အဆုံးမဲ့ယစ်ပုလ္လင်။
Vol. 26 Ch. 386
(၄၉)ရက်ကြာသွားပြီနောက်မှာ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေ၏ကောင်းကင်တာအို ကပ်ဘေးတိမ်တိုက် များအပြီး တိုင်ပျောက်ကွယ်သွားခဲ့သည်။ ချီမင်သည် ခေါင်းအသာမော့ကြည့်တော့ ပထမအထက်ကမ္ဘာ၏ကောင်းကင်တာအိုသည် ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေအပေါ် အာရုံစိုက်ခြင်းရပ်သွားသည်ကို ရှင်းလင်းစွာခံစားမိလိုက်သည်။
ချီမင်သည် စိတ်သက်သာရာရစွာသက်ပြင်းချလိုက်သည်။
သူသည် အထက်ကမ္ဘာကောင်းကင်တာအိုကို တိုက်ရိုက်ကြီးမရင်ဆိုင်ရဲသေးပေ။
သူက မသန်မာသေးပေ။
သူ၏ကိုယ်ပေါ်တွင် ကမ္ဘာဦးမဟာတာအိုအလင်းတို့မှာ ဖြည်းညှင်းစွာဖြင့် မှေးမှိန်သွားတော့သည်။ သူက လက်နှိမ့်ကာ တာအိုချိတ်စည်းကိုပြန်ရုတ်သိမ်းလိုက်သည်။ မဟာတာအိုအံ့ဖွယ်စွမ်းအား:တာအို ပေါင်းစည်းခြင်းစွမ်းအားက လျင်မြန်စွာဖြင့်ပျောက်ကွယ်သွားခဲ့သည်။
"မဆိုးဘူး။"
ချီမင်သည် အတော်လေးကျေနပ်သွား၏။"မဟာတာအိုအံ့ဖွယ်စွမ်းအား:တာအိုပေါင်းစည်းခြင်းက ဘက်စုံသုံးအံ့ဖွယ်စွမ်းအားနည်းစနစ်ပဲ။ တိုက်ခိုက်တာရော၊ခုခံတာရော၊လှုပ်ရှားမှုရော၊ ထောက်ပံ့မှုရောပါတယ်။"
"ဒီတစ်ကြိမ်တော့ ငါ မဟာတာအိုအံ့ဖွယ်စွမ်းအား:တာအိုပေါင်းစည်းခြင်းကိုသုံးခဲ့တယ်။ မဟာတာအိုနဲ့ပေါင်းစပ်ပြီး ပုန်းကွယ်တယ်။ မိုးမြေမဟာတာအိုက ငါ့ရဲ့အရှိန်အဝါအားလုံးကို ဖုံးကွယ်ပေးထားတယ်။ငါက ပထမအထက်ကမ္ဘာရဲ့ကောင်းကင်တာအိုဆီ ကနေတောင် ပုန်းနေနိုင်တယ်။"
"ကြည့်ရသလောက်တော့ မဟာတာအိုအံ့ဖွယ်စွမ်းအားက အတော်လေးစွမ်းအားကြီးတယ်။ အခုထိသူ့ရဲ့သက်ရောက်မှုတစ်ခုပဲ မြင်ရသေးတယ်။ဒါတောင် အထက်ကမ္ဘာရဲ့ကောင်းကင်တာအိုထိ သက်ရောက်တယ်။"
မဟာတာအိုအံ့ဖွယ်စွမ်းအား:တာအိုပေါင်းစည်းခြင်းသည် ချီမင်၏ကောင်းကင်နှင့်မြေကြီး မဟာတာအို အပေါ်နားလည်မှုများမှ ဖန်တီးထားခြင်းဖြစ်သည်။၎င်းကို မဟာတာအိုအံ့ဖွယ်စွမ်းအားငါးခုဖြစ်သည့် အင်ပါယာငါးပါးမဟာတာအိုအံ့ဖွယ်စွမ်းအား၊သန့်စင်ခြင်းသုံးပါးကိုယ်ပွားများ၊သန့်စင်ရွှေခန္ဓာ၊တာအိုသတ်ဖြတ်ခြင်းနည်းစနစ်များနှင့် ဖန်ကုစစ်မှန်ခန္ဓာတို့ဖြင့် ပေါင်းစပ်ထားခဲ့ခြင်းဖြစ်သည်။ ၎င်းကိုထပ်မံသန့်စင်လိုက်ပါက ပိုပြီးတောင်သန်မာသောအဆင့်ထိရောက်နိုင်သည်။
ချီမင်သည် မဟာတာအိုအံ့ဖွယ်စွမ်းအား:တာအိုပေါင်းစည်းခြင်းကို အပြီးတိုင်ကျင့်ကြံရန်မလိုအပ်ပေ။ သူသည် တာအိုပေါင်းစည်းခြင်းစွမ်းအားကို ပြီးပြည့်စုံစွာ ထုတ်သုံးနိုင်သည်။
တာအိုပေါင်းစည်းခြင်းစွမ်းအား၏စစ်မှန်နက်နဲမှုများသည် ကောင်းကင်နှင့်မြေကြီးမဟာတာအို အပေါ်နားလည်မှုများမှ သူကိုယ်တိုင်ပေါင်းစပ်ထားခဲ့ခြင်းဖြစ်သည်။ ၎င်းက မိုးမြေမဟာတာအို၏ စွမ်းအားကို မည်မျှအထိ ထုတ်ဖော်နိုင်စွမ်း ရှိသည်မှာ၊ ချီမင်၏ မိုးမြေ မဟာတာအိုအပေါ် နားလည်သဘောပေါက်မှုနှင့်သာ အဓိက သက်ဆိုင်နေသည်။
ချီမင်၏ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပေါ်နားလည်မှုနက်ရှိုင်းလေ မဟာတာအိုအံ့ဖွယ်စွမ်းအား:တာအိုပေါင်းစည်းခြင်းက ပိုပြီးသန်မာလေဖြစ်သည်။ အဆုံးတွင်တော့ သူက မဟာတာအိုမှ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။
ချီမင်သည် တာအိုနှင့် တစ်သားတည်းကျသွားပြီးနောက် မိုးမြေ မဟာတာအို၏ စွမ်းအားကို အသုံးပြုကာ ကိုယ်ယောင်ဖျောက်ခြင်း၊ အမြန်နှုန်း၊ တိုက်ခိုက်ခြင်း စသည်တို့ကဲ့သို့သော နည်းလမ်းအမျိုးမျိုးတို့တွင် အသုံးချခဲ့သည်
အရပ်စကားအရဆို တာအိုပေါင်းစည်းခြင်းက ဂိမ်းထဲတွင်ကောင်းချီးပေးခံရသည့်အတိုင်း(buffစားလိုက်ရသည့်အလား)ပင်။
ချီမင်က ကောင်းကင်တာအိုကပ်ဘေးတိမ်တိုက်ပျောက်ကွယ်သွားသည်ကိုစောင့်ဆိုင်းပြီးနောက်မှာ သူက အလိုအလျောက်ကျင့်ကြံခြင်းစနစ်ထံမှအသိပေးချက်ကိုလက်ခံရလိုက်သည်။ သူသည် အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းအသစ်ကိုအသက်သွင်းပြီး ရှင်းလင်းရန်လုပ်တော့သည်။
တင်း!
"လက်ခံသူရဲ့ကျင့်ကြံခြင်းအဆင့်က မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်အဆင့်သို့ ချိုးဖြတ်သွားပါပြီ။ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အလယ်ပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း: စိန်ခေါ်သူကွင်းပြင်ကို ရှင်းလင်းရာမှရရှိမည့်ဆုလဒ်များ လျော့ကျသွားပါပြီ။ သင် ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်တစ်ဆယ်ကွင်ဒရီလီယန်သုံးပြီး အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းအသစ်ကိုဖွင့်လှစ်နိုင်ပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
"ငါ ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက် တစ်ဆယ်ကွင်ဒရီလီယန်ထည့်မယ်။"
ချီမင်ကဆိုသည်။"ဂိမ်းမြေအောက်စခန်းကိုအသက်သွင်းမယ်။"
တင်း!
"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"
"မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:အဆုံးမဲ့ယစ်ပုလ္လင်ကို အောင်မြင်စွာ အသက်သွင်းနိုင်လိုက်ပါတယ်။"
"သင် ဝင်ရောက်နိုင်ပါပြီ။"
အသိပေးချက်တစ်ခုပေါ်လာသည်။
"ဝင်မယ်။"
နောက်တခဏတွင် ချီမင်၏ရှေ့သို့ ဂိမ်းမြင်ကွင်များပေါ်လာခဲ့သည်။ ၎င်းက အတော်လေးကိုထူးခြားသည့် ဂိမ်းမြေအောက်စခန်းဖြစ်သည်။ ချီမင်သည် အဆုံးမဲ့နဂါးငွေ့တန်းကြီးအလား မယှဉ်သာလောက်အောင်ကြီးမားသော ယစ်ပုလ္လင်ကြီးကိုတွေ့လိုက်ရသည်။
ယစ်ပုလ္လင်တွင် အထပ်သုံးထပ်ပါရှိသည်။
အဓိကကိုယ်ထည်ကြီးတွင် မတူညီသည့်အရောင်သုံးရောင်ရှိသည်။
ပထမအထပ်ကတော့ ရွှေရောင်အတိပြီးကာ နက်နဲသည့်ရွှေရောင်ပုံစံများဖြင့်ဖုံးအုပ်နေသည်။ ဒုတိယအထပ်ကတော့ အနက်ရောင်အတိပြီးကာ မဲနက်ထူထပ်နေသည့်အနက်ရောင်ပုံစံများဖြင့် ဖုံးထပ်နေသည်။ တတိယအထပ်တွင်တော့ ခရမ်းရောင်အတိပြီးကာ ခရမ်းရောင်ပုံစံများဖြင့် ထူထပ်စွာဖုံးအုပ်နေသည်။ အရေးကြီးသည်ကတော့ ထိုနေရာတွင် ခရမ်းရောင်၊အနက်ရောင်နှင်ရွှေရောင်ရှိသည့် အလုံးကြီးတစ်လုံးရှိသည်။
ထို့ပြင် ထိုယစ်ပုလ္လင်ကြီးရှိသည့်နေရာကြီးကို လုံးဝချိတ်ပိတ်ထား၏။
သိပ်မကြာခင်မှာပဲ ချီမင်သည် အဆုံးမဲ့ယစ်ပုလ္လင်နှင့်ပတ်သက်သောအချက်အလက်များအကြောင်းနှင့် မြေအောက်စခန်းရှင်းလင်းရန်လိုအပ်သောအခြေအနေကိုလည်းသိသွားခဲ့သည်။ စိန်ခေါ်သူကွင်းပြင်နှင့်တူညီသည်။သို့ပေမဲ့ အတော်လေးခက်ခဲလေသည်။
အဆုံးမဲ့ယစ်ပုလ္လင်ပေါ်တွင် မွန်စတားများ အမျိုးစားစုံလင်စွာရှိလေသည်။ စိန်ခေါ်သူကွင်းပြင်ကဲ့သို့ တစ်ဦးချင်းယှဉ်ပြိုင်ရသည်မျိုးတော့မဟုတ်ပေ။
အဆုံးမဲ့ယစ်ပုလ္လင်တွင် စုစုပေါင်း(၁၅)ကျော့ပါဝင်သည်။ အသန်မာဆုံးသူများကိုအနိုင်ယူပြီးမှသာ အဆုံးမဲ့ယစ်ပုလ္လင်ကိုရှင်းလင်းနိုင်မည်ဖြစ်သည်။
တစ်ကြိမ်အောင်မြင်ပြီးတိုင်း ချီမင်၏အခြေအနေက မူလအထွတ်အထိပ် အနေအထားသို့ပြန်သွားမည်မဟုတ်ပေ။
အဆုံးမဲ့ယစ်ပုလ္လင်၏ခက်ခဲမှုက စိန်ခေါ်သူကွင်းပြင်ထက်သာလွန်သည်။
တင်း!
"သင် ဂိမ်းမြေအောက်စခန်းနှစ်ခြင်းအခန်းကို အသက်သွင်းချင်ပါသလား။"
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်က လုံးဝကိုတုံ့ဆိုင်းမနေပေ။ "ငါ ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်(၁၀) ကွင်ဒရီလီယန်ထည့်ပြီး နှစ်ခြင်းအခန်းကိုအသက်သွင်းမယ်။ ငါ အဆုံးမဲ့ယစ်ပုလ္လင်ကိုစိန်ခေါ်မယ်။"
တင်း!
"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"
"စိန်ခေါ်ပွဲ စတင်ပါပြီ။"
ချီမင်သည် သူ၏ခန္ဓာကိုယ်ထဲသို့ ဆန်းကြယ်သည့်စွမ်းအားတစ်ခု တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။၎င်းက သူ၏အသိစိတ်ထဲသို့ဝင်သွားပြီး အသိစိတ်ကိုမထိမခိုက်စေရဘဲ ခွဲထုတ်ပေးလိုက်သည်။
ခွဲထွက်သွားသည့် အသိစိတ်တစ်စိတ်တစ်ပိုင်းက အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းအဆုံးမဲ့ယစ်ပုလ္လင်ထဲသို့ ဝင်သွားတော့သည်။
ချီမင်သည် (၁၀)ကွင်ဒရီလီယန်ရှိသော ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်၏ စွမ်းအင်အများစုမှာ သူ၏ဂိမ်းဇာတ်ကောင်ကိုဖန်တီးရာ၌သုံးလိုက်သည်ကို ခံစားလိုက်ရသည်။
ချီမင်၏ဂိမ်းဇာတ်ကောင်က အဆုံးမဲ့ယစ်ပုလ္လင်၏စိန်ခေါ်သူဖြစ်သည်။
ချီမင်၏အဓိကခန္ဓာကိုယ်သည် တာအိုပေါင်းစည်းခြင်းသုံးပြီး အထက်ကမ္ဘာကောင်းကင်တာအိုမှ ပုန်းအောင်းနေသည်။ သူ၏အဓိကအသိစိတ်မှကွဲထွက်လာသောအသိစိတ်သည် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:အဆုံးမဲ့ယစ်ပုလ္လင်ထဲသို့ဝင်သွားပြီး စတင်စိန်ခေါ်တော့သည်။
ပထမဆုံးအကျော့တွင် ချီမင်ရင်ဆိုင်ရသည့်သူများက အဆိပ်နက်တိုက်တန် ၊မသေမျိုးဘုရင်၊ မေ့လျော့ခြင်းချောက်အရှင်၊ကျဆုံးခြင်းနတ်တမန်နှင့်နှစ်တစ်သောင်း ပင့်ကူဝိညာဉ်တို့ဖြစ်သည်။
စုစုပေါင်းငါးယောက်ဖြစ်သည်။
ပိုပြီးအရေးကြီးသည်က။
ရန်သူငါးယောက်ငါးယောက်ပါသည့်အုပ်စုတစ်စုဖြစ်သည်။ အကုန်လုံးကတော့ အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်ကဖြစ်သည်။ သူတို့၏ကျင့်ကြံခြင်းနယ်ပယ်များက မတူပေမဲ့ အထက်ကမ္ဘာအင်မော်တယ်ဘုရင် အဆင့်သာဖြစ်သည်။
"တိုက်ခိုက်မယ်"
ချီမင်သည် အသက်ပြင်းပြင်းရှုကာ တုံ့ဆိုင်းမနေတော့ပေ။"မဟာတာအိုအင်မော်တယ်ဝင်ပေါက်။ ပွင့်စမ်း"
စုစုပေါင်းမဟာတာအိုအင်မော်တယ်ဝင်ပေါက်(၁၂၉၆၀၀)တို့သည် ပွင့်လာပြီး မဟာတာအိုသာလွန်သူပေါင်း(၁၂၉၆၀၀)တို့ ပျံ့ထွက်လာသည်။ ချက်ချင်းပဲ သူက ပထမအဆင့်ကိုကျော်ဖြတ်သွား၏။
နားချိန်က တစ်နာရီသာရသည်။
ဒုတိယအကျော့ကစတင်လာသည်။
မတူညီသည့် ရန်သူငါးယောက်ဖြစ်သည့် ရွှေရောင်ဗုဒ္ဓ၊အထွတ်အထိပ်နတ်ဆိုးဘုရင်၊ အထွတ်အထိပ်အင်မော်တယ်ဘုရင်၊တာအိုဉာဏ်အလင်းရှင်နှင့်နှစ်တစ်သောင်းရေလွှမ်းနဂါးဘုရင်ဖြစ်သည်။
"တိုက်ခိုက်မယ်"
ချီမင်က အော်ဟစ်ကာတိုက်ခိုက်လိုက်သည်။
…
သုံးကျော့မြောက်။
…
လေးကျော့မြောက်။
…
ဆယ်ကျော့မြောက်။
…
ဆယ့်ငါးကျော့မြောက်။
ချီမင်သည် နောက်ဆုံးရန်သူနှင့်ရင်ဆိုင်ရလိုက်သည်။ သူသည် ကောင်းကင်တာအိုကိုကျင့်ကြံသည့် အင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်ဖြစ်သည်။ သူသည် ကောင်းကင်တာအိုအင်မော်တယ်ဝင်ပေါက်(၁၂၉၆၀၀)တို့ကိုတည်ဆောက်ထားပြီး အထွတ်အထိပ်အံ့ဖွယ်စွမ်းအားကိုတတ်မြောက်ထား၏။
မေ့လျော့ခြင်းကောင်းကင်တာအိုဖြစ်သည်။
ချီမင်သည် မေ့လျော့ခြင်းကောင်းကင်တာအိုနှင့်သုံးရက်သုံးညကြာတိုက်ခိုက်ခဲ့သည်။ သူက နည်းစနစ်အားလုံးကိုအသုံးပြုခဲ့သည်။ သူနားလည်ထားသည့် မဟာတာအိုအံ့ဖွယ်စွမ်းအားအသစ် တာအိုပေါင်းစည်းခြင်းသည် ၎င်း၏ စစ်မှန်သည့်စွမ်းအားကိုပြသလာခဲ့သည်။
အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းတစ်ခုလုံးက ချီမင်နှင့်မေ့လျော့ခြင်းကောင်းကင်တာအိုတို့ ကြောင့် ပြိုကွဲလုနီးပါးပင်။
နောက်ဆုံးမှာတော့ ချီမင်သည် မေ့လျော့ခြင်းကောင်းကင်တာအိုကို ခက်ခက်ခဲခဲနှင့်အနိုင်ရသွားတော့သည်။ သူက တစ်ဖက်ကိုသတ်ဖြတ်ပြီး မြင့်မြတ် ကောင်းကင်နှောင်းပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:အဆုံးမဲ့ယစ်ပုလ္လင်ကိုအောင်မြင်စွာရှင်းလင်းနိုင်သွားတော့၏။
(၁၅)ကျော့လုံးပြီးဆုံးသွားခဲ့သည်။
ချီမင်သည် ကိုးရက်အတွင်းပြီးသွားခဲ့သည်။
ချီမင်နှင့်မေ့လျော့ခြင်းကောင်းကင်တာအိုတို့က လေးရက်နီးပါးတိုက်ခိုက်ခဲ့သည်။
တင်း!
"ဂုဏ်ပြုပါတယ်။လက်ခံသူ။ သင် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့် ဂိမ်းမြေအောက်စခန်း:အဆုံးမဲ့ယစ်ပုလ္လင်ကိုအောင်မြင်စွာရှင်းလင်းနိုင်ခဲ့ပါတယ်။ ဆုလဒ်များကို စာရင်းပြုစုနေပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်သည် စိတ်သက်သာရာရစွာသက်ပြင်းချလိုက်သည်။ အပြင်ကမ္ဘာတွင် ကောင်းကင်တာအိုကပ်ဘေးတိမ်တိုက်များပျောက်ကွယ်သွားသည်။"ငါ ပြန်သင့်ပြီ။"
ချက်ချင်းပဲ ဂိမ်းဇာတ်ကောင်ထဲမှချီမင်၏အသိစိတ်က ပြန်ထွက်လာပြီး ဂိမ်းနယ်မြေထဲမှထွက်ခွာလိုက်တော့သည်။
ချီမင်၏ဂိမ်းဇာတ်ကောင်အဆုံးမဲ့ယစ်ပုလ္လင်၏စိန်ခေါ်သူက စတင်ပျောက်ကွယ်သွားတော့၏။၎င်းက သန့်စင်သည့်စွမ်းအင်များအဖြစ်ပြောင်းလဲသွားခဲ့ပြီး ဂိမ်းမြေအောက်စခန်းကြီးကို ပြန်လည်စတင်စေတော့သည်။
ချီမင်၏အသိစိတ်တစ်စိတ်တစ်ပိုင်းကလည်း သဘာဝအတိုင်း အဓိကခန္ဓာကိုယ်ထဲသို့ပြန်ဝင်လာသည်။ သူ၏အဓိကခန္ဓာကိုယ်မှသိစိတ်သည် ယင်းကို ပြန်လည်စုပ်ယူသွားခဲ့ပြီး အနည်းငယ်သန်မာသွားတော့ သည်။
သိပ်မကြာခင်မှာပဲ နောက်ထပ်အသိပေးချက်တစ်ခုပေါ်လာသည်။
တင်း!
"ရှင်းလင်းရေးဆုလဒ်စာရင်းများ ပြုစုပြီးသွားပါပြီ။"
"ဂုဏ်ပြုပါတယ်။လက်ခံသူ။ အင်မော်တယ်နှစ်ခြင်းအခန်းကိုဖွင့်လှစ်ထားခဲ့သည့် အခြေအနေအောက်တွင် သင် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့် ဂိမ်းမြေအောက်စခန်း:အဆုံးမဲ့ယစ်ပုလ္လင်ကို ကိုးရက်အတွင်း အောင်မြင်စွာရှင်းလင်းနိုင်ခဲ့ပါတယ်။ သင်က ဂိမ်းတာဝန်၏ကန့်သတ်ချက်ထက် ကျော်လွန်သွားခဲ့ပါတယ်။ ဆုလဒ်များတိုးမြင့်သွားပါပြီ။"
"ဆုလဒ် : ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစဆယ့်ကိုးခုနှင့် ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်တစ်ဆယ် စစ်တီလီယန်ရရှိခဲ့ပါတယ်။"
"မဆိုးဘူး" ချီမင်က အင်မတန်စိတ်ကျေနပ်သွားတော့၏။"နောက်ဆုံးတော့ ငါဂိမ်းမြေအောက်စခန်းကို ရှင်းလင်းတာ ကိုးရက်ကြာသွားတယ်။ စိန်ခေါ်သူကွင်းပြင်ကို ရှင်းပြီးလို့ရတဲ့ဆုလဒ်နဲ့တော့ မယှဉ်နိုင်ဘူး။ ငါ စိန်ခေါ်သူကွင်းပြင်ကိုတစ်ရက်တည်းနဲ့ပြီးသွားခဲ့တာ။ငါ ကောင်းကင်နှင့်မြေကြီး မဟာတာအိုအပိုင်းအစတွေအပြင် ရှားပါးအင်မော်တယ်သားရဲကိုပါရခဲ့တယ်။"
"ဒီတစ်ခေါက်တော့ ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစတွေပဲရတယ်။"
"ဒါပေမဲ့ စုစုပေါင်း(၁၉)ခုရလိုက်တယ်။"
ချီမင် ကခဏလောက်တွေးမိသွားသည်။ "ဒါက ငါ့အတွက်တော့ မဟာတာအိုအင်မော်တယ်ဘုရင်နှလုံးသားကို သိပ်သည်းဖို့လုံလောက်ပါတယ်။ငါ အထက်ကမ္ဘာအင်မော်တယ်ဘုရင်ကိုချိုးဖြတ်လို့ရတော့မယ်။ဒါပေမဲ့ အခုချိန်က အဆင့်ချိုးဖြတ်ရမဲ့အချိန်မဟုတ်သေးဘူး။"
ချီမင်သည် ချင်ဖေးယွမ်နှင့်တခြားသောသူများက ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်နားတွင် စုဝေးလာသည်ကိုအာရုံခံမိလိုက်သည်။ သူတို့အားလုံးက ထူးခြားဖြစ်စဉ်ကြောင့် ဆွဲဆောင်ခံလိုက်ရသည်။ သူက ရှေ့တိုးကာ ထိုကိစ္စကိုဖြေရှင်းရဦးပေမည်။
သုံးရက်ကြာပြီးနောက်မှာ ချီမင်သည် ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်ခန်းမထဲမှထွက်လာခဲ့သည်။
ချီမင်က ပတ်ပတ်လည်ကိုကြည့်လိုက်သည်။ ချင်ဖေးယွမ်က မျိုးနွယ်သခင်များ၊အကြီးအကဲများနှင့်တပည့်များကိုဦးဆောင်ကာ ရောက်နေသည်။
"ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်သခင် ကြီးမားတဲ့အောင်မြင်တွေရပြီး အံ့ဖွယ်စွမ်းအားအဆင့် တက်သွားတာကို ဂုဏ်ပြုပါတယ်။"
“…”
ချက်ချင်းဆိုသလိုပင် မျိုးနွယ်သခင်များနှင့်ကျန်သူများက ညီညာစွာဖြင့်ပြောသည်။
"ခင်ဗျားတို့ရဲ့ဂုဏ်ပြုပေးမှုအတွက်ကျေးဇူးတင်ပါတယ်။"
ချီမင်က ခဏလောက်ကြောင်သွားပြီးမှ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။ သူက လက်နှစ်ဖက်ကိုစုကာ တစ်ယောက်ချင်းစီကို တုံ့ပြန်နေသည်။"ဒါက တိုးတက်မှုသေးသေးလေးပါ။"
"အသေးစားတိုးတက်မှု။"
ချင်ဖေးယွမ်က နှုတ်ခမ်းမဲ့ကာ တွေးလိုက်သည်။"ဂျူနီယာညီလေးရာ ခုနကတင် မင်း ကောင်းကင်တာအိုကပ်ဘေးတိမ်တိုက်တွေကိုဆွဲဆောင်မိသွားတာလေ။ ကပ်ဘေးမိုးကြိုးတွေတောင် ပစ်ချလုနီးပါးပဲ။"
"ပြီးတော့..."
"ထူးခြားဖြစ်စဉ်က ကောင်းကင်နှင့်မြေကြီးဘီလူးကိုတောင် ဖန်တီးလိုက်တယ်။ သူက ပြည်နယ်ကိုးလောကမှာရပ်နေပြီး ကိုးပြည်နယ်ကိုသူ့ခေါင်းပေါ်မှာထမ်းထားသေးတယ်။ မိုးမြေကိုထောက်ပံ့နေတဲ့အတိုင်းပဲ။"
"ဂျူနီယာညီလေး မင်းက အသေးစားလေးပဲအောင်မြင်တာဆိုရင် ငါတို့က တစ်ဘဝလုံးအဆင့်မတက်သေးတာဖြစ်မယ်။"
ချင်ဖေးယွမ်က မနာလိုမှုများဖြင့်ပြည့်နှက်သွား၏။