ငါ့ကိုစွပ်စွဲရဲတာလား
Vol. 6 Ch. 78
“ဒီတစ်ခါတော့ ဘယ်လို ပြသနာထပ်ရှာ ထားပြန်တာလဲ?”
ပိုင်ရွှယ်ချင်းသည် မေးခွန်းထုတ်ချေသည်။
သူမ တစ်ဦးတည်းသာ ရှိနေတာ မဟုတ်ဘဲ ချူကျီယန်သည်လည်း ပြစ်ဒဏ်စီရင်ရေးခန်းမအတွင်း ရပ်နေ၏။
(ရှန်လျန့်က သူ့ကို ငါ့အမအရှေ့မှာ အရှက်ခွဲခဲ့သလို ငါ့ကို အရှက်ခွဲချင်နေပုံပဲ။ ပြီးတော့ ချူကျီယန်ရောပဲ ။ ငါ့လက်ထပ်ပွဲကိုပါ ဖချင်တဲ့သဘော)
ပိုင်ကျီဟန်သည် ခေါင်းညိမ့်ပြီး ရှန်လျန့်ကို သနားနေမိသည်။
ရှင်လျန့်သည် တစ်ဖတ်သတ်ချစ်ရသူ သူ့အမရှေ့တွင် သူ့အားအရှက်ခွဲဖို့ ကြိုးစားခဲ့ပြီး ကြည့်ရှုဖို့ လူအများကိုပင် ခေါ်ဆောင်ထားသေးသည်။
“ပြသနာလားအစ်မ၊ ငါစွပ်စွဲခံရတာကိုမမြင်တာလား။ ငါ့အထင် ပြသနာဖန်တီးတဲ့ကောင်က တစ်ယောက်ထဲပဲဆိုတာ သေချာတယ်။”
ပိုင်ကျီဟန်သည် ရှင်လျန့်ကို စိုက်ကြည့်ရင်းပြောသည်။
“ပိုင်ကျီဟန်… မင်းအဲဒီလို အဓိပ္ပါယ်မရှိတဲ့ စကား မပြောနဲ့။ ငါဘာလို့ အဲဒီလို စွပ်စွဲမှုမျိုး လုပ်မလဲ?”
ရှန်လျန့်က ပြန်ပြောသည်။
“ဟဟ ! မင်းဘာလုပ်လဲ မင်းကိုယ်တိုင် သိပါတယ်။ မင်း ဘယ်တော့မှ အဲ့တာကို လက်ခံမှာ မဟုတ်ဘူး”
ပိုင်ကျီဟန်သည် ပြုံးလိုက်သည်။
“မင်း…ဟင်း..ငါ့အသက်ရှုသံကို အရှက်မရှိတဲ့လူဆီမှာ မဖြုန်းတီးဘူး”
ထိုနောက် ရှင်လျန့်သည် စိတ်တိုတိုနဲ့ နောက်လှည့်သွားသည်။
( အရူးကောင် မင်း သေချာ အကောင်အထည်မဖော်နိုင်ပဲ မကြိုးစားသင့်ဘူး။ မင်းကို အရူးလို့ ဘယ်သူမှ မပြောတာက အတော်ဆိုးဆိုးပဲ)
“မင်းလည်း ဒီနေရာကို လာခဲ့တာလား?”
ပိုင်ကျီဟန်သည် ချုကျီယန်ကို ရည်ရွယ်ပြီးပြောလေ၏
“ငါ့စေ့စပ်ထားသူက အခြားမိန်းမတွေရဲ့ အတွင်းခံ ခိုးနေတယ်လို့ ကြားလိုက်ရတယ်။ ဒါကြောင့် ငါ မလာမဖြစ်လာခဲ့ရတာပဲ။”
ချူကျီယန်သည် စိတ်မဆိုးဘဲ အပျော်သဘောနဲ့ ပြောလိုက်လေ၏
ဒါက ပိုင်ကျီဟန် မျှော်လင့်ထားသလို မဟုတ်ပေ
သူတို့ စေ့စပ်ခြင်းသည် လိုအပ်ချက်တစ်ခုကြောင့်သာဖြစ်တာကြောင့် အခြားမိန်းမများအား ကြိုက်လို့ရသည်ဟု ပြောခဲ့သူတစ်ဦးပင်
သူအခြားမိန်းမ၏ အတွင်းခံကိုခိုးတာကြောင့် သူမလာဂရုစိုက်ခြင်းသည် ထူးဆန်းနေပေ၏
“ဒါဆို မင်းက ပွဲကြည့်ဖို့ လာတာလား?”
ပိုင်ကျီဟန် မေးလိုက်သည်။
“ဘယ်လိုပြောလိုက်တာလဲ။ ငါက ငါ့ စေ့စပ်ထားသူကို ကူညီပြီး သူအပြစ်မရှိကြောင်းသက်သေပြဖို့ လာတာပဲ”
ချူကျီယန်သည် ရင်ဘတ်ပုတ်ပြီး သူ့ယောကျာ်းအတွက် သေပေးနိုင်သည့် မိန်းမလိုပင်
“ဟုတ်ရင် သက်သေပြ”
ပိုင်ကျီဟန် ပြောလေ၏
“အို.. ဂိုဏ်းစည်းမျဉ်းအတိုင်း လုပ်ရအုံးမယ်လေ။ သူတို့ဘယ်သက်သေ ယူလာသလဲ အရင် ကြည့်ရအောင်”
ချူကျီယန်သည် ကျကျနန ပြန်ပြောလေ၏။
သူမသည် တကယ်ပဲ သူအပြစ်ကင်းကြောင်း ယုံသည်လား၊ သို့မဟုတ် သူ့အစ်မလိုပဲ ပြဿနာဖြစ်စေသူဟု တွေးနေသည်လား ပိုင်ကျီဟန်အနေနဲ့ မသိပေ
၎င်းက အရေးမကြီးပေ။ သို့သော် ပိုင်ကျီဟန် စိတ်ဝင်စား၏ တကယ် သူထင်သလိုပဲ ဖြစ်နေမည်လား။
ပြစ်ဒဏ်စီရင်ရေးခန်းမ၏ အမြင့်ဆုံးနေရာတွင် ထိုင်နေသော အကြီးအကဲရှန်းသည် လက်ကိုမြှောက်လိုက်သည်။
“ငြိမ်ငြိမ်နေကြ”
သူ့အသံသည် မကျယ်လောင်သည့်တိုင် အာဏာကို သယ်ဆောင်လာသည်။
တီးတိုးသံများ ရပ်သွားလေ၏ တပည့်များသည် အသက်ရှုသံကိုပင် ထိန်းထားကြသည်။
အကြီးအကဲရှန်း မျက်လုံးများသည် တည်ငြိမ် အေးစက်ပြီး စဉ်းစားနေသလို ပင် မျက်လုံးထောင့်က လှည့်ရင်း ပိုင်ကျီဟန်ထံ ရောက်သွားသည်။
“ဒီနေရာက ကလေးတွေငြင်းခုံရတဲ့နေရာ မဟုတ်ဘူး။”သူ့အသံသည် ဖိအားပေးမှုနဲ့အတူ ထက်မြက်နေသည်။
“ ဒီနေရာက ပြစ်ဒဏ်စီရင်ရေးခန်းမ၊ ကောင်းကင်ဓားဂိုဏ်းရဲ့ စည်းမျဉ်းတွေအသက်ဝင်ပြီး ဘယ်အဆင့်အတန်းမဆို လက်ခံရမယ်”
ပိုင်ကျီဟန်ကို ခေါ်ဆောင်လာသော လူကြီးဘက်သို့ လှည့်မသွားမီ ထိုစကားများနဲ့ တိတ်ဆိတ်သွားချေသည်။
“အကြီးအကဲရှန် “ အကြီးအကဲရှန်းအသံထွက်လာ၏ “ အပြစ်စွပ်စွဲချက်တွေကို ထုတ်ပြပါ။”
အကြီးအကဲရှန်သည် ရှေ့ကို တစ်လှမ်းလှမ်းလိုက်သည်။
“ခန်းမ အကြီးအကဲ”
သူသည် အရိုအသေပေးပြီး လူစုထားသော ခန်းမဘက်လှည့်လိုက်သည်။
“တပည့်ပိုင်ကျီဟန်က ဂိုဏ်းစည်းမျဉ်း ‘အမှတ် ၂၇ အရ အမျိုးသမီးတွေအတွက် သတ်မှတ်ထားသည့် နေရာကို ခွင့်ပြုချက်မရဘဲ ဝင်ရောက်ခြင်းကို ချိုးဖောက်တဲ့အပြင် စည်းမျဉ်း အမှတ် ၃၄ ဖြစ်တဲ့ ကောင်းကင်ဓားဂိုဏ်းတပည့်အဖြစ် သင့်လျော်သည့် အမူအရာကို ဆန့်ကျင်သော လုပ်ရပ်ဖြစ်သည့် အတွင်းအဝတ်ခိုးယူခဲ့တယ်လို့ စွပ်စွဲခံရပါတယ်”
သူက ခိုင်မာစွာ ဆက်ပြောလေ၏
“ပိုင်ကျီဟန်ကို မိန်းကလေးတွေ ရေချိုးတဲ့ အနီးအနားမှာ တွေ့ခဲ့တယ်လို့ သက်သေများစွာက ပြောကြပါတယ်။ ပြီးတော့ အတွင်းတပည့် မိန်ရူလန်က သူမ အတွင်းဝတ်တွေ ခိုးယူခံရပြီး ပိုင်ကျီဟန် ထွက်ပြေးသွားတာကို မြင်ကြောင်း တိုင်ကြားထားပါတယ်”
ချူကျီယန်သည် မျက်ခုံးပင့်လိုက်သည်။ ပိုင်ရွှယ်ချင်း၏ အမူအရာက တုန်လှုပ်သွားချေသည်။ ရှန်လျန့်သည် သူ့အကြည့်ကို အောက်သို့ငုံ့ထားရင်း ကျေနပ်စွာ ပြုံးနေသည်ကို ဖုံးထား၏
စကားသံများနှင့် တီးတိုးသံများ ထပ်မံ ထွက်ပေါ်လာသော်လည်း အကြီးအကဲရှန်းသည် သူ့လက်ကို မြှောက်လိုက်ရာ ချက်ချင်း ငြိမ်ကျသွားသည်။
“အဲ့ဒီစွပ်စွဲသူ…” အကြီးအကဲရှန်းသည် မျက်မှောင်ကြုတ်လိုက်သည်။ "သူမရှိနေလား?"
“သူက” အကြီးအကဲရှန်က ထပ်ပြောလေသည် "သူမကို ခေါ်လာဖို့ ခွင့်တောင်းထားပါတယ်"
အကြီးအကဲရှန်းသည် ခေါင်းညိတ်ပြသည်။
"မိန်ရူလန်ကို ခေါ်ခဲ့ပါ။"
ဘေးက တံခါးတွေ ပွင့်သွားသည် ။
အတွင်းတပည့် ၀တ်ရုံဖြင့် အမျိုးသမီးငယ်
တစ်ဦးသည် ဝင်လာပြီး သူမ၏ သိမ်မွေ့သော အသွင်အပြင်သည် အရှက်နှင့် ဒေါသတို့ ဖြင့်ရောနှောနေ၏
ငိုထားခြင်းကြောင့် မျက်လုံးများ နီရဲနေပြီး အကြီးအကဲများအား ဦးညွှတ်ခြင်းမပြုမီ သူမ လက်များ တုန်ရီနေသည်။
သူမသည် ပြီးပြည့်စုံသော နစ်နာကဲ့သို့ သနားစရာကောင်းပေသည်။
"ကျွန်မ ..အစတုန်းကတော့ ရှေ့ကို ထွက်မလာချင်ဘူး" မိန်ရူလန် အသံတွေ တုန်ယင်
နေ၏
"ဒါပေမယ့် ဒါက ရှက်စရာကောင်းလွန်းတယ်... ရေပူစမ်းတွေနားမှာ ပိုင်ကျီဟန်ကို တွေ့လိုက်ရတယ်။ သူက လှည့်ပတ်ရှာနေတာ။ ကျွန်မပြန်သွားတော့ အဝတ်အစားတွေ ပျောက်သွားနေပြီ။ သေချာပေါက် သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ပါတယ်”
နောက်ထပ် စကားသံတွေသည် လူအုပ်ကြားထဲ လှိုင်းထလာသည်။
အချို့သော တပည့်များသည် ရွံရှာစွာ ခေါင်းယမ်းကြသည်။ တခြားသူတွေကတော့ မယုံသင်္ကာနဲ့ ကြည့်ကြ၏ သို့တိုင် အဖြစ်အပျက်က ပြီးသွားချေပြီ—သူမ သေချာပေါက် ပြောခဲ့သည်။
ပိုင်ကျီဟန်သည် ချက်ချင်း စကားမပြောပေ
သူသည် မိန်ရူလန်ကို စိုက်ကြည့်ရင်း သူမတင်ဆက်နေသည့် စွမ်းဆောင်ရည်ကို မယုံနိုင်လောက်အောင် ဖြစ်သွားကာ နှုတ်ခမ်းအနည်းငယ် ကွေးသွားသည်။
"ဟားဟား..."
သူက ရယ်လိုက်၏
နူးညံ့သော ရယ်မောသံသည် လေထုကို လွှမ်းခြုံသွားကာ ရောက်ရှိလာသူအများစုအား မျက်မှောင်ကြုတ်သွားစေသည်။
အချို့က ပိုင်ကျီဟန်သည် သူ့၏ ကျရှုံးမှုကို သိနေသောကြောင့် မာနကြီးချင်ယောင်ဆောင်သည်ဟု ထင်ကြသည်။
ဒါပေမယ့် တချို့ကတော့ သူတို့ကျောရိုးအောက်ထဲ အေးစိမ့်စိမ့်ခံစားလိုက်ရသည်။
ထိုရယ်မောခြင်းသည် အကြောက်အလန့် မရှိပေ။ ပြစ်ဒဏ်စီရင်ရေးခန်းမ သို့မဟုတ် ကြီးလေးသောစွပ်စွဲမှုများကို ရင်ဆိုင်ရာတွင်ပင်
“ဘာရယ်စရာပါလဲ?"
အကြီးအကဲရှန်းသည် မျက်မှောင်ကြုတ်ကာ မေးသည်။
အကြီးအကဲကို လျစ်လျူရှုရင်း ပိုင်ကျီဟန်သည် ရှေ့ကို တိုးလာသည်။
လက်တစ်ဖက်သည် သူ့နံဘေးမှာ ပေါ့ပေါ့ပါးပါးရှိနေပြီး အခြားတစ်ဖက်သည် မိန်ရူလန်ကို ညွှန်ပြလိုက်သည်
"ငါပဲဆိုတာ သေချာလား"
မိန်ရူလန် တုန်လှုပ်သွားသော်လည်း မြန်မြန် ခေါင်းညိတ်လိုက်သည်။
"ငြင်းဖို့မကြိုးစားနဲ့။ နင့်မျက်နှာကို ဘယ်နေရာမှာမဆို ငါမှတ်မိတယ်။ နင်အခုဝတ်ထားတဲ့ ၀တ်ရုံနဲ့တူတဲ့ အဖြူရောင်ဝတ်စုံကို ဝတ်ထားတယ်။ ပြီးတော့ နင့်လက်စွပ်ကိုလည်း ငါမြင်ခဲ့တယ်”
ပိုင်ကျီဟန်၏ အမူအရာ မဲမှောင်သွားသည်။ မှင်ကိုဆေးကြောသလိုမျိုး သူ့မျက်နှာမှ ပျော်ရွှင်မှု လွင့်ထွက်သွားသည်။
"မိန်ရူလန် မလား?"
အသံတိုးတိုးလေးနဲ့ အေးအေးဆေးဆေး မေးလိုက်၏။
"မင်း ငါ့ကို ဒီလိုစွပ်စွဲချင်တာ သေချာလား"
"ငါ-ဟုတ်တယ်! ငါ-"
"ကောင်းပြီ”
သူ၏ အသံသည် ပိုတိုးသွားသည်
"ဘာလို့လဲဆိုတော့ ဒီအခိုက်အတန့်ကို အမှတ်ရစေချင်တယ်။ မင်းကို အခွင့်အရေးတစ်ခါ ပေးခဲ့တာကို အမှတ်ရစေချင်တယ်။ အခွင့်အရေးတစ်ခါနော်”
ခန်းမသည် လုံးဝ တိတ်ဆိတ်သွားသည်။
"မင်းက ငါ့ကို စွပ်စွဲချင်တာလား။"
ပိုင်ကျီဟန်အကြည့်တွေသည် အေးခဲသွား၏ သူ့အပြုံးတွေ ပျောက်သွားချေသည်။
"ကောင်းပြီ၊ ဒါဆို လိမ်လိုက်ပါ။ ဒါပေမယ့် မင်းဒါကို အကုန်လုပ်လိုက်တာ ပိုကောင်းပါတယ်။ ပြီးတော့ ဂိုဏ်းက ငါ့ကို ဒီနေ့ ကွပ်မျက်ဖို့ ဆုတောင်းလိုက်.. ဘာလို့လဲဆိုတော့ သူတို့မလုပ်ခဲ့ရင် ..."
သူ့မျက်လုံးများသည် ကြောက်မက်ဖွယ်ကောင်းသည့် ရည်ရွယ်ချက်များဖြင့် ပူလောင်နေသည်။
"... မင်းဆီ ငါလာမယ်။ မင်းရဲ့အသက်ကို မယူဘူး။ မင်းနာမည်ကို ဖျက်မယ်။ မင်းအိမ်ကို မီးရှို့မယ်။ မင်းရဲ့မျိုးနွယ်အဖို့ သူတို့ဘယ်တော့မှ မရနိုင်တဲ့ အသနားခံမှုကို တောင်းဆိုရအောင်လုပ်မယ်”
မိန်ရူလန်သည် နောက်ပြန်ဆုတ်သွားကာ ထိတ်လန့်စွာ မျက်လုံးပြူးသွားသည်။
"ငါ့ကို ခြိမ်းခြောက်နေတာလား..ပြစ်ဒဏ်စီရင်ရေးခန်းမရှေ့မှာတောင်လား”
ပိုင်ကျီရန်သည် မျက်တောင်မခတ်ပေ။
"မင်းကို ခြိမ်းခြောက်နေတာ မဟုတ်ဘူး၊ ငါကတိပေးနေတာ”
ပြစ်ဒဏ်စီရင်ရေးခန်းမတစ်ခုလုံးသည် တိတ်ဆိတ်နေသည်။
လူတိုင်း အံ့အားသင့်သွားသည်။ ပိုင်ကျီဟန်သည် ဂိုဏ်းတစ်ခုလုံး၏ရှေ့နှင့် ပြစ်ဒဏ်စီရင်ရေးခန်းမအတွင်းတွင် တစ်ယောက်ယောက်ကို ပွင့်ပွင့်လင်းလင်း ခြိမ်းခြောက်နေသည်။ ၎င်းကို ဖုံးကွယ်ရန်ပင် ဆန္ဒ မရှိပေ။
ပိုင်ရွှယ်ချင်းနဲ့ ချူကျီယန်နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။
ပိုင်ကျီဟန်သည် ပိုင်မျိုးနွယ်တွင် ရှိစဉ်ကလိုပင် မောက်မာပြီး မဆင်မခြင် ပြုမူကာ သူ
မနှစ်သက်သည့် မည်သူ့ကိုမဆို ခြိမ်းခြောက်ဆဲဖြစ်သည်။