← Chapters

ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေသို့ စစ်တပ်များရောက်ရှိလာခြင်း။

Vol. 26 Ch. 388

ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေသို့ စစ်တပ်များရောက်ရှိလာခြင်း။

Vol. 26 Ch. 388

"ဘာလဲ။"

ချီမင်သည် ဖြည်းညှင်းစွာ အကြည့်ပြန်ခွာလိုက်၏။သို့ပေမဲ့ သူက သိပ်မဝေးသည့်နေရာမှ ပုံမှန်မဟုတ် သည့် စွမ်းအင်အတက်အကျကိုခံစားမိသွားသည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအိုသည် သူ့မျက်လုံးထဲတွင် မှော်စာလုံးများအဖြစ်ပြောင်းလဲသွား၏။

ကမ္ဘာဦးခေတ်ကာလမှ မှော်စာလုံးများသည် ချီမင်၏မျက်လုံးထဲတွင် တောက်ပလာ၏။

၎င်းက မဟာတာအို၏မျက်လုံးဖြစ်သည်။

မဟာတာအိုအံ့ဖွယ်စွမ်းအား:တာအိုပေါင်းစည်းခြင်းမှ ဖြစ်ပေါ်လာသည့်နည်းစနစ်တစ်ခုဖြစ်သည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားကိုသုံးစွဲပြီးနောက်မှာ ၎င်းက မဟာတာအိုစာလုံးများအဖြစ်ပြောင်းလဲသွားခဲ့ပြီး သူ၏မျက်လုံးထဲသို့ပေါင်းစပ်သွားခဲ့ခြင်းဖြစ်သည်။

ချီမင်၏မျက်လုံးများသည် မဟာတာအိုစာလုံးများအဖြစ်ပြောင်းလဲသွားခဲ့ပြီး လောကထဲမှပုံရိပ်ယောင်အားလုံးကိုဖြတ်မြင်နိုင်သည်။ သူ၏မဟာတာအိုမျက်လုံးအောက်တွင် ပုန်းကွယ်နေသည့်နည်းစနစ်များက ပေါ်ပေါက်လာခဲ့သည်။

သူက ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေသို့စိမ့်ဝင်လာသောအထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးကို မြင်လိုက်ရသည်။ထိုသူက အံ့ဖွယ်စွမ်းအားနည်းစနစ်တစ်ခုကိုသုံးပြီး သူ၏အရှိန်အဝါကို ဖုံးကွယ် ထားသည်။ ထိုနည်းစနစ်က အတော်လေးပြီးပြည့်စုံပြီး အတော်လေးထူးခြားသည်။

"အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါး ခိုးဝင်လာတာပဲ။" ချီမင်သည် ခဏလောက်တွေးတောကာ ဆိုသည်။"ကောင်းလိုက်တဲ့နည်းစနစ်။ မင်းက ကမ္ဘာဦးနတ်ဆိုးဂိုဏ်းရဲ့ချိတ်စည်းကိုတောင် ရှောင်ရှားလာပြီး ဂိုဏ်းကာကွယ်ရေးအစီအရင်ကိုဖြတ်ကျော်လာတာပဲ။"

"မရိုးရှင်းလောက်ဘူး။"

“သွားစမ်း!”

ချီမင်က ညာဘက်လက်ကို ဝေ့ယမ်းကာ ဓမ္မစွမ်းအားများကို လှည့်ပတ်လိုက်၏။ သူက ထိပ်တန်း အဆင့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်ရတနာတစ်ပါးကိုပေါ့ပေါ့တန်တန်ထုတ်လိုက်သည်။အဖြူရောင်အင်မော်တယ်အလင်းတစ်ချက်လက်သွားခဲ့သည်။"ဆန်းကြယ်ကောင်းကင်စည်းနှောင်ကြိုး"

ဆန်းကြယ်ကောင်းကင်စည်းနှောင်ကြိုးသည် နဂါးဖြူတစ်ကောင်ပမာ အလွန်အမင်းမြန်ဆန်သည့်နှုန်း ဖြင့်လေထုကိုဖြတ်သန်းသွားခဲ့သည်။ အထက်ကမ္ဘာအင်မော်တယ်ဘုရင်မတုံ့ပြန်နိုင်ခင်မှာပဲ သူက ဆန်းကြယ်ကောင်းကင်စည်းနှောင်ကြိုးထံမှချုပ်နှောင်ခံလိုက်ရသည်။

"အိုး မဟုတ်ဘူး!”

ခိုးဝင်လာသည့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်က သူ၏ခန္ဓာကိုယ်ကို အတင်းအကြပ်ဖော်ထုတ် လိုက်ရသည်။ သူက ရှောင်ရှားခဲ့ပေမဲ့ အချည်းနှီးသာ။ သူက အင်မော်တယ်ရတနာထုတ်ရင်တောင် အချည်နှီးပေ။

ဆန်းကြယ်ကောင်းကင်စည်းနှောင်ကြိုးက ရန်သူကိုချည်နှောင်ပြီးတာနဲ့ ထိုသူ၏အံ့ဖွယ်စွမ်းအားများနှင့် ဓမ္မစွမ်းအားများကိုချိတ်ပိတ်နိုင်သည်။ အထက်ကမ္ဘာအင်မော်တယ်ဘုရင်က သူ၏ဓမ္မစွမ်းအားများ ကိုဆုံးရှုံးသွားခဲ့ပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျလာခဲ့သည်။

“ဒါက..."

"ရန်သူရှိတယ်။"

"ဂရုစိုက်ကြ။"

"စီနီယာအစ်ကိုချီက အရမ်းစွမ်းအားကြီးတာပဲ။ သူက ရန်သူကိုတစ်ကွက်တည်းနဲ့နှိမ်နှင်းလိုက်တယ်။ အားကောင်းလိုက်တာ။"

ချီမင်ရန်သူကိုရှာတွေ့သည့်အခိုက်မှ သူ၏စွမ်းအားကြီးနည်းစနစ်က ရန်သူကို တိုက်ခိုက်ဖမ်းဆီး လိုက်သည့် အခိုက်ထိ စက္ကန့်အနည်းငယ်သာ ကြာသွားသည်။

၎င်းက သာမန်လူမဟုတ်ပေ။

ထိုသူက ပြည်နယ်ကိုးလောက၏အထွတ်အထိပ်ဖြစ်တည်မှုဖြစ်သော အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်ဖြစ်သည်။ သူခွန်အားနှင့်နည်းစနစ်များက အင်မတန်ထူးခြားသည်။သို့ပေမဲ့ ချီမင်က အလွယ်တကူဖမ်းဆီးနိုင်သည်။

သူက ကောင်းကင်ပေါ်သို့ခုန်တက်သွားလိုက်သည်။ ချင်ဖေးယွမ်ကလည်း လေထဲသို့ခုန်တက်လာသည်။ မျိုးနွယ်သခင်များလည်း တစ်ယောက်ပြီးတစ်ယောက်ရောက်လာကြသည်။ သူတို့က ချီမင်ဖမ်းမိထားသည့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်အပေါ်မှရပ်ကာ ထိုသကောင့်သားကိုကြည့်နေကြသည်။

သိပ်မကြာခင်မှာပဲ ချီမင်နှင့်ကျန်သူများက ထိုအထက်ကမ္ဘာအင်မော်တယ်ဘုရင်၏အထောက်အထား နှင့်ရည်ရွယ်ချက်ကိုသိသွားသည်။

ထိုအထက်ကမ္ဘာအင်မော်တယ်ဘုရင်သည် မြောင်ခုန်ခုန်းဖြစ်သည်။ သူက အင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်ဖြစ်သည်။ သူက ဥပဒေသကိုကျင့်ကြံပေမဲ့ မဟာအံ့ဖွယ်စွမ်းအားတစ်ခုကိုနားလည်ထားသည်။

ထိုမဟာအံ့ဖွယ်စွမ်းအားကို မဟာကောင်းကင်လွတ်မြောက်ခြင်းနည်းစနစ်ဟုခေါ်သည်။

ထိုနည်းစနစ်ကြောင့်ပဲ သူက ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေသို့ လူမသိသူမသိဝင်လာနိုင်ခဲ့ခြင်းဖြစ်သည်။ သို့ပါသော်လည်း သူသည် ချီမင်၏လက်ထဲတွင် ဖမ်းမိခံရသေးသည်။

မြောင်ခုန်ခုန်း၏ရည်ရွယ်ချက်ကတော့ မရိုးရှင်းပေ။ အစကတော့ သူက ပြည်နယ်ကိုးလောကတွင် နေထိုင်သူဖြစ်သည်။ သူ အင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်ထိ ကျင့်ကြံပြီးနောက်မှာ ပြည်နယ်ကိုးလောကတွင် ဆက်လက်မတိုးတက်နိုင်တော့သည်ကို ခံစားမိခဲ့သည်။သူက ပြည်နယ်ကိုးလောကမှထွက်ခွာကာ ပထမအထက်ကမ္ဘာတွင် ခရီးလှည့်လည်ခဲ့သည်။

အခု ပြည်နယ်ကိုးလောကတွင် ခေတ်ကာလကပ်ဘေးဒုက္ခကျရောက်လာသည်ဖြစ်၍ အင်မော်တယ်တစ်ဦးဦးက ပြည်နယ်ကိုးလောကမှ ထွက်ခွာသွားခဲ့လျှင် ထိုသူသည် ပြည်နယ်ကိုးလောကတွင် ရှိနေသည်ဖြစ်စေ မရှိနေသည်ဖြစ်စေ အထက်ကမ္ဘာအင်မော်တယ်ဘုရင်ဖြစ်လင့်ကစား ကပ်ဘေးကျရောက်သည့်အခိုက်အတန့်၌ ယင်းကပ်ဘေး၏ သက်ရောက်မှုကို ခံရပေလိမ့်မည်။ ထိုသူတို့က မလွတ်မြောက်နိုင်ပေ။

တစ်ခုတည်းသောနည်းလမ်းသည်တော့။

ခေတ်ကာလကပ်ဘေးဒုက္ခအပြည့်အဝမကျရောက်လာခင် ပြည်နယ်ကိုးလောကသို့ ပြန်လာခြင်းသည်သာ ၎င်းကိုကျော်လွှားဖို့အခွင့်အလမ်းကြီးတစ်ခုရှိလိမ့်ပေမည်။ သူက ပြည်နယ်ကိုးလောကမှမဟုတ်ဘူးဆိုလျှင်တော့ အခြေခံအားဖြင့်သေလိမ့်မည်ဖြစ်သည်။

ခေတ်ကာလကပ်ဘေးဒုက္ခကျရောက်လာတိုင်း ၎င်းနှင့်ယှဉ်တွဲပြီး တာအိုသက်သေပြခြင်းသစ်သီးပါ ပေါ်လာသည်။ အထက်ကမ္ဘာအင်မော်တယ်ဘုရင်များအတွက်တော့ ယင်းက မလွန်ဆန်နိုင်သည့် သွေးဆောင်မှုတစ်ခုပင်။

ခြိမ်းခြောက်မှုနှင့်သွေးဆောင်မှုအောက်တွင် ပြည်နယ်ကိုးလောကမှထွက်ခွာခဲ့သော အထက်ကမ္ဘာအင်မော်တယ်ဘုရင်များသည် ကပ်ဘေးကိုကျော်လွှားဖို့ သို့မဟုတ် တာအိုသက်သေပြခြင်းသစ်သီးကိုရရှိပြီး တိုးတက်လာဖို့ သေချာပေါက် ပြန်လာကြသည်။

"ဒီလိုဆိုရင်..."

ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်သည် မြောင်ခုန်ခုန်းကိုမထူးမခြားနားကြည့်နေသည်။"မင်းက တစ်ကိုယ်တော်အထက်ကမ္ဘာအင်မော်တယ်ဘုရင်ပဲ။ ငါတို့က မင်းကို ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ရဲ့ရှေ့ပြေးသူလျှိုဖြစ်မယ်ထင်နေတာ။"

"အချိန်ပဲကုန်သွားတယ်။"

"ဘာမှကို စိတ်လှုပ်ရှားစရာမရှိဘူး။"

"ဟုတ်တယ်။"

“…”

အခြားသောမျိုးနွယ်သခင်များကလည်း ဆိုသည်။

"ဂိုဏ်းချုပ် သူကိုဘာလုပ်မှာလဲ။" ရုပ်သေးမျိုးနွယ်သခင်ကမေးလိုက်သည်။

"ဂျူနီယာညီလေးက မြောင်ခုန်ခုန်းကို သူကိုယ်တိုင်ဖမ်းထားတာ။" ချင်ဖေးယွမ်ကဆိုသည်။"ဘာလုပ်မလဲဆိုတာ ဂျူနီယာညီလေး ဆုံးဖြတ်ပါစေ။"

"ဂျူနီယာညီလေး မင်းဘာလုပ်ဖို့တွေးထားတုန်း။"

"သူ့ကိုသတ်မယ်။" ချီမင်က သာမန်အတိုင်းသာ ပြောလိုက်သည်။ သူကညာဘက်လက်ကိုဝေ့ယမ်းလိုက်ရင်း နည်းစနစ်တစ်ခုကိုသုံးလိုက်သည်။ ဓမ္မစွမ်းအားများထွက်ပေါ်လာပြီး မမြင်နိုင်သည့်လှိုင်းတစ်ခုအဖြစ်ပြောင်းလဲကာ မြောင်ခုန်ခုန်း၏ခန္ဓာကိုယ်ကို ညင်သာစွာဖြတ်တိုက်သွားသည်။

လေပြေကလေးတိုက်ခတ်သွားသည်။

လူတိုင်း၏အကြည့်အောက်မှာပဲ မြောင်ခုန်ခုန်းက ပြာကျသွားတော့သည်။

"ဟူး..."

“ဒါက..."

“…”

ပတ်ဝန်းကျင်တွင် နတ်ဆိုးဂိုဏ်း၏အကြီးအကဲများ၏အံ့ဩသံများထွက်လာသည်။

အတော်လေးစွမ်းအားကြီးသည်။

လက်တစ်ဖက်ကိုပေါ့ပေါ့ပါးပါးဝေ့ယမ်းလိုက်တော့ အထက်ကမ္ဘာအင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်တစ်ယောက်က ပြာဖြစ်သွားပြီး သိုလှောင်လက်စွပ်တစ်ကွင်းသာကျန်ခဲ့သည်။

ချင်ဖေးယွမ်ကခေါင်းညိတ်လိုက်သည်။

နောက်ပိုင်းအချိန်တွေမျာ ချင်ဖေးယွမ်က မျိုးနွယ်သခင်များ၊အကြီးအကဲများနှင့် ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏တပည့်များက တန်ပြန်ဆောင်ရွက်တော့၏။ သူတို့ကလည်း နတ်ဆိုးစစ်တပ်ကိုဖွဲ့စည်းပြီး ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေ၏အတွင်းနှင့်အပြင်တွင် အစီအရင်များတပ်ဆင်ခဲ့သည်။

"စီနီယာအစ်ကို" ချီမင်က ချင်ဖေးယွမ်ကိုခေါ်လိုက်သည်။

"ဂျူနီယာညီလေး ဘာကိစ္စရှိလို့လဲ။"

ချင်ဖေးယွမ်သည် ဂိုဏ်းကြီးသုံးဂိုဏ်းနှင့်ရင်ဆိုင်ရန် အလုပ်များနေသည်။"ဂျူနီယာညီလေး စိုးရိမ်စရာတော့မလိုဘူး။ ဂိုဏ်းကြီးသုံးဂိုဏ်းက ငါတို့ကမ္ဘာဦးနတ်ဆိုးဂိုဏ်းကပူးပေါင်းတိုက်ခိုက်ရင် တောင်သူတို့ ငါတို့ကိုနိုင်ဖို့ မေ့ထားလို့ရတယ်။"

"ပြီးတော့..."

"သူတို့ အချင်းချင်းက ပူးပေါင်းထားတာမဟုတ်ဘူး။ သူတို့ ပူးပေါင်းထားရင်တောင် တစ်ဖက်ကိုတစ်ဖက် သံသယဝင်နေကြမှာ။ ငါတို့သာ ရန်တိုက်ပေးလိုက်ရင် သူတို့ မထင်ထားတဲ့ရလဒ်တစ်ခုထွက်လာလိမ့်မယ်။"

"စီနီယာအစ်ကိုမှာ အစီအစဉ်ရှိပါတယ်။"

ချီမင်ကသက်ပြင်းချသည်။"ဒါပေမဲ့ ဂျူနီယာညီလေးဒီတစ်ခေါက်လာတာက စီနီယာကို့ အစီအရင်တစ်ခုပေးမလို့ပါ။ ဒီအစီအရင်ကိုနင်းစုန်မြစ်ဝါကောင်းကင်တက်လှမ်းခြင်းအစီအရင် လို့ခေါ်တယ်။"

ချင်ဖေးယွမ်ကစိတ်ဝင်စားသွားသည်။"ဘယ်လိုစွမ်းအားမျိုးရှိလို့လဲ။"

"စီနီယာအစ်ကို တစ်ချက်ကြည့်ကြည့်ပါ။"

ချီမင်က ညာဘက်လက်ကို့တစ်ချက်ယမ်းကာ သူ အချိန်အတော်ကြာသန့်စင်ခဲ့သည့် နင်းစုန်မြစ်ဝါကောင်းကင်တက်လှမ်းခြင်းအစီအရင် ကိုထုတ်ယူလိုက်သည်။ အဓိကအစီအရင်ကားချပ်၊အစီအရင်အမြူတေနှင့်အစီအရင်အခြေခံအားလုံးပေါ်လာတော့သည်။

“ဒါက..."

ချင်ဖေးယွမ်၏မျက်လုံးက တောက်ပသွားသည်။

ချီမင်က နင်းစုန်မြစ်ဝါကောင်းကင်တက်လှမ်းခြင်းအစီအရင်ကို အသက်မသွင်းရသေးပေမဲ့ ချင်ဖေးယွမ် သည် အစီအရင်ကားချပ်၊အမြူတေနှင့်အခြေခံတို့မှ ထွက်ပေါ်နေသောအရှိန်အဝါ အနည်းငယ်ကြောင့် ကြောက်မက်ဖွယ်အစီအရင်တစ်ခုဖြစ်မှန်းသတိထားမိ၏။

"စီနီယာအစ်ကို" ချီမင်ကဆက်ပြောသည်။"အစီအရင်တည်ဆောက်တာသာအောင်မြင်သွားရင် နင်းစုန်မြစ်ဝါကမ္ဘာအဖြစ်ပြောင်းလဲနိုင်တယ်။ အင်မော်တယ်ပြုစားဆေးနဲ့ အင်မော်တယ်ချုပ်နှောင်ခြင်း ပညာရပ်တွေပါပါတယ်။ အင်မော်တယ်စိတ်ဝိညာဉ်၊ဝိညာဉ်၊သဏ္ဍာန်၊ အရှိန်အဝါ၊မူလကိုယ်ခန္ဓာနဲ့ ခြေလက်တွေကို ဖမ်းချုပ်နိုင်တယ်။"

"အင်မော်တယ်တွေဝင်လာတာနဲ့ သေမျိုးဖြစ်သွားလိမ့်မယ်။ သေမျိုးတွေဝင်လာရင်တော့ တန်းသေသွားလိမ့်မယ်။"

"ခေါင်းထိပ်ကပန်းသုံးပွင့်ကို ဖြတ်တောက်နိုင်ပြီး ရင်ဘက်က ချီငါးမျိုးကို ချေဖျက်နိုင်တယ်။"

"ကမ္ဘာကြီးထဲမှာ ဒီလိုထူးခြားတဲ့အစီအရင်ရှိသေးတယ်ပေါ့။"

ချင်ဖေးယွမ်က အံ့ဩသွားသည်။"ငါတို့ကမ္ဘာဦးနတ်ဆိုးဂိုဏ်းမှာ ဒီလိုအစီအရင်မျိုးရှိတယ်ပေါ့။ ငါတို့ ဒီအစီအရင်ကိုတည်ဆောက်ပြီး ဂိုဏ်းကြီးသုံးခုရဲ့စစ်တပ်ကိုများနိုင်သမျှများများသတ်ပြီး ဒုက္ခပေးရမယ်။"

"ဟားဟားဟား..."ချင်ဖေးယွမ်က ရယ်မောလိုက်သည်။

"စီနီယာအစ်ကို ကျေးဇူးပြုပြီး ကောင်းကောင်းအသုံးပြုပါ။"

ချီမင်သည် နင်းစုန်မြစ်ဝါကောင်းကင်တက်လှမ်းခြင်းအစီအရင်ကိုမှတ်တမ်းတင်ထားသည့် အစီအရင်စလစ်ပြားကို ချင်ဖေးယွမ်ထံသို့ပေးလိုက်သည်။ ထိုကျောက်စိမ်းစလစ်တွင် အသေးစိတ်အချက်အလက်များကိုမှတ်တမ်းတင်ထားခဲ့သည်။

ချင်ဖေးယွမ်ကခေါင်းညိတ်ကာ ပြောသည်။"ဒီအစီအရင်နဲ့ဆို ငါတို့နိုင်ဖို့ အခွင့်အရေးပိုများလာပြီ။"

ချီမင်က ခေါင်းညိတ်လိုက်သည်။

ကမ္ဘာဦးနတ်ဆိုးဂိုဏ်းက ဒီကပ်ဘေးဒုက္ခကိုခံစားနေရသည့်အကြောင်းအရင်းက ချီမင်ကြောင့် ဖြစ်သည်။ သူသာ အဆင့်ချိုးဖြတ်ပြီး ထူးခြားဖြစ်စဉ်များကိုမဖြစ်စေခဲ့လျှင် သူတို့ကိုဂိုဏ်းအဖွဲ့အစည်းများ က အာရုံစိုက်လာပြီး လူတိုင်း၏ပစ်မှတ်ဖြစ်လာမည်မဟုတ်ပေ။

ချီမင်သည် ကမ္ဘာဦးနတ်ဆိုးဂိုဏ်းတွင်နှစ်သန်းပေါင်းများစွာ ကျင့်ကြံခဲ့သည်။၎င်းက သူ့ကိုကာကွယ်ပေးခဲ့သည်။ သူကကမ္ဘာဦးကောင်းကင်အရှင်၏ဝင်ခွင့်တပည့်ဖြစ်နေသေးသည်။ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းသည်ကမ္ဘာဦးကောင်းကင်အရှင်ဂိုဏ်း၏ဂိုဏ်းခွဲတစ်ခုဖြစ်သည်။

ကျိုးကြောင်းညီညွှတ်စွာပြောရလျှင် ချီမင်သည် ကမ္ဘာဦးနတ်ဆိုးဂိုဏ်းဖျက်ဆီးခံရမည်ကို ထိုင်ကြည့်မနေနိုင်ပေ။

သုံးရက်ကြာပြီးနောက်မှာ ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓနှင့်ဖုန်းယုသည် ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေသို့ ဦးစွာ ပြန်ရောက်လာသည်။

လဝက်ကြာသွားခဲ့သည်။

ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်။

တောင်ထိပ်တွင်။

ချီမင်၏အနားတွင် ကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံးတို့မှာ လည်ပတ်နေသည်။ သူ၏ခန္ဓာကိုယ်နှင့်တာအိုသည် ပေါင်းစပ်သွားခဲ့ပြီး မိုးမြေအဖြစ်ပြောင်းလဲသွားသည်။ (၁၉)ရက်ကြာကျင့်ကြံပြီးနောက်မှာ။

တင်း!

"ဂုဏ်ပြုပါတယ်။လက်ခံသူ။ သင် ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစ(၁၉)ခုကို အဆ(၁၀၀)ကွာဒရီလီယန်မြှင့်တင်မှုအောက်တွင် (၁၉)ရက်ကြာ စုပ်ယူခဲ့ပါတယ်။"

"သင်၏ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပေါ်နားလည်မှုသည် ပိုပြီးနက်ရှိုင်းလာခဲ့ပါတယ်။ သင် အစောပိုင်းအဆင့်အသေးစားနားလည်မှုကိုမချိုးဖြတ်နိုင်သေးပေမဲ့ အသေးစားအောင်မြင်မှုအဆင့်သို့ ရောက်ရှိသွားခဲ့ပါတယ်။ သင် မဟာတာအိုအင်မော်တယ်ဝင်ပေါက်(၁၂၉၆၀၀)ကို စတင်ပေါင်းစပ်နိုင် ပါတယ်။သင် ကောင်းကင်နှင့်မြေကြီးမဟာတာအိုအင်မော်တယ်ဘုရင်၏နှလုံးသားအဖြစ် ပြောင်းလဲ နိုင်ပါပြီ။"

"သင် အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်သို့ စတင်ခြေချနိုင်ခဲ့ပါပြီ။ သင် အင်မော်တယ်ဘုရင်အဆင့်သို့ချိုးဖြတ်ရန် အခွင့်အရေးတစ်ခုသာလိုပါတော့တယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

“အရမ်းကောင်းတယ်။”

ချီမင်က စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။ သူက တင်ပျဉ်ခွေချိတ်ထိုင်ပြီး သူ၏ခန္ဓာကိုယ်ထဲမှ အပြောင်းအလဲများကိုဂရုတစိုက်ဆင်ခြင်နေလိုက်သည်။ သူ၏ကျင့်ကြံခြင်းအဆင့်က မတိုးတက်သွားပေမဲ့ အင်အားကတော့ တိုးတက်သွားပါသည်။

သူသည် အထက်ကမ္ဘာအင်မော်တယ်ဘုရင်နှင့်ခြေတစ်လှမ်းသာဝေးကွာတော့သည်။သူသည် အချိန်မရွေးအဆင့်ချိုးဖြတ်နိုင်တော့ပေမည်။

အခွင့်အရေးတစ်ခုသာလိုအပ်သည်။

ချီမင်သည် သီးသန့်ကျင့်ကြံနေရာမှထွက်လာခဲ့သည်။

"ဂုဏ်ပြုပါတယ် သခင်။"

"သခင့်ရဲ့တိုးတက်လာမှုအတွက် ဂုဏ်ပြုပါတယ်။"

“…”

ခန်းမအပြင်ဘက်တွင် ချီမင်၏အင်မော်တယ်သားရဲဆယ့်နှစ်ကောင်က စုဝေးလာသည်။ ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓနှင့်ဖုန်းယုတို့က ဦးဆောင်ပြီး ချီမင်ကိုဦးညွှတ်ကာ အင်မတန်လေးစားစွာ နှုတ်ဆက်လိုက်သည်။

ရှားပါးအင်မော်တယ်သားရဲဆယ့်နှစ်ကောင်နောက်တွင် ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်၏တပည့်များနှင့်အကြီးအကဲများ ရပ်နေသည်။

သူတို့က ချီမင်၏အင်မော်တယ်နယ်ပယ်က အစေခံများဖြစ်သည်။

ထိုအင်မော်တယ်နယ်ပယ်အစေခံများကချီမင်၏အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းမှရလာသော သူများဖြစ်သည်။ထိုသူများက အထက်ကမ္ဘာအင်မော်တယ်ဘုရင်များ၊ မြင့်မြတ်ကောင်းကင် ရွှေအင်မော်တယ်များ၊ရွှေအင်မော်တယ်များနှင့် မဟာဆန်းကြယ်အင်မော်တယ် များဖြစ်သည်။

ထို့ပြင် ရက်ပေါင်းများစွာ ကြာသွားခဲ့သည်။

ချင်ဖေးယွမ်သည် ပြင်ဆင်မှုများအပြည့်အဝပြုလုပ်ပြီးခဲ့ပြီဖြစ်သည်။ သူသည် နတ်ဆိုးဂိုဏ်းစစ်တပ်ကို စုစည်းထားခဲ့ပြီး အစီအရင်များကိုအလွှာလိုက်တပ်ဆင်ထားသည်။ သူတို့က အုပ်စုသုံးစုခွဲထားသည်။ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက် ၊အသင်္ချေမျိုးနွယ်မဟာမိတ်၊ တာအိုဂိုဏ်းမဟာမိတ်တို့၏ စစ်တပ်တို့သည် ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေသို့ ရောက်ရှိ လာခဲ့ပြီဖြစ်သည်။

All Chapters