တစ်စိတ်တစ်ဝမ်းတည်း
Vol. 155 Ch. 2209
စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင်သည် ဤလူများက မည်သည့်အတွက်ကြောင့် ရောက်လာကြသည်ကို သိရှိပေသည်။ သူက ဤနေရာသည် ယခင်က စီဝေ့မဟာအင်ပါယာ၏ ကျင့်ကြံရာနေရာဖြစ်ကြောင်း တည်ငြိမ်စွာ ပြောပြနေသည်။ မဟာအင်ပါယာ၏ အမွေအနှစ်များက ဤနေရာ၌ တည်ရှိနေပေသည်။
“ဒီလိုဆိုရင် နန်းတော်သခင်က အပြင်ဘက်လောကက လာတဲ့ ကျုပ်တို့ စီဝေ့မဟာအင်ပါယာကို အရိုအသေပေးဖို့ ခွင့်ပြုပေးနိုင်မလား။ ပြီးတော့ ကျုပ်တို့ စီဝေ့မဟာအင်ပါယာ ချန်ရစ်ခဲ့တဲ့ အမွေအနှစ်ကိုရော ကြည့်ခွင့်ရနိုင်မလား။” တစ်စုံတစ်ယောက်က တည့်တိုးမေးလိုက်သည်။ သူတို့က ဤနေရာသို့ ရောက်နေပြီဖြစ်ရာ ခြုံလျှောက်ရိုက်နေရန် မလိုအပ်တော့ပေ။ သူတို့ ဤနေရာသို့ လာရသည့် ရည်ရွယ်ချက်ကို တိုက်ရိုက်ပြောသည်က အကောင်းဆုံးသာ ဖြစ်ပေသည်။
လူအုပ်ကြီးက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြပြီး နန်းတော်သခင်အား ကြည့်လိုက်သည်။ သူတို့၏ မျက်လုံးများမှ သူသည် သူတို့ထံ၌ တူညီသော အတွေးများရှိနေကြောင်း နားလည်ခဲ့သည်။
“ခင်ဗျားတို့ အဲဒီလိုလုပ်လို့ ရပါတယ်။” စီဝေ့အင်ပါယာနန်းတော်သခင်က ပြောလိုက်သည်။ သူသည် သူတို့၏ တောင်းဆိုချက်ကို ချက်ချင်း သဘောတူခဲ့ပေသည်။ ဤသည်မှာ ကျင့်ကြံသူများအား အတော်လေး ထူးဆန်းသလို ခံစားမိစေသည်။
စီဝေ့အင်ပါယာနန်းတော်သခင်က အလွန် လွယ်ကူလွန်းလှပြီး သူတို့ပြောသမျှ သဘောတူပေးတော့မလို ထင်မှတ်ရပေသည်။
သူတို့နှင့် ပြဿနာဖြစ်ခဲ့သော ထိပ်သီးပုဂ္ဂိုလ်တစ်ဦးကို ဖယ်ရှားခဲ့သည်မှ လွဲလျှင် စီဝေ့အင်ပါယာနန်းတော်က သူတို့ကို အလွန် ဧည့်ဝတ်ကျေပြီး ရောက်လာသူမှန်သမျှကို မငြင်းပယ်ခဲ့ပေ။
“ဒါပေမယ့် စီဝေ့မဟာအင်ပါယာရဲ့ အမွေအနှစ် ရှိတဲ့နေရာက မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းလာခဲ့တာ။ ဒါက ကျုပ်တို့ စီဝေ့ကြယ်ကမ္ဘာအတွက် သန့်စင်မြင့်မြတ်နေရာတစ်ခုပဲ။ ဒီမှာတောင်မှ ဘယ်သူမဆို ဝင်လို့ရတဲ့ နေရာမျိုး မဟုတ်ဘူး။ နှစ်ပေါင်းများစွာကြာမှ တစ်ကြိမ်ဖွင့်လှစ်ပြီး ကြယ်ကမ္ဘာထဲက အထူးချွန်ဆုံး လူတွေပဲ ဝင်ခွင့်ရတာ။”
နန်းတော်သခင်က ဖြေးညင်းစွာ ဆက်ပြောလိုက်သည်။ “ပြီးတော့ စီဝေ့မဟာအင်ပါယာရဲ့ အမွေအနှစ် ရှိတဲ့နေရာက ရှေးကျလွန်းတာကြောင့် အဲဒီမှာ အခြေအနေက သိပ်မတည်ငြိမ်တတ်ဘူး။ ဒါကြောင့် စီဝေ့ကြယ်ကမ္ဘာအတွင်းက ထိပ်သီးပုဂ္ဂိုလ်တွေတောင် အဲဒီကို မဝင်ကြဘူး။ အခု စီဝေ့ကြယ်ကမ္ဘာရဲ့ ချိပ်စည်းက ပွင့်သွားခဲ့ပြီး ကျုပ်တို့က အပြင်ဘက်လောကနဲ့ ဆက်သွယ်သွားတယ်။ ကျုပ်က စီဝေ့မဟာအင်ပါယာရဲ့ ဆန္ဒကို လက်ကိုင်ထားပြီး ကြယ်ကမ္ဘာကို အုပ်ချုပ်ခဲ့တယ်။ ကျုပ် အခု စီဝေ့မဟာအင်ပါယာရဲ့ နတ်အလင်းကို အရင်ကထက် ပိုမိုတဲ့ ကျင့်ကြံသူတွေပေါ်မှာ တောက်ပစေဖို့ ခွင့်ပြုတယ်။ ဒါကြောင့် ခင်ဗျားတို့အားလုံးက စီဝေ့ကြယ်ကမ္ဘာရဲ့ အဖွဲ့ဝင်တွေ မဟုတ်ပေမယ့် ဒီနေရာက လူတွေနဲ့ တန်းတူဆက်ဆံမှုကို လက်ခံရဖို့ ကျုပ် ခွင့်ပြုပေးနိုင်တယ်။”
လူအုပ်ကြီးက သူ့စကားများကို ကြားသည့်အခါ သူ့ဆိုလိုရင်းကို လူတိုင်း နားလည်သွားကြသည်။ ကြည့်ရသည်မှာ ဤနန်းတော်သခင်က တွက်ချက်ထားပြီးသား ဖြစ်သည့်ပုံပင်။ သူက အချို့ လိုက်လျောမှုများ ပြုလုပ်ပေးသော်လည်း တူညီစွာပင် ကန့်သတ်ချက်တို့ ရှိနေ၏။ သူက စီဝေ့ကြယ်ကမ္ဘာ၏ စည်းမျဥ်းများကို အသုံးပြု၍ သူတို့ထဲမှ အထူးချွန်ဆုံး သူများသာ ဝင်ရောက်ခွင့်ပြုမည် ဖြစ်သည်။
...
သူ ပြောခဲ့သည့် စည်းမျဥ်းများက အမှန် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အရေးမပါပေ။ စီဝေ့ကြယ်ကမ္ဘာက သူ၏ အုပ်ချုပ်စီရင်မှုအောက်၌ ရှိနေခြင်း ဖြစ်သည်။ သူက စည်းမျဥ်းချမှတ်သူဖြစ်လေရာ စည်းမျဥ်းများက အရေးကြီးပါမည်လား။
“နန်းတော်သခင် ခင်ဗျား ဘာပြောချင်တာလဲ။” တစ်စုံတစ်ယောက်က မေးလိုက်သည်။
စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင်က လူအုပ်ကြီးကို ကြည့်ကာ ပြောလိုက်သည်။ “ခင်ဗျားတို့အားလုံး ဒီကို ရောက်နေပြီဆိုတော့ ကျုပ်က ခင်ဗျားတို့ ထိပ်သီးအင်အားစုတွေ ရွေးချယ်ထားတဲ့ အထူးချွန်ဆုံး ရန်ဟောင်တွေကို စီဝေ့မဟာအင်ပါယာ ကျင့်ကြံခဲ့တဲ့ နေရာကို ဝင်ခွင့်ပြုမယ်။ ဒါပေမယ့် သူတို့က ချို့ယွင်းချက်ကင်း မဟာလမ်းစဥ်ကို ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူ ဖြစ်ရမှာဖြစ်ပြီးတော့ အဆင့်ကိုးကျင့်ကြံဆင့်က အဆင့်မြင့်ရန်ဟောင် ဖြစ်လို့မရဘူး။”
“ဘယ်လိုလဲ။” နန်းတော်သခင်က လူအုပ်ကြီးကို ကြည့်ကာ မေးလိုက်သည်။
သူက လှေကားထစ်စင်မြင့်ထိပ်ဆုံးတွင် ရပ်နေပြီး သူ့ခန္ဓာကိုယ်မှ နတ်အလင်းတို့ တောက်ပနေသည်။ သူ၏ ကြယ်ကဲ့သို့ တောက်ပသော မျက်လုံးများတွင် လျစ်လျူရှုသော အကြည့်များ ရှိနေဆဲ ဖြစ်သည်။ သူ့စကားလုံးများက ထိပ်သီးအဆင့် ပုဂ္ဂိုလ်ကြီးများအပါအဝင် ထိုနေရာသို့ စွန့်စားဝင်ရောက်ချင်နေသော ကျင့်ကြံသူအများစုကို တားဆီးပြီးသား ဖြစ်သွားပေသည်။
သူတို့က နန်းတော်သခင်၏ စကားလုံးများနှင့် ကန့်သတ်ချုပ်နှောင်ခံလိုက်ရသည်။ တစ်ဖက်လူက သူတို့ကို အထဲသို့ အသာတကြည် ဝင်ခွင့်ပြုရန် ဆန္ဒမရှိပေ။
တစ်ဖက်လူက စီဝေ့မဟာအင်ပါယာသည် ယခင်က ဤနန်းဆောင်အတွင်း ကျင့်ကြံခဲ့သည်ဟု ပြောခဲ့သည်။
သူတို့က စီဝေ့ဘုံ ပျက်စီးသွားခြင်းမှ ရောက်လာကြခြင်းဖြစ်သည်။ သူတို့အားလုံးက စီဝေ့မဟာအင်ပါယာ၏ လျှို့ဝှက်ချက်များကို ရှာဖွေချင်ကြ၏။ ထိပ်သီးအဆင့် ပုဂ္ဂိုလ်ကြီးများသည်လည်း တူညီစွာပင် ဤထူးခြားဆန်းကြယ်မှုကို ရှာဖွေရန် ပြင်းထန်စွာ ဆန္ဒရှိကြသည်။ သူတို့အတွက် ထိုသို့သော အခွင့်အရေးက ပို၍ အဖိုးတန်ပေသည်။
သို့သော် စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင်က သူတို့ကို သတိထားနေပြီး ဝင်ရောက်ခွင့်မပြုခဲ့ပေ။
ထိုသို့ဖြင့် သူတို့က နန်းတော်သခင်၏ အဆိုပြုချက်ကို လက်ခံသင့်သည်လား စဥ်းစားရမည့် အလှည့် ဖြစ်သည်။
တစ်ဖက်လူက သူတို့ကို ရွေးချယ်ရန် လမ်းဖွင့်ပေးပြီး အင်အားစုအသီးသီးမှ ထူးချွန်သူများကို မဟာအင်ပါယာ၏ အမွေအနှစ်နယ်မြေအတွင်း ဝင်ခွင့်ပြုလာလေရာ သူတို့က သူ၏ ကန့်သတ်ချက်များကို အလိုက်တသင့် လက်ခံပေးလိုက်ရမည်လား မသဲကွဲပေ။
ထိုအချိန်၌ လူအုပ်ကြီးက အလွန် တိတ်ဆိတ်နေခဲ့သည်။ မည်သူကမှ မတုံ့ပြန်ခဲ့ပေ။ သူတို့သည် အင်အားစုအသီးသီး လူများ ဖြစ်ငြသည်။ သူတို့ လူစုက လူနည်းနည်းလေး မဟုတ်သည့်အတွက် သူတို့၏ အမြင်က ကွဲပြားပေလိမ့်မည်။
“ဟမ်..” စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင်က လူအုပ်ကြီးမှ မတုံ့ပြန်သည်ကို မြင်သောအခါ သူက မေးလိုက်သည်။ “ခင်ဗျားတို့အားလုံးမှာ တခြား အတွေးတစ်ခုခုများ ရှိကြလို့လား။”
“ကျုပ်တို့ အားလုံးက အပြင်လောကကနေ လာခဲ့တာ။ ကျုပ်တို့လည်း သမိုင်းစာအုပ်တွေမှာ မှတ်တမ်းတင်ခံထားရတဲ့ မဟာအင်ပါယာရဲ့ ခမ်းနားထည်ဝါမှုကို မျက်မြင်တွေ့ချင်ပြီး အရိုအသေလည်း ပေးချင်မိတယ်။ နန်းတော်သခင်က ဘာကြောင့်များ ကျုပ်တို့ကို ဒီအခွင့်အရေးရမှာကနေ ငြင်းပယ်ပြီး ကန့်သတ်ချက်တွေ ချမှတ်ရတာလဲ။” တစ်စုံတစ်ယောက်က မေးလိုက်သည်။ ရှင်းလင်းစွာပင် သူတို့က နန်းတော်သခင်ချမှတ်သော အခြေအနေကို သဘောမတူချင်ကြပေ။
စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင်က ထိုစကားပြောသူအား ကြည့်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။ “ကောင်းပြီ။ ခင်ဗျားက ကျုပ်ရဲ့ အကြံပြုချက်ကို ငြင်းပယ်မှတော့ ဒါက ခင်ဗျားနဲ့ ဘာမှ မသက်ဆိုင်တော့ဘူး။ ကျေးဇူးပြုပြီး ထွက်သွားပေးပါ။”
လူအများက နန်းတော်သခင်၏ စကားလုံးများကို ကြားသည့်အခါ မျက်လုံးများအား ကျဥ်းမြောင်းလိုက်သည်။ သူက ပထမဆုံး ငြင်းပယ်ခံလိုက်ရသည်။ လူအများက သူနှင့် တူညီသော အတွေးအမြင်မျိုး ရှိနိုင်သော်လည်း အခြားလူများက သူ့ကို မထောက်ခံရသေးခင် သူက ချက်ချင်း နန်းတော်သခင်၏ မောင်းထုတ်ခြင်းကို ခံလိုက်ရသည်။
ထိုသည်က နောက်ထပ် ဟန့်တားခြင်း ဖြစ်ပေသည်။
သူက အခြားလူများအတွက် ဥပမာတစ်ခု ဖြစ်လာသည်ကို သိရှိလိုက်သည်။
အခြားအင်အားစုများက ကျင့်ကြံသူများက ထူးဆန်းသော အကြည့်တို့ ဖြစ်ပေါ်လာသည်။ အစပိုင်းတွင် အချို့လူများက တစ်ခုခု ပြောလိုကြသော်လည်း စီဝေ့အင်ပါယာနန်းတော်သခင်၏ လွှမ်းမိုးသော သဘာဝကို မြင်သည့်အခါ သူတို့က ပါးစပ်များအား ပိတ်ကာ စကားပြောလိုက်သည့်သူကိုသာ ကြည့်နေလိုက်တော့သည်။
ထိုစကားပြောလိုက်သူက မလှုပ်ရှားခဲ့ပေ။ စီဝေ့အင်ပါယာနန်းတော်သခင်နောက်မှ လူအနည်းငယ်က ကောင်းကင်သို့ တက်လာပြီး လူအုပ်၏ အထက် လေထဲတွင် ရပ်လိုက်သည်။ သူတို့၏ အကြည့်များက စကားပြောလိုက်သူထံသို့ ကျရောက်လာ၏။ သူတို့ထဲမှ တစ်ယောက်က ပြောလိုက်သည်။ “နန်းတော်သခင်က အမိန့်ပေးလိုက်တယ်။ ဆရာ ခင်ဗျားရဲ့ လူတွေနဲ့အတူ အင်ပါယာနန်းတော်ထဲက ထွက်သွားပေးပါ။”
သူတို့၏ ခန္ဓာကိုယ်များမှ ဖိအားဖျော့ဖျော့ ထုတ်လွှတ်နေသည်။ ထိပ်သီးအင်အားစုမှ ထိုကျင့်ကြံသူက ယင်းမြင်ကွင်းကို မြင်သည့်အခါ သူ့မျက်နှာက ဖြူဖျော့သွားလေသည်။ သူက ပထမဆုံး မောင်းထုတ်ခံရသူ ဖြစ်လာပေသည်။
သူက ငြင်းဆန်လျှင် တစ်ဖက်လူများက သူနှင့် ရင်ဆိုင်ရန် တွန့်ဆုတ်နေမည် မဟုတ်ကြောင်း ရှင်းလင်းစွာ သိရှိခဲ့သည်။ အဆုံးမှာတော့ သူက အခြားလူများအတွက် ဥပမာတစ်ခု ဖြစ်လာခဲ့ရပေသည်။
ယခင်က ထိပ်သီးကျင့်ကြံသူတစ်ဦးက အင်ပါယာနန်းတော်အတွင်း အခြားကျင့်ကြံသူများပါ ပြဿနာရှာလာမည်ကို တားဆီးရန် ဥပမာပြု သုတ်သင်ခံခဲ့ရသည်။
“သွားကြစို့။” ထိုလူက ရေခဲကဲ့သို့ အေးစက်နေသည့် အသံနှင့် ပြောလိုက်သည်။ သူက သူ၏ လူများကို ဦးဆောင်ကာ ကောင်းကင်သို့ တက်သွားခဲ့၏။ ထို့နောက် သူက မည်သည့်ပြဿနာမှ မလုပ်ဘဲ လှည့်ထွက်သွားသည်။
သူ၏ ကိုယ်ပိုင်စွမ်းအားနှင့် ပြန်လည်တိုက်ခိုက်ရန် မလုပ်နိုင်ပေ။ သူက အတင်းအကျပ် ခုခံခဲ့လျှင် သတိမထားမိသည့် အခိုက်အတန့် သေဆုံးခြင်းနှင့် အဆုံးသတ်သွားရပေလိမ့်မည်။
သူက ထိုသို့သော အန္တရာယ်မျိုးနှင့် ရင်း၍ လှုပ်ရှားရန် ဆန္ဒမရှိသည့်အတွက် ချက်ချင်း ထွက်ခွာသွားပေသည်။
လူအုပ်ကြီးက ထွက်ခွာသွားသည့် ပုံရိပ်များကို ကြည့်လိုက်သည်။ ဤသည်မှာ လက်ရှိအခြေအနေကို မှန်ကန်စွာ သုံးသပ်နိုင်ခြင်းဟု ဆုံးဖြတ်ရမည်လား။ သတ္တိနည်းပါးခြင်းဟု ဆုံးဖြတ်ရမည်လား။
သို့သော် စီဝေ့အင်ပါယာနန်းတော်သခင်၏ စွမ်းအားက သူတို့အား ခြိမ်းခြောက်မှုကို ခံစားမိစေသည်။
“မတူညီတဲ့ အမြင် ရှိနေသေးတဲ့ ဘယ်သူမဆို သူ့လိုပဲ ထွက်သွားဖို့ ရွေးချယ်နိုင်တယ်။ အင်ပါယာနန်းတော်က ခင်ဗျားတို့ကို တားဆီးမှာ မဟုတ်ဘူး။” နန်းတော်သခင်က လှေကားထစ်စင်မြင့်ထက်တွင် ရပ်နေရင်း ကျယ်လောင်စွာ ပြောလိုက်သည်။ သူသည် သူတို့၏ ထင်မြင်ချက်များကို မေးနေပုံပေါ်သော်လည်း သူတို့၏ စကားများကို နားထောင်လိမ့်မည် မဟုတ်ပေ။ သူ့ကို ဆန့်ကျင်သည့်လူများက မောင်းထုတ်ခံရပေလိမ့်မည်။
ရှင်းလင်းစွာပင် တစ်ဖက်လူက သူတို့၏ အဖွဲ့ဝင်များကို အမွေအနှစ်နယ်မြေအတွင်း ဝင်ရန် ခွင့်ပြုလိမ့်မည် ဖြစ်သော်ငြား သူတို့က သူ့စည်းမျဥ်းများကို လိုက်နာရန် လိုပေသည်။
အရေးကြီးဆုံးမှာ စီဝေ့အင်ပါယာနန်းတော်သခင်၏ စွမ်းရည်က ဤနေရာတွင် ရှိနေသည့် လူတိုင်းထက် အပြတ်အသတ် သာလွန်နေခဲ့သည်။ မည်သူကမှ သူ့ကို တိုက်ရိုက် မဆန့်ကျင်နိုင်ခဲ့ပေ။
“ကောင်းပြီ။ ကျုပ် နန်းတော်သခင်ရဲ့အကြံပေးချက်ကို သဘောတူပါတယ်။” တည်ငြိမ်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။ အချို့လူများက စတင်၍ သဘောတူလာကြသည်။ သူတို့က အရင်ဆုံး နောက်သို့ တစ်လှမ်းဆုတ်ရန် လိုပေသည်။ သူတို့က အနာဂတ်အတွက် ဆုံးဖြတ်ချက်မချခင် လေ့လာကြည့်ရန် လိုအပ်ပြီး ယခုတွင် သူတို့၏ ဂျူနီယာများက အမွေအနှစ်နယ်မြေသို့ ဝင်ရောက်ခွင့် ရကြရန်လိုအပ်ပေသည်။
“ကျုပ်မှာလည်း ကန့်ကွက်စရာမရှိဘူး။” တစ်ယောက်ပြီးတစ်ယောက် ပြောလာကြသည်။ သိပ်မကြာခင်မှာပင် အင်အားစုများ၏ တစ်ဝက်ကျော်က သဘောတူခဲ့ပြီး ဖြစ်ပြီး သူတို့က ကန့်ကွက်ချက်မရှိ နန်းတော်သခင် ချမှတ်သော စည်းမျဉ်းများကို သဘောတူသည်ဟု ကြေညာခဲ့သည်။
တခဏကြာပြီးနောက် အင်အားစုများအားလုံး၏ အသံများက တိတ်ဆိတ်သွားခဲ့သည်။ စီဝေ့အင်ပါယာနန်းတော်သခင်က လူအုပ်ကြီးကို ကြည့်ကာ ပြောလိုက်သည်။ “ကျုပ်နောက်မှာ ရှိတဲ့ နတ်ဘုရားနန်းဆောင်က စီဝေ့မဟာအင်ပါယာ အရင်က ကျင့်ကြံခဲ့တဲ့ နေရာပဲ။ ဒီအထဲမှာ မဟာအင်ပါယာ ချန်ရစ်ခဲ့တဲ့ အမွေအနှစ်တစ်ခု ရှိတယ်။ အခု ခင်ဗျားတို့ ကိုယ်စားပြုသူတွေကို ရွေးချယ်ပြီး နတ်ဘုရားနန်းဆောင်ထဲကို ကျုပ်နောက်က လိုက်လာခိုင်းလိုက်ပါ။”
အမှန်တကယ်၌ ရွေးချယ်နေရန် မလိုအပ်ပေ။
တစ်ဖက်လူက အခြေအနေနှင့် ကန့်သတ်ချက်များ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် အခြေအနေနှင့် ကိုက်ညီသူများက တွေဝေခြင်းမရှိရှေ့သို့ ခြေလှမ်းလိုက်ကြသည်။ထို့ကြောင့် ချို့ယွင်းချက်ကင်း မဟာလမ်းစဥ်နှင့် ကျင့်ကြံသူများက ရှေ့သို့ တစ်ယောက်ပြီးတစ်ယောက် လှမ်းလာကြ၏။ သူတို့ထဲတွင် အဆင့်ကိုးကျင့်ကြံခြင်းနှင့် အထွတ်အထိပ်ပုဂ္ဂိုလ် တစ်ယောက်မှ မပါပေ။
“သွားပါ။” အင်ပါယာနန်က ရီဖူရှင်းနှင့် အခြားလူများကို ပြောလိုက်သည်။
“ဂရုစိုက်။” ရှောင်တိန့်ထျန်းက ရှောင်မုယွီကို သတိပေးလိုက်သည်။ ချက်ချင်းပင် ရီဖူရှင်းတို့ လူစုက ရှေ့သို့ ခြေလှမ်းလိုက်၏။ သူတို့အဖွဲ့ကြားတွင် ခွင့်ပြုခံထားရသော အဆင့်မှ ကျင့်ကြံသူ အများဆုံး ရှိနေသည်။ အများစုမှာ လေးမျက်နှာကျေးရွာမှ ဖြစ်၏။ ထို့ကြောင့် ဤစည်းမျဥ်းက သူတို့အတွက် ကြီးစွာသော အကျိုးဖြစ်ထွန်းစေသည်။
သို့သော် သူတို့သည် ထိုအမွေအနှစ်ထံ သွားရောက်ရာ၌ မည်သို့သော အခြေအနေ ဖြစ်နိုင်သည်ကို မသိသေးပေ။
သို့သော် သူတို့က မည်သည့် အကြံအစည်ကိုမှ စိတ်ပူနေရန် မလိုအပ်ပေ။ စီဝေ့ကြယ်ကမ္ဘာမှ အုပ်ချုပ်သူသည်ပင် အပြင်ဘက်လောကမှ ကျင့်ကြံသူအားလုံးကို တစ်ကြိမ်တည်း ဆန့်ကျင်ရဲလိမ့်မည် မဟုတ်ပေ။ သူက ထိုသို့ လုပ်ခဲ့လျှင် စီဝေ့ကြယ်ကမ္ဘာတစ်ခုလုံးကို ပျက်စီးခြင်းဆိုက်ရောက် သွားစေနိုင်ပေသည်။
ထို့ကြောင့် ရှေ့သို့ ခြေလှမ်းလာသော လူများက အင်အားစုအသီးသီးမှ အထူးချွန်ဆုံး ရန်ဟောင်များ ဖြစ်သည်။ ထိုရန်ဟောင်အားလုံးက တစ်ချိန်တည်း ရှေ့သို့ တက်လာကြသည်မှာ ခမ်းနားထည်ဝါသော မြင်ကွင်းကို ဖြတ်ပေါ်စေသည်။
စီဝေ့အင်ပါယာနန်းတော်သခင်သည် ရှေ့သို့ လှမ်းလာသည့် တန်ခိုးရှင်များကို တစ်ချက်လှမ်းကြည့်လိုက်၏။ ထို့နောက် သူက ပြန်လှည့်ကာ ပြောလိုက်သည်။ “ကျုပ်နောက်ကို လိုက်ခဲ့ကြပါ။”
***