ကံကြမ္မာဆော့ကစားသူကိုသတ်ခြင်း၊အဆင့်မြင့်လူလုပ်ကောင်းကင်တာအိုရတနာ: ကံကြမ္မာမြွေလက်ပတ်
Vol. 26 Ch. 377
ငွေရောင်သင်္ကေတများမှာ တောက်ပလာပြီး မျက်စိကျိန်းဖွယ်ထွန်းလင်းလာသည်။ ဆန်းကြယ်စာလုံးများ မှာ လှိမ်ယက်နေပြီး စက်ဝိုင်းပုံကွင်းများအဖြစ်ပြောင်းလဲကာ နောက်ဆုံးမှာ ငွေရောင်မြွေလက်ပတ်တစ်ကွင်းဖြစ်သွားသည်။
ကြီးမားသည့် ငွေရောင်မြွေကွင်းကြီးက လျင်မြန်စွာဖြင့်ကြီးမားလာနေပြီး အဆက်မပြတ်ကြီးထွားနေ သည်။ အင်မတန်မြန်သည့်နှုန်းနှင့် ငွေရောင်မြွေကွင်းကိုဗဟိုပြုကာ အနက်ရောင်တွင်းနက်ကြီးမှာ ပတ်ဝန်းကျင်မှအရာအားလုံးကို ဝါးမျိုနေပြီး ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်ကိုတောင် ဖုံးလွှမ်းသွားသည်။
တစ်ချိန်တည်းမှာ ရင်းနှီးနေသည့်ပုံရိပ်တစ်ရိပ်က ပုံရိပ်ယောင်ငွေရောင်မြွေကွင်းထံမှ တဖြည်းဖြည်းထွက်လာခဲ့သည်။ ယင်းက ပုံရိပ်ယောင်မှအစစ်မှန်ဖြစ်လာကာ ချီမင်၏မျက်လုံးထဲသို့ဝင်လာတော့သည်။
ထိုသူက ကံကြမ္မာဆော့ကစားသူပင်။
ကံကြမ္မာဆော့ကစားသူက ရွှေရောင်ကိုင်းမျက်မှန်တစ်ဖက်ကို ညာဘက်မျက်လုံးတွင် ဝတ်ဆင် ထားသည်။ သူ၏အနည်းငယ်ရှုပ်ပွနေသည့်ရွှေရောင်ဆံပင်များ အောက်တွင် ခန့်ညားသည့် မျက်နှာရှိသည်။ သူ့မျက်နှာသွင်ပြင်က ထက်ရှကာ ခပ်ဖျော့ဖျော့အပြုံးတစ်ခု ကိုဆင်မြန်းထား၏။
ကံကြမ္မာဆော့ကစားသူသည် ကောင်းကင်ကြီးကိုပွေ့ဖက်တော့မည့်အလား လက်နှစ်ဖက်ကိုဆန့်ထုတ်လိုက်သည်။ သူက ကမ္ဘာကြီးထဲမှအရာအားလုံးကိုကြည့်ကာ လွတ်လပ်မှု၏အရသာကိုခံစားနေလိုက်သည်။သူက နှလုံးသားထဲမှသက်မချလိုက်၏။
"လွတ်လပ်မှုဆိုတာဒါလား။" ကံကြမ္မာဆော့ကစားသူကဆိုသည်။"လွတ်လပ်မှုရဲ့အရသာဆိုတာဒါလား။ ဘယ်လောက်တောင် ညှို့ယူဖမ်းစားယစ်မူးဖွယ်ကောင်းလိုက်လဲ။ ငါနှစ်ပေါင်းများစွာ လိုက်လံရှာဖွေနေ ခဲ့တာ။"
"အိုး ကြီးမြတ်လှတဲ့တစ်ကိုယ်ကောင်းဆန်တဲ့ ဖန်တီးခြင်းနတ်ဘုရား။"
ကံကြမ္မာကစားသူ၏အကြည့်က ချီမင်ပေါ်သို့သက်ဆင်းလာခဲ့သည်။ သူ့အကြည့်ထဲတွင် လေးစားမှုများ၊ဒေါသများနှင့်သတ်ဖြတ်လိုစိတ်များပြည့်နှက်နေခဲ့သည်။
အတော်လေးကိုရှုပ်ထွေးလေသည်။
ဂိမ်းဇာတ်ကောင်အားလုံးအတွက် ချီမင်၏တည်ရှိမှုမှာ ဂိမ်းမြေအောက်စခန်းကိုဖန်ဆင်းခဲ့သည့် ဖန်တီးခြင်းနတ်ဘုရားပေ။ သူက အကြီးမြတ်ဆုံးဖြစ်တည်မှုဖြစ်သည်။
ကံကြမ္မာဆော့ကစားသူက အသက်ပြင်းပြင်းရှုကာ အသံနက်ကြီးဖြင့်ပြောသည်။ "ခင်ဗျားရဲ့လုပ်ရပ်တွေက အေးစက်ပြီးအညှာတာမဲ့တယ်။ ဂိမ်းမြေအောက်စခန်းကမ္ဘာတွေအားလုံးက ခင်ဗျားပိုသန်မာလာဖို့ ကိရိယာတွေအရင်းအမြစ်တွေသာသာပဲ။"
“ဒီတစ်ခါတော့”
" ကျုပ်က ခင်ဗျားရဲ့လုပ်ရပ်အတွက် ပြန်ပေးဆပ်ခိုင်းမယ်။"
"ရေလှိုင်းလေးကတောင် လှေတစ်စင်းကိုမှောက်သွားအောင်လုပ်နိုင်တယ်။"
"ကံကြမ္မာကိရိယာ။" ကံကြမ္မာဆော့ကစားသူက အော်ဟစ်လိုက်၏။”စတင်လှည်ပတ်လိုက်စမ်း။"
ချက်ချင်းပဲ ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်အနားတွင် ကံကြမ္မာစည်းမျဉ်း၏ စွမ်းအား များထွက်ပေါ်လာခဲ့သည်။ ငွေဖြူရောင်အလင်းများသည် တောက်ပလာခဲ့ပြီး ကောင်းကင်မြင့်၌ ငွေလတစ်စင်းပေါ်ထွန်းလာသည့်အလားပင်။
ချီမင်သည် ကံကြမ္မာဆော့ကစားသူ၏စွမ်းအားကို ရှင်းလင်းစွာဖြင့်အာရုံခံလိုက်ရသည်။
ချက်ချင်းပဲ ငွေရောင်ကွင်းများတစ်ကွင်းပြီးတစ်ကွင်းပေါ်လာခဲ့သည်။ ၎င်းတွင် ဆန်းကြယ်သည့် သင်္ကေတများပေါ်လာခဲ့သည်။ ၎င်းတို့မှာ ကိရိယာများအလား ကံကြမ္မာ၏စွမ်းအားများဖြင့် ဖွဲ့စည်းထားပြီး ချီမင်ကိုဖုံးအုပ်သွားသည်။
တိုက်ပွဲက ပေါက်ကွဲထွက်သွား၏။
ချီမင်၏အကြည့်က အေးစက်နေသည်။ သူက ညာဘက်လက်ကိုဝှေ့ယမ်းလိုက်ရင်း ကောင်းကင်တာအိုရတနာ:ကောင်းကင်နှင့်မြေကြီးစကြဝဠာပန်းချီကားကိုထုတ်လိုက်သည်။"မြင့်မြတ်ရတနာစကြဝဠာ၊ကောင်းကင်နှင့်မြေကြီးဝါးမျို၊ကိုယ်ပိုင်ကမ္ဘာတစ်ခုဖန်တီးလော့"
"ဖွင့်စမ်း"
ချီမင်က ကောင်းကင်နှင့်မြေကြီးစကြဝဠာပန်းချီကားကိုသုံးလိုက်သည်။ မြင့်မြတ်ရတနာစကြဝဠာ လည်း ပေါ်လာသည်။ ကောင်းကင်နှင့်မြေကြီးစကြဝဠာပန်းချီကားက လေထုကိုထိုးခွဲလျက် ကောင်းကင်ကြီးကိုဖုံးလွှမ်းသွားကာ ကံကြမ္မာဆော့ကစားသူကိုပစ်မှတ်ထားလိုက်သည်။
အနက်ရောင်နှင့်အဖြူရောင်အလင်းများမှာ ထိုက်ချီယင်ယန်ပုံရိပ်တစ်ခုအလား တောက်ပလာခဲ့သည်။ ၎င်းက စကြဝဠာအဖြစ်ပြောင်းလဲကာ ကံကြမ္မာဆော့ကစားသူကိုဝါးမျိုလိုက်သည်။
"ဒါက..."
ကံကြမ္မာဆော့ကစားသူက ထိတ်လန့်သွားပြီး မရှောင်ရှားနိုင်တော့ပေ။
ချီမင်က ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်၌သာဖြစ်သည်။ သူ့ကျင့်ကြံခြင်းအဆင့်က များစွာတိုးတက်လာခဲ့သည်။ သူက ကောင်းကင်တာအိုရတနာ၏ စွမ်းအားအစစ်ကို ထုတ်သုံးနိုင်နေလေသည်။
ကံကြမ္မာဆော့ကစားသူကို တိုက်ရိုက်ပဲ ကောင်းကင်နှင့်မြေကြီးစကြဝဠာပန်ချီးကားထဲသို့ ထည့်သွင်းလိုက်သည်။
ချီမင်သည် ရှေ့တစ်လှမ်းတိုးကာ ကောင်းကင်နှင့်မြေကြီးစကြဝဠာပန်းချီကားထဲသို့ ဝင်သွားတော့သည်။ သူက ကံကြမ္မာဆော့ကစားသူကိုတည့်တည့်ကြည့်လိုက်၏။
ကံကြမ္မာဆော့ကစားသူ၏စွမ်းအား(၉၀)%မှာ ကောင်းကင်နှင့်မြေကြီးစကြဝဠာပန်းချီကားထဲ၌ ကန့်သတ်ခံထားရသည်။
မြင့်မြတ်ရတနာစကြဝဠာက အနီရောင်ဝတ်ရုံလေးကိုဝတ်ဆင်းထာသည်။ သူက ချီမင်ဘေးတွင်ပေါ်လာကာ တင်ပြလိုက်သည်။"ကျွန်တော်သူ့ကို ချုပ်နှောင်ထားပါတယ်။"
ချီမင်က စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။ သူက မြင့်မြတ်ရတနာစကြဝဠာ၏ခေါင်းကို ညာဘက်လက်ဖြင့်ပွတ်ကာဆိုသည်။"ကောင်းတယ်။ ကျန်တာကို ငါ့ဘာသာငါလုပ်လိုက်မယ်။"
"ဟုတ်ကဲ့ပါ သခင်။" ချီမင်၏ချီးကျူးမှုကိုရလိုက်၍ မြင့်မြတ်ရတနာစကြဝဠာက ပျော်ရွှင်စွာခေါင်းညိတ်လိုက်သည်။
"ဖန်တီးခြင်းနတ်ဘုရား.."ထိုအခိုက်တွင် ကံကြမ္မာဆော့ကစားသူက စွမ်းအားမဲ့သလိုခံစားနေရသည်။
ကောင်းကင်တာအိုရတနာ၏စွမ်းအားက အင်မတန်သန်မာသည်။ သူ့အင်အားက (၉၀)ရာခိုင်နှုန်းထိ ဖိနှိပ်ခံထားရသည်။သူက ချီမင်၏ပြိုင်ဘက် ပိုပြီးတောင် မဖြစ်နိုင်တော့ပေ။
အစကနေအဆုံးထိ ချီမင်က တစ်ကြိမ်တိုက်ခိုက်ပြီး ကောင်းကင်နှင့်မြေကြီးစကြဝဠာပန်းချီကား၏ စွမ်းအားကိုသာထုတ်လွှတ်ရသေးသည်။၎င်းကပဲ သူ့ကိုလုံးဝအနိုင်ယူသွားသည်။
"ကျုပ်..ကျုပ်ရှုံးသွားပြီ။ ကျုပ် တိုက်ပွဲကိုမစတင်ခင်တည်းက ရှုံးသွားခဲ့ပြီ။"ကံကြမ္မာဆော့ကစားသူက ခေါင်းငုံ့သွား၏။
"ဒါဆို သေလိုက်တော့။" ချီမင်၏အကြည့်က တည်ငြိမ်နေသည်။ ညာဘက်လက်ကိုဝေ့ယမ်းလိုက်ရင်း သူက ကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါး၏စွမ်းအားကို စုစည်းလိုက်သည်။ သူ့နောက်တွင် တံခါးတစ်ချပ်ပေါ်လာပြီး ၎င်းက အချိန်နေရာလွတ်မြစ်၏အဆုံးတွင် ရပ်နေခဲ့သည်။
"အချိန်နေရာလွတ်ဖျက်ဆီးခြင်းလက်ချောင်း" ချီမင်က ခပ်တိုးတိုးပြောလိုက်သည်။
သူက ညာဘက်လက်ကိုညွှန်ပြလိုက်ရင်း သူ့လက်ချောင်းထဲသို့ သတ်ဖြတ်ခြင်းစွမ်းအားများ စုစည်းလိုက်သည်။ ဖရိုဖရဲဟင်းလင်းပြင်အလင်းတို့တွင် မဟာတာအို၏စွမ်းအားများပါဝင်နေခဲ့ပြီး လေထုကိုထိုးခွဲလျက် ကံကြမ္မာဆော့ကစားသူ၏ခန္ဓာကိုယ်ပေါ်သို့ကျရောက်သွားခဲ့သည်။
ကံကြမ္မာဆော့ကစားသူ၏တစ်ကိုယ်လုံးက လှုပ်ခါသွားသည်။ ချီမင်၏လက်ချောင်းစွမ်းအားမှာ တိုက်ရိုက်ပဲ ထိုသူ၏သက်စောင့်စွမ်းအားနှင့်ရင်းမြစ်ကိုဖျက်ဆီးပစ်လိုက်သည်။
ယင်းက လုံးဝကိုပျောက်ကွယ်သွားခဲ့သည်။
နောက်ဆုံးမှာတော့ လက်ဝါးအရွယ်ငွေရောင်မြွေလက်ပတ်တစ်ခုသာကျန်ခဲ့သည်။ ၎င်းက ကံကြမ္မာဆော့ကစားသူ၏နေရာ၌ မျောလွင့်နေခဲ့ပြီး ကံကြမ္မာစွမ်းအားများ ထုတ်လွှင့်နေ ခဲ့သည်။လက်ပတ်ကြိုးတစ်ခုနှင့်တူသည်။
တင်း!
"ဂုဏ်ပြုပါတယ်။လက်ခံသူ။ သင် ဂိမ်းဇာတ်ကောင် ကံကြမ္မာဆော့ကစားသူကိုအောင်မြင်စွာရှင်းထုတ် ပြီး အန္တရာယ်ကိုဖယ်ရှားနိုင်ခဲ့ပါတယ်။ သင်ကောင်းကင်တာအိုရတနာ:ကံကြမ္မာမြွေလက်ပတ်ကိုရခဲ့ပါ တယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်က သက်ပြင်းအသာချကာ လက်ဝါးအရွယ်လက်ပတ်လေးကိုယူလိုက်သည်။ အတွေးတစ်ချက်ဖြင့် သူက ကောင်းကင်တာအိုရတနာ:ကံကြမ္မာမြွေလက်ပတ်ကိုသန့်စင်လိုက်၏။
သူက ဘယ်ဘက်လက်ကောက်ဝတ်တွင် ကံကြမ္မာမြွေလက်ပတ်ကိုဝတ်ဆင်လိုက်သည်။
ငွေရောင်အလင်းတစ်ချက်လက်သွား၏။
ကောင်းကင်တာအိုရတနာ:ကံကြမ္မာမြွေလက်ပတ်၏စိတ်ဝိညာဉ်ပေါ်လာခဲ့သည်။ ချီမင်၏ရှေ့တွင် ငယ်ရွယ်သည့်ရွှေရောင်ဆံပင်ဖြင့်မျိုးရိုးမြင့်တစ်ဦးပေါ်လာခဲ့သည်။ယင်းက ကံကြမ္မာဆော့ကစားသူပင်။
"ပစ္စည်းစိတ်ဝိညာဉ် ကံကြမ္မာဆော့ကစားသူက သခင့်ကိုအရိုအသေပြုပါတယ်။"
ကံကြမ္မာဆော့ကစားသူက ချီမင်ကို ဦးညွှတ်လိုက်သည်။
ချီမင်က ခေါင်းအသာညိတ်လိုက်သည်။
ကောင်းကင်တာအိုရတနာ:ကံကြမ္မာမြွေလက်ပတ်
ဖော်ပြချက်:ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:နယ်ပယ်အလုံးစုံစစ်ပွဲမှရရှိသော ကောင်းကင်တာအိုရတနာဖြစ်သည်။ ဆန်းကြယ်ကမ္ဘာ၏ကောင်းကင်တာအိုမှာတခြားကောင်းကင် တာအိုရှစ်ခုကိုဝါးမျိုခဲ့သောကြောင့် ဂိမ်းမြေအောက်စခန်း၏ကန့်သတ်ချက်ကို ချိုးဖြတ်သွားကာ အင်မတန်စွမ်းအားကြီးလာခဲ့သောကြောင့် ဂိမ်းဇာတ်ကောင် ကံကြမ္မာဆော့ကစားသူကို လွတ်မြောက် သွားစေခဲ့သည်။ သို့ပါသော်လည်းလက်ခံသူက အကြွင်းမဲ့ခွန်အားဖြင့် ထိုသူကိုရှင်းထုတ်ခဲ့သည်။ ဂိမ်းဇာတ်ကောင်:ကံကြမ္မာဆော့ကစားသူက ဆန်းကြယ်ကမ္ဘာ၏ကောင်းကင်တာအိုနှင့် ပေါင်းစပ်သွားခဲ့ပြီး ကောင်းကင်တာအိုရတနာ:ကံကြမ္မာမြွေလက်ပတ်ကိုမွေးဖွားပေးခဲ့သည်။
၎င်းက အဆင့်မြင့်လူလုပ်ကောင်းကင်တာအိုရတနာဖြစ်သည်။ ကောင်းကင်ကံကြမ္မာကိုတောင် စုံစမ်းနိုင်သည့်စွမ်းအားရှိသည်။
"မဆိုးဘူး။" ချီမင်က စိတ်ကျေနပ်စွာခေါင်းညိတ်သည်။"အဆင့်မြင့်လူလုပ်ကောင်းကင်တာအိုရတနာပဲ။ ကောင်းကင်နှင့်မြေကြီးစကြဝဠာပန်းချီကားတောင် အဆင့်နိမ့်လူလုပ် ကောင်းကင်တာအို ရတနာ တစ်ပါးပဲ။ အချိန်နေရာလွတ်တံခါးကတော့ အလယ်အလတ်အဆင့်လူလုပ်ကောင်းကင်တာအို ရတနာပဲ။"
"ငါ အစကတော့ ကံကြမ္မာဆော့ကစားသူလွတ်သွားတာ အရမ်းပြဿနာများမယ်ထင်သွားခဲ့တာ။ အခုကြည့်ရတာ ငါ့ခွန်အားကိုလျော့တွက်နေသေးတုန်းထင်တယ်။"
ချီမင်က ခဏလောက်တွေးကာဆိုသည်။"ဂိမ်းဇာတ်ကောင်ကံကြမ္မာဆော့ကစားသူက အတော်လေးသန်မာတယ်။ဒါပေမဲ့ ငါ့ရှေ့မှာတော့ သတ်ခံရမဲ့ကံပဲရှိတယ်။ ငါ့ရဲ့တိုက်ကွက်တစ်ကွက်ကို တောင်မခုခံနိုင်ဘူး။"
"ဒီလိုဆိုရင်.."
"ကံကြမ္မာဆော့ကစားသူလွတ်လာတာ ငါ့ကိုပြဿနာတွေယူလာပေးပေမဲ့ ငါ့ကို အဆင့်မြင့် လူလုပ်ကောင်းကင်တာအိုရတနာတစ်ခုကိုလည်းပေးသွားတယ်။ငါ့အင်အားကတိုးသွားပြန်ပြီ။"
ကောင်းကင်ဉာဏ်အလင်းခန်းမအပြင်ဘက်တွင်။
ပုံရိပ်ခုနစ်ခုပေါ်လာခဲ့သည်။
ထိုသူတို့က မြေနီမှုန့်တို့အဖွဲ့ပေ။သူတို့က အလောတကြီးရောက်လာခဲ့သည်။ သူတို့က ကောင်းကင်ဉာဏ်အလင်းခန်းမဘက်မှ ပြင်းထန်သည့်လှုပ်ခတ်မှုများကိုခံစားမိ၍ ချီမင်၏လုံခြုံရေးအတွက် စိုးရိမ်နေကြခြင်းဖြစ်သည်။
"သခင် အဆင်ပြေပါ့မလား။"
"ခုနလေးတင်.."
မြေနီမှုန့်တို့က ခန်းမအပြင်ဘက်မှမေးမြန်းနေကြသည်။
"ကောင်းတယ်။"
ချီမင်က ပြန်ဖြေလိုက်သည်။"ကိစ္စသေးသေးလေးပါ။ အရမ်းတွေစိုးရိမ်မနေကြနဲ့။ မင်းတို့သွားလို့ရပြီ။လုပ်စရာရှိတာသာ သွားလုပ်ကြတော့။"
"ဟုတ်ကဲ့”
"ဟုတ်ကဲ့”
“…”
မြေနီမှုန့်တို့က ခေါင်းညိတ်ကာ ထွက်သွားတော့၏။
"ငါဆက်ပြီး အဆင့်ချိုးဖြတ်ရမယ်။"
ချီမင်သည် သူ၏အခြေအနေကိုချိန်ညှိကာ အထွတ်အထိပ်သို့ပြန်ရောက်သွားလိုက်သည်။ သူက တင်ပျဉ်ခွေချိတ်ထိုင်က ပစ္စည်းစာရင်းထဲမှ ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအ များကိုစတင်စုပ်ယူတော့၏။
ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်ကောင်းကင်နှင့်မြေကြီးဂိမ်းမြေအောက်စခန်း:နယ်ပယ်အလုံးစုံစစ်ပွဲတွင် ချီမင်သည် ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစကိုးခုရလိုက်သည်။ ချီမင်သည် ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစများကိုစုပ်ယူပေါင်းစပ်နေခဲ့သည်။သူ၏ကောင်းကင်နှင့်မြေကြီးအပေါ်နားလည်မှုသည် ပိုပြီးနက်ရှိုင်းလာခဲ့သည်။ သူက ကောင်းကင်နှင့်မြေကြီးမဟာတာအိုကိုထိတွေ့နိုင်လုနီးပါးဖြစ်လာခဲ့သည်။သူက ကောင်းကင်နှင့်မြေကြီးမဟာတာအိုအံ့ဖွယ်စွမ်းအားကိုနားလည်နိုင်တော့မည်။
အချိန်ကုန်ဆုံးသွားသည်။
ချီမင်က ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစများကိုစုပ်ယူပြီးနောက်မှာ သူ၏ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပေါ်နားလည်မှုသည် ပိုမိုနက်ရှိုင်းလာခဲ့ပြီး မဟာတာအိုအင်မော်တယ်ဝင်ပေါက်များကို တစ်ခုပြီးတစ်ခုဖွင့်ခဲ့သည်။
တစ်ချိန်တည်းမှာ ချီမင်က အင်မော်တယ်သလင်းကျောက်များစွာကိုထုတ်ယူပြီး စုပ်ယူတော့သည်။ သူက ထိုစုပ်ယူသည့်စွမ်းအားများကို မဟာတာအိုအင်မော်တယ်ဝင်ပေါက်များ တည်ဆောက်ရန်သုံးပြီး အတွင်းကမ္ဘာများအဖြစ်ပြောင်းလဲခဲ့သည်။ သူက အံ့ဖွယ်စွမ်းအားများသုံးကာ မဟာတာအိုသာလွန်သူများကိုသိပ်သည်းခဲ့သည်။
ချီမင်၏အဆင့်ချိုးဖြတ်မှုတိုင်းက ထူးခြားပေသည်။ သူက ကောင်းကင်နှင့်မြေကြီးစွမ်းအင်ပမာဏများ စွာကိုစုပ်ယူရန်လိုသည်။ သူသာ လွတ်လပ်စွာစုပ်ယူလိုက်ရင် ကမ္ဘာဦးပြည်နယ်တစ်ခုလုံးမှာ စွမ်းအင်ဗလာနယ်ဖြစ်သွားကာ အတော်လေးဝရုန်းသုန်းကားဖြစ်သွားပေလိမ့်မည်။
သူက ဂိမ်းမြေအောက်စခန်းများကိုရှင်းလင်းရင်းရသည့်အင်မော်တယ်သလင်းကျောက်များကိုသာ စုပ်ယူလိုက်သည်။ သူက ထိုအခြေအနေကိုရှောင်ရှားရပေမည်။ သူက အဆင့်မြန်မြန်လည်းချိုးဖြတ်ခြင်းဖြင့်ရှောင်ရမည်။
ကိုးရက်ကြာသွားခဲ့သည်။
ချီမင်၏ခန္ဓာကိုယ်က လှုပ်ခါသွားသည်။ သူက ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစကိုးခုလုံး စုပ်ယူပြီးသွားခဲ့သည်။ သူ၏ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပေါ်နားလည်မှုက ပို၍နက်နဲလာခဲ့သည်။သို့ပေမဲ့ ၎င်းက မဟာတာအိုအံ့ဖွယ်စွမ်းအားအစစ်မှန်ကိုတော့ ပြီးပြည့်စုံစွာနားလည်ဖို့တော့ လိုအပ်နေသေးသည်။
သူက မဟာတာအိုအင်မော်တယ်ဝင်ပေါက်(၁၁၇၈၁)ကို ထပ်မံဖွင့်လှစ်သည်။
ချီမင်က စိတ်ကျေနပ်စွာခေါင်းညိတ်သည်။ "ဖရိုဖရဲမဟာတာအိုကျမ်း:မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အပိုင်းကိုဆက်ကျင့်ကြံမယ်။ ငါ မဟာတာအိုအင်မော်တယ်ဝင်ပေါက်အားလုံးကိုပေါင်းစပ်ပြီး မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်ကိုတက်မယ်။"
"ငါ အဆင့်မြင့်အင်မော်တယ်သလင်းကျောက်(သန်း၁၀၀)ထည့်ပြီး ဖရိုဖရဲမဟာတာအိုကျမ်း:မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အပိုင်းကိုကျင့်ကြံမယ်။"
တင်း!
"ဖရိုဖရဲမဟာတာအိုကျမ်း:မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အပိုင်းကို အဆ(၁၀)ကွာဒရီလီယန်မြှင့်တင်မှုအောက်တွင်ကျင့်ကြံနေပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။