← Chapters

ဂိမ်းကိုထပ်မံရှင်းလင်းခြင်း၊အလွယ်လုပ်ခြင်း၏တန်ဖိုး၊ဂိမ်းဇာတ်ကောင်ကိုထိန်းချုပ်မှုလွတ်သွားခြင်း

Vol. 26 Ch. 376

ဂိမ်းကိုထပ်မံရှင်းလင်းခြင်း၊အလွယ်လုပ်ခြင်း၏တန်ဖိုး၊ဂိမ်းဇာတ်ကောင်ကိုထိန်းချုပ်မှုလွတ်သွားခြင်း

Vol. 26 Ch. 376

ချီမင်သည် သူ၏ဂိမ်းဇာတ်ကောင်ကိုရွေးချယ်ပြီးသည်နှင့် နှစ်ခြင်းအခန်းကိုအသက်သွင်းသည်။

စုစုပေါင်း ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်(၁၀)ကွာဒရီလီယန်သည် လျင်မြန်စွာဖြင့် စွမ်းအင်များအဖြစ်ပြောင်းလဲသွားကာ ချီမင်၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသည်။ သူ၏အဓိကအသိစိတ်မှ အသိစိတ်တစ်စိတ်တစ်ပိုင်းမှာ လျင်မြန်စွာဖြင့် ခွဲထွက်သွားသည်။

ချက်ချင်းပဲ သူ၏အသိစိတ်က အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်း: နယ်ပယ်အလုံးစုံစစ်ပွဲ ထဲသို့ ဝင်သွားတော့သည်။

ဤတစ်ကြိမ် ဖြည့်သွင်းသည့် ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက် (၁၀)ကွာဒရီလီယန်၏စွမ်းအင်အများစုသည် ချီမင်၏ဂိမ်းဇာတ်ကောင် ကံကြမ္မာဆော့ကစားသူ ကိုတည်ဆောက်ခဲ့၏။

ထိုကမ္ဘာများကြားမှစစ်ပွဲတွင် ဆန်းကြယ်ကမ္ဘာသည် ကြီးမားသည့်အားသာချက်ကြီးရှိသည်။ ချီမင်ပေါ်မလာလျှင်ပင် မူလလမ်းကြောင်းအတိုင်းဆိုထိုသူတို့က ဤတိုက်ပွဲကို အနိုင်ရဖို့အခွင့်အရေးများလေသည်။

အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းနယ်ပယ်အလုံးစုံစစ်ပွဲကို လျင်မြန်စွာရှင်းလင်းရန်နှင့် ဆုလဒ်များပိုမိုရရန် ချီမင်သည် ဆန်းကြယ်ကမ္ဘာ:ကံကြမ္မာဆော့ကစားသူကိုရွေးခဲ့သည်။

ဆန်းကြယ်ကမ္ဘာထဲတွင် ကံကြမ္မာဆော့ကစားသူက အထွတ်အထိပ်ဖြစ်တည်မှုများထဲမှ တစ်ယောက်ဖြစ်သည်။ ၎င်းက ဆန်းကြယ်ကမ္ဘာ၏ကံကြမ္မာကိုထိန်းချုပ်နိုင်ပြီး သက်ရှိအားလုံး၏ကံကြမ္မာကို ဆော့ကစားနိုင်သည်။ ထူးဆန်းပြီး အံ့ဩဖွယ်အရာပင်။

ကျင့်ကြံခြင်းအဆင့်အရ ကံကြမ္မာဆော့ကစားသူက အင်မော်တယ်နယ်ပယ်၏ အကန့်အသတ်နှင့် ညီမျှသည်။

ယခု ချီမင်သည် ဆန်းကြယ်ကမ္ဘာ၏ကံကြမ္မာဆော့ကစားသူဖြစ်လာခဲ့သည်။ သူက ထိုဂိမ်းဇာတ်ကောင် ကိုရလိုက်သည်။ ဇာတ်ရုပ်၏တာဝန်က သဘာဝအတိုင်းဆန်းကြယ်ကမ္ဘာကို ဦးဆောင်ကာ ကမ္ဘာစစ်ကို အနိုင်ရရန်ဖြစ်သည်။

မြင်ကွင်းကပြောင်းလဲသွားသည်။

ဂိမ်းမြေအောက်စခန်း နယ်ပယ်အလုံးစုံစစ်ပွဲ ဆန်းကြယ်ကမ္ဘာ ကံကြမ္မာလှည်းဘီးမြို့တော်။

မြို့လယ်ခေါင်တွင် နက်မှောင်နေသည့်လခြမ်းသဖွယ်မြင့်မားစွာ ထိုးတက်နေသည့် အနက်ရောင်ရဲတိုက် ကြီးတစ်တိုက်ရှိသည်။ ၎င်းက ကံကြမ္မာဆော့ကစားသူ၏ နေရာဖြစ်သည်။ ကံကြမ္မာရဲတိုက်ဟုလည်း ခေါ်သည်။

ချီမင်က မျက်လုံးဖွင့်လာသည်။ သူက သစ်သားခုံတစ်ခုံပေါ်တွင် ထိုင်နေသည်။ သူ့ရှေ့တွင် စတုဂံပုံစံစားပွဲတစ်လုံးရှိပြီးထိုအပေါ်တွင် ကြေးမုံတစ်ချပ်တင်ထား၏။

ကြေးမုံမှတစ်ဆင့် ချီမင်သည် သူ၏အသွင်အပြင်ကိုမြင်လိုက်ရသည်။ ကြေးမုံထဲတွင် ဘယ်ဘက်မျက်လုံး ပေါ်တွင် ရွှေကိုင်းမျက်မှန်တစ်ဖက်ဝတ်ဆင်ထားသည့် ငယ်ရွယ်သည့် မျိုးရိုးမြင့် တစ်ဦးရှိနေသည်။ သူတွင် အနည်းငယ်ရှုပ်ပွနေသောရွှေရောင်ဆံပင်များနှင့် ဖြူဖွေးသည့် အသားအရောင်ကို ပိုင်ဆိုင်ထား၏။ သူတွင် မြင့်မြတ်ပြီး ကျက်သရေရှိသော အရှိန်အဝါမျိုးရှိသည်။

"ကံကြမ္မာဆော့ကစားသူ။"

ချီမင် ကခဏလောက်တွေးမိသွားသည်။ သူက ညာဘက်လက်ကိုမြှောက်လိုက်သည်။ သူ့လက်ကောက်ဝတ်တွင် ဆန်းကြယ်နက်နဲသည့်ကံကြမ္မာပါဝင်သည့်ပြဒါးမြွေလက်ပတ်ကို ဝတ်ဆင်ထားသည်။

သေချာကြည့်လိုက်လျှင် ပြဒါးမြွေလက်ပတ်တစ်ကွင်းလုံးသည် ရှုပ်ထွေးသည့်ပြဒါးသင်္ကေတများ ဖြင့်ဖွဲ့စည်းထားသည့် ကြေးခွံမဲ့ပုံရိပ်ယောင်မြွေတစ်ကောင်ဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။

လက်ပတ်က ချိတ်ဆက်နေသည်။

၎င်းက အော်ရိုဘိုရို့လက်စွပ်အတိုင်းပင်။

ငွေရောင်မြွေလက်ပတ်၏မျက်နှာပြင်ပေါ်တွင် ပိုပြီးတောင်သေးသယ်ထူထဲသည့် ပုံစံကွက်များနှင့် သင်္ကေတများ ဖြင့် ချိတ်ဆက်ကာဖွဲ့စည်းထားသည့် စက်ဝိုင်းဂီယာများရှိသည်။ စက်ဝိုင်းဂီယာ ပတ်လည်တွင် ပိုပြီးတောင် သေးငယ်သည့်မတူညီသည့် တံဆိပ်များ ကပ်ထားသည်။

မတူညီသည့်စက်ဝိုင်းဂီယာများမှာ ယှက်နွယ်ရစ်ပတ်နေသည်မှာ စက်ပစ္စည်းအပိုပစ္စည်းများ ချိတ်တွဲနေသည့်အလားပင်။မှုန်ဝါးမြူမှိုင်းနေသော စက်ဝိုင်းပုံလှည်ဘီးတစ်ခုဟန်ဖွဲ့စည်းထားသည်။ လှည်ဘီး၏ဦးတည်ရာသည် ကံကြမ္မာ၏လမ်းကြောင်းကို ကိုယ်စားပြုသည်။

ဆန်းကြယ်နက်နဲပေသည်။

"ငါ ကံကြမ္မာစည်းမျဉ်းရဲ့စွမ်းအားကို အာရုံခံမိတယ်။" ချီမင်သည် အသက်ပြင်းပြင်းရှုကာ နက်ရှိုင်းစွာကြည့်နေသည်။" ကြောက်ဖို့ကောင်းတယ်။"

"ဒါပေမယ့်"

ချီမင်က ဆိုသည်။" ကံကြမ္မာက ဘယ်လောက်ပဲသန်မာပါစေ ကောင်းကင်နှင့်မြေကြီး မဟာတာအို နဲ့တော့ မယှဉ်နိုင်ဘူး။ ကံကြမ္မာဆိုတာကလည်း ကောင်းကင်နှင့်မြေကြီးမဟာတာအိုရဲ့ အစိတ် အပိုင်းတစ်ခုပဲ။"

"အတွင်းကမ္ဘာ၊အသက်ဝင်။"

ချီမင်သည် အတွေးတစ်ချက်ဖြင့် ကံကြမ္မာဆော့ကစားသူ၏စွမ်းအားကိုသုံးကာ အတွင်းကမ္ဘာကို ဖွင့်လိုက်သည်။ အတွင်းကမ္ဘာသည် ဆန်းကြယ်ကမ္ဘာ၏အထွတ်အထိပ်များ ဖန်တီးခဲ့သော ကမ္ဘာဖြစ်သည်။

ဂိမ်းကမ္ဘာထဲတွင် အထွတ်အထိပ်ဖြစ်တည်မှုများသည် အတားအဆီးများကိုကျော်ဖြတ်ကာ အနီးကပ်တွေ့ဆုံဆက်သွယ်နိုင်သည်။ သူတို့က အရောင်းအဝယ်ကိစ္စများကိုဆောင်ရွက်နိုင်သလို မှော်စွမ်းအရည်အမျိုးမျိုးကိုလည်း သုံးနိုင်သည်။

"ဆန်းကြယ်အရှင်၊အထွတ်အထိပ်ကွင်းဆက်၊ကံကြမ္မာဆော့ကစားသူက အထွတ်အထိပ်အံ့ဖွယ်စွမ်းအားကိုသုံးပြီး အထိပ်အထိပ်ဖြစ်တည်မှုအားလုံးကို ဆန်းကြယ်စုဝေးရာမှာ စုဝေးဖို့ ဆောင်ရွက်လိုက်ပါတယ်။" ချီမင်က အသံနိမ့်နိမ့်ဖြင်ပြောသည်။

ဆန်းကြယ်သည့်အင်အားတစ်ခုက ပျံ့နှံ့လာသည်။ ၎င်းက ဆန်းကြယ်ကမ္ဘာကောင်းကင်တာအို၏ စွမ်းအားဖြစ်သည်။၎င်းက အထွတ်အထိပ်ဖြစ်တည်မှုအားလုံး၏စိတ်အတွင်းသို့ ရောက်ရှိသွားခဲ့သည်။

"ကံကြမ္မာဆော့ကစားသူ"

"အဲ့ဒီကောင်လေးလား။"

"သူ ဘာလုပ်ချင်နေတာလဲ။"

"သူက အထွတ်အထိပ်ဖြစ်တည်မှုအားလုံးကို အထွတ်အထိပ်စွမ်းအားသုံးပြီး စုဝေးလိုက်တာလား။"

"ဘာဖြစ်ကုန်တာလဲ။"

“…”

ချက်ချင်းပဲ အထွတ်အထိပ်(၃၆)ယောက်လုံးမှာ အတွင်းကမ္ဘာထဲသို့ဝင်ရောက်လာသည်။ သူတို့က ချီမင်၏ရှေ့တွင်ပေါ်လာကာ သူ့ကိုကြည့်နေကြသည်။

ချီမင်သည် အထွတ်အထိပ်ဖြစ်တည်မှုအားလုံးကိုကြည့်နေရင်း သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာတော့၏။ သူက ထိုဖြစ်တည်မှုအားလုံးထံမှ ကြောက်မက်ဖွယ်ဖိအားကိုခံစားရသည်။

သူက ပွင့်လင်းစွာပြောသည်။"လူတိုင်းပဲ ။ကျွန်တော်ခင်ဗျားတို့အားလုံးကို စုဝေးလိုက်ရတာက တခြားကမ္ဘာရှစ်ကမ္ဘာကိုစစ်ကြေညာပြီး နောက်ဆုံးတိုက်ပွဲကို စတင်ဖို့ပဲ။"

"ခင်ဗျားတို့မှာ ကန့်ကွက်စရာများရှိပါသလား။"

လူတိုင်း တိတ်ဆိတ်သွားခဲ့၏။

အပ်ကျသံတောင်ကြားနိုင်လေသည်။

“ဟားဟား..."

"ငါသဘောတူတယ်။"

“ဟီးဟီး..."

"ငါလည်း အဲ့လိုလုပ်ချင်နေတာ ကြာပြီ။"

"ငါ အမှောင်နယ်စပ်ကိုတိုက်စားချင်နေတာကြာပြီ။"

"ကံကြမ္မာဆော့ကစားသူ မင်းကဒီလိုမျိုးအရင်ထလုပ်မယ်လို့မထင်ထားဘူး။"

"ငါသဘောတူတယ်။"

"စစ်ကြေညာမယ်။"

"ဒီကမ္ဘာစစ်ပွဲက ပြီးသင့်နေတာကြာပြီ။"

“…”

နောက်တခဏမှာ တခြားသောအထွတ်အထိပ်(၃၆)ယောက်မှာ တိုက်ရိုက်ပဲ ချီမင်၏ ဆွေးနွေးမှုကို သဘောတူလာသည်။

“ကောင်းတယ်၊”

ချီမင်သည် အသက်ပြင်းပြင်းရှုလိုက်ရင်း သူ၏မျက်နှာပေါ်တွင်အပြုံးတစ်ခုပေါ်လာသည်။ သူက အထွတ်အထိပ်များကိုကြည့်ကာ စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။

ယင်းက ချီမင် ဆန်းကြယ်ကမ္ဘာ:ကံကြမ္မာဆော့ကစားသူကိုရွေးချယ်ရခြင်းအကြောင်းအရင်းဖြစ်သည်။ ဆန်းကြယ်ကမ္ဘာ၏အင်အားမှာ သန်မာလွန်းခြင်းကြောင့်ဖြစ်သည်။ ကန့်သတ်ချက်များစွာကြောင့်သာ မဟုတ်ရင် သူတို့က ကမ္ဘာစစ်ပွဲတွင် အနိုင်ရနေတာကြာပြီဖြစ်သည်။

အခု ချီမင်ရောက်လာပြီဖြစ်သည်။ ထိုအထွတ်အထိပ်များကိုကန့်သတ်ထားသည့်ချိန်းကြိုးများကို သူကချိုးဖြတ်လိုက်ပြီဖြစ်သည်။ဆန်းကြယ်ကမ္ဘာ၏စွမ်းအားက လုံးဝကိုပေါက်ကွဲထွက်လာခဲ့သည်။

ကမ္ဘာစစ်ပွဲက အချိန်တိုအတွင်းမှာ ပြီးမြောက်တော့ပေမည်။

ချီမင်သာ တခြားသောဂိမ်းဇာတ်ကောင်ကိုရွေးချယ်ခဲ့လျှင်ပင် သူက တခြားအထွတ်အထိပ်များကို သဘာဝအတိုင်းအနိုင်ယူနိုင်သည်။ သို့ပေမဲ့ ထိုအရာက အချိန်ကြာလွန်းပေသည်။ သူက ဂိမ်းဇာတ်ကောင်တာဝန်ကိုအချိန်တိုအတွင်းမပြီးနိုင်တော့ပေ။သူက သဘာဝအတိုင်းဂိမ်းတာဝန်ကို အချိန်တိုအတွင်းမပြီးဆုံးခဲ့လျှင် ဆုလဒ်လည်းပိုမိုမရရှိနိုင်တော့ပေ။

တစ်ရက်ကြာပြီးနောက်မှာ ချီမင်အပါအဝင် အထွတ်အထိပ်(၃၆)ယောက်သည် ဆန်းကြယ်ကမ္ဘာ၏ စစ်တပ်ကိုဦးဆောင်ခဲ့သည်။ ထို့ပြင် သူတို့က စစ်ကြောင်းရှစ်ကြောင်းခွဲကာ ကမ္ဘာရှစ်ခုကို ဆန်ကျင်၍ ဦးစွာ သူတို့ဘက်မှစတင်တိုက်ခိုက်ခဲ့သည်။

ဂိမ်းမြေအောက်စခန်းအပြင်ဘက်တွင်။

"စတင်နေပြီပဲ။"

ချီမင်က သက်ပြင်းချကာ သူ့ရှေ့မှဂိမ်းမျက်နှာပြင်ကိုကြည့်နေလိုက်သည်။ သူက အသိစိတ်ကိုထိန်းချုပ်ရင်း နယ်ပယ်အလုံးစုံစစ်ပွဲမှ လူတိုင်းကိုသတ်ဖြတ်နေခဲ့သည်။ သူက ပြိုင်ဘက်ကင်းကာ ရန်သူများကိုတစ်ယောက်ပြီးတစ်ယောက်သတ်ဖြတ်နေခဲ့သည်။ ဆန်းကြယ်ကမ္ဘာ၏စစ်တပ်ကိုဦးဆောင်၍ ကျင့်ကြံခြင်းကမ္ဘာ၏ခုခံစစ်ကိုချိုးဖြတ်နေသည်။

"မဆိုးဘူး။" ချီမင်က စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ ရှစ်ရက်မြောက်နေ့ရောက်လာခဲ့သည်။

ချီမင်သည် ဆန်းကြယ်ကမ္ဘာ၏စစ်တပ်ကိုဦးဆောင်က တခြားကမ္ဘာရှစ်ကမ္ဘာကိုဦးဆောင်ခဲ့၏။ သူက ဆန်းကြယ်ကမ္ဘာ၏ကောင်းကင်တာအိုစွမ်းအားကိုသုံးကာ တခြားရှစ်ကမ္ဘာ၏ ကောင်းကင်တာအိုများ ကိုကန့်သတ်ခဲ့သည်။ ဆန်းကြယ်ကမ္ဘာ၏ကောင်းကင်တာအိုကို အဓိကအင်အားအဖြစ်ထားပြီး သူက ကမ္ဘာကိုးခု၏ကောင်းကင်တာအိုကို တစ်ခုတည်းအဖြစ်ပေါင်းစပ်ခဲ့သည်။

ကမ္ဘာများစွာ၏စစ်ပွဲသည် ပြီးဆုံးသွားခဲ့သည်။

ဆန်းကြယ်ကမ္ဘာသည် နောက်ဆုံးတိုက်ပွဲကို အနိုင်ရသွားခဲ့သည်။

ပြင်းထန်သည့်သေကြေမှုများ ရှိခဲ့သည်။အထွတ်အထိပ်(၃၆)ယောက်ထဲမှဆယ့်ခြောက်ယောက်မှာ သေဆုံးသွားခဲ့သည်။ခုနစ်ယောက်မှာ ဒဏ်ရာအပြင်းအထန်ရကာ ကျန်(၁၃)ယောက်မှာတော့ ဒဏ်ရာအသေးစားလေးများရသွားခဲ့၏။ ချီမင်သည်လည်း ဒဏ်ရာရသွားခဲ့သည်။တိုက်ပွဲက မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကိုတွေ့နိုင်လေ၏။

ရှစ်ရက်အတွင်းပြီးသွားသည်ကကို အတော့်ကိုမြန်လွန်းသည်။

တင်း!

"ဂုဏ်ပြုပါတယ်။လက်ခံသူ။ သင် ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့် ဂိမ်းမြေအောက်စခန်း:နယ်ပယ် အလုံးစုံစစ်ပွဲ ကို အောင်မြင်စွာရှင်းလင်းနိုင်ခဲ့ပါတယ်။ ဆုလဒ်များကို စာရင်းပြုစုနေပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"ပြန်ဖို့အချိန်ရောက်ပြီ။"

ချီမင်၏အသိစိတ်တစ်စိတ်တစ်ပိုင်းက ဂိမ်းဇာတ်ကောင်ထဲမှထွက်ကာ အဓိကခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားခဲ့သည်။ ယင်းက အဓိကခန္ဓာကိုယ်၏အသိစိတ်နှင့်ပေါင်းစပ်သွားခဲ့ကာ အားဖြည့်ပေးသွားသည်။

ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း : နယ်ပယ်အလုံးစုံစစ်ပွဲ ထဲမှ ဂိမ်းဇာတ်ကောင်သည် စတင်ပျောက်ကွယ်ကာ အလင်းစက်များအဖြစ်ပြောင်းလဲသွားတော့သည်။ ပေါကြွယ်ဝသည့်စွမ်းအင်များမှာ ဂိမ်းမြေအောက်စခန်းကမ္ဘာတစ်ခုလုံးကိုဖြတ်သန်းသွားလျက် ဟင်းလင်းပြင်လမ်းကြောင်းကို စတင်နောက်ပြန်ရောက်သွားစေသည်။

မတော်ာာတဆမှုတစ်ခုဖြစ်သွားခဲ့သည်။

ချီမင်၏ဂိမ်းဇာတ်ကောင် လက်ကောက်ဝတ်မှ ပြဒါးမြွေလက်ပတ်မှာ ကိုယ်ပိုင်အသိစိတ်ဝင် လာပုံရသည်။ ယင်းက ဆန်းကြယ်သည့်စွမ်းအားကိုစုပ်ယူလိုက်ကာ တဖြည်းဖြည်းပြန်လည်သက်သာလာခဲ့သည်။

၎င်းက ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:နယ်ပယ်အလုံးစုံစစ်ပွဲမှ လွတ်မြောက်ဖို့စတင်ရုန်းကန်လာသည်။ မမြင်စဖူးမကြားစဖူးပေ။

တင်း!

"ရှင်းလင်းရေးဆုလဒ်စာရင်းများပြည့်စုံသွားခဲ့ပါပြီ။"

"ဂုဏ်ပြုပါတယ်။လက်ခံသူ။ အင်မော်တယ်နှစ်ခြင်းအခန်းကို ဖွင့်လှစ်ထားခဲ့သည့်အခြေအနေအောက် တွင် သင် ရွှေအင်မော်တယ်အလယ်ပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:မူလအစတိုက်ကြီးကို ခြောက်ရက်အတွင်း အောင်မြင်စွာရှင်းလင်းနိုင်ခဲ့ပါတယ်။ သင် ဂိမ်းတာဝန်၏ကန့်သတ်ချက်ထက် ကျော်လွန်သွားခဲ့ပါတယ်။ ဆုလဒ်များတိုးမြင့်သွားပါပြီ။"

"ဆုလဒ် : ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစကိုးခုနှင့် ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်တစ်ဆယ်ကွာဒရီလီယန်ရရှိခဲ့ပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

ချီမင်၏အမူအရာက မပြောင်းလဲပေ။ သူက ဆုလဒ်များကိုစိတ်ကျေနပ်သွားခဲ့ပေမဲ့ ထိုသည်က မျှော်လင့်ထားသလောက်သာဖြစ်သည်။

တင်း!

"သတိပေးချက်။ သတိပေးချက်။ သတိပေးချက်။"

ရုတ်တရက် ချီမင်သည် မျက်နှာပြင်ပေါ်မှ အသိပေးချက်တစ်ခုခုန်တက်လာသည်ကိုတွေ့လိုက်ရသည်။ သို့ပါသော်လည်း ၎င်းက မျက်စိကျိန်းဖွယ်အနီရောင်အလင်းတန်းများဖြင့် တောက်ပေနေသည်။ အသိပေးချက်အသံက ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။

"ဒါက..."ချီမင်က ကြောင်သွားတော့၏။"ဘာဖြစ်ကုန်တာလဲ။ ဘာတွေဖြစ်ကုန်ကြတာလဲ။"

တင်း!

"ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:နယ်ပယ်အလုံးစုံစစ်ပွဲတွင်ပြောင်းလဲမှုတစ်ခုရှိလာပါတယ်။ ဂိမ်းဇာတ်ကောင် ကံကြမ္မာဆော့ကစားသူသည် ဂိမ်းမြေအောက်စခန်းထိန်းချုပ်မှုမှ လွတ်မြောက်ကာ ပြန်လည်ရှင်သန်လာခဲ့ပါတယ်။ သူက သက်ဆင်းလာပါတော့မယ်။ လက်ခံသူ ကျေးဇူးပြုပြီး ဂိမ်းဇာတ်ကောင်ကံကြမ္မာဆော့ကစားသူကို ဖျက်သိမ်းပေးပါ။"

"သင် ဖယ်ထုတ်ရန်ကျရှုံးသွားပါက ဂိမ်းမြေအောက်စခန်းက အပြီးတိုင်ပိတ်သိမ်းခံရပါမယ်။ တစ်ချိန်တည်းမှာပဲ လက်ခံသူကလည်း ကောင်းကင်တာအိုထံမှ ရှာတွေ့ခံရပါလိမ့်မယ်။"

"ဒါက..."ချီမင်က ကြောင်သွား၏။"ထိန်းချုပ်မှုလွတ်သွားတာလား။"

ချီမင်က အသက်ပြင်းပြင်းရှုလိုက်သည်။"ဒါ ငါဂိမ်းရှင်းလင်းဖို့လှည့်စားလိုက်တဲ့တန်ကြေးလား။ ဒါပေမဲ့ ငါနယ်ပယ်အလုံးစုံစစ်ပွဲကိုမြန်မြန်ရှင်းလင်းချင်လို့ ကံကြမ္မာဆော့ကစားသူကိုရွေးခဲ့တာလေ။ ငါ ဆန်းကြယ်ကမ္ဘာရဲ့စွမ်းအားကိုသုံးပြီး ဂိမ်းဇာတ်ကောင်တာဝန်ကို မြန်မြန်ရှင်းနိုင်ခဲ့တာပဲလေ။"

“ဒါပေမဲ့အဆုံးမှာတော့..."

"ဒီလိုဖြစ်သွားတာပဲ။ ဆန်းကြယ်ကမ္ဘာက နယ်ပယ်အလုံးစုံစစ်ပွဲဂိမ်းကမ္ဘာမှာ အသန်မာဆုံးကမ္ဘာပဲ။ငါကလည်း ဆန်းကြယ်ကမ္ဘာကိုကူပြီး တခြားကမ္ဘာတွေကိုအနိုင်ယူခဲ့တာပဲ။ ဆန်းကြယ်ကမ္ဘာရဲ့ကောင်းကင်တာအိုက တခြားရှစ်ကမ္ဘာရဲ့ကောင်းကင်တာအိုကို ဝါးမျိုပြီး အသန်မာဆုံးဖြစ်သွားတယ်။ ဒါက ဂိမ်းမြေအောက်စခန်းရဲ့ကန့်သတ်ချက်ထက် ကျော်သွားပြီး ကံကြမ္မာဆော့ကစားသူဂိမ်းဇာတ်ကောင်ကို ဂိမ်းမြေအောက်စခန်းထိန်းချုပ်မှုကနေလွတ်ထွက်စေပြီး အသက်ဝင်လာစေတာပဲ။"

ခရက်! ခရက်!

ရုတ်တရက် ချီမင်၏ရှေ့တွင် နေရာလွတ်ကပြိုကွဲသွားပြီး မရေမတွက်နိုင်သော ငွေရောင် သင်္ကေတများ မှာ လေထုထဲမှထွက်လာခဲ့သည်။ သူက ကံကြမ္မာ၏အရှိန်အဝါနှင့် ကြောက်မက်ဖွယ်ဖိအားကို ခံစားလိုက်ရ၏။

All Chapters