← Chapters

မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အလယ်ပိုင်းအဆင့်။ ။

Vol. 26 Ch. 381

မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အလယ်ပိုင်းအဆင့်။ ။

Vol. 26 Ch. 381

ချီမင်၏မဟာတာအိုအင်မော်တယ်ဝင်ပေါက်များကိုဖွင့်ပြီး မဟာတာအိုသာလွန်သူများကို သိပ်သည်းသည့်နှုန်းက အင်မတန်မြန်လွန်းသည်။ တစ်ရက်အတွင်းမှာ သူက မဟာတာအိုအင်မော်တယ်ဝင်ပေါက်တစ်ထောင်နီးပါးလောက်တည်ဆောက်ခဲ့ပြီး မရေမတွက်နိုင်သောအင်မော်တယ်သလင်းကျောက်များကိုသုံးစွဲကာ အတွင်းကမ္ဘာများအဖြစ် ပြောင်းလဲခဲ့သည်။ အံ့ဖွယ်စွမ်းအားနည်းစနစ်များကိုအခြေခံအဖြစ်ထား၍ သူက မဟာတာအိုသာလွန်သူများကို သိပ်သည်းခဲ့သည်။

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ ဆယ့်နှစ်ရက်ကြာသွားခဲ့သည်။

ချီမင်က ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစဆယ့်နှစ်ခုကိုစုပ်ယူလိုက်သည်။ သူ၏ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပေါ်နားလည်မှုက တကယ့်ကိုအရေးကြီးသည့်အဆင့်ကိုရောက်နေပေပြီ။နောက်တစ်ဆင့်သို့ရောက်တောပေမည်။

သူကလည်း အင်မော်တယ်ဝင်ပေါက်(၁၁၇၈၁)ကို တည်ဆောက်ခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲတွင် အတွင်းကမ္ဘာများအဖြစ်ပြောင်းလဲထားသည့် မဟာတာအိုအင်မော်တယ်ဝင်ပေါက်(၁၁၇၈၁၉)ရှိသည်။ မဟာတာအိုအင်မော်တယ်ဝင်ပေါက်တိုင်းက မဟာတာအိုသာလွန်သူတစ်ဦးကိုသိပ်သည်းနိုင်၏။

“အရမ်းကောင်းတယ်။”

ချီမင်က စိတ်အခြေအနေကောင်းသွားပြီး အင်မတန်ကျေနပ်သွား၏။"နောက်လုပ်ရမှာက မဟာတာအိုအင်မော်တယ်ဝင်ပေါက်အားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ပြီး ဖရိုဖရဲမဟာတာအိုကျမ်းကိုကျင့်ကြံပြီးအဆင့်ချိုးဖြတ်ရမှာပဲ။"

"အချိန်တော့ ကြာနိုင်တယ်။"

"ငါ အဆင့်မြင့် အင်မော်တယ်သလင်းကျောက်သန်းတစ်သိန်းထည့်မယ်။"

ချီမင်က ဆိုသည်။"ဖရိုဖရဲမဟာတာအိုကျမ်း:မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အပိုင်းကို ကျင့်ကြံမယ်။"

တင်း!

"ဖရိုဖရဲမဟာတာအိုကျမ်း:မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အပိုင်းကို အဆ(၁၀၀)ကွာဒရီလီယန်မြှင့်တင်မှုအောက်တွင်ကျင့်ကြံနေပါတယ်။"

…

အသိပေးချက်တစ်ခုပေါ်လာသည်။

နွေဦးကုန်ဆုံးသွားပြီး ဆောင်းဦးရောက်ရှိလာခဲ့၏။ အချိန်ကုန်ဆုံးသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ နှစ်တစ်ထောင် ကုန်လွန်သွားခဲ့သည်။

ထွေထွေထူးထူးတော့ မဖြစ်ခဲ့ပေ။ ပြည်နယ်ကိုးလောကမှအဖွဲ့အစည်းကြီးများကြားတွင် ပဋိပက္ခအငယ်စားလေးများစွာဖြစ်ခဲ့ပေမဲ့ ကြီးကြီးမားမားတော့မရှိပေ။

ယနေ့နေ့လည်ခင်းမှာတော့။

တင်း!

"ဂုဏ်ပြုပါတယ်။လက်ခံသူ။ ဖရိုဖရဲမဟာတာအိုကျမ်း:မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အပိုင်းကို အဆတစ်ရာကွာဒရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်တစ်ရာကြာကျင့်ကြံခဲ့ပါတယ်။ မဟာတာအိုအင်မော်တယ်ဝင်ပေါက်(၁၁၇၈၁၉)ကို တစ်ခုတည်းအဖြစ်အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့ပါတယ်။ သင့်ရဲ့ဓမ္မစွမ်းအားများမှာ ကြီးမားစွာတိုးတက်သွားပြီး သင့်ရဲ့ကျင့်ကြံခြင်းအဆင့်ကလည်း မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်သို့ရောက်ရှိသွားပါပြီ။"

…

တင်း!

"ဂုဏ်ပြုပါတယ်။လက်ခံသူ။ ဖရိုဖရဲမဟာတာအိုဓားကြာပွင့်ကို အဆ(၁၀၀)ကွာဒရီလီယန် မြှင့်တင်မှု အောက်တွင် နှစ်တစ်ထောင်ကျော်ကြာသန့်စင်ခဲ့ပါတယ်။ ၎င်းအတွက် အဖိုးတန်ကုန်ကြမ်းပစ္စည်း များစွာ သုံးစွဲခဲ့ရပြီးနောက်မှာ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ထိပ်တန်းအဆင့် ထိ ရောက်အောင် မြင့်တင်နိုင်ခဲ့ပါတယ်။"

…

တင်း!

"ဂုဏ်ပြုပါတယ်။လက်ခံသူ။ ဖရိုဖရဲကမ္ဘာဖျက်ဓားကို အဆ(၁၀၀)ကွာဒရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်တစ်ထောင်ကျော်ကြာသန့်စင်ခဲ့ပါတယ်။၎င်းအတွက် အဖိုးတန်ကုန်ကြမ်းပစ္စည်းများစွာသုံးစွဲခဲ့ရပြီး နောက်မှာ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ထိပ်တန်းအဆင့်ထိရောက်အောင် မြင့်တင် နိုင်ခဲ့ပါတယ်။"

…

တင်း!

"ဂုဏ်ပြုပါတယ်။လက်ခံသူ။ ဖရိုဖရဲပုကျုံးတောင်ကို အဆ(၁၀၀)ကွာဒရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်တစ်ထောင်ကျော်ကြာသန့်စင်ခဲ့ပါတယ်။ ၎င်းအတွက် အဖိုးတန်ကုန်ကြမ်းပစ္စည်းများစွာ သုံးစွဲခဲ့ရပြီးနောက်မှာ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ထိပ်တန်းအဆင့်ထိရောက်အောင် မြင့်တင်နိုင်ခဲ့ပါတယ်။"

…

အကြောင်းကြားချက်များပေါ်လာခဲ့သည်။

ချီမင်က အပျော်လွန်သွားတော့သည်။"နှစ်တစ်ထောင်လောက်ကျင့်ကြံပြီးတော့ အဆင့်ချိုးဖြတ်သွားခဲ့ပြီ။ကိုယ်ပိုင်အင်မော်တယ်ရတနာသုံးခုလုံးကိုလည်း မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ထိပ်တန်းအဆင့်ထိ သန့်စင်ပြီးသွားပြီ။"

"ဒီလိုဆိုရင်.."

"ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်က အင်မော်တယ်ဘုရင်အဆင့်ထိတက်လို့ရသွာပြီ။ ကိုယ်ပိုင်အင်မော်တယ်ရတနာသုံးခုကိုလည်း အထက်ကမ္ဘာအင်မော်တယ်ရတနာ အဆင့်ထိမြင့်လို့ရပြီ။"

အတွေးတစ်ချက်ဖြင့် ချီမင်က နက်နဲသည့်အခြေအနေထဲသို့ဝင်ရောက်သွားတော့သည်။ မဟာတာအိုအင်မော်တယ်ဝင်ပေါက်(၁၁၇၈၁၉)ပေါက် ပေါ်လာတော့သည်။သူ၏ဓမ္မစွမ်းအားများမှာ ခမ်းနားထည်ဝါစွာမြင့်တက်လာခဲ့သည်။

"ကောင်းကင်သံသရာကြယ်တာရာအစီအရင်။အသက်သွင်း။"

အစီအရင်က အသက်ဝင်လာခဲ့သည်။

၎င်းက ချီမင်၏အရှိန်အဝါကိုဖုံးကွယ်ထားပေးလိုက်သောကြောင့် ကောင်းကင်နှင့်မြေကြီးတွင်ထူးခြားဖြစ်စဉ်များ ဖြစ်မလာတော့ပေ။ ဤတစ်ကြိမ် သူ၏အဆင့်ချိုးဖြတ်မှုကို လုံးဝဖုံးအုပ်ပေးထားနိုင်ခဲ့သည်။ သူက လျင်မြန်စွာဖြင့် အဆင့်ချိုးဖြတ်လိုက်သည်။

တစ်လကြာပြီးနောက်မှာ အရာအားလုံးက ငြိမ်သက်သွားခဲ့သည်။

ချီမင်၏အဆင့်ချိုးဖြတ်ခြင်းက ပြီးဆုံးသွားတော့သည်။ သူ၏ကျင့်ကြံခြင်းအဆင့်သည် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အလယ်ပိုင်းအဆင့်သို့ရောက်သွားတော့သည်။ ထို့ပြင် သူက ကျင့်ကြံခြင်းကိုတည်ငြိမ်အောင်လုပ်ပြီးခဲ့ပြီး အဆင့်ချိုးဖြတ်ပြီးနောက်မှစွမ်းအားကို အခြေခံအားဖြင့် နားလည်အောင်လုပ်ခဲ့သည်။

ချီမင်သည် သူ၏ခန္ဓာကိုယ်ထဲမှဓမ္မစွမ်းအားများကိုအာရုံခံမိလိုက်သည်။ထို့ပြင် အံ့ဖွယ်စွမ်းအားများနှင့် ကောင်းကင်နှင့်မြေကြီးမဟာတာအိုကိုလည်း ခံစားမိလိုက်သည်။ သူက ခဏလောက်တွေးပြီးမှပြောလိုက်သည်။"ငါ ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်မှာနေတာ နှစ်တစ်သန်းပြည့်သွားပြီပဲ။"

"အချိန်ကုန်တာ တော်တော်မြန်တာပဲ။"

"ငါကျင့်ကြံနေတာ နှစ်တစ်ထောင်တောင်ကျော်သွားပြီ။ အပြင်ဘက်ကမ္ဘာမှာ ဘာတွေများ ဖြစ်နေမတုန်းမသိတော့ဘူး။"

"အံ့ဖွယ်စွမ်းအားသုံးပြီးတွက်ချက်ကြည့်မယ်။"

"ကောင်းကင်လျှို့ဝှက်ချက်အံ့ဖွယ်စွမ်းအား၊အထွတ်အထိပ်ကမ္မနည်းစနစ်"

အတွေးတစ်ချက်ဖြင့် ချီမင်က အံ့ဖွယ်စွမ်းအားနှစ်ခုကိုသုံးလိုက်သည်။ သူက ကမ္မစွမ်းအားနှင့် ကောင်းကင်လျှို့ဝှက်ချက်ကိုတွက်ချက်ကာ အတိတ်၊အနာဂတ်နှင့်ပစ္စုပ္ပန်ကိုတွက်ချက်လိုက်သည်။

"ကံကြမ္မာမြွေလက်ပတ်။"

ချီမင်က ကောင်းကင်တာအိုရတနာ:ကံကြမ္မာမြွေလက်ပတ်ကိုသုံးပြီး အတိတ်၊ပစ္စုပ္ပန်နှင့်အနာဂတ်မြူခိုးများကို ရှင်းလိုက်သည်။

သူက ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်ထဲမှမထွက်လျှင်ပင် ပြည်နယ်ကိုးလောကတွင် လွန်ခဲ့သည့်နှစ်တစ်ထောင်မှဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကို သိနိုင်သေးသည်။

ထိုနည်းစနစ်က အင်မတန်ထူးခြားလေသည်။

အထက်ကမ္ဘာအင်မော်တယ်ဘုရင်များကဲ့သို့နက်နဲသည့်ကျင့်ကြံခြင်းစွမ်းအားဖြင့်သူသာ ထိုသို့လုပ်နိုင်လေသည်။ ထိုသို့လုပ်ရန်လည်းမလွယ်ပေ။

သေချာသည်ကတော့ ကောင်းကင်အရှင်နယ်ပယ်သူများက သဘာဝအတိုင်းလုပ်နိုင်ပေလိမ့်မည်။

ပိုပြီးအရေးကြီးသည်က။

ပြည်နယ်ကိုးလောက၏လက်ရှိအခြေအနေက ခေတ်ကာလကပ်ဘေးဒုက္ခကျရောက်လာတော့မည် ဖြစ်၏။ ကောင်းကင်လျှို့ဝှက်ချက်များက ဗရမ်းဗတာဖြစ်နေပြီး မကောင်းသည့်ကမ္မများ ဖြင့်ပြည့်နှက်နေခဲ့သည်။ သေမျိုးကမ္ဘာကအဆုံးမဲ့ကာ ကောင်းကင်လျှို့ဝှက်ချက်များသည် ဖော်ထုတ်ရန်ခက်ခဲပေသည်။

ချီမင်ကတော့ လုပ်နိုင်ခဲ့သည်။

သူ၏အံ့ဖွယ်စွမ်းအားနှင့်နည်းစနစ်များက တကယ့်ကိုစွမ်းအားကြီးသည်။

"ကြမ်းကြုတ်သားရဲတွေ။"

ချီမင်၏မျက်လုံးများ ပွင့်လာသည်။ သူက လွန်ခဲ့သည့်နှစ်တစ်ထောင်မှဖြစ်ခဲ့သော အရာများကို ရှင်းလင်းစွာဖြင့် သိမြင်သွားခဲ့သည်။ ကြမ်းကြုတ်သားရဲကပ်ဘေးဖြစ်လာသည်မှာ အကြိမ်ရေ ပိုပြီးများလာခဲ့သည်။ ထို့ပြင် ၎င်းက အနောက်နွား ပြည်နယ်မှ ခေါင်းကိုးလုံးဖီးနစ်မျိုးနွယ်လက်ချက်ဖြစ်ကြောင်းဖော်ပြနေသည်။

နှစ်တစ်ထောင်အတွင်းမှာ ပြည်နယ်ကိုးလောကတွင် ကြမ်းကြုတ်သားရဲများက တစ်နေ့တစ်ခြားပိုတိုးလာခဲ့သည်။ ပြည်နယ်ကိုးလောကမှ များစွာသောနေရာများတွင် မရေမတွက်နိုင်သော သားရဲဒီရေလှိုင်းများမှာ အရွယ်အစားမျိုးစုံဖြင့်ပေါ်လာနေခဲ့သည်။

ကြမ်းကြုတ်သားရဲများကတော့ များပြားလာပေမဲ့ ၎င်းတို့က ရုတ်ရုတ်သဲသဲတော့မဖြစ်စေပေ။ သူတို့က ပြည်နယ်ကိုးလောကမှ အဖွဲ့အစည်းကြီးများ၏အခြေခံအုတ်မြစ်ကိုမလှုပ်ခါနိုင်ပေ။ ထို့ကြောင့် ဂိုဏ်းအဖွဲ့အစည်းများက ထိုအချင်းအရာကိုအာရုံမထားပေ။သူတို့က အင်အားအနည်းငယ်ပို့လွှတ်ကာ ထိုသားရဲဒီရေကို ဖိနှိပ်ခဲ့သည်။

မြင်ကွင်းကပြောင်းလဲသွားသည်။

အနောက်နွား ပြည်နယ်။

ခေါင်းကိုးလုံးဖီးနစ်မျိုးနွယ်။

ဘိုးဘေးမြေတွင်။

ကြီးမားသည့်မီးတောင်များရှိနေသည်။ ထိုမီးတောင်များပေါ်တွင် ကြီးမားသည့် သစ်ပင်ကြီးတစ်ပင်ရှိပြီး ၎င်းကိုပါရာစိုသစ်ပင်ဟုခေါ်သည်။

ဘိုးဘေးမြေဗဟိုတွင် အင်မတန်ခမ်းနားသည့်တောင်တစ်တောင်ရှိသည်။ ၎င်းက ခေါင်းကိုးလုံးဖီးနစ်မျိုးနွယ်၏မြင့်မြတ်တောင်ဖြစ်သည်။ တောင်ထိပ်တွင် ပါရာစိုသစ်ပင်ရှိသည်။

ဆန်းကြယ်သည့်ပါရာစိုသစ်ပင်ပေါ်တွင် ခမ်းနားသည့် ခေါင်းကိုးလုံးဖီးနစ်ဘုရားကျောင်းကို တည်ဆောက်ထား၏။

ထိုဘုရားကျောင်းထဲတွင် ခေါင်းကိုးလုံးဖီးနစ်မျိုးနွယ်တို့၏အရှင် ချီဟုန်လင်းက မြင့်မြတ်သည့်ရုပ်တုရှေ့တွင် အင်မတန်လေးစားနေသည့်အမူအရာဖြင့် ဒူးထောက်နေသည်။ ထိုမြင့်မြတ်သည့်ရုပ်တုက ကောင်းကင်အရှင်နယ်ပယ်ဖြစ်သည်။

"ဆန်းကြယ်ကိုးပါးကောင်းကင်အရှင်ကို တင်ပြပါတယ်။"

ချီဟုန်လင်း၏လေသံက အင်မတန်လေးစားနေခဲ့ကြသည်။"ကျွန်တော် သင့်ရဲ့ညွှန်ကြားချက်အတိုင်း ကြမ်းကြုတ်သားရဲတွေရဲ့ဇာစ်မြစ်ကို ပြည်နယ်ကိုးလောကမှာ ထားလိုက်ပါပြီ။ ကြမ်းကြုတ်သားရဲကပ်ဘေးက ပြည်နယ်ကိုးလောကတစ်ခုလုံးမှာ ဖြစ်တော့မှာပါ။"

ထိုခမ်းနားသည့်ပုံရိပ်ကို အဖြူရောင်မြူခိုးများဖြင့် ဖုံးအုပ်နေပြီး သေချာမြင်ရဖို့ လုံးဝမဖြစ်နိုင်ပေ။ သို့ပေမဲ့ ခမ်းနားသည့်အသံကထွက်လာသည်။"မင်း ကောင်းကောင်းလုပ်ခဲ့တယ်။"

အဖြူရောင်အလင်းတစ်ချက်လက်သွားသည်။

သိပ်မကြာခင်မှာပဲ နှင်းဖြူရောင်ခေါင်းလောင်းတစ်ခုက ချီဟုန်လင်း၏ရှေ့သို့ ကျလာသည်။ ၎င်းက ခမ်းနားသည့်စွမ်းအားများ ပါဝင်သည့် တာအိုစာလုံးများထုတ်လွှတ်နေသည်။

"ဒါက သားရဲဆင့်ခေါ်ခေါင်းလောင်းပဲ။"

ထိုရုပ်တုမှ ခမ်းနားသည့်အသံတစ်သံထွက်လာခဲ့သည်။"ဒီခေါင်းလောင်းက ကောင်းကင်တာအိုရတနာပဲ။ သားရဲကပ်ဘေးလုံးဝပေါက်ကွဲထွက်လာခဲ့ရင် မင်း ဒီခေါင်းလောင်းကိုသုံးပြီး ကပ်ဘေးအရှိန်ကိုပြောင်းလဲလို့ရတယ်။"

"ဟုတ်ကဲ့”

ချီဟုန်လင်းက ပျော်သွားတော့သည်။"ဟုတ်ကဲ့။"

ကမ္ဘာဦးနတ်ဆိုးဂိုဏ်း။

ကောင်းကင်ဉာဏ်အလင်းခန်းမ ချီမင်ရှိနေသည့်နေရာတွင်။

သူက မြေနီမှုန့်တို့ကိုစုစည်းလိုက်၏။

မြေနီမှုန့်တို့က ကောင်းကင်ဉာဏ်အလင်းခန်းမအပြင်ဘက်သို့ရောက်လာပြီး လေးစားစွာပြောလိုက်သည်။ တံခါးကမပွင့်လာသေးပေ။သူတို့က ခန်းမရှေ့တွင် လေးစားစွာ ဦးညွှတ်နေကြသည်။

ချီမင်က ညွှန်ကြားလိုက်သည်။"မြေနီမှုန့် မင်းက ကပ်ဘေးဒုက္ခ၊အမှောင်မီးလျှံနဲ့ ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်က အကြီးအကဲတွေတပည့်တွေကိုဦးဆောင်ပြီး အနောက်နွား ပြည်နယ်မှာရှိတဲ့သားရဲကပ်ဘေးရှိတဲ့နေရာဆီကို လျှို့ဝှက်ပြီးသွားကြ။ မင်းတို့ရဲ့အဓိကပန်းတိုင်က ခေါင်းကိုးလုံးဖီးနစ်မျိုးနွယ်ကိုစောင့်ကြည့်ထားဖို့ပဲ။"

မြေနီမှုန့်က ဦးညွှတ်ကာဆိုသည်။"ဟုတ်ကဲ့။"

"ဟုတ်ကဲ့ပါ သခင်။" အမှောင်မီးလျှံနှင့်ကပ်ဘေးလေးကလည်း တညီတညွှတ်တည်းပြောလိုက်သည်။

"သွားတော့" ချီမင်ကဆိုသည်။"မင်းတို့ ခေါ်ချင်တဲ့သူကိုခေါ်သွားကြ။"

မြေနီမှုန့်၊အမှောင်မီးလျှံနှင့်ကပ်ဘေးလေးတို့ထွက်သွားကြသည်။

ကုရှီးရွှေ၊ယုဟောင်တို့က ချီမင်ဆက်၍ပေးမည့်အမိန့်ကို စိတ်အားထက်သန်စွာဖြင့်စောင့်နေခဲ့သည်။

"ကုရှီးရွှေတို့က ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်ကိုဆက်ပြီးပဲ စောင့်ကြပ်နေကြ။"

"ဟုတ်ကဲ့”

“…”

ကုရှီးရွှေတို့က အတော်လေးနောင်တရသွားကြသည်။သို့ပေမဲ့ သူတို့က ချီမင်၏အမိန့်ကို သဘာဝအတိုင်း ကလန်ကဆံမလုပ်ရဲပေ။

ချီမင်က သားရဲကပ်ဘေးသည် ခေါင်းကိုးလုံးဖီးနစ်မျိုးနွယ်နှင့်ဆက်စပ်နေမှန်းသိသော်လည်း သူက အခြေအနေအတိအကျကိုမသိပေ။ မတော်တဆမှုများမဖြစ်အောင် သူက အခြေအနေအတိအကျကို နားလည်ချင်နေသည်။

ချီမင်က မြေနီမှုန့်တို့ကိုအပြင်လွှတ်လိုက်တော့သည်။

တင်း!

"လက်ခံသူရဲ့ကျင့်ကြံခြင်းအဆင့်က မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အလယ်ပိုင်းအဆင့်သို့ ချိုးဖြတ်သွားပါပြီ။ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အစောပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း: မဟာစကြဝဠာကမ္ဘာကို ရှင်းလင်းရာမှရရှိမည့်ဆုလဒ်များ လျော့ကျသွားပါပြီ။ သင် ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်တစ်ကွင်ဒရီလီယန်ဖြည့်သွင်းပြီး အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းအသစ်ကိုဖွင့်လှစ်နိုင်ပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

တင်း!

"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"

"မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အလယ်ပိုင်းအဆင့် ဂိမ်းမြေအောက်စခန်း:စိန်ခေါ်သူကွင်းပြင်ကို အောင်မြင်စွာ အသက်သွင်းနိုင်လိုက်ပါတယ်။"

"သင် ဝင်ရောက်နိုင်ပါပြီ။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"ဝင်မယ်။"

နောက်တခဏတွင် ချီမင်၏ရှေ့သို့ ဂိမ်းမြင်ကွင်များပေါ်လာခဲ့သည်။ ဤဂိမ်းမြေအောက်စခန်းက အတော်လေးထူးခြားကာ ချိတ်ပိတ်ထားသည့်နေရာတစ်နေရာဖြစ်သည်။

တစ်နည်းပြောရရင်။

ကျယ်ပြန်သည့်ပြိုင်ပွဲကွင်းပြင်ဖြစ်ပြီး လုံးဝကိုချိတ်ပိတ်ထားခဲ့သည့်နေရာဖြစ်သည်။ စိန်ခေါ်သူကွင်းပြင်တွင် မတူညီသည့်ပြိုင်ဘက်ကိုးဦးပေါ်လာလိမ့်မည်။ ချီမင်က ထိုရန်သူကိုးယောက်လုံးကို တစ်ယောက်ပြီးတစ်ယောက်အနိုင်ယူရမည်ဖြစ်သည်။ ထို့နောက်မှာသာ သူက ထိုဂိမ်းမြေအောက်စခန်းကိုရှင်းလင်းနိုင်မည်ဖြစ်သည်။

အတော်လေးရိုးရှင်းလေသည်။

သူတွင် လုံလောက်သည့်အင်အားရှိနေသရွေ့ ရိုးရှင်းပေသည်။

"စလိုက်ရအောင်။"

ချီမင်က လုံးဝကိုတုံ့ဆိုင်းမနေပေ။ "ငါ ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက် တစ်ကွင်ဒရီလီယန်ထည့်မယ်။ အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းနှစ်ခြင်းအခန်းကိုဖွင့်ပြီး စိန်ခေါ်မယ်။"

ချီမင်၏ခန္ဓာကိုယ်ထဲသို့ များပြားသည့်စွမ်းအားများ တိုးဝင်လာခဲ့သည်။ ချီမင်၏အဓိကအသိစိတ်မှ အသိစိတ်တစ်စိတ်တစ်ပိုင်းမှာ ကွဲထွက်လာပြီး အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းသို့ ဝင်သွားတော့သည်။

ထို့ပြင် ချီမင်၏ဂိမ်းဇာတ်ကောင်ကိုစွမ်းအင်များစွာဖြင့် ဖန်တီးလိုက်ပြီးနောက်မှာ သူက အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းထဲသို့ ဝင်သွားသည်။ ထိုဂိမ်းဇာတ်ကောင်ကို ပြိုင်ပွဲကွင်းပြင်စိန်ခေါ်သူဟုခေါ်သည်။

စိန်ခေါ်ပွဲက စတင်လာခဲ့သည်။

ချီမင်၏ရှေ့တွင် ပထမဆုံးရန်သူပေါ်လာသည်။

All Chapters