အသင်္ချေကမ္ဘာများမှ စည်းမျဉ်းများ
Vol. 26 Ch. 382
"ငါက မီးဓားနတ်ဘုရားပဲ။"
ချီမင်၏ရှေ့တွင် ပထမဆုံးပေါ်လာသောရန်သူကယှဉ်ပြိုင်သူကိုးဦးထဲမှ အားအနည်းဆုံးတစ်ယောက်ဖြစ်သည်။
ဥပဒေသကိုကျင့်ကြံသည့် အင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်ကဖြစ်သည်။
သူက အင်မတန်စွမ်းအားကြီးသည့် အသေးစားအံ့ဖွယ်စွမ်းအားတစ်ခုကိုနားလည်ထားပြီး နက်နဲခြင်းအဆင့်ထိရောက်အောင်ကျင့်ကြံထားခဲ့သည်။
"ကောင်းကင်ကြယ်တာရာအစီအရင်"
ချီမင်၏လက်ဝါးက ကျရောက်လာသည်။သူက ကောင်းကင်ကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ကို သုံးပြီး အစီအရင်ကြီးတစ်ခုဖွဲ့စည်းလိုက်သည်။ ကောင်းကင်မှ သက်ဆင်းလာခဲ့သည်။ မီးဓားနတ်ဘုရားက လက်ဝါးတစ်ချက်ဖြင့် သတ်ဖြတ်ခံခဲ့ရသည်။
သူ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းကိုမပူးပေါင်းခင်တုန်းက သူ့ကျင့်ကြံခြင်းအဆင့်က ဆန်းကြယ်အင်မော်တယ်အဆင့်၌သာရှိသေးသည်။ သူက ဥပဒေသကျင့်ကြံသည့် အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးကိုသတ်ချင်ပါက သူ၏ဝှက်ဖဲအားလုံးကို ထုတ်သုံးရန်လိုခဲ့သည်။
အခုတော့ ချီမင်က ထိုအဆင့်ကို လက်ဝါးတစ်ချက်တည်းနှင့်သတ်ဖြတ်နိုင်ပေသည်။
နှစ်သန်းပေါင်းများစွာ တံခါးပိတ်ကျင့်ကြံပြီးနောက်မှာ ချီမင်၏ကျင့်ကြံခြင်းအဆင့်က များစွာတိုးတက်ခဲ့ရသလို သူ့ခွန်အားကလည်း ကြီးမားစွာ တိုးတက်ခဲ့သည်။
မီးဓားနတ်ဘုရား၏အလောင်းက ပျောက်ကွယ်သွားခဲ့ပြီး မရေမတွက်နိုင်သော အနီရောင်အလင်းစက်လေးများအဖြစ်ပြောင်းကာ ပျက်သုဉ်းသွားတော့သည်။
ကိုးရောင်ခြယ်အလင်းတန်းတစ်ခုမှာ ချီမင်ပေါ်သို့ကျဆင်းလာခဲ့ပြီး ဖုံးအုပ်သွားတော့သည်။ သူ၏တိုက်ပွဲအတွင်း စွမ်းအင်သုံးစွဲမှုက ချက်ချင်းပဲ ပြန်လည်ပြည့်တင်းသွားတော့သည်။ ကိုးရောင်ခြယ်အလင်းတန်းက သူ၏ဒဏ်ရာများနှင့်စွမ်းအင်များကို ပြန်လည်ကုစားပေးသွားခြင်းဖြစ်သည်။
သိပ်မကြာခင်မှာပဲ ချီမင်၏ရှေ့တွင် အဖြူရောင်မြူခိုးများပေါ်လာတော့ပြန်သည်။
ထိုမြူခိုးများထဲမှ အဖြူရောင်ဝတ်စုံဖြင့်အမျိုးသမီးတစ်ဦးဖြေးညှင်းစွာဖြင့် လျှောက်ထွက်လာခဲ့သည်။ သိပ်သည်းနေသည့်မြူခိုးများမှာ ပြန်လည်လျော့ပါးသွားပြီး သူ၏ကျောက်စိမ်းပမာ ခြေတံဖြူလေးများပေါ်လာခဲ့သည်။ သူမက လှပသည့်နတ်မိမယ်လေးတစ်ပါးဖြစ်သည်။
သူမက ချီမင်၏ဒုတိယမြောက်ရန်သူဖြစ်သည်။
သူမကို မြောင်ပိုင်ပိုင်ဟုခေါ်ပြီး ဥပဒေသကျင့်ကြံသည့် အင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်က ပဲဖြစ်သည်။
သူမက ဥပဒေသကို ပြီးပြည့်စုံစွာပေါင်းစပ်ထားသည့် အသေးစားအံ့ဖွယ်စွမ်းအားတစ်ခုကို နားလည်ဆုပ်ကိုင်ထားသေးသည်။
သူကျင့်ကြံထားသည် အသေးစားအံ့ဖွယ်စွမ်းအားအကုန်လုံးက နက်နဲခြင်းအဆင့်ထိ ရောက်နေကြပြီဖြစ်သည်။
ချီမင်က ကောင်းကင်နှင့်မြေကြီးမဟာတာအိုနှင့် ၎င်းတွင်ပါဝင် အရာခပ်သိမ်းကို နားလည်ဆင်ခြင် ထားသည်။ ၎င်းက အတော်လေးနက်နဲကြောင်းတော့ ချီမင် ရှင်းလင်းစွာနားလည်သဘောပေါက်ထားသည်။
အလုံးစုံခပ်သိမ်းသောကမ္ဘာတို့တွင် ဥပဒေသအရေအတွက်မှာ အကန့်အသတ်ရှိသည်။
စုစုပေါင်း ဥပဒေသပေါင်း(၁၂၉၆၀၀)ရှိသည်။
ဘယ်အရာမှ ၎င်းကိုမပြောင်းလဲနိုင်ပေ။
အသေးစားအံ့ဖွယ်စွမ်းအားများကို ဥပဒေသများဖြင့် ဖန်တီးထားခြင်းဖြစ်သည်။
ပုံမှန်အားဖြင့်တော့ အသေးစားအံ့ဖွယ်စွမ်းအားများကြားတွင် အဆင့်သတ်မှတ်ချက်များရှိသည်။
ဥပဒေသများ ပိုပြီးပေါင်းစပ်ထားလေ အသေးစားအံ့ဖွယ်စွမ်းအားကပိုအားကောင်းလေဖြစ်သည်။ ဥပဒေသ(၁၂၉၆၀၀)ဖြင့်ဖန်တီးထားသည့် အသေးစားအံ့ဖွယ်စွမ်းအားကို ပြီးပြည့်စုံခြင်းအသေးစားအံ့ဖွယ်စွမ်းအားဟုခေါ်သည်။
ထိုအဆင့်က အသန်မာဆုံးအသေးစားအံ့ဖွယ်စွမ်းအားဖြစ်ပြီး မဟာအံ့ဖွယ်စွမ်းအားနှင့်တောင် ယှဉ်နိုင်လုနီးပါးဖြစ်သည်။ အချို့သောတိကျသည့်အခြေအနေအောက်တွင် ယင်းစွမ်းအားက မဟာအံ့ဖွယ်စွမ်းအားအချို့ထက် သာလွန်သည်။
"တိုက်ခိုက်မယ်"
ချီမင်က အေးစက်စွာကြည့်ပြီး တိုက်ခိုက်လိုက်သည်။ သူ ထိုအလှလေးကို အနည်းငယ်မျှသော သနားညှာတာမှုလေးတောင်မပေးပေ။သေအောင်ဘဲတိုက်ခိုက်လိုက်သည်။ ကံကြမ္မာမြွေလက်ပတ်က မြောင်ပိုင်ပိုင်၏အံ့ဖွယ်စွမ်းအားကိုအလွယ်တတကူအနိုင်ယူသွား၏။
မြောင်ပိုင်ပိုင်က သနားစဖွယ်အော်ဟစ်လိုက်သည်။ သူမ၏အင်မော်တယ်ခန္ဓာက ဖြတ်တောက်ခံလိုက်ရပြီး ပွဲချင်းပြီးသေသွားခဲ့သည်။
သူမက ချီမင်လက်ထဲတွင် တစ်မိနစ်တောင်မပြည့်လိုက်ရဘဲ သေသွားခဲ့သည်။
ချက်ချင်းပဲ တတိယမြောက်ရန်သူပေါ်လာတော့သည်။
ထိုသူက အရပ်နှစ်မီတာရှိပြီး ကြေးနီရောင်အသားအရေဖြင့် အမျိုးသားတစ်ဦးဖြစ်သည်။ ကြောက်မက်ဖွယ်ရာအော်ရာများမှာ ထိုသူ၏အကန့်အသတ်ထိသန့်စင်ထားသောအင်မော်တယ်ခန္ဓာမှ ပျံ့နှံ့ထွက်ပေါ်နေ၏။
ထိုသူ၏နာမည်က ကုတျန်းဝူဖြစ်ပြၑီး ဥပဒေသကျင့်ကြံသည့် အင်မော်တယ်ဘုရင်နှောင်းပိုင်း အဆင့်ဖြစ်သည်။
သူက ပြီးပြည့်စုံခြင်းအသေးစားအံ့ဖွယ်စွမ်းအားကိုနားလည်ထားသည်။
သူက ခန္ဓာကိုယ်ကျင့်ကြံခြင်းမဟာအံ့ဖွယ်စွမ်းအားကိုလည်း ကျင့်ကြံထားသည်။
သူနားလည်ထားသည့်အံ့ဖွယ်စွမ်းအားမှန်သမျှသည် နက်နဲခြင်းအဆင့်သို့ရောက်နေပေပြီ။
ကုတျန်းဝူကချီမင်၏တိုက်ကွက်ကိုမခုခံနိုင်ပေ။ သူက ခန္ဓာကိုယ်ကျင့်ကြံခြင်းမဟာအံ့ဖွယ်စွမ်းအားကို ကျင့်ကြံလျှင်ပင် သူက ချီမင်၏တိုက်ကွက်တစ်ကွက်ကိုတောင် မခံနိုင်ပေ။
ချီမင်၏ကံကြမ္မာမြွေလက်ပတ်က ကုတျန်းဝူ၏ခန္ဓာကိုဖြတ်တောက်သွားပြီး အရာအားလုံးကို ချေမှုန်းသွားသည်။
နောက်ထပ်ချက်ချင်းသတ်ဖြတ်မှုပင်။
"ငါ အခုနားလည်ပြီ။"
ချီမင်က တွေးတောမိပြီး နောက်ပြောသည်။ "အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်း စိန်ခေါ်သူကွင်းပြင်မှာ စုစုပေါင်းရန်သူကိုး ယောက်ပေါ်လာမယ်။ တစ်ယောက်စီတိုင်းက အရင်တစ်ယောက်ထပ် ပိုသန်မာလာပြီးတော့ အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်ရဲ့ မတူညီတဲ့အဆင့်ကိုးဆင့်ကိုကိုယ်စားပြုတယ်။"
သူက တစ်စုံတစ်ယောက်၏ခွန်အားသည်ကျင့်ကြံခြင်းအဆင့်နှင့်မသက်ဆိုင်သည်ကိုသိခဲ့သည်မှာ ကြာခဲ့သည်။အံ့ဖွယ်စွမ်းအား၊တိုက်ပွဲအတွေ့အကြုံနှင့်အင်မော်တယ်ရတနာများက ကျင့်ကြံခြင်းအဆင့်ကွာဟချက်ကိုဖာထေးနိုင်သည်။
မြူခိုးနက်များ ပျံ့လွင်လာသည်။
လေးယောက်မြောက်ရန်သူက ဖြေးညှင်းစွာလျှောက်ထွက်လာခဲ့သည်။
ချီမင်က လျှို့ဝှက်ဆန်းကြယ်သည့်အနက်ရောင်ခြုံလွှာဖြင့် အမျိုးသားတစ်ဦးကိုတွေ့လိုက်ရသည်။ ထိုသူက ပိန်ပါးပြီး ရှင်းလင်းစွာဖြင့် မမြင်နိုင်သေးပေ။ ဖိနှိပ်ချုပ်ချယ်သည့်အရှိန်အဝါများကိုတော့ ထုတ်လွှတ်နေခဲ့သည်။
သူ့ကို တောင်ပံနက်ဟုခေါ်သည်။
သူက စည်းမျဉ်းကျင့်ကြံသည့် အင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်ဖြစ်သည်။
သူက အသေးစားအံ့ဖွယ်စွမ်းအားတစ်ခုကို နက်နဲခြင်းအဆင့်ထိကျင့်ကြံထားသည်။
"သေလိုက်တော့။"
ချီမင်က ညာဘက်လက်ကိုဝေ့ယမ်းလိုက်တော့ အချိန်နေရာလွတ်တံခါးက ပေါ်လာသည်။ သူက အံ့ဖွယ်စွမ်းအားကိုမသုံးတော့ပေ။ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားနှင့် ကောင်းကင်တာအိုရတနာကိုတွဲသုံးကာ ရန်သူကိုဖိနှိပ်လိုက်သည်။
ငါးယောက်မြောက်ရန်သူ။
သူက စည်းမျဉ်းကျင့်ကြံသည့် အင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်ဖြစ်သည်။
သူက ပြီးပြည့်စုံခြင်းအသေးစားအံ့ဖွယ်စွမ်းအားကို နက်နဲခြင်းအဆင့်ထိ ရောက်အောင် ကျင့်ကြံထားသည်။
ချီမင်က အလားတူစွာပဲ ရန်သူကို ကောင်းကင်နှင့်မြေကြီးမဟာတာအိုနှင့်ကောင်းကင်တာအိုရတနာတို့ ကို သုံးကာ ဖိနှိပ်လိုက်သည်။ ငါးယောက်မြောက်ရန်သူကလည်း စွမ်းအားကြီးတိုက်ကွက်ကိုမခံနိုင်ဘဲ သေသွားတော့သည်။
ခြောက်ယောက်မြောက်ရန်သူကလည်း စည်းမျဉ်းကျင့်ကြံသည့် အင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်ကဖြစ်သည်။
သူက ပြီးပြည့်စုံခြင်းအသေးစားအံ့ဖွယ်စွမ်းအားနှင့် မဟာအံ့ဖွယ်စွမ်းအားတို့ကိုနားလည်ထားသည်။
သူက အံ့ဖွယ်စွမ်းအားအကုန်လုံးကိုလည်း နက်နဲခြင်းအဆင့်ထိကျင့်ကြံထားသေး၏။
ဤတစ်ကြိမ်တော့ ချီမင်က ကောင်းကင်တာအိုရတနာ၏စွမ်းအားနှင့် ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားကိုသုံးခဲ့ ရသည်။ထို့ပြင် ခြောက်ယောက်မြောက်ရန်သူကိုသတ်ဖြတ်ဖို့ အံ့ဖွယ်စွမ်းအားအချို့ကိုလည်း ထုတ်သုံးခဲ့သည်။
သူက အချိန်အချို့ပေးကာ နည်းစနစ်အချို့ကိုသုံးခဲ့သည်။
ခုနစ်ယောက်မြောက်ရန်သူပေါ်လာခဲ့သည်။
ရန်သူ၏အရှိန်အဝါနှင့်ပင်ကိုယ်စိတ်ဓာတ်က ခြောက်ယောက်မြောက်ရန်သူနှင့်ယဉ်လျှင် များစွာခြားနားပေသည်။ သူက အင်မတန်စွမ်းအားကြီးသည့်အဆင့်ကိုရောက်နေပြီဖြစ်ကာ ချီမင်ကိုဖိအားအချို့ပေးလာသည်။
ထိုရန်သူ မီးခိုးရောင်မြူခိုးများထဲမှလမ်းလျှောက်ထွက်လာသည်နှင့် နေရာလွတ်တစ်ခုလုံးက အနည်းငယ်တုန်ခါသွားသည်။ သုံးမီတာရှည်သည့် လူသန်ကြီးအသေးစားလေးပေါ်လာသည်။
သူ့တစ်ကိုယ်လုံးတွင် ရှေးဟောင်းရွှေရောင်အလင်းများဖြင့် တောက်ပနေသည်။
သူ့အမူအရာက တင်းမာပြီး ခံစားချက်မဲ့နေသည်။
သူ့ကို ဝူဝူတိဟုခေါ်သည်။
စည်းမျဉ်းကျင့်ကြံသည့်အင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်ဖြစ်သည်။
သူက ပြီးပြည့်စုံခြင်းအသေးစားအံ့ဖွယ်စွမ်းအားနှင့် များစွာသော မဟာအံ့ဖွယ်စွမ်းအားနည်းစနစ်တို့ ကိုနားလည်ထားသည်။
သူသည် သိုင်းတာအိုစည်းမျဉ်းကိုအဓိကထားကျင့်ကြံပြီးသိုင်းတာအိုစည်းမျဉ်းကိုအခြေခံအဖြစ်ထား၍ ဥပဒေသ(၁၂၉၆၀၀)တို့ကိုပေါင်းစပ်ပြီး ပြီးပြည့်စုံသည့် မဟာအံ့ဖွယ်စွမ်းအားကိုဖန်တီးခဲ့သည်။
သူက အံ့ဖွယ်စွမ်းအားအကုန်လုံးကိုလည်း နက်နဲခြင်းအဆင့်ထိကျင့်ကြံထားသေး၏။
"ဥပဒေသပြီးပြည့်စုံခြင်း သိုင်းတာအိုမဟာအံ့ဖွယ်စွမ်းအား။ သိုင်းတာအို မဟာစစ်မှန်ခန္ဓာ။"
ဝူဝူတိက အော်ဟစ်ပြီး သိုင်းတာအိုစစ်မှန်ခန္ဓာကိုသုံးလိုက်သည်။ သူက အဆုံးမဲ့ခမ်းနားသည့်လူသန်ကြီးတစ်ဦး အဖြစ်ပြောင်းလဲသွားသည်မှာ ရှေးဟောင်းနတ်ဆိုးတစ်ပါးပြန်လည်ရှင်သန်ထမြောက်လာသည့်အလားပင်။
"အချိန်နေရာလွတ်တံခါး။"
ချီမင်၏အမူအရာက အနည်းငယ်လေးနက်သွားသည်။ ချီမင်က ညာဘက်လက်ကိုဝေ့ယမ်းလိုက်တော့ အချိန်နေရာလွတ်တံခါးက ပေါ်လာသည်။ သူက တီးတိုးရေရွတ်လျက် အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်းကို သုံးလိုက်သည်။
"ပြန့်ကျဲ"
ချီမင်၏လက်ဖဝါးသည် ကျရောက်လာတော့၏။ အလင်းများလက်သွားပြီး မှော်စာလုံးများ တောက်ပလာခဲ့သည်။ အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်း၏စွမ်းအားက ဝူဝူတိပေါ်သို့ကျရောက်သွားပြီး သူ၏အံ့ဖွယ်စွမ်းအားကိုတိုက်ရိုက်ပဲဖြိုခွဲလိုက်သည်။
အထွတ်အထိပ်အံ့ဖွယ်စွမ်းအား အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်းတွင် အင်မတန်ထူးခြားသည့်စွမ်းအားများရှိသည်။ ယင်းက အံ့ဖွယ်စွမ်းအားအလုံးစုံကိုဖြေရှင်းနိုင်ပြီး အသုံးမဝင်တော့အောင်လုပ်နိုင်သည်။ အံ့ဖွယ်စွမ်းအားပိုင်ရှင်ကိုတောင်တိုက်ခိုက်နိုင်သည်။
အချိန်နေရာလွတ်တံခါးက ဖိချလိုက်သည်။
ဝူဝူတိက အော်ဟစ်လိုက်သည်။ သူ၏သိုင်းတာအိုမဟာစစ်မှန်ခန္ဓာသည် အချိန်နေရာလွတ်တံခါးကြောင့် ဖျက်ဆီးခံလိုက်ရသည်။ သူ၏အသိစိတ်ကိုလည်း ချီမင်ကဖျက်ဆီးပစ်လိုက်သည်။သူက လုံးဝကိုသေဆုံးသွားတော့၏။
ချီမင်က အသက်ပြင်းပြင်းရှုလိုက်သည်။"ခုနစ်ယောက်မြောက်ရန်သူက ငါ့ကိုဖိအားနည်းနည်းပေးနိုင်တယ်။ ကိုးယောက်မြောက်ရန်သူက ဘယ်လောက်ထိသန်မာမလဲ သိချင်လာပြီ။"
ကိုးရောင်ခြယ်အလင်းတိုင်တစ်တိုင်က ချီမင်ကိုဖုံးအုပ်သွားကာ သူ၏အင်အားကိုပြန်လည်ဖြည့်တင်းပေးသွားတော့၏။
နောက်တခဏမှာ ရှစ်ယောက်မြောက်ရန်သူက တိတ်ဆိတ်စွာဖြင့်ပေါ်လာခဲ့သည်။
"စိန်ခေါ်သူ တွေ့ရတာဝမ်းသာပါတယ်။"
ရှစ်ယောက်မြောက်ရန်သူက ယပ်တောင်ကိုင်ထားသည့်ငယ်ရွယ်သည့် ကျောင်းတော်သားလေးဖြစ်သည်။ သူတွင် ပညာတတ်လက္ခဏာများမြင်နေရပြီး တည်ငြိမ်သော ကွန်ဖြူးရှပ်နှင့် ဒဿနပညာရှင်တစ်ဦး၏ အငွေ့အသက်ကို သယ်ဆောင်ထားသည်။ သူက စစ်မှန်သည့်ကွန်းဖြူရှပ်တာအိုပညာရှိတစ်ဦးဖြစ်သည်။
သူ့ကို ဖုန်းယုဟုခေါ်သည်။
ကျင့်ကြံခြင်းအဆင့်အရဆို ဖုန်းယုက စည်းမျဉ်းကျင့်ကြံသည့် အထက်ကမ္ဘာအင်မော်တယ်ဘုရင် တစ်ပါးဖြစ်သည်။ ကွန်းဖြူရှပ်တာအိုကမ္ဘာထဲတွင် ကွန်းဖြူရှပ်တာအိုပညာရှိအဆင့်သည် ကျင့်ကြံခြင်းကမ္ဘာတွင် အထက်ကမ္ဘာအင်မော်တယ်ဘုရင်ဖြစ်သည်။ သူကအင်မော်တယ်နယ်ပယ်၏ အကန့်အသတ်ထိရောက်ရှိနေပေပြီ။
သူက ပြီးပြည့်စုံခြင်းအသေးစားအံ့ဖွယ်စွမ်းအားနှင့် မဟာအံ့ဖွယ်စွမ်းအားများစွာတို့ကို နားလည်ထားသည်။
ဖုန်းယုသည် ကွန်းဖြူရှပ်တာအိုစည်းမျဉ်းကို အဓိကထားကျင့်ကြံသည်။ ထို့ကြောင့် သူက ကွန်းဖြူရှပ်တာအိုစည်းမျဉ်းကိုအခြေခံပြီး အသေးစားအံ့ဖွယ်စွမ်းအား(၁၂၉၆၀၀)တို့ကိုပေါင်းစပ်ကာ ပြီးပြည့်စုံသည့် ကွန်းဖြူရှပ်တာအိုမဟာအံ့ဖွယ်စွမ်းအားကို ဖန်တီးခဲ့သည်။
၎င်းက ဖုန်းယု၏အသန်မာဆုံးနည်းစနစ်မဟုတ်သေးပေ။
ကမ္ဘာအလုံးစုံတွင် ဥပဒေသများက အကန့်အသတ်နှင့်သာရှိသည်။
စုစုပေါင်းဥပဒေသ(၁၂၉၆၀၀)ရှိသည်။
တူညီစွာဖြင့် ကမ္ဘာတိုင်းတွင် စည်းမျဉ်းများတွင်လည်း အကန့်အသတ်ရှိသည်။
စုစုပေါင်းစည်းမျဉ်း(၃၀၀၀)ရှိသည်။
အခု ချီမင်၏ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပေါ်နားလည်မှုသည် ပိုပြီးမြင့်မားသည့်အဆင့်သို့ ရောက်နေပေပြီ။သူက စည်းမျဉ်းများစွာနှင့် ထိုစည်းမျဉ်းများ၏ဆန်းကြယ်မှုများကို သိထားခဲ့သည်။
ဖုန်းယုသည် ကွန်းဖြူရှပ်တာအိုစည်းမျဉ်းကို ဗဟိုထား၍ အသင်္ချေကမ္ဘာများ၏စည်းမျဉ်းများကို ထိုးထွင်းသိမြင်ခဲ့သည်။ သူက စည်းမျဉ်းပေါင်း(၃၀၀၀)ကိုနားလည်ဆင်ခြင်ခဲ့ပြီး ကွန်းဖြူရှပ်တာအိုစည်းမျဉ်းတွင် ပေါင်းစပ်အသုံးပြုခဲ့သည်။ သူက စည်းမျဉ်း(၃၀၀၀)နှင့်ဥပဒေသ(၁၂၉၆၀၀)တို့ကိုပေါင်းစပ်ပြီး သူနှင့်အသင့်တော်ဆုံးဖြစ်သည့် ပြီးပြည်စုံသည့် ကွန်းဖြူရှပ်တာအိုအံ့ဖွယ်စွမ်းအားကိုဖန်တီးခဲ့သည်။
ပြီးပြည့်စုံခြင်းစည်းမျဉ်းအံ့ဖွယ်စွမ်းအားသည် အထွတ်အထိပ်အံ့ဖွယ်စွမ်းအားနှင့်ယဉ်နိုင်သည်။ တကယ်တော့ အချို့သောကိစ္စများတွင် ပြီးပြည့်စုံခြင်းစည်းမျဉ်းအံ့ဖွယ်စွမ်းအားသည် သာမန်အထွတ်အထိပ်အံ့ဖွယ်စွမ်းအားထက်တောင် ပိုပြီးတောင် သန်မာသည်။
"ဖုန်းယု"
ချီမင်သည် ဖုန်းယု၏အချက်အလက်များကိုနားလည်သွားပြီးနောက်မှာ သူက မနေနိုင်ဘဲချီးကျူးမိလိုက်သည်။"ကျေးဇူးပြုပြီး။"
"မင်းဆန္ဒရှိတဲ့အတိုင်းပဲ။"
ဖုန်းယုသည် ခေါင်းညိတ်ပြီး သူ့လက်ထဲမှယပ်တောင်ကို ဖယ်ထုတ်လိုက်သည်။ သူကညာဘက်လက်ကိုဝေ့ယမ်းလိုက်တော့ သူ့ရှေ့တွင် ကွန်းဖြူရှပ်ရတနာများ တစ်ခုပြီးတစ်ခုပေါ်လာတော့သည်။
ကွန်းဖြူရှပ်တာအို၏စွမ်းအားများ ထွက်ပေါ်လာသည်။
အံ့ဖွယ်စွမ်းအားမျိုးစုံမှာ ထွက်ပေါ်လာသည်။
"ပြီးပြည့်စုံခြင်းကွန်းဖြူရှပ်တာအိုစည်းမျဉ်း မဟာအံ့ဖွယ်စွမ်းအား။" ဖုန်းယုက အော်ဟစ်လိုက်သည်။"အသင်္ချေစာအုပ်ကမ္ဘာ။"
အရပ်လေးမျက်နှာတွင် ထူးခြားဖြစ်စဉ်တစ်ခုပေါ်လာသည်။ အသင်္ချေစာအုပ်ကမ္ဘာသည် လေဟာနယ်ထဲမှ ကမ္ဘာတစ်ခုကိုဖွင့်လှစ်လိုက်သည်။ မရေမတွက်နိုင်သောကျမ်းစာများပေါ်လာပြီး ၎င်းတို့က များစွာသောတိုက်ခိုက်မှုများအဖြစ်ပြောင်းပြီး ချီမင်ကိုတိုက်ခိုက်သည်။
"မင်းက တကယ့်ကိုသန်မာတာပဲ။" ချီမင်က သက်ပြင်းချလိုက်ပြန်သည်။ သူ့အကြည့်များက လေးနက်နေသည်။သူက ကောင်းကင်တာအိုရတနာသုံးခုကိုထုတ်လိုက်သည်။ ကောင်းကင်နှင့်မြေကြီးစကြဝဠာပန်းချီကာ၊အချိန်နေရာလွတ်တံခါးနှင့် ကံကြမ္မာမြွေလက်ပတ်တို့ ထွက်လာသည်။
သူတို့ အားလုံးပေါ်လာတော့သည်။
ကောင်းကင်တာအိုရတနာ၏စွမ်းအားက ကွန်းဖြူရှပ်ရတနာ၏စွမ်းအားကိုဖိနှိပ်လိုက်သည်။
"အထွတ်အထိပ်ကမ္မနည်းစနစ်ချိတ်စည်း"
ချီမင်က အော်ဟစ်ပြီး အထွတ်အထိပ်ကမ္မနည်းစနစ်နှစ်ခုကို တစ်ပြိုင်တည်းသုံးလိုက်သည်။ "အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်းချိတ်စည်း။"
စစ်မှန်ရတနာများကြောင့် ဗုဒ္ဓတစ်ပါးပေါ်လာသည်။ ကမ္မဗုဒ္ဓကမ္ဘာထဲတွင် ရွှေရောင်အလင်းလက်သွားတော့သည်။ဗုဒ္ဓကိုယ်တော်တိုင်ပေါ်လာပြီး မရေမတွက်နိုင်သော ကျမ်းစာများနှင့်အမှန်တရားများကိုရွတ်ဖတ်ခဲ့သည်။
တစ်ချိန်တည်းမှာ အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်းကလည်း ထွက်ပေါ်လာသည်။မတူညီသည့်အံ့ဖွယ်စွမ်းအားဓမ္မရုပ်တုများအဖြစ်ထွက်ပေါ်လာသည်။
နောက်ဆုံးမှာတော့ ချီမင်ကအသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်းကိုသုံးပြီး အသင်္ချေစာအုပ်ကမ္ဘာ၏စွမ်းအားကိုဖိနှိပ်လိုက်သည်။ သူက အသင်္ချေစာအုပ်ကမ္ဘာ၏စွမ်းအားကို ကမ္မစွမ်းအားဖြင့်ခွဲခြမ်းလိုက်ပြီး ဖုန်းယု၏ပြီးပြည့်စုံခြင်းကွန်းဖြူရှပ်တာအိုမဟာတာအို အံ့ဖွယ်စွမ်းအားကိုဖြိုခွဲလိုက်သည်။
"အား။"
ဖုန်းယုက သွေးအန်ထွက်သွားတော့သည်။ သူ့အကြည့်ကမှိန်ဖျော့သွားသည်။ သူ့အသိစိတ်နှင့်အသက်စွမ်းအားမှာပျောက်ကွယ်သွားသည်။သို့ပေမဲ့ သူက အထွတ်အထိပ်ကမ္မနည်းစနစ်နှင့်အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်းကိုစိုက်ကြည့်နေသည်။
"ဒါဆို ဒါက အထွတ်အထိပ်အံ့ဖွယ်စွမ်းအားပေါ့။" ဖုန်းယုက ခပ်တိုးတိုးပြောလိုက်သည်။"ငါ မသေခင်မှာ ငါ့ရဲ့ကိုယ်ပိုင်မျက်လုံးနဲ့ အထွတ်အထိပ်အံ့ဖွယ်စွမ်းအားနဲ့ကောင်းကင်တာအို အံ့ဖွယ်စွမ်းအားကို မြင်ခဲ့ရပြီ။ ငါ နောင်တကင်းကင်းပဲ သေလို့ရပြီ။"
ဖုန်းယု၏အင်မော်တယ်ခန္ဓာသည် မရေမတွက်နိုင်သောအလင်းတန်းများအဖြစ်ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။