← Chapters

မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အစောပိုင်းအဆင့်၊မဟာစကြဝဠာကမ္ဘာ၊စကြဝဠာကိုပြန်လည်စတင်ခြင်း။

Vol. 26 Ch. 378

မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အစောပိုင်းအဆင့်၊မဟာစကြဝဠာကမ္ဘာ၊စကြဝဠာကိုပြန်လည်စတင်ခြင်း။

Vol. 26 Ch. 378

အချိန်ကုန်ဆုံးသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ နှစ်တစ်ရာကုန်သွားခဲ့သည်။

ယနေ့ နေ့လည်မှာတော့။

တင်း!

"ဖရိုဖရဲမဟာတာအိုကျမ်း:မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အင်မော်တယ်အပိုင်းကို အဆတစ်ဆယ်ကွာထရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်တစ်ရာကြာကျင့်ကြံခဲ့ပါတယ်။ မဟာတာအိုအင်မော်တယ်ဝင်ပေါက်(၁၀၆၀၃၈)ကို တစ်ခုတည်းအဖြစ်အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပါတယ်။ သင့်ရဲ့ဓမ္မစွမ်းအားများအားလုံးက သန့်စင်သွားပါပြီ။ သင့်ရဲ့ခွန်အားများတိုးတက်သွားပါပြီ။ သင် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အစောပိုင်းအဆင့်သို့ ချိုးဖြတ်နိုင်ခဲ့ပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

ချီမင်က အသိပေးချက်ကိုမြင်တော့ အင်မတန်စိတ်ကျေနပ်သွားသည်။ အတွေးတစ်ချက်ဖြင့် သူ၏ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပေါ်နားလည်မှုများနှင့် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်၏နက်နဲမှုများစွာတို့မှာ စိတ်ထဲသို့တဟုန်ထိုးဝင်လာတော့သည်။

ထိုအခိုက်တွင် မဟာတာအိုအင်မော်တယ်ဝင်ပေါက်(၁၀၆၀၃၈)တို့မှာ ချီမင်၏ခန္ဓာကိုယ်တွင် ပေါ်လာခဲ့သည်။ မဟာတာအိုအင်မော်တယ်ဝင်ပေါက်များမှာ အတွင်းကမ္ဘာအစစ်များ မယှဉ်သာလောက်သည့် မဖော်ပြနိုင်လောက်သောစွမ်းအားများပါဝင်သည်။ ၎င်းတို့က အတော်လေးစွမ်းအားကြီးပြီး အင်မတန်ကြောက်မက်ဖွယ်ကောင်းသည့်အဆင့်သို့ ရောက်နေပေပြီ။

ထို့ပြင် စုစုပေါင်းမဟာတာအိုသာလွန်သူပေါင်း(၁၀၆၀၃၈)ယောက်ရှိပြီး မတူညီသည့် အံ့ဖွယ်စွမ်းအားပေါင်း(၁၀၆၀၃၈)ကို ကိုယ်စားပြုသည်။ အံ့ဖွယ်စွမ်းအားဓမ္မရုပ်တုများ ပေါ်လာတော့သည်။

"ဒါက..."

"သခင်အဆင့်တက်တော့မယ်။"

"မြန်မြန်။"

"ကောင်းကင်သံသရာကြယ်တာရာအစီအရင်ကို အသက်သွင်းကြ။"

"ဖွင့်စမ်း"

“…”

ပထမဆုံး မြေနီမှုန့်နှင့်ကျန်သောသူများကချီမင်၏အရှိန်အဝါပြောင်းလဲမှုကို အာရုံခံမိလိုက်သည်။ သူတို့က လက်ချိတ်စည်းများကိုဖွဲ့စည်းလျက် ကောင်းကင်သံသရာကြယ်တာရာအစီအရင်ကို အသက်သွင်းကာ ချီမင်၏အရှိန်အဝါကိုဖုံးကွယ်လိုက်သည်။

သိပ်မကြာခင်မှာပဲ အတက်အကျများက ငြိမ်သက်သွားသည်။

နောက်တော့ ချီမင်က လျင်မြန်စွာဖြင့်အဆင့်ချိုးဖြတ်ကာ သူ၏ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်အောင်လုပ်လိုက်သည်။

အများကြီးစိုးရိမ်စရာတော့မလိုပေ။

တစ်လကြာသွားခဲ့သည်။

ချီမင်က မျက်လုံးဖွင့်လာသည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏ဆန်းကြယ်မှုများထဲတွင် ကမ္ဘာကြီး၏နက်နဲမှုနှင့်အမှန်တရားများပါဝင်နေသည်။

သူက ကျင့်ကြံခြင်းအဆင့်ကိုတည်ငြိမ်အောင်လုပ်ကာ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ် အစောပိုင်းအဆင့်၏စွမ်းအားကိုနားလည်အောင်လုပ်လိုက်သည်။ သူက အံ့ဖွယ်စွမ်းအားများနှင့် နည်းစနစ်များကို ပြီးပြည့်စုံစွာနားလည်သွားခဲ့သည်။

“အရမ်းကောင်းတယ်။”

ချီမင်သည် သူ၏အင်အားတိုးတက်လာခြင်းကိုခံစားမိတော့ပိုပြီးတောင်ကျေနပ်သွားရ၏။ သူ၏နှုတ်ခမ်းထောင့်များက အနည်းငယ်ကွေးတက်လာသည်က သူ၏စိတ်အခြေအနေကောင်းနေခြင်း ကိုညွှန်ပြနေသည်။

တစ်ချိန်တည်းမှာ ချီမင်က အသိပေးချက်များကိုတစ်ခုပြီးတစ်ခု လက်ခံရရှိခဲ့သည်။ အလိုအလျောက်ကျင့်ကြံခြင်းစနစ်တွင်ပြောင်းလဲမှုများပေါ်လာသည်။ သူက အသိပေးချက်များကို ဂရုတစိုက်ဖတ်နေလိုက်သည်။

တင်း!

"လက်ခံသူရဲ့ ကျင့်ကြံခြင်းအဆင့်က မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အစောပိုင်းအဆင့်သို့ တိုးတက်သွားပါပြီ။အလိုအလျောက်ကျင့်ကြံခြင်းအဆင့်ရဲ့ အမြင့်ဆုံးမြှင့်တင်မှုအခြေအနေက တစ်ဆယ်ကွာဒရီလီယန်မှ တစ်ရာကွာဒရီလီယန်အဆင့်အထိ ဖြစ်သွားပါပြီ။"

…

တင်း!

"လက်ခံသူရဲ့ ကျင့်ကြံခြင်းအဆင့်က မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အင်မော်တယ်အစောပိုင်း အဆင့်သို့ တိုးတက်သွားပါပြီ။သင် မဟာာတာအိုအင်မော်တယ်ဝင်ပေါက်ပေါင်း(၁၀၆၃၀၈)ကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ကောင်းကင်နှင့်မြေကြီးမဟာတာအိုကို အင်မော်တယ်ခန္ဓာနှင့်ပေါင်းစပ်နိုင်ခဲ့သောကြောင့် လက်ခံသူ၏ခန္ဓာ၊ဝိညာဉ်၊စစ်မှန်ဝိညာဉ်နှင့် အသိစိတ်တို့သည် ကြီးမားစွာတိုးတက်ခဲ့ပါတယ်။ သင် မသေတော့သလို ကြီးရင်တော့မည်လည်းမဟုတ်ပါ။ သင် ထာဝရရှင်သန်နိုင်ပါတယ်။ မြှင့်တင်မှုတိုင်းအတွက် အဆင့်နိမ့်အင်မော်တယ်သလင်းကျောက်ဆယ်လုံးလိုအပ်ပါတယ်။"

…

တင်း!

"လက်ခံသူရဲ့ ကျင့်ကြံခြင်းအဆင့်က မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အစောပိုင်းအဆင့်သို့ တိုးတက်သွားပါပြီ။အလိုအလျောက်ကျင့်ကြံခြင်းအဆင့်ရဲ့ အမြင့်ဆုံးမြှင့်တင်မှုအခြေအနေက တစ်ဆယ်ကွာဒရီလီယန်မှ တစ်ရာကွာဒရီလီယန်အဆင့်အထိ တိုးမြှင့်နိုင်သွားပါပြီ။"

…

တင်း!

"လက်ခံသူရဲ့ကျင့်ကြံခြင်းအဆင့်က မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အင်မော်တယ် အစောပိုင်း အဆင့်ထိ တိုးတက်သွားကြောင်းစစ်ဆေးမိပါတယ်။ ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်ဂိမ်း မြေအောက်စခန်း:နယ်ပယ်အလုံးစုံစစ်ပွဲကိုရှင်းလင်းရာမှရရှိမည့်ဆုလဒ်များလျော့ကျသွားပါပြီ။ သင် ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်တစ်ရာကွာဒရီယန်သုံးပြီး အင်မော်တယ်နယ်ပယ် ဂိမ်းမြေအောက်စခန်းအသစ်ကို ဖွင့်လှစ်နိုင်ပါတယ်။"

…

တင်း!

"လက်ံသူရဲ့အရည်အချင်းက အထက်ကမ္ဘာအဆင့်ရဲ့အကန့်အသတ်ထိရောက်ရှိသွားပါပြီ။ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏ ခန္ဓာ၊ဝိညာဉ်၊စိတ်ဝိညာဉ်နှင့်အသိစိတ်တို့ကို မြှင့်တင်ပေးမှုကလည်း အကန့်အသတ်သို့ရောက်ရှိသွားပါပြီ။ သင့်ရဲ့အရည်အချင်းက အကန့်အသတ်သို့ရောက်ရှိသွားပါပြီ။ သင်ထပ်မံမတိုးတက်နိုင်တော့ပါ။ လက်ခံသူသာမဟာတာအိုကိုမရသေးမချင်း သင့်ရဲ့အရည်အချင်းက အသင်္ချေကမ္ဘာနယ်ပယ်ကိုမရောက်နိုင်တော့ပါ။"

…

"ငါအဓိကအဆင့်ကြီးတစ်ဆင့်ချိုးဖြတ်တိုင်း အလိုအလျောက်ကျင့်ကြံခြင်းစနစ်ကပြောင်းလဲတယ်။"

ချီမင်ကခဏလောက်တွေးကာဆိုသည်။"အသင်္ချေကမ္ဘာနယ်ပယ်။ မဟာတာအိုမရမချင်း၊ ငါ အင်မော်တယ်နယ်ပယ်အဆင့်ကိုချိုးဖြတ်ပြီးရင်တာအိုကိုမတည်ဆောက်ခင်မှာ ကောင်းကင်အရှင်နယ်ပယ်ထဲကိုရောက်မှာ။"

"အသင်္ချေကမ္ဘာနယ်ပယ်က အထက်ကမ္ဘာကန့်သတ်ချက်ထက်ကျော်တယ်။"

"ပြီးတော့.."ချီမင်က ဆက်ပြီးပြောသည်။"ငါကျင့်ကြံခြင်းအဆင့်တိုးမြှင့်ပြီး မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်ရောက်သွားခဲ့ပြီ။ ရွှေအင်မော်တယ်အဆင့်တုန်းကထက် အင်မော်တယ်သလင်းကျောက်လိုတာ အဆတစ်ရာတိုးသွားတယ်။"

"ငါ အဆင့်မြင့်အင်မော်တယ်သလင်းကျောက်(သန်း၁၀၀)ထည့်ပြီး ဖရိုဖရဲမဟာတာအိုကျမ်း:မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အပိုင်းကိုကျင့်ကြံမယ်။"

တင်း!

"ဖရိုဖရဲမဟာတာအိုကျမ်း:မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အပိုင်းကို အဆ(၁၀၀)ကွာဒရီလီယန်မြှင့်တင်မှုအောက်တွင်ကျင့်ကြံနေပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"အင်မော်တယ်သလင်းကျောက်တွေဆက်ထည့်မယ်။ကိုယ်ပိုင်အင်မော်တယ်ရတနာတွေကို သန့်စင်မယ်။" ချီမင်က ဆက်ပြောသည်။"ဖရိုဖရဲမဟာတာအိုကျမ်းကိုတွက်ချက်မယ်။"

တင်း!

"ဖရိုဖရဲမဟာတာအိုဓားကြာပွင့်ကို အဆ(၁၀၀)ကွာဒရီလီယန်မြှင့်တင်မှုအောက်တွင် သန့်စင်နေပါတယ်။"

…

တင်း!

"ဖရိုဖရဲကမ္ဘာဖျက်ဓားကို အဆ(၁၀၀)ကွာဒရီလီယန်မြှင့်တင်မှုအောက်တွင် သန့်စင်နေပါတယ်။"

…

တင်း!

"ဖရိုဖရဲပုကျုံးတောင်ကို အဆ(၁၀၀)ကွာဒရီလီယန်မြှင့်တင်မှုအောက်တွင် သန့်စင်နေပါတယ်။"

…

တင်း!

"ဖရိုဖရဲမဟာတာအိုကျမ်းကို အဆတစ်ရာကွာဒရီလီယန်မြှင့်တင်မှုအောက်တွင် တွက်ချက်နေပါတယ်။"

…

တင်း!

"ကောင်းကင်သံသရာကြယ်တာရာအစီအရင်က.."

…

ချီမင်က အင်မော်တယ်သလင်းကျောက်များသုံးကာ ကျင့်ကြံခြင်း၊လက်နက်သန့်စင်ခြင်းနှင့်နည်းစနစ်များ၊အံ့ဖွယ်စွမ်းအားကိုတွက်ချက်နေခဲ့သောကြောင့် သူ့ရှေ့တွင် အသိပေးချက်များတစ်ခုပြီးတစ်ခုပေါ်လာခဲ့သည်။

"ငါ အဆင့်မြင့်အင်မော်တယ်သလင်းကျောက်တစ်ရာကွာဒရီလီယန်ထည့်ပြီး ဂိမ်းမြေအောက်စခန်းအသစ်ကိုဖွင့်မယ်။"

တင်း!

"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"

"မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အစောပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:မဟာစကြဝဠာကမ္ဘာကိုအောင်မြင်စွာအသက်သွင်းနိုင်ခဲ့ပါတယ်။"

"သင် ဝင်ရောက်နိုင်ပါပြီ။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"ဝင်မယ်။"

ချီမင်က အသိပေးချက်ကိုကြည့်ကာ အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းထဲသို့ဝင်သွားတော့၏။ ချီမင်၏မျက်လုံးထဲတွင် ပုံရိပ်များပေါ်လာခဲ့သည်။

မဟာစကြဝဠာကမ္ဘာသည် နည်းပညာယဉ်ကျေးမှုအဖွဲ့အစည်းဖြစ်သည်။ ၎င်းတွင် မယှဉ်သာလောက်အောင်ကျယ်ပြန့်သည့် ကြယ်တာရာကောင်းကင်ကြီးရှိသည်။ ကမ္ဘာမြေမှာရှိသော စကြဝဠာကြီးနှင့်မခြားနားပေ။

၎င်းက နတ်ဘုရားများနှင့်အင်မော်တယ်များနှင့် အထူးနည်းပညာများထွန်းကားသည့် စကြဝဠာကြီးတစ်ခုဖြစ်သည်။ နတ်ဘုရားများနှင်အင်မော်တယ်များထက်သန်မာသည့် နည်းပညာများစွာပါသည်။

ကမ္မလက်နက်၊ကြယ်ဖြိုခွင်းစနစ်၊ဒိုင်မေးရှင်းလက်နက်...

နည်းပညာအသစ်များပေါ်ပေါက်လာလေ ပဋိပက္ခများပြားလာခဲ့သည်။ ကြယ်တာရာစစ်ပွဲများဖြစ်ပွားခဲ့ရပြီး လက်နက်မျိုးစုံကိုသုံး၍ မဟာစကြဝဠာကမ္ဘာကြီးတွင် အပေါက်များပြည့်နှက်သွားခဲ့ရသည်။

ဒိုင်မေးရှင်းလက်နက်များကပိုပြီးများပြားလာသောကြောင့်လည်းမဟာစကြဝဠာကမ္ဘာ၏မျက်နှာပြင်များမှာ လျော့ကျလာရသည်။ မဟာစကြဝဠာကမ္ဘာကြီး၏အချိန်နှင့်နေရာလွတ်ပြိုကွဲမသွားစေဖို့ ယဉ်ကျေးမှုအမြင့်ဆုံးအဖွဲ့အစည်းကိုးဖွဲ့က ပူးပေါင်းကာ ယဉ်ကျေးမှုမဟာမိတ်ဟုခေါ်သည့် အုတ်မြစ်ကို ဖွဲ့စည်းခဲ့သည်။ သူတို့က ပြန်လည်စတင်ခြင်းကိုအစီအစဉ်ဆွဲပြီး မဟာစကြဝဠာကြီးကို ပြန်လည်မွေးဖွားစေချင်ခဲ့သည်။

"မဟာစကြဝဠာကမ္ဘာ"

ချီမင်က မဟာစကြဝဠာကမ္ဘာကြီး၏အချက်အလက်များကိုသိသွားခဲ့သည်။ သူက ဂိမ်းမြေအောက်စခန်းကိုအခြေခံအားဖြင့်နားလည်သွားခဲ့သည်။"ဒါက နယ်ပယ်အလုံးစုံစစ်ပွဲနဲ့ဆင်တာပဲ။ နှစ်ခုလုံးက နည်းပညာတွေတိုးတက်နေပြီ။"

"နည်းပညာတိုးတက်လာတာက နည်းနည်းတော့ပိုအကြမ်းဖျင်းဆန်တယ်။ မဟာစကြဝဠာကမ္ဘာကတော့ ဘက်ပေါင်းစုံက ပိုသာတယ်။"

"မဟာစကြဝဠာကမ္ဘာရဲ့နည်းပညာတိုးတက်မှုက ကောင်းကင်တာအိုနယ်ပယ်ထိတောင် အကြမ်းဖျင်းရောက်နေပြီ။"

ချီမင်၏ရှေ့တွင် ဂိမ်းမြင်ကွင်းများပေါ်လာပြန်သည်။ မျက်နှာပြင်တိုင်းက ချီမင်ရွေးချယ်နိုင်သည့် ဂိမ်းဇာတ်ကောင်ကိုကိုယ်စားပြု၏။

သူက ဂရုတစိုက်လေ့လာလိုက်သည်။

မတူညီသည့်ဂိမ်းဇာတ်ကောင်ကိုးကောင်ရှိသည်။

သူတို့က မဟာစကြဝဠာကမ္ဘာကြီး၏ယဉ်ကျေးမှုအဖွဲ့အစည်းအမြင့်ဆုံးကိုးခုကိုကိုယ်စားပြုသည်။ ဂိမ်းဇာတ်ကောင်ကိုရွေးချယ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းဆီဝင်ရောက်ကာ သက်ဆိုင်ရာဆုလဒ်ကို ရနိုင်လေသည်။

တင်း!

"သင် ထိပ်တန်းအဆင့် အင်မော်တယ်သလင်းကျောက်တစ်ရာကွာဒရီလီယန်သုံးပြီး အင်မော်တယ်ဂိမ်းမြေအောက်စခန်း နှစ်ခြင်းအခန်းကို ဖွင့်နိုင်ပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"ဖြည့်မယ်။"

တင်း!

"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"

"အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းနှစ်ခြင်းအခန်းကို အောင်မြင်စွာအသက်သွင်းလိုက်နိုင်ပါတယ်။"

ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်(၁၀၀)ကွာဒရီလီယန်သည် စွမ်းအင်များအဖြစ်ပြောင်းလဲပြီး ချီမင်၏စိတ်ထဲသို့တိုးဝင်သွားတော့၏။ အသိစိတ်တစ်စိတ်တစ်ပိုင်းက အဓိကအသိစိတ်ထဲမှထွက်လာခဲ့သည်။

ချီမင်က ဂိမ်းဇာတ်ကောင်တစ်ကောင်ကိုရွေးလိုက်သည်။

သူက ထူးဆန်းသည်ကိုရှာတွေ့သွားသည်။

မတူညီသည့်ဂိမ်းဇာတ်ကောင်များသည်မတူညီသည့်ယဉ်ကျေးမှုအဖွဲ့အစည်းများကိုကိုယ်စားပြုသည်။ သို့ပါသော်လည်း ဂိမ်းဇာတ်ကောင်ကိုးကောင်လုံး၏တာဝန်ကတူညီသည်။

ချီမင်ဘယ်ဂိမ်းဇာတ်ကောင်ရွေးရွေး မဟာစကြဝဠာကမ္ဘာကိုရှင်းလင်းဖို့က စကြဝဠာကိုပြန်လည်စတင်ဖို့ပင်။

“သူလား။”

ချီမင်၏အကြည့်က လူသားပုံစံဂိမ်းဇာတ်ကောင်ပေါ်သို့ကျသွားသည်။ ထိုဂိမ်းဇာတ်ကောင်က အင်မတန်ထူးခြားသည့်သံချပ်ကာကိုဝတ်ဆင်ထားပြီး သူ့မျက်လုံးများသာ ဖော်ပြထားသည်။

သူက နည်းပညာလက်နက်အားလုံးကိုကိုင်ဆောင်ထားသည်။

ထိုဂိမ်းဇာတ်ကောင်က စက်မှုယဉ်ကျေးမှု:အဆုံးသတ်သူဖြစ်သည်။

သူဂိမ်းဇာတ်ကောင်ကိုရွေးပြီးသည်နှင့် ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက် (၁၀၀)ကွာဒရီလီယန်သုံးပြီး ဂိမ်းဇာတ်ကောင်ကိုတည်ဆောက်လိုက်သည်။ သူ၏အသိစိတ်တစ်စိတ်တစ်ပိုင်းက ဂိမ်းဇာတ်ကောင်ထဲသို့ဝင်သွားခဲ့သည်။

မြင်ကွင်းကပြောင်းလဲသွားသည်။

မဟာစကြဝဠာကမ္ဘာထဲတွင် စက်မူယဉ်ကျေးမှုရဲ့ကြယ်ကွင်းပြင် မြင့်မြတ်ကြယ်စနစ်တွင်။

အထီးကျန်စကြဝဠာထဲတွင် ချီမင်ပေါ်လာသည်။ သူက စက်မူယဉ်ကျေးမှု အဆုံးသတ်သူဂိမ်းဇာတ်ရုပ်ကိုရသွားခဲ့သည်။သူက မြင့်မြတ်ကြယ်စနစ်တွင် ရပ်နေခဲ့သည်။

ချီမင်၏မျက်လုံးများက ကျယ်ပြန်တိတ်ဆိတ်သည့် စကြဝဠာကြီးကိုမြင်လိုက်ရသည်။ သူ့အနားတွင် စက်မှုဂြိုဟ်တစ်ခုရှိပြီး ခမ်းနားသည့်မြင်ကွင်းတစ်ခုပင်။

"ဂိမ်းတာဝန်က စကြဝဠာကိုပြန်လည်စတင်ဖို့ပဲ။"

ချီမင်က မျက်လုံးပိတ်လိုက်သည်။ သူက အံ့ဖွယ်စွမ်းအားများကို နည်းပညာယဉ်ကျေးမှုအဖွဲ့အစည်းဖြစ်သည့်စက်မှုယဉ်ကျေးမှု:အဆုံးသတ်သူနှင့်ပေါင်းစပ်ကာ ကမ္ဘာကြီး၏ကောင်းကင်တာအိုကို အာရုံခံလိုက်သည်။သူက မပြောခင်ခဏလောက်စဉ်းစားလိုက်သေးသည်။"လက်ရှိအခြေအနေအရတော့ သိပ်မကောင်းတော့ဘူး။ ဒီဂိမ်းမြေအောက်စခန်းကိုရှင်းလင်းဖို့ စကြဝဠာကြီးကိုပြန်စတင်တယ်ဆိုတာက ပိုပြီးခက်ခဲတာပဲ။"

" အရေးကြီးဆုံးကတော့ ငါ့မှာဆယ်ရက်ပဲအချိန်ရတာပဲ။ ငါဒီတာဝန်ကိုပြီးစီးပြီး ဆုလဒ်တွေအကောင်းဆုံးအဆင့်ထိရဖို့ကဆယ်ရက်အတွင်း ပြီးဖို့လိုတယ်။ ဒါပေမဲ့ ရတဲ့အချိန်ကတကယ့်ကို တိုလွန်းတယ်။"

All Chapters