← Chapters

မိစ္ဆာကျင့်ကြံသူဖြစ်နိုင်သော အိမ်နီးချင်းအသစ်။

Vol. 3 Ch. 44

မိစ္ဆာကျင့်ကြံသူဖြစ်နိုင်သော အိမ်နီးချင်းအသစ်။

Vol. 3 Ch. 44

ညစာစားပြီးနောက်။

ကျိုးစွေ့သည် ချီသန့်စင်ခြင်း အဆင့်(၆)သို့ ချိုးဖြတ်နိုင်ခဲ့ခြင်းအား အောင်ပွဲခံရန် သူ၏လက်တွဲဖော်များနှင့် ပျော်ပါးလိုခဲ့သော်လည်း၊ ပွဲစမည်အပြု ခြံဝင်းတံခါးခေါက်သံအား ကြားလိုက်ရလေသည်။

အတွေးတစ်ခုပေါ်လာကာ သူ၏ကျင့်ကြံမှုအား အလျင်အမြန်ဖုံးကွယ်လိုက်ကာ ချီသန့်စင်ခြင်း အဆင့်(၄)ကိုသာ ထုတ်ဖော်ထားလိုက်လေသည်။

ခြံတံခါးအား ဖွင့်လိုက်သောအခါ အပြင်ဘက်တွင် ရပ်နေသော ချီသန့်စင်ခြင်း အဆင့်(၉)ရှိ ကျင့်ကြံသူတစ်ဦးအား တွေ့လိုက်ရလေသည်။

“မင်္ဂလာပါ ရောင်းရင်း၊ ကျုပ်နာမည်က ရှုထျန်းဇယ်ပါ။ အခုမှ ဘေးအိမ်ကို ပြောင်းလာတဲ့ လက်သစ်အဆောင်ပညာရှင်တစ်ယောက်ပါဗျ။ အလည်လာရင်း လက်ဆောင်လေးလည်း ယူခဲ့ပါသေးတယ်။ အနာဂတ်မှာ အချင်းချင်း စောင့်ရှောက်နိုင်ဖို့ မျှော်လင့်ပါတယ်ဗျ။”

ထိုသက်လတ်ပိုင်းလူက သူ့အမည်က ရှုထျန်းဇယ် ဖြစ်ကြောင်း မိတ်ဆက်လိုက်ကာ လက်ဆန့်၍ အဆောင်အချို့အား လက်ဆောင်အဖြစ် ပေးလေသည်။

“မင်္ဂလာပါဗျ၊ ကျုပ်က ကျိုးစွေ့ပါ။ ရောင်းရင်းရှုက ထိပ်တန်းအဆောင်ပညာရှင်လားဗျ။”

ကျိုးစွေ့က မျက်ခုံးပင့်လိုက်သည်။ ဤအဆောင်များသည် ထိပ်တန်းအဆောင်များဖြစ်ကြောင်း သူသတိပြုမိလေသည်။ ၎င်းတို့အား ရောင်းချပါက ဈေးကောင်းရမည်ဖြစ်သော်လည်း ယခုတွင်မူ ကြိုဆိုလက်ဆောင်အဖြစ် ပေးအပ်နေလေသည်။

ဤလူသည် ချမ်းသာကြွယ်ဝသူဖြစ်သည်မှာ ထင်ရှားနေလေသည်။

“ဟုတ်ပါတယ်ဗျ၊ ကျုပ်က ထိပ်တန်းအဆောင်ပညာရှင်တစ်ယောက်ပါ။ ခင်ဗျား အဆောင်တွေ ဝယ်ဖို့လိုရင် ကျွန်တော့်ဆီကို အချိန်မရွေး လာနိုင်ပါတယ်ဗျ။ ပေါက်ဈေးထက် ဆယ်ရာခိုင်နှုန်း သက်သာစေရပါမယ်။”

ရှုထျန်းဇယ်က အနည်းငယ်ပြုံးလိုက်သည်။

“နောက်နေပါပြီ၊ ထိပ်တန်းအဆောင်တွေကို ကျုပ်မတတ်နိုင်ပါဘူးဗျာ။” ကျိုးစွေ့က လက်ဝှေ့ယမ်းလိုက်သည်။

“လုပ်စမ်းပါဗျာ။ ရောင်းရင်းကျိုးက မီယွင်မြို့က အိမ်တစ်လုံးမှာ နေနိုင်မှတော့ အတော်လေးချမ်းသာမှာပါပဲ။ ကျုပ်ဆီက အဆောင်တွေကို မတတ်နိုင်စရာ ဘယ်ရှိမှာတုံးဗျာ။” ရှုထျန်းဇယ်က အားပါးတရ ရယ်မောလိုက်လေသည်။

ဝန်ခံရလျှင် ကျိုးစွေ့အား စမြင်မြင်ချင်းတွင် သူသည် တိတ်တဆိတ် အံ့အားသင့်သွားလေသည်။ မီယွင်မြို့တွင် နေထိုင်နိုင်သော မည်သည့်ကျင့်ကြံသူမဆို အများအားဖြင့် ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်တွင် ရှိကြလေသည်။

ကျိုးစွေ့မှာမူ ချီသန့်စင်ခြင်း အဆင့်(၄)တွင်သာ ရှိသော်လည်း ဤနေရာတွင် နေထိုင်နိုင်ပေသည်။ သူ့တွင် ထင်ရှားသောနောက်ခံနှင့် ကြွယ်ဝမှု ရှိရပေမည်။

“မဟုတ်ရပါဘူးဗျာ၊ ဒါတွေအားလုံးက ကျုပ်ရဲ့လက်တွဲဖော်ကြောင့်ပါ။ သူမရဲ့ အကူအညီသာမရှိရင် ဒီမှာ ငှားမနေနိုင်ပါဘူးဗျာ။” ကျိုးစွေ့က နိမ့်ချစွာ ပြန်ဖြေလိုက်၏။

ထိုအခိုက်အတန့်တွင် ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့သည်လည်း ဘာတွေဖြစ်ပျက်နေသည်အားသိလို၍ အိမ်နီးချင်းအသစ်အား စူးစမ်းစွာ ထွက်ကြည့်ကြလေသည်။

ဘာရယ်…။

လှပ၍ အလွန်ဆွဲဆောင်မှုရှိသော မိန်းမလှသုံးဦးအား မြင်လိုက်ရသောအခါ ရှုထျန်းဇယ် ကြောင်အသွားလေသည်။

သူ့တွင် ထင်‌ကြေးအချို့ ရှိထားသော်လည်း၊ ဤခြံဝင်းထဲတွင် ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့် အမျိုးသမီးကျင့်ကြံသူသုံးဦး နေထိုင်မည်ဟု ဘယ်တုံးကမှ ထင်မထားမိချေ။ ထို့အပြင် အမျိုးသမီအားလုံးသည် ရုပ်ရည်သာမက ကိုယ်လုံးကိုယ်ပေါက်ပါ ပြိုင်စံရှားကြပေသည်။

သူမတို့သည်သာ ဂိုဏ်းတစ်ခုခုတွင် ဖြစ်ပါက၊ “သူတော်စင်မယ်များ” သို့မဟုတ် “နတ်မိမယ်”များအဖြစ် ကြေညာခြင်းခံရနိုင်ပေသည်။

“ဘယ်တစ်ယောက်ကများ ရောင်းရင်းရဲ့လက်တွဲဖော်လဲဗျ။” ရှုထျန်းဇယ်က အနည်းငယ် စပ်စုလိုက်သည်။

“ဪ၊ ဒီနှစ်ယောက်စလုံးက ကျုပ်ရဲ့လက်တွဲဖော်တွေပါ။” ကျိုးစွေ့က မိတ်ဆက်ပေးလိုက်သည်။

“ဘာရယ်…။”

ရှုထျန်းဇယ် တံတွေးသီးတော့မတတ် ဖြစ်သွားကာ ပါးစပ်အဟောင်းသားနှင့် ကြောင်အသွားလေတော့သည်။ လက်တွဲဖော်တစ်ဦးသာ ဖြစ်မည်ဟု ထင်ထားခဲ့သော်လည်း၊ ကျိုးစွေ့တွင် အမှန်တကယ် လက်တွဲဖော်နှစ်ဦးရှိနေပြီး တတိယတစ်ယောက်နှင့်လည်း သာမန်မဟုတ်သော ဆက်ဆံရေးမျိုး ရှိပုံပေါ်နေလေသည်။

ထိုအမျိုးသမီးကျင့်ကြံသူများသည် သာမန်လူများသာ ဖြစ်ပါက ကျင့်ကြံသူတစ်ဦးအနေဖြင့် မိန်းမသုံးလေးယောက်ရှိခြင်းက အထူးအဆန်းမဟုတ်‌ချေ။ သို့သော် ချီသန့်စင်ခြင်း အလယ်အလတ်အဆင့်ရှိ လူငယ်လေးတစ်ဦးအား ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့် အမျိုးသမီးကျင့်ကြံသူများက လက်ထက်လိမ့်မည်ဟု မည်သူထင်မည်နည်း။ ယင်းက ရူးလောက်စရာဖြစ်သည်။ ဤလူငယ်တွင် မည်သို့‌သော ကံကောင်းမှု သို့မဟုတ် စွမ်းဆောင်ရည် ရှိသည်နည်း။

မနာလိုစိတ်ဖြင့် အူများပင် စိမ်းလာပြီး လုံးဝနားမလည်နိုင် ဖြစ်နေလေသည်။ သို့သော် အပြင်ပန်းတွင် တည်ငြိမ်စွာရှိနေပြီး သူ့၏အတွင်းစိတ်အား မပေါ်လွင်စေချေ။

“သိပ်ကိုလိုက်တဲ့ နတ်ဖက်တဲ့စုံတွဲတစ်တွဲပါပဲ။ အဲလေ၊ နှစ်တွဲ..။ အာ…အခြားသူတွေတော့ မနာလိုဖြစ်ကြတော့မှာပဲ။”

ရှုထျန်းဇယ်မှာ အယောင်ယောင်အမှားမှားဖြင့် ဘာဆက်ပြောရမည်မသိ ဖြစ်သွားလေသည်။

“အထဲဝင်ပါအုံး၊ ရောင်းရင်းရှု။” ကျိုး‌‌စွေ့က ဖိတ်ခေါ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ ယခုမှ ပြောင်းလာသော အိမ်နီးချင်းဖြစ်ပြီး အနာဂတ်တွင် မကြာခဏ တွေ့ဆုံရမည်ဖြစ်ရာ ကောင်းမွန်သောဆက်ဆံရေးအာ ထိန်းသိမ်းသည်က ပိုကောင်းပေသည်။ ထို့အပြင် ပထမဆုံးတွေ့ဆုံမှု၌ပင် ထိုမျှတန်ဖို့ကြီးသော လက်ဆောင်အား လက်ခံထားပြီးသည့်နောက် ဧည့်သည်အား အပြင်တွင် ရပ်ခိုင်းထားသည်က မယဉ်ကျေးရာရောက်ပေသည်။

“ရပါတယ် မဝင်တော့ပါဘူး။ ကျွန်တော်က အခုမှပြောင်းလာတာဆိုတော့ ခင်ဗျားတို့အားလုံးကို နှုတ်ဆက်ရုံလောက်ပါပဲ။ အခြားအိမ်တွေဆီလည်း သွားလည်ရအုံးမှာမလို့ နောက်တစ်ခေါက်မှ လာခဲ့ပါ့မယ်ဗျ။”

ရှုထျန်းဇယ်က လက်ခါပြကာ အခြားသူများကို လိုက်လံနှုတ်ဆက်ရန် သွားရဦးမည်အား ပြောပြလေသည်။

“ဒီလိုကိုး၊ ဒါဆိုလည်း နောက်တစ်ခေါက်ပေါ့ဗျာ။” ကျိုးစွေ့က အတင်းမတိုက်တွန်းဘဲ ခေါင်းညိတ်လိုက်လေသည်။ သို့သော် ရှုထျန်းဇယ်အား ပြန်လည်လက်ဆောင်အဖြစ် ဆေးလုံးတစ်ပုလင်း ပေးလိုက်လေသည်။

…

တံခါးပိတ်လိုက်ပြီးနောက်။

“ယောက်ျား၊ ဒီရှုထျန်းဇယ်က ရှုမိသားစုက ကျင့်ကြံသူတစ်ယောက်ဖြစ်နိုင်ခြေများတယ်။ အင်မော်တယ်ရှားဂိုဏ်းနဲ့အတူ မီယွင်မြို့ကို ရောက်လာတာ ဖြစ်မယ်။” ကျိပင်းယွီက သူ၏နောက်ခံအား ခန့်မှန်းလိုက်လေသည်။

ဤကာလအတွင်း ပြင်ပလူများစွာသည် မီယွင်မြို့သို့ ရောက်ရှိလာသည်ဖြစ်ရာ ရှုထျန်းဇယ်သည်လည်း ၎င်းတို့ထဲမှတစ်ယောက်သာ ဖြစ်ပေမည်။

“အင်း ငါတို့ပတ်ဝန်းကျင်က အိမ်နီးချင်းတွေအားလုံး တစ်ယောက်ပြီးတစ်ယောက် ပြောင်းသွားကြပြီး၊ မြို့ပြင်က တစ်ကိုယ်တော်ကျင့်ကြံသူများဈေးနေရာမှာ အခြေချနေကြတယ်။ သူတို့ရဲ့အိမ်အလွတ်တွေကို ဒီပြင်ပကျင့်ကြံသူတွေ နေရာယူနေကြတာပေါ့။”

မုဇီယန်က စိုးရိမ်သောလေသံဖြင့် ပြောလိုက်၏။ မကြာမီကာလအတွင်း အိမ်နီးချင်းအသစ်များ မကြာခဏ လာရောက်လည်ပတ်ကြမည်ဟု သူမ ခံစားလိုက်ရသည်။ ရှုထျန်းဇယ်သည် ပထမဦးဆုံးလူ ဖြစ်၏။

“ရှုထျန်းဇယ်က လူကောင်းတစ်ယောက်မဟုတ်ဘူး၊ သူ့ရဲ့ထောင်ချောက်ထဲမကျအောင် အားလုံး သတိထားကြ။”

ကျိုးစွေ့က သူ၏မျက်လုံးများအားကျဉ်းမြောင်းလိုက်ပြီး သတိပေးလိုက်သည်။

“ယောက်ျား၊ ရှင်တစ်ခုခု သတိထားမိလို့လား။”

ကျိပင်းယွီက စူးစမ်းမေးမြန်းလိုက်သည်။ ရှုထျန်းဇယ်နှင့် ပတ်သက်၍ မည်သည့်ပြဿနာကိုမှ သူမမတွေ့ခဲ့ပေ။ ဖော်ရွေပုံရာကာ သာမန်တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးနှင့် ဘာမှမခြားနားပုံ ပေါ်လေသည်။

“ဟုတ်တယ်၊ ရှုထျန်းဇယ်က သူကောင်းကောင်း ဖုံးကွယ်ထားနိုင်တယ်လို့ ထင်ထားပုံပဲ၊ ဒါပေမဲ့ ငါ့မှာ လျှို့ဝှက်စွမ်းရည်တစ်ခုရှိတယ်။ အဲ့ဒါက သူစိမ်းကျင့်ကြံသူရဲ့ စိတ်ထဲက ရန်လိုမှု၊ စိတ်ရင်းစေတနာကို အာရုံခံနိုင်တာပဲ။”

“သူ့အပေါ်ယံမှာ ဘယ်လောက် ဖော်ရွပြီး လူကြီးလူကောင်းဆန်နေပါစေ၊ သူ့စိတ်ထဲက မကောင်းတဲ့စိတ်ကိုတော့ ဖုံးမထားနိုင်ဘူးလေ။ ဒီလူမှာ လျှို့ဝှက်အကြံအစည်တစ်ခုခု ရှိပုံပဲ။”

ကျိုးစွေ့က လက်သီးဆုပ်လိုက်သည်။

ရှုထျန်းဇယ်အား စမြင်မြင်ချင်းတွင်ပင် သူ၏ဆဌမအာရုံက ထိုလူသည် လုယက်ကျင့်ကြံသူတစ်ဦးဖြစ်ပြီး အလွန်အန္တရာယ်များသူ ဖြစ်ကြောင်း အပြင်းအထန် သတိပေးနေလေသည်။

ထို့အပြင် ၎င်းသည် မိစ္ဆာလမ်းစဉ်ကို ကျင့်ကြံသော မိစ္ဆာကျင့်ကြံသူတစ်ဦးပင် ဖြစ်နိုင်လေသည်။

ဤထူးခြားသော စွမ်းရည်သည် သူ၏ကြီးမားသော ဝိညာဉ်စွမ်းအားကြောင့်ဖြစ်ပြီး ၎င်းက အခြားကျင့်ကြံသူများ၏ ဝိညာဉ်အရှိန်အဝါအား အလွယ်တကူ အာရုံခံနိုင်လေသည်။ သာမန်ကျင့်ကြံသူများအနေဖြင့် သူတို့၏ မကောင်းသောစိတ်အား သူ့ထံမှ ဖုံးကွယ်မထားနိုင်ပေ။

“ငါ့ယောက်ျားမှာ ဒီလိုစွမ်းရည်မျိုးရှိမှန်း မသိခဲ့ဘူး။” မုဇီယန် အနည်းငယ် အံ့ဩသွားသည်။

“ဒီလိုကိုး..။”

ရှားကျင်းယန်၏ မျက်ဝန်းများက တောက်ပသွားလေသည်။ သူမတို့ ဤနေရာအား စတင်ရောက်ရှိခဲ့စဉ်က ကျိုးစွေ့က ‌ရွှေ့ပြောင်းနေထိုင်ရန် သဘောတူခဲ့သည့်အချိန်အား ပြန်သတိရလိုက်လေသည်။

ထိုအချိန်က ကျိုးစွေ့သည် ချီသန့်စင်ခြင်း အဆင့်(၁)ရှိ ကျင့်ကြံသူတစ်ဦးမျှသာ ဖြစ်၏။ ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်ရှိ ကျင့်ကြံသူသုံးဦးနှင့် ရင်ဆိုင်ရချိန်တွင် ထိတ်လန့်နေသင့်သော်လည်း၊ သူမတို့၏တောင်းဆိုမှုအား သဘောတူခဲ့လေသည်။

စဉ်းစားကြည့်လျှင်၊ သူတို့တွင် မကောင်းသောစိတ်၊ သတ်ဖြတ်လိုစိတ် မရှိသည်အား အာရုံခံမိ၍သာ သူသည် ပြောင်းရွှေ့နေထိုင်ခွင့်ပြုရဲခဲ့ခြင်းပင်။

ဤအထူးစွမ်းရည်ကြောင့်ပင် ကျိုးစွေ့သည် မီယွင်မြို့တွင် ရှင်သန်နိုင်ခဲ့ခြင်းသာ ဖြစ်ပေမည်။

“အနာဂတ်မှာ မီယွင်မြို့က ပိုပြီးရှုပ်ထွေးလာမှာကို ငါစိုးရိမ်မိတယ်။ ဒီအတောအတွင်း ပေါ့ပေါ့ဆဆ အပြင်မထွက်တာ ပိုကောင်းတယ်။ ခြံဝင်းထဲမှာပဲနေပြီး ကျင့်ကြံနေကြရအောင်။”

အရေးပေါ်သတိပေးမှုတစ်ခုအား ကျိုးစွေ့ ခံစားလိုက်ရလေသည်။ သူသည် မီယွင်မြို့ထဲတွင် ဤသို့သော မကောင်းသောစိတ်ထားရှိသော၊ မိစ္ဆာကျင့်ကြံသူဖြစ်နိုင်သော ကျင့်ကြံသူတစ်ဦးနှင့် ကြုံရမည်ဟု ထင်မထားမိချေ။

သိပ်မကြာမီတွင် မီယွင်မြို့သည် ပို၍ပင် ရှုပ်ထွေးလာတော့မည်မှာ ထင်ရှားပေသည်။ သူ၏ကျင့်ကြံမှုကိုသာ ဆက်လက်မမြှင့်တင်ပါက၊ လာမည့်အရှုပ်အထွေးများ၏ ဝါးမျိုခြင်းကို ခံရနိုင်ပေသည်။ သူ၏ ချီသန့်စင်ခြင်း အဆင့်(၆)ကျင့်ကြံမှုသည် လုံလောက်သည်ဆိုရုံလေးသာ ရှိ၏။

“ကောင်းပါပြီ ယောက်ျား။”

ကျိပင်းယွီနှင့် မုဇီယန်တို့က သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။ ယခုအချိန်တွင် သူတို့တွင် ဝိညာဉ်ကျောက်တုံးများ မရှားပါးသောကြောင့်၊ အပြင်ထွက်၍ စွန့်စားနေရန် မလိုအပ်ချေ။

All Chapters