လျှို့ဝှက်အကြံအစည် ပေါ်ထွက်ခြင်း
Vol. 6 Ch. 81
ထျန်းယုဟမ်သည် အကြီးအကဲပိုင်ရမ် စကားကို ကြားမဖြတ်ဝံ့ပေ။
ပိုင်ကျီဟန်သည် ပိုင်မျိုးနွယ်၏ အမွေဆက်ခံသူ ဖြစ်သည့်အတွက် သူ့အဆင့်အတန်းနဲ့ ပြင်းထန်စွာ အပြစ်ပေးခြင်းသည် မသင့်လျော်ပေ
ပိုင်ကျီဟန်ကို ကာကွယ်ဖို့ လာသူ အများအပြားကြောင့် အားနည်းသွားသည့်တိုင် အကြီးအကဲရှန်းသည် အလွယ်တကူ နောက်မဆုတ်ခဲ့ပေ
သူ့မှာ ရှိသည့် သက်သေတွေနဲ့ဆို မည်သူမှ သူ့ကိုဆန့်ကျင်နိုင်မည့်သူမရှိဟု ယုံကြည်နေလေသည်။
“ဟမ် ၊ မင်းတို့ ပိုင်မျိုးနွယ်က အင်အားကြီးမားပေမဲ့ ကောင်းကင်ဓားဂိုဏ်းမှာ လုပ်
ချင်တာလုပ်နိုင်တယ်လို့ မဆိုလိုဘူး”
အကြီးအကဲရှန်းသည် ခက်ခက်ခဲခဲ ပြောလိုက်သည်။
“ဂိုဏ်းခေါင်းဆောင်၊ ပိုင်ကျီဟန်က ကောင်းကင်ဓားဂိုဏ်းရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်နေကြောင်း သက်သေအထောက်အထား တိတိကျကျရှိနေပါတယ်။ ဘာဖြစ်ဖြစ် စည်းမျဉ်းအတိုင်း အပြစ်ပေးရပါမယ်”
အကြီးအကဲရှန်းသည် ထျန်းယုဟမ်မှ ပိုင်ကျီဟန်အား မျက်နှာသာမပေးစေရန် တားဆီးလိုက်ချေသည်
ထျန်းယုဟမ်သာ တကယ်ပဲ ပိုင်ကျီဟန်အတွက် စည်းမျဉ်းကို စွန့်ပစ်မည်ဆိုလျှင် သူ့နာမည် ကျဆင်းသွားမည်ပင် —ဒါကလည်း ဆန့်ကျင်ဘက်အဖွဲ့အတွက် အကျိုးကြီးမားပေမည်။
အကယ်၍ မဟုတ်ပါက ပိုင်ကျီဟန်ကို အပြစ်ပေးနိုင်အောင် လုပ်မည်ပင်
အားလုံးသိကြသည့်အတိုင်း ထျန်းယုဟမ်နှင့် ပိုင်မျိုးနွယ်အကြား ဆက်ဆံရေးကောင်းကောင်းရှိပြီး ပိုင်ကျီဟန်ကို ဂိုဏ်းထဲ ထည့်ခေါ်ခဲ့သူသည်လည်း သူ့ကိုယ်တိုင်ဖြစ်တာကြောင့် ၎င်းတို့အဖွဲ့အတွက် အကျိုးရှိမည်ပင်
အကယ်၍ ပိုင်ကျီဟန်ကို ကာကွယ်မပေးနိုင်ခဲ့ပါက ပိုင်မျိုးနွယ်ဆီမှ ယုံကြည်မှု ဆုံးရှုံးသွားမည်ပင်။ ဒါဆို ပိုင်မျိုးနွယ်မှ အပြစ်တင်ခြင်းကိုပင် ခံရနိုင်သည်။
ထျန်းယုဟမ်သည် အကြီးအကဲရှန်းကို တည်တည်ငြိမ်ငြိမ်ကြည့်ပြီး
နောက်တစ်ဖက်တွင် အကြီးအကဲပိုင်ရမ်ကိုလည်း တစ်ချက်လှည့်ကြည့်လိုက်သည်။
“အကြီးအကဲရှန်း သက်သေတွေတိကျမှန်ကန်တာ သေချာပါသလား”
ထျန်းယုဟမ်သည် အေးဆေးစွာ မေးလိုက်သည်။
သက်သေမှန်ကန်ပြီး ပိုင်ကျီဟန်အနေနဲ့ တကယ် စည်းမျဉ်းချိုးဖောက်ထားမည်ဆိုပါက အကြီးအကဲရှန်းလို ပြင်းထန်စွာ အပြစ်မပေးသည့်တိုင် ပြစ်ဒဏ်ခံရမည်က မလွဲမသွေပင်
သို့သော် ထျန်းယုဟမ်နဲ့ ပိုင်ရမ်နှစ်ဦးလုံးသည် သက်သေကို မမြင်ရသေးသောကြောင့် မသေချာသေးပေ။
“ သေချာတယ်! အကြီးအကဲရှန် သူတို့ကို ပြလိုက်”
အကြီးအကဲရှန်းသည် အမိန့်ပေးလိုက်၏
"မလိုပါဘူး”
နောက်ဆုံးတော့ ပိုင်ကျီဟန်သည် ကြားဖြတ်ပြောလေသည်။
သူစီစဉ်ထားသည့်အတိုင်း အရာအားလုံးကို ကစားခွင့်ပေးခဲ့ပြီး သူ့ရန်သူများ၏ အစီအစဉ်ကို ဆက်လက်ကစားရန် မလိုအပ်တော့ချေ။
"မင်း ဘာကိုဆိုလိုတာလဲ ပိုင်ကျီဟန် မင်းက မင်းရဲ့ပြစ်မှုကို ဝန်ခံဖို့လား"
အကြီးအကဲရှန်းသည် လှောင်ပြောင်သော လေသံဖြင့် မေးသည်။
ပိုင်ကျီဟန်သည် သူ၏ "ရာဇ၀တ်မှု" ကို အခြားသူများ မမြင်စေချင်လိုတာကြောင့် သူ့ဘာသာ ဝန်ခံတော့မည်ဟု ထင်ခဲ့သည်။
"ဝန်ခံရဖို့လား”
ပိုင်ကျီဟန်က ရယ်မောလိုက်သည်။
"ခင်ဗျားရဲ့တန်ဖိုးမရှိတဲ့ဟာကို သက်သေပြမဲ့အရာတစ်ခု ကျွန်တော်ရှိလို့ အထောက်အထားတွေကို ကြည့်စရာမလိုတော့တာလေ။"
ပိုင်ကျီဟန်သည် ကြေငြာခဲ့သည်။
သူသည် သူ၏ ၀တ်ရုံထဲသို့ နှိုက်လိုက်ပြီး သလင်းကျောက် မှတ်ဉာဏ်ကြေးမုံကို ဆွဲထုတ်လိုက်သည်။
"ကြည့်လိုက်" ပိုင်ကျီဟန်သည် ပျင်းရိစွာပြောပြီး သူ့အပြုံးက နည်းနည်းကျယ်လာ၏ "အကြီးအကဲရှန်ရဲ့ သက်သေ မလိုဘူး။' အားလုံးက ဒရာမာကို အရမ်းကြိုက်ကြလို့ ပိုကောင်းတဲ့ ပြဇာတ်တွေကို ခံစားကြည့်ရအောင်လား။"
သူ၏လက်ချောင်းများကို ဝေ့လိုက်ရာ သလင်းကျောက်သည် တောက်ပလာပြီး ခန်းမသည် အနည်းငယ်မှောင်သွားကာ ၎င်းအပေါ်မှ ပုံများ ပေါ်လာသည်။
ပထမဆုံးမြင်ကွင်းပေါ်လာသည်- မှိန်ဖျော့ဖျော့ဖျော့အခန်းတစ်ခန်းထဲမှာတော့
နေ့ခင်းလို ကြည်လင်ပြတ်သားနေချိန် ရှန်လျန့်နှင့် မိန်ရူလန်တို့ ရပ်နေခဲ့သည်။
ရှန်လျန့်၏ အသံ ထွက်ပေါ်လာပြီး တက်ရောက်သူတိုင်း ကြားနေရသည်။
"မိန်ရူလန် မင်းဒီလိုလုပ်သရွေ့ မင်းကို ဆုချရုံတင်မကဘဲ ဂိုဏ်းအကြီးအကဲတွေက မင်းနောက်မှာ ရှိနေမှာ”
ရှန်လျန့်သည် ဆက်ပြောသည် ။
"မင်းရဲ့အတွင်းခံဘောင်းဘီတွေကို ခိုးယူပြီး အမျိုးသမီးရေချိုးခန်းထဲမှာ ချောင်းကြည့်တယ်ဆိုပြီး ပိုင်ကျီဟန်ကို အပြစ်တင် ၊ တခြားအရာတွေအတွက်တော့ စိတ်ပူစရာမလိုဘူး၊ ငါလုပ်လိုက်မယ်။"
မိန်ရူလန်သည် စိတ်ရှုပ်သွားသော်လည်း လောဘကြီးသော မျက်နှာဖြင့် ပြင်းထန်စွာ ခေါင်းညိတ်သည်။
လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
"ဘာလဲ? စီနီယာအကိုရှန်က ဒီအရာအားလုံးကို ကြိုးကိုင်ခဲ့သူလား”
"ဒါဆို ပိုင်ကျီဟန်က တကယ်ကို လိမ်လည်စွပ်စွဲခံရတာလား။"
"ဒါဆို ပိုင်ကျီဟန်ရဲ့ ခြံဝင်းထဲက သက်သေတွေကရော”
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ စီနီယာအစ်ကိုက ဒီလောက် စက်ဆုပ်ရွံရှာစရာ တစ်ခုခုကို မလုပ်နိုင်ဘူး။"
သူတို့မျက်လုံးတွေသည် ခန်းမထဲတွင် မယုံကြည်မှု၊ ရှုပ်ယှက်ခတ်မှုတွေနဲ့ ပြည့်နေသည်။
အထူးသဖြင့် ရှန်လျန့် ပရိတ်သတ်တွေဖြစ်သည့်မိန်းကလေးတွေပင်
တကယ်တော့ တပည့်အများစု စံနမူနာယူရသည့် ရှန်လျန့်အနေနဲ့ တစ်စုံတစ်ယောက်ကို လိမ်လည်စွပ်စွဲခြင်းသည် သူတို့မတွေးဖူးသည့် အရာတစ်ခုပင်။
ထို့အပြင် ယခင်က သနားစရာကောင်းသည့် နစ်နာသူလို ပြုမူခဲ့သော မိန်ရူလန်ကို စိုက်ကြည့်ရင်း သနားသည့်အကြည့်များမှ ဒေါသအဖြစ်သို့ ပြောင်းလဲသွားသည်။
ယခု သူမသည် လောဘကြီးသော လိမ်ညာသူဖြစ်သည်ကို ဖော်ထုတ်နိုင်ခဲ့သည်။
အကြီးအကဲရှန်း၏ မျက်နှာသည် ဖြူဖျော့သွား၏။
သူနှင့်အတူ ရှန်လျန့်နဲ့မိန်ရူလန်သည် အေးစက်နေပြီး လူတိုင်းရှေ့တွင် စကားပြောဆိုနေကြသည်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားကြသည်။
မိန်ရူလန်သည် ထိတ်လန့်နေပြီး လူတိုင်း၏ စူးစူးရဲရဲ တောက်လောင်နေသည့် အလင်းတန်းများကို ခံစားလိုက်ရသည်။
တစ်စုံတစ်ဦးကို မှားယွင်းစွာစွပ်စွဲခြင်းသည် ကောင်းကင်ဓားဂိုဏ်းတွင် ကြီးလေးသောရာဇ၀တ်မှုဖြစ်ပြီး သူမသည် ပြစ်ဒဏ်မှလွတ်မြောက်နိုင်ခြင်းမရှိပေ။
ဒါပေမယ့် ပိုင်ကျီဟန်က မပြီးသေးချေ။
သူ့လက်ချောင်းတွေကို နောက်တချက်ဆွဲလိုက်တော့ မြင်ကွင်းက ပြောင်းသွားသည်။
ဤတစ်ကြိမ်တွင် တစ်စုံတစ်ယောက်သည် ညအမှောင်တွင် ပိုင်ကျီဟန်ခြံဝင်းအတွင်း ခိုးဝင်နေကာ အခြားတပည့်များထံမှ ခိုးယူသွားသည့်ပုံစံနဲ့ အတွင်းခံများနှင့် အခြား သက်သေများကို ဂရုတစိုက်စိုက်ထားခဲ့သည်။
ဒါကတော့ ရှန်လျန့်၏ လက်ပါးစေ ဖန်ကျင်းယန်ပင်။
အထောက်အထားများသည် ကြည်လင်ပြတ်သားသည်—မည်သူသည် နစ်နာသူဖြစ်ခဲ့သည်။ မည်သူက ချုပ်ကိုင်ထားသည်ကိုဘယ်သူမဆို မြင်နိုင်သည်။
ရှန်လျန့်သည် ဒေါသတကြီးဖြင့် သွားများကို ကိုက်လိုက်သည်။
နောက်ဆုံးပုံမှာတော့ အေးခဲသွားသည်။ တရားခံသည် ပိုင်ကျီဟန်၏ အိပ်ယာအောက်တွင် နောက်ဆုံးအ၀တ်အစားတစ်ခုကို ထည့်ကာ ပြုံးနေသည်။
ခန်းမကြီး တိတ်ဆိတ်သွားသည်။
ရေပြုတ်ကျသံကိုပင် ကြားနိုင်သည်။
ပိုင်ကျီဟန်သည် ပျင်းရိစွာ လှည့်ပတ်ကြည့်ပြီးနောက် ရယ်မောလိုက်သည်။
"ဒါက ခင်ဗျားရဲ့ငြင်းလို့မရနိုင်တဲ့ သက်သေမလား အကြီးအကဲရှန်း”
ပိုင်ကျီဟန်သည် ရယ်မောကာ ပြောလိုက်သည်။
သူသည် သလင်းကျောက်ကို ထျန်းယုဟမ်ထံ ဖြည်းညှင်းစွာ ပစ်လိုက်ရာ အင်္ကျီလက်
ကို လှန်လိုက်ပြီး ဝိညာဉ်ရေးရာအာရုံဖြင့် စစ်ဆေးအတည်ပြုခဲ့သည်။
စစ်မှန်၏ ထင်ယောင်ထင်မှား လုပ်ထားခြင်းမရှိပေ
ဂိုဏ်းခေါင်းဆောင်၏ မျက်နှာသည် သိသိသာသာ မည်းမှောင်သွားသည်။
အကြီးအကဲပိုင်ရမ်သည် မိုးကြိုးပစ်သံကဲ့သို့ အေးစက်စွာ အော်လိုက်သည်။
"ငါ့ပိုင်မျိုးနွယ် အမွေဆက်ခံသူကို ဒီလို စက်ဆုပ်ဖွယ်နည်းလမ်းနဲ့ ကြံစည်ရဲတယ်။ ပါဝင်ပတ်သက်သူ ဘယ်သူမဆို အလွယ်တကူ လွတ်မြောက်နိုင်မယ် မထင်နဲ့”
အကြီးအကဲရှန်း၏ မျက်နှာသည် တွန့်လိမ်နေပြီး နဖူးတွင် သွေးကြောများ ပေါက်လုမတတ်ပင်
သူသည် ပါးစပ်ကိုဖွင့်ကာ တစုံတခုကို လှမ်းပြောရန် အဆင်သင့်ဖြစ်နေသော်ငြား စကားတစ်စုံတစ်ရာ ထွက်မလာချေ။
သူဘာပြောနိုင်မည်နည်း
အထောက်အထားတွေက ရှင်းနေ၏
ရိုးရှင်းသောအလုပ်တစ်ခုကိုပင် မစွမ်းဆောင်နိုင်ဘဲ မွှေနေသော သူ့တူလေးကိုသာ စူးစိုက်ကြည့်နေနိုင်သည်။
ထိုအတောအတွင်း အကြီးအကဲချင်းလန်၏နှုတ်ခမ်းများသည်
ထက်မြက်သော အပြုံးတစ်ခုအဖြစ်သို့ ကွေးညွတ်သွားသည်။
သူမလည်း ဘာမှပြောဖို့ မလိုချေ။
ပိုင်ကျီဟန်သည် သူတို့ကို အမှန်တရားနဲ့ သက်သေပြခဲ့သည်။
ယခုကျန်ရှိခဲ့သည့်အရာအားလုံးသည် ရာဇ၀တ်ကောင်များကို အပြစ်ပေးရန်အတွက်သာ ဖြစ်သည်—၎င်းတို့သည် မည်သူမည်ဝါဖြစ်သည်ကို သံသယဖြစ်စရာ မလိုပေ။