ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓ။ ရှင်းလင်းမှုအောင်မြင်ခြင်း။
Vol. 26 Ch. 383
ချီမင်သည် ဖုန်းယုသေဆုံးပြီးပျောက်ကွယ်သွားသည်ကိုအေးအေးသာသာကြည့်နေခဲ့သည်။ ခုနတိုက်ပွဲတွင် ချီမင်သည် သူ၏နည်းစနစ်များနှင့်အံ့ဖွယ်စွမ်းအားအများစုကိုသုံးကာ သတ်ဖြတ်ခဲ့သည်။
ဖုန်းယုက အင်မတန်သန်မာသည်။
ကိုးရောင်ခြယ်အလင်းတိုင်မှာ လေထုထဲမှသက်ဆင်းလာခဲ့ပြီး ချီမင်ကိုဖုံးအုပ်သွားတော့သည်။ သူက ထိုစွမ်းအင်များနှင့်ရေချိုးလိုက်ရတော့ ချက်ချင်းပဲပြန်လည်သက်သာလာသည်။
ချီမင်၏ရှေ့တွင် ကိုးယောက်မြောက်ရန်သူပေါ်လာသည်။ ထိုသူက သင်္ကန်းခြုံထားသည့် ဗုဒ္ဓတစ်ပါးဖြစ်သည်။ ကိုယ်တော်၏မျက်နှာ ချောမောကာ ဂရုဏာတရားများပြည့်နေသည်။ အထွတ်အထိပ်ဗုဒ္ဓနည်းစနစ်များ၏ သရုပ်ကို ဖော်ပြနေသည့်အလားပင်။
"ဒကာလေး။" ဗုဒ္ဓကဆိုသည်။"ဆင်းရဲဒုက္ခပင်လယ်ကအဆုံးမဲ့ပဲ။ အရမ်းနောက်မကျခင် ကမ်းခြေကိုပြန်ပါတော့။ ဒကာလေး လာရာလမ်းကိုသာ ပြန်ပါတော့။"
ချီမင်သည် ဗုဒ္ဓကိုကြည့်ပြီး သာမန်မျှသာပြောသည်။"ကျွန်တော် ဒီနေရာကိုရောက်နေပြီဆိုမှတော့ ဘာလိုပြန်မဲ့အကြောင်းပြောနေရမှာလဲ။ ကျွန်တော်ဘယ်ကိုပဲကြည့်ကြည့် ကမ်းခြေပဲရှိပါတယ်။ ဒုက္ခပင်လယ်ဆိုတာကို မတွေ့မိပါဘူး။"
"ထားလိုက်တော့။" ဗုဒ္ဓကခေါင်းခါကာဆိုသည်။"ဒီလိုဆိုမှတော့ ကိုယ်တော်မင်းကို ပြန်ဖို့ပြောရုံပဲရှိတော့တယ်။"
ဘုန်း!!
ဗုဒ္ဓက သူ့လက်ဝါးများကိုအတူတကွပူးကပ်လိုက်သည်။ သူ့ကိုဗဟိုပြုပြီး အဆုံးမဲ့ဗုဒ္ဓအလင်းတို့ တောက်ပလာခဲ့သည်။ ရွှေရောင်ဗုဒ္ဓကြာပန်းများမှာ လေဟာနယ်ထဲ၌ပွင့်လန်းလာခဲ့သည်။၎င်းတွင် အထွတ်အထိပ်အံ့ဖွယ်စွမ်းအားတောင်ပါဝင်နေသည်။
ဗုဒ္ဓက အင်မတန်ထူးခြားသည်။ သူက ကိုးယောက်မြောက်ရန်သူဖြစ်တည်းက သူ့အင်အားက သေချာပေါက်ရှစ်ယောက်မြောက်ဖုန်းယုထက်သာလွန်လေသည်။
ဗုဒ္ဓကို ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓဟုခေါ်သည်။
ဗုဒ္ဓ။
ထိုအဆင့်က ဗုဒ္ဓကမ္ဘာ၏အထွတ်အထိပ်အဆင့်ဖြစ်သည်။ ကျင့်ကြံခြင်းအဆင့်ခွဲခြားချက်အရဆို ၎င်းကအထက်ကမ္ဘာအင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်ကဖြစ်သည်။
ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓ၏ကျင့်ကြံခြင်းအဆင့်သည့် စည်းမျဉ်းကျင့်ကြံသည့်အင်မော်တယ်ဘုရင် အဆင့်ဖြစ်သည်။
အဓိကကျင့်ကြံခြင်း:လွတ်လပ်ခြင်းစည်းမျဉ်း။
သူက စည်းမျဉ်းပေါင်း(၃၀၀၀)နှင့်ဥပဒေသပေါင်း(၁၂၉၆၀၀)တို့ကိုနားလည်ထားခဲ့သည်မှာ ကြာပေပြီ။သူက ပြီးပြည့်စုံခြင်းအသေးစားအံ့ဖွယ်စွမ်းအားနှင့်မဟာအံ့ဖွယ်စွမ်းအားများကို အဓိကကျင့်ကြံထားသည်။
တစ်ချိန်တည်းမှာ ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓသည်လွတ်လပ်ခြင်းစည်းမျဉ်းကိုအခြေခံအဖြစ်ထားပြီး ဥပဒေသပေါင်း(၁၂၉၆၀၀)တို့ကိုပေါင်းစပ်ကာ ပြီးပြည့်စုံခြင်းမဟာအံ့ဖွယ်စွမ်းအားကိုဖန်တီးထားခဲ့သည်။
သူက စည်းမျဉ်း(၃၀၀၀)ကို ပေါင်းစပ်ခဲ့သည်။
ထို့နောက်မှာ ပြီးပြည့်စုံခြင်းစည်မျဉ်းမဟာအံ့ဖွယ်စွမ်းအား:ကမ္ဘာလွတ်လပ်ခြင်းကျမ်းကိုဖန်တီးခဲ့သည်။
ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓနားလည်ထားသည့် အသန်မာဆုံးအံ့ဖွယ်စွမ်းအားနှင့်နည်းစနစ်ကတော့ ကောင်းကင်နှင့်မြေကြီးကန့်သတ်မဲ့အသက်ကျမ်းဖြစ်ပြီး နက်နဲခြင်းအဆင့်ထိကျင့်ကြံထားသည်။
စွမ်းအင်အဆင့်အရတော့ အထွတ်အထိပ်အံ့ဖွယ်စွမ်းအားသည် မဟာအံ့ဖွယ်စွမ်းအားထက်သာလွန်၏။ သူတို့ကို ယှဉ်လို့မရပေ။
မဟာအံ့ဖွယ်စွမ်းအားသည် စည်းမျဉ်းများကိုပေါင်းစပ်လျက် ဖန်တီးထားခြင်းဖြစ်သည်။
အထွတ်အထိပ်အံ့ဖွယ်စွမ်းအားကတော့ ပိုပြီးသန်မာပြီး အထက်ကမ္ဘာကောင်းကင်တာအိုဖြင့်ပေါင်းစပ်ဖန်တီးထားခြင်းဖြစ်သည်။
၎င်းက ပိုပြီးတော့ သန်မာသည်။
တကယ်တော့...
မဟာအံ့ဖွယ်စွမ်းအားကိုကြိတ်ချေဖျက်ဆီးနိုင်သည်။
ပြီးပြည့်စုံခြင်းမဟာအံ့ဖွယ်စွမ်းအားကသာ ယင်းကိုခုခံနိုင်လောက်သည်။
ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓသည် ကျမ်းစာများကိုရွတ်ဖတ်လာသည်။ ဓမ္မစွမ်းအားများနှင့် စည်းမျဉ်းများဖြင့် သိပ်သည်းထားသော ရွှေရောင်ကျမ်းစာများသည် သူ၏ပါးစပ်ထဲမှထွက်လာခဲ့သည်။
"ပြီးပြည့်စုံခြင်းစည်းမျဉ်းမဟာအံ့ဖွယ်စွမ်းအား"
ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓ၏မျက်လုံးတော်က ပွင့်လာခဲ့သည်။ ညာဘက်လက်ကိုဝေ့ယမ်းလိုက်တော့ မရေမတွက်နိုင်သော ရွှေရောင်ဗုဒ္ဓကျမ်းစာများမှာ ထွက်ပေါ်လာပြီး များစွာသောထူးခြားဖြစ်စဉ်များအဖြစ်ပြောင်းလဲသွားတော့၏။ ၎င်းတို့သည် ကောင်းကင်နှင့်မြေကြီးကိုလှုပ်ခါသွားစေသည်။ထို့နောက်မှာ ချီမင်ထံသို့ပြေးဝင်လာသည်။"ကမ္ဘာလွတ်လပ်ခြင်းကျမ်း။"
"ဖိနှိပ်စမ်း။ ဖိနှိပ်။ ဖိနှိပ်"
ချီမင်သည် ကြောက်မက်ဖွယ်စွမ်းအားကိုခံစားလိုက်ရသည်။ အတွေးတစ်ချက်ဖြင့် ကောင်းကင်တာအိုရတနာသုံးပါးမှာတစ်ခါတည်းပေါ်လာပြီး ပြင်းထန်သည့်စွမ်းအားကိုထုတ်ဖော်လာသည်။ မရေမတွက်နိုင်သောရွှေရောင်ကျမ်းစာတို့မှာ လက်နက်တို့ကိုဝန်းရံထား၏။
" လောကကြီးထံမှလွတ်မြောက်ရန်နှင့် အသက်၏တံခါးအဖြစ် ပြုမူရန်။"
ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓထံမှ အတွေးတစ်ချက်နှင့်အတူ ရွှေရောင်တံခါးတစ်ချပ်မှာ သူ့နောက်တွင်ပေါ်လာသည်။ ခမ်းနားတောက်ပနေပြီး ပြင်းထန်သည့်စွမ်းအင်များ ကိန်းအောင်းနေသည်။
သက်ရှိအားလုံးပေါ်ထွန်းလာသည့်အလားပင်။
မရေမတွက်နိုင်သောယုံကြည်သက်ဝင်သူများက ဦးချဝပ်တွားနေကြသည်။သူတို့က လောကကြီးထံမှ လွတ်မြောက်မှုကိုလိုက်လံရှာဖွေနေကြသည်။
"အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်း"
ချီမင်က အထွတ်အထိပ်အံ့ဖွယ်စွမ်းအားကိုသုံးလိုက်သည်။ အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်းက သူ၏ဘယ်ဘက်လက်ဝါးထဲသို့ပေါ်လာသည်။ မမြင်နိုင်သည့် အလင်းမျက်နှာပြင်တစ်ခုထွက်လာပြီး ကမ္ဘာလွတ်လပ်ခြင်းကျမ်းစာ၏စွမ်းအားကိုဖြေရှင်းလိုက်သည်။
"အထွတ်အထိပ်အံ့ဖွယ်စွမ်းအား။"
ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓက ခေါင်းမော့ကာ အံ့ဩသည့်အမူအရာဖြင့်ကြည့်လိုက်သည်။ သူက လက်နှစ်ဖက်ကို ထပ်မံအတူတကွစုကပ်လိုက်သည်။သူက ချီမင်၏စွမ်းအားကိုခံစားလိုက်ရ၏။ သူ့အမူအရာသည် လေးနက်တည်ကြည်လာခဲ့၏။
"ကောင်းကင်နှင့်မြေကြီးကန့်သတ်မဲ့အသက်ကျမ်း။"
ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓက အသက်ပြင်းပြင်းရှုလိုက်သည်။ သူကလည်း အထွတ်အထိပ်အံ့ဖွယ်စွမ်းအားကိုသုံးသည်။သူ့ရွတ်ဖတ်နေခဲ့သည့်ကျမ်းစာများမှာ ပြောင်းလဲသွားခဲ့သည်။
သူကြားလိုက်ရသည်။
“တပည့်တော် ဘုရားအဖြစ်သို့ ရောက်သောအခါ၊ အရပ်ဆယ်မျက်နှာမှ သတ္တဝါတို့သည် စိတ်ရင်းအမှန်ဖြင့် ယုံကြည်မြတ်နိုးကာ တပည့်တော်၏ ဘုံလောက၌ မွေးဖွားရန် ဆန္ဒရှိ၍ တပည့်တော်၏ ဘွဲ့နာမကို ဆယ်ကြိမ်မျှပင် ရွတ်ဆိုပါလျက်၊ ထိုဘုံ၌ မွေးဖွားခြင်းသို့ မရောက်နိုင်ခဲ့ပါလျှင်၊ တပည့်တော်သည် အတုမရှိသော သမ္မာသမ္ဗောဓိဉာဏ်ကို မရရှိပါစေသတည်း။ ပဉ္စာနန္တရိယကံကို ကျူးလွန်သူများနှင့် သဒ္ဓမ္မတရားတော်ကို ပြစ်မှားစော်ကားသူများမှ တစ်ပါး။”
“တပည့်တော်သည် ဘုရားအဖြစ်သို့ ရောက်သောအခါ၊ အရပ်ဆယ်မျက်နှာမှ သတ္တဝါအပေါင်းတို့သည် ဗောဓိဉာဏ်ကို ရလိုသောစိတ် (ဗောဓိစိတ်) ကို ဖြစ်ပွားစေပြီး ကုသိုလ်ကောင်းမှုတို့ကို ပြုကျင့်လျက်၊ စိတ်ရင်းစေတနာမှန်ဖြင့် တပည့်တော်၏ ဘုံလောက၌ မွေးဖွားရန် ဆုတောင်းပါလျက်၊ ထိုသူတို့ သေလွန်ခါနီးအချိန်တွင် တပည့်တော်သည် သူတော်ကောင်းအပေါင်း ခြံရံလျက် သူတို့၏ရှေ့မှောက်သို့ မရောက်နိုင်ခဲ့ပါလျှင်၊ တပည့်တော်သည် အတုမရှိသော သမ္မာသမ္ဗောဓိဉာဏ်ကို မရရှိပါစေသတည်း။”
“တပည့်တော်သည် ဘုရားအဖြစ်သို့ ရောက်သောအခါ၊ အရပ်ဆယ်မျက်နှာမှ သတ္တဝါအပေါင်းတို့သည် တပည့်တော်၏ ဘွဲ့နာမကို ကြားသိရုံဖြင့် တပည့်တော်၏ ဘုံလောကကို အာရုံပြု၍ ကုသိုလ်အခြေခံတရားများကို ပျိုးထောင်ပြီး၊ စိတ်ရင်းစေတနာမှန်ဖြင့် တပည့်တော်၏ ဘုံလောက၌ မွေးဖွားရန် မိမိတို့၏ ကုသိုလ်ကို ရည်စူးညွှန်ပို့ပါလျက်၊ နောက်ဆုံးတွင် မွေးဖွားခြင်းသို့ မရောက်နိုင်ခဲ့ပါလျှင်၊ တပည့်တော်သည် အတုမရှိသော သမ္မာသမ္ဗောဓိဉာဏ်ကို မရရှိပါစေသတည်း။”
“…”
"ကောင်းကင်နှင့်မြေကြီးက အကန့်အသတ်မဲ့တယ်။ကမ္ဘာကြီးက လွတ်လပ်ပေတယ်။"
ဗုဒ္ဓ၏ရွတ်ဖတ်နေသောကျမ်းစာမှာ ဗုဒ္ဓလမ်းစဉ်၏အမှန်တရားများဖြစ်သည်။ ၎င်းတွင် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းများနှင့်မိုးမြေကောင်းကင်တာအို၏စစ်မှန်ရည်ရွယ်ချက်များ ပါဝင်သည်။
ဓမ္မစွမ်းအားများမှာ ရွှေရောင်ကျမ်းစာများအဖြစ်ပြောင်းလဲသွားခဲ့သည်။
စစ်မှန်သည့်ထွတ်ခေါင်ထိပ်တင်စွမ်းအားများပါဝင်သည်။
ရွှေရောင်သံသကရိုက်မှာ ချီမင်ကိုဖုံးအုပ်သွားပြီး သူ့ကိုဖိအားအတော်လေးပေးလာသည်။ သူ၏ဓမ္မစွမ်းအားများတောင် ကန့်သတ်ခံလိုက်ရဟန်ရှိသည်။
ချီမင်က ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓရွတ်ဖတ်နေသောကျမ်းစာကိုကြားတော့ သူက သဘာအဝအတိုင်း ဗုဒ္ဓကျမ်း၏အဓိပ္ပာယ်နှင့် အချုပ်အနှောင်ကင်မဲ့မှုကိုနားလည်လိုက်သည်။
…
ထိုအခိုက်တွင် အထွတ်အထိပ်စိတ်ဆန္ဒစွမ်းအားကိုခံစားလိုက်ရသည်။ ချီမင်၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။
မဖော်ပြနိုင်လောက်သည့်အဆုံးမဲ့စွမ်းအားတို့မှာ ချီမင်ကိုဖိနှိပ်လာသည်။
"မဟာတာအိုအင်မော်တယ်ဝင်ပေါက်။" ချီမင်က အော်ပြောလိုက်သည်။"ပွင့်စမ်း။"
ချက်ချင်းပဲ ချီမင်သည် ဘာမှထိမ်ချန်ထားမနေတော့ပေ။ သူက အင်အားကုန်ထုတ်သုံးတော့သည်။ သူ၏ခန္ဓာကိုယ်ထဲမှ မဟာတာအိုအင်မော်တယ်ဝင်ပေါက်မှာ ပွင့်သွားပြီး မဟာတာအိုသာလွန်သူများပေါ်လာသည်။
သူ့အနားတွင် အံ့ဖွယ်စွမ်းအားဓမ္မရုပ်တုများပေါ်လာသည်။
"အထွတ်အထိပ်ကမ္မနည်းစနစ်"
နောက်ဆုံးမှာတော့ ချီမင်သည် ပြိုင်ပွဲကွင်းပြင်နေရာလွတ်ကိုပါတုန်ခါသွားစေသည့်အသံကြီးဖြင့် အော်ဟစ်လိုက်သည်။ ပြိုင်ဘက်ကင်းစွမ်းအားများမှာ ပေါက်ကွဲထွက်လာခဲ့သောကြောင့် ဂိမ်းမြေအောက်စခန်းကိုပြိုကျလာစေသည်။
အတော်လေးကြောက်မက်ဖွယ်ကောင်းပါ၏။
"တိုက်ခိုက်မယ်"
"မဟာမူလအစနည်းစနစ်"
"မဟာကပ်ဘေးဒုက္ခနည်းစနစ်"
"မြေကမ္ဘာနတ်ဆိုးအစီအရင်"
"ကောင်းကင်ကြယ်တာရာအစီအရင်"
"သမာဓိမီးလျှံ"
“…”
ချီမင်သည် ပြိုင်ဘက်ကင်းစွမ်းအားကိုထိန်းချုပ်လိုက်သည်။ ကောင်းကင်တာအိုရတနာများသည် အသက်တံခါးကိုဖျက်ဆီးလိုက်သည်။ အထွတ်အထိပ်အံ့ဖွယ်စွမ်းအားနှစ်ခု၊စုစုပေါင်းမဟာတာအိုသာလွန်သူ(၁၁၇၈၁၉)တို့အသုံးပြုသောအံ့ဖွယ်စွမ်းအားတို့မှာ ဗုဒ္ဓကိုတစ်ပြိုင်တည်းတိုက်ခိုက်လိုက်သည်။
ထိုကဲ့သိုစွမ်းအား။
ထိုကဲ့သို့အင်အား။
ထိုကဲ့သို့အံ့ဖွယ်စွမ်းအား။
စွမ်းအားကြီးပါ၏။
"ဒါက...မဖြစ်နိုင်ဘူး။"
ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓကခေါင်းမော့လိုက်သည်။သူ့မျက်နှာပေါ်တွင် မယှဉ်သာလောက်အောင်လန့်နေသည့်အမူအရာပေါ်လာသည်။ သူက အရပ်မျက်နှာအနှံ့မှလာနေသည့် ကြောက်မက်ဖွယ်ရာစွမ်းအားကိုအာရုံခံမိလိုက်သည်။သူ့မျက်နှာကသွေးမရှိတော့ဘဲ ဖြူဖျော့သွားတော့သည်။
ပေါက်ကွဲသံမျိုးစုံထွက်လာသည်။
ရွှေရောင်ဗုဒ္ဓကျမ်းစာတို့မှာ ပြိုကွဲသွားတော့သည်။ ကောင်းကင်နှင့်မြေကြီးကန့်သတ်မဲ့အသက်ကျမ်း မှပြောင်းလဲထွက်ပေါ်လာသော မရေမတွက်နိုင်လောက်သည့် ရွှေရောင်ဗုဒ္ဓကျမ်းစာတို့မှာ ပျက်စီးသွားတော့သည်။၎င်းတို့က တိုက်ကွက်များကို မခုခံနိုင်တော့ပေ။
"ဒါက.."
ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓသည် ကမ္မစွမ်းအားကိုအာရုံခံမိလိုက်သည်။ "ဗုဒ္ဓကမ္ဘာရဲ့အထွတ်အထိပ်အံ့ဖွယ်စွမ်းအားဖြစ်တဲ့အထွတ်အထိပ်ကမ္မနည်းစနစ်ပဲ။ ဒကာလေးက ကမ္မကိုတတ်ကျွမ်းထားတာပဲ။"
ဖျော့။
သူက သွေးတစ်ပွက်အန်လိုက်ရသည်။
ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓသည် လဲကျသွားတော့သည်။ သူက အင်အားကုန်သုံးခဲ့ပေမဲ့နောက်ဆုံးမှာတော့ ချီမင်၏ပြိုင်ဘက်ဖြစ်မနေခဲ့ပေ။ရှုံးနိမ့်သွားခဲ့ရသည်။
ကောင်းကင်တွင်ရွှေရောင်အလင်းများ ပြည့်နှက်သွားခဲ့သည်။ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓသည် ရွှေရောင်အလင်းများအဖြစ်ပြောင်းကာ ပျောက်ကွယ်သွားတော့သည်။
မဟာတာအိုသာလွန်သူများသည်လည်း ချီမင်၏မဟာတာအိုအင်မော်တယ်ဝင်ပေါက်ထဲသို့ ပြန်ဝင်သွားတော့သည်။ သူ့အနားမှထူးခြားဖြစ်စဉ်များ ပျောက်ကွယ်သွားသည်။ ချီမင်၏မျက်နှာကဖြူဖျော့သွားသည်။သွေးမရှိတော့လုနီးပါးပင်။
ပိုပြီးအရေးကြီးသည်က။
ချီမင်၏ခန္ဓာကိုယ်ထဲမှဓမ္မစွမ်းအားသည် (၉၀)ရာခိုင်နှုန်းလောက် ကုန်ဆုံးသွားသည်။
"အော့။"
ချီမင်သည် ပါးစပ်အပြည့်သွေးတစ်လုပ်အန်လိုက်ရသေးသည်။
သူက ဒဏ်ရာရသွားခဲ့သည်။
ချီမင်သည် အသက်ပြင်းပြင်းရှုလိုက်သည်။သူ့အကြည့်က အင်မတန်လေးနက်နေသည်။ "အထွတ်အထိပ်အံ့ဖွယ်စွမ်းအားကိုနားလည်ထားတဲ့ ဗုဒ္ဓဆိုတဲ့အတိုင်းပဲ။ အရမ်းသန်မာလွန်းတယ်။ ငါ ရှုံးခါနီးလေးပဲ။"
ကိုးရောင်ခြယ်အလင်းတိုင်မှာ ကောင်းကင်မှကျဆင်းလာခဲ့၏။
ချီမင်သည် သူ၏မူလအခြေအနေသို့ပြန်ရောက်သွားတော့သည်။
တင်း!
"ဂုဏ်ပြုပါတယ်။လက်ခံသူ။ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အလယ်ပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:စိန်ခေါ်သူကွင်းပြင်ကိုအောင်မြင်စွာ ရှင်းလင်းခဲ့ပါတယ်။ ဆုလဒ်များကို စာရင်းပြုစုနေပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
"ငါ ကျော်ဖြတ်နိုင်ခဲ့ပြီ။" ချီမင်ကဆိုသည်။"ပြန်သင့်ပြီ။"
ချီမင်၏အသိစိတ်တစ်စိတ်တစ်ပိုင်းက အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းမှ ထွက်လာပြီးနောက် သူ၏ဂိမ်းဇာတ်ကောင်သည်ပျောက်ကွယ်သွားပြီး စွမ်းအင်များအဖြစ်ပြောင်းလဲကာ ဂိမ်းနယ်မြေကြီးကိုပြန်လည်စတင်လိုက်သည်။
တစ်ချိန်တည်းမှာ ချီမင်၏အဓိကခန္ဓာကိုယ်မှ အသိစိတ်သည် ထိုအသိစိတ်ကိုစုပ်ယူသွားပြီးနောက်မှာ အနည်းငယ်သန်မာလာခဲ့သည်။
သိပ်မကြာခင်မှာပဲ နောက်ထပ်အသိပေးချက်တစ်ခုပေါ်လာသည်။
တင်း!
"ရှင်းလင်းရေးဆုလဒ်စာရင်းများ ပြုစုပြီးသွားပါပြီ။"
"ဂုဏ်ပြုပါတယ်။လက်ခံသူ။ အင်မော်တယ်နှစ်ခြင်းအခန်းကို ဖွင့်လှစ်ထားခဲ့သည့် အခြေအနေအောက်တွင် သင် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အလယ်ပိုင်းအဆင့် ဂိမ်းမြေအောက်စခန်း:စိန်ခေါ်သူကွင်းပြင်ကို တစ်ရက်အတွင်း အောင်မြင်စွာရှင်းလင်းနိုင်ခဲ့ပါတယ်။ သင် ဂိမ်းရှင်းလင်းရေးတာဝန်ကို မျှော်လင့်ထားသည်ထက်ပို၍ရှင်းလင်းနိုင်ခဲ့ပါတယ်။ ဆုလဒ်များတိုးမြင့်သွားပါပြီ။"
"ဆုလဒ်:ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစဆယ့်ငါးခုနှင့် ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက် တစ် စစ်တီလီယန်တို့ကိုရရှိပါတယ်။"
"ဒီတစ်ကြိမ်ဆုလဒ်တွေက အတော်လေးရက်ရောတာပဲ။"
ချီမင်သည် အင်မတန်စိတ်ကျေနပ်သွား၏။