ချီသန့်စင်ခြင်း အဆင့်(၆)သို့ တိုးမြှင့်ခြင်း။
Vol. 3 Ch. 42
မွန်းတည့်ချိန်၊ အခန်းတစ်ခုအတွင်း။
မုန်တိုင်းက ရုတ်တရက် ရပ်တန့်သွားပြီး မိုးလည်းစဲသွားသည်။
“သင်နှင့် ကျင့်ကြံဖော် ရှားကျင်းယန်တို့သည် ဆယ့်လေးကြိမ် တူနှစ်ကိုယ်ကျင့်ကြံခဲ့သည်။ သံယောဇဉ်များ နက်ရှိုင်းလာပြီး၊ အချစ်မှာ ပိုမိုခိုင်မာလာသည်။ “ချစ်ခြင်းမေတ္တာကူ”သည် ပြင်းထန်သောချစ်ခြင်းကြောင့် သိသိသာသာကြီးထွားလာပြီး အဆင့်နှစ် စဦးအဆင့်သို့ တက်လှမ်းသွားသည်။”
“သင်၏စိတ်ဝိညာဉ်အမြစ်ပင်ကိုယ်ပါရမီသည် အတိုင်းအတာတစ်ခုအထိ တိုးတက်သွားသည်။”
“သင်သည် အစီအရင်ပညာရပ်တွင် သိသာထင်ရှားသော အတွေ့အကြုံတချို့အား ရရှိခဲ့သည်။”
“သင်သည် ကျင့်ကြံဖော်၏ မူလယင်စွမ်းအားကို ရရှိခဲ့သောကြောင့်၊ သင်၏ကျင့်ကြံမှုသည် အလွန်တိုးတက်သွားပြီး ချီသန့်စင်ခြင်း အဆင့်(၆)သို့ တက်လှမ်းသွားသည်။”
ထိုအချိန်တွင် မျက်နှာတစ်ပြင်လုံး ဖြူဖျော့နေသော ကျိုးစွေ့သည် ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး “ချစ်ခြင်းမေတ္တာကူ”မှ လာသော သတင်းအချက်အလက်များအား အာရုံခံမိလိုက်လေသည်။
သူ့ကိုယ်အတွင်းရှိ အစစ်အမှန်ချီသည် မြစ်တစ်စင်းကဲ့သို့ အရှိန်အဟုန်ဖြင့် မရီဒန်များထဲတွင် စီးဆင်းနေလေသည်။
ယခင်ကနှင့် နှိုင်းယှဉ်လျှင်၊ ကိုယ်အတွင်းရှိ အစစ်အမှန်ချီသည် အနည်းဆုံး သုံးပုံတစ်ပုံ တိုးပွားလာလေသည်။
သာမန်အခြေအနေများတွင် သူ၏ကျင့်ကြံမှုအား ချီသန့်စင်ခြင်း အဆင့်(၅)မှ အဆင့်(၆)သို့ တိုးမြှင့်နိုင်ရန် အနည်းဆုံး တစ်နှစ်၊နှစ်နှစ်ခန့် အချိန်ယူရမည်ဖြစ်၏။
ယခုတွင်မူ ရှားကျင်းယန်၏ မူလယင်စွမ်းအားကို ရရှိပြီးနောက် အထွတ်အထိပ်ဆေးလုံး တစ်တွဲစာအား မျိုချလိုက်ရသကဲ့သို့ ဖြစ်ကာ ကျင့်ကြံမှုသည် ချီသန့်စင်ခြင်း အဆင့်(၆)သို့ ချက်ချင်းဆိုသလို တိုးမြှင့်သွားခြင်း ဖြစ်လေသည်။
ထို့မျှသာမက၊ ချီသန့်စင်ခြင်း အဆင့်(၆)တွင်ပင် သိသာထင်ရှားသော တိုးတက်မှုအား ဖြစ်စေလေသည်။
ယင်းသည် သူ့အား အနည်းဆုံး တစ်နှစ်ကြား ကြိုးစားပမ်းစား ကျင့်ကြံရမည့်အချိန်အား သက်သာသွားစေသည်မှာ သံသယဖြစ်စရာမလိုပေ။
သူ၏တိုးပွားလာသော အစစ်အမှန်ချီအား ခံစားရင်း လည်ပတ်မှုအား တစ်ခုပြီးတစ်ခု ပြီးမြောက်လိုက်စေသည်။
“ချီသန့်စင်ခြင်း အဆင့်(၆)ကို ဒီလောက် အလွယ်လေး ချိုးဖြတ်နိုင်ဖို့ အဆင့်မြင့်အမျိုးသမီးကျင့်ကြံသူတစ်ယောက်နဲ့ တူနှစ်ကိုယ်ကျင့်ကြံလိုက်ရုံပဲဆိုတော့၊ ဒါက ကျင့်ကြံမှုရဲ့ ဖြတ်လမ်းတစ်ခုဖြစ်မနေဘူးလား။” ကျိုးစွေ့၏မျက်နှာက အနည်းငယ် ထူးဆန်းနေလေသည်။
ယခင်က ဝိညာဉ်အရက်နှင့် ဆေးလုံးများစွာ သောက်သုံး၍ နေ့ရာညပါ ကျင့်ကြံနေသော်လည်း ချီသန့်စင်ခြင်း အဆင့်(၆)သို့ တက်လှမ်းနိုင်မည့်အချိန်အား မလျော့နည်းနိုင်စေခဲ့ချေ။
ယခုတွင်မူ ရှားကျင်းယန်၏မူလယင်စွမ်းအားကို ရရှိလိုက်သည်နှင့် ချက်ချင်းပင် ချီသန့်စင်ခြင်း အဆင့်(၆)သို့ တက်လှမ်းနိုင်ခဲ့လေသည်။
ဤသို့သော ဖြစ်ရပ်သည် ဒုတိယမရှိ တစ်ကြိမ်သာ ဖြစ်ပွားနိုင်သော်လည်း ယင်းက လုံးဝပင် လုံလောက်ပေသည်။
ချီသန့်စင်ခြင်းအဆင့်ရှိ ကျင့်ကြံသူများအတွက် ပထမဆုံး ဖြတ်ကျော်လိုက်သည့် ခြေလှမ်းသည်သာ အရေးအကြီဆုံးဖြစ်ပြီး နောက်ဆက်တွဲခြေလှမ်းအားလုံးက အလိုအလျောက် ဆက်လက်လျှောက်လှမ်းသွားရုံသာဖြစ်၏။
ချီသန့်စင်ခြင်း အဆင့်(၉)သို့ လျင်မြန်စွာတက်လှမ်းနိုင်ခြင်းသည် တစ်စုံတစ်ယောက်အား အခြေတည်အဆင့်သို့ ရောက်ရှိနိုင်ရန် မျှော်လင့်နိုင်သကဲ့သို့ အောင်မြင်နိုင်ခြေအား များစွာမြင့်မားစေသည်။
“ဟူး… ဒါပေမဲ့ ဒီမိန်းမက ကြမ်းလွန်းအားကြီးတယ်။” ကျိုးစွေ့က ဖြစ်ပျက်ခဲ့သည်များအား ပြန်မြင်ယောင်လိုက်သည်။
ချီသန့်စင်ခြင်း အဆင့်(၆)သို့ တက်လှမ်းနိုင်ခဲ့သဖြင့် သူသည် ထူးထူးခြားခြားလန်းဆန်းနေသင့်သော်လည်း ရှားကျင်းယန်သည် လွန်စွာအစားကြူး၍ အဆုံးမရှိသော တွင်းနက်အလားပင်။
သူမသည် ဆယ့်လေးကြိမ် ပြီးမြောက်မှသာ သူ့အား အလွတ်ပေးခဲ့လေ၏။
ရှားကျင်းယန်တစ်ဦးတည်းဖြင့် သူ၏လက်တွဲဖော်များဖြစ်သော ကျိပင်းယွီနှင့် မုဇီယန်တို့ နှစ်ဦးပေါင်းအား ယှဉ်နိုင်လေသည်။
ထိုသို့ဖြစ်ရသည်မှာ ရှားကျင်းယန်၏ ထူးခြားသော မျှော့ခန္ဓာဟုခေါ်သော လွန်စွာရှားပါးသော အရည်အသွေးတစ်မျိုးအား ပိုင်ဆိုင်ထားသည့်အပြင်၊ ထူးခြားသော ပင်ကိုယ်စရိုက်ကြောင့်ပင်ဖြစ်သည်။
[ T.L Note - မျှော့ခန္ဓာဆိုတာ ရောင်းရင်းတို့ သဘောပေါက်မယ်ထင်ပါတယ် :-P ]
ထိုပင်ကိုယ်စရိုက် အလွန်အမင်း ဖိနှိပ်သည်းခံနိုင်မှုကြောင့်ပင် တစ်နှစ်ကျော်ကြာအထိ သူမ သည်းခံအောင့်အီးနိုင်ခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့်ပင် အောင့်အီးသည်းခံခဲ့သမျှ ပေါက်ကွဲထွက်လာသည့်အခါတွင် သူမသည် လောဘတကြီး ဖြစ်လာပြီး သူ့အား ဆေးခတ်သည်အထိ ဖြစ်စေခဲ့ခြင်းပင် ဖြစ်သည်။
သူမ၏အဆက်မပြတ်စိမ်ခေါ်မှုအား သူရင်ဆိုင်ခဲ့ရခြင်း ဖြစ်၏။ လက်ရှိ သူ၏ချီသန့်စင်ခြင်း အဆင့်(၆)ရှိ ရုပ်ခန္ဓာအစွမ်းနှင့်ပင် ဖိအားဖြစ်စေပေသည်။
“ဒါက အစီအရင်ပညာရပ်အကြောင်း သတင်းအချက်အလက်တွေလား။”
သူ၏သိစိတ်ပင်လယ်ထဲတွင် ထွက်ပေါ်လာသော များပြားသည့် အစီအရင်ပညာရပ် အသိပညာကို ကျိုးစွေ့သတိပြုမိလေသည်။ သူသည် ယခင်က မည်သည့် အစီအရင်ပညာကိုမှ မလေ့လာဖူးချေ။
ယခုတွင်မူ ဤအသိပညာသည် ဒီရေအလား သူ၏သိစိတ်ပင်လယ်ထဲသို့ စီးဝင်လာပြီး သူ့အား ကနဦးအဆင့်သို့ ရောက်ရှိရန် ကူညီပေးလိုက်လေသည်။
သူသည် ယခင်က အစီအရင်ပညာအား မလေ့လာဖူးသော်လည်း၊ ယခုအခါ ဆယ်နှစ်ကျော်ကြာ အားကြိုးမာန်တက် လေ့လာခဲ့သည့်အလား ခံစားလိုက်ရလေသည်။
ထိုအသိပညာသည် ရှားကျင်းယန်ထံမှ ဖြစ်သည်အား သူ အလိုအလျောက် သဘောပေါက်လိုက်လေသည်။
အဘယ်ကြောင့်ဆိုသော် ရှားကျင်းယန်သည် ပထမအဆင့် ထိပ်တန်းအဆင့် အစီအရင်ပညာရှင်တစ်ဦးဖြစ်သောကြောင့် ဖြစ်၏။
ဝန်ခံရလျှင် ယင်းသည် အလွန်အထင်ကြီးစရာကောင်းပေသည်။
သာမန်အားဖြင့် သာမန်ချီကျင့်ကြံသူတစ်ဦးသည် အစီအရင်ပညာရပ်အား သင်ယူနိုင်မည်မဟုတ်ပေ။ ထူးခြားသော ပါရမီနှင့် အံ့ဖွယ်ကောင်းသော နားလည်နိုင်စွမ်းရှိမှသာလျှင် အစီအရင်ပညာရပ်၏ကနဦးအဆင့်သို့ ရောက်ရှိနိုင်ပေသည်။
ကျင့်ကြံခြင်းလောကတွင် ဆေးဖော်စပ်ပညာ၊ လက်နက်ဖန်းတီးခြင်းပညာ၊ အဆောင်ပညာနှင့် အစီအရင်ပညာဟူသော ပညာရပ်ကြီး လေးခုရှိလေသည်။ ထို့အထဲတွင် အစီအရင်ပညာရပ်သည် နောက်ဆုံးနေရာတွင်သာ ရှိသော်လည်း ယင်းသည် မယုံနိုင်လောက်အောင် အရေးပါပေသည်။ မိသားစုတိုင်း၊ မြို့တိုင်းနှင့် ဂိုဏ်းတိုင်းတွင် ကာကွယ်ရေးအတွက် အစီအရင်ပညာရပ်အား လိုအပ်ပေသည်။
အကယ်၍ အစီအရင်သာ မရှိပါက ကျင့်ကြံသူများ၏လုံခြုံမှုသည် သိသိသာသာ လျော့ကျသွားမည်သာဖြစ်သည်။
သို့သော် အစီအရင်ပညာရပ်သည် သင်္ချာနှင့်တူ၏။ ကနဦးကတည်းက စိန်ခေါ်မှုများရှိနေပြီး ကျွမ်းကျင်ရန်မှာ မယုံနိုင်လောက်အောင် ခက်ခဲပေသည်။
ဆေးဖော်စပ်ပညာမှာမူ ဝိညာဉ်ကျောက်တုံးများ လုံလောက်စွာဖြုန်းနိုင်သရွေ့ မည်သူမဆို ဆေးဖော်စပ်ပညာ အသိပညာအချို့အား ရရှိနိုင်လေသည်။
သို့သော် အစီအရင်ပညာအား သင်သည် နားလည်နိုင်မည်မဟုတ်ပေ။ မည်သည့်စိတ်ဝိညာဉ်ဆေးပင်၊ မည်သည့်ဆေးလုံးမျိုးကမှ သင့်အား ကူညီနိုင်မည်မဟုတ်ပေ။ ထိုးထွင်းနားလည်နိုင်စွမ်းသည် ငွေဖြင့် ဝယ်ယူ၍မရပေ။
ယင်းသည်က အစီအရင်ပညာရပ်သည် တိုင်းတာမရနိုင်သော အရေးပါမှုရှိသော်လည်း နောက်ဆုံးနေရာတွင် ရှိနေရခြင်းအကြောင်းရင်း ဖြစ်၏။
အစီအရင်ပညာရပ်လမ်းစဉ်အား ခြေချခြင်းသည် အလွန်အမင်းပင် စိန်ခေါ်မှုရှိသောကြောင့် လူနည်းစုသာလျှင် အစီအရင်ပညာရှင်များ ဖြစ်လာနိုင်ပေသည်။
ထို့ကြောင့် ရှားကျင်းယန်၏နားလည်နိုင်စွမ်းသည် သာမန်ထက်ကျော်လွန်နေသည်မှာ ပြောနေစရာမလိုတော့ပေ။ သူမသည် ချီသန့်စင်ခြင်းအဆင့်တွင်သာ ရှိနေသော်လည်း ပထမအဆင့် ထိပ်တန်းအစီအရင်ပညာရှင်တစ်ဦးဖြစ်သည်ကိုက အံ့ဩဖွယ်ဖြစ်နေပေသည်။
သူမသည်သာ ဂိုဏ်းတစ်ခုခုတွင် ဖြစ်ပါက၊ သေချာပေါက် အတွင်းစည်းတပည့်တစ်ဦးဖြစ်မည်မှာ မြေကြီးလက်ခတ်မလွဲပေ။
“အဟုတ်ပဲ၊ ရှင့်ကို ရပြီးတဲ့နောက် ငါ့အတွင်းစိတ်မိစ္ဆာကို အနိုင်ယူခဲ့နိုင်သလို ကျင့်ကြံမှုလည်း ခုန်ပေါက်တိုးတက်သွားပြီး ချီသန့်စင်ခြင်း အဆင့်(၉)ကို အလွယ်လေး တက်လှမ်းသွားတာပဲ။”
“ဒါပေမဲ့ ရှင်နဲ့ တူနှစ်ကိုယ်ကျင့်ကြံတာက ငါ့ကျင့်ကြံမှုကို ဒီလောက်တောင် တိုးတက်စေမဲ့အကျိုးကျေးဇူးရှိမယ်လို့ ထင်မထားမိဘူး။”
“ရှင့်မှာ ထူးခြားတဲ့ ဝိညာဉ်ခန္ဓာတစ်မျိုးမျိုး ပိုင်ဆိုင်ထားလို့ တူနှစ်ကိုယ်ကျင့်ကြံတဲ့မိန်းမတွေကို ကျင့်ကြံမှု တိုးမြှင့်ပေးနိုင်တာလား။”
“အစ်မကြီးနဲ့ ညီမမုက ရှင်နဲ့ နေ့ရောညရော ‘ဒါ’ပဲ လုပ်နေကြတာ မဆန်းတော့ဘူး။ ဒီလောက်များတဲ့ အကျိုးကျေးဇူးရှိနေတာကိုး..။”
ထိုအချိန်တွင် ရှားကျင်းယန်သည် ခြုံသိုင်းနေသောမြူခိုးများအား ရှင်းလင်းလိုက်ရသကဲ့သို့ တောက်ပပျော်ရွှင်ကာ အားအင်အပြည့်ဖြစ်နေလေသည်။ အားအင်များပြည့်နှက်နေရုံသာမက၊ သူမ၏အစစ်အမှန်ချီသည်လည်း ကိုယ်တွင်း၌ အဆက်မပြတ်လှည့်ပတ်နေလေသည်။ ယခုအခါတွင် သူမသည် ချီသန့်စင်ခြင်း အဆင့်(၉)ရှိ အရေးပါသော ကျင့်ကြံသူတစ်ဦးဖြစ်သွားလေပြီ။
သူမသည် ချက်ချင်းဆိုသလို ဆွံ့အနေလေသည်။ နဂိုတုံးက သူမသည် ချီသန့်စင်ခြင်း အဆင့်(၈)ကျင့်ကြံသူတစ်ဦးသာဖြစ်ပြီး၊ ချီသန့်စင်ခြင်း အဆင့်(၉)သို့ ရောက်ရှိရန် အနည်းဆုံး လေး၊ငါးနှစ်ခန့် အချိန်ယူရမည်ဖြစ်သည်။
ယခုတွင်မူ၊ အတွင်းစိတ်မိစ္ဆာအား အပြည့်အဝအနိုင်ယူလိုက်နိုင်ပြီး အတားအဆီးအား အလွယ်တကူချိုးဖြတ်လိုက်နိုင်သည်ဟု သူမ ခံစားလိုက်ရသည်။ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုသည် သူမကိုယ်အတွင်းသို့ စီးဝင်လာပြီး အတားအဆီးအားကျော်လွှားနိုင်ရန် ကူညီပေးကာ နှစ်ပေါင်းများစွာ ကြိုးစားပမ်းစား ကျင့်ကြံရမည့်အချိန်အား သက်သာသွားစေလေသည်။
တစ်ချိန်တည်းမှာပင် သူမ၏ကျင့်ကြံမှုသည် ချီသန့်စင်ခြင်း အဆင့်(၉)တွင်ပင် သိသာထင်ရှားသော တိုးတက်မှုများ ဖြစ်ပေါ်စေကာ ကြီးမားသော အကျိုးကျေးဇူးအား ရိတ်သိမ်းနိုင်ခဲ့လေသည်။
ဤသို့ဖြစ်မည်ကိုသာ သူမ ကြိုသိခဲ့ပါက ဤယောက်ျားနှင့် ‘ထိုအရာ’အား စောစီးစွာ ပြုလုပ်ခဲ့မည်သာဖြစ်သည်။
ကံကောင်းစွာဖြင့် ယင်းအား သဘောပေါက်ရန် နောက်မကျခဲ့ချေ။
သူမသည် ကျိုးစွေ့အား ချစ်ခင်စွာကြည့်လိုက်ပြီး၊ လှပသောမျက်ဝန်းများထဲမှ တပ်မက်မှုများက ပိုမိုနက်ရှိုင်းလာလေသည်။
“မင်း…မင်း…ဘာလုပ်အုံးမလို့လဲ…။”
ရှားကျင်းယန်၏အမူအရာအား မြင်သောအခါ ကျိုးစွေ့ ချောက်ချားသွားလေသည်။ ယခုအချိန်တွင် သူသည် ဘာမှမဘာနိုင်တော့သောကြောင့် ကြက်သီးမွေးညင်းများပင် ထသွားလေသည်။
“ပင်ပန်းလို့သေတဲ့နွားပဲရှိတယ်၊ ထွန်ယက်လို့ ပျက်စီးသွားတဲ့ လယ်ကွင်းမရှိဘူး။”
တကယ်ကို ရှေးလူကြီးတွေက ငါ့ကို မညာခဲ့ဘူးပဲ။
[ ဘာသာပြန်သူ၏ ဟာသမှတ်စု - ကျိုးစွေ့အတွက် မျက်ရည်နှစ်စက် ]
“ခစ်ခစ်၊ မကြောက်ပါနဲ့ ခဲအိုရယ်။ အနာဂတ်မှာ အချိန်တွေအများကြီး ရှိပါသေးတယ်။ ကျွန်မက ရှင့်ကို တန်ဖိုးထားမှာပါ။”
“အဟင်းဟင်း… ဒါပေမဲ့ ဒီနေ့ဖြစ်ပျက်ခဲ့တာတွေကို အစ်မကြီးသိသွားမှာကိုတော့ ရှင်မလိုလားလောက်ပါဘူး။”
“အစ်မကြီးသာ သိသွားလို့ကတော့ ဟင်းဟင်း… ရှင့်တော့ ကြိမ်းသေဒုက္ခရောက်ပြီနော်…။”
ရှားကျင်းယန်က တခစ်ခစ်ရယ်မောကာ စုန်းမတစ်ယောက်လို ဆွဲဆောင်မှုရှိသောအပြုံးအား ပြုံးလိုက်လေသည်။ သူမတွင် ထူးခြားသော အတွင်းကိုယ်ရှိသော်လည်း ယင်းသည် အကန့်သတ်မရှိမဟုတ်ပေ။
ပိုအရေးကြီးသည်မှာ ချုပ်တည်းထားရသမျှ စိတ်ဆန္ဒများအား အပြည့်အဝ ထုတ်လွှတ်လိုက်ရပြီး ဖြစ်၍ သူမသည် ယခင်ကကဲ့သို့ မျှော်လင့်ချက်မဲ့နေသည်ဟု မခံစားရတော့ပေ။
“ဒါက..”
ကျိုးစွေ့ နှုတ်ခမ်းများတုန်သွားကာ ပြန်ပြောရမှန်းမသိ ဖြစ်သွားလေသည်။ ဤသို့သောဖြစ်ရပ်ဖြင့် မိန်းမတစ်ဦး၏ ခြိမ်းခြောက်ခြင်းအား သူခံနေရလေသည်။ အခြေအနေများက ပြောင်းပြန်ဖြစ်နေလေသည်။
သူမ၏ အပိုင်ဖမ်းမှုအောက်မှ ရုန်းထွက်မရနိုင်တော့သည့်အလား သူခံစားလိုက်ရလေသည်။
“ကဲ ဘာပဲဖြစ်ဖြစ် လောဆယ် အမြန်ပြန်တော့။ ဒါမှ အစ်မကြီး ဘာမှ မရိပ်မိမှာ။”
“ခစ်ခစ်…ခဲအို၊ ဒီနေ့ကစပြီး ငါတို့နှစ်ယောက် သင့်သင့်မြတ်မြတ်နေကြရမယ်နော်..ဟင်းဟင်း။”
ရှားကျင်းယန်က တခစ်ခစ်ရယ်မောလိုက်ပြီး ကျိုးစွေ့အား တပ်မက်မှုအပြည့်ဖြင့် ကြည့်လိုက်ပြီး သူ၏တန်ဖိုးအား နားလည်သွားသည့်ဟန်ပေါ်နေလေသည်။