တရားမျှတမှုအတွက် လက်တစ်စုံလိုသည်
Vol. 6 Ch. 83
ထျန်းယုဟမ်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်
"အကြီးအကဲယု”
အကြီးအကဲသည် ချက်ချင်းပင် ရှေ့သို့ တိုးလာကာ သူမ၏ ရောင်ဝါသည် ပြိုကျနေသော ဒီရေကဲ့သို့ ခန်းမကို လွှမ်းခြုံသွားသည်။
သူမသည် ဂိုဏ်းခေါင်းဆောင်၏အဖွဲ့ခွဲကို ထောက်ခံသူဖြစ်ပြီး ဂိုဏ်းခေါင်းဆောင်၏ ယုံကြည်ရသူတစ်ဦးဖြစ်သော်လည်း အကြီးအကဲရှန်လိုပင် ပြစ်ဒဏ်စီရင်ရေးခန်းမ၏ အကြီးအကဲတစ်ဦးဖြစ်သည်။
" ရှန်လျန်နဲ့ မိန်ရူလန်ကို ဖမ်းဆီးချုပ်နှောင်ထားလိုက်ပါ။ သူတို့ကို အဓိကတပည့်နှင့် အတွင်းတပည့်အဆင့်တွေက အသီးသီး ဖယ်ရှားပြီး ဂိုဏ်းစည်းဝေးပွဲပြီးရင် နှင်ထုတ်မယ်”
ထျန်းယုဟမ်အနေနဲ့ သူတို့အား ပြင်းထန်သော ပြစ်ဒဏ်ပေးခဲ့သည်ဟု နားလည်နိုင်သည် ။
နောက်ဆုံးတော့ သူတို့သည် ပိုင်မျိုးနွယ် အမွေဆက်ခံသူကို ရှုပ်ဖို့ ကြိုးစားခဲ့ကြပြီး၊ ပြစ်ဒဏ်သည် ပိုင်မျိုးနွယ် ကျေနပ်လောက်သည့်အထိ ပြင်းထန်ဖို့ လိုအပ်သည်။
မဟုတ်ပါက သူသည် ၎င်းတို့အား အကြောင်းအရာများကို ရှင်းပြနိုင်မည်မဟုတ်ပေ။
"အကြီးအကဲရှန်းနဲ့ တခြားပါလတဲ့ သူတွေရော”
ထျန်းယုဟမ်သည် စကားကို ရပ်တန့်လိုက်ပြီး မည်ကဲ့သို့ ပြစ်ဒဏ်ပေးမည်ကို စဉ်းစားနေသည်။
ယခုအချိန်တွင် ရှန်လျန့်၊ မိန်ရူလန်၊ ဖန်ကျင်းယန်နဲ့ ပိုင်ကျီဟန် ခြံဝင်းအတွင်း အထောက်အထားများ ထားသည့် လက်ပါးစေများသာ ပါဝင်ကြောင်း အတည်ပြုခဲ့သည်။
ဖန်ကျင်းယန်သည် ပိုင်ကျီဟန်အတွက် သူလျှိုအဖြစ် လုပ်ဆောင်နေသောကြောင့် သူ့အတွက် မည်သည့်ပြစ်ဒဏ်မှ ရှိမည်မဟုတ်ပေ။
သို့သော်လည်း အကြီးအကဲရှန်နှင့် ပိုင်ကျီဟန်ကို ဖမ်းဆီးရန် လိုက်သွားသော တပည့်များလည်း ခိုင်လုံသော အထောက်အထား မရှိသည့်တိုင်
ပါ၀င်နေပေမည်။
တစ်ချိန်တည်းမှာပင် အချို့သောသူတို့သည် ၎င်းတို့၏တာဝန်များကို ကျေပွန်ရုံမျှသာ လုပ်ကြသလိုမျိုး အပြစ်ကင်းစင် ဟန်ဆောင်ကြပေမည်။
"စုံစမ်းစစ်ဆေးမှု အကုန် မပြီးမချင်း တာဝန်ကနေ ဆိုင်းငံ့ထားမယ်။ အဲ့အချိန်အထိ နေအိမ်မှာ ချုပ်နှောင်ထားမယ်”
အကြီးအကဲရှန်း၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါသွားပြီး ခဏမျှပင် သွေးချောင်းဆိုးသွားပုံရသည်။
မှန်ကန်သည့် စုံစမ်းစစ်ဆေးမှုပြီးလျှင် သူ့၏ပါဝင်ပတ်သက်မှုကို အလွယ်တကူ ဖော်ထုတ်နိုင်မည်ပင်။
ထို့အပြင် စုံစမ်းစစ်ဆေးမှု အပြည့်အစုံသည် လူတိုင်း၏နောက်ကွယ်တွင် သူကျူးလွန်ခဲ့သော အခြားအကျင့်ပျက်ခြစားမှုအားလုံးကို ဖော်ထုတ်နိုင်မည် ဖြစ်သည်။
ခန်းမသခင်သို့မဟုတ် အကြီးအကဲအဖြစ် သူ့အဆင့်အတန်းကို ဆုံးရှုံးလိုက်ရခြင်းသည် သူ့အတွက် စိုးရိမ်မှုအနည်းဆုံးဖြစ်သည်။
ဆန့်ကျင်ဂိုဏ်းခေါင်းဆောင်အဖွဲ့ခွဲသည် နစ်မြုပ်နေသောသင်္ဘောမှ ထွက်ပြေးလာသော ကြွက်များကဲ့သို့ပင် သူ့ကိုချက်ချင်းစွန့်ပစ်မည်ဖြစ်သည်။
နောက်ဆုံးတွင် သူ့၌ ကျောထောက်နောက်ခံပြုစရာ အဆင့်အတန်းမရှိဘဲ သူ့အား ကယ်တင်ရန် မည်သူကမှ သူတို့ကိုယ်သူတို့ စွန့်စားမည်မဟုတ်ပေ။
သို့တိုင် သူသည် တုန်ရီနေသော လက်သီးများဖြင့် သူ့အရှက်တရားကို မျိုချကာ သွားများကို အံကြိတ်ထားသည်။
အမှုက နောက်ဆုံးတော့ ပြီးသွားသလိုပင်....တရားခံတွေအားလုံး ပြစ်ဒဏ်နဲ့ ရင်ဆိုင်နေရသည်
ပိုင်ကျီဟန် ရှေ့ကို လှမ်းတက်မလာခင် အထိပေါ့
"ခဏ” ပိုင်ကျီဟန်က ပြောလေ၏
ခန်းမတစ်ခုလုံး အသက်ရှုကြပ်ပြီး သူ့ဆီသို့ အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။
ထျန်းယုဟမ်၏ မြှောက်ထားသော လက်သည် လေထဲ၌ ခေတ္တရပ်လိုက်ပြီး သူ၏ စူးရှသော မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
(သူ မကျေနပ်နိုင်သေးတာလား။)
ထျန်းယုဟမ်က တွေးလိုက်သည်။
သူသည် ပြင်းထန်သော ပြစ်ဒဏ်ကို ချမှတ်ခဲ့သော်လည်း ပိုင်မျိူးနွယ်နတ်ဆိုးကို ကျေနပ်စေရန် မလုံလောက်သေးချေ။
" ကျွန်တော် မှတ်မိပြီ” ပိုင်ကျီဟန်သည် ခန်းမအနှံ့ ရှင်းရှင်းလင်းလင်း ပေါ်လွင်နေသည့် အသံနဲ့ " အကြီးအကဲရှန်းက ကျွန်တော်ရဲ့ ပြစ်ဒဏ်ချလိုက်တုန်းက အပြစ်လုပ်သူက ဒီပြစ်ဒဏ်ကိုပဲ ခံရလိမ့်မယ် ဆိုပြီး အမိန့်ပေးဖူးတယ်”
တိတ်ဆိတ်ငြိမ်သက်မှုသည် တစ်ခန်းလုံးကို လွှမ်းခြုံသွားသည်။
တပည့်အချို့သည် ထိုကြားနာစဉ်အတွင်း အကြီးအကဲရှန်းပြောခဲ့သည့်စကားကို အတိအကျ မှတ်မိသွားကြသည်။
ညာဘက်လက်ကို ဖြတ်လိုက်ပါ။
ရောင်ပြန်ဟပ်ဂူတွင် တစ်နှစ် ပိတ်ဆို့ထားပါ။
ကောင်းကင်ဓားဂိုဏ်းမှ နှင်ထုတ်တာလည်း ဖြစ်နိုင်သည်။
၎င်းသည် ပြစ်ဒဏ်တစ်ခုမျှသာမဟုတ်ပေ—၎င်းသည် နစ်နာလှသော အရှက်ရမှုတစ်ခုဖြစ်ပြီး ကျင့်ကြံသူ၏ အနာဂတ်ကို ဖျက်ဆီးခြင်းပင် ဖြစ်သည်။
ပိုင်ကျီဟန်သည် ခေါင်းကို အနည်းငယ် ငုံ့ထားပြီး လှောင်ပြောင်သော အပြုံးသည် သူ့နှုတ်ခမ်းပေါ်တွင် ရှိနေသည်။
"အခု အမှန်တရား ပေါ်လာတော့ အကြီးအကဲရှန်းရဲ့ စကားတွေကို နားမထောင်သင့်ဘူးလား"
သူ့စကားသည် အကျယ်ကြီးမဟုတ်သည့်တိုင် မိုးခြိမ်းသံလို လူအုပ်ကြားထဲ တိုးဝင်သွားသည်။
ရှန်လျန့်၏ မျက်နှာသည် အရောင်များ စွန်းထင်းသွားသည်။
ပိုင်ကျီဟန် ပြောတာကို လူတိုင်း ချက်ချင်း သဘောပေါက်သွားသည်။
ရှန်လျန့်၏ ညာလက်ကို လိုချင်တာပင်
ထျန်းယုဟမ်၏ မျက်နှာသည် ပို၍ပင် ညစ်နွမ်းလာသည်။
ပိုင်ကျီဟန်သည် ထိုကဲ့သို ရက်စက်ကြမ်းကြုတ်သူ ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဒါပေမယ့်... တရားမျှတပေသည်။
ပိုင်ကျီဟန်သည် အကြီးအကဲရှန်း၏ကိုယ်ပိုင်အမိန့်ကို လိုက်နာရန် တောင်းဆိုရုံသာ
ပိုင်ကျီဟန်၏အကြည့်များသည် အကြီးအကဲယု၏ ချည်နှောင်မှုနည်းစနစ်ဖြင့် ချုပ်နှောင်ခံထားရသော ရှန်လျန့်ဆီ လှည့်သွားခဲ့သည်။
"နင်ကြားတယ်မလား ရှန်လျန့်"
သူ၏ လေသံသည် ပေါ့ပေါ့ပါးပါးပင်—သို့သော် တောင်တစ်ထောင်၏ အလေးချိန်နဲ့ ဖိသလိုပင်
"မင်းငါ့ကို လုပ်ကြံခဲ့တာ။ မင်း သက်သေတွေ လုပ်ကြံဖန်တီးခဲ့တာ။ ကောင်းကင်ဓားဂိုဏ်းမှာ ငါ့ရဲ့ အနာဂတ်ကို ဖျက်ဆီးလုနီးပါးပဲ။"
"ပြီးတော့ အခု..."
ပိုင်ကျီဟန်၏ မျက်လုံးများသည် ထက်မြက်သော ဓါးသွားများကဲ့သို့ တောက်ပနေသည်။
"မင်းလုပ်ထားတဲ့အတိုင်း ပြန်ပေးဆပ်ရတာ။ မင်းရဲ့ညာလက်ကို ဆုံးရှုံးလိမ့်မယ်။ ပြီးတော့ ရောင်ပြန်ဟပ် ဂူထဲမှာ တစ်နှစ်နေရလိမ့်မယ်။ အဲဒါ မင်းရဲ့ပြစ်ဒဏ်ပဲ"
မြင်သာသော အခိုးအငွေ့ လှိုင်းလုံးများသည် လူအုပ်ကြားကို လွှမ်းခြုံသွားသည်။
ခန်းမအစွန်းများတွင် ကြည့်နေကြသည့် အပြင်နှင့် အတွင်းဂိုဏ်းဝင် တပည့်များပင် အံ့အားသင့်သွားကြသည်။
အကယ်၍ ဤအရာ အမှန်တကယ်ဖြစ်ခဲ့ပါက ကောင်းကင်ဓားဂိုဏ်းသည် ၎င်း၏ ပါရမီရှင်တစ်ဦးကို ဆုံးရှုံးရလိမ့်မည်။
ထျန်းယုဟမ်သည် ချက်ချင်း စကားမပြောပေ
ယင်းအစား သူ၏ စူးရှသောအကြည့်များသည် အကြီးအကဲရှန်းဆီ ရောက်သွားခဲ့သည်။
"ပိုင်ကျီဟန် ပြောတာ မှန်သလား" အေးစက်စွာမေးလိုက်၏
အကြီးအကဲရှန်၏နှုတ်ခမ်းများ တုန်လှုပ်သွားသည်။
တခြား အကြောင်းပြချက်ရှာပြီး သူငြင်းချင်ခဲ့သည်
ဒါပေမယ့် သူ မလုပ်နိုင်ခဲ့ပေ
ပိုင်ကျီဟန်၏ မူလပြစ်ဒဏ်ကို မောက်မာစွာ စီရင်ချက်ချခဲ့သည်ကို လူအများအပြား သက်သေအဖြစ်ရှိနေခဲ့ပြီ
အကယ်၍ သူသည် ၎င်းကို ယခု ထပ်လုပ်ပါက သူ၏ အနည်းငယ်သာကျန်သော ယုံကြည်ကိုးစားမှုသည် လုံးဝပျက်စီးသွားလိမ့်မည်။
အချိန်အတော်အတန်ကြာပြီး နောက်ဆုံးတွင် အကြီးအကဲရှန်း လန့်သွားသည်။
"...ဟုတ်တယ်၊ ပြောတာက အမှန်ပဲ၊ ဒါပေမယ့် ဒါက လျှာခလုတ်တိုက်သွားတာ”
ပိုင်ထျန်းဟမ်၏ မျက်နှာသည် ပို၍ပင် မည်းမှောင်သွားသည်။
အခြေအနေတွေ ပိုဆိုးမလာဘူးဟု သူထင်နေချိန်မှာပဲ အကြီးအကဲရှန်က ပိုဆိုးသွားစေသည်။
ထျန်းယုဟမ်သည် ထိုအရှိန်အဟုန်ကို မထိန်းနိုင်ခဲ့ပေ။
ရှန်းမျိုးနွယ်သည် ပိုင်မျိုးနွယ်လောက် အစွမ်းထက်ခြင်းမရှိသော်လည်း ၎င်းသည် အင်အားအကောင်းဆုံးမျိုးနွယ်များထဲမှ တစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။
သူတို့ ပါရမီရှင်၏ညာလက်ကို ဖြတ်တောက်လိုက်ခြင်းသည် သူတို့ကို နှိုးဆော်ခြင်း နှင့် တူညီသည်။
"တပည့် ပိုင်ကျီဟန် ၊ မင်းက သက်ညှာပေးရင်ရော ဘယ်လိုလဲ”
သူ့အသံသည် ခန်းမတစ်ခုလုံး ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။
"မင်းရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြပြီး အမှန်တရားကို ချပြရင်ရော။ ကောင်းကင်ဓားဂိုဏ်းမှာ သဟဇာတဖြစ်ဖို့အတွက် သနားညှာတာတဲ့ အခန်းတချို့ကို ထားခဲ့တာက အကောင်းဆုံးဖြစ်နိုင်တယ်။"
သေချာပါသည်
သူက ပိုင်ကျီဟန်ကို နောက်ပြန်ဆုတ်ခိုင်းနေချေပြီ
ရှန်လျန့်၏အကျိုးအတွက်မဟုတ်ဘဲ ဂိုဏ်း၏တည်ငြိမ်မှုနှင့် မျက်နှာကိုကာကွယ်
ရန်သာ
ကံမကောင်းစွာပဲ... သူသည် ပိုင်ကျီဟန်နဲ့ စကားပြောနေတာပင်
ပိုင်ကျီဟန်သည် အနည်းငယ် ပြုံးလိုက်ပြီး မျက်လုံးများ ကွေးညွှတ်သွားသော်လည်း နွေးထွေးမှု မရှိသည့်အပြင် စူးရှပြီး အေးစက်သော အနားသတ်တစ်ခုသာ ရှိနေသည်။
"သနားဖို့ အခန်းချန်ထားရမှာလား"
စကားကို တိုးတိုးလေး ပြန်ပြောသည် ။
ထို့နောက် သူ့အကြည့်များသည် ရေခဲကဲ့သို့ အေးစက်လာသည်။
"သူတို့ရဲ့ စကားကို လိုက်နာရမယ် မလား၊ ဂိုဏ်းခေါင်းဆောင်"
ထျန်းယုဟမ်သည် လက်ကို ဆန့်တန်းရင်း လေထဲ၌ ရပ်တန့်သွားသည်။
ပိုင်ကျီဟန်စကားလုံးတွေထဲမှ အလေးချိန်ကြောင့် နောက်ထပ် ထပ်ပြောလျှင် မျက်နှာ လုံးဝပျက်သွားမည့်အခြေအနေ ဖြစ်သွားသည်။
လူတိုင်းခံစားနိုင်၏
ပိုင်ကျီဟန်က နောက်ပြန်မဆုတ်ပေ
ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင် မေးရင်တောင်မှမရပေ။
မမြင်နိုင်သောလက်သည် ပြစ်ဒဏ်ခန်းမတစ်ခုလုံးကို ညှစ်ထားသကဲ့သို့ လေထုသည် သည်းမခံနိုင်လောက်အောင် တင်းမာလာသည်။
ထိုအချိန်တွင် ပိုင်ရွှယ်ချင်းသည် အရှိန်အဟုန်ဖြင့် ရှေ့ကို တိုးလာသည်။
သူမသည် မျက်ခုံးများကို တင်းတင်းစေ့ထားရင်း သူမ၏ အသံသည် အလျင်စလို ဖြစ်နေသည်။
"ကျီဟန် ! ထားလိုက်ပါတော့။ ရှန်လျန့်ကို နှင်ထုတ်မှာပဲဟာ ဘာလို့ ထပ်တောင်းနေတာလဲ။"
ပိုင်ကျီဟန်ကို ဂိုဏ်းခေါင်းဆောင်က ကူညီနေသည်ဟုတောင် ပိုင်ရွှယ်ချင်းက ထင်ခဲ့သည်။
ပိုင်ကျီဟန်၏ အေးစက်စက် အကြည့်တွေသည် သူမဆီ လှည့်လိုက်သည်။
အေးစက်လွန်းတာကြောင့် ပိုင်ရွှယ်ချင်းသည် အလိုလို ပါးစပ်ကို ပိတ်လိုက်သည်။
သူသည် ပေါ့ပေါ့တန်တန်ပြောသော်လည်း စကားလုံးတိုင်းသည် တူနှင့်တူသည်။
"သူတို့အနိုင်ရရင်ရော ဒီလိုပဲပြောမှာလား။ သနားကြမှာလား။"
ပိုင်ရွှယ်ချင်း နှုတ်ခမ်းတွေ တွန့်သွားလေသည်။
သူမ မဖြေနိုင်ပေ
အဘယ်ကြောင့်ဆိုသော် လူတိုင်းသည် အမှန်တရားကို သိသောကြောင့်ပင်...အထူးသဖြင့် သူမရောပင်
ရှန်လျန့်သည် ပိုင်ကျီဟန်ကို ဦးစွာတောင်းပန်ခိုင်းပြီး အကူအညီပေးဟန်ဆောင်ခဲ့သည်။
ထို့အပြင် သူမသည်လည်း ရိုးရှင်းသောတောင်းပန်မှုသည် ဘေးဥပဒ်မှလွတ်မြောက်ရန် ပေးချေရမည့်အဖိုးအခတစ်ခုဟု တွေးကာ သဘောတူခဲ့သည်။
ယခုမူ ပိုင်ကျီဟန်ကို အလျော့ပေးဖို့ သူမ တောင်းဆိုဝံ့မည်လား
ပိုင်ကျီဟန်သည် အေးစက်စွာ ဆက်ပြောသည်။
"ငါနဲ့ ရှုပ်နေတာတွေအတွက် ပြန်ပေးဆပ်သင့်တယ်။ ဘယ်သူတွေပဲဖြစ်ဖြစ်"