← Chapters

အိပ်ယာအောက်က အလိမ်အညာ

Vol. 6 Ch. 79

အိပ်ယာအောက်က အလိမ်အညာ

Vol. 6 Ch. 79

“ပိုင်ကျီဟန်၊ ပြစ်ဒဏ်စီရင်ရေးခန်းမမှာ တစ်ယောက်ယောက်ကို ခြိမ်းခြောက်နိုင်မယ်ထင်နေလား”

အကြီးအကဲရှန်းသည် ဒေါသနဲ့ မေးလိုက်သည်။

“ထင်တယ်လေ”

ပိုင်ကျီဟန်သည် သာမန်လိုပဲ ဖြေလိုက်သည်။

“မ_မင်း”

အကြီးအကဲရှန်ပင် မျက်နှာပြောင်တိုက်သော ပိုင်ကျီဟန်ရှေ့တွင် ဒေါသမထိန်းနိုင်တော့ချေ။

“မင်း ပြစ်မှုစာရင်းကို ထပ်ပေါင်းထည့်နေ သလို ဖြစ်နေပြီ။ ပြစ်ဒဏ်စီရင်ရေးခန်းမမှာတောင် တပည့်တွေကို ခြိမ်းခြောက်ရဲတယ်

”

အကြီးအကဲရှန်းသည် အေးစက်စွာပြောလေ၏

“ကြိုက်သလိုလုပ်။”

ပိုင်ကျီဟန်သည် စိတ်ထဲမရှိသလို ပြန်ဖြေပစ်၏

“စစ်ဆေးမှုကို ဆက်လုပ်မယ်။ ပိုင်ကျီဟန်၊ မင်းကို စွပ်စွဲထားသမျှ ကြားပြီးပြီမလား ။ ဝန်ခံဖို့ ဆန္ဒရှိလား?”

အကြီးအကဲရှန်းသည် မေးခွန်းထုတ်ချေသည်။

ပိုင်ကျီဟန်သည် အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ သူ့ကို စိုက်ပြီးကြည့်လိုက်သည်။

“ဝန်ခံရဖို့လား”

သူသည် ခြောက်ကပ်ပြီး လှောင်ပြောင်သလို ရယ်လိုက်လေ၏

“ဘာကို ဝန်ခံရရမှာလဲ? အစီအစဉ်ချထားပြီး စွပ်စွဲခံရတဲ့ ပြစ်မှူကိုလား?”

အခန်းထဲမှ ပရိတ်သတ် အားလုံးဆီသို့ ငြိမ်သက်သော မျက်လုံးနဲ့ကြည့်ကာ အေးဆေး ပြန်ပြောလိုက်သည်။

“ ငါရဲ့ အိမ်ဝိုင်းကနေ မထွက်တာ နှစ်ရက်တောင် ရှိပြီ။ သိချင်ရင် သစ်ပင်တွေကို မေးလိုက်၊ ငှက်တွေကို မေးလိုက်။ တအားသိချင်ရင် လက်ဖက်ရည်အိုးကိုပါ မေးလိုက်”

သူသည် အကြီးအကဲရှန်းဆီ ပြန်ကြည့်လိုက်သည်။

“ဒါက အစီအစဉ်ဆွဲထားတဲ့ အကြံပဲ”

“အိုး”

အကြီးအကဲရှန်းသည် မျက်ခုံး တဖက်ပင့်လိုက်၏

“ဒါကို ထောက်ပြနိုင်မဲ့ သက်သေ မင်းမှာ ရှိသလား?”

ပိုင်ကျီဟန်သည် လက်ကို ပေါ့ပေါ့ပါးပါး လှုပ်လိုက်သည်။

“ခင်ဗျားရော ထောက်ပြနိုင်သလား?”

အခန်းတစ်ခုလုံး ကြက်သေ သေသွားသည်။

တစ်ကြိမ်ပြီး တစ်ကြိမ် ပိုင်ကျီဟန်သည် အကြီးအကဲရှန်းကို အတိအကျ ပြန်နှိုးဆော်

နေသည်။ ပိုင်ကျီဟန် အကြောင်းသိသည့် ပိုင်ရွှယ်ချင်းအဖို့တော့ ၎င်းသည် သူ့ပုံမှန် သဘောသဘာဝပဲဟု ထင်နေသည်။

ထိရောက်သော သက်သေ မပေါ်လာမချင်း သူ့ကို တစ်ယောက်မှ ဘာမှ မလုပ်နိုင်ပေ

အဖွဲ့ထဲမှ အကြီးအကဲတွေသည်လည်း မကြာသေးခင်ကပင် သူ့ကို စွပ်စွဲဖို့ အခက် ကြုံခဲ့ကြရသည်။

ထို့ကြောင့် ပိုင်ရွှယ်ချင်းသည် ပိုင်ကျီဟန်အား လိမ်ညာသည့် အရှက်မရှိသူဟု မြင်ပြီး အရူးတစ်ယောက်လို ကြည့်နေခဲ့သည်။

သူလိမ်နေမှန်း သိတောင် ခံရသူကိုပင် အမှားလုပ်နေသကဲ့သို့ ပြောပြနိုင်သူပင်။

သူသည် ထိုစည်းမျဉ်းစည်းကမ်းများကို နားလည်ပြီး ဂရုတစိုက် အသုံးချတတ်သူဖြစ်သည်။

“ အကြီးအကဲရှန် တရားခံရဲ့ ထွက်ဆိုချက်အပြင် ပိုင်ကျီဟန်က တရားခံအစစ်အမှန်ဆိုတာကို သက်သေပြနိုင်တဲ့ တခြားအထောက်အထားရှိလား”

စီစဉ်ထားသည့် ဇာတ်ညွှန်းလိုပဲ အကြီးအကဲရှန်းသည် မေးသည်။

အကြီးအကဲရှန်က ခေါင်းညိတ်ပြီး ပြန်ဖြေလေ၏

"ကျွန်တော်က ပိုင်ကျီဟန်ရဲ့ ခြံဝင်းကို ရှာဖို့ တပည့်တချို့ကို နောက်မှာ ထားခဲ့ပါတယ်။"

သူ့နောက်ကျောကို တဖြောင့်တည်း ရပ်လိုက်သည်။

"ဒါအားလုံးကို သလင်းကျောက် မှတ်ဉာဏ် ကြေးမုံသုံးပြီး မှတ်တမ်းတင်ထားပါတယ်။"

ပြောပြီးသည်နှင့် တပြိုင်နက် အတွင်း တပည့်တစ်ဦးသည် ဝိညာဉ်ရေးရာအလင်းရောင်ဖြင့် တောက်ပနေသော ချောမွေ့သည့် အဝိုင်းကို ကိုင်ဆောင်ကာ ရှေ့သို့ တိုးလာသည်။

သလင်းကျောက် မှတ်ဉာဏ် ကြေးမုံ - ဂိုဏ်းမှ အဖြစ်အပျက်များကို အချိန်နှင့်တစ်ပြေးညီ မှတ်တမ်းတင်ရန်နှင့် သုံးဖက်မြင်ပုံစံဖြင့် စစ်ဆေးရန် ဂိုဏ်းမှအသုံးပြုသည့် ရှားပါးပစ္စည်း။

အထောက်အထား ခိုင်လုံရန် လိုအပ်သည့် ဤကဲ့သို့သော အရေးကြီး စစ်ဆေးမှုများအတွက် ၎င်းကို မကြာခဏ အသုံးပြုလေ့ရှိသည်။

ရိုးရှင်းသော ဂါထာကို တပည့်က ရွတ်ဆိုလိုက်ရုံနဲ့ အသက်ဝင်သွားသည်။

တံလျှပ်ကဲ့သို့ တောက်ပသော အလင်းရောင်သည် ခန်းမအထက်တွင် ပေါ်လာသည်။

မှတ်တမ်းတင်ခြင်းစတင်ခဲ့သည်။

လူတိုင်းက စေ့စေ့ကြည့်နေ၏

ပိုင်ကျီဟန် အဖမ်းခံရပြီးနောက် တပည့်များသည် သူ့ခြံဝင်းအတွင်းသို့ ဝင်ရောက်လာမှုကို ပြသထားသည်။

သူတို့ကိုယ်ပိုင် အထောက်အထား မပြနိုင်တာကြောင့် ထိုနေရာကနေ စတင်ခဲ့တာပင်

သူတို့၏ လှုပ်ရှားမှုများသည် သတိထားသော်လည်း နည်းစနစ်ကျစွာ မြေပြင်ကို ဖောက်ထွင်းပြီး အခန်းများကို ရှာဖွေကြသည်။

သူတို့သည် မလိုအပ်သော အရာများကို မထိဘဲ ကုတင်များကိုပင် မြှောက်ကာ ဗီရိုများကို ဖွင့်လိုက်ကြသည်

ထို့နောက်

ပုံသည် ပိုင်ကျီဟန်၏ အိပ်ရာအောက်တွင် ချဲ့ထားသည်။

မှောင်မိုက်သောထောင့်နေရာတွင် အလှဆင်ထားသော သေတ္တာလေးတစ်ခုရှိသည်။

မှတ်တမ်းယူထားသည့် တပည့်တစ်ဦးမှ ၎င်းကို ဆွဲထုတ်ကာ ဖွင့်လိုက်သည်။

ပြီးတော့ ခန်းမကြီး ပေါက်ကွဲသွားချေသည်။

သေတ္တာအတွင်းတွင် ရောင်စုံ အတွင်းခံများရှိနေ၏ အချို့သည် ၎င်းတို့၏ပိုင်ရှင်အမည်များကိုပင် ရေးထိုးထားသည်။

ထောင့်ထိပ်မှာတော့ မိန်ရူလန်ဟူသောနာမည်နဲ့ ခရမ်းရောင် အစိတ်အပိုင်းတစ်ခုသည် မလေ့ကျင့်ထားသော မျက်လုံးကိုပင် အမှာမဖြစ်စေနိုင်ပေ။

အချို့သော တပည့်များသည် မောဟိုက်ကုန်ကြသည်။ အခြားသူများကတော့ ရှုံ့မဲ့ကုန်၏

ပိုင်ရွှယ်ချင်းမျက်နှာသည် အိုးအောက်ခြေကဲ့သို့ မည်းမှောင်သွားသော်လည်း ချူကျီယန် အမူအရာမှာ အပြောင်းအလဲများစွာမရှိပေ။

ငြင်းလို့မရနိုင်သော သက်သေအထောက်အထားများ ဖမ်းမိထားသည့်တိုင် ထူးထူးခြားခြား ငြိမ်သက်နေသော ပိုင်ကျီဟန်ကို သူမကြည့်နေခဲ့သည်။

ရှန်လျန့်သည် ခေါင်းငုံ့ကာ လျှို့ဝှက်အောင်ပွဲခံရင်း ပြုံးလိုက်သည်။

အကြီးအကဲရှန်း၏ နှုတ်ခမ်းများသည် လှောင်ပြောင်နေပြီး နောက်သို့မှီချလိုက်သည်။

"ကောင်းပြီ ပိုင်ကျီဟန်" ဒေါသတကြီး အသံနဲ့ "မင်း အခု ဘာပြောမလဲ?"

အားလုံး မျက်လုံးတွေသည် ပိုင်ကျီဟန်ကို လှည့်ကြည့်လိုက်သည်။

တစ်ချို့က ရင်ခုန်နေကြ၏။

အချို့က ရွံ့ရှာနေခဲ့ကြသည်။

အချို့—အနည်းကသာ ထင်ထားသည့်အတိုင်းဟုတ်မဟုတ် မသေချာမရေရာ ဖြစ်နေကြသည်။

သို့တိုင် ပိုင်ကျီဟန်ကတော့ နည်းနည်းလေးမှ တုန်လှုပ်သွားပုံမပေါ်ပေ။

သူသည် သုံးဘက်မြင်ပုံကို မော့ကြည့်လိုက်သည်။

ပြီးတော့ သူက ပြုံးပြလိုက်သည်။

နှေးကွေးကာ ပျင်းရိပြီး နတ်ဆိုးကဲ့သို့ ပြုံးလိုက်သည်။

"ကျွန်တော်က ဘာပြောစရာရှိမလဲ?"

သူသည် မေးခွန်းထုတ်ခံရသူ မဟုတ်သကဲ့သို့ ပေါ့ပေါ့ပါးပါး အသံဖြင့် ထပ်တလဲလဲ ပြောနေသည် ။

ပိုင်ကျီဟန်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ကာ သူ့ကို ပိတ်ဆို့ရန် ကြိုးစားနေသည့် အစောင့်များကို လုံးဝ လျစ်လျူရှုလိုက်သည်။

"ဟမ်၊ မင်းမှာ ပြောစရာမရှိရင် မင်းရဲ့ရာဇ၀တ်မှုတွေအရ ငါတို့က မင်းရဲ့ပြစ်ဒဏ်ကို ဆက်လုပ်မှာ”

အကြီးအကဲရှန်းအသံသည် ဖြောင့်မတ်ပြီး အေးစက်သည့်ပုံစံဖြင့် ပြစ်ဒဏ်ခန်းမတစ်

ခွင် ပဲ့တင်ထပ်သွားစေခဲ့သည်။

"ပထမဆုံး အမျိုးသမီးတပည့်​​တွေရဲ့ ကိုယ်​ပိုင်​ပစ္စည်း​တွေကို ခိုးယူတဲ့အတွက်​ ​ဆေး​ကြောသန့်စင်ဖို့ ညာဘက်​လက်​ကို ဖြတ်​ရမယ်​။"

လူအုပ်ထဲတွင် အော်ဟစ်သံများ ထွက်ပေါ်လာသည်။

ကျင့်ကြံသူ၏လက်ကို ဖြတ်လိုက်ခြင်းသည် သူတို့၏ဘဝတစ်ဝက်ကို နစ်နာစေသည် ။

အလွန်အကျွံ လုပ်နေတာပင်။ သို့တိုင် ပိုင်ကျီဟန်ကို မကြိုက်သူများတော့ ၎င်းကို သဘောတူကြသည်။

အလွန်အကျွံ့ဆိုသော်လည်း ပိုင်ကျီဟန်ကဲ့သို့ မာနကြီးပြီး အရှက်မရှိသူသည် ၎င်းနှင့်ထိုက်တန်သည်ဟု အခြားသူများက ထင်ကြသည်။

"ဒုတိယအနေနဲ့” အကြီးအကဲရှန်းသည် တိတ်ဆိတ်ငြိမ်သက်စွာ လက်ကိုမြှောက်ပြီး "ပြစ်ဒဏ်စီရင်ရေးခန်းမမှာ မိန်ရူလန်ကို ခြိမ်းခြောက်တဲ့အတွက် ဂိုဏ်းရဲ့ ရောင်ပြန်ဟပ်ဂူမှာ တစ်ယောက်တည်း နေပြီး ထောင်ဒဏ်တစ်နှစ် ကျခံရမယ်”

သူ့အသံသည် နောက်ဆုံးတော့ လေးလံနေ၏။

ပိုင်ကျီဟန်ကို လက်ချိုးရုံတင်မကဘဲ ထောင်ပါချလိုက်တာလား။

ဒါက တကယ်ကို လွန်လွန်းပေသည်။

"ပြီးတော့ တတိယအနေနဲ့က …ပြစ်ဒဏ်ပြီးတဲ့အထိ မရိုမသေလုပ်တာ ဒါမှမဟုတ် အကျင့်ပျက်တာမျိုး ဆက်လက်လုပ်နေရင် သနားညှာတာမှုမရှိဘဲ ကောင်းကင်ဓားဂိုဏ်းကနေ နှင်ထုတ်ခံရမယ်”

ခန်းမကြီးသည် တုန်လှုပ်ချောက်ချားပြီး မယုံကြည်နိုင်ဖြစ်ကုန်ကာ တပည့်များသည် ငြိမ်သက်နေသော ရေထဲသို့ ပစ်ချခံရသော ကျောက်တုံးကဲ့သို့ပင်

ဒါတောင် အားလုံးအလယ်မှာ ပိုင်ကျီဟန်သည် ရပ်နေ၏

ကြောက်ရွံ့ခြင်း သို့မဟုတ် ထိတ်လန့်ခြင်းအရိပ်အယောင်မျှမရှိဘဲ အကြီးအကဲရှန်းကို ပြုံးပြနေသည်။

ပိုင်ကျီဟန်ပုံစံအရ သူ့ မျိုးနွယ်၏ လွှမ်းမိုးမှုကို ယုံကြည်မှုရှိတာလား ဒါမှမဟုတ် မာနကြီးတာလားတော့ မသိချေ။

ထိုလျစ်လျူရှုမှုသည် အချို့ကို ဒေါသဖြစ်စေပြီး အချို့ကို ကြောက်ရွံ့စေသည်။

ဒါပေမယ့် ပိုင်ရွှယ်ချင်းကတော့

မျက်နှာ မဲမှောင်နေသည်။

သူမသည် ပိုင်ကျီဟန်ကို ဂရုစိုက်သောကြောင့် မဟုတ်ပေ။

သူမှာ အပြစ်ရှိလျှင် သေချာစွာ အပြစ်ပေးခံရမည်။

ပိုင်မျိုးနွယ်အနေနဲ့ အမှိုက်ကို ဖုံးထားပေးမည် မဟုတ်ပေ။

ဒါပေမယ့် ဒါက...?

ထိုပြစ်ဒဏ်သည် အတော်ကြီးလွန်း၏။

ပိုင်ကျီဟန်လက်ကို ဖြတ်လိုက်ဖို့လား?

ပိုင်မျိုးနွယ်၏ အမွေဆက်ခံသူ မဟုတ်လား

တိုက်ရိုက် ဆင်းသက်သူပင်။

အကြီးအကဲရှန်း စိတ်လွတ်သွားတာလား။

ပိုင်ကျီဟန်အနေနဲ့ အပြစ်ရှိလျှင်တောင် ပိုင်မျိုးနွယ်၏ အမွေဆက်ခံသူကို ၎င်းကဲ့သို့ ဆက်ဆံခြင်းသည် ပိုင်မျိုးနွယ်၏မျက်နှာကို ပါးရိုက်လိုက်သလိုပင်။

အကြီးအကဲရှန်း၏ ပြစ်ဒဏ်အတိုင်းသာဆို ပိုင်မျိုးနွယ်နှင့် စစ်ပွဲကို ရှောင်နိုင်မည်မဟုတ်ပေ။

“ အကြီးအကဲရှန်း ၊ ဒါက သိပ်များလွန်းတာ မဟုတ်ဘူးလား”

နောက်ဆုံးတော့ ပိုင်ရွှယ်ချင်းသည် ဝင်ပြောလိုက်သည် ။ သူမ မကူညီဘဲ မနေနိုင်ခဲ့ပေ။ ပိုင်ကျီဟန်သည် သူမ၏မောင် ဖြစ်ပြီး ၎င်း၏အနာဂတ်သည် စိန်ခေါ်မှုနဲ့ ပြည့်နေသည်။

"တပည့် ပိုင်ရွှယ်ချင်း၊ မင်းကို ဂိုဏ်းက လေးစားပြီး အထင်ကြီးနေပေမယ့် မင်းရဲ့မောင်ကို သူ့ရာဇ၀တ်မှုကနေ ကာကွယ်နိုင်မယ်လို့ မဆိုလိုဘူး။"

အကြီးအကဲရှန်းသည် တင်းမာစွာပြောသည်။

"ဒါပေမယ့် ဒါက အရမ်းများလွန်းတယ်လေ။ သူ့ကို ဂိုဏ်းကနေ နှင်ထုတ်လိုက်ရင်ပဲ လုံလောက်ပါတယ်။"

ပိုင်ရွှယ်ချင်းသည် ဒေါသတကြီး ပြောလိုက်သည်။

ပိုင်ကျီဟန်သာ ထိုပြစ်မှုကို တကယ်ကျူးလွန်ခဲ့မည်ဆိုပါက လက်ဖြတ်ခံရတာထက် မာနကြီးသည့် သခင်လေးအဖြစ် မျိုးနွယ်ကို ပြန်သွားတာက ပိုကောင်းမည်ဟု သူမ တွေးခဲ့သည်။

"ငါ့ စကားက အတည်ပဲ။ ဒီရာဇ၀တ်မှုတွေကို ကျူးလွန်သူတိုင်းက ဂုဏ်သိက္ခာရှိတဲ့ ဘယ်မျိုးနွယ်စုက ဆင်းသက်လာပါစေ၊ တူညီတဲ့ ပြစ်ဒဏ်ကို ခံရမှာပဲ”

အကြီးအကဲရှန်းသည် ဖြောင့်မတ်ပြီး ဘက်မလိုက်သလို ကြေငြာခဲ့သည်။

၎င်းသည် အားနည်းသော နောက်ခံရှိသူများအား သဘောကျစေခဲ့ပြီး အကြီးအကဲရှန်းက အကာအကွယ်ပေးမည်ဟု ယူဆခဲ့ကြသည်။

ပိုင်ရွှယ်ချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။

အကြီးအကဲရှန်းသည် လုံးဝအလျှော့မပေးချင်တာကြောင့် သူမစိတ်ထဲ တုန်လှုပ်သွားပုံရသည်။

ထိုအချိန်တွင် ရှန်လျန့်သည် ရှေ့သို့ လှမ်းရန် အကောင်းဆုံးအချိန်ဟု တွေးထင်ခဲ့သည်။

"ဂျူနီယာညီမ"

ရှန်လျန့်သည် ပိုင်ရွှယ်ချင်းကို အသံတိုးတိုးလေးနဲ့ ပြောသည် ။

"ငါ့ဦးလေးဆီက သနားညှာတာမှုကို ငါကူညီပေးရင် ဖြစ်နိုင်လောက်တယ်။"

ပိုင်ရွှယ်ချင်းသည် မျက်ခုံးပင့်လိုက်သည်။

အကြီးအကဲရှန်းသည် သူမစကားကို နားမထောင်သော်လည်း သူတူဖြစ်သူ၏ စကားကို နားထောင်နိုင်သည်။

"ဒါပေမယ့်" ရှန်လျန့်သည် မျက်လုံးမှိတ်တုတ်မှိတ်တုတ်နဲ့ ပြောသည်။

"ပိုင်ကျီဟန်ကို ပိုင်မျိုးနွယ်မှာ လုပ်ခဲ့တာအတွက် ပြန်တောင်းပန်စေချင်ပါတယ်"

သူသည် ပိုင်ရွှယ်ချင်းကို မျက်နှာသာရရန် စီစဉ်နေပြီး သူခံစားခဲ့ရသည့်အရာအတွက် လက်စားချေဖို့ပါ စီစဉ်နေသည်။

ပိုင်ရွှယ်ချင်းသည် ခဏလောက်စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။

ပိုင်ကျီဟန် တောင်းပန်လိုက်ခြင်းသည် သူ့အနာဂတ်ကို ဆုံးရှုံးရသည်ထက် ပိုကောင်းမည်ဟု သူမထင်ခဲ့သည်။

ထို့အပြင် အစေခံများ ပြောစကားကြောင့်သာ မဟုတ်ပါက ပိုင်ကျီဟန်သည် ရှန်လျန့်ကို စိတ်ရှုပ်အောင်လုပ်ထားမှန်း သူမ သိသည်။

ထိုအချိန်တွင် ပိုင်ကျီဟန်သည် နေရာတွင် ရပ်နေခဲ့သည်။

နောက်ဆုံးတွင် သူသည် သူ၏နှုတ်ခမ်းကိုဟလိုက်ပြီး အသံသည် ပျင်းရိပြီး လှောင်ပြောင် အထင်အမြင်သေးနေသည့်ပုံပင်။

"ငါ့လက်​ကိုဖြတ်​ဖို့လား?"

သူကြားနေရသည့် အရူးစကားကို မယုံနိုင်သလို ရယ်မောလိုက်သည်။

"ဒါက ငါ့ရဲ့ ပြစ်မှုလို့ ခေါ်တဲ့အရာရဲ့ ပြစ်ဒဏ်လား။"

ပိုင်ကျီဟန်က မေးလိုက်သည်။

အကြီးအကဲရှန်းနှင့် အခြားသူတို့သည် နောက်ဆုံးတွင် ရင်ဆိုင်ရမည့်ပြစ်ဒဏ်ကြောင့် ပိုင်ကျီဟန် ထိတ်လန့်ပြီး အသိစိတ်ဝင်လာသည်ဟု ထင်ကြသည်။

"ဟုတ်တယ်”

အကြီးအကဲရှန်းက ကြေငြာခဲ့သည်။

"တကယ်လား?"

ပိုင်ကျီဟန်က ဆက်မလုပ်ခင် ခဏလောက် ရပ်လိုက်သည်။

"ဒါဆို တစ်ယောက်ယောက်က အားလုံးကို ကြိုးကိုင်ပြီး ကျွန်တော်ကို စွပ်စွဲရင်ရော ဘယ်လိုလုပ်မလဲ၊ သူတို့အတွက် ပြစ်ဒဏ်က အတူတူပဲလား။"

ပိုင်ကျီဟန် အသံသည် တည်ငြိမ်ပြီး ပြတ်သားစွာ မေးလိုက်သည်။

"ဟုတ်တယ်၊ ဒီလိုရာဇ၀တ်မှုကျူးလွန်တဲ့ သူတွေကို သနားညှာတာမှု မရှိဘူး၊ ပြီးတော့ တခြားသူတွေကို စွပ်စွဲတဲ့သူတွေကိုလည်း အလားတူ ပြစ်ဒဏ်ပေးသင့်တယ်။"

အကြီးအကဲရှန်းသည် တင်းမာစွာပြောသည်။

"ကောင်းပြီ၊ ဒီစကားတွေကို မင်းမှတ်မိမယ်လို့ မျှော်လင့်ပါတယ်။"

All Chapters