← Chapters

မဟာအံ့ဖွယ်စွမ်းအား:တာအိုပေါင်းစည်းခြင်း။

Vol. 26 Ch. 385

မဟာအံ့ဖွယ်စွမ်းအား:တာအိုပေါင်းစည်းခြင်း။

Vol. 26 Ch. 385

ချီမင်၏ကျင့်ကြံခြင်းအဆင့်တက်သွားပြီးသည့်အခိုက်မှာပဲ သက်စောင့်ချီစွမ်းအင်လမ်းကြောင်း တစ်ခုဖြစ်လာကာ အနားမှ တိမ်တိုက်များကို ရွေ့လျားသွားစေသည်။ မရေမတွက်နိုင်သော ဓမ္မစွမ်းအား များ ပျံ့နှံ့လာသည်။ဝဲဂယက်ပုံစံအပေါက်တစ်ခုသည် ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင် အနီး၌ပေါ်လာတော့သည်။

ထိုဝဲဂယက်ပုံစံအပေါက်က မဟာတာအိုအင်မော်တယ်ဝင်ပေါက်များ၏အပြင်ပန်းပုံစံဖြစ်ပြီး ကမ္ဘာကြီး၏ဝင်ပေါက်နှင့်ထွက်ပေါက်အလားပေ။

"ဒါက..."

"စွမ်းအားကြီးအငွေ့အသက်ပဲ။ သခင်က ထပ်ပြီး အဆင့်ချိုးဖြတ်တော့မယ်။"

"လန့်ဖို့ကောင်းတယ်။"

"မြန်မြန်။"

"ကောင်းကင်သံသရာကြယ်တာရာအစီအရင်ကို အသက်သွင်းကြ။"

"နားလည်ပါပြီ။"

“…”

ထိုအခိုက်တွင် ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်၏တောင်ထိပ်၊ ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်ခန်းမအပြင်ဘက်တွင် ချီမင်၏အင်မော်တယ်သားရဲများက ခေါင်းမော့ကာကြည့်လိုက်တော့ ချီမင်ကြောင့်ဖြစ်ပေါ်လာသည့်အပြောင်းအလဲများကိုမြင်လိုက်ရသည်။

သူတို့ကလျင်မြန်စွာဖြင့်လက်ချိတ်စည်းများကိုဖွဲ့စည်းသည်။ ချက်ချင်းပဲ ကောင်းကင်သံသရာကြယ်တာရာအစီအရင်ကိုအသက်သွင်းလိုက်ပြီး ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်၏ထိပ်ကိုဖုံးအုပ်လိုက်သည်။ သူတို့က လျင်မြန်စွာဖြင့် ချီမင်၏အရှိန်အဝါကိုဖုံးကွယ်လိုက်ကြသည်။

ချီမင်သည် အေးချမ်းစွာဖြင့် အဆင့်ချိုးဖြတ်လိုက်ပြီး အပြင်ကမ္ဘာမှအပြောင်းအလဲများကို ဂရုမစိုက်တော့ပေ။ သူ့အရှိန်အဝါသည်ကောင်းကင်သံသရာကြယ်တာရာအစီအရင်ထံ မှဖုံးကွယ်ခံလိုက်ရသည်။

တင်း!

"ဂုဏ်ပြုပါတယ်။လက်ခံသူ။ ကောင်းကင်နှင့်မြေကြီးကန့်သတ်မဲ့အသက်ကျမ်းကို အဆ(၁၀၀)ကွာဒရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်(၅၀၀၀)ကြာကျင့်ကြံခဲ့ပါတယ်။ ကောင်းကင်နှင့်မြေကြီးကန့်သတ်မဲ့အသက်ကျမ်းအပေါ် သင်၏နားလည်မှုသည် အစပြုသူအဆင့်မှ နက်နဲခြင်းအဆင့်ထိတိုးတက်သွားခဲ့ပါပြီ။သင် ကန့်သတ်မဲ့အသက်ကျမ်းချိတ်စည်းကို သိပ်သည်းနိုင်ခဲ့ပါတယ်။"

ထိုအခိုက်မှာပဲ နောက်ထပ်အသိပေးချက်တစ်ခုပေါ်လာသည်။

တစ်ချိန်တည်းမှာ ဗုဒ္ဓကျမ်းစာသံများသည် ချီမင်၏နားထဲမှ ကြားယောင်လာသည်။ ရွှေရောင် သံသကရိုက် အက္ခရာများက လျှံထွက်လာကာ အဆက်မပြတ် စီးဆင်းနေတော့သည်။ မရေမတွက်နိုင်လောက်သော ရွှေလိပ်ပြာများမှာ ချီမင်အနားတွင် ကခုန်ဝဲပျံလာသည်။

"ကန့်သတ်မဲ့အသက်ကျမ်းချိတ်စည်း။" ချီမင်သည် နူးညံ့စွာဖြင့်ပြောသည်။"သိပ်သည်း။"

မရေမတွက်နိုင်သော ရွှေရောင်မှော်စာလုံးများသည် သူ့အနားတွင် စုဝေးလာသည်။ သူ့လက်များသည် အင်မတန်ရှုပ်ထွေးသည့် ချိတ်စည်းများကိုဖွဲ့စည်းလိုက်သည်။ချိတ်စည်းက ချီမင်၏မျက်ခုံးကြားမှရွှေရောင်ကျမ်းစာများနှင့်ထပ်သွားပြီး တစ်ခုတည်းအဖြစ်ပြောင်းပေါင်းစပ်သွားသောကြောင့် ရွှေရောင်သဗ္ဗတ္တိကဗုဒ္ဓချိတ်စည်းအဖြစ်ပြောင်းလဲသွားသည်။

ချီမင်သည် ကောင်းကင်နှင့်မြေကြီးကန့်သတ်မဲ့အသက်ကျမ်းကိုလုံးဝနားလည်သွားခဲ့ကာ နက်နဲခြင်းအဆင့်ထိရောက်သွားတော့၏။ သူသည် ကောင်းကင်နှင့်မြေကြီးကန့်သတ်မဲ့အသက်ကျမ်း၏ စွမ်းအားကိုအပြည့်အဝနားလည်သဘောပေါက်သွားတော့သည်။

“အရမ်းကောင်းတယ်။” ချီမင်က စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။

အချိန်ကုန်ဆုံးသွားသည်။

တစ်လကြာသွားသည်။

ချီမင်၏ခန္ဓာကိုယ်က လှုပ်ခါသွားသည်။ သူ၏ခန္ဓာကိုယ်ထဲမှမဟာတာအိုအင်မော်တယ်ဝင်ပေါက်ပေါင်း (၁၂၉၆၀၀)တို့သည် တစ်ခုတည်းအဖြစ်ပေါင်းစပ်သွားတော့သည်။ သူ၏ဓမ္မစွမ်းအားများမှာ များပြားလာပြီး ပြီးပြည့်စုံသွားတော့သည်။

သူ၏ကျင့်ကြံခြင်းအဆင့် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်ကို တည်ငြိမ်အောင်လုပ်ပြီးသွားခဲ့သည်။

ချီမင်သည် ကျင့်ကြံရာကနေ မထွက်သေးပေ။ ထိုအစား သူက နက်ရှိုင်းသည့်သီးသန့်ကျင့်ကြံခြင်းအဆင့်ထဲသို့ဝင်သွားတော့သည်။ သူ၏အသိစိတ်က အင်မတန်နက်ရှိုင်းသည့် နယ်ပယ်ထဲသို့ကျဆင်းသွားတော့သည်။

မယှဉ်သာလောက်အောင်နက်နဲလှသည်။

ချီမင်သည် ကောင်းကင်နှင့်မြေကြီးမဟာတာအိုနှင့်နီးကပ်စွာ ထိတွေ့သွားတော့သည်။ သူက ကောင်းကင်နှင့်မြေကြီးမဟာတာအိုကို နားလည်ဆင်ခြင်နေခဲ့သည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏နက်နဲမှုများကိုနားလည်ဆင်ခြင်နေသည်အမျှ သူက ၎င်းစွမ်းအားများကို ပိုမိုနားလည်သဘောပေါက်လာခဲ့ပြီး သက်ဆိုင်ရာအံ့ဖွယ်စွမ်းအားနည်းစနစ်ကို ဖန်တီးနိုင်ခဲ့သည်။

သူ၏ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပေါ်နားလည်မှုသည် မတူညီသည့်အဆင့်တစ်ခုသို့ရောက်ရှိသွားသည်။ သူ့စိတ်ထဲတွင် နက်နဲသည့်အဆောင်များသဖွယ် တာအိုကျမ်း၏စစ်မှန်ရည်ရွယ်ချက်များ ပေါ်လာခဲ့သည်။

" အရာဝတ္ထုတစ်ခုသည် မိုးမြေမရှိခင်ကတည်းက ကမ္ဘာဦးအခြေအနေမှ ဖြစ်တည်ခဲ့၏။ တိတ်ဆိတ်ငြိမ်သက်၍ တစ်ကိုယ်တည်းတည်ရှိကာ၊ မည်သည့်အခါမှ မပြောင်းမလဲ။ ၎င်းက အစဉ်အမြဲ လည်ပတ်နေပြီး မည်သည့်အခါမှ အားအင်ကုန်ခန်းခြင်းမရှိ။ ထိုအရာကို လောကခပ်သိမ်း၏ မိခင်ဟု မှတ်ယူနိုင်၏။ ကျွန်ုပ်က ၎င်း၏အမည်ကို မသိသောကြောင့် တာအို ဟု ယာယီတင်စားခေါ်ဝေါ်လိုက်သည်။ မဖြစ်သာသည့်အဆုံး ထိုအရာကို မဟာ ဟုပင် ထပ်ဆင့်ခေါ်ဆိုရပေမည်။ ဤသည်ကား မဟာတာအို ပင်တည်း..."

ချီမင်သည် တာအိုကျမ်း၏စစ်မှန်ရည်ရွယ်ချက်များကို ရွတ်ဖတ်နေသည်။

အချိန်ကုန်ဆုံးသွားသည်။

ချီမင်သည် အချိန်၏သဘောသဘာဝကိုပင် မေ့လျော့သွားခဲ့သည်။ အချိန်သည် ရေစီးဆင်းနေသကဲ့သို့ လျင်မြန်စွာဖြင့်ကုန်ဆုံးသွားခဲ့သည်။ သဘာဝအတိုင်းဆက်ဖြစ်ပြီး ထွေထူးစွာမခံစားလိုက်ရ‌ပေ။

နှစ်တစ်ရာကြာသွားသည်။

တင်း!

"ဂုဏ်ပြုပါတယ်။လက်ခံသူ။ သင်၏ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပေါ်နားလည်မှုသည် အဆင့်သစ်တစ်ခုသို့ရောက်ရှိသွားပါပြီ။ သင် အစောပိုင်းအဆင့် အသေးစားနားလည်မှုသို့ရောက်ရှိသွားပါပြီ။ သင်၏ကောင်းကင်နှင့်မြေကြီးမဟာတာအို အပေါ်နားလည်မှုသည် သက်ဆိုင်ရာအံ့ဖွယ်စွမ်းအားနည်းစနစ်များအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။"

"သင် မပြည့်စုံသည့်မဟာတာအိုအံ့ဖွယ်စွမ်းအားဖြစ်သည့် သန့်စင်ရွှေခန္ဓာ၊ သန့်စင်ခြင်းသုံးပါးကိုယ်ပွားများ၊ဖန်ကုစစ်မှန်ခန္ဓာ၊ တာအိုသတ်ဖြတ်ခြင်းနည်းစနစ်နှင့် အင်ပါယာငါးပါးမဟာတာအိုအံ့ဖွယ်စွမ်းအားတို့ကို အောင်မြင်စွာဖြင့်ပေါင်းစပ်နိုင်ခဲ့ပါပြီ။ သင် ပိုပြီးနားလည်လာသည့်အဆင့်သို့ရောက်ရှိသွားပါပြီ။"

"သင် မဟာတာအိုအံ့ဖွယ်စွမ်းအား : တာအိုပေါင်းစည်းခြင်းကို ဖန်တီးနိုင်ခဲ့ပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

ထိုအခိုက်တွင် ချီမင်၏မျက်လုံးများကပွင့်လာပြီး သူ့ခန္ဓာကိုယ်ပေါ်မှအပြောင်းအလဲများကို ခံစားလိုက်ရသည်။ သူ့နားတွင် ကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံးများသည် မရေမတွက်နိုင်သောအသံများဖြင့် ထွက်ပေါ်လာခဲ့သည်။

ထိုအခိုက်တွင် ကောင်းကင်နှင့်မြေကြီးလှုပ်ခါသွားတော့သည်။

ကောင်းကင်က အောင်ပွဲခံနေသည်။

ကောင်းကင်နှင့်မြေကြီးမဟာတာအိုသည် ဂုဏ်ပြုနေသည်။

ချီမင်၏ကျင့်ကြံခြင်းအဆင့်သည် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်သာဖြစ်ပေမဲ့ သူ၏မိုးမြေမဟာတာအိုအပေါ်နားလည်မှုသည် အစောပိုင်းအဆင့်:အသေးစားနားလည်မှုသို့ ရောက်ရှိသွားသည်။

ထူးခြားအံ့ဖွယ်ပေ။

ကိစ္စရပ်များက မတူညီတော့ပေ။

ချီမင်သည် ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားအစစ်မှန်ကို ထုတ်ဖော်နိုင်ပြီဖြစ်သည်။

"ဒါ....ဒါ.."

ပတ်ဝန်းကျင်တွင် ချီမင်၏အင်မော်တယ်သားရဲ၊ အကြီးအကဲများနှင့် ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်၏တပည့်များသည် ချီမင်၏ဘက်မှဖြစ်ပေါ်လာသော ထူးခြားဖြစ်စဉ်များကြောင့် ဆွဲဆောင်ခံလိုက်ရသည်။

"ဒါက.."

"ဟူး..."

"အိုးဘုရားဘုရား.."

ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်၏ကောင်းကင်ယံတွင် အဆုံးမဲ့ခမ်းနားသည့် ပုံရိပ်တစ်ခုပေါ်လာသည်။ ၎င်းပုံရိပ်တွင် မဟာတာအိုစစ်မှန်ရည်ရွယ်များပါဝင်နေပြီး တစ်ကိုယ်လုံးတွင် လှည့်ပတ်နေခဲ့သည်။

သူက ပြည်နယ်ကိုးလောကတွင်ရပ်တည်နေခဲ့သော ကောင်းကင်နှင့်မြေကြီးဧရာမဖြစ်တည်မှု ကြီးအတိုင်းပင်။

ကောင်းကင်နှင့်မြေကြီးဘီလူးကြီးသည် ပြည်နယ်ကိုးလောက၏တိုက်ကြီးတွင် ရပ်နေခဲ့ပြီး သူ့ခေါင်းပေါ်တွင် မိုးကုပ်စက်ဝိုင်းကိုထမ်းထားသည့်အလားပင်။

အတော်လေးကြောက်မက်ဖွယ်ကောင်းပါ၏။

ထိုကဲ့သိုစွမ်းအား။

ထိုကဲ့သို့အင်အား။

မဖော်ပြနိုင်လောက်အောင်စွမ်းအားကြီးပြီး ကြောက်မက်ဖွယ်ကောင်းသည်။

"သခင်ဒီတစ်ခေါက်အဆင့်တက်လို့ဖြစ်တဲ့ ထူးခြားဖြစ်စဉ်က အတော်လေးကြီးမားတယ်။ ဒါက ငါတို့ရဲ့စိတ်ကူးထားတာထက်တောင် ကျော်သွားပြီ။ ကောင်းကင်သံသရာကြယ်တာရာအစီအရင်က တောင် အဲ့လိုစွမ်းအားမျိုးကိုမဖုံးကွယ်နိုင်တော့ဘူး။ အကန့်အသတ်ထိရောက်သွားပြီ။"

"ပြဿနာတော့များပြီ။"

"သခင်တော့ ဖော်ထုတ်ခံရတော့မယ်။"

“…”

ဟော့ချန်ချင်းတို့၏အမူအရာများက လေးနက်သွားတော့သည်၊။

ချက်ချင်းပဲ ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏မျိုးနွယ်သခင်(၁၀၈)ဦးနှင့် အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်ရှိသောမဟာအကြီးအကဲများပေါ်လာသည်။ သူတို့က ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်နားသို့ရောက်လာကြသည်။

"မဖြစ်နိုင်တာ။"

ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏ဂိုဏ်းချုပ်ချင်ဖေးယွမ်လည်း ရောက်လာခဲ့သည်။ သူက ခေါင်းမော့ပြီး ကောင်းကင်နှင့်မြေကြီးဘီလူးကြီးတစ်ကောင်ကဲသို့ဖြစ်နေသော ဓမ္မရုပ်တုကြီးကိုကြည့်လိုက်၏။ သူက မဖော်ပြလောက်သောဖိအားကိုခံစားလိုက်ရသည်။သူက အင်မတန်ထိတ်လန့်သွားတော့သည်။

"ဟူး..."

ချင်ဖေးယွမ်သည် သူ၏မျက်နှာပေါ်တွင် သဘောပေါက်သွားပြီဟူသော အမူအရာပေါ်လာသည်။"အဲ့ဒါကြောင့် ဆရာက ငါ့ကိုဂျူနီယာညီလေးချီမင်ကို တာအိုသက်သေပြခြင်းသစ်သီးရအောင်ကူညီခိုင်းခဲ့တာပဲ။"

"အတော်လေးလန့်ဖို့ကောင်းတယ်။" ချင်ဖေးယွမ်သည် ညည်းတွားလိုက်သည်။"ဒီလိုစွမ်းအားက ကောင်းကင်အရှင်နယ်ပယ်ကသူ တာအိုရယူတာနဲ့တူနေပြီ။ ငါ့ယုံကြည်သွားပါပြီ။ ဂျူနီယာညီလေးနဲ့ယှဉ်ရင် ငါက ညံ့လွန်းတယ်။"

"ငါ့ရဲ့အရင်တုန်းကအတွေးတွေက အတော်လေးရယ်ဖို့ကောင်းတာပဲ။"

နောက်တခဏတွင် ကောင်းကင်နှင့်မြေကြီးဘီလူးထူးခြားဖြစ်စဉ်မှာ ပျောက်ကွယ်သွားတော့သည်။ ချီမင်သည်လည်း သူ၏အရှိန်အဝါကိုထိန်းချုပ်လိုက်သည်။

မရေမတွက်နိုင်သောကပ်ဘေးချီများသည် မြင့်တက်လာခဲ့ပြီး လျပ်စီးများလက်လာကာ မိုးခြိမ်းသံများ မြည်ဟိန်းလာခဲ့၏။ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေ၏ကောင်းကင်ယံတွင် မရေမတွက်နိုင်သော ကပ်ဘေးတိမ်တိုက်များ စုဝေးလာသည်။

သူသည် အထက်ကမ္ဘာကောင်းကင်တာအို၏စွမ်းအားကိုလည်း ခံစားမိလိုက်သည်။

ကောင်းကင်ဉာဏ်အလင်းခန်းမတွင်။

"ဖော်ထုတ်ခံလိုက်ရပြီလား။"

ချီမင်က ခေါင်းမော့လိုက်သည်။ သူသည် သတိပြန်ဝင်လာခဲ့ပြီဖြစ်သည်။ သူက အထက်ကမ္ဘာကောင်းကင်တာအို၏စွမ်းအားများပါဝင်လျက်ရှိသော ကပ်ဘေးတိမ်တိုက်များကိုကြည့်ပြီး အသက်ပြင်းပြင်းရှုလိုက်သည်။ သူ့အမူအရာသည် အနည်းငယ်လေးနက်လာ၏။

"မဟာတာအိုအံ့ဖွယ်စွမ်းအားက အတော်လေးကြောက်မက်ဖွယ်ကောင်းတယ်။ အရှိန်အဝါလေးနည်းနည်းလောက် အပြင်ထွက်သွားတာကကို အထက်ကမ္ဘာကောင်းကင်တာအိုကို ဆွဲဆောင်နိုင်တယ်။ ကောင်းကင်သံသရာကြယ်တာရာအစီအရင်ကတောင် မဖုံးကွယ်နိုင်တော့ဘူး။"

ချီမင်သည် အသံနိမ့်နိမ့်ဖြင့်ဆိုသည်။"ဒီလိုဆိုရင်တော့ မဟာတာအိုအံ့ဖွယ်စွမ်းအား:တာအိုပေါင်းစည်းခြင်းရဲ့စွမ်းအားကို စမ်းသပ်ကြည့်ရတာပေါ့။"

ချီမင်သည် အတွေးတစ်ချက်ဖြင့် မဟာတာအိုချိတ်စည်းကိုဖန်တီးလိုက်သည်။ ချီမင်၏လက်မှဖွဲ့တည်လာသော တာအိုချိတ်စည်းက ကမ္ဘာဦးအလင်းရောင်ခြည်တန်းများထွက်ပေါ် လာပြီး သူ့တစ်ကိုယ်လုံးသို့ပျံ့နှံ့သွားတော့သည်။

လျှပ်စီးများလက်လာပြီး ကပ်ဘေးမိုးကြိုးများ မြည်ဟိန်းလာသည်။

အပြင်ဘက်ကမ္ဘာတွင်။

"ကောင်းကင်တာအိုကပ်ဘေးတိမ်တိုက်။"

“ဒီ..."

"ဘာဖြစ်ကုန်တာလဲ။"

"ဘာလို့ကောင်းကင်တာအိုကပ်ဘေးတိမ်တိုက်က ပေါ်လာတာလဲ။"

"ဟူး..."

"ဒါဘယ်လိုဖြစ်နိုင်မှာလဲ။"

"ကောင်းကင်တာအိုကပ်ဘေးတိမ်တိုက်တာဆိုတာ ကိုယ်ပိုင်တာအိုကိုတည်ဆောက်ပြီးမှပေါ်တာလေ။"

“…”

ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏မျိုးနွယ်သခင်များသည် ကောင်းကင်တာအိုကပ်ဘေးတိမ်တိုက်များစုဖွဲ့လာခြင်းကိုကြည့်နေခဲ့သည်။ သူတို့အမူအရာများက ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သူတို့က မတည်ငြိမ်နိုင်တော့ပေ။

"ဖြစ်နိုင်တာက။"

ချင်ဖေးယွမ်သည် ပါးစပ်ဟကာ မပြောဘဲမနေနိုင်တော့ပေ။"ဂျူနီယာညီလေးချီမင်က တာအိုသက်သေပြခြင်းသစ်သီးမလိုဘဲနဲ့ တာအိုကိုရယူနိုင်တာလား။ ဘယ်လို..ဘယ်လိုဖြစ်နိုင်မှာလဲ။"

ကမ္ဘာဦးနတ်ဆိုးဂိုဏ်းတစ်ခုတည်းသာမဟုတ်ပေ။

ထိုအခိုက် ချီမင်ကြောင့်ဖြစ်လာသည်က အတော်လေးကိုရုတ်ရုတ်သဲသဲဖြစ်သွားရသည်။ ပထမဆုံးက ကောင်းကင်နှင့်မြေကြီးဘီလူးကြီးတစ်ကောင်ကဲသို့ပေါ်လာသည်။ သူက ပြည်နယ်ကိုးလောကတွင်ရပ်နေခဲ့သည်။သူ့ခေါင်းထက်တွင် ကိုးပြည်နယ်ကိုထမ်းရွက်ထားရသည့် အလား ဖြစ်နေသော ထူးခြားဖြစ်စဉ်များပေါ်လာခဲ့သည်။

အခုတော့ ကောင်းကင်တာအိုကပ်ဘေးတိမ်တိုက်များ ပေါ်လာတော့ပြန်သည်။

ပြည်နယ်ကိုးလောကတစ်ခုလုံးသည် လှုပ်ခါသွားခဲ့ရသည်။

ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၊တာအိုဂိုဏ်းမဟာမိတ်၊အသင်္ချေမျိုးနွယ်မဟာမိတ်၊များစွာသော အဖွဲ့အစည်းကြီးငယ်တို့နှင့် ခေတ်ကာလကပ်ဘေးဒုက္ခကျဆင်းလာတော့မည်ဖြစ်သောကြောင့် ရွေးချယ်စရာမရှိတော့၍ပြည်နယ်ကိုးလောကသို့ပြန်လာရသော အထက်ကမ္ဘာအင်မော်တယ်ဘုရင်တို့ လည်းသိသွားခဲ့သည်။

သူတို့အားလုံးက ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေကိုကြည့်နေခဲ့ကြသည်။

ထိုအခိုက် ပြည်နယ်ကိုးလောက၏ကောင်းကင်နှင့်မြေကြီးကပ်ဘေးချီတို့မှာ လှုပ်ရွလာကာ အကန့်အသတ်ထိရောက်လာခဲ့သည်။ မသိလိုက်စွာဖြင့် ကျွမ်းကျင်သူများနှင့်အဖွဲ့အစည်းများသတိမထားမိသည့်အခြေအနေအောက်တွင် ခေတ်ကာလကပ်ဘေးဒုက္ခသည် တိတ်ဆိတ်စွာဖြင့် သက်ဆင်းလာခဲ့သည်။

တစ်ချိန်တည်းမှာ မရေမတွက်နိုင်သောမျိုးနွယ်များနှင့် ပြည်နယ်ကိုးလောက၌ရှိသော အထက်ကမ္ဘာအင်မော်တယ်တို့မှာ ခေတ်ကာလကပ်ဘေးဒုက္ခထံမှ တိတ်ဆိတ်စွာဖြင့် သက်ရောက်ခံလိုက်ရသည်။ သို့ပေမဲ့ သူတို့က သတိမထားမိသေးပေ။

"တာအိုပေါင်းစည်းခြင်း။"

ချီမင်သည်အတွေးတစ်ချက်ဖြင့် မဟာတာအိုအံ့ဖွယ်စွမ်းအားကိုသုံးလိုက်သည်။ ထိုအခိုက်မှာ သူ၏အရှိန်အဝါကပျောက်ကွယ်သွားပြီး မိုးမြေမဟာတာအိုနှင့်ပေါင်းစပ်သွားခဲ့ သည်။ထို့နောက်ပျောက်ကွယ်သွားခဲ့သည်။

သူက မဟာတာအို၏မမြင်နိုင်သည့်အခြေအနေထဲသို့ ဝင်ရောက်သွားသည်။

အထက်ကမ္ဘာကောင်းကင်တာအိုသည်ပင် ချီမင်၏အငွေ့အသက်ကိုမဖမ်းမိတော့ပေ။

အချိန်ကုန်ဆုံးသွားသည်။

ကောင်းကင်တာအိုကပ်ဘေးချီသည် ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေအထက်တွင် အဆက်မပြတ်လည်ပတ်နေခဲ့ပြီး အချိန်အတော်ကြာ မပျောက်ကွယ်သေးပေ။ သို့ပေမဲ့ ကောင်းကင်တာအိုကပ်ဘေးမိုးကြိုးကတော့ မကျဆင်းလာသေးပေ။ ချီမင်ကိုအာရုံမခံမိတော့သည့် အတွက် ကောင်းကင်တာအိုကပ်ဘေးမိုးကြိုးသည် မကျဆင်းလာနိုင်ပေ။

ကိုးရက်ကြာသွားခဲ့သည်။

ကောင်းကင်တာအိုကပ်ဘေးတိမ်တိုက်သည် ပစ်မှတ်ကိုရှာမတွေ့သောကြောင့် တဖြည်းဖြည်းစတင်ပျောက်ကွယ်လာခဲ့သည်။

“ဒီ..."

"ဒါဘယ်လိုဖြစ်နိုင်မှာလဲ။"

"ကောင်းကင်တာအိုကပ်ဘေးတိမ်တိုက်က ဘာလို့မဆင်းသက်လာတာလဲ။"

"ဘာဖြစ်ကုန်တာလဲ။"

“…”

ကမ္ဘာဦးနတ်ဆိုးဂိုဏ်း။

မျိုးနွယ်သခင်များက တဖြည်းဖြည်းပျောက်ကွယ်နေခဲ့သော ကောင်းကင်တာအိုကပ်ဘေးတိမ်တိုက်များ ကို ကြည့်နေခဲ့သည်။ သူတို့က အင်မတန်ထိတ်လန့်ပြီး ကြောင်အသွားကြတော့၏။ သူတို့က ထိုအခြေအနေကိုမမျှော်လင့်ထားပေ။

" ဂျူနီယာညီလေးချီမင်က ကောင်းကင်တာအိုကပ်ဘေးတိမ်တိုက်ကိုကျော်လွှားတာလည်းမဟုတ်သလို သူ့ရဲ့တာအိုကိုလည်း မတည်ဆောက်ထားဘူး။"

ချင်ဖေးယွမ်သည် သူ၏စိတ်ထဲ၌တွေးတောနေခဲ့သည်။

All Chapters