မဟာမိတ်ပြိုင်ပွဲ၊အခြားသောယဉ်ကျေးမှုအဖွဲ့အစည်းများ၏အုပ်ချုပ်သူ ရှစ်ဦးနှင့်ပြိုင်ဆိုင်ခြင်း၊အထွတ်အထိပ်ခေါင်းဆောင်။
Vol. 26 Ch. 379
ချီမင်က အတွေးနက်သွားခဲ့သည်။ သူက စကြဝဠာပြန်လည်စတင်မည့်အစီအစဉ်ကိုစဉ်းစားနေခဲ့၏။
တကယ်တော့။
အထွတ်အထိပ်ယဉ်ကျေးမှုအဖွဲ့အစည်းကိုးခုသည် စကြဝဠာပြန်လည်စတင်မည့် အစီအစဉ်ကို တွေးတောမိပြီးနောက်မှာ သူတို့က အစီအစဉ်အတွက် ပြင်ဆင်မှုများပြုလုပ်နေခဲ့သည်မှာကြာပြီ ဖြစ်သည်။
ထို့ပြင် အစီအစဉ်တစ်ခုလုံးက အင်မတန်ပြည့်စုံလေသည်။
အကယ်၍ သူတို့သာ စကြာဝဠာကို ပြန်လည်စတင်ခြင်းဆိုသည့် ကြီးကျယ်ခမ်းနားလှသော လုပ်ငန်းစဉ်ကြီးကို အလုံးစုံပြီးမြောက်အောင်မြင်စေချင်ပါက၊ သူတို့ရဲ့ အတိတ်က အမုန်းတရားများကို စွန့်လွှတ်ပြီး၊ နည်းပညာဆိုင်ရာ နည်းလမ်းမှန်သမျှကို အစွမ်းကုန် ထုတ်ဖော်အသုံးချနိုင်ဖို့ လုံးဝဥဿုံ ပူးပေါင်းလက်တွဲကြရမည်ဖြစ်သည်။
သို့ပေမဲ့ ရှင်းလင်းနေသည်က။
အထွတ်အထိပ်ယဉ်ကျေးမှုအဖွဲ့အစည်းများကိုးခုကြားမှ ပဋိပက္ခများက ကြီးမားသည်။သူတို့ အမှန်တကယ်ပူးပေါင်းနိုင်ဖို့ ခက်ခဲ၏။ သူတို့ကြားမှာ သံသယမျိုးစုံရှိနေကြဆဲဖြစ်ပြီး အတော်လေးကြီးမားသည့်ပဋိပက္ခများရှိခဲ့သည်။
ထိုအခြေအနေအောက်တွင် သူတို့က စကြဝဠာပြန်လည်စတင်ခြင်းကိုအကောင်အထည်ဖော်ဖို့ အင်မတန်ခက်ခဲပေသည်။
ချီမင်က ခေါင်းမော့ကာ မပြောခင်ခဏလောက်စဉ်းစားလိုက်သည်။"ငါ့ လက်ရှိပြဿနာက အထွတ်အထိပ်ယဉ်ကျေးမှုအဖွဲ့အစည်းကိုးခုကို သူတို့ရဲ့အမုန်းတရားတွေကို လွတ်ချဖို့ ဘယ်လိုနားချရမလဲဆိုတာနဲ့ စကြဝဠာပြန်လည်စတင်ခြင်းအစီအစဉ်ကိုအကောင်အထည်ဖော်ဖို့ လက်တွဲလုပ်ဆောင်ဖို့ကို ဘယ်လိုပူးပေါင်းဆောင်ရွက်ရမလဲဆိုတာပဲ။"
ထိုအခိုက်တွင် ချီမင်သည်စွမ်းအားကြီးအသက်စွမ်းအား တစ်ခုချည်းကပ်လာသည်ကို ခံစားမိ လိုက်သည်။ သူ့ရှေ့မှနေရာလွတ်ထဲတွင် လှုပ်ခတ်မှုများပေါ်လာခဲ့သည်။ သူ့မြင်ကွင်းထဲတွင် ဂြိုဟ်တစ်လုံးအရွယ်အစားရှိသည့် သင်္ဘောတစ်စင်းပေါ်လာသည်။
သင်္ဘောကိုယ်ထည်က သံကဲသို့မည်းနက်နေပြီး အရွယ်အစားကလည်း ကျစ်လစ်သည်။ မမြင်နိုင်သည်အတားအဆီးတစ်လွှာနှင့်ဖုံးကွယ်ထားသေးသည်။ အလင်းများဖြာထွက်နေပြီး စိတ်ကူးယဉ်ဆန်သည့်နည်းပညာများနှင့် ပြည့်နှက်နေသည်။
ချက်ချင်းဆိုသလိုပင် သင်္ဘော၏ခေါင်းပိုင်းတွင် အထူးကုန်ကြမ်းဖြင့်ပြုလုပ်ထားသည့် အစိုင်အခဲအခြေအနေမှသည် အရည်အခြေအနေသို့ပြောင်းလဲသွားသည်။ ၎င်းက မာကျူရီများစီးဆင်းလာသည့်အလား ကြီးမားသည့်ဘဲဥပုံခေါင်းတစ်ခေါင်းအဖြစ်ပြောင်း သွားတော့သည်။
ထိုအရာက မျက်လုံးဖွင့်လိုက်ပြီး ကြီးမားသည့်အပြာရောင်လျှပ်စစ်မျက်လုံးများဖြင့် ချီမင်ကို ကြည့်နေသည်။
"လေးစားရပါသော စက်မှုအရှင် အဆုံးသတ်သူ။"
သူ့အသံက လေးစားမှုများဖြင့်ပြည့်နှက်နေခဲ့သည်။"အချိန်က အရမ်းကပ်နေပါပြီ။ ကျေးဇူးပြုပြီး စက်မှုနေရာလွတ်သယ်ဆောင်ရာနေရာထဲဝင်ပေးပါ။သင့်ကို ပြန်လည်စတင်ဖန်တီးခြင်းအစီအစဉ်ဆီကို ပို့ပေးပါမယ်။ သင်တခြားအထွတ်အထိပ်ယဉ်ကျေးမှုအဖွဲ့အစည်း ရှစ်ခုက အုပ်ချုပ်သူရှစ်ဦးနဲ့ တွေ့ရပါဦးမယ်။"
ချီမင်က အကြည့်ပြန်ခွာလိုက်သည်။သူ့စိတ်ထဲတွင် သက်ဆိုင်ရာမှတ်ဉာဏ်များပေါ်လာသည်။ "သွားကြစို့။"
သူ့ပုံရိပ်က နေရာမှာတင်ပဲ ပျောက်ကွယ်သွားခဲ့သည်။ နောက်တခဏမှာ သူက စက်မှုနေရာလွတ်သယ်ဆောင်ရာ၏ ထိန်းချုပ်ခန်းထဲသို့ဝင်သွားပြီး အမြင့်မားဆုံးအမိန့်ပေးခုံမှာထိုင်လိုက်သည်။
“အုပ်ချုပ်သူ!”
“အုပ်ချုပ်သူ!”
“…”
ပတ်ဝန်းကျင်တွင် စက်မှုယဉ်ကျေးမှုအဖွဲ့အစည်း၏အခြားသောအဖွဲ့ဝင်များလည်းရှိသည်။ သူ့တို့ခန္ဓာကိုယ်များက စက်ကိရိယာများဖြင့်ဖွဲ့စည်းထားပြီး လူသားပုံသဏ္ဍာန်များရှိသည်။ သူတို့က ချီမင်ကိုဦးညွှတ်ကာ လေးစားစွာပြောသည်။
"သွားကြစို့။"
"ဟုတ်ကဲ့”
"ဟုတ်ကဲ့”
"အချိန်နေရာလွတ်ခရီးကို အသက်သွင်း။"
“…”
ဆွစ်!
နောက်တခဏမှာ ပတ်ဝန်းကျင်နေရာလွတ်က ကြီးမားစွာဖြင့် ပြိုကွဲသွားခဲ့သည်။ စက်မှုသယ်ဆောင်ရာ၏တစ်ကိုယ်လုံးက ထိုအချိန်နေရာလွတ်အပေါက်ထဲသို့ လျင်မြန်စွာဖြင့် ကျဆင်းသွားခဲ့သည်။သူတို့က အချိန်နေရာလွတ်ဥမင်ကို အောင်မြင်စွာဖြင့်တည်ဆောက်သွားနိုင် ခဲ့သည်။ ၎င်းက နေရာမှထွက်ခွာသွားပြီး ပြန်လည်စတင်ဖန်တီးခြင်းဆီသို့ဦးတည်လိုက်သည်။
အခုထက်ထိတော့ အထွတ်အထိပ်ယဉ်ကျေးမှုအဖွဲ့အစည်းကိုးခုက စကြဝဠာကိုပြန်လည်စတင်ဖို့ ပြည့်စုံသည့်အစီအစဉ်ကိုချမှတ်ထားသည်။သူတို့က အကောင်အထည်တော့မဖော်နိုင်သေးပေ။
ပိုပြီးအရေးကြီးသည်က။
လက်ရှိ မဟာစကြဝဠာကမ္ဘာသည် အပေါက်များဖြင့် ပြည့်နှက်နေခဲ့သည်။ ကြယ်တာရာမျိုးစုံနှင့်ဂလက်စီမျိုးစုံတို့ တွင် ဖျက်ဆီးခံထားရသည့်မြင်ကွင်းများပြည့်နေပြီး ယိုယွင်းကျဆင်းသည့်အငွေ့အသက်များ ဖြစ်ပေါ်နေသည်။
သူတို့က စကြဝဠာကိုပြန်အသက်သွင်းမည့်အစီအစဉ်ကိုအကောင်အထည်မဖော်ရသေးလျှင် မဟာစကြဝဠာကမ္ဘာတစ်ခုလုံးက ပျက်ကိန်းဆိုက်ရပေလိမ့်မည်။
ကမ္ဘာသာ ဖျက်ဆီးခံလိုက်ရရင် ဘယ်သူမှမလွတ်မြောက်နိုင်ပေ။
ယဉ်ကျေးမှုအဖွဲ့အစည်းကိုးခုလည်းမလွတ်မြောက်နိုင်ပေ။
အချိန်က ကုန်ဆုံးနေသည်။
အထွတ်အထိပ်ယဉ်ကျေးမှုအဖွဲ့အစည်းကိုးခုက အဓိကဆုံးဖြတ်ချက်တစ်ချက်ကိုချလိုက်သည်။ အထွတ်အထိပ်ယဉ်ကျေးမှုအဖွဲ့အစည်းကိုးခုကြားတွင် ပဋိပက္ခများရှိပြီး တစ်ဖက်ကိုတစ်ဖက် အလျော့မပေးလိုသည့်အတွက် သူတို့က မဟာမိတ်ပြိုင်ပွဲကြီးကိုကျင်းပခဲ့သည်။
အထွတ်အထိပ်ယဉ်ကျေးမှုအဖွဲ့အစည်းကိုးဖွဲ့က သူတို့ယုံကြည်ရသည့် အသန်မာဆုံးအုပ်ချုပ်သူကို စေလွတ်ခဲ့သည်။
မဟာမိတ်ပြိုင်ပွဲ၏နောက်ဆုံးအနိုင်ရသူက ပြန်လည်စတင်ခြင်းမဟာမိတ်၏ခေါင်းဆောင် ဖြစ်လာမည်ဖြစ်ပြီး အထွတ်အထိပ်ယဉ်ကျေးမှုအဖွဲ့အစည်းကိုးဖွဲ့ကို ဦးဆောင်ရမည်ဖြစ်သည်။ မဟာစကြဝဠာတစ်ကမ္ဘာလုံး၏အထွတ်အထိပ်ခေါင်းဆောင်သည် အဖွဲ့အစည်းအားလုံးကိုဦးဆောင်ပြီး စကြဝဠာကိုပြန်လည်စတင်ကာ သူတို့ကို ပိုမိုကောင်းမွန်သည့်အနာဂတ်သို့ ခေါ်ဆောင်သွားရပေမည်။
"ငါ မဟာမိတ်ပြိုင်ပွဲမှာ ပါဝင်ဖို့လိုတယ်။" ချီမင်က အသံနိမ့်နိမ့်ဖြင်ပြောသည်။
သူက စက်မှုယဉ်ကျေးမှုအဖွဲ့အစည်း၏အုပ်ချုပ်သူကိုးဦးထဲမှတစ်ဦးဖြစ်သည်။ စက်မှုအုပ်ချုပ်သူကိုးပါးက အတူတကွဆွေးနွေးပြီးနောက်မှာ ချီမင်ကို မဟာမိတ်ပြိုင်ပွဲတွင် ပါဝင်ခိုင်းရန်ဆုံးဖြတ်ခဲ့သည်။
သူက သဘာဝအတိုင်း မဟာမိတ်ပြိုင်ပွဲတွင် ပါဝင်ရပေလိမ့်မည်။
"တခြားယဉ်ကျေးမှုအဖွဲ့အစည်းရှစ်ခုမှာ နည်းစနစ်တွေအရမ်းများတယ်။သူတို့အားလုံးက အရမ်းစွမ်းအားကြီးတယ်။ အမြင့်ဆုံးနည်းပညာဆိုင်ရာနည်းစနစ်တွေမှာ ကောင်းကင်တာအိုနယ်ပယ်တစ်စွန်းတစ်စပါဝင်တယ်။"
ချီမင်က စဉ်းစားလိုက်သည်။"အဲ့ဒါကြောင့် ငါရဲ့အသန်မာဆုံးနည်းစနစ်တွေကိုသုံးပြီး ဒီမဟာမိတ်ပြိုင်ပွဲကိုအနိုင်ယူရမယ်။ငါ မဟာမိတ်ခေါင်းဆောင်တစ်ဦးဖြစ်လာရမယ်။ အဆုံးမှာတော့ ငါ အထွတ်အထိပ်ယဉ်ကျေးမှုအဖွဲ့အစည်းကိုးခုကိုဦးဆောင်ပြီး စကြဝဠာကိုပြန်လည်စတင်ရမယ်။"
မျက်စိတစ်မှိတ်အတွင်းမှာ ချီမင်သည် စက်မှုသင်္ဘောကိုစီးကာ ပြန်လည်စတင်ဖန်တီးခြင်းရှိသည့် ကြယ်စနစ်ဆီသို့သွားလိုက်သည်။ ၎င်းက မဟာစကြဝဠာကမ္ဘာတစ်ခုလုံး၏ဗဟိုသို့သွားလိုက်သည်။ သူ့ရှေ့တွင် ကြီးမားသည့်အနက်ရောင်အလုံးကြီးတစ်လုံးရှိသည်။
၎င်းကို ပြန်လည်စတင်ဖန်တီးခြင်းဟုခေါ်သည်။
နေရာလွတ်က လှုပ်ခါသွားသည်။ တခြားအထွတ်အထိပ်ယဉ်ကျေးမှုအဖွဲ့အစည်းရှစ်ခု၏အရှင်များ လည်း သူတို့၏သင်္ဘောများပေါ်မှ ကြယ်စနစ်ထံသို့ဆင်းသက်လာကြသည်။
"စက်မှုယဉ်ကျေးမှုအဖွဲ့အစည်း။"
"သုညယဉ်ကျေးမှုအဖွဲ့အစည်း။"
"တိတ်ဆိတ်ယဉ်ကျေးမှုအဖွဲ့အစည်း။"
"အချိန်နေရာလွတ်ယဉ်ကျေးမှုအဖွဲ့အစည်း။"
"ဒိုင်မေးရှင်းယဉ်ကျေးမှုအဖွဲ့အစည်း။"
"နတ်ဘုရားယဉ်ကျေးမှုအဖွဲ့အစည်း။"
"ကမ္မယဉ်ကျေးမှုအဖွဲ့အစည်း။"
"ပုံရိပ်ယောင် ယဉ်ကျေးမှုအဖွဲ့အစည်း။"
"စိတ်ကူးယဉ်သိပ္ပံယဉ်ကျေးမှုအဖွဲ့အစည်း။"
“…”
ယဉ်ကျေးမှုအဖွဲ့အစည်းကိုးဖွဲ့၏သင်္ဘောကိုးစင်းမှ ထုတ်လွှတ်လိုက်သော မတူညီသည့် အလင်းရောင် ကိုးရောင်သည် သူတို့ရှေ့ရှိ ကြီးမားသော အနက်ရောင်ဘောလုံးကြီးပေါ်သို့ တိုက်ရိုက်ကျရောက်လာပြီး အက်ကြောင်းများ ဖြစ်ပေါ်လာစေသည်။
ထိုအက်ကွဲကြောင်းများထဲတွင် မတူညီသည့်အရောင်များဖြစ်သော အနီ၊လိမ္မော်၊အဝါ၊အစိမ်း၊ အပြာ၊ခရမ်း၊အနက်နှင့်အဖြူရောင်များနှင့် ပြည့်သွားသည်။ ချက်ချင်းဆိုသလိုပင် အရောင်များက အနက်ရောင်အလုံးကြီးကိုဖုံးအုပ်သွားပြီး အဆက်မပြတ်အက်ကွဲသွားစေသည်။
အနက်ရောင်အလုံးကြီးသည် မတူညီသည့်အနက်ရောင်လေးထောင့်အစိတ်အပိုင်း(၁၂၉၆၀၀) အဖြစ်အက်ကွဲသွားပြီး ထိုအရာများပေါင်းစပ်သွားကာ မယှဉ်သာလောက်အောင်ကြီးမားသည့် အနက်ရောင်ကွင်းကြီးအဖြစ်ပြောင်းလဲသွားသည်။
အနက်ရောင်ကွင်း၏အချင်းသည် အလင်းနှစ် ဆယ်နှစ်လောက်ရှိသည်။
၎င်းသည် စကြဝဠာ၏ ကြယ်တာရာများပြည့်နေသော ကောင်းကင်ယံတွင် နစ်ဝင်နေသည့် ကြီးမားသော စက်ဝိုင်းကြီးတစ်ခုနှင့် တူနေသည်။
ထိုနေရာသည် မဟာမိတ်ပြိုင်ပွဲ၏ပြိုင်ပွဲကွင်းလည်းဖြစ်သည်။
"မဟာမိတ်ပြိုင်ပွဲရဲ့ကွင်းကို တည်ဆောက်ပြီးသွားပါပြီ။"
"အချိန်ဆက်ဖြုန်းမနေနဲ့တော့။ မဟာစကြဝဠာကမ္ဘာရဲ့ပြိုလဲမှုက ပိုပြီးပြင်းထန်လာပြီ။ သိပ်ကြာကြာမခံနိုင်တော့ဘူး။"
"မဟာမိတ်ပြိုင်ပွဲ။ အသက်သွင်း"
"အသက်သွင်းမယ်။"
“…”
ချီမင်က ရှေ့တစ်လှမ်းလှမ်းကာ ပြိုင်ပွဲကွင်းထဲသို့ ခြေချလိုက်သည်။ တခြားသော ယဉ်ကျးမှုအဖွဲ့အစည်းများ၏အသန်မာဆုံးအုပ်ချုပ်သူများလည်း ပေါ်လာကာ ပြိုင်ပွဲကွင်းပြင်သို့ရောက်လာသည်။
သူက အသက်ပြင်းပြင်းရှုကာ ညာဘက်လက်ကိုဝေ့ယမ်းလိုက်သည်။ သူ့နောက်တွင်ခမ်းနားသည့် တံခါးတစ်ချပ်ပေါ်လာသည်။ ၎င်းက အတော်လေးခမ်းနားကာ နေရာလွတ်ကိုဖိနှိပ်နိုင်သည်။
ကောင်းကင်နှင့်မြေကြီးစကြဝဠာပန်ချီကားပေါ်လာသည်။
ကံကြမ္မာမြွေလက်ပတ်ကလည်း ကံကြမ္မာလှုတ်ခတ်မှုများနှင့်အတူ ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်နေရာလွတ်သည် ပြင်းထန်စွာပြိုလဲသွားခဲ့၏။ ယင်းတို့က ချီမင်၏စွမ်းအားကိုမခုံခံနိုင်ပေ။ ထိုမယှဉ်သာလောက်သည့်စွမ်းအားကိုခံစားရင်း တခြားသောယဉ်ကျေးမှုအဖွဲ့အစည်းရှစ်ဖွဲ့က အင်မတန်ထိတ်လန့်သွားရတော့၏။
"ဒါက..."
"ဟူး..."
"အရမ်းသန်မာလွန်းတယ်။"
"ကြောက်ဖို့ကောင်းလိုက်တဲ့ စွမ်းအင်အတက်အကျ"
"အရမ်းထိတ်လန့်ဖို့ကောင်းတယ်။"
" စက်မှုယဉ်ကျေးမှုအဖွဲ့အစည်းမှာ ဒီလိုနည်းစနစ်မျိုးရှိမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။"
“…”
အခြားအထွတ်အထိပ်ယဉ်ကျေးမှုအဖွဲ့အစည်းရှစ်ဖွဲ့၏အုပ်ချုပ်သူများက အံ့ဩသွားခဲ့ကြသည်။
ထိုမျှနှင့်တော့မပြီးသေးပေ။
"မဟာတာအိုအင်မော်တယ်ဝင်ပေါက် ပွင့်စမ်း"
ချီမင်က အော်ဟစ်ကာ ဖရိုဖရဲမဟာတာအိုကျမ်းကိုလည်ပတ်လိုက်သည်။ စုစုပေါင်းမဟာတာအိုသာလွန်သူပေါင်း(၁၀၆၀၃၈)မှာ သူ၏အတွင်းကမ္ဘာထဲမှ လျှောက်ထွက်လာခဲ့သည်။
မဟာတာအိုသာလွန်သူတိုင်းက ချီမင်၏အဓိကခန္ဓာနှင့်တူညီသည့်အင်အားမျိုးရှိသည်။
"သုညအမိန့်။"
"တိတ်ဆိတ်မှုကွင်း"
"အချိန်နေရာလွတ်အလင်းလှည်းဘီး။"
"ဒိုင်မေးရှင်း ပြိုကွဲခြင်း။"
“…”
ချီမင်က သူ၏ပြိုင်ဘက်ကင်းအင်အားကိုထုတ်ပြီးနောက်မှာတော့ တခြားသောယဉ်ကျေးမှုအဖွဲ့အစည်း များ၏ပါဝင်သူများကလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တုံ့ဆိုင်းမနေတော့ဘဲ အင်အားများစုပေါင်းကာ သူတို့၏အကောင်းမွန်ဆုံးနည်းစနစ်များကို ထုတ်သုံးခဲ့ကြသည်။
ပါဝင်သူရှစ်ယောက်၏အဆင့်အတန်းများက သူတို့၏ယဉ်ကျေးမှုအဖွဲ့အစည်းများ၌ အမြင့်မားဆုံးဖြစ်သည်။ သူတို့ကလည်း ယဉ်ကျေးမှုအဖွဲ့အစည်းအသီးသီး၏အုပ်ချုပ်သူများဖြစ်ပြီး ချီမင်နှင့်အဆင့်တန်းအတူတူပေ။
အခြားယဉ်ကျေးမှုအဖွဲ့အစည်း၏အုပ်ချုပ်သူများက သူတို့သာပူးပေါင်းပြီးမတိုက်ခိုက်လျှင် ကျိန်းသေပေါက်ရှုံးမည်မှန်း တွက်ချက်သဘောပေါက်ထားကြပြီးသားဖြစ်၏။ သူတို့က ပူးပေါင်းလိုက်ရင်တော့ နိုင်ဖို့အခွင့်အရေးတစ်ခုရှိသေးသည်။
သူတို့က အခုပူးပေါင်းရုံသာတတ်နိုင်သည်။
ထိုနည်းပညာလက်နက်များ၏စွမ်းအားက အင်မတန်ကြီးမားသည်။ သူတို့အားလုံးတွင် ကောင်းကင်တာအိုနယ်ပယ်၏ကြောက်မက်ဖွယ်စွမ်းအားတစ်စွန်းတစ်စပါဝင်နေသည်။ ထွက်ပေါ်လာပြီးနောက်မှာ ယင်းတို့က နဂါးငွေ့တန်းကိုပါ အလွယ်တကူဖျက်ဆီးပစ်နိုင်လောက်သည်။
သေချာတာကတော့ မဟာမိတ်ပြိုင်ပွဲကွင်းပြင်က အထူးကုန်ကြမ်း၊နည်းစနစ်နှင့် စွမ်းအားကြီးနည်းစနစ်များ ပေါင်းစပ်ကာ တည်ဆောက်ထားခြင်းဖြစ်သည်။
ကြောက်မက်ဖွယ်ရာနောက်ဆက်တွဲလှိုင်းများမှာ ပြိုင်ပွဲကွင်း၏ထောင့်စွန်းမှကန့်သတ်ခံရကာ ထွက်ပေါ်မသွားတော့ပေ။
"လာပြီး တိုက်။" ချီမင်၏မျက်လုံးများက တောက်ပနေသည်။
ပထမဆုံး ချီမင် ကောင်းကင်တာအိုရတနာသုံးခု၏စွမ်းအားကိုခံစားမိသည်။ ကံကြမ္မာမြွေလက်ပတ်က ကံကြမ္မာမြစ်ကိုသိပ်သည်းနိုင်သည်။အချိန်နေရာလွတ်တံခါးကအချိန်နေရာလွတ်မြစ်ကို သိပ်သည်းနိုင် သည်။ ကောင်းကင်နှင့်မြေကြီးစကြဝဠာပန်းချီကားကတော့ ကောင်းကင်နှင့်မြေကြီးကိုဝါးမျိုနိုင်သည်။
ပေါက်ကွဲသံမျိုးစုံထွက်လာသည်။
၎င်းက အစသာရှိသေးသည်။
"အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်းချိတ်စည်း။"
"အထွတ်အထိပ်ကမ္မနည်းစနစ်ချိတ်စည်း"
"မြေကမ္ဘာနတ်ဆိုးအစီအရင်"
"ကောင်းကင်ကြယ်တာရာအစီအရင်"
“…”
ချီမင်က အထွတ်အထိပ်အံ့ဖွယ်စွမ်းအားနှစ်ခုကိုသုံးလိုက်ပြီး မဟာတာအိုသာလွန်သူပေါင်း (၁၀၆၀၃၈)နှင့်အတူ သူတို့တွင်ရှိသော အံ့ဖွယ်စွမ်းအားများကိုသုံးလိုက်သည်။
ထိုအခိုက်တွင် တစ်သိန်းထက်ပိုသောအံ့ဖွယ်စွမ်းအားများမှာ သိပ်သည်းလာခဲ့သည်။
မဟာစကြဝဠာကမ္ဘာက ပြင်းထန်စွာတုန်ခါသွားခဲ့သည်။
“ရပ်!”
“အိုးမဟုတ်ဘူး!”
"စကြဝဠာက ဒီစွမ်းအားကိုမခံနိုင်တော့ဘူး။"
“ရပ်!”
"ဟူး..."
"စက်မှုယဉ်ကျေးမှုအဖွဲ့အစည်းအရှင် အဆုံးသတ်သူ က မြန်မြန်ရပ်တန့်လိုက်တာပဲ။ မင်းတို့ တိုက်ခိုက်မနေနဲ့တော့။ မဟာမိတ်ပြိုင်ပွဲကို ဆက်ပြိုင်နေဖို့မလိုတော့ဘူး။"
"စက်မှုယဉ်ကျေးမှုအဖွဲ့အစည်းအရှင် အဆုံးသတ်သူက အနိုင်ရသွားပြီ။"
"မင်းတို့ရဲ့နည်းစနစ်တွေကို ရပ်လိုက်တော့။"
“…”
ထိုခိုက်တွင် ချီမင်၏အံ့ဖွယ်စွမ်းအားက ထွက်ပေါ်နေဆဲဖြစ်ပြီး အပြည့်အဝတော့အသက်မဝင်သေးပေ။ စက်မှုယဉ်ကျေးမှုအဖွဲ့အစည်းအပါအဝင် အထွတ်အထိပ်ယဉ်ကျေးမှုအဖွဲ့အစည်းအားလုံးက ချီမင်ကိုရပ်တန့်ရန် သတင်းစကားများ ပါးလာကြသည်။
“ဒီ..."
"လန့်ဖို့ကောင်းတယ်။"
"မဟာမိတ်ပြိုင်ပွဲကွင်းကတောင် ဒီလိုစွမ်းအားကိုမခုခံနိုင်တော့ဘူး။"
"အရမ်းသန်မာလွန်းတယ်။"
"ငါတို့ရှုံးသွားခဲ့ပြီ။"
"ဆက်ပြီး ယဉ်ပြိုင်တိုက်ခိုက်နေစရာမလိုတော့ဘူး။"
ယဉ်ကျေးမှုအဖွဲ့အစည်း၏အုပ်ချုပ်သူရှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အရှုံးပေးလိုက်သည်။
ချီမင်၏အင်အားက အင်မတန်ကြောက်ဖို့ကောင်းသည်။ သူသာ ထိုအံ့ဖွယ်စွမ်းအားများအားလုံးကို ထုတ်သုံးလိုက်ရင် သူတို့ပါဝင်သူရှစ်ယောက်က သေချာပေါက် သေရင်သေ မသေရင် ဒဏ်ရာ အပြင်းအထန်ရသွားပေလိမ့်မည်။
မဟာမိတ်ပြိုင်ပွဲကွင်းကို ချီမင်၏အင်အားဖြင့်မချိုးဖြတ်နိုင်ပေ။ အံ့ဖွယ်စွမ်းအားပျံ့နှံ့သွားခဲ့လျှင်တော့ ပြင်းထန်စွာထိခိုက်ဒဏ်ရာရထားသော မဟာစကြဝဠာကမ္ဘာကြီးကိုတောင် ထိုးဖောက်နိုင်သည်။
ချီမင်က မဟာမိတ်ပြိုင်ပွဲကို တိုက်ရိုက်အနိုင်ရရှိသွားခဲ့ပြီး ယဉ်ကျေးမှုအဖွဲ့အစည်းကိုးဖွဲ့၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။ သူက မဟာစကြဝဠာကမ္ဘာကြီး၏အထွတ်အထိပ်ခေါင်းဆောင်တစ်ဦး ဖြစ်လာပြီး စကြဝဠာပြန်လည်စတင်ခြင်းအစီအစဉ်ကို အသက်သွင်းတော့မည်ဖြစ်သည်။