ခေတ်ကာကပ်ဘေးဒုက္ခစတင်ခြင်း။
Vol. 26 Ch. 387
ချီမင်သည် ချင်ဖေးယွမ်တို့နှင့်စကားစမြည်ပြောနေသည်။ ပြောနေစဉ်အတွင်းမှာ မျိုးနွယ်သခင်တို့က သူ့အကြောင်းကိုမေးလာခဲ့သည်။
သူက ဖုံးကွယ်မနေပေ။ မျိုးနွယ်သခင်များ၏မေးခွန်းက ဂိုဏ်းနှင့်ပတ်သက်နေသရွေ့ သူက အကုန်ပြန်ဖြေပေးခဲ့သည်။
"ဂျူနီယာညီလေးချီ။" ချင်ဖေးယွမ်က ပွင့်လင်းစွာမေးလိုက်သည်။"မင်းရဲ့ကျင့်ကြံခြင်းအဆင့်က ဘယ်ရောက်သွားပြီလဲ။"
"မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်" ချီမင်က အမှန်တိုင်းပြန်ဖြေလိုက်သည်။
"မင်းဘာပြောတယ်။"
“ဒီ..."
"မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်"
“မဖြစ်နိုင်ပါဘူး။”
"မင်းသာ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်တက်ရုံဆို ဘာလို့ခုနလိုဖြစ်စဉ်မျိုးပြမှာလဲ။ မင်းက ခုနကတင် ပြည်နယ်ကိုးလောကတစ်ခုလုံးကို လှုပ်ခတ်သွားစေတာ။"
"ဟုတ်တယ်။"
“…”
မျိုးနွယ်သခင်များက ချီမင်၏အဖြေကိုကြားပြီးနောက်မှာ သူတို့က မယုံကြည်နိုင်သလိုသာ ခံစားလိုက်ရသည်။သူတို့က မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်တက်ခြင်းက ထိုမျှလောက်ရုတ်ရုတ်သဲသဲဖြစ်မည်ဟုမမျှော်လင့်ထားပေ။
ပြောရမည်ဆိုလျှင်။
ချီမင်ဖန်တီးသည့်ကိစ္စက အတော်လေးကြီးမားသည်။ မယုံနိုင်စရာကောင်းပြီး သူတို့၏မျှော်လင့်ထားသည့်ထက်များစွာပိုနေခဲ့ပြီး ထိတ်လန့်စရာကောင်းသည်။
ထိုအရာက အမှန်တရားဖြစ်သည်။
ချင်ဖေးယွမ်က အသက်ပြင်းပြင်းရှုကာ စိတ်တည်ငြိမ်အောင်လုပ်လိုက်သည်။ သူက ချီမင်ကို ဂရုတစိုက်လေ့လာလိုက်သည်။"မင်းတကယ်ကြီး မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ် နှောင်းပိုင်းအဆင့်လား။ မင်း လိမ်နေတာတော့မဟုတ်ဘူးမလား။"
ချီမင်က ခေါင်းညိတ်ကာရှင်းပြသည်။”ကျွန်တော် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ရွှေအင်မော်တယ်အဆင့်ကိုတတ်တာပါ။”
ချီမင်က သူ၏ကျင့်ကြံခြင်းနည်းစနစ်များတိုးထွက်လာသည်ကို တွက်ချက်မိသည်။ သူ၏အဆင့်နှင့်ဓမ္မစွမ်းအားများတိုးတက်လာခြင်းကို ပြသလိုက်သည်။ ၎င်းကို ချင်ဖေးယွမ်တို့မှာ ထိတ်လန့်သွားရ၏။
"ဟူး..."
"သူတကယ်ကြီး မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်လား။"
"မယုံနိုင်စရာကောင်းတယ်။ တကယ့်ကိုအံ့ဩဖို့ကောင်းတယ်။"
“ဒါ.."
"အတော်လေးလန့်ဖို့ကောင်းတယ်။"
"ငါအသက်ရှင်လာတာနှစ်တွေများနေပြီ။ သူက မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်သို့ချိုးဖြတ်သွားတာပဲ။”
“ဒါပေမဲ့ ကောင်းကင်တာအိုကပ်ဘေးတိမ်တိုက်တွေကိုတောင် ဆွဲဆောင်နိုင်တယ်။”
"ဟုတ်တယ်။"
" ငါနောက်ဆုံးတော့ ကောင်းကင်တာအိုကပ်ဘေးတိမ်တိုက်တွေ ဘာလိုပျောက်ကွယ်သွားလဲဆိုတာနားလည်သွားပြီ။ စီနီယာအစ်ကိုချီရဲ့ကျင့်ကြံခြင်းအဆင့်က မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်မှာပဲရှိနေသေးတာလေ။အဲ့ဒါကြောင့်ပဲ ကောင်းကင်တာအိုကပ်ဘေးတိမ်တိုက်တွေက ပျောက်ကွယ်သွားတာပဲ။"
"အတော်လေးဖြစ်နိုင်တယ်။"
“…”
မျိုးနွယ်သခင်များက ဆွေးနွေးနေကြသည်။
ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေတစ်ခုလုံးက ချီမင်ကြောင့် အင်မတန်ထိတ်လန့်သွားခဲ့ရသည်။
"ငါသိလိုက်ပြီ။"
ချင်ဖေးယွမ်က သက်ပြင်းချလိုက်သည်။ သူက တဖြည်းဖြည်းတည်ငြိမ်သွားတော့သည်။ သူက ချီမင်ကိုကြည့်လိုက်ပြီး ခဏလောက်တိတ်ဆိတ်သွားသည်။သို့ပေမဲ့ သူကပြောလိုက်သေးသည်။"ဂျူနီယာညီလေးချီမင် မင်း မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်ကိုချိုးဖြတ်တာလား။ဒါပေမဲ့ မင်းက အရမ်းကိုထူးခြားနေပြီ။ မင်းက မိုးမြေကိုတောင်လှုပ်ခတ်စေတဲ့ ထူးခြားဖြစ်စဉ်တွေကိုဖြစ်ပေါ်လာစေတယ်။"
"ငါသေချာပေါက်ပြောနိုင်တာကတော့ မင်းကအနာဂတ်မှာ တာအိုကိုရရှိလိမ့်မယ်။မင်း အင်မော်တယ်နယ်ပယ်ကနေချိုးဖြတ်ပြီး ကောင်းကင်အရှင်နယ်ပယ်ကိုရောက်လိမ့်မယ်။"
"စီနီယာအစ်ကိုရဲ့ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်။"
ချီမင်ကဆိုသည်။"ဒါပေမဲ့ အခုကတော့ အင်မော်တယ်နယ်ပယ်ကိုချိုးဖြတ်ဖို့ဆိုတာ လိုနေပါသေးတယ်။ ကျွန်တော်ကအခုမှ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်ပဲရှိသေးတယ်။ အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်တောင် မရောက်သေးပါဘူး။"
"စီနီယာအစ်ကိုပြောသလို ကျွန်တော်လည်းအောင်မြင်မယ်လို့ယုံကြည်ပါတယ်။"
ချင်ဖေးယွမ်ကဆက်ပြောသည်။"ဂျူနီယာညီလေးရဲ့ကျင့်ကြံခြင်းအဆင့်ချိုးဖြတ်တာက တကယ့်ကိုပျော်ရွှင်ရမဲ့ကိစ္စပဲ။ အဲ့ဒါကြောင့်ငါ မင်းရဲ့တိုးတက်မှုအတွက် ပွဲတစ်ခုကျင်းပပေးမယ်။"
"ဒါက.."ချီမင်က ခဏလောက်စဉ်းစားခန်းဝင်သွား၏။ "ဒီကိစ္စမှာတော့ စီနီယာ ပြောတဲ့အတိုင်းလုပ်မှာပါ။"
"ဟားဟား.."ချင်ဖေးယွမ်က ကျယ်လောင်စွာရယ်မောလိုက်သည်။
ကမ္ဘာဦးနတ်ဆိုးဂိုဏ်းသည် ပွဲအတွက်စတင်ပြင်ဆင်တော့သည်။ ချင်ဖေးယွမ်လိုချင်သည့်ပမာဏအတိုင်း ပွဲကို ကိုးရက်ကိုးညကျင်းပခဲ့သည်။ ဂိုဏ်းတစ်ခုလုံးတွင်ရှိသောမျိုးနွယ်အသီးအသီက ပါဝင်ခဲ့သည်။
ပွဲအခမ်းအနားက အင်မတန်ကြီးကျယ်ခမ်းနားခဲ့သည်။ အရင်းအမြစ်များစွာကိုအသုံးပြုခဲ့သည်။ တပည့်များနှင့်အကြီးအကဲတို့မှာ ပျော်ပွဲရွှင်ပွဲထဲသို့နစ်မြှုပ်သွားခဲ့သည်။
တကယ်တော့။
ချီမင်က ထိုကိစ္စကိုဂရုမစိုက်ပေ။ သူက ပွဲကိုတောင် ကျင်းပချင်သည်မဟုတ်ပေ။ သူက ဆက်၍သာတံခါးပိတ်ကျင့်ကြံပြီး ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစများကိုသာ စုပ်ယူချင်ခဲ့သည်။
ချင်ဖေးယွမ်၏ရည်ရွယ်ချက်ကောင်းကြောင့်သာ သူကကျင်းပခဲ့ခြင်းဖြစ်သည်။နောက်ဆုံးမှာတော့ ချင်ဖေးယွမ်သည် ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သည်။ သူက ချီမင်အတွက် ပွဲကို အကြီးအကျယ်ကိုယ်တိုင်ကိုယ်ကျကျင်းပပေးချင်နေမှတော့ သူကလည်း သဘာဝအတိုင်းလက်ခံရတော့ပေသည်။
ပွဲတော်၏တတိယမြောက်နေ့မှာ ချီမင်သည် ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓနှင့်ဖုန်းယုထံမှ သတင်းရလာခဲ့သည်။ ချီမင်သည် ထိုနှစ်ယောက်ထံမှရသည့်အချက်အလက်များကြောင့် အတော်လေးထိတ်လန့်သွားခဲ့ရသည်။
“ဒါက..."
ချီမင်က ညာဘက်လက်ကိုဝေ့ယမ်းလိုက်သည်။ သူ့ရှေ့ကစကားလုံးများကပျောက်ကွယ်သွားပြီး ကျောက်စိမ်းစလစ်တစ်ခုအဖြစ်ပြောင်းလဲသွားတော့သည်။ သူ့အမူအရာက အနည်းငယ်လေးနက်သွားသည်။"အခြေအနေကဒီလောက်ထိဖြစ်နေမယ်လို့မမျှော်လင့်ထားဘူး။"
သူက တွေးကြည့်တော့မှ အကျိုးကြောင်းသင့်သည်ဟုခံစားလိုက်ရသည်။
ချီမင်သည် သီးသန်းကျင့်ကြံခဲ့သည်။သူသည် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ် နှောင်းပိုင်း အဆင့်သို့ ချိုးဖြတ်ပြီး မဟာတာအိုအံ့ဖွယ်စွမ်းအား:တာအိုပေါင်းစည်းခြင်း ကိုနားလည်ခဲ့သည်။ ကောင်းကင်သံသရာကြယ်တာရာအစီအရင်ကတောင် သူ၏အဆင့်ချိုးဖြတ် ခြင်ကြောင့် ဖြစ်ပေါ်လာသည့် ထူးခြားဖြစ်စဉ်ကိုမဖုံးကွယ်နိုင်ခဲ့ပေ။
နောက်ဆုံးမှာတော့ အကျိုးဆက်များဖြစ်ပေါ်လာခဲ့သည်။
ကောင်းကင်နှင့်မြေကြီးဘီလူးကြီးက ပြည်နယ်ကိုးလောကတွင်ရပ်နေခဲ့ပြီး ကိုးပြည်နယ်ကိုခေါင်းအထက်တွင် ထမ်းထားခဲ့သည်။ မယှဉ်သာလောက်အောင်ကြီးမားပြီး ကောင်းကင်တာအိုကပ်ဘေးတိမ်တိုက်များကိုတောင် ဆွဲဆောင်မိခဲ့သည်။
ထိုအခြေအနေများတွင် အဖွဲ့အစည်းသုံးခုဖြစ်သော ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၊ အသင်္ချေမျိုးနွယ်မဟာမိတ်နှင့်တာအိုဂိုဏ်းမဟာမိတ်တို့မှာ ထိုဖြစ်စဉ်ကိုမြင်ခဲ့ရသည်။သူတို့က ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေတွင် တာအိုသက်သေပြခြင်းသစ်သီးပေါ်လာခဲ့သည်ဟု ထင်ခဲ့ကြသည်။
ခေတ်ကာလကပ်ဘေးဒုက္ခကျရောက်လာတော့မည့်အခြေအနေအောက်တွင် ကပ်ဘေးဒုက္ခချီများသည် ပြည်နယ်ကိုးလောကတွင်မြင့်တက်လာနေခဲ့သည်။ အခြေအနေကပြောင်းလဲသွားခဲ့သည်။
ကမ္ဘာဦးနတ်ဆိုးဂိုဏ်းသည် လူတိုင်း၏ပစ်မှတ်တစ်ခုဖြစ်လာတော့သည်။
ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၊အသင်္ချေမျိုးနွယ်မဟာမိတ်၊တာအိုဂိုဏ်းမဟာမိတ်၊များစွာသောဂိုဏ်းအဖွဲ့အစည်းများနှင့်ပုန်းကွယ်နေသာမြေခွေးအိုကြီးများက ကမ္ဘာဦးနတ်ဆိုးဂိုဏ်းကိုပစ်မှတ်ထားလာကြသည်။
"ဒီလိုဆိုရင်..."
ချီမင်သည် ခဏလောက်စဉ်းစားလိုက်သည်။"တကယ်တော့ ဘယ်လောက်ပဲရှင်းပြရှင်းပြ အဲ့ဒီထူးခြားဖြစ်စဉ်တွေက ကမ္ဘာဦးနတ်ဆိုးဂိုဏ်းကို သံသယဝင်စေမှာပဲ။ ပြည်နယ်ကိုးလောကမှာရှိတဲ့ ဂိုဏ်းအဖွဲ့အစည်းတွေက သေချာပေါက်ဝိုင်းတိုက်ခိုက် တော့မှာသေချာတယ်။"
"တိုက်ပွဲက ရှောင်လွှဲလို့မရတော့ဘူး။ အချိန်တစ်ခုပဲလိုတော့တယ်။"
ချီမင်သည် အခန်းအပြင်သို့ထွက်လာခဲ့တော့သည်။
ချီမင်က ချင်ဖေးယွမ်ထံသို့သွားသည့်အချိန်ထိ ဂုဏ်ပြုပွဲကကျင်းပနေဆဲဖြစ်သည်။
"စီနီယာအစ်ကို" ချီမင်က လက်နှစ်ဖက်ကိုစုဖွဲ့လိုက်သည်။
ချင်ဖေးယွမ်က အင်မော်တယ်ဝိုင်များကိုသောက်နေခဲ့သည်။ သူက ချီမင်လာတာမြင်တော့ လက်မြှောက်ပြီးအော်လိုက်သည်။"ဂျူနီယာညီလေး လာလာ။ မင်း အချိန်မှန်ရောက်လာတာပဲ။ သောက်ဦး။ ဒါက နှစ်သန်းတစ်ထောင်လောက် ချက်ထားတဲ့အင်မော်တယ်ဘုရင်အရက်ပဲ။ အရသာက အနှိုင်းမဲ့ပဲ။မင်း တာအိုကိုကိုယ်တိုင်ထုထွင်းနေရတဲ့အတိုင်းပဲ။"
" မင်းကဒီပွဲရဲ့ဇာတ်လိုက်ပဲ။"
"အဲ့တော့သောက်ရမယ်။"
ချီမင်က ပတ်ကြည့်လိုက်၏။ မျိုးနွယ်သခင်များကလည်း အတော်လေးသောက်ထားကြသည်။ ဖွယ်ဖွယ်ရာရာစားသောက်ဖွယ်ရာများကိုတည်ခင်းထားပြီး အခမ်းအနားပွဲက သက်ဝင်လှုပ်ရှားနေကြသည်။ အင်မတန်ခမ်းနားသည့်မြင်ကွင်းပေ။ သုခဘုံတစ်ခုအလားပင်။
"စီနီယာအစ်ကို တစ်ခုခုတော့ဖြစ်နေပြီ။" ချီမင်သည် ချင်ဖေးယွမ်ကိုပွင့်ပွင့်လင်းလင်းပြောလိုက်သည်။"ဂျူနီယာညီလေး ဒီတစ်ခါအဆင့်ချိုးဖြတ်တာက အတော်လေးရုတ်ရုတ်သဲသဲဖြစ်သွားတယ်။ ဒီကိစ္စကို ဂိုဏ်းတွေက အာရုံစိုက်လာကြတယ်။"
"ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၊အသင်္ချေမျိုးနွယ်မဟာမိတ်နဲ့တာအိုဂိုဏ်းမဟာမိတ်တို့က ဦးဆောင်ထားတယ်။ သူတို့က အင်မော်တယ်စစ်တပ်တွေကိုဖွဲ့စည်းပြီး ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေဘက်ကိုဦးတည်လာနေပါတယ်။"
"ကျွန်တော်တော့ တိုက်ပွဲအကြီးကြီးဖြစ်လာတော့မယ်ထင်တယ်။"
"မင်းဘာပြောတယ်။"
ချင်ဖေးယွမ်သည် ချက်ချင်းအမူးပြေသွားသည်။ သူက ရုတ်တရက်ထရပ်လိုက်သည်။သူ့အရှိန်အဝါက ပေါက်ကွဲထွက်သွားသည်။ ၎င်းက အလင်းတိုင်တစ်တိုင်က ကောင်းကင်ပေါ်သို့ ပစ်လွှတ်လိုက်သည့်အလားပင်။
ချီမင်ကခေါင်းညိတ်သည်။"သေချာပေါက်မှန်ပါတယ်။"
သူက လက်ဝေ့ယမ်းလိုက်တော့ ကျောက်စိမ်းစလစ်တစ်ခုပျံထွက်လာသည်။ လေထုထဲတွင် မြင်ကွင်းများပေါ်လာခဲ့သည်။
ဂိုဏ်းအဖွဲ့အစည်းများစွာနှင့်ထိုသူတို့၏စစ်တပ်ပေ။
၎င်းက ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓနှင့်ဖုန်းယုတို့ထံမှရလာသောအချက်အလက်များဖြစ်သည်။
သူတို့က တာအိုသက်သေပြခြင်းသစ်သီးအကြောင်းတော့ဘာမှသိမလာရပေမဲ့ အခြားသောအချက်အလက်များရလာခဲ့သည်။ ကိုးပြည်နယ်တွင်လည်း အသင်္ချေမျိုးနွယ်မဟာမိတ်ကြောင့် ကြမ်းကြုတ်သားရဲအဓိကရုဏ်းများဖြစ်လာသည်။
ထို့ပြင် ဖုန်းယုသည် အသင်္ချေမျိုးနွယ်မဟာမိတ်တွင် ကြမ်းကြုတ်သားရဲများကိုထိန်းချုပ်နိုင်သောအထူးနည်းလမ်းတစ်ခုရှိကြောင်းဖော်ပြလာခဲ့သည်။
တစ်နည်းပြောရရင်။
ကြမ်းကြုတ်သားရဲများသည် အသင်္ချေမျိုးနွယ်မဟာမိတ်၏အင်အားဖြစ်လာသည်။
"ငါနားလည်ပြီ။"
ချင်ဖေးယွမ်က အသက်ပြင်းပြင်းရှုလိုက်ပြီး စိတ်တည်ငြိမ်အောင်လုပ်လိုက်သည်။"ဂျူနီယာညီလေး မင်းမစိုးရိမ်နဲ့။ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းက ပြည်နယ်ကိုးလောကမှာတည်ရှိလာတာ ကြာလှပြီ။ သူတို့ထင်သလောက်မလွယ်ပါဘူးကွ။"
ချင်ဖေးယွမ်သည် ကောင်းကင်ပေါ်သို့ပျံတက်သွားသည်။ သူက ညာဘက်လက်ကိုဝေ့ယမ်းလိုက်တော့ ကောင်းကင်ဖန်တီးခြင်းကြေးမုံပေါ်လာတော့သည်။၎င်းက ကောင်းကင်ကို သက်တန့်ရောင် အလင်းများဖြင့်ဖုံးအုပ်သွားစေသည်။
"ဂိုဏ်း..ဂိုဏ်းချုပ်.."
"ဘာဖြစ်ကုန်တာလဲ။"
“ဒီ..."
"ဂိုဏ်းချုပ်ကဘာလုပ်နေတာလဲ။"
"ဘာဖြစ်လို့လဲ။"
“…”
ပတ်ဝန်းကျင်တွင် မျိုးနွယ်သခင်များ၊အကြီးအကဲများနှင့်ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏တပည့်များသည် ထိုအချင်းအရာကိုသတိထားမိလိုက်ကြသည်။ သူတို့ကခေါင်းမော့ကာ ချင်ဖေးယွမ်ကိုကြည့်လိုက်ကြသည်။
"ကမ္ဘာဦးနတ်ဆိုးဂိုဏ်းတစ်ခုလုံးမှာ မျိုးနွယ်(၁၀၈)ခုရှိတယ်။ မျိုးနွယ်အသီးသီးမှာ တပည့်၊အကြီးအကဲကနေ မဟာအကြီးအကဲအစ အစေခံအဆုံးအကုန်လုံး။”
"နားထောင်ကြ။"
"တိုက်ပွဲအတွက် ပြင်ဆင်ထားတော့။"
ချင်ဖေးယွမ်ကကျယ်လောင်စွာပြောလိုက်သည်။"ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၊အသင်္ချေမျိုးနွယ်မဟာမိတ်နဲ့တာအိုဂိုဏ်းမဟာမိတ်တို့က သူတို့ရဲ့ စစ်တပ်ကိုဦးဆောင်ပြီး ငါတို့ဆီကိုဦးတည်လာနေတယ်။"
"တိုက်ပွဲအတွက် ပြင်ဆင်ထားတော့။"
ချင်ဖေးယွမ်၏လက်ထဲမှကောင်းကင်ဖန်တီးခြင်းကြေးမုံက ကြောက်မက်ဖွယ်ရာစွမ်းအားကိုပြသလာသည်။ မယုံနိုင်စရာကောင်းသည့်နည်းစနစ်တစ်ခုနှင့် မြင်ကွင်းများကိုဖော်ထုတ်ပြလာသည်။
ထိုမြင်ကွင်းထဲတွင် ဂိုဏ်းကြီးသုံးဂိုဏ်းက သူတို့၏စစ်တပ်ကိုဦးဆောင်လျက် ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေသို့ဦးတည်လာနေသည်။
“ဒီ..."
"တိုက်ပွဲအတွက် ပြင်ဆင်ထားတော့။"
"ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေက ငါတို့ကမ္ဘာဦးနတ်ဆိုးဂိုဏ်းရဲ့နယ်မြေပဲ။ ဘယ်သူလာလာ ငါတို့က သူတို့ကို ပြန်မထွက်သွားနိုင်အောင်လုပ်ပေးရမယ်။"
“သတ်ပစ်လိုက်။ သတ်။ သတ်ပစ်လိုက်"
“…”
ထိုအခိုက်တွင် ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏မျိုးနွယ်သခင်များ၊အကြီးအကဲများနှင့်တပည့်များက တုံ့ပြန်လာသည်။ သူတို့မျက်လုံးများကရဲတက်သွားပြီး မြေကမ္ဘာပင်တုန်ဟီးသွားစေမည့်အသံဖြင့်အော်လိုက်သည်။
သူတို့အသံများက ကောင်းကင်ပေါ်မှတိမ်တိုက်များပင် ပြိုကွဲစေဟန်ရသည်။
ကြောက်မက်ဖွယ်ကောင်းသည်။
ချီမင်က လှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင်တော့ ပြည်နယ်ကိုးလောကတစ်ခုလုံးသည် မမြင်နိုင်သော ကပ်ဘေးချီများဖြင့် ဖုံးအုပ်သွားပြီဖြစ်သည်။
ခေတ်ကာလကပ်ဘေးဒုက္ခသည် ပြည်နယ်ကိုးလောကမှသက်ရှိများပေါ်သို့ကျဆင်းလာတော့သည်။
ထိုအခိုက်တွင် ပြည်နယ်ကိုးလောကမှ သက်ရှိများ၏အမုန်းတရားရန်ကြွေးတို့မှာ ခေတ်ကာလကပ်ဘေးဒုက္ခကြောင့်အုံ့ကြွလာတော့သည်။ သူတို့အားလုံးသည် ကပ်ဘေးချီများကြောင့်သက်ရောက်ခံရတော့သည်။
"ခေတ်ကာလကပ်ဘေးဒုက္ခဆိုတာဒါလား။"
ချီမင်က အသက်ပြင်းပြင်းရှုကာ စိတ်ပြန်လျှော့လိုက်သည်။ သူက တွေးတောကာပြောသည်။"အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်အောက်က သူတွေအကုန်လုံးခေတ်ကာလကပ်ဘေးဒုက္ခကြောင့်သက်ရောက်ခံလိုက်ရတာပဲ။မျှော်လင့်ထားတဲ့အတိုင်းပဲ။ ဘယ်သူမှမလွတ်မြောက်နိုင်ဘူး။"