“ချစ်ခြင်းမေတ္တာကူ”၏ ဘေးထွက်ဆိုးကျိုးများ။
Vol. 3 Ch. 41
“ဟူး…အရမ်းနှေးနေသေးတယ်။”
အချက်အလက်မျက်နှာပြင်ကို ကြည့်ရင်း ကျိုးစွေ့ သက်ပြင်းချလိုက်သည်။ သူ၏ကျင့်ကြံမှုအလျင်သည် သာမန်ကျင့်ကြံသူများထက် အဆပေါင်းများစွာ သာလွန်သော်လည်း ကျေနပ်ခြင်းမရှိသေးပေ။
လုမိသားစုကျင့်ကြံသူများ၏ မှတ်ဉာဏ်များက မီယွင်မြို့တွင် ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာတော့မည်အား ညွှန်ပြနေသည်။
လုမိသားစုဘိုးဘေး၏ သေဆုံးမှုက မီယွင်မြို့သို့ အရှုပ်အထွေးများ ဆောင်ကြဉ်းပေးမည်မှာ သံသယဖြစ်စရာမလိုပေ။
အင်မော်တယ်ရှားဂိုဏ်းက မြို့ကို ထိန်းချုပ်ထားသော်လည်း ၎င်းဖြစ်ပျက်လာမည်များအား တားဆီးနိုင်မည်မဟုတ်ပေ။
ထို့ကြောင့် လာမည့်အပြောင်းအလဲများအတွက် ပြင်ဆင်နိုင်ရန် သူ၏ကျင့်ကြံမှုအား အလျင်အမြန် တိုးမြှင့်ရပေမည်။
ချီသန့်စင်ခြင်း အဆင့်(၅)ကျင့်ကြံသူတစ်ဦးအနေဖြင့် သူ၏အစွမ်းအသည် လွန်စွာ အားနည်းနေဆဲဖြစ်၏။
“အင်း၊ ငါ့ရဲ့ကျင့်ကြံမှုကို အမြန်ဆုံး မြှင့်တင်ချင်တယ်ဆိုရင် နည်းလမ်းနှစ်ခုပဲ ရှိတယ်။ တစ်ခုက အဆင့်မြင့်ဆေးလုံးတစ်လုံး ရဖို့နဲ့၊ နောက်တစ်ခုက ငါ့ရဲ့စိတ်ဝိညာဉ်အမြစ်ကို မြှင့်တင်ဖို့ပဲ။”
“ခက်တာက ဒီနည်းလမ်းနှစ်ခုစလုံး အချိန်တိုအတွင်း အောင်မြင်နိုင်မယ့်ဟာတွေ မဟုတ်ဘူး။”
“ဒါပေမဲ့ အန္တရာယ်တွေကို ရှောင်ရှားဖို့ ကျင့်ကြံမှုကိုဘဲ မြှင့်တင်ဖို့မလိုလောက်ဘူး။” ကျိုးစွေ့က မေးစေ့အား ပွတ်သပ်ရင်း စဉ်းစားခန်းဝင်နေလေသည်။
ဆိုရလျှင် သူသည် လုမိသားစုမှ ကျင့်ကြံသူတစ်ဦးမဟုတ်ပေ။ လုမိသားစုတွင် တစ်စုံတစ်ရာဖြစ်ပျက်လျှင်ပင် သူနှင့် မသက်ဆိုင်ပေ။
“အကြွေးတိုင်းတွင် ကြွေးခံသူရှိ၍ အမှုတိုင်းတွင် တရားခံ ရှိလေသည်။”
အမှန်တကယ် သူကာကွယ်ရန် လိုသည်မှာ အရှုပ်အထွေးများအတွင်း အခြားကျင့်ကြံသူများ၏ ဖြစ်နိုင်ခြေရှိသော လုပ်ကြံသတ်ဖြတ်မှုများသာ ဖြစ်၏။
“ယုန်တစ်ကောင်မှာ ဂယ်ပေါက်သုံးခုရှိတယ် ဆိုတဲ့ဆိုရိုးစကားရှိတယ်။ ငါ ခိုလှုံဖို့အတွက် ဥမင်တွေတူးထားတာက အလုပ်ဖြစ်နိုင်လောက်တယ်။”
ကျိုးစွေ့က မျက်လုံးများအား ကျဉ်းမြောင်းလိုက်သည်။
အကယ်၍ မီယွင်မြို့တွင် ကြီးမားသော အကျပ်အတည်းနှင့် ကြုံတွေ့ကာ၊ ကျင့်ကြံသူများအကြား ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာပါက အိမ်တွင် ဥမင်တစ်ခုရှိခြင်းသည် ပဋိပက္ခနေရာဖြစ်သော မီယွင်မြို့မှ ထွက်ခွာနိုင်ရန် လွယ်ကူစေမည် ဖြစ်သည်။
မီယွင်မြို့မှ မထွက်ခွာလျှင်ပင် မြေအောက်တွင် နက်ရှိုင်းစွာ ပုန်းအောင်းခြင်းသည် ရန်သူများ သူ့အားရှာဖွေ၍မရ ဖြစ်စေပေမည်။
ထိုအခါတွင် တစ်နှစ်စာခန့် အစားအသောက်များ သိုလှောင်ထားနိုင်ပြီး တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိမှာသာ သူထွက်လာမည်ဖြစ်သည်။
ဤအကြံအစည်၏ဖြစ်နိုင်ခြေအား ဂရုတစိုက် ကျိုးစွေ့တွက်ချက်လိုက်သည်။
သို့သော် ဥမင်တူးခြင်းဆိုသည်မှာ လွယ်ကူသောအလုပ်မဟုတ်ပေ။ ကိုယ်ပိုင်လက်များကိုသာအားကိုးပါက မည်သည့်အချိန်မှ တူး၍ပြီးမည်အား မသိနိုင်ပေ။ တူးဖော်ရာတွင် ကျွမ်းကျင်သော ကူပိုးကောင်တစ်ကောင်ကို မွေးမြူပြီး ဤပင်ပန်းသောအလုပ်ကို ကူညီခိုင်းခြင်းသည်သာ ကောင်းမွန်သောအကြံ ဖြစ်လောက်ပေမည်။
“ယောက်ျား၊ ဘာတွေ စဉ်းစားနေတာတုံး။”
အခန်းထဲတွင်ရှိနေသော ကျိပင်းယွီနှင့် မုဇီယန်တို့က ကျိုးစွေ့အား ကြည့်ကာ စူးစမ်းလိုက်ကြသည်။
သူမတို့၏ယောက်ျားသည် အဖြေမရသော ပုစ္ဆာတစ်ပုဒ်အား တွက်ချက်နေသကဲ့သို့ အတွေးနက်နေသည်အား သတိပြုမိပေသည်။
မည်သို့ပင်ဖြစ်စေ တွေးတောတိတ်ဆိတ်နေသော သူ၏အမူအရာသည် မယုံနိုင်လောက်အောင် ဆွဲဆောင်မှုရှိလှသည်ဟု သူမတို့ ထင်ကြလေ၏။
“အင်း ငါ့ကျင့်ကြံမှုကို အမြန်ဆုံး ဘယ်လိုမြှင့်တင်ရမလဲဆိုတာကို စဉ်းစားနေတာ။ ဖြစ်နိုင်တာက ငါတို့ရဲ တူနှစ်ကိုယ်ကျင့်ကြံတဲ့ အကြိမ်ရေကို တိုးမြှင့်ဖို့ လိုတာပဲ ဖြစ်မယ်။”
ကျိုးစွေ့က မျက်တောင်အား ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။
လင်နှင့်မယားဖြစ်နေပြီ ဖြစ်သဖြင့် သူ ပွင့်ပွင့်လင်းလင်းပြောရန် စိတ်ထဲမထားချေ။ တူနှစ်ကိုယ်ကျင့်ကြံခြင်းသာ မရှိပါက သူ၏ကျင့်ကြံမှုအလျင်သည် ဤသို့သောနှုန်းဖြင့် တိုးတက်နေမည်မဟုတ်ပေ။ အဌမအဆင့်စိတ်ဝိညာဉ်အမြစ်၏ ကျင့်ကြံမှုအလျင်သည် မျှော်လင့်ချက်မဲ့လောက်အောင်ပင် နှေးကွေးလေ၏။
ကံကောင်းစွာဖြင့် သိပ်မကြာမီအချိန်အတွင်း သတ္တမအဆင့်စိတ်ဝိညာဉ်အမြစ်သို့ တက်လှမ်းနိုင်ပေတော့မည်။
ထိုအချိန်တွင် သူ၏ကျင့်ကြံမှုအလျင်သည် အနည်းငယ် ပိုမိုလျင်မြန်လာမည်ဟု သူယုံကြည်ပေသည်။
“ခစ်ခစ်၊ အကြိမ်ရေတိုးမယ်..။ ယောက်ျားရယ် ရှင်လုပ်နိုင်လို့လား..။”
ကျိပင်းယွီနှင့် မုဇီယန်တို့က တခစ်ခစ်ရယ်မောလိုက်ကြပြီး ကျိုးစွေ့အား စိန်ခေါ်သောအကြည့်များဖြင့် ကြည့်လိုက်လေသည်။
“ဟမ့်၊ ဘယ်ယောက်ျားက မလုပ်နိုင်ဘူးလို့ ဝန်ခံမှာလဲကွ။” ကျိုးစွေ့က စိတ်လှုပ်ရှားသွားပြီး သူမတို့အပေါ်သို့ ခုန်အုပ်လိုက်တော့သည်။
ဤမိန်းမများက ရက်အနည်းငယ် ဆုံးမ မထားပါက ခေါင်းပေါ်တက်၍ ချီးပါချေတော့မည်။
သင်ခန်းစာကောင်းကောင်း မပေးထားပါက၊ သူတို့သည် သူ့အား မစွမ်းဆောင်နိုင်ဟု အမှန်တကယ် စတင်ထင်မြင်လာကြပေမည်။
…
တစ်ညကြာပြီးနောက်တစ်နေ့ မနက်စောစော။
ကျိုးစွေ့က လန်းဆန်းစွာဖြင့် အခန်းထဲမှ ထွက်လာပြီး၊ အမျိုးသမီးနှစ်ဦးမှာမူ နှစ်ခြိုက်စွာ အိပ်ပျော်ကျန်ရစ်ခဲ့၏။
ဤတိုက်ပွဲအား အပြတ်အသတ် အနိုင်ရခဲ့သဖြင့် ကျေနပ်နေသည်မှာ ထင်ရှားပေသည်။ ထိုသို့ အပြတ်အသတ်အနိုင်ရရှိခြင်းသည် သူ၏ကျင့်ကြံမှုအဆင့် တိုးတက်လာခြင်းကြောင့်ပင်မက၊ “ချစ်ခြင်းမေတ္တာကူ”၏ စွမ်းအားကြောင့်လည်း ဖြစ်၏။
“ချစ်ခြင်းမေတ္တာကူ”၏စွမ်းအားကို အသက်သွင်းလိုက်သည်နှင့်၊ တူနှစ်ကိုယ်ကျင့်ကြံမှုတွင် ပါဝင်ကြသော ကြင်ဖက်နှစ်ဦး၏ ယင်နှင့်ယန်အား ပေါင်းစပ်စေပြီး သူ၏သက်လုံအား အကန့်သတ်မရှိ ဖြစ်စေသည်။
ပိုမိုတိုက်ပွဲဝင်လေ၊ ပိုမိုအားအင်ပြည့်လာလေ ဖြစ်စေ၏။ တစ်ဘက်တွင် ပိုမိုသက်လုံကောင်းလာ၍ တစ်ဘက်တွင်မူ တဖြည်းဖြည်း သက်လုံလျော့နည်းလာသည်ဖြစ်ရာ၊ သူ၏လက်တွဲဖော်များသည် အလိုအလျောက် သူ့အတွက် စိန်ခေါ်မှုတစ်ခု မဟုတ်တော့ချေ။
တစ်ချိန်တည်းမှာပင် သူ၏ကျင့်ကြံမှုသည်လည်း တဖြည်းဖြည်းတိုးတက်လာသေးသည်။
“အင်း သိပ်ကောင်းတဲ့လေပဲ။”
ကျိုးစွေ့က ခြံဝင်းထဲသို့ ခြေချလိုက်ပြီး အပြင်ဘက်ရှိ တောက်ပသောနေကို ကြည့်ကာ ပျင်းကြောဆန့်လိုက်ရင်း အလွန်သက်တောင့်သက်သာဖြစ်မှုအား ခံစားလိုက်ရလေသည်။
အတွင်းစိတ်ထဲတွင် မီယွင်မြို့ရှိ ငြိမ်းချမ်းမှုအား အမြဲတမ်းထိန်းသိမ်းထားနိုင်ပါစေဟု မဆုတောင်းဘဲမနေနိုင်ပေ။ ထိုသို့ဆိုလျှင် သူသည် မည်သည်ကိုမှ ပူပန်နေစရာမလိုဘဲ ကျင့်ကြံခြင်းကိုသာ စိတ်အေးလက်အေး အာရုံစိုက်နိုင်ပေမည်။
နှမြောစရာကောင်းသည်မှာ သူ့ဆန္ဒအတိုင်း လောကကြီးက မလည်ပတ်ချေ။
“အား…။”
ရုတ်တရက် ရှားကျင်းယန်၏အခန်းထဲမှ ထိတ်လန့်တကြားအော်သံ ထွက်ပေါ်လာသည်။
“ဘာတွေဖြစ်နေတာလဲ….။ ဘာတွေဖြစ်ကုန်တာတုံး..။”
ကျိုးစွေ့ တုန်လှုပ်သွားပြီး ရှားကျင်းယန်၏အခန်းဆီသို့ အလျင်အမြန်ပြေးသွားကာ တံခါးအားဖွင့်လိုက်သည့်အခါတွင်….
ဝူး….။
တံခါးဖွင့်လိုက်သည်နှင့် အနီရောင်အခိုးငွေ့လုံးတစ်ခုက အခန်းထဲမှ ရုတ်တရက်ထွက်လာလေသည်။ အငိုက်မိသွားကာ ကျိုးစွေ့ တစ်ချက်ရှုလိုက်မိပြီး ချက်ချင်းပင် မူးဝေသွားလေသည်။
သူ၏မျက်လုံးအရှေ့တွင် လှောင်ပြုံးတစ်ခုဖြင့် သူ့အား အရည်လဲ့နေသောမျက်ဝန်းများဖြင့် ကြည့်နေသည့် လွန်စွာလှပသော ရှားကျင်းယန်ရှိနေလေသည်။
“မင်း…မင်း…ငါ့ကို ဘာလုပ်လိုက်တာလဲ…။”
ကျိုးစွေ့ အနည်းငယ် စိတ်ရှုပ်သွားသည်။ အနီရောင်အခိုးအငွေ့တွင် အဆိပ်မရှိကြောင်း အာရုံခံမိလိုက်သလို၊ ရှားကျင်းယန်တွင်လည်း မကောင်းသောရည်ရွယ်ချက်အား မခံစားရချေ။ အဘယ်ကြောင့် သူ့အပေါ် ဤသို့ သူမကြံစည်သည်အား နားမလည်နိုင်ဖြစ်နေလေသည်။
“မစိုးရိမ်ပါနဲ့ ခဲအို၊ ဒါက အဆိပ်မဟုတ်ပါဘူး။ ခစ်ခစ်..၊ ဒါက နာမည်ကြီး မြုခိုးနီဆေးမှုန့်လေ၊ ယောကျ်ားနဲ့ မိန်းမတွေအပေါ်မှာ သိပ်ကိုထူးခြားတဲ့အာနိသင်ရှိတယ်။” ရှားကျင်းယန်က ကျိုးစွေ့အား ကျေနပ်အားရနေသော အပြုံးဖြင့် ကြည့်လိုက်သည်။
“မင်း….ငါ့ကို အဲ့လိုဆေးမျိုးခတ်လိုက်တယ်… မင်းဘာတွေကြံနေတာလဲ။”
ကျိုးစွေ့ ချက်ချင်းပင် စိတ်ရှုပ်ထွေးသွားသည်။ ယောက်ျားများကသာ မိန်းမများအား ဆေးခတ်သည်ကို ကြားဖူးပြီး၊ မိန်းမတစ်ဦးက ယောက်ျားတစ်ဦးအား ထိုသို့ ကြံစည်သည်အား တစ်ခါမျှမကြားဖူးပေ။ ထို့အပြင် ကြံစည်သူသည် ရှားကျင်းယန်ကဲ့သို့ နူးညံ့လှပသောသူ ဖြစ်နေလေသည်။
“ခဲအို ဒါကျွန်မအမှားမဟုတ်ဘူး။ ရှင့်ရဲ့ဆွဲဆောင်မှုကိုပဲ အပြစ်တင်တော့။”
“အစပိုင်းတုန်းကတော့ ရှင်က ကျွန်မအစ်မရဲ့ယောက်ျားဖြစ်တဲ့အတွက် ကျွန်မကိုယ်ကျွန်မ မှားမှန်းလည်းသိခဲ့တယ်။ ညီမတစ်ယောက်အနေနဲ့ ခဲအိုဖြစ်သူကို မတပ်မက်သင့်ဘူးလေ။”
“ဒါပေမဲ့ ရှင်သိလား၊ ကျွန်မမှာ နေ့ရောညပါ အကြီးအကျယ်ဒုက္ခရောက်နေရတယ်။ ကျွန်မရဲ့ကျင့်ကြံမှုကိုတောင် သက်ရောက်ပြီးတော့ လမ်းစဉ်ဖောက်ပြန်လုနီးနီး ဖြစ်သွားစေခဲ့တယ်။”
“ဒါ့ကြောင့် ဒီနေ့၊ ရှင့်ကို ကျွန်မ ရကိုရရမယ်။”
ရှားကျင်းယန်က ဧကရီတစ်ပါးကဲ့သို့သော အမူအရာဖြင့်၊ ကျိုးစွေ့၏ ချောမွတ်သော မေးစေ့အား ညင်သာစွာ ဆွဲမော့လိုက်လေသည်။
“မင်း ရူးနေပြီ။”
ကျိုးစွေ့ ချောက်ချားသွားသည်။ သူသည် အလှအပလေးများအား စားသုံးမည့် ယောက်ျားသားတစ်ယောက် ဖြစ်သော်လည်း မိန်းမတစ်ဦးက သူ့အား ပြန်လည်စားသုံးမည်ကိုတော့ မခံလိုပေ။
ချက်ချင်းပင် ထွက်ပြေးရန် သူကြိုးစားလိုက်သည်။
သို့သော် သူ ခြေတစ်လှမ်းပင် မလှမ်းနိုင်မီ၊ ရှိသမျှအားအင်များ ကုန်ခမ်းသွားသလို ခံစားလိုက်ရပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားကာ ကြွက်သားတစ်မျှင်ပင် မလှုပ်ရှားနိုင်တော့ချေ။
“ခစ်ခစ်…၊ ခဲအို ထွက်ပြေးဖို့ စဉ်းတောင် မစဉ်းစားနဲ့။ ဒါက ကျွန်မ ဈေးကြီးကြီးပေးဝယ်ထားရတဲ့ဆေးပဲ၊ ဒါက ချက်ချင်းအာနိသင်ပြတယ်လေ။”
“အော်ဖို့လည်း မစဉ်းစားနဲ့၊ ကျွန်မ ဒီမှာ အသံအတားအစီးတစ်ခု ချထားပြီးသား။ ရှင့်အဆုတ်ကွဲအောင် အော်ရင်တောင် ဘယ်သူမှ ရှင့်ကိုလာကယ်နိုင်မှာမဟုတ်ဘူး။”
“ခစ်ခစ်၊ ဒီနေ့ ရှင်လိုချင်ချင်၊ မလိုချင်ချင် ရှင့်က ကျွန်မအပိုင်ပဲ။”
ရှားကျင်းယန်က ပို၍ပင် စိတ်လှုပ်ရှားလာပုံ ရလေသည်။
သောက်ကျိုးနည်း၊ ဒီမိန်းမတော့ ရူးသွားပြီ။
သူမ၏ ဤပုံစံကို မြင်သောအခါမှ ဘာဖြစ်နေသည်အား ကျိုးစွေ့ သဘောပေါက်လိုက်သည်။ ၎င်းသည် “ချစ်ခြင်းမေတ္တာကူ”၏ဘေးထွက်ဆိုးကျိုး ဖြစ်သည်မှာ ရှင်းနေပေသည်။ တစ်စုံတစ်ယောက်သည် သူတို့၏ချစ်စိတ်အား ဖိနှိပ်ထားလေလေ၊ ၎င်းက ပိုမိုရူးသွပ်လာပြီး ထိန်းမနိုင်သိမ်းမရဖြစ်လေ ဖြစ်ပေမည်။
သာမန်အားဖြင့် အမျိုးသမီးတစ်ဦးသည် ယင်းအား ရက်အနည်းငယ်ထက် ပို၍ တောင့်မခံနိုင်ပေ။ သို့သော် ရှားကျင်းယန်သည် တစ်နှစ်ကျော်ကြာသည်အထိ ဖိနှိပ်ထားခဲ့သည်မှာ စိတ်ကူးနိုင်သည်ထက်ပင် ကျော်လွန်နေပြီ ဖြစ်၏။ ထို့ကြောင့်ပင် အဆုံးသတ်၌ သူမသည် ထိန်းချုပ်မှုလွတ်သွားတော့လေသည်။
ဝှစ်…
တစ်ခဏအတွင်းမှာပင် သတိလစ်သကဲ့သို့ ကျိုးစွေ့ခံစားလိုက်ရပြီး ဘာတွေဖြစ်သွားသည်အား မသိရှိတော့ပေ။
[ ဘာသာပြန်သူ၏ ဟာသမှတ်စု -
Other : ကျိုးစွေ့ ၊ မင်းက စားဘဲကြီးဆို…။
ကျိုးစွေ့ : မဟုတ်ရပါဘူးဗျာ..၊ အစားချည်းခံနေရတဲ့ကောင်ပါ :’( ]