← Chapters

တာအိုကျင့်ကြံသူ လီရှန်း

Vol. 26 Ch. 390

တာအိုကျင့်ကြံသူ လီရှန်း

Vol. 26 Ch. 390

ခိုးဝင်လာသူများက အခြေခံအားဖြင့် အထက်ကမ္ဘာအင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်များ ဖြစ်သည်။ ထို့ပြင် ထိုသူတို့က စည်းမျဉ်းကျင့်ကြံသူများဖြစ်သည်။ သူတို့အားလုံးက နှစ်ပေါင်းများစွာရှင်သန်လာခဲ့သည့် မြေခွေးအိုကြီးများဖြစ်သည်။

သူတို့က များစွာသောအံ့ဖွယ်စွမ်းအားနည်းစနစ်များကိုတတ်ကျွမ်းထားပြီး စည်းမျဉ်းများနှင့်ဥပဒေသများကိုလည်း နားလည်ထားကြသည်။

တကယ်တော့...

နောက်ဆုံးခေတ်ကာလမှ လက်ရှိအချိန်ထိရှင်သန်နေသူများတောင်ရှိသေးသည်။

သူတို့က ခေတ်ကာလစစ်ပွဲတွင်ရှင်ကျန်နိုင်ခဲ့သည့်ကျင့်ကြံခြင်းနှင့်အင်အားမျိုးရှိ၍သာ ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၊ချင်ဖေးယွမ်နှင့်ကျန်သူများထံမှဖော်ထုတ်မခံရဘဲ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေသို့ဝင်လာနိုင်ခြင်းဖြစ်သည်။

"တာအိုသက်သေပြခြင်းသစ်သီးက ဘယ်မှာလဲ။"

"သေလိုက်ပါတော့။"

"ငါ ရှာမတွေ့ဘူး။"

"ငါ နည်းစနစ်အစုံသုံးပြီးတွက်ချက်ပြီးပြီ။တာအိုသက်သေပြခြင်းသစ်သီးက ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေမှာ မွေးဖွားလာလိမ့်မယ်။ သေချာပေါက်မမှားနိုင်ဘူး။ဒါပေမဲ့ ငါ်လည်းရှာလို့လည်းမတွေ့ဘူး။"

"သေစမ်းကွာ။"

"ဘာလို့ ထူးခြားဖြစ်စဉ်က ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေမှာ ပေါ်လာတာလဲ။"

“…”

သူတို့က တွေးတောနေခဲ့ကြသည်။

"ကမ္ဘာဦးနတ်ဆိုးဂိုဏ်းမှာ ဒီလောက်နက်နဲတဲ့အခြေခံမျိုးရှိမယ်လို့ မထင်ထားခဲ့ဘူးကွာ။ ချင်ဖေးယွမ်က ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၊အသင်္ချေမျိုးနွယ်မဟာမိတ်နဲ့တာအိုဂိုဏ်းမဟာမိတ်တို့ကိုတောင် ခုခံနိုင်တဲ့နတ်ဆိုးဂိုဏ်းစစ်တပ်ကိုဖွဲ့စည်းနိုင်တယ်။"

"တကယ့်ကို မမျှော်လင့်ထားခဲ့တဲ့အရာပဲ။"

"သူတို့ ကြာကြာတားဆီးထားနိုင်လေ ပိုကောင်းလေပဲ။ ဒါမှငါတို့ တာအိုသက်သေပြခြင်းသစ်သီးကိုရှာဖို့ အချိန်ပိုရမှာ။"

"တစ်ခုမမေ့နဲ့ဦး။ ငါထင်တာသာမှန်မယ်ဆိုရင် ပြည်နယ်ကိုးလောကမှာ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာလောက်က တာအိုကျင့်ကြံသူတစ်ဦးပေါ်လာသေးတယ်။ ဒါပေမဲ့ သူ့ကိုကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကနေလိုက်လံဖမ်းဆီးတော့ သူက ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေဘက်ကိုပျံပြေးသွားခဲ့ပြီး သူတို့ဂိုဏ်းထဲဝင်သွားတယ်။"

“ဒါက..."

"အဲ့ဒီကျင့်ကြံသူက ခုထိကိုးပြည်ထောင်အင်မော်တယ်သေဒဏ်စာရင်းမှာ ရှိနေသေးတယ်။ သူ့ရဲ့တာအိုနာမည်က ကောင်းကင်ဉာဏ်အလင်းပဲ။နာမည်အရင်းကတော့ ချီမင်ပဲ။ သူက ကမ္ဘာဦးနတ်ဆိုးဂိုဏ်းရဲ့ဂိုဏ်းချုပ်ချင်ဖေးယွမ်ထက်တောင် အဆင့်မြင့်တယ်။ ခေါင်းကိုးလုံးဖီးနစ်မျိုးစုခေါင်းဆောင်ချီဟုန်လင်းကတော့ စာရင်းရဲ့နံပါတ်တစ်မှာပဲ။"

"အချိန်အရဆို နှစ်သန်းပေါင်းများစွာကြာနေပြီ။ အဲ့ဒီ့ကျင့်ကြံသူသာ အသက်ရှင်နေဦးမယ်ဆိုရင် သူကြီးထွားလာလောက်ပြီ။"

အထက်ကမ္ဘာအင်မော်တယ်ဘုရင်များက သူတို့၏အသိစိတ်များဖြင့် လျှို့ဝှက်စွာ ဆက်သွယ်နေကြသည်။

ကမ္ဘာဦးနတ်ဆိုးဂိုဏ်းမြင့်မြတ်တောင်။

တောင်ထိပ်တွင် ချီမင်သည် ကမ္ဘာဦးကောင်းကင်အရှင်၏ရုပ်တုဘေးတွင် တင်ပျဉ်ခွေချိတ်ကာထိုင်နေသည်။ သူက ဖရိုဖရဲမဟာတာအိုကျမ်း:အထက်ကမ္ဘာအင်မော်တယ်ဘုရင်အပိုင်းကိုကျင့်ကြံနေသည်။

"မဟာတာအိုအင်မော်တယ်ဝင်ပေါက်။"

ချီမင်ကအော်လိုက်သည်။"ပွင့်စမ်း။"

ချက်ချင်းပဲ မဟာတာအိုအင်မော်တယ်ဝင်ပေါက်(၁၂၉၆၀၀)ပွင့်လာသည်။ သူ့နောက်မှ အနက်ရောင်တွင်းပေါက်များထဲမှ တစ်ယောက်ပြီးတစ်ယောက်ထွက်လာခဲ့သည်။ သူတို့က ပတ်ဝန်းကျင်မှလေဟာနယ်ထဲသို့ပေါင်းစပ်သွားကြသည်။

အနက်ရောင်တွင်းနက်ကြီးတိုင်းတွင် မယှဉ်သာလောက်အောင်စွမ်းအားကြီးသည့်အရှိန်အဝါများ ထွက်ပေါ်နေသည်။ အံ့ဖွယ်စွမ်းအားအလင်းများတောက်ပနေပြီး မဟာတာအိုတာလွန်သူများက ဖြေးညှင်းစွာဖြင့် လျှောက်လာသည်။

"အင်မော်တယ်ဘုရင်တွေ အများကြီးရှိတယ်။"

ချီမင်၏အကြည့်က အေးစက်နေပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။ ထိုအထက်ကမ္ဘာအင်မော်တယ်ဘုရင်များက ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေသို့ ခိုးဝင်လာသည့်အခိုက်မှာပဲ ချီမင်ကချက်ချင်းရှာတွေ့သွားခဲ့ခြင်း ဖြစ်သည်။ "မဟာတာအိုသာလွန်သူပေါင်း(၁၂၉၆၀၀)တို့ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေထဲကိုဝင်လာရဲတဲ့ အဲ့ဒီအထက်ကမ္ဘာအင်မော်တယ်ဘုရင်တွေကို သတ်ခဲ့။"

“သွား!”

ချီမင်သည် သူ၏ဓမ္မစွမ်းအားများကိုလည်ပတ်လိုက်သည်။ မဟာတာအိုသာလွန်သူပေါင်း(၁၂၉၆၀၀) ပေါ်လာသည်။ သူတို့ပုံရိပ်များက ကောင်းကင်ပေါ်သို့ခုန်တက်သွားသည်။

"မဟာမူလအစနည်းစနစ်"

"မဟာကပ်ဘေးဒုက္ခနည်းစနစ်"

"မြေကမ္ဘာနတ်ဆိုးအစီအရင်"

"အထွတ်အထိပ်ကမ္မနည်းစနစ်"

"အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်း"

“…”

ပေါက်ကွဲသံမျိုးစုံထွက်လာသည်။

ကြေကွဲဖွယ်ရာအော်သံများနှင့်အတူ အထက်ကမ္ဘာအင်မော်တယ်ဘုရင်များသည် ချီမင်၏တာအိုသာလွန်သူများထံမှအသက်ခံလိုက်ရတော့သည်။ ထိုမဟာတာအိုသာလွန်သူများက ချီမင်၏အံ့ဖွယ်စွမ်းအားများကိုအခြေခံအဖြစ်ထားကာသိပ်သည်းခဲ့ခြင်းဖြစ်သည်။ထိုသူတို့က ချီမင်၏အဓိကခန္ဓာကိုယ်နီးပါးစွမ်းအားမျိုးရှိသည်။

မဟာတာအိုသာလွန်သူများသုံးသည့်အံ့ဖွယ်စွမ်းအားများသည် ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားများဖြင့် တိုးမြှင့်ထားခြင်းဖြစ်သည်။ ထိုစွမ်းအားများက အတော်လေးထူးခြားသလို အတော်လေးလည်းစွမ်းအားကြီးသည်။

"ဘာတွေလဲ။"

"ဟူး..."

"အိုးမဟုတ်ဘူး!”

"မဟာအံ့ဖွယ်စွမ်းအား မဟာကန့်သတ်ကျမ်း။"

"ပိတ်ဆို့စမ်း။"

"မဟုတ်ဘူး။ မဟုတ်ဘူး။"

“…”

ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေထဲတွင် ပေါက်ကွဲသံမျိုးစုံထွက်လာသည်။

ချီမင်၏မဟာတာအိုသာလွန်သူများသည် ကျူးကျော်ဝင်ရောက်လာသည့် အထက်ကမ္ဘာအင်မော်တယ်ဘုရင်များ ကိုဝိုင်းကာသတ်ဖြတ်လိုက်သည်။ သူတို့က တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခဲ့သည်။

တိုက်ပွဲကမသေးငယ်ပေ။

အထက်ကမ္ဘာအင်မော်တယ်ဘုရင်များအားနည်းနေ၍မဟုတ်ပေ။ချီမင်က အင်မတန်သန်မာလွန်းနေတာဖြစ်သည်။ ခိုးဝင်လာသည့် အင်မော်တယ်ဘုရင်ကမ္ဘာများတွင် အင်မတန်စွမ်းအားကြီးသည့်အံ့ဖွယ်စွမ်းအားနည်းစနစ်များရှိသည်။

ကံဆိုးချင်တော့။

သူတို့၏ရန်သူက ချီမင်ဖြစ်နေခဲ့သည်။

ချီမင်၏လက်ရှိကျင့်ကြံခြင်းအဆင့်သည်အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်တစ်ပိုင်းဖြစ်နေပေပြီ။ သူက အင်မော်တယ်ဘုရင်တာအိုနှလုံးသားကိုသိပ်သည်းဖို့ ခြေလှမ်းတစ်ဝက်သာလိုတော့သည်။ သူ့အင်အားက အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်ထက်များစွာကျော်သွားခဲ့ပေပြီ။

စည်းမျဉ်းကျင့်ကြံသည့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်ကိုတောင် ချီမင်က ချက်ချင်းသတ်ဖြတ်နိုင်နေပြီဖြစ်သည်။

ချီမင်က မဟာတာအိုသာလွန်သူပေါင်း(၁၂၉၆၀၀)ကိုသာ လွှတ်လိုက်ရုံရှိသည်။ သူကိုယ်တိုင်တိုက်ခိုက်ဖို့တောင် မလိုပေ။ ထိုမဟာတာအိုသာလွန်သူများသည် ခိုးဝင်လာသည့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်များကိုသတ်ဖြတ်ပစ်လိုက်သည်။

အစကနေအဆုံးထိ ခိုးဝင်လာသည့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်များက ချီမင်၏ပုံစံကိုတောင် သေသွားထိတိုင်မသိလိုက်ရပေ။ သူတို့အလောင်းများက မရေမတွက်နိုင်သောအလင်းစက်လေးများ အဖြစ်ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။

“အားနည်းလွန်းတယ်။” ချီမင်သည် ပေါ့ပါးစွာပြောသည်။

ထိုအခိုက်တွင် ချီမင်၏ရှေ့တွင် နေရာလွတ်က လှုပ်ခါသွားပြီး အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦးဖြေးညှင်းစွာ လျှောက်လာခဲ့သည်။ သူက လက်နှစ်ဖက်ကိုနောက်ပစ်ထားလျက် ချီမင်ကိုတည်ငြိမ်စွာကြည့်လိုက်သည်။

အစိမ်းရောင်ဝတ်လူငယ်လေး၏အသံက အနည်းငယ်စိတ်လှုပ်ရှားမှုများပြည့်နှက်နေသည်။"မင်းက တကယ့်ကိုဒီမှာပဲ။"

ချီမင်က ခေါင်းမော့ကာ အစိမ်းရောင်ဝတ်လူငယ်လေးကိုကြည့်လိုက်သည်။ သူက တစ်ဖက်သူပေါ်မှ ကောင်းကင်တာအို၏အငွေ့အသက်ကိုခံစားမိသည်။

"ကောင်းကင်တာအိုရဲ့အရှိန်အဝါပဲ။" ချီမင်ကဆိုသည်။"မင်းက တာအိုကျင့်ကြံသူပဲ။"

ချီမင်သည် သူ၏အံ့ဖွယ်စွမ်းအားကိုလျှို့ဝှက်စွာသုံးပြီး တွက်ချက်လိုက်သည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားက မြူခိုးလွှာများကိုဖယ်ရှားသွားသည်။သူက တစ်ပါးသူ၏နောက်ခံနှင့်သရုပ်ကိုသိလိုက်ရသည်။

"အဲ့တော့ မင်းပေါ့။"

ချီမင်က နားလည်သွားသည်။ "တာအိုဂိုဏ်းရဲ့တာအိုကျင့်ကြံသူ"

" ဟုတ်တယ်။ငါပဲ။"

အစိမ်းရောင်ဝတ်လူငယ်လေးက ဂုဏ်ယူစွာပြောလိုက်သည်။"ချီမင် ခေတ်ကာလကပ်ဘေးဒုက္ခက စနေပြီ။ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းက ဝိုင်းခံထားရတယ်။ဖျက်ဆီးခံရတော့မှာ သေချာနေပြီ။"

"မင်းကတော့။"

"လီရှန်းဆိုတဲ့ငါ့အတွက် ကောင်းကင်အရှင်နယ်ပယ်ကိုတက်လှမ်းဖို့ ခြေနင်းကျောက်တုံးတစ်တုံး ဖြစ်လာလိမ့်မယ်။"

"မင်းက" ချီမင်က နှာခေါင်းရှုပ်ကာ မတ်တပ်ရပ်လိုက်သည်။

နောက်တခဏမှာ အရပ်မျက်နှာအနှံ့မှ ချီမင်လွှတ်ထားခဲ့သည့် မဟာတာအိုသာလွန်သူများသည် အလင်းစီးကြောင်းများပမာ သူ၏ခန္ဓာကိုယ်ထဲမှ မဟာတာအိုအင်မော်တယ်ဝင်ပေါက်များထဲသို့ ပြန်ဝင်သွားသည်။

ချီမင်၏အရှိန်အဝါက ပိုပြီးသန်မာသွားတော့သည်။

"မင်း.."လီရှန်း၏အမူအရာက အနည်းငယ်လေးနက်သွားသည်။"ဒါက မင်းရဲ့ကောင်းကင်တာအိုကိုယ်ပွားလား။ ငါ့လိုလူဆိုတဲ့အတိုင်းပဲ။ ငါတို့က အထက်ကမ္ဘာကောင်းကင်တာအိုကို နားလည်ထားတဲ့တာအိုကျင့်ကြံသူတွေပဲ။"

“ဒါပေမဲ့..."

"ပြည်နယ်ကိုးလောကမှာ တာအိုကျင့်ကြံသူတစ်ယောက်ပဲရှိလို့ရတယ်။ ခေတ်ကာလကပ်ဘေးဒုက္ခ တိုင်းက ကောင်းကင်အရှင်နယ်ပယ်တစ်ဦးကိုပဲ မွေးထုတ်ပေးနိုင် တယ်။အဲ့ဒီသူကလည်း ငါပဲ ဖြစ်ရမယ်။ မင်းက ငါကောင်းကင်အရှင်နယ်ပယ်ကို တက်လှမ်းဖို့အတွက် ခြေနင်းကျောက်တုံး ဖြစ်လာရမယ်။"

"မင်းမှာရှိတဲ့အရာတိုင်းက ငါ့ဟာဖြစ်လာရမယ်။"

"ဟီးဟီး"

ချီမင်ကပြုံးကာဆိုသည်။"တာအိုဂိုဏ်းရဲ့တာအိုကျင့်ကြံသူ မင်းက လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်နဲ့တာအိုဂိုဏ်းမဟာမိတ်တို့ကြားကတိုက်ပွဲမှာ ရုတ်တရက်လျှို့ဝှက်ဆန်းကြယ်စွာနဲ့ပျောက်ကွယ်သွားခဲ့တယ်။ အခုကြည့်ရတာတော့ မင်းကို ကောင်းကင်အရှင်နယ်ပယ်ကကျွမ်းကျင်သူတစ်ဦးခေါ်သွားတာမဟုတ်ဘူးထင်တယ်။ အဲ့ဒီ့အစား မင်းက လူတိုင်းရဲ့ပစ်မှတ်ဖြစ်လာမှာကိုရှောင်ဖို့ တမင်တကာပျောက်သွားခဲ့တာပဲ။"

"ဟုတ်တယ်။" လီရှန်းကဆိုသည်။"ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ရဲ့အင်အားနဲ့အခြေခံက အရမ်းသန်မာတယ်။ တာအိုဂိုဏ်းက ပြည်နယ်ကိုးလောကမှာရပ်တည်လာတာကြာပြီဆိုပေမဲ့ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ထက်စာရင် နိမ့်ကျနေသေးတယ်။"

"ပြီးတော့..."

"ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနဲ့အသင်္ချေမျိုးနွယ်မဟာမိတ်က အပေါ်ယံမှာတော့ ထောက်ပံ့နေတယ်ဆိုပေမဲ့ သူတို့က လျှို့ဝှက်ပြီးတော့ တာအိုဂိုဏ်းမဟာမိတ်နဲ့ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ရဲ့ အင်အားကိုလျှော့ချနေတာ။"

"အဲ့ဒီလိုအခြေအနေတွေအရ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က ငါ့ကိုရှင်းထုတ်ဖို့စဉ်းစားလာတယ်။ ငါသာမသေရင် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က အလွတ်ပေးမှာမဟုတ်ဘူး။"

"ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနဲ့အသင်္ချေမျိုးနွယ်မဟာမိတ်ကလည်း အဲ့ဒီကနေ အကျိုးရှိသွားလိမ့်မယ်။"

"ငါက ထွက်ပြေးသွားပြီးလျှို့ဝှက်ဆန်းကြယ်စွာနဲ့ပျောက်ကွယ်သွားခဲ့ရတာပဲ။ ငါ့ရဲ့တည်နေရာကို ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ရဲ့ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်ကတောင် မတွက်ချက်နိုင်ခဲ့ဘူး။"

"ငါက ကောင်းကင်အရှင်အမွေခံလောကထဲကို ဝင်ခဲ့လို့ပဲ။"

ချီမင် ကခဏလောက်တွေးမိသွားသည်။

ကောင်းကင်အရှင်အမွေခံနယ်ပယ်က ကောင်းကင်အရှင်နယ်ပယ်ကသူများသေသွားပြီးနောက်မှာ ချန်ထားခဲ့သည့် အသေးစားကောင်းကင်ဂူကမ္ဘာလေးများဖြစ်သည်။ ထိုအရာက ကောင်းကင်အရှင်နယ်ပယ်၏အမွေအနှစ်ဖြစ်သည်။ ထိုအရာကိုသာရခဲ့ပါက များစွာအကျိုးရှိလေသည်။

လီရှန်းက တကယ့်ကို ကပ်ဘေးဒုက္ခများကိုခံနိုင်သည့် တာအိုကျင့်ကြံသူတစ်ဦးအဖြစ်မွေးဖွားလာခဲ့တာ ဖြစ်သည်။ သူကကပ်ဘေးဒုက္ခများအဆုံးသတ်ကာ ပြန်လည်အစီအစဉ်ကျဖို့ တာဝန်ယူထားရသူ ဖြစ်သည်။ ထို့ကြောင်လည်း သူ့ကံက ကောင်းကင်အရှင်နယ်ပယ်၏အမွေအနှစ်ကိုရဖို့ ထိ အားကောင်းခဲ့တာဖြစ်သည်။

"ငါကောင်းကင်အရှင်အမွေခံလောကမှာ နှစ်သန်းပေါင်းများစွာ သီးသန့်ကျင့်ကြံခဲ့တယ်။ ကောင်းကင်အရှင်ချန်ခဲ့တဲ့ ရတနာတွေ၊ဆေးလုံးတွေနဲ့အရှင်နယ်ပယ်နားလည်မှုတွေကြောင့် ငါ အထက်ကမ္ဘာအင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်ရဲ့အကန့်အသတ်ထိရောက်ခဲ့တယ်။ ငါက ကောင်းကင်အရှင်နယ်ပယ်နဲ့တစ်လှမ်းထဲဝေးတော့တယ်။"

လီရှန်းကဆိုသည်။"အခု ငါမင်းကိုသတ်ပြီး မင်းရဲ့တာအိုမျိုးစေ့ကိုသုံးပြီး ခေတ်ကာလကပ်ဘေးဒုက္ခကိုအဆုံးသတ်ရမယ်။ မင်းရဲ့ တာအိုမျိုးစေ့ကိုအခြေခံအဖြစ်သုံးပြီး ငါ့ရဲ့တာအိုသက်သေပြခြင်းသစ်သီးကိုပျိုးထောင်ရမယ်။'

"တာအိုမျိုးစေ့...ငါသိပြီ။" ချီမင်က လီရှန်းကိုကြည့်ကာဆိုသည်။"မအံ့ဩတော့ပါဘူး။ငါ တာအိုသက်သေပြခြင်းသစ်သီးနဲ့ပတ်သက်တဲ့သတင်းကို ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓတို့ကို ရှာခိုင်းထားတာကြာနေပြီ။ဘာသတင်းမှရမလာခဲ့ဘူး။ ငါ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းရဲ့စွမ်းအားကို တောင်သုံးခဲ့သေးတယ်။"

"အဲ့တော့ တာအိုသက်သေပြခြင်းသစ်သီးဆိုတာ လူကနေဖြစ်လာတာပဲ။"

"မင်းက တာအိုကျင့်ကြံသူတစ်ဦးကိုသုံးပြီး အဲ့ဒီသူရဲ့တာအိုမျိုးစေ့ကိုအခြေခံအဖြစ်သုံးပြီး ခေတ်ကာလကပ်ဘေးဒုက္ခကို အဆုံးသတ်ရမှာပဲ။ အဲ့တော့မှ သက်ရှိအားလုံးရဲ့သေဆုံးခြင်းကမ္မက ရင့်ကျက်လာမှာ။"

"အခု မင်းသိပြီမလား။" လီရှန်းက အော်လိုက်သည်။"သေလိုက်တော့။"

လီရှန်းက လက်မြှောက်ကာ ရိုက်ချလိုက်သည်။ အဆုံးမဲ့ဓမ္မစွမ်းအားများနှင့်ကောင်းကင်တာအို၏စွမ်းအားများပါဝင်နေသည့် အစိမ်းရောင်လက်ဝါးရာတစ်ခုက ချီမင်ကိုတိုက်ခိုက်လိုက်သည်။ အတော်လေးစွမ်းအားကြီးပေသည်။

သာမန်ရိုက်ချက်လေးကတောင် မဟာအံ့ဖွယ်စွမ်းအားထက်သန်မာလေသည်။

ချီမင်က သူ၏ဓမ္မစွမ်းအားကိုလည်ပတ်လိုက်သည်။ သူ့လက်ချောင်းအလင်းတန်းက ကောင်းကင်ပေါ်သို့တက်သွားသည်။ကမ္ဘာဦးခရမ်းရောင်အလင်းများတောက်ပလာသည်။ ယင်းက လီရှန်း၏လက်ဝါးကိုပယ်ဖျက်လိုက်သည်။

ချက်ချင်းပဲ ချီမင်နှင့်လီရှန်းတို့ကတိုက်ခိုက်တော့သည်။

"လီရှန်းပြောပုံအရဆို.."

ချီမင်သည် စဉ်းစားနေခဲ့သည်။"တာအိုသက်သေပြခြင်းသစ်သီးဆိုတာ တာအိုကျင့်ကြံသူတစ်ဦးရဲ့တာအိုမျိုးစေ့ကိုအခြေခံပြီး ပျိုးထောင်ရတာပဲ။ တစ်နည်းပြောရရင် ခေတ်ကာလကပ်ဘေးဒုက္ခတိုင်းမှာ တာအိုကျင့်ကြံသူနှစ်ဦးက တိုက်ခိုက်ရတာပဲ။"

"ငါက တာအိုကျင့်ကြံသူမဟုတ်ဘူး။"

"လီရှန်းအပြင် နောက်ထပ်တာအိုကျင့်ကြံသူတစ်ဦးရှိသေးတယ်။ သူကလည်း ဒီကပ်ဘေးဒုက္ခကိုရင်ဆိုင်နေတဲ့သူဖြစ်နိုင်တယ်။ ဒုတိယမြောက်တာအိုကျင့်ကြံသူကဘယ်သူလဲ။ သူ ဘယ်မှာလဲ။ သူအခုဘာလုပ်နေလဲ။"

ဒုတိယမြောက်တာအိုကျင့်ကြံသူနှင့်ပတ်သက်သော အကြောင်းကို ချီမင်ဘယ်တုန်းကမှ မကြားခဲ့ဖူးပေ။ ထိုသူက နက်ရှိုင်းစွာပုန်းအောင်းနေခဲ့သည်။

All Chapters