင့် ရှန်လျန့်သည် အပြစ်ရှိသူဖြစ်သည်။
ရှန်လျန့်၏ ပြစ်ဒဏ်နှင့်ပတ်သက်၍ ရှန်းမျိုးနွယ်စုသည် လက်တုံ့ပြန်ရန် အကြောင်းပြချက်များစွာရှိမည် မဟုတ်ဟု ထျန်းယုဟမ်ထင်ခဲ့သည်။ ၎င်းမှာ သူ့အပြစ်သာဖြစ်ပြီး ၎င်းကို သူ့ဘာသာ ပြသနာဖန်တီးခဲ့တာပင်။
သူတို့သည် ကောင်းကင်ဓားဂိုဏ်းကို စစ်တိုက်ရန် တရားမျှတသော အကြောင်းပြချက် ရှိမည်မဟုတ်ပေ။
တိုက်ခိုက်ရန်ကြိုးစားသော်လည်း ရှန်းမျိုးနွယ်သည် ပိုင်မျိုးနွယ်နှင့်မတူဘဲ ကောင်းကင်ဓားဂိုဏ်းကို ဖျက်ဆီးရန် အင်အားမရှိပေ။
ပိုင်မျိုးနွယ်တွင် မျှတမှု နဲ့ သူတို့ နှစ်သက်သလို လုပ်နိုင်သည့် စွမ်းအား နှစ်ခုလုံး ရှိနေသည်။ အထူးသဖြင့် ထျန်းယုဟမ်သည် ထိုအခြေအနေကို လွဲမှားစွာ ကိုင်တွယ်ခဲ့မည်ဆိုရင်တောင် ကောင်းကင်ဓားဂိုဏ်းကို တိုက်ခိုက်ခံရမည်ပင်
ပိုင်ကျီဟန်အကြည့်သည် ရှန်လျန့်ကိုဖမ်းထားသည့် အကြီးအကဲယုဆီ ကြည့်နေ၏
ပိုင်ကျီဟန်သည် သူ့ဆီ လျှောက်လာပြီး သူ့ရည်ရွယ်ချက်က ရှင်းပေသည်။ ပိုင်ကျီဟန်သည် ရှန့်လျန့်၏ လက်မောင်းကို ဖြတ်ချင်သည်။
ရှန်လျန့်သည် သူ့ကို မုန်းတီးမှုတွေနဲ့ စိုက်ကြည့်နေသည်။
"ပိုင်ကျီဟန် ၊ မင်း ငါ့လက်ကို ဖြတ်နိုင်မယ်လို့ ထင်လား? မင်းကိုမင်း အထင်ကြီးမနေနဲ့”
သူက အော်လိုက်သည်။ သူ၏ ဝိညာဉ် အခြေတည်စ ကျင့်ကြံမှုသည် ပြင်းထန်စွာ တောက်လောင်နေသည်။
ပိုင်ကျီဟန်၏ ကျေးဇူးကြောင့် တခြားတပည့်တစ်ယောက်နဲ့အတူ အကြံအစည် ဖော်ထုတ်ခံရကာ ချည်နှောင်ခံရတာတောင်မှ သူ့ကို လျှော့တွက်နေတုန်းပင်
ရှန်လျန့်သည် ပိုင်ကျီဟန်အား အားနည်းသူဟု ယုံကြည်ခဲ့သည်။ သူ့ကို မကျော်နိုင်ပေမယ့် ခွန်အားနဲ့ ယှဥ်သည့်အခါမှာတော့ သူ့အပေါ် ဘယ်တော့မှ မရှုံးနိုင်ဘူးဟု ထင်ခဲ့သည်။
သူသည် အကြီးအကဲယု၏လက်များကို ခွဲထုတ်ပြီး ပိုင်ကျီဟန်ကို စိုက်ကြည့်ကာ သူ့အနားသို့ ရဲရဲတောက်လျှောက်လာခဲ့သည်။
ဒီလိုဖြစ်သွားတာမျိုးကို ခွင့်မပြုနိုင်ပေ။
သူ့ဦးလေးကြောင့်မဟုတ်၊ ပြစ်ဒဏ်တချို့ကြောင့်မဟုတ်ဘဲ၊ သူ့အောက်က လူလို့မြင်တဲ့သူတစ်ယောက်ကြောင့်လည်း မဟုတ်ပေ။
အကြီးအကဲယုသည် ဘာလုပ်ရမှန်းမသိဘဲ တုန်လှုပ်သွားသည်။ ဒီတစ်ကြိမ်မှာတော့ ရှန်လျန့်ကို တင်းတင်းကြပ်ကြပ် ချုပ်တည်းထားချင်သည်။
သို့သော်လည်း သူမ မလုပ်ခင်မှာ ပိုင်ကျီဟန်သည် သူ့လှုပ်ရှားမှုကို လုပ်ခဲ့သည်။ ပိုင်ကျီဟန်သည် ရှန့်လျန့်ကို သူ့ဘာသာသူ မကျော်ဖြတ်နိုင်ဘူးဆိုတာ သိသည်။
ဒါပေမယ့် သူဘယ်တုန်းကမှ မကြံစည်ဖူးပေ
"မဟာအကြီးအကဲ”
သူ ဘာမှ ထပ်ပြောဖို့ မလိုပေ
ငိုက်နေသောသားရဲကဲ့သို့ ထောင့်တွင်ထိုင်နေသော မဟာအကြီးအကဲပိုင်ရမ်သည် နောက်ဆုံးတွင် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခု ကျဆင်းလာသည်။
ဘုန်း!
ရှန်လျန့်၏ ခန္ဓာကိုယ်သည် အလေးချိန်အောက်တွင် ချက်ချင်း ချုပ်နှောင်ခံရကာ သူ့ကို ဒူးထောက်ထားစေသည်။
အကြီးအကဲယုသည် ရှန်လျန့်ဆီမှ လျင်မြန်စွာ ဆုတ်ခွာသွားပြီး မိန်ရူလန်ကို အတင်းဆွဲခေါ်ကာ အခင်းဖြစ်ပွားရာ အနီးတွင် မနေလိုကြောင်း သိသာထင်ရှား သည်။
"အားး”
ရှန့်လျန့်သည် အော်ဟစ်ခဲ့ပြီး ထိုဖိနှိပ်ချုပ်ချယ်သော အင်အားများရှေ့တွင် သူ၏ ကျင့်ကြံမှု အဓိပ္ပါယ်မဲ့သွားသလိုပင်
"အခု ဘယ်လိုလဲ?"
ပိုင်ကျီဟန်သည် သူ့ဆီ လျှောက်လာပြီး ရယ်မောရင်း ပြောလိုက်သည်။
ရှန်လျန့်၏ လက်ရှိအခြေအနေတွင် ကလေးတစ်ဦးပင် သူ့ကို သတ်ပစ်နိုင်သည်။
ရှန်လျန့်၏ မျက်နှာသည် ထိတ်လန့်တုန်လှုပ်သွားသည်။
"မဟုတ်ဘူး.. မဟုတ်ဘူး.. မဖြစ်နိုင်ဘူး။ ငါက အဓိကတပည့်ပါ။ ငါက ရှန်းမျိုးနွယ်ရဲ့ ပါရမီရှင်ပါ။ ငါ”
မာန၊ အဆင့်အတန်း၊ ကြောက်ရွံ့မှု— ဖြစ်လာမည့်အရာများကို ရပ်တန့်ရန် အော်ဟစ်နေ၏
"ပိုင်ကျီဟန်၊ သေချာစဉ်းစားပါ”အပြင်းအထန် အော်လိုက်သည်။
"မင်းရဲ့ ပိုင်မျိုးနွယ်က ပြိုင်ဘက်ကင်းပါပဲ .. ဒါပေမဲ့ မင်းဒီလိုလုပ်ရင် ရှန်မျိုးနွယ်ရဲ့ရန်သူဖြစ်သွားလိမ့်မယ်။ မဟုတ်ရင် မင်းမှာ မဟာမိတ် တစ်ယောက်ရှိနိုင်တယ်။"
သူက ဈေးဆစ်ဖို့ ကြိုးစားပေ၏ ပိုင်ကျီဟန်ကို သွေးဆောင်ဖို့ ကြိုးစားနေတာပင်
ဒါပေမယ့် ပိုင်ကျီဟန်က နားမထောင်ပေ။
ရှန်းမျိုးနွယ်၏ထင်မြင်ချက်ကို ဂရုစိုက်နေပါ သူသည် ဤမျှအထိသွားမည်မဟုတ်ပေ။
သူ့အတွက် သူတို့သည် လက်စားချေခြင်းထက် ပိုမထိုက်တန်ပေ
ပိုင်ကျီဟန်သည် သူ့ဓားကို သိုလှောင်ကွင်းမှ ပျင်းရိစွာ ဆွဲထုတ်လိုက်သည်။
အေးစက်နေသောဓားသည် ခန်းမ၏အလင်းရောင်အောက်တွင် တောက်ပလာသည်။
"မဟုတ်ဘူး...မဟုတ်ဘူး၊ မဟုတ်ဘူး၊ မလုပ်နဲ့-“
ရှန်လျန့်၏ အော်သံများက ခန်းမအတွင်း ပဲ့တင်ထပ်သွားသည်။
ပိုင်ကျီဟန်သည် သူ့ဓားကို မြှောက်လိုက်သည်နှင့်
အကြီးအကဲရှန်းထံမှ ပြင်းထန်သော ဝိညာဉ်ရေးဆိုင်ရာ ဖိအားများ ပေါက်ကွဲထွက်လာသည်။
"ရပ်”
အကြီးအကဲရှန်းသည် ရှေ့ကိုတိုးလာပြီး သူ့တူလေးကို ကယ်တင်ဖို့ လှမ်းကြည့်
လိုက်သည်။
ဒါပေမယ့်
ဘုန်း!!
ခြေလှမ်းနှစ်လှမ်းမလှမ်းမီတွင် ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုနဲ့အတူ ပြိုကျသွားသည်။
မဟာအကြီးအကဲပိုင်ရမ်သည် သူ့အင်္ကျီလက်ကို ပေါ့ပေါ့ပါးပါး လှန်လိုက်သည်။
အကြီးအကဲရှန်းသည် ရှန်လျန့်၏ပုံစံအတိုင်း ခွေးသေတစ်ကောင်ကဲ့သို့ မြေကြီးပေါ်သို့ ရိုက်ချခံခဲ့ရသည်။
"ငြိမ်ငြိမ်နေ" ပိုင်ရမ်သည် အေးစက်စက်နဲ့ အော်ပြီး သူ့အသံက မိုးခြိမ်းသံလိုပင်
"မင်းကံကောင်းတာက ငါတို့က ခေါင်းမဟုတ်ဘဲ လက်ကိုဖြတ်တာကိုပဲ။"
အကြီးအကဲရှန်းသည် သူ့ကိုယ်ပိုင် အခွင့်အာဏာရှိသော်လည်း ပိုင်ရမ်၏ရှေ့တွင် ဘာမှမဟုတ်ချေ။ တောင်ပေါ်ရှေ့မှ ကလေးသူငယ် တစ်ဦးသာဖြစ်သည်။
ပိုင်ကျီဟန် ရှန်လျန့်ရှေ့တွင် ရပ်နေချိန်မှာတော့ အကြီးအကဲရှန်းသည် ချောင်းဆိုးရင်းသာ ကြည့်နေနိုင်သည် ။
ရှန်လျန့်သည် ရူးသွပ်စွာ အော်ဟစ်လိုက်ပြီး ရုန်းကန်နေသည့်တိုင် မဟာအကြီးအကဲပိုင်ရမ် ချုပ်နှောင်မှုကနေ လွတ်မြောက်ဖို့ မည်သို့မျှ ရုန်းမထွက်နိုင်ခဲ့ပေ။
"ပိုင်ကျီဟန် ၊ သေချာစဉ်းစားပါ။ ကျေးဇူးပြုပြီး ငါတောင်းပန်ပါတယ်။ ဒီတစ်ခေါက်
လောက်တော့ သွားခွင့်ပြု”
ပိုင်ကျီဟန် ချဉ်းကပ်လာတာကိုမြင်တော့ ရှန်လျန့်သည် သူ့မာနကို ထိန်းမထားနိုင်တော့ပေ
"ကျေးဇူးပြုပြီး ငါ မင်းကို တောင်းပန်နေတာပါ”
မရေမတွက်နိုင်သော တပည့်များနှင့် အကြီးအကဲများ ကြည့်ရှုနေသည်ကို သူ ဂရုမစိုက်ပေ။ သူသည် ဒုက္ခိတမဖြစ်ချင်ပေ
ပိုင်ကျီဟန်သည် သူ့ဓားကို မညှာမတာ မလွှဲခင်မှာ သူ့ကို ပြုံးပြလိုက်သည်။
မဆိုင်းမတွပင်
ရွှမ်
ငွေရောင်တစ်လက်။
ဖူး
သွေးတွေ လေထဲ ပေါ်ထွက်လာသည်။
ရှန်လျန့်၏ ညာလက်သည် လက်ကောက်ဝတ်မှ ဖြတ်တောက်ခံရပြီး ကြမ်းပြင်ပေါ်တွင် ရွှဲစိုသွားသည်။
"အားး”
ရှန်လျန့်သည် လဲပြိုကျသွားပြီး ဒဏ်ရာရှိသော သားရဲတစ်ကောင်လို ငိုရှိုက်နေ၏
တပည့်များစွာသည် မြင်ကွင်းကို မကြည့်ဝံ့သဖြင့် ခေါင်းကို လှည့်လိုက်သည်။
ဒါပေမယ့် ပိုင်ကျီဟန်ကတော့ မျက်တောင်တောင် မခတ်ပေ
ထိုနေရာ၌ သူ လုံးဝ မတုန်မလှုပ် ရပ်နေ၏။
သူ့အတွက် ဒါက ရက်စက်မှု မဟုတ်ချေ
တရားမျှတမှုသာ
စူးရှသောသွေး၏ရနံ့သည် ခန်းမကို လွှမ်းခြုံသွားသည်။
သူ့လက်ကို ဖြတ်ထားပြီးဖြစ်သောကြောင့် မဟာအကြီးအကဲပိုင်ရမ်သည် ရှန်လျန့်အား ချုပ်နှောင်ထားခြင်းကို ရပ်တန့်လိုက်သည်။
အကြီးအကဲယုသည် လျင်မြန်စွာ ရောက်လာပြီး သွေးတိတ်အောင် ရှန်လျန့်၏ စွမ်းအင်သွေးကြောများကို ပိတ်လိုက်သည်။
ပိုင်ကျီဟန်သည် သူ့အင်္ကျီလက်မှ အညစ်အကြေးများကို ခါလိုက်သကဲ့သို့ ပျင်းရိသော လှုပ်ရှားမှုဖြင့် ဓါးမှသွေးများကို ပွတ်တိုက်လိုက်သည်။
ကိစ္စ ပြီးပြီ။
ပြီးတော့ ခန်းမကြီးသည် သေမင်းတမန်လို တိတ်ဆိတ်နေ၏
လူတိုင်း သိလိုက်ရသည့်အရာတစ်ခုက ပိုင်ကျီဟန်သည် သူပြောသည့်အတိုင်း လုပ်ရဲတာပင်
သူသည် မရေမတွက်နိုင်သော တပည့်များ၏ လေးစားမှုကိုခံရသည့် ထိပ်တန်း ပါရမီရှင် တစ်ဦးဖြစ်သည့် ရှန်လျန့်၏ လက်ကို အမှန်တကယ် ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။
ပိုင်ကျီဟန်ကို ဆန့်ကျင်ဖို့ ကြံစည်ထားရင်တောင်မှ သူလုပ်ခဲ့သလို လုပ်ဖို့ သတ္တိရှိမည်ဟု ဘယ်သူမှ မယုံကြပေ
ရှန်လျန့်ကို သူ့အဆင့်အတန်းကနေ ဖြုတ်ပစ်လိုက်ရင်ပင် အများစုက ကျေနပ်ကြမည်ပင်
ဒါပေမယ့် ပိုင်ကျီဟန်သည် နောက်ထပ်တစ်လှမ်းတိုးလိုက်သည်။
သူသည် ရှန်လျန့်၏အနာဂတ်ဖြစ်သော သူ့၏ ညာလက်ကို ဖြတ်ခဲ့သည်။
ဒါကလည်း ပိုင်ကျီဟန်အပေါ် အမြင်ကို လုံးဝကွဲသွားစေသည်။
တစ်ချိန်က သူတို့သည် ဂုဏ်သိက္ခာရှိသော မျိုးနွယ်စုမှ အမှိုက်ကောင်တစ်ကောင်အဖြစ် ရှုံ့ချခဲ့ကြသော သခင်လေးသည် ယခုအခါ ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်ဖြင့် သူတို့ရှေ့တွင် ပေါ်လာသည်။
ဖြစ်ပျက်နေတာကို နားလည်အောင်ကြိုးစားကြတုန်းပင်
စကားပြောဖို့တောင် မည်သူမှ မတွေးရဲကြပေ။
ပြစ်ဒဏ်စီရင်ရေးခန်းမထဲမှ တစ်ခုတည်းသောအသံကတော့ ရှန်လျန့်၏ နာကျင်ငိုကြွေးသံပင်။
"အားးးး”
ရှန်လျန့်သည် ယခင်ကကဲ့သို့ နာကျင်မှုကို ခံစားနေရသည်။
သူ့လက်ကို ဖြတ်ခံလိုက်သော နာကျင်မှုထက် ပိုကြောက်စရာကောင်းသည့် အဖြစ်မှန်က နောက်ဆုံးမှာ နစ်မြုပ်သွားခဲ့သည်။ ဒါက အိပ်မက်ဆိုးတစ်ခု မဟုတ်ပေ
သူတကယ်ပဲ သူ့ညာဘက်လက်ကို ဆုံးရှုံးခဲ့ရသည် ။ သူတကယ်ကို ဒုက္ခိတ ဖြစ်သွားခဲ့ချေပြီ
ရှန်းမျိုးနွယ်နှင့် ကောင်းကင်ဓားဂိုဏ်း၏ ပါရမီရှင်တစ်ဦးဖြစ်သည့် ရှန်လျန့်၏ အနာဂတ်သည် တစ်ချိန်က လူတိုင်းထက် ပိုမိုတောက်ပခဲ့ပြီး သူ၏ဂုဏ်သတင်းသည် ကောင်းကင်ယံအထိ ထိုးဖောက်ခဲ့သည်။
ဒါပေမယ့် ဒီနေ့မှာတော့ အရာအားလုံး ဆုံးရှုံးသွားခဲ့ချေပြီ။
အကြီးအကဲယု၏ အရေးပေါ်ကုသပေးမှုကြောင့် နာကျင်မှုအနည်းငယ် လျော့သွားသည်တိုင် ရှန်လျန့်မျက်လုံးများသည် ပိုင်ကျီဟန်အား အမုန်းတရားများဖြင့်ကြည့်ရင်း ပူလောင်လာသည်။
"ပိုင် ကျီ ဟန်”
ရှန်လျန့်သည် ဒေါသတကြီးနဲ့အော်လိုက်သည်။
"မင်းနဲ့ငါ မကျေအေးနိုင်တော့ဘူး။ မင်းကို မသတ်ရမချင်း ငါမရပ်ဘူး။"
သူသည် စကားလုံးတွေကို ထွေးထုတ်လိုက်ပြီး ပိုင်ကျီဟန်ကို အဆိပ်ပြင်းပြင်းနဲ့ စိုက်ကြည့်နေသည်။
"ဟမ်”
ပိုင်ကျီဟန်သည် ပြုံးပြီး လှောင်ပြောင်ကာ "ဒုက္ခိတက ဘာလုပ်လို့ ရမှာတုန်း"
သူ၏ လှောင်ပြောင်သော စကားလုံးများသည် ရှန်းလျန့်အတွက် ဖြစ်ပျက်ခဲ့သည့်ကို သတိပေးသည့် ရက်စက်သော ဓားထက် ပိုမိုနက်ရှိုင်းသွားသည်။