← Chapters

စကြဝဠာပြန်လည်သတ်မှတ်ခြင်း အဆင့်သုံးဆင့် ၊ဂိမ်းမြေအောက်စခန်းကိုရှင်းလင်းခြင်း။

Vol. 26 Ch. 380

စကြဝဠာပြန်လည်သတ်မှတ်ခြင်း အဆင့်သုံးဆင့် ၊ဂိမ်းမြေအောက်စခန်းကိုရှင်းလင်းခြင်း။

Vol. 26 Ch. 380

အတွေးတစ်ချက်ဖြင့် ချီမင်သည် အထွတ်အထိပ်ယဉ်ကျေးမှုအဖွဲ့အစည်းကိုးဖွဲ့၏တောင်းဆိုပန်ကြား သံများကိုကြားလိုက်ရသည်။ သူက ထိုကိစ္စ၏အကြောင်းတရားနှင့်အကျိုးဆက်ကို နားလည်ထား ပြီးသားဖြစ်သည်။

"ဒါက....."ချီမင်က အနည်းငယ်အံ့အားသင့်သွား၏။"ဒါဆို ငါ့အင်အားက အဲ့ဒီလောက်ထိ ကောင်းသွားပြီလား။"

ချက်ချင်းဆိုသလိုပင် ချီမင်က သူ့ခွန်အားကို ရုတ်သိမ်းလိုက်သည်။ အံ့ဖွယ်စွမ်းအားများစွာသည် ပျောက်ကွယ်သွားခဲ့သည်။

မဟာတာအိုသာလွန်သူပေါင်း(၁၀၆၀၃၈)တို့သည် မဟာတာအိုအင်မော်တယ်ဝင်ပေါက်ထဲသို့ ပြန်ဝင်သွားတော့၏။ မဟာတာအိုအင်မော်တယ်ဝင်ပေါက်များက ပိတ်သွားပြီး အံ့ဖွယ်စွမ်းအားများက ပြန်လည်ရုတ်သိမ်းသွားတော့၏။

အချိန်နေရာလွတ်တံခါး၊ကောင်းကင်နှင့်မြေကြီးစကြဝဠာပန်းချီကား၊ကံကြမ္မာမြွေလက်ပတ်တို့မှာ ချီမင်၏ခန္ဓာကိုယ်ထဲသို့ပြန်ဝင်သွားတော့သည်။ ကြောက်မက်ဖွယ်စွမ်းအားများမှာ ပြန်လည်ချုပ်တည်းသွားတော့၏။

ချက်ချင်းဆိုသလိုပင် ယဉ်ကျေးမှုအဖွဲ့အစည်းကိုးခု၏အုပ်ချုပ်သူအားလုံးပေါ်လာသည်။ သူတို့က နေရာလွတ်နှင့်နဂါးငွေ့တန်းတို့ကိုဖြတ်ကျော်ပြီး ချီမင်၏ရှေ့သို့ရောက်လာသည်။

သူက ကြည့်လိုက်သည်။

အထိပ်အထိပ်ယဉ်ကျေးမှုအဖွဲ့အစည်းတိုင်းတွင် အုပ်ချုပ်သူကိုးဦးရှိသည်။ အုပ်ချုပ်သူတိုင်းက သက်ဆိုင်ရာယဉ်ကျေးမှုအဖွဲ့အစည်းများ၏ထိပ်ဆုံးအမြင့်ဆုံးနည်းပညာများကိုတတ်ကျွမ်းထားပြီး နက်နဲသည့်စွမ်းအားများ ပိုင်ဆိုင်ထား၏။

ယဉ်ကျေးမှုအဖွဲ့အစည်းများ၏အုပ်ချုပ်သူများက အင်မော်တယ်နယ်ပယ်၏အကန့်အသတ်နှင့် ညီမျှသည်။

"စက်မှုယဉ်ကျေးမှုအဖွဲ့အစည်း။"

"သုညယဉ်ကျေးမှုအဖွဲ့အစည်း။"

"တိတ်ဆိတ်ယဉ်ကျေးမှုအဖွဲ့အစည်း။"

"အချိန်နေရာလွတ်ယဉ်ကျေးမှုအဖွဲ့အစည်း။"

"ဒိုင်မေးရှင်းယဉ်ကျေးမှုအဖွဲ့အစည်း။"

"နတ်ဘုရားယဉ်ကျေးမှုအဖွဲ့အစည်း။"

"ကမ္မယဉ်ကျေးမှုအဖွဲ့အစည်း။"

"ပုံရိပ်ယောင် ယဉ်ကျေးမှုအဖွဲ့အစည်း။"

"စိတ်ကူးယဉ်သိပ္ပံယဉ်ကျေးမှုအဖွဲ့အစည်း။"

"ယဉ်ကျေးမှုအဖွဲ့အစည်းရဲ့အုပ်ချုပ်သူတွေက အထွတ်အထိပ်အုပ်ချုပ်သူကို ဂါဝရပြုပါတယ်။"

ပတ်ဝန်းကျင်တွင် ယဉ်ကျေးမှုအဖွဲ့အစည်းများ၏အုပ်ချုပ်သူပေါင်း(၈၀)ရှိသည်။ သူတို့တွင် မတူညီသော ပုံစံများရှိသည်။ တချို့ဆို အလင်းလုံးကြီးများသို့မဟုတ် ပုံပျက်ပန်းပျက် သဏ္ဍာန်များတောင်ရှိ၏။

သူတို့က ချီမင်ကို သစ္စာရှိကြောင်း ဖော်ပြလာသည်။

ချီမင်သည် သဘာဝအတိုင်း စကြဝဠာပြန်လည်စတင်ခြင်းအစီအစဉ်ကို အချိန်တိုအတွင်း ပြီးမြောက် အောင် အကောင်အထည်ဖော်တော့သည်။ ထိုအစီအစဉ်များကို အထွတ်အထိပ်ယဉ်ကျေးမှုအဖွဲ့အစည်း ကိုးခုက ပြီးပြည့်စုံစွာဖြင့် တွက်ချက်ထားခဲ့ခြင်းဖြစ်သည်။

သူက စက်မှုအဖွဲ့အစည်း၏အုပ်ချုပ်သူဖြစ်သေးတော့ သူက စက်မှုယဉ်ကျေးမှုအဖွဲ့အစည်းနှင့်သက် ဆိုင်သော အစီအစဉ်တစ်စိတ်တစ်ပိုင်းကိုသာ သိခဲ့သည်။ သူက တခြားအစီအစဉ်ကိုမသိသေးပေ။

အခုချီမင်က မဟာမိတ်ခေါင်းဆောင်ဖြစ်သွားတော့သူကစကြဝဠာပြန်လည်စတင်ခြင်းအစီအစဉ်၏ အစိတ်အပိုင်း အားလုံးကို သိသွားတော့သည်။

"ငါသိလိုက်ပြီ။"

ချီမင်က စကြဝဠာပြန်လည်စတင်ခြင်းအစီအစဉ်ကို ဂရုတစိုက်လေ့လာလိုက်သည်။ ထိတ်လန့်သည့်အမူအရာက သူ၏မျက်နှာပေါ်တွင် မနေနိုင်တော့ဘဲပေါ်လာတော့သည်။သို့ပေမဲ့ သူက သက်ပြင်းချလိုက်ရသည်။

သူက အထွတ်အထိပ်ယဉ်ကျေးမှုအဖွဲ့အစည်းကိုးခု၏စွမ်းအင်ကိုတွေးပြီး လေးစားသွားရသည်။

မယုံနိုင်စရာကောင်းပေ၏။

စကြဝဠာပြန်လည်စတင်ခြင်းတွင် များစွာသောအဆင့်များစွာပါဝင်သည်။ ၎င်းက မဖြစ်နိုင်သည်ကို အိပ်မက်မက်နေသည့်အတိုင်းပင်။သို့ပေမဲ့ သူက အဆင့်အားလုံးကို အကျဉ်းချုပ်လိုက်သည်။

၎င်းတို့မှာ ရုပ်ဒြပ်၊အချိန်နေရာလွတ်နှင့် ဒိုင်မေးရှင်းတို့ဖြစ်သည်။

စကြဝဠာပြန်လည်စတင်ခြင်းအစီအစဉ်တစ်ခုလုံးကို အဆင့်သုံးဆင့်ခွဲထားသည်။

ပထမအဆင့်:ရုပ်ဒြပ်အဆင့်။

ထိုအဆင့်က စက်မှုယဉ်ကျေးမှုအဖွဲ့အစည်း၊ကမ္မယဉ်ကျေးမှုအဖွဲ့အစည်း၊ပုံရိပ်ယောင်ယဉ်ကျေးမှု အဖွဲ့အစည်းတို့က ပူးပေါင်းပြီး စကြဝဠာထဲမှအရာအားလုံးကိုစုပ်ယူနိုင်သည့် မူလအစကုန်ကြမ်း ကိုဖန်တီးကာ သုံးကြပေမည်။

သူတို့က စကြဝဠာပြန်လည်စတင်ခြင်းကိုဆောင်ရွက်လိုပါက စကြဝဠာတစ်ခုလုံး၏ကုန်ကြမ်း ရုပ်ဝတ္ထုများကို စုပ်ယူရပေမည်။

ဒုတိယအဆင့်:အချိန်နေရာလွတ်အဆင့်။

ထိုအဆင့်တွင် အထွတ်အထိပ်ယဉ်ကျေးမှုအဖွဲ့အစည်းသုံးခုဖြစ်သည့် အချိန်နေရာလွတ်ယဉ်ကျေးမှုအဖွဲ့အစည်း၊တိတ်ဆိတ်ယဉ်ကျေးမှုအဖွဲ့အစည်းနှင့်စိတ်ကူးယဉ်သိပ္ပံယဉ်ကျေးမှုအဖွဲ့အစည်းတို့က ပူးပေါင်းက အချိန်နေရာလွတ်မူလစမှတ်ကိုဖန်တီးပြီး စကြဝဠာတစ်ခုလုံးကိုရပ်တန့်ရပေမည်။

စကြဝဠာကို အသစ်တဖန် ပြန်လည်စတင်လိုလျှင်၊ အရာအားလုံး လုံးဝဥဿုံ ငြိမ်သက်နေသည့် အခြေအနေသို့ ရောက်ရှိသွားစေရန်အတွက် ၎င်းကို ပြန်လည်စတင်သည့် အခိုက်အတန့်မှာပင် အချိန်နှင့်နေရာလွတ်ကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ရမည် ဖြစ်သည်။

တတိယအဆင့်:ဒိုင်မေးရှင်းအဆင့်။

ထိုအဆင့်က နောက်ဆုံးအဆင့်ဖြစ်သည်။

ထိုအဆင့်တွင် ဒိုင်မေးရှင်းယဉ်ကျေးမှုအဖွဲ့အစည်း၊နတ်ဘုရားယဉ်ကျေးမှုအဖွဲ့အစည်းနှင့် သုညယဉ်ကျေးမှုအဖွဲ့အစည်းတို့က ဒိုင်မေးရှင်းကို ဗလာဖြစ်အောင်အသက်သွင်းရပေမည်။ အသက်သွင်းပြီးနောက်မှာ မဟာစကြဝဠာတစ်ကမ္ဘာလုံးက ဒိုင်မေးရှင်းထဲသို့ အဆင်မပြတ်ဆင်းသက်သွားပြီး အရာအားလုံးက ပြန်စတင်ပေလိမ့်မည်။

တစ်နည်းပြောရရင်။

မဟာစကြဝဠာတစ်ကမ္ဘာလုံးက သုညမှတ်အဖြစ်သိပ်သည်းသွားပြီးနောက်မှာ အဆက်မပြတ်ကျယ်ပြန့်မြင့်တက်လာပေလိမ့်မည်။

နောက်ဆုံးမှာတော့ မဟာစကြဝဠာတစ်ကမ္ဘာလုံးက ပြန်လည်စတင်သွားပေလိမ့်မည်။

ဤသည်ကား တည်ဆောက်မှုမပြုမီ ပျက်သုဉ်းခြင်း၊ သေခြင်းတရားဆီသို့ ရှေးရှုရှင်သန်ခြင်း ဖြစ်ပြီး အံ့ဖွယ်တစ်ရပ်ကို ဖန်တီးခြင်းပင်တည်း။

"အစီအစဉ်ကိုအသက်သွင်းမယ်။"

ချီမင်က သူ၏အံ့ဖွယ်စွမ်းအားကိုသုံးပြီးတွက်ချက်လိုက်သည်။ ထိုအစီအစဉ်ကဖြစ်နိုင်ချေရှိပေမဲ့ စွန့်စားမှုကလည်းကြီးမားပေသည်။ ထို့ပြင် သေစေနိုင်လောက်သည့်အားနည်းချက်များလည်းရှိသည်။

ထိုအားနည်းချက်က အစီအစဉ်တစ်ခုလုံးကို ယိုယွင်းသွားစေနိုင်သည်။

ကံကောင်းသည်ကတော့ ချီမင်တွင် ထိုအားနည်းချက်ကိုဖြေရှင်းမည့်နည်းလမ်းရှိ၏။

ပထမနေ့မှာ ပထမအစီအစဉ်ကိုအသက်သွင်းခဲ့သည်။

စက်မှုယဉ်ကျေးမှုအဖွဲ့အစည်း၊ကမ္မယဉ်ကျေးမှုအဖွဲ့အစည်းနှင့် ပုံရိပ်ယောင်ယဉ်ကျေးမှုအဖွဲ့အစည်းတို့ က ကုန်ကြမ်းမူလအစကိုအသက်သွင်းကာ မဟာစကြဝဠာကမ္ဘာကြီးထဲမှ အရာအားလုံးကို ဝါးမျိုလိုက်သည်။

မဟာစကြဝဠာကမ္ဘာထဲတွင် ထူးခြားဖြစ်စဉ်မျိုးစုံပေါ်လာတော့သည်။ ကြယ်စနစ်များ ပြိုကွဲသွားပြီး ကြယ်တာရာများက ဖုန်မှုန့်များအဖြစ်ပြောင်းလဲသွားခဲ့သည်။ ယဉ်ကျေးမှုအဖွဲ့အစည်းများမှာ တစ်ဖွဲ့ပြီးတစ်ဖွဲ့ဖျက်ဆီးခံခဲ့ရသည်။

ဘယ်သူမှမတားဆီးနိုင်ပေ။

နောက်တစ်နေ့မှာ ဒုတိယအစီအစဉ်က အသက်ဝင်လာသည်။

အချိန်နေရာလွတ်ယဉ်ကျေးမှုအဖွဲ့အစည်း၊စိတ်ကူးသိပ္ပံယဉ်ကျေးမှုအဖွဲ့အစည်းနှင့်တိတ်ဆိတ်ယဉ်ကျေးမှုအဖွဲ့အစည်းတို့က အချိန်နေရာလွတ်မူလစမှတ်ကို အသက်သွင်းခဲ့သည်။အထွတ်အထိပ် စွမ်းအားတစ်ခုမှာပျံ့နှံ့သွားပြီး မဟာစကြဝဠာကမ္ဘာတစ်ခုလုံး၏အချိန်နှင့်နေရာလွတ်ကို တိုက်ရိုက်ပဲ အေးခဲသွားစေခဲ့သည်။

ထိုအခိုက်တွင် မမျှော်လင့်ထားသည့်တစ်စုံတစ်ခုဖြစ်ပျက်သွားခဲ့သည်။

မဟာစကြဝဠာကမ္ဘာ၏ကောင်းကင်တာအိုက ပြန်လည်ရှင်သန်လာသည်။နေရာလွတ်ကရပ်တန့်သွားပြီး အရာရာက မူလအခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။ ထူးခြားဖြစ်စဉ်မျိုးစုံက မဟာစကြဝဠာကမ္ဘာ၏ကောင်းကင်တာအိုကို ခြောက်လှန့်သွားမိသည်။

၎င်းက စကြဝဠာပြန်လည်စတင်ဖန်တီးခြင်း၏အကြီးမားဆုံးအားနည်းချက်ဖြစ်သည်။ အထွတ်အထိပ်ယဉ်ကျေးမှုအဖွဲ့အစည်းကိုးဖွဲ့ကကောင်းကင်တာအို၏တည်ရှိမှုကို မစစ်ဆေးနိုင်ပေ။ နည်းပညာများကအင်မတန်အဆင့်မြင့်ပေမဲ့ သူတို့က ကောင်းကင်တာအိုကိုတော့ မစစ်ဆေးနိုင်ပေ။

စကြဝဠာပြန်လည်စတင်ခြင်းအစီအစဉ်တွင် ကောင်းကင်တာအို၏ခုခံခြင်းအကြောင်း ထည့်သွင်းမထားပေ။

အခု ကောင်းကင်တာအိုက ပြန်လည်ရှင်သန်လာခဲ့ပေသည်။

ကောင်းကင်တာအိုနိုးထလာခြင်းက မူလအစကုန်ကြမ်းနှင့် အချိန်နေရာလွတ်မူလစမှတ်တို့ကို ဖျက်ဆီးခဲ့သည်။ ဒိုင်မေးရှင်းယဉ်ကျေးမှုအဖွဲ့အစည်း၊နတ်ဘုရားယဉ်ကျေးမှုအဖွဲ့အစည်းနှင့်သုညယဉ်ကျေးမှုအဖွဲ့အစည်းတို့က သူတို့၏စွမ်းအားများကိုအသက်သွင်းက ဒိုင်မေးရှင်းမူလအစကိုဖန်တီးခဲ့ကြသည်။ သူတို့က ကောင်းကင်တာအိုနိုးထလာခြင်းကို မတားဆီးနိုင်ပေ။

ထိုအခြေအနေအောက်တွင် ချီမင်က မတ်တပ်ရပ်လိုက်သည်။

သူက ညာဘက်လက်ကကိုဝေ့ယမ်းလိုက်ပြီး ကောင်းကင်တာအိုရတနာသုံးပါးကိုထုတ်ယူလျက် ၊မဟာတာအိုသာလွန်သူ(၁၀၆၀၃၈)ကိုဖွင့်သည်။ အထဲမှမဟာတာအိုသာလွန်သူများ လျှောက်လာသည်။

ချီမင်သည် မဟာစကြဝဠာကမ္ဘာကြီး၏ကောင်းကင်တာအိုကိုခုခံလိုက်သည်။

ထိုတိုက်ပွဲက သုံးရက်နှင့်သုံးညကြာခဲ့သည်။

ချီမင်သည် မဟာစကြဝဠာကမ္ဘာကြီး၏ကောင်းကင်တာအိုကိုဖိနှိပ်ခဲ့သည်။

ခြောက်ရက်မြောက်နေ့တွင် အဆင့်သုံးဆင့်လုံးက အသက်ဝင်သွားတော့သည်။

ဒိုင်မေးရှင်းယဉ်ကျေးမှုအဖွဲ့အစည်း၊နတ်ဘုရားယဉ်ကျေးမှုအဖွဲ့အစည်းနှင့်သုညယဉ်ကျေးမှုအဖွဲ့အစည်းတို့က ဒိုင်မေးရှင်းကိုဗလာအဖြစ် အသက်သွင်းလိုက်၏။ မဖော်ပြနိုင်သောစွမ်းအားမှာပျံ့နှံ့သွားပြီး မဟာစကြဝဠာတစ်ကမ္ဘာလုံးက အဆက်မပြတ်ပြိုကွဲယိုယွင်းသွားခဲ့သည်။

တကယ်တော့...

ချီမင်သည်လည်း ထိခိုက်သွားသည်။

အချိန်တိုလေးအတွင်းတွင် မဟာစကြဝဠာကမ္ဘာတစ်ခုလုံးက ဗလာစမှတ်ဖြစ်သွားတော့သည်။ ချီမင်သည်လည်း ဗလာစမှတ်၏အစိတ်အပိုင်းတစ်ခုအဖြစ်ပြောင်းလဲသွားတော့၏။ သူ၏အသိစိတ်တစ်စိတ်တစ်ပိုင်းသာ ဖျက်ဆီးမခံရဘဲ ကျန်ခဲ့သည်။

မဟာစကြဝဠာကမ္ဘာကြီးက ဗလာစမှတ်သို့ရောက်သွားခဲ့သည်။စကြဝဠာပေါက်ကွဲမှု၏လက္ခဏာများလည်း ပေါ်မလာတော့ပေ။ဗလာမှတ်ကလည်း ကျယ်ပြန့်မလာတော့ပေ။

၎င်းမှာ မဟာစကြဝဠာကမ္ဘာကြီးတစ်ခုလုံးက ညည့်နက်သန်းခေါင်းယံသို့ရောက်သွားသည့်အလားပင်။

၎င်းက ပြန်လည်မစတင်သေးသည့်အလားပင်။

"ကောင်းကင်ခွဲခြမ်းခြင်း"

ထိုအခိုက်တွင် ချီမင်၏အသိစိတ်က ကောင်းကင်ကိုခွဲမည့်စိတ်ဆန္ဒအဖြစ်ပြောင်းသွားသည်။ ဗလာမှတ်၏အနက်ရှိုင်းဆုံးအပိုင်း၌ ရှေးဟောင်းနတ်ဆိုးတစ်ပါးပြန်လည်ရှင်သန်လာသည့်အလား အထွတ်အထိပ်စွမ်းအားများထွက်ပေါ်လာသည်။

ကောင်းကင်ဖြိုခွဲခြင်းစိတ်ဆန္ဒကလည်း ကောင်းကင်ခွဲခြင်းပုဆိန်အဖြစ်ပြောင်းသွားတော့၏။

ချီမင်၏အသိစိတ်သည် ဗလာမှတ်ကို ဖြတ်ချပစ်လိုက်သည်။ ၎င်းက ရှေးဟောင်းဒဏ္ဍာရီလာများထဲမှ ပန်ကုပြန်လည်မွေးဖွားလာသည့်အလားပင်။ သုညမှတ်က လျင်မြန်စွာဖြင့် ကြီးထွားကျယ်ပြန့်လာသည်။

ကုန်ကြမ်း၊နေရာလွတ်နှင့်ဒိုင်မေးရှင်း။

အရာရာတိုင်းက ပြန်လည်စတင်လာခဲ့သည်။

တစ်ရက်ကြာပြီးနောက်မှာ စကြဝဠာက အောင်မြင်စွာဖြင့် ပြန်လည်အသက်ဝင်လာခဲ့သည်။

"အောင်မြင်သွားပြီ။"

ချီမင်သည် စကြဝဠာကြီး၏ဗဟို၌ ရပ်နေခဲ့သည်။ သူက မွေးကလေးစကလေးတစ်ဦးနှယ်ဖြစ်နေသော စကြဝဠာအသစ်ကိုကြည့်နေခဲ့သည်။ ၎င်းက မကြီးထွားသေးပေမဲ့ အဆုံးမဲ့မျှော်လင့်ချက်များနှင့်အသက်စွမ်းအားတို့ဖြင့် ပြည့်နှက်နေသည်။

များစွာသောနဂါးငွေ့တန်းများ၊ခမ်းနားသည့်စနစ်များ၊မရေမတွက်နိုင်သောကြယ်များနှင့် အဆုံးမဲ့စကြဝဠာတို့မှာ နက်နဲမှု မသိမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ အရာရာတိုင်းက ပိုပြီးတောင်လှပလာသည်။

“ဟားဟား..."

ချီမင်က အင်မတန်စိတ်ကျေနပ်သွားတော့သည်။ သူက မနေနိုင်တော့ဘဲ ကောင်းကင်ကိုမော့ကြည့်လိုက်သည်။ သူက အရမ်းကိုပျော်ရွှင်နေသည်။ သူက လျင်မြန်စွာဖြင့်ပြန်လည်သက်သာလာသည့်အထွတ်အထိပ်ယဉ်ကျေးမှုအဖွဲ့အစည်းကိုးခုကို အာရုံခံမိလိုက်သည်။

တင်း!

"ဂုဏ်ပြုပါတယ်။လက်ခံသူ။ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အစောပိုင်းအဆင့် ဂိမ်းမြေအောက်စခန်း:မဟာစကြဝဠာကမ္ဘာကိုအောင်မြင်စွာ ရှင်းလင်းခဲ့ပါတယ်။ ဆုလဒ်များကို စာရင်းပြုစုနေပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

" ငါပြန်သင့်ပြီ။"

အတွေးတစ်ချက်ဖြင့် ချီမင်က စက်မှုအရှင်:အဆုံးသတ်သူ၏ခန္ဓာကိုယ်ထဲမှထွက်လာလိုက်ပြီး သူ၏အဓိကခန္ဓာကိုယ်ထဲသို့ ဝင်သွားတော့၏။ ထိုအသိစိတ်က ချီမင်၏အဓိကအသိစိတ်နှင့်ပေါင်းစပ်သွားပြီး ထိုအရာက သူ့အသိစိတ်ကိုအနည်းငယ်လေး သန်မာသွားစေသည်။

မဟာစကြဝဠာကမ္ဘာထဲတွင် ချီမင်၏အသိစိတ်ထွက်သွားပြီးနောက်မှာ စက်မှုအရှင်:အဆုံးသတ်သူသည် လျင်မြန်စွာဖြင့် ပြိုကွဲသွားပြီး စွမ်းအင်များအဖြစ်ပြောင်းလဲသွားတော့သည်။ အထွတ်အထိပ်အင်အားတစ်ခုမှာ သက်ဆင်းလာပြီး ထိုစွမ်းအင်ကိုသုံးလျက် မဟာစကြဝဠာကမ္ဘာတစ်ခုလုံးကို မူလအသွင်အပြင်သို့ပြောင်းလဲသွားခဲ့သည်။

မဟာစကြာဝဠာကမ္ဘာတစ်ခုလုံးက အသစ်ပြန်မဖြစ်တော့ပေ။ ၎င်းအစား စကြာဝဠာကို ပြန်လည်အသက်သွင်းလိုက်သောကြောင့် စကြာဝဠာအသစ်တစ်ခုဖြစ်သွားပြီး အစသစ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ပြန်လည်စတင်လာသကဲ့သို့ပင်။

တင်း!

"ရှင်းလင်းရေးဆုလဒ်စာရင်းများ ပြုစုပြီးသွားပါပြီ။"

"ဂုဏ်ပြုပါတယ်။လက်ခံသူ။ အင်မော်တယ်နှစ်ခြင်းအခန်းကိုဖွင့်လှစ်ထားခဲ့သည့် အခြေအနေအောက်တွင် သင် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အစောပိုင်းအဆင့်ဂိမ်း မြေအောက်စခန်း:မဟာစကြဝဠာကမ္ဘာကြီးကို ကို ရှစ်ရက်အတွင်း အောင်မြင်စွာရှင်းလင်းနိုင်ခဲ့ပါတယ်။ သင် ဂိမ်းတာဝန်ကိုပျမ်းမျှအဆင့်ထက်ကျော်လွန်ပြီး ရှင်းလင်းနိုင်ခဲ့သောကြောင့် ရှင်းလင်းရေးဆုလဒ်များ တိုးမြှင့်သွားပါပြီ။"

"ဆုလဒ်:ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစဆယ့်နှစ်ခုနှင့် ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်တစ်ရာကွာဒရီလီယန်ရရှိခဲ့ပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

ချီမင်က တစ်ချက်ကြည့်လိုက်ပြီးစိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။"ငါ ဒီတစ်ခေါက်တော့ ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစဆယ့်နှစ်ခုတောင်ရလိုက်တယ်။ ဒါက ငါ့ကိုမြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အစောပိုင်းအဆင့်ကနေ အလယ်ပိုင်းအဆင့်ထိတိုးမြှင့်ပေးနိုင်ဖို့လုံလောက်တယ်။"

"ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစတွေကို စုပ်ယူပြီး ပေါင်းစပ်လိုက်တော့မယ်။"

ချီမင်သည် တင်ပျဉ်ခွေချိတ်ထိုင်ကာ ဖရိုဖရဲမဟာတာအိုကျမ်းကိုလည်ပတ်လိုက်သည်။ အတွေးတစ်ချက်ဖြင့် သူ၏ပစ္စည်းစာရင်းထဲမှကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစဆယ့်နှစ်ခု ကိုစုပ်ယူလိုက်သည်။

သူ့တစ်ကိုယ်လုံးတွင် ကောင်းကင်နှင့်မြေကြီးမဟာတာအိုသံစဉ်များဖြင့် ပြည့်နှက်နေခဲ့သည်။ ၎င်းတွင် ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စစ်မှန်ရည်ရွယ်ချက်များ ပါဝင်နေသည်။ သူက ဉာဏ်အလင်းပွင့်သည့်အခြေအနေထဲသို့တိုက်ရိုက်ပဲဝင်ရောက်သွားတော့၏။

သူက ကောင်းကင်နှင့်မြေကြီးမဟာတာအိုကို နားလည်ဆင်ခြင်နေလိုက်သည်။

အချိန်ကုန်ဆုံးသွားသည်။

ချီမင်က ကောင်းကင်နှင့်မြေကြီးမဟာတာအိုစစ်မှန်ရည်ရွယ်ချက်နှင့်ဆန်းကြယ်မှုများကို အဆက်မပြတ်နားလည်ဆင်ခြင်နေခဲ့သည်။ထို့နောက် သူက အင်မော်တယ်ဝင်ပေါက်များကိုတစ်ပေါက်ပြီးတစ်ပေါက်ဖွင့်ကာ အထက်ကမ္ဘာ၏စွမ်းအင်ကိုစုပ်ယူခဲ့သည်။

သူက မဟာတာအိုအင်မော်တယ်ဝင်ပေါက်များစွာကို အချိန်တိုလေးအတွင်းမှာ ဖွင့်လိုက်သည်။ထို့အတွက် သူက ကောင်းကင်နှင့်မြေကြီးစွမ်းအင်များစွာကိုစုပ်ယူရန်လိုသည်။ အနားမှ ကောင်းကင်နှင့်မြေကြီးစွမ်းအင်များက ချီမင်၏မဟာတာအိုအင်မော်တယ်ဝင်ပေါက်ဖွင့်ပြီး အတွင်းကမ္ဘာအဖြစ်ပြောင်းလဲခြင်းကို မထောက်ပံ့ပေးနိုင်ပေ။

ချီမင်က သူ၏ပစ္စည်းစာရင်းထဲမှ အင်မော်တယ်သလင်းကျောက်များစွာကိုထုတ်ယူလိုက်သည်။ ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်များမှာ နဂါးတစ်ကောင်အလာ ချီမင်ကို ဖုံးအုပ်သွားတော့သည်။

သူက ထိုစွမ်းအင်များကိုစုပ်ယူလိုက်သည်။ထို့နောက် မဟာတာအိုအင်မော်တယ်ဝင်ပေါက်များထဲသို့ လွှဲပြောင်းကာ အတွင်းကမ္ဘာများအဖြစ်ပြောင်းလဲလိုက်သည်။

သူတို့ကိုတည်ဆောက်သည့်အရှိန်နှုန်းက အင်မတန်မြန်ဆန်သည်။

All Chapters