← Chapters

တန်ခိုးအာဏာ  ထွက်ပေါ်လာခြင်း

Vol. 6 Ch. 80

တန်ခိုးအာဏာ  ထွက်ပေါ်လာခြင်း

Vol. 6 Ch. 80

“ ဘုန်း”

ပြစ်ဒဏ်စီရင်ရေးခန်းမ တံခါးတွေသည် ပွင့်ထွက်လာသည်။

လူတိုင်းသည် တစ်ပြိုင်နက် လှည့်ကြည့်ကြသည်။

အကြီးအကဲချင်းလန်သည် စီးဆင်းနေသော ရေကဲ့သို့ သူမ၏ အပြာရောင်အင်္ကျီကို ဝတ်ဆင်ထားပြီး ခြေလှမ်းတိုင်း ခိုင်မာနေသည်။

သူမ၏ နောက်ဘက်မှာတော့ လင်းရွှမ်ပင်

ကျင့်ကြံမှုပိတ်ဆို့ခံထားရသည့် လင်းရွှမ်သည် တာအိုပဲ့တင်သံ ကောင်းကင်အဆင့်ကို ရရှိခဲ့သည်။

သို့ရာတွင် ယခုတော့ သူ့မျက်နှာသည် ပြင်းထန်ပြီး ချင်းလန်ကို ဆွဲခေါ်လာသလိုပင် သူမနောက် ခြေတစ်လှမ်းအနည်းငယ်အကွာတွင် ရှိနေသည်။

လူအုပ်သည် တစ်ပြိုင်နက်လုံး ညည်းညူသံထွက်လာသည်။

ထိုအချိန်တွင် အကြီးအကဲရှန်း၏ မျက်နှာ တင်းမာသွားသည်။

ပိုင်ကျီဟန်ကတော့ အနည်းငယ် ပြုံးလိုက်ပြီး မေးစေ့ကို မြင့်လိုက်သည်။

(မဆိုးဘူးပဲ လင်းရွှမ်)

သူ စိတ်ထဲတွင် တွေးလိုက်သည်။

သူသည် လင်းရွှမ်အား အကူအညီမတောင်းခဲ့သလို မည်သည့်အရာကိုမျှလည်း မမျှဝေခဲ့ပေ။

သို့သော် လင်းရွှမ်သည် ထိုအကြောင်းအရာကို သိသည်နှင့် အကြီးအကဲချင်းလန်အား သွားရောက်ခေါ်ခဲ့သည်။ သူမသည်လည်း ပိုင်ကျီဟန်၏ တောင်ထိပ်သခင်ဖြစ်

သောကြောင့် လျစ်လျူရှုလို့ မဖြစ်ချေ။

အကြီးအကျယ်မဟုတ်သည့်တိုင် ပိုင်ကျီဟန်ကတော့ ချီးကျူးမိသည်။

ဒါက ပိုင်ကျီဟန်ကို အကူအညီရစေပြီး ပိုမိုလွယ်ကူလာစေမည်မှာ သိသာထင်ရှားသည်။

အကြီးအကဲချင်းလန်၏ ကျောက်စိမ်းရောင်

မျက်လုံးများသည် ထက်ထက်မြက်မြက်နဲ့ ခန်းမတစ်ခုလုံးကို တစ်ကြိမ်သာ လှည့်လည်ကြည့်လိုက်ရာ တီးတိုးပြောသံအားလုံး ငြိမ်သွားသည်။

သူမသည် အကြီးအကဲရှန်းအား နှုတ်မဆက်ပေ။

ယင်းအစား အရေးကြီးဆုံး အချက်ကို တိုက်ရိုက် ပြောလိုက်သည်။

“စွပ်စွဲမှုခံရမှုတစ်ခုအတွက် တပည့်တစ်ဦးရဲ့ လက်ကို ဖြတ်ဖို့လား? နောက်ထပ် တစ်နှစ်တိတိ ရောင်ပြန်ဟပ်ဂူမှာ ပိတ်ထားဖို့လား? ထပ်ပြီး နှင်ထုတ်တာပါ လုပ်ဖို့ဆို? အဲဒီအရာတွေကို တစ်ယောက်တည်းဆုံးဖြတ်ခွင့်ရှိတယ်လို့ ကျွန်မတော့ မထင်ပါဘူး။”

သူမအသံသည် တည်ငြိမ်သော်လည်း အာဏာ ပြင်းပြင်း ပါနေသည်။

သူမ၏ တောင်ထိပ် တပည့်တစ်ဦးအား သူမကိုပင်အသိမပေးဘဲ စီရင်လိုက်ခြင်းသည် သူမကို တိုက်ရိုက် စော်ကားကဲ့သို့ ဖြစ်နေသည်။

ထို့အပြင် အကြီးအကဲချင်းလန်သည် သူမတပည့်များကို အလွန်ဂရုစိုက်သူဖြစ်ကြောင်း အားလုံးသိသည့်အပြင် သူမ မသိဘဲ စီရင်လိုက်ခြင်းသည် သူမနဲ့ ထိပ်တိုက်ပြသနာဖြစ်ချင်တာပင်

အကြီးအကဲရှန်း မျက်နှာ မဲမှောင်သွားသည်။

အကြီးအကဲချင်းလန်မသိခင် ၎င်းကို အေးဆေး အဆုံးသတ်လိုက်ချင်ခဲ့သည်။

သူမ ပါဝင်လာသည့်အခါ အရာရာကို အမြဲလွှမ်းမိုးသွားသောကြောင့်ပင်

သို့ရာတွင် ယခုသူမရှိနေသည့်တိုင် နောက်ဆုတ်ဖို့ ရည်ရွယ်ချက်မရှိပေ။ အထူးသဖြင့် တပည့်အများကြီး ရှေ့မှာပင်

“တောင်ထိပ် အကြီးအကဲချင်းလန်၊” ဟု အကြီးအကဲရှန်က အသံပြင်းပြင်းဖြင့် ပြောသည်။ “ ပြစ်ဒဏ်စီရင်ရေး ခန်းမက ကျွန်တော့ စီရင်မှုအောက်မှာပါ။ အကြောင်းအရာ အစုံအလင် မသိဘဲ ဝင်မပါဖို့ မျှော်လင့်ပါတယ်။”

စကားများသည် ရှေ့တွင်ယဉ်ကျေးပေ၏

သို့တိုင် ဆိုလိုရင်းက “ငါ့အလုပ်ကို မထိခိုက်စေနဲ့” ဟူ၍ပင်

အကြီးအကဲချင်းလန်၏ နှုတ်ခမ်း အနည်းငယ် ကွေးသွားသည်။ သို့တိုင် အပြုံးဟု ခံယူနိုင်မည့်အရာ မဟုတ်ပေ။

“အဲဒီအကြောင်းအရာအပြည့်အစုံလို့ မင်းခေါ်နေတဲ့ အရာတွေက အဓိကပေါင်းစည်းခြင်းအဆင့်တပည့်တစ်ဦး အထူးသဖြင့် ပိုင်မျိုးနွယ် အမွေဆက်ခံသူကို အတွင်းခံအနည်းငယ်ကြောင့် လက်ဖြတ်ချင်နေတာကို ပြောတာလား“ သူမက အေးစက်စွာနဲ့ “ မင်းဆုံးဖြတ်ချက်ကို ပြန်လှန်စဉ်းစားဖို့လိုနေပြီ ထင်ပါတယ်။”

အမှန်ဆိုလျှင် တပည့်တစ်ဦးအပြစ်ရှိပါက သင့်တင့်သော အပြစ်ကို ပေးရမည်။ဒါပေမယ့် အကျိုးဆက်ကိုလည်း စဉ်းစားရပေမည်။

အခြားတပည့်တွေသာဆို ကောင်းကင်ဓားဂိုဏ်းအနေနဲ့ လုပ်နိုင်၏ ဒါပေမယ့် ပိုင်ကျီဟန်ဆိုတာ_ ကောင်းကင်ဓားဂိုဏ်း၏ အင်အားအကောင်းဆုံး မျိုးနွယ်၏ အမွေဆက်ခံသူ။

ဂိုဏ်းအတွင်း ဖရိုဖရဲဖြစ်ပြီး ပိုင်မျိုးနွယ်နဲ့ စစ်ပွဲဖြစ်ဖို့ သေချာစေသည်။

ထို့အပြင် ချူမျိုးနွယ်အပါအဝင် ပိုင်မျိုးနွယ်နှင့် မဟာမိတ်မျိုးဆက်ဖြစ်သော ပိုင်ကျီဟန်၏ မိခင်မျိုးနွယ်တို့သည် လည်း အင်အားအကြီးဆုံးမျိုးနွယ်တွင် တစ်ခုအပါဖြစ်ကြသည်။

ညည်းညူသံများ ထပ်မံထွက်ပေါ်လာသည်။ယခုတစ်ကြိမ် ပိုမိုကျယ်လောင်လာသည်။

အပျော်အတွက် ပြစ်ဒဏ်စီရင်ရေးခန်းမသို့ ရောက်လာသူများသည် အကြီးအကဲနှစ်

ယောက် ထိပ်တိုက်တွေ့မည်ဟု မည်သူက မျှော်လင့်ခဲ့မည်နည်း

အကြီးအကဲရှန်းသည် သူ့သွားတွေကို ကြိတ်လိုက်သည်။

သူသည် အကြီးအကဲချင်းလန်အပေါ် မပေါက်ကွဲနိုင်ပေ

အနည်းဆုံးတော့ သူမသည် တိုက်ပွဲတွင် သူ့ကို မတိုက်နိုင်သော်ည်း ယုတ္တိဗေဒဖြင့် အနိုင်ယူနိုင်မည်ဟု ထင်ရသည်။

အကြီးအကဲရှန်း နောက်ပြန်မဆုတ်ခင်တွင်နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာသည်။

"လုံလောက်ပြီ”

ခန်းမတစ်ခုလုံး တင်းမာသွားသည်။

တံခါးဘေးမှ လူနှစ်ယောက် ချက်ချင်းဝင်လာသည်။

ပထမတစ်ယောက်သည် ရိုးရှင်းသော အဖြူရောင်ဝတ်ရုံကို ၀တ်ဆင်ထားပြီး တည်ငြိမ်သော်လည်း ဖိနှိပ်ချုပ်ချယ်သော တည်ရှိမှုကို သယ်ဆောင်သည့် ကောင်းကင်ဓားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ကိုယ်တိုင်ပင် ဖြစ်သည်။

ပြီးတော့ သူ့ဘေးတွင် လိုက်လာသည့် ခြေလှမ်းတစ်ခု

ငွေဖြူရောင် ၀တ်စုံဝတ်ထားသော အဘိုးအိုတစ်ဦးသည် စူးရှထက်မြက်သော မျက်လုံးများနဲ့ ခန်းမတစ်ခုလုံးကို ဓားအိမ်မှ လွတ်လာသည့်ဓားလို စိုက်ကြည့်နေသည်။

မဟာအကြီးအကဲပိုင်ရန်

ပိုင်မျိုးနွယ် မဟာ အကြီးအကဲသည် တက်ကြွဆဲဖြစ်သည်။

အခြား မဟာအကြီးအကဲများသည် နှစ်ပေါင်းများစွာကြာအောင် တံခါးပိတ် ကျင့်ကြံနေခဲ့ကြသည်။

သို့တိုင် ထိုမဟာအကြီးအကဲတစ်ယောက်ကတော့ ကိစ္စတွေကို ကြီးကြပ်ဖို့ အပြင်မှာ အမြဲရှိနေခဲ့သည်။ သူကတော့ ပိုင်ရန်ပင်

အကြီးအကဲအချို့သည် ပိုင်ကျီဟန်အား အမွေဆက်ခံသူ ရာထူးမှ နုတ်ထွက်စေလိုတုန်းက ထိုကိစ္စကို ကြီးကြပ်ခဲ့သူဖြစ်သည်။

နှစ်ယောက်သား ဘေးချင်းကပ်ရပ်နေ၏

ပိုင်ရန်ကို ရှင်းရှင်းလင်းလင်း အကြောင်းကြားခဲ့သည်။

အခုတော့ သူကိုယ်တိုင် ရောက်လာချေသည်။

ပိုင်ကျီဟန်အနေနဲ့ ဂိုဏ်း၏ အကြီးအကဲအချို့ ဆီမှ အစီအစဉ်နဲ့ ချောက်ချသည်ကို ခံနေပြီး အကူအညီလိုအပ်နေသည်ဟု မျိုးနွယ်စုအား တောင်းဆိုခဲ့သည်။

အားလုံးကို အသေးစိတ် အသိပေးခဲ့သည့် ဖန်ကျင်းယန်ဆီမှသိရသည့် သက်သေများနှင့် 'အစမ်း' ဟုခေါ်သည့် ရက်စွဲကို သူသိခဲ့ရသည်။

ပိုင်ကျီဟန် ချီးမြှင့်တာခံရပြီးနောက် ဖန်ကျင်းယန်သည်လည်း ခုန်ကျန်းဟုန်လိုပင် သူ့ ဖင်ကို နမ်းဖို့ ကြိုးစားနေတာ ဖြစ်နိုင်သည်။

ပိုင်ကျီဟန်အနေနဲ့ အကြီးအကဲပိုင်ရန်အား ပို့ဖို့ မမျှော်လင့်ထားသည့်တိုင် ဒါက ပိုတောင်ကောင်းသေးသည်။

အကြီးအကဲပိုင်ရန်သည် ကောင်းကင်ဓားဂိုဏ်း၏ ခေါင်းဆောင်ထက် ပိုသန်မာပြီး သူ့ကို တားဆီးနိုင်သည့် တစ်ခုတည်းသော သူများသည် ဘိုးဘေးများသာ ဖြစ်ကြပေမည်။

ထိုသို့ အားကောင်းသော ကျောထောက်နောက်ခံကြောင့် ပိုင်ကျီဟန်သည် မည်သူကိုမှ ကြောက်စရာအကြောင်းမရှိပေ။

အကြီးအကဲရှန်း၏ မျက်လုံးများသည် အနည်းငယ် ကျုံ့သွားကြသည်။

အကြီးအကဲ ချင်းလန်... ပြီးတော့ အခုဂိုဏ်းခေါင်းဆောင်တောင်လား။

ပိုင်ရန်က ဘယ်သူလဲ၊ ဘယ်လောက် သန်မာတယ်ဆိုတာ သေချာမသိသည့်တိုင် ဂိုဏ်းခေါင်းဆောင်နဲ့ ဘေးချင်းကပ်နေနိုင်လျှင် ထိုလူသည် ရိုးရိုးရှင်းရှင်းမဟုတ်ဘူးဆိုတာ သိသာသည်။

ထျန်းယုဟမ်၏ တည်ငြိမ်သော အကြည့်များသည် ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ အကြီးအကဲ ချင်းလန်နဲ့ အကြီးအကဲရှန်းပင်လျှင် ခေါင်းကို အနည်းငယ်ငုံ့ကာ နှုတ်ဆက်သည်။

“ငါတို့ဂိုဏ်းရဲ့ အကြီးအကဲ နှစ်ယောက်” ဂိုဏ်းခေါင်းဆောင်သည် တည်ငြိမ်သော်လည်း မာန်ပါပါနဲ့ “ တပည့်တွေရှေ့မှာ လမ်းဘေးဈေးသည်တွေလို ငြင်းခုံနေကြတာပဲ၊ ဘယ်လောက် မသင့်တော်လိုက်လဲ”

မည်သည့်အကြီးအကဲမျှ ပြန်မဖြေပေ

ထျန်းယုဟမ်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး ပိုင်ကျီဟန်ဆီ ခေတ္တကြည့်ကာ အခြေအနေကို တွေးတောရင်း မျက်ခုံးတွေ တွန့်သွားသည်။

တစ်ချိန်တည်းမှာပင် ပိုင်ရမ်သည် ရှေ့ကို ခြေတစ်လှမ်း တိုးပြီး သူ့အသံ အေးစက်စက်နှင့် ပြတ်တောက်သွားသည်

"ငါ့ပိုင်မျိုးနွယ်ရဲ့ တိုက်ရိုက် အမွေဆက်ခံသူကို စွပ်စွဲမှုတွေ အတင်းအဖျင်းတွေကြောင့် လက်ဖြတ်သင့်တယ်လို့ ယုံကြည်ရင် သူတို့က အခုပဲ ရှေ့ကို လှမ်းလာပြီး ရှင်းပြလို့ရတယ်။"

ပြင်းထန်သော တိတ်ဆိတ်မှုတစ်ခု။

"သူတို့ မတတ်နိုင်ရင်.."

ပိုင်ရမ် အသံသည် ဓားသွားကဲ့သို့ ထက်မြက်လာသည်။

" ဒီနေ့ ပိုင်မျိုးနွယ်ကို နှိုးဆွတဲ့ ကုန်ကျစရိတ် အစစ်အမှန်ကို ပြစ်ဒဏ်

စီရင်ရေး ခန်းမကို သိအောင် ပြရမယ်။"

All Chapters