အင်မော်တယ်ဝင်ပေါက်ပြီးပြည့်စုံခြင်း။မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်။
Vol. 26 Ch. 384
ချီမင်သည် ဤအကြိမ်စိန်ခေါ်သူကွင်းပြင်ကိုရှင်းလင်းခဲ့သည်။ သူ့ခွန်အားကိုကောင်းစွာနားလည်သဘောပေါက်ခဲ့ရသလို မဟာတာအိုအင်မော်တယ်အပိုင်းအစဆယ့်ငါးခုနှင့်ရှားပါးအင်မော်တယ်သားရဲတစ်ကောင်ရခဲ့သည်။
သူက ဖုန်းယု၏အင်အားကိုကောင်းစွာ သိထားခဲ့သည်။
ထိုပုဂ္ဂိုလ်က အတော်လေးစွမ်းအားကြီးသည်။
ချီမင်သည် ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓကိုမရခဲ့သည့်အတွက် အနည်းငယ်တော့စိတ်မကောင်းဖြစ်မိသည်။
အင်မော်တယ်သားရဲ:ဖုန်းယု
ဖော်ပြချက်:မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အလယ်ပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း စိန်ခေါ်သူကွင်းပြင်မှရခဲ့သည်။ကွန်းဖြူရှပ်ပညာရှိအဆင့်ဖြစ်ပြီး ကွန်းဖြူရှပ်တာအိုစည်းမျဉ်းကို ကျင့်ကြံသည်။ ဥပဒေသပေါင်း(၁၂၉၆၀၀)နှင့် စည်းမျဉ်းပေါင်း(၃၀၀၀)ကို နားလည်ဆင်ခြင်ထားခဲ့သည်။ အသေးစားအံ့ဖွယ်စွမ်းအားများစွာနှင့် မဟာအံ့ဖွယ်စွမ်းအားများစွာတို့ကို နားလည်ကျင့်ကြံထားသည်။ပြီးပြည့်စုံခြင်းမဟာအံ့ဖွယ်စွမ်းအားကို ဖန်တီးခဲ့သည်။ သူ့အင်အားက အတော်လေးမြင့်မာပြီး အလားအလာကလည်းနက်ရှိုင်းလေသည်။ သူသည် အထက်ကမ္ဘာအင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်ဖြစ်သည်။ သူက အင်မော်တယ်နယ်ပယ်၏အကန့်အသတ်ထိရောက်နေပေပြီ။သူသာ တာအိုသက်သေပြခြင်းသစ်သီးကိုမရခဲ့ပါက ဆက်လက်မတိုးတက်နိုင်တော့ပေ။
ချီမင်သည် အတွေးတစ်ချက်ဖြင့် ဆုလဒ်ကိုလက်ခံလိုက်သည်။ သူ့ရှေ့တွင် ကွန်းဖြူရှပ်တာအိုပညာရှိပေါ်လာခဲ့သည်။ ငယ်ရွယ်သည့်ကျောင်းတော်သားလေးက အဖြူရောင်မြူခိုးထဲမှထွက်လာခဲ့သည်။
"ဖုန်းယုက သခင့်ကိုအရိုအသေပြုပါတယ်။"
ဖုန်းယုပေါ်လာသည်နှင့် သူက လက်နှစ်ဖက်ကိုစုကာပြောသည်။"ဒီနေ့ကစပြီး ကျွန်တော်ကသခင့်နောက်ကိုလိုက်ပြီး မဟာတာအိုကိုရှာဖွေပါမယ်။ ကျွန်တော် အန္တရာယ်နဲ့ရင်ဆိုင်ရရင်တောင် မကြောက်ရွံ့တော့ဘူး။"
ချီမင်က ဖုန်းယုကိုကြည့်ကာ စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။"မင်းတစ်ခုခုကိုနားလည်ခဲ့ ပုံရတယ်။"
"ဟုတ်ကဲ့” ဖုန်းယုက ခေါင်းညိတ်သည်။
ချီမင်က ခေါင်းညိတ်လိုက်သည်။ အတွေးတစ်ချက်ဖြင့်သူက သက်ဆိုင်ရာအင်မော်တယ်သလင်းကျောက်များသုံးစွဲပြီး ဆယ့်တစ်နေရာမြောက်အင်မော်တယ်သားရဲကြီးထွားရာနေရာကို အသက်သွင်းလိုက်၏။ သူက ဖုန်းယု၏ခန္ဓာကိုယ်ပေါ်သို့သွေးတစ်စက်ချလိုက်သည်။
ဖုန်းယုသည် ချီမင်၏ဆယ့်တစ်ကောင်မြောက်သားရဲဖြစ်လာခဲ့သည်။
သူက ထို(၁၁)ကောင်ထဲတွင် အသန်မာဆုံးသားရဲဖြစ်သည်။
"ဖုန်းယု"ချီမင်သည် ခဏလောက်တွေးပြီးမှ အမိန့်ပေးလိုက်သည်။"ငါ မင်းကိုတာဝန်ပေးစရာတစ်ခုရှိတယ်။ တာအိုသက်သေပြခြင်းသစ်သီးနဲ့ပတ်သက်တဲ့ အကြောင်းကိုသွားပြီးစုံစမ်းခဲ့။"
ဖုန်းယုကလည်း သူ၏အလားအလာကို အကန့်အသတ်ထိကြီးထွားခဲ့ပြီးပေပြီ။ သူက အင်မော်တယ်သားရဲကြီးထွားရာနေရာတွင် ဆက်၍ကြီးထွားလျှင်သူ့အတွက်တိုးတက်ဖို့ အင်မတန်ခက်ခဲသည်။
ဖုန်းယု၏အင်အားသည် ကိုးပြည်နယ်လောကတွင် ထိပ်တန်းအဆင့်၌ရှိသည်။ သူက အထွတ်အထိပ်အံ့ဖွယ်စွမ်းအားကိုကျင့်ကြံသည့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်နှင့်မကြုံရမချင်း အန္တရာယ်ကျရောက်မည်မဟုတ်ပေ။
တာအိုသက်သေပြခြင်းသစ်သီးအကြောင်းကိုစုံစမ်းခိုင်းဖို့ ဖုန်းယုသည် အသင့်တော်ဆုံးပေ။
"ဟုတ်ကဲ့” ဖုန်းယုက တိုက်ခိုက်လိုက်သည်။
"သွားတော့" ချီမင်သည် လက်ဝေ့ယမ်းလိုက်၏။
ဖုန်းယုသည် အလင်းစီးကြောင်းအဖြစ်ပြောင်းလဲသွားကာ ထိုနေရာမှချက်ချင်းထွက်ခွာသွားတော့၏။ သူက အချိန်နှင့်နေရာလွတ်ထဲသို့ဝင်ပြေးသွားပြီး ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေထဲမှထွက် သွားတော့သည်။ သူက ပြည်နယ်ကိုးလောကမှစတင်ထွက်ခွာသွားသည်။
ဖုန်းယုသည် ကမ္ဘာသစ်ကြီးအကြောင်းကို သိချင်စိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။
"ငါ သီးသန့်ဆက်ကျင့်ကြံရမယ်။"
ချီမင်သည် စိတ်တည်ငြိမ်သွား၏။ အတွေးတစ်ချက်ဖြင့် သူက ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစ(၁၅)ခုကိုစတင်စုပ်ယူတော့၏။
အချိန်ကုန်ဆုံးသွားသည်။
အခြေခံအားဖြင့် ချီမင်သည် ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစကို နေ့တိုင်းစုပ်ယူနေခဲ့သောကြောင့် သူ၏ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပေါ်နားလည်မှုသည် တိုးတက်နေခဲ့သည်။
တစ်ချိန်တည်းမှာ သူက မဟာတာအိုအင်မော်တယ်ဝင်ပေါက်များကို တစ်ပေါက်ပြီးတစ်ပေါက်ဖွင့်ခဲ့သည်။ ဖွင့်သည့်အရှိန်က အင်မတန်မြန်သောကြောင့် ကောင်းကင်နှင့်မြေကြီးစွမ်းအင်များစွာကိုစုပ်ယူရန်လိုအပ်လာသည်။ ချီမင်က သူ၏ပစ္စည်းစာရင်းထဲမှ အင်မော်တယ်သလင်းကျောက်များစွာကိုထုတ်ယူလိုက်သည်။ သူက ထိပ်တန်းအဆင့် အင်မော်တယ်သလင်းကျောက်များကိုစုပ်ယူခဲ့ပြီး ထိုစွမ်းအင်တို့ဖြင့် မဟာတာအိုအင်မော်တယ်ဝင်ပေါက်ကိုဖွင့်ခဲ့ကာ မဟာတာအိုသာလွန်သူများကိုသိပ်သည်းတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာ (၁၅)ရက်ကြာသွားသည်။
ယနေ့မှာတော့ ချီမင်သည် အထွတ်အထိပ်ကမ္မနည်းစနစ်နှင့်အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်းတို့၏အင်မော်တယ်ဝင်ပေါက်များကိုပေါင်းစပ်ကာ အသန်မာဆုံးမဟာတာအိုသာလွန်သူကို သိပ်သည်းခဲ့သည်။
ချီမင်၏အင်မော်တယ်ခန္ဓာက လှုပ်ခါသွားသည်။တာအိုတေးသံတို့ထွက်ပေါ်လာသည်။
ထိုအခိုက်တွင် ချီမင်သည် မဟာတာအိုအင်မော်တယ်ဝင်ပေါက်(၁၂၉၆၀၀)ကိုတည်ဆောက်ခဲ့ပြီး မဟာတာအိုသာလွန်သူပေါင်း(၁၂၉၆၀၀)ကို သိပ်သည်းခဲ့သည်။သူက အံ့ဖွယ်စွမ်းအားနည်းစနစ်များကို ပေါင်းစပ်ခဲ့သည်။
ချီမင်ဖွင့်ခဲ့သည့်မဟာတာအိုအင်မော်တယ်ဝင်ပေါက်များက ပြီးပြည့်စုံသွားခဲ့သည်။
သူက မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်ကိုကျော်ဖြတ်ချင်ပါက ချီမင်သည် မဟာတာအိုအင်မော်တယ်ဝင်ပေါက်(၁၂၉၆၀၀)ကိုပေါင်းစပ်ရန်လိုသည်။
"ငါ အဆင့်မြင့် အင်မော်တယ်သလင်းကျောက်သန်းတစ်သိန်းထည့်မယ်။"
ချီမင်က ဆိုသည်။"ဖရိုဖရဲမဟာတာအိုကျမ်း:မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အပိုင်းကို ကျင့်ကြံမယ်။"
တင်း!
"ဖရိုဖရဲမဟာတာအိုကျမ်း:မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အပိုင်းကို အဆ(၁၀၀)ကွာဒရီလီယန် မြှင့်တင်မှုအောက်တွင်ကျင့်ကြံနေပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
နောက်ပိုင်းအချိန်တွေမှာ ချီမင်သည် ကောင်းကင်ဉာဏ်အလင်းတောင်၌သာ ကျင့်ကြံနေခဲ့သည်။သူက မဟာတာအိုအင်မော်တယ်ဝင်ပေါက်(၁၂၉၆၀၀)ကို တဖြည်းဖြည်းချင်းပေါင်းစပ်နေခဲ့သည်။
တစ်ချိန်တည်းမှာ ချီမင် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့် ဂိမ်းမြေအောက်စခန်း:စိန်ခေါ်သူကွင်းပြင်ကိုရှင်းလင်းနေခဲ့သည်။
ကောင်းကင်က လိုအပ်နေသူများကို စိတ်မပျက်စေပေ။
နှစ်ငါးထောင်ကြာသွားခဲ့သည်။
ယနေ့မှာတော့။
တင်း!
"ဂုဏ်ပြုပါတယ်။လက်ခံသူ။ သင် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်ဂိမ်းမြေအောက်စခန်း:စိန်ခေါ်သူကွင်းပြင်ကို ဆယ်ရက်ကြာအလိုအလျောက်ရှင်းလင်းခဲ့ပါတယ်။ သင် အင်မော်တယ်နယ်ပယ် ဂိမ်းမြေအောက်စခန်းကို တစ်ကြိမ်ရှင်းလင်းခဲ့ပါတယ်။ သင် ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓနှင့် ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက် တစ် စစ်တီလီယန်ကိုရရှိခဲ့ပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။
အင်မော်တယ်သားရဲ:ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓ။
ဖော်ပြချက်:မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အလယ်ပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း စိန်ခေါ်သူကွင်းပြင်မှရခဲ့သည်။ လွတ်လပ်ခြင်းစည်းမျဉ်းကိုအဓိကထားကျင့်ကြံသည့် ဗုဒ္ဓဘာသာဝင်ဖြစ်သည်။ သူသည် ဥပဒေသပေါင်း(၁၉၆၀၀)နှင့်စည်းမျဉ်း(၃၀၀၀)ကို နားလည်ဆင်ခြင်ခဲ့သည်။ သူက အသေးစားအံ့ဖွယ်စွမ်းအားများစွာနှင့်မဟာအံ့ဖွယ်စွမ်းအား များစွာတို့ကို နားလည်ကျင့်ကြံထားသည်။ပြီးပြည့်စုံခြင်းမဟာအံ့ဖွယ်စွမ်းအားကိုဖန်တီးခဲ့သည်။ သူက အထွတ်အထိပ်အံ့ဖွယ်စွမ်းအား:ကောင်းကင်နှင့်မြေကြီးကန့်သတ်မဲ့အသက်ကျမ်းကိုနားလည်ထား သည်။ သူက အံ့ဖွယ်စွမ်းအားအကုန်လုံးကိုလည်း နက်နဲခြင်းအဆင့်ထိကျင့်ကြံထားသေး၏။ သူ့အင်အားက အတော်လေးမြင့်မာပြီး အလားအလာကလည်းနက်ရှိုင်းသည်။ သူက အထက်ကမ္ဘာအင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်ဖြစ်သည်။ အင်မော်တယ်နယ်ပယ်၏ အကန့်အသတ်ထိရောက်နေပေပြီ။သူသာ တာအိုသက်သေပြခြင်းသစ်သီးကိုမရခဲ့ပါက ဆက်လက်မတိုးတက်နိုင်တော့ပေ။
"မဆိုးဘူး။"
ရွှေရောင်ဗုဒ္ဓအလင်းများ တောက်ပလာသည်။
ရွှေကြာပန်းတို့ပွင့်လန်းလာသည်။
ချီမင်၏ရှေ့တွင် ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓသည်ပေါ်လာတော့ပြီး နှုတ်ဆက်လိုက်သည်။"ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓက သခင့်ကိုဂါဝရပြုပါတယ်။"
ချီမင်သည် ပိုပြီးတောင်ကျေနပ်သွားတော့သည်။ သူက ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓကို အကြိမ်အနည်းငယ်ကြည့်ကာဆိုသည်။"မင်းက အရာအားလုံးကိုသိသင့်တယ်။"
"ဟုတ်ကဲ့” ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓ ခေါင်းညိတ်ကာဆိုသည်။"ကျွန်တော် အရင်တုန်းက အဆုံးသတ်ကိုရောက်ပြီထင်ခဲ့တာ။အခုတော့ ကြည့်ရတာ လမ်းစဉ်အဆုံးကိုရောက်ဖို့ အဝေးကြီးလိုနေသေးတာပါပဲ။ ဒီဘုန်းကြီးက သခင့်နောက်ကိုလိုက်ပြီး ကောင်းကင်နှင့်မြေကြီးမဟာတာအိုရဲ့အဆုံးထိလိုက်စားဖို့ဆန္ဒရှိပါတယ်။"
ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓသည် သူ့ကိုယ်သူ ဒီဘုန်ကြီးဟုသမုတ်ခဲ့သည်။
“အရမ်းကောင်းတယ်။”
ချီမင်က ခေါင်းညိတ်လိုက်သည်။ သူက အင်မော်တယ်သလင်းကျောက်များသုံးပြီး ဆယ့်နှစ်နေရာမြောက်အင်မော်တယ်သားရဲကြိးထွားရာနေရာကိုသက်သွင်းလိုက်သည်။ သူက သွေးအနှစ်သာရတစ်စက်ကိုအတင်းထုတ်လိုက်ပြီး ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓ၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်လိုက်သည်။
သူက ဆယ့်နှစ်ကောင်မြောက်အင်မော်တယ်သားရဲဖြစ်လာသည်။
ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓသည် အထွတ်အထိပ်အံ့ဖွယ်စွမ်းအားနည်းစနစ်ကိုနားလည်ထားပြီး ဖုန်းယုထက်ပို၍သန်မာသည်။ ချီမင်က ကိစ္စများစွာကိုကိုင်တွယ်ရလေသည်။
"ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓ။" ချီမင်ကဆိုသည်။"ငါမှာ မင်းကိုလုပ်ခိုင်းစရာတစ်ခုရှိတယ်။"
"ကျေးဇူးပြုပြီး အမိန့်ပေးပါ။သခင်။" ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓက ဆိုသည်။
"လွန်ခဲ့တဲ့နှစ်ငါးထောင်လောက်က ငါ ဖုန်းယုကို တာအိုသက်သေပြခြင်းသစ်သီးအကြောင်းစုံစမ်းခဲ့တယ်။ဒါပေမဲ့ သူက တာအိုဂိုဏ်းမဟာမိတ်ပြဿနာထဲနက်နက်ရှိုင်းရှိုင်းပါသွားပြီး မလွတ်မြောက်နိုင်တော့ဘူး။"
ချီမင်ကဆိုသည်။"ငါမင်းကို တာအိုသက်သေပြခြင်းသစ်သီးအကြောင်းစုံစမ်းခိုင်းမလို့။ ပြီးတော့ ငါ့ရဲ့တွက်ချက်မှုအရ ခေတ်ကာလကပ်ဘေးဒုက္ခက ရောက်လာတော့မယ်။"
ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓကခေါင်းညိတ်သည်။"ဟုတ်"
"သွားတော့" ချီမင်သည် လက်ဝေ့ယမ်းလိုက်၏။
ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓသည် ကောင်းကင်နှင့်မြေကြီးကန့်သတ်မဲ့အသက်ကျမ်းဟုခေါ်သည့် အထွတ်အထိပ်အံ့ဖွယ်စွမ်းအားကိုကျင့်ကြံထားသည်။ ၎င်းကို နက်နဲခြင်းအဆင့် ထိကျင့်ကြံထားပေသည်။
ချီမင်သည် သူ့ကို ကောင်းကင်နှင့်မြေကြီးကန့်သတ်မဲ့အသက်ကျမ်းသင်ခိုင်းလိုက်သည်။
တစ်ရက်ကြာပြီးနောက်မှာ ဗုဒ္ဓ၏အကူအညီဖြင့် ချီမင်သည် ကောင်းကင်နှင့်မြေကြီးကန့်သတ်မဲ့အသက်ကျမ်းကိုအပြည့်အဝမှတ်မိသွားတော့သည်။ သူက အစပြုသူအဆင့်တောင်မရောက်သေးပေမဲ့ ကျင့်ကြံနိုင်သွားပြီဖြစ်သည်။
"သခင့်ရဲ့ပါရမီက တကယ့်ကိုရှားပါးပါတယ်။ အတော်လေးကြောက်မက်ဖွယ်ကောင်းတယ်။"
ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓကဆိုသည်။"သခင် တစ်ရက်တည်းနဲ့ကောင်းကင်နှင့်မြေကြီး ကန့်သတ်မဲ့အသက်ကျမ်းကိုမှတ်မိပြီး ကျင့်ကြံနိုင်သွားတယ်။"
ချီမင်၏ပါရမီသည် အထက်ကမ္ဘာကောင်းကင်တာအို၏ ကန့်သတ်ချက်ထက် ကျော်သွားပြီဖြစ်သည်။သူက အထက်ကမ္ဘာ၏ကန့်သတ်ချက်ထိရောက်နေပေပြီ။
ထိုအရည်အချင်းနှင့် အလိုအလျောက်ကျင့်ကြံခြင်းစနစ်၏အကူအညီနှင့်တောင်အချိန်တိုအတွင်းမှာ အဆင့်ချိုးဖြတ်ဖို့က အင်မတန်ခက်ခဲပေသည်။
ဤသည်ကနေကြည့်လျှင် သိသာပါ၏။
ချီမင်ကိုအရည်အချင်းက ကန့်သတ်မထားပေ။
နောက်ထပ်အကြောင်းပြချက်တစ်ခုရှိသည်။
ချီမင်က ခေါင်းအသာညိတ်ကာ အနည်းငယ်တွေးတောလိုက်သည်။ သူက ဆက်၍နက်နက်နဲနဲတွေးမနေတော့ပေ။ ထိုအစား ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓကိုပြောလိုက်သည်။"ငါမင်းကို အထွတ်အထိပ်အံ့ဖွယ်စွမ်းအားတစ်ခုသင်ပေးမယ်။"
"ကျေးဇူးပါတယ်။ သခင်"
ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓက ပျော်သွားသည်။ သူ သင်ပေးမည့်ဆိုသည့် အထွတ်အထိပ်အံ့ဖွယ်စွမ်းအားကိုဝေဝေဝါးဝါးခန့်မှန်းမိသည်။ သူ့နှလုံးသားက ပျော်ရွှင်မှုများဖြင့်ပြည့်နှက်သွားသည်။
"ဒီအထွတ်အထိပ်အံ့ဖွယ်စွမ်းအားက အထွတ်အထိပ်ကမ္မနည်းစနစ်ပဲ။"
အချိန်ကုန်ဆုံးသွားသည်။
ချီမင်သည် ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓကို အထွတ်အထိပ်ကမ္မနည်းစနစ်အကြောင်း သင်ပေးနေခဲ့သည်။သူက ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်များသုံးကာ ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓကို အင်မော်တယ်သားရဲကြီးထွားရာနေရာတွင် ကြီးထွားခိုင်းလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာ နှစ်တစ်ထောင် ကုန်လွန်သွားခဲ့သည်။
တင်း!
"ရှားပါးအင်မော်တယ်သားရဲ:ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓသည် အထွတ်အထိပ်ကမ္မနည်းစနစ်ကို အဆ(၁၀၀)ကွာဒရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်တစ်ထောင်ကြာကျင့်ကြံခဲ့ပါတယ်။ သူက အကြီးစားအောင်မြင်မှုအဆင့်ထိကျင့်ကြံပြီးသွားခဲ့ပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်သည် အသိပေးချက်ကိုကြည့်ကာ သူ၏အခြေအနေကိုစစ်ဆေးလိုက်သည်။ အတွေးတစ်ချက်ဖြင့် သူက ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓကိုညွှန်ကြားလိုက်သည်။"မင်း သွားလို့ရပြီ။"
ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓက ကောင်းကင်နှင့်မြေကြီးကန့်သတ်မဲ့အသက်ကျမ်းကို ကျင့်ကြံထားသည့်အပြင် သူက အထွတ်အထိပ်ကမ္မနည်းစနစ်ကို အကြီးစားအောင်မြင်မှုအဆင့်ထိကျင့်ကြံထားခဲ့သည်။ သူ့အင်အားက ပိုပြီးသန်မာလာသည်။
ချီမင်က အခုကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓကိုအပြတ်အသက်အနိုင်မယူနိုင်တော့ပေ။
နွေဦးကုန်ဆုံးသွားပြီး ဆောင်းဦးရောက်ရှိလာခဲ့၏။
နေနှင့်လတို့အလီလီပြောင်းလဲလာခဲ့သည်။
နောက်ထပ်နှစ်(၄၀၀၀)ကြာသွားခဲ့သည်။
ယနေ့ညနေမှာတော့။
တင်း!
"ဂုဏ်ပြုပါတယ်။လက်ခံသူ။ ဖရိုဖရဲမဟာတာအိုကျမ်း:မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အပိုင်းကို အဆတစ်ရာကွာဒရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်တစ်သောင်းကြာကျင့်ကြံခဲ့ပါတယ်။ မဟာတာအိုအင်မော်တယ်ဝင်ပေါက်(၁၂၉၆၀၀)ကို တစ်ခုတည်းအဖြစ်အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပါတယ်။ သင့်ရဲ့ဓမ္မစွမ်းအားများက များစွာတိုးမြင့်သွားပြီး ကျင့်ကြံခြင်းအဆင့်ကလည်းတိုးတက်လာခဲ့ပါတယ်။သင့်ရဲ့အင်မော်တယ်ဝင်ပေါက်များက မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်သို့ရောက်သွားပါပြီ။"
အသိပေးချက်တစ်ခုပေါ်လာသည်။
ထိုအခိုက်တွင် ချီမင်၏ခန္ဓာကိုယ်ကလှုပ်ခါသွားသည်။ မဟာတာအိုအင်မော်တယ်ဝင်ပေါက် (၁၂၉၆၀၀)တို့မှာ ပွင့်သွားပြီး မဟာတာအိုကပေါ်လာတော့သည်။ ဓမ္မစွမ်းအားများ မြင့်တက်လာပြီး ကောင်းကင်နှင့်မြေကြီးမဟာတာအိုသည် လိုက်ပါလာခဲ့သည်။
တစ်ချိန်တည်းနီးပါးမှာ ချီမင်၏အသိစိတ်သည် ဗလာဖြစ်သွားသည်။သူက မယှဉ်သာလောက်အောင်ထူးဆန်းသည့် နက်နဲမှုထဲသို့ဝင်ရောက်သွားတော့သည်။ သူက ကောင်းကင်နှင့်မြေကြီးမဟာတာအိုထံမှစွမ်းအားကို ကြားဖြတ်ယူကာ စစ်မှန်သည့်မဟာတာအိုအံ့ဖွယ်စွမ်းအားကို နားလည်သွားတော့သည်။